25/09/2021
ဆေးဝါးမိတ်ဆက်
ပျိုမေတို့၏အဖော်မွန် Women Probiotics
Women Probiotics ဆိုတာ ပျိုမေတို့ရဲ့ အမျိုးသမီးလိင်အင်္ဂါအတွင်းမှာ နေထိုင်ကြတဲ့ သက်ရှိ အကျိုးပြု ဘက်တီးရီးယားလေးများဖြစ်ကြပါတယ်။ အရေအတွက် Billion ဘီလျံချီပြီးရှိကြတဲ့ အဲ့ဒီ ဘက်တီးရီးယားလေးများဟာ လူ့လောကထဲကို မွေးဖွားလာစဉ်ထဲက ပါလာပြီး ဘ၀တစ်လျောက်လုံး မ,လိင်အင်္ဂါကို ကာကွယ်စောင့်ရှောက်နေကြပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဘက်တီးရီးယားလေးများရဲ့ အရေအတွက် လျော့ကျလာတဲ့အခါမှာ မ,လိင်အင်္ဂါရဲ့ ကျန်းမာရေးဟာ ကျဆင်းလာတတ်ပါတယ်။
မီးယပ်ဖြူဆင်းခြင်း၊ မကြာခဏ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ သေသေချာချာ သန့်ရှင်းရေးလုပ်ပါလျက်နဲ့ အနံ့ဆိုးများထွက်ခြင်းများဟာ မ,လိင်အင်္ဂါအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးများ အရေအတွက်လျော့ကျလာပြီး မလိုလားအပ်တဲ့ ဘက်တီးရီးယားများ ပေါက်ဖွားလာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ဘက်တီးရီးယားများ အလွန်များပြားလာတဲ့အခါ ထိုဘက်တီးရီးယားများနှင့် ဆက်နွယ်နေသော သားအိမ်ကင်ဆာများ ဖြစ်လာသည်အထိ အန္တရာယ်ရှိလာတတ်ပါတယ်။
ဒီလိုပြဿနာတွေမှ ကင်းဝေးစေရန်နည်းလမ်းကတော့ မ,လိင်အင်္ဂါအတွင်းမှာ နေထိုင်တဲ့ အကျိုးပြုဘက်တီးရီးယားလေးများကို ပြန်လည် အားဖြည့်ပေးခြင်းသာ ဖြစ်ပါတယ်။ မ,လိင်အင်္ဂါအတွင်းမှာ နေထိုင်တဲ့ အဓိကအကျိုးပြုဘက်တီးရီးယားလေးများကတော့ Lactobacillus acidophilus, Lactobacillus plantarum, Lactobacillus reuteri, Lactobacillus rhamnosus များဖြစ်ကြပါတယ်။
ဒီ ဘက်တီးရီးယားလေးများဟာ အမှန်တော့ မ,လိင်အင်္ဂါတစ်ခုထဲကိုသာ စောင့်ရှောက်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နေကြတာပါ။ သူတို့ဟာ ခန္ဓာကိုယ်ရဲ့ ဒုတိယခံတပ်ဆိုလည်း ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အစာလမ်းကြောင်းတစ်လျောက်မှာ နေထိုင်ကြပြီး ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ရောဂါပိုးမွှား(ဘက်တီးရီးယား၊ ဗိုင်းရပ်စ်) များကို ရှင်းလင်းသုတ်သင်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ကြပါသေးတယ်။
ဒီလို မ,လိင်အင်္ဂါနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စောင့်ရှောက်နေကြတဲ့ လူ့အကျိုးပြု ဘက်တီးရီးယားလေးများနဲ့ အားဖြည့်ထားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Good Health USA ကနေ တင်သွင်းတဲ့ Women Probiotics ဖြည့်စွက်စာလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Intimate Rose ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ Women Probiotics ဆေးလေးဟာ အကျိုးပြုဘက်တီးရီးယားအကောင်ရေ 10 Billions နဲ့ အားဖြည့်ထုတ်လုပ်ထားပြီး ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ကုသနိုင်သော Cranberry နှင့် D-Mannose တို့ကိုပါ ပေါင်းထည့်ထုတ်လုပ်ထားပါတယ်။
နေ့စဉ် (၂)လုံး ပုံမှန်သောက်သုံးသွားခြင်းဖြင့် ခန္ဓာကိုယ်နဲ့ မ,လိင်အင်္ဂါအတွက် ပုံမှန်လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးကောင်ရေကို ဖြည့်တင်းပေးနေမှာ ဖြစ်ပြီး အမျိုးသမီးတွေမှာ ဖြစ်ပေါ်တတ်တဲ့ -
= ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၊ ဆီးကျဉ်ခြင်း ၊ ဆီးအောင့်ခြင်းများကို ကာကွယ်ကုသပေးခြင်း
= အဖြူဆင်းမှ ကင်းဝေးစေခြင်း
= မ,လိင်အင်္ဂါမှ ထွက်ပေါ်တက်သော အနံ့အသက်ဆိုးများကို ပျောက်ကွယ်စေပြီး သန့်ရှင်းသောရနံ့ကို ဖြစ်ပေါ်စေခြင်း
= မကောင်းသော ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားတတ်သော သားအိမ်ကင်ဆာများ မဖြစ်ပွားအောင် ဟန့်တားနိုင်ခြင်း . . . စသော အကျိုးတရားများကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
အတောင့် (၆၀)ပါ တစ်လစာဆေးဘူးတစ်ဘူးကို 29000 ကျပ်ဖြင့် ရောင်းချပေးနေပြီး မှာယူသုံးစွဲလိုပါက ဖုန်းနံပါတ် 09 450 330 338 ကို ဆက်သွယ်ပေးပါ။ Messenger မှလည်း လိပ်စာအပြည့်အစုံပေးပြီး မှာယူနိုင်ပါသည်။
29000 Ks.
Ph: 09 450 330 338