Alpha Lab

Alpha Lab Pioneering accurate diagnostics through innovative testing solutions. Alpha Lab - your trusted partner for reliable laboratory insights.

Alpha Lab ၏ အလှူ – ကျောက်ကပ်နဲ့ဆိုင်တဲ့ လူနာများအတွက် အထောက်အပံ့Alpha Lab မှ လူမှုဘောင်အတွက် အကျိုးပြုနိုင်ရန် အစွမ်းကုန...
13/08/2025

Alpha Lab ၏ အလှူ –
ကျောက်ကပ်နဲ့ဆိုင်တဲ့ လူနာများအတွက် အထောက်အပံ့
Alpha Lab မှ လူမှုဘောင်အတွက် အကျိုးပြုနိုင်ရန် အစွမ်းကုန်ကြိုးစားနေပါသည်။
CSR အလှူ ၏ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျောက်ကပ်ရောဂါရှိပြီး ကျောက်ကပ်ဆေးကုသမှု (Dialysis) လိုအပ်နေသော လူနာများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။
ကျွန်တော်တို့၏ လှူဒါန်းမှုကြောင့် အခက်အခဲများနဲ့ ကြုံနေသူများ အတွက် အနည်းငယ်စွမ်းအားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။



☘️ Alpha Lab CSR Initiative – Supporting Kidney Patients
At Alpha Lab, we believe in giving back to our community. As part of our Corporate Social Responsibility (CSR) activities, we proudly donated to support kidney patients in need of dialysis treatment.
We hope our contribution will help bring relief and hope to those facing health challenges.

07/08/2025

📍 Smart Laboratory Innovation at Alpha Lab

🔬 Alpha Lab သည် လူနာများအတွက်မှန်ကန်မှုမြင့်၊ မြန်ဆန်မှုရှိ၊ နည်းပညာဆန်းသစ်မှုများပါဝင်သော ရောဂါရှာဖွေဝန်ဆောင်မှုများ ကိုပေးနိုင်ရန် ကတိကဝတ်ပြုထားပါသည်။
Biochemistry စမ်းသပ်မှုများကို Roche Cobas C 311 analyzer ဖြင့် အကောင်းဆုံးလုပ်ဆောင်လျက်ရှိပါသည်။

၎င်းစက်သည် တိကျမှု၊ အလိုအလျောက်စနစ်၊ စိတ်ချရမှု စသည်ဖြင့် နာမည်ကြီးသော နိုင်ငံတကာအသိအမှတ်ပြု စက်ယန္တရားဖြစ်ပါသည်။

✨ Roche Cobas C 311 ၏ အားသာချက်များ -
✅ လူ့အမှားလျော့နည်းစေသော အလိုအလျောက်စနစ်

✅ စမ်းသပ်မှုမြန်နှုန်းမြင့်

✅ အလိုအလျောက် ထိန်းသိမ်းမှု နှင့် အရည်အသွေးထိန်းချုပ်မှု

✅ အသည်း၊ ကျောက်ကပ်၊ အဆီဓာတ်၊ သကြား၊ အလိုက်ဓာတ် စမ်းသပ်မှုများအတွက် တိကျမြန်ဆန်

📊 လူသားအလုပ်လုပ်ငန်းများကိုလျော့နည်းစေပြီးအချိန်တိုအတွင်း တိကျသော ရလဒ်များ ထုတ်ပေးနိုင်ပါသည်။Smart Diagnostic Lab တစ်ခုအဖြစ် Alpha Lab သည်နည်းပညာဖြင့် အနာဂတ် ကျန်းမာရေးစောင့်ရှောက်မှုကို ပံ့ပိုးနေပါသည်။⸻

🔖 #အနာဂတ်နည်းပညာ #ဓာတုဗေဒစမ်းသပ်ခန်း



🔬 At Alpha Lab, we are committed to providing accurate, efficient, and advanced diagnostic services through state-of-the-art medical technology.
🔬 Our biochemistry department is powered by the Roche Cobas C 311 analyzer—an internationally recognized system trusted for its precision, automation, and reliability.

✨ Why Roche Cobas C 311?
✅ High-throughput testing with minimal human error
✅ Continuous sample loading for time efficiency
✅ Automated calibration and quality control
✅ Trusted performance in liver, kidney, lipid, glucose, and electrolyte profiles

⚙️ We reduce manual workload and ensure fast turnaround time, supporting smarter diagnostics and better patient care every day.

သွေးပိုးမွေးခြင်းနှင့် ပဋိဇီဝပိုးသတ်ဆေးအာနိသင်စစ်ဆေးခြင်းရည်ရွယ်ချက်လူနာ၏ သွေးထဲတွင် ရှိနိုင်သောရောဂါပိုးမွှားများကို ရှ...
04/08/2025

သွေးပိုးမွေးခြင်းနှင့် ပဋိဇီဝပိုးသတ်ဆေးအာနိသင်စစ်ဆေးခြင်း

ရည်ရွယ်ချက်

လူနာ၏ သွေးထဲတွင် ရှိနိုင်သောရောဂါပိုးမွှားများကို ရှာဖွေသိရှိခြင်းနှင့် ၎င်းတို့အား ကုသရန် သက်ဆိုင်သောပိုးသတ်ဆေး (Antibiotics) များကို သုံးနိုင်မှု (sensitivity) စစ်ဆေးရန်ဖြစ်သည်။

သဘောတရား

သွေးပိုးမွေးစစ်ဆေးခြင်းသည် လူနာ၏သွေးကို အန္တရာယ်ကင်းအောင် (aseptic technique) ဖြင့် ယူပြီး ပိုးမွှားများ ကြီးထွားနိုင်သော ဘတ်တီးရီးယားများပေါက်ပွါးရန်လိုအပ်သော အာဟာရဓာတ်ပါဝင်သောအရည် (broth media) ထဲသို့ထည့်သွင်း၍ ပိုးမွေးသည်။ သွေးထဲတွင် ပိုးမွှားရှိပါက ယင်းတို့သည် ယင်းအာဟာရရည်တွင် ကြီးထွားပြီးနောက် ပိုးပေါက်ပွါးသည့် လက္ခဏာများ ပြသသည်။ ထိုနောက် ပိုးမွေးသည့် media များ (solid media) တွင် ပြန်လည်မျှတစွမွေးခြင်းဖြင့် ပိုးမွှားကို သီးခြားခွဲထုတ်ကောက်နိုင်သည်။ ပိုးအမျိုးအစားအတိအကျသိရန် ဂရမ်ဆိုးဆေးဆိးပြီးစစ်ဆေးခြင်း၊ ဓာတုပြုစမ်းသပ်မှုများ (biochemical tests) သို့မဟုတ် အော်တိုမိတ်စနစ်များ (automated systems) ကို အသုံးပြုသည်။

ထို့နောက် ပိုးသတ်ဆေး အာနိသင်စမ်းသပ်မှု (Antibiotic Sensitivity Testing, AST) ကို စံသတ်မှတ်ထားသော နည်းလမ်းဖြင့် ဆောင်ရွက်သည်။

လိုအပ်သောကိရိယာများ

- သန့်ရှင်းသော သွေးယူသည့်ကိရိယာများ (ဆေးထိုးအပ်၊ အရက်ပြန်ဂွမ်း၊ ဘီတာဒိုင်းဆေးရည်စသည်)
- ပိုးမွေးရန်သွေးဘူးများ (အောက်စီဂျင်လိုအပ်သောပိုးအတွက် (aerobic) နှင့် မလိုအပ်သောပိုးအတွက် (anaerobic)
- ပိုးမွေးသည့် မီဒီယာများ (Blood agar, MacConkey agar, Chocolate agar)
- အပူချိန် ၃၅°C အတွင်း ထားနိုင်သော အင်ကူဘေတာ
- ဓာတုပြုစမ်းသပ်မှုကိရိယာများ (ဥပမာ: TSI, IMViC, Urease)
- ဂရမ်ဆိုးဆေး
- နှာခေါင်းစည်း၊ လက်အိတ် (PPE)
- Blood culture အော်တိုစနစ် (ဥပမာ: BACTEC, BacT/ALERT)
- ပိုးသတ်ဆေးအာနိသင်စမ်းသပ်မှု (Kirby-Bauer disc diffusion method၊ VITEK, E-test စနစ်များ)

လုပ်ဆောင်ပုံ အဆင့်ဆင့်

၁။ လူနာ၏သွေးယူမည့်နေရာကို ၇၀% အရက်ပြန်နှင့် Iodine (သို့) Chlorhexidine ဖြင့် သန့်စင်ပြင်ဆင်သည်။

၂။ လူကြီးများအတွက် ၈–၁၀ mL၊ ကလေးငယ်များအတွက် ၁–၃ mL ဝန်းကျင် သွေးကို သန့်ရှင်းသေဆေးထိုးအပ်ဖြင့်ယူသည်။

၃။ ယူထားသောသွေးကို Aerobic နှင့် Anaerobic Culture ဘူးသို့ သတ်မှတ်ချက်အတိုင်း ထည့်သွင်းသည်။

၄။ ဘူးများကို မှတ်သား၍ ၃၅°C တွင် ၅-၇ ရက်အထိ အင်ကူဘေတ်တွင်ထားသည်။ (ပိုးပေါက်ပွါးသည့် လက္ခဏာများကို နေ့စဉ်စစ်ဆေးသည်)

၅။ ပိုးမွှာပေါက်ပွါးမှုရှိ/မရှိ စောင့်ကြည့်သည်။ (ဥပမာ – turbidity, gas, hemolysis, automated alert signal)

၆။ ပိုးပေါက်ပွါးသည့်လက္ခဏာရှိပါက Solid Media များပေါ်သို့ Subculture ပြုလုပ်သည်။

၇။ ရရှိသော ပိုးအစိုင်အခဲများအား Gram staining နှင့် Biochemical test များဖြင့် စစ်ဆေးသည်။

၈။ သိရှိလိုသော ပိုးအမျိုးအစားအတွက် Antibiotic Sensitivity Test (Kirby-Bauer method သို့မဟုတ် Automated method) ပြုလုပ်သည်။

ရလဒ်ဖော်ပြမှု

Sterile: ၅–၇ ရက်အတွင်း ပိုးမွှားကြီးထွားမှုမတွေ့ရှိပါ။
Positive: ဘတ်တီးရီးယားပိုးမွှား ပေါက်ပွါးမှုတွေ့ရှိပါက
- ဘတ်တီးရီးယားပိုးအမည်
- ဘတ်တီးရီးယားပိုးသတ်ဆေးအာနိသင်စာရင်း (Sensitive / Resistant / Intermediate)
စသည်ဖြင့် အသေးစိတ်ဖော်ပြသည်။

ရည်ရွက်ချက်

- သွေးပိုးအခြေအနေများ (Septicemia, Bacteremia, Endocarditis) အတွက် ရောဂါရှာဖွေရန်
- တိကျသော ပိုးသတ်ဆေးကုသမှု ပြုလုပ်နိုင်ရန်
- ဆေးရုံအတွင်း ရောဂါပိုးပျံ့နှံ့မှုနှင့် ပဋိဇီဝဆေးယဉ်ပါးမှု ကိုစောင့်ကြည့်ရန်
- သွေးတွင် မှိုပိုးများ (Fungemia) တို့ရှိ/မရှိ စစ်ဆေးရန်

**Blood Culture and Sensitivity Test**

Objective

To detect and identify pathogenic microorganisms present in a patient’s bloodstream and determine their antibiotic susceptibility for appropriate treatment.

Principle

1) Blood culture is based on the aseptic collection and incubation of a patient's blood in enriched broth media that supports bacterial growth.
2) Any microorganisms present in the blood multiply in the culture medium and are subsequently isolated on solid media.
3) Identification is performed using microscopy, biochemical tests, and antibiotic susceptibility testing (AST) according to the Clinical and Laboratory Standards Institute (CLSI) guidelines in manual testing.
Bacterial identification and antimicrobial susceptibility testing (AST) can also be performed using the VITEK 2 automated system.

Materials

- Sterile blood collection set (syringes, needles, antiseptics)
- Blood culture bottles (aerobic and anaerobic)
- Culture media (Blood agar, MacConkey agar, Chocolate agar, etc.)
- Incubator (35°C)
- Biochemical test kits
- Gram staining reagents
- Automated blood culture system (e.g., BACTEC, BacT/ALERT)
- Antibiotic susceptibility test discs or system (e.g., Kirby-Bauer, VITEK)
- PPE (gloves, mask, lab coat, sterile gauze)

Procedure (Microbiological)

Aseptic preparation of venipuncture site using antiseptic solution (e.g., 70% alcohol + iodine or chlorhexidine).
Collect 8–10 mL of blood (adults) or 1–3 mL (children) using a sterile syringe.
Inoculate the blood into appropriate culture bottles (aerobic and anaerobic).
Label and incubate bottles at 37°C for up to 7 days (monitoring daily).
Observe for signs of microbial growth (e.g., turbidity, gas production, hemolysis, or automated alerts).
Subculture positive samples onto solid media (e.g., Blood agar, MacConkey agar).
Perform Gram staining and biochemical tests on isolated colonies.
Conduct antibiotic susceptibility testing (e.g., Kirby-Bauer disk diffusion or automated system).

Result Interpretation

Sterile : No microbial growth observed after 5–7 days of incubation.
Positive: Growth of bacterial or fungal pathogens; report includes organism identification and antibiotic sensitivity pattern.

Medical Purpose

1) Diagnosis of septicemia, bacteremia, endocarditis, and other bloodstream infections.
2) Guiding targeted antimicrobial therapy based on sensitivity patterns.
3) Monitoring hospital-acquired infections and antibiotic resistance trends.
4) Detecting fungemia or other rare systemic infections.

28/07/2025

စိတ်ချရတဲ့ကျန်းမာရေးစစ်ဆေးမှုဆိုတာ လူနာတိုင်းအတွက် လိုအပ်ပါတယ်…

Medical Knowledge Sharing Event – Successfully Participated 🔸🎊🔸🔸ယနေ့ ဇူလိုင် ၂၇ ရက် ၊ Pan Pacific Hotel, Yangon ၌ Redfox...
27/07/2025

Medical Knowledge Sharing Event – Successfully Participated 🔸🎊🔸

🔸ယနေ့ ဇူလိုင် ၂၇ ရက် ၊ Pan Pacific Hotel, Yangon ၌ Redfox Healthcare & PARAS Health Company တို့မှ Organized လုပ်၍ကျင်းပသော
“Cancer Therapy along with CAR T Cell Therapy”
ပညာဖလှယ်ပွဲသို့ Alpha Lab မှ တက်ရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်

🔸Pamphlet များဖြန့်ဝေခြင်း ၊ diagnostic service များကို Audiences များနှင့် လူနာရှင်များအားမိတ်ဆက်ဖော်ပြခဲ့ခြင်းများအပြင် ဆရာဝန်ကြီးများနှင့် တွေ့ဆုံရင်း ပညာရှင်များနှင့် ပူးပေါင်း ဆွေးနွေးရတဲ့အခွင့်အလမ်းများကလည်း တန်ဖိုးရှိပါတယ်

🔸Diagnosis မှစတင်၍ ကုသမှုအထိ – Alpha Lab ကသင်နှင့်သင်ချစ်ရသူများအတွက် အမြဲအဆင်သင့်ရှိနေပါတယ်😉✌🏻

Alpha Lab ရဲ့ TikTok Channel မှာလည်း ကျန်းမာရေးဗဟုသုတတွေကို မပြတ်တင်ပေးနေတာမလို့ ဝင်ရောက်ကြည့်ရှုဖို့ မမေ့နဲ့နော် 👇
📎https://www.tiktok.com/?_t=ZS-8y9SRY3rzbW...

☎️ Cancer related lab test များစုံစမ်းရန်အတွက် Alpha Lab သို့ ဆက်သွယ်နိုင်မယ့် 𝙃𝙤𝙩𝙡𝙞𝙣𝙚 𝙥𝙝-014705544
📍 ဓါတ်ခွဲခန်းဆိုင်ခွဲများ:
• 𝙉𝙤𝙧𝙩𝙝 𝙊𝙖𝙠𝙠𝙖𝙡𝙖𝙥𝙖: 09772757776
• 𝙇𝙖𝙩𝙝𝙖: 09772756062
• 𝙔𝙖𝙣𝙠𝙞𝙣: 09772758866
• 𝙏𝙝𝙞𝙣𝙜𝙖𝙣𝙜𝙮𝙪𝙣: 09792147728
#𝘼𝙡𝙥𝙝𝙖𝙡𝙖𝙗

ကျန်းမာရေးစစ်ဆေးမှုများအတွက် အကောင်းဆုံး Quality Control စနစ်ဖြင့် တိကျမှန်ကန်စွာ စစ်ဆေးပေးနေသော Alpha Lab ဓာတ်ခွဲခန်း🔬လ...
23/07/2025

ကျန်းမာရေးစစ်ဆေးမှုများအတွက် အကောင်းဆုံး Quality Control စနစ်ဖြင့် တိကျမှန်ကန်စွာ စစ်ဆေးပေးနေသော Alpha Lab ဓာတ်ခွဲခန်း🔬

လူတိုင်းအတွက် ကျန်းမာရေးဟာ အရေးကြီးသလို ကျန်းမာနေမှ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာဖြစ်လို့ ကျန်းမာရေးစစ်ဆေးမှုတွေဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလို အရေးပါတဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို Alpha Lab က အကောင်းဆုံး Quality Control (အရည်အသွေး ထိန်းချုပ်မှု) စနစ်နဲ့ တိကျမှန်ကန်တဲ့ရလဒ်တွေရရှိဖို့ အကောင်းဆုံးစစ်ဆေး ဝန်ဆောင်မှုပေးနေပါတယ်။🧑‍🔬

Alpha Lab ဟာ ကျန်းမာရေးစစ်ဆေးမှုတွေကို လုပ်ဆောင်ရာမှာ အောက်ပါအချက်တွေကို အထူးဂရုပြုပြီး ဆောင်ရွက်ပေးနေပါတယ်။

✅အကောင်းဆုံး Quality Control စနစ်

Alpha Lab မှာ စစ်ဆေးမှုတိုင်းရဲ့ တိကျမှန်ကန်မှုကို သေချာစေဖို့အတွက် ပြည်တွင်း၊ ပြည်ပက အသိအမှတ်ပြုထားတဲ့ Quality Control စနစ်တွေကို အသုံးပြုထားပါတယ်။ ဒီစနစ်တွေကြောင့် စစ်ဆေးမှုရလဒ်တွေဟာ အမြင့်ဆုံး တိကျမှုနဲ့ ယုံကြည်စိတ်ချရမှု ရှိပါတယ်။

✅ခေတ်မီစက်ကိရိယာများ

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ ခေတ်မီဓာတ်ခွဲခန်းသုံး စက်ကိရိယာတွေကို အသုံးပြုတာကြောင့် စစ်ဆေးမှုတွေရဲ့ တိကျမှန်ကန်မှုကို ပိုပြီး မြှင့်တင်ပေးပါတယ်။

✅ကျွမ်းကျင်ပညာရှင်အဖွဲ့

ဓာတ်ခွဲခန်းဆိုင်ရာ အတွေ့အကြုံများစွာရှိတဲ့ ဆရာဝန်တွေ၊ ဓာတ်ခွဲခန်းပညာရှင်တွေနဲ့ နည်းပညာရှင်တွေက စစ်ဆေးမှုတိုင်းကို စနစ်တကျ၊ တိကျသေချာစွာ ဆောင်ရွက်ပေးပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုက စစ်ဆေးမှုရလဒ်တွေ မှန်ကန်ဖို့ အဓိက သော့ချက်ပါပဲ။

✅စစ်ဆေးမှုအမျိုးအစား စုံလင်ခြင်း

သွေးစစ်တာ၊ ဆီးစစ်တာ၊ အသည်း၊ ကျောက်ကပ် လုပ်ဆောင်ချက်တွေ စစ်ဆေးတာ၊ ဟော်မုန်းစစ်ဆေးတာ အပါအဝင် ရောဂါရှာဖွေရေးနဲ့ ကျန်းမာရေးစစ်ဆေးမှု အမျိုးအစားပေါင်းများစွာကို ဝန်ဆောင်မှု ပေးနေပါတယ်။

ကျန်းမာရေးစစ်ဆေးမှု ရလဒ်တွေ တိကျမှန်ကန်ဖို့ဆိုတာ ရောဂါရှာဖွေတာ၊ ကုသမှုပေးတာနဲ့ ရောဂါကာကွယ်တာတွေမှာ အဓိကကျပါတယ်။ ရလဒ်တွေ မှားယွင်းရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိနိုင်ပြီး လူနာရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Alpha Lab က သူတို့ရဲ့ Quality Control စနစ်ကို အထူးဂရုပြုပြီး စစ်ဆေးမှုတိုင်း တိကျမှန်ကန်စေဖို့ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။

ယုံကြည်စိတ်ချရပြီး တိကျမှန်ကန်တဲ့ ကျန်းမာရေးစစ်ဆေးမှု ရလဒ်တွေအတွက် Alpha Lab ကို အခုပဲ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။☺️

Alpha Lab ရဲ့ TikTok Channel မှာလည်း ကျန်းမာရေးဗဟုသုတတွေကို မပြတ်တင်ပေးနေတာမလို့ ဝင်ရောက်ကြည့်ရှုဖို့ မမေ့နဲ့နော် 👇
📎https://www.tiktok.com/?_t=ZS-8y9SRY3rzbW...

☎️Alpha Lab သို့ ဆက်သွယ်နိုင်မယ့် 𝙃𝙤𝙩𝙡𝙞𝙣𝙚 𝙥𝙝-014705544

📍 ဓါတ်ခွဲခန်းဆိုင်ခွဲများ:
• 𝙉𝙤𝙧𝙩𝙝 𝙊𝙖𝙠𝙠𝙖𝙡𝙖𝙥𝙖: 09772757776
• 𝙇𝙖𝙩𝙝𝙖: 09772756062
• 𝙔𝙖𝙣𝙠𝙞𝙣: 09772758866
• 𝙏𝙝𝙞𝙣𝙜𝙖𝙣𝙜𝙮𝙪𝙣: 09792147728

#𝘼𝙡𝙥𝙝𝙖𝙡𝙖𝙗

သွားလာရခက်ခဲလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျန်းမာရေးအခြေအနေကြောင့် အပြင်ထွက်ဖို့ အခက်အခဲရှိလို့ပဲဖြစ်ဖြစ်  သက်သောင့်သက်သာနဲ့ ...
22/07/2025

သွားလာရခက်ခဲလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ကျန်းမာရေးအခြေအနေကြောင့် အပြင်ထွက်ဖို့ အခက်အခဲရှိလို့ပဲဖြစ်ဖြစ် သက်သောင့်သက်သာနဲ့ မိမိအိမ်မှာပဲ ကျန်းမာရေးစစ်ဆေးနိုင်ဖို့ အိမ်အရောက်ကျန်းမာရေးစစ်ဆေးမှုဝန်ဆောင်မှုကို Alpha Lab မှ ဆောင်ရွက်ပေးနေပါပြီနော်..

ကိုယ့်အိမ်မှာပဲ စစ်ဆေးနိုင်တော့ လူကြီးတွေအတွက်လည်း အရမ်းကိုပဲအဆင်ပြေစေမှာပါ။ အိမ်အရောက်ကျန်းမာရေးစစ်ဆေးမှုများ အတွက် Alpha Lab ရဲ့ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်လာရောက်ပြီးလိုအပ်တဲ့📍 Sample နမူနာများကို ရယူကာ တိကျမှန်ကန်သော စစ်ဆေးမှုအဖြေများကို ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်။

Alpha Lab မှ ကျန်းမာရေးဓါတ်ခွဲခန်းဝန်ဆောင်မှုများကို ( ၂၄ ) နာရီပတ်လုံး အမြန်ဆုံးစစ်ဆေးပေးလျက်ရှိပြီး အောက်ပါစစ်ဆေးမှုများအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးစစ်ဆေးမှုများကိုတိကျမှန်ကန်စွာစစ်ဆေးပေးနေပါတယ်။


◾Haematology (သွေးနှင့်ပတ်သက်သော စစ်ဆေးမှုများ)
◾Biochemistry (ဇီဝဓာတုဗေဒ စစ်ဆေးမှုများ)
◾Immunology (ခုခံအားစနစ်ဆိုင်ရာ စစ်ဆေးမှုများ)
◾ Microbiology (ပိုးမွှားဆိုင်ရာ စစ်ဆေးမှုများ)
◾ Virology (ဗိုင်းရပ်စ်ဆိုင်ရာ စစ်ဆေးမှုများ)
◾ Local and Oversea Referral Services (ပြည်တွင်းပြည်ပသို့ လွှဲပြောင်းချိတ်ဆက် ဝန်ဆောင်မှုများ)
◾ Express Services for Laboratory Tests (အမြန်ဓါတ်ခွဲစစ်ဆေးမှုများ)
◾ Inform Services for the Critical Values of Laboratory Tests (အရေးကြီးသော စစ်ဆေးမှုရလဒ်များ အကြောင်းကြားခြင်း)
◾ Home Service for Investigation (အိမ်အရောက် ကျန်းမာရေးစစ်ဆေးမှု)
◾ Record Keeping and Archiving Service (မှတ်တမ်းထိန်းသိမ်းခြင်းနှင့် သိမ်းဆည်းခြင်း)

"မိမိနေအိမ်မှာတင် ကျန်းမားရေးစစ်ဆေးနိုင်ဖို့ Alpha Lab ကိုဆက်သွယ်စို့"

☎️ဆက်သွယ်နိုင်မယ့် 𝙃𝙤𝙩𝙡𝙞𝙣𝙚 𝙥𝙝-014705544
📍 ဓါတ်ခွဲခန်းဆိုင်ခွဲများ:
• 𝙉𝙤𝙧𝙩𝙝 𝙊𝙖𝙠𝙠𝙖𝙡𝙖𝙥𝙖: 09772757776, 09400868004
• 𝙇𝙖𝙩𝙝𝙖: 09772756062
• 𝙔𝙖𝙣𝙠𝙞𝙣: 09400868001
• 𝙏𝙝𝙞𝙣𝙜𝙖𝙣𝙜𝙮𝙪𝙣: 09792147728

သင့်ကျန်းမာရေးအတွက် Lipid Profile စစ်ဆေးခြင်း…သွေးတွင်းအဆီဓာတ်ပမာဏကို စစ်ဆေးတဲ့ Lipid Profile ဟာ သင့်နှလုံးကျန်းမာရေးကို...
21/07/2025

သင့်ကျန်းမာရေးအတွက် Lipid Profile စစ်ဆေးခြင်း…

သွေးတွင်းအဆီဓာတ်ပမာဏကို စစ်ဆေးတဲ့ Lipid Profile ဟာ သင့်နှလုံးကျန်းမာရေးကို သိရှိနိုင်ဖို့ အရေးကြီးတဲ့ စစ်ဆေးမှုတစ်ခုပါ။ ဒီစစ်ဆေးမှုမှာ သွေးထဲမှာရှိတဲ့ အဆီဓာတ်အမျိုးမျိုးကို တိုင်းတာပေးပါတယ်။

ဘာတွေကို စစ်ဆေးတာလဲ⁉️
🔬LDL (Low-Density Lipoprotein)- ဒါကို "မကောင်းတဲ့ ကိုလက်စထရော" လို့ သိကြပါတယ်။ LDL များရင် သွေးကြောပိတ်ဆို့မှုဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
🔬VLDL (Very Low-Density Lipoprotein)- VLDL လည်း မကောင်းတဲ့ ကိုလက်စထရောတစ်မျိုးဖြစ်ပြီး triglyceride ဓာတ်များစွာပါဝင်ပါတယ်။
🔬HDL (High-Density Lipoprotein)- ဒီအမျိုးအစားကတော့ "ကောင်းတဲ့ ကိုလက်စထရော" ပါ။ HDL က သွေးကြောထဲက ပိုလျှံနေတဲ့ LDL ကို ဖယ်ရှားပေးပြီး LDL ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။
🔬Total Cholesterol (စုစုပေါင်း ကိုလက်စထရော)- ဒါကတော့ LDL, VLDL နဲ့ HDL အားလုံးပေါင်းထားတဲ့ ပမာဏပါ။
🔬Triglycerides- ဒါတွေက သွေးထဲမှာတွေ့ရတဲ့ အဆီအမျိုးအစားတစ်ခုဖြစ်ပြီး ပမာဏများရင် နှလုံး၊ အသည်း၊ ပန်ကရိယ (မုန့်ချိုအိတ်) တို့ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုလူတွေ စစ်ဆေးဖို့ လိုအပ်လဲ။‼️
Lipid Profile စစ်ဆေးမှုဟာ အထူးသဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေရှိသူတွေအတွက် မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် အောက်ပါအခြေအနေတွေရှိသူတွေလည်း စစ်ဆေးသင့်ပါတယ်-
✅အသက် ၄၅ နှစ်အထက် အမျိုးသားများ
✅အသက် ၅၀ နှစ်အထက် အမျိုးသမီးများ
✅ဆေးလိပ်သောက်သူများ
✅အဝလွန်သူများ
✅ဆီးချို၊ သွေးတိုးရောဂါရှိသူများ

Alpha Lab မှာ ဘာကြောင့် စစ်ဆေးသင့်တာလဲ။⁉️
Alpha Lab မှာဆိုရင် Fully Automated စက်ကြီးတွေနဲ့ စစ်ဆေးပေးတာကြောင့် သင့်ရဲ့ စစ်ဆေးမှုရလဒ်တွေဟာ မှန်ကန်တိကျမှု အပြည့်အဝရှိတယ်လို့ ယုံကြည်စိတ်ချနိုင်ပါတယ်။

Alpha Lab ရဲ့ TikTok Channel မှာလည်း ကျန်းမာရေးဗဟုသုတတွေကို မပြတ်တင်ပေးနေတာမလို့ ဝင်ရောက်ကြည့်ရှုဖို့ မမေ့နဲ့နော် 👇
📎https://www.tiktok.com/?_t=ZS-8y9SRY3rzbW...

☎️Alpha Lab သို့ ဆက်သွယ်နိုင်မယ့် 𝙃𝙤𝙩𝙡𝙞𝙣𝙚 𝙥𝙝-014705544

📍 ဓါတ်ခွဲခန်းဆိုင်ခွဲများ:
• 𝙉𝙤𝙧𝙩𝙝 𝙊𝙖𝙠𝙠𝙖𝙡𝙖𝙥𝙖: 09772757776
• 𝙇𝙖𝙩𝙝𝙖: 09772756062
• 𝙔𝙖𝙣𝙠𝙞𝙣: 09772758866
• 𝙏𝙝𝙞𝙣𝙜𝙖𝙣𝙜𝙮𝙪𝙣: 09792147728

#𝘼𝙡𝙥𝙝𝙖𝙡𝙖𝙗

ပိုမိုပျော်ရွှင်တဲ့ဘဝအတွက် ရင်းနှီးမြှုပ်နှံမှု 💁‍♀️Alpha Lab မှာ ကြိုတင်စစ်ဆေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်...
20/07/2025

ပိုမိုပျော်ရွှင်တဲ့ဘဝအတွက် ရင်းနှီးမြှုပ်နှံမှု 💁‍♀️

Alpha Lab မှာ ကြိုတင်စစ်ဆေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်လိုက်ပါ🥰

လူတိုင်းက ပိုမိုပျော်ရွှင်တဲ့ဘဝကို လိုချင်ကြပါတယ်။ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့အတွက် ငွေကြေး၊ မိသားစု၊ အလုပ်အကိုင် စတာတွေက အရေးပါပေမယ့် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။

ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ စိတ်ကသာ ပျော်ရွှင်တဲ့ဘဝရဲ့ အုတ်မြစ်ကို တည်ဆောက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်တာဟာ ပိုမိုပျော်ရွှင်တဲ့ဘဝအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။

ကျန်းမာရေးကို ရင်းနှီးမြှုပ်နှံရာမှာ ကြိုတင်စစ်ဆေးမှုတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ရောဂါတွေကို စောစီးစွာသိရှိပြီး ကုသနိုင်မယ်ဆိုရင် ပိုမိုကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ငွေကြေးကုန်ကျမှုတွေကို ရှောင်ရှားနိုင်မှာပါ။ 💁‍♀️

Alpha Lab က သင့်ရဲ့ကျန်းမာရေးအတွက် ဘက်စုံပြည့်ဝတဲ့ စစ်ဆေးမှုတွေကို ဝန်ဆောင်မှုပေးနေပါတယ်ရှင့်။☺️

✅Alpha Lab မှာ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာစက်ကိရိယာတွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို တိကျမှန်ကန်စွာ ဆောင်ရွက်ပေးနေပါတယ်။

✅အတွေ့အကြုံများစွာရှိတဲ့ ကျွမ်းကျင်ဆရာဝန်များနဲ့ ကျန်းမာရေးပညာရှင်များက သင့်ရဲ့စစ်ဆေးမှုရလဒ်တွေကို အသေးစိတ်ရှင်းပြပေးပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ ဆွေးနွေးတိုင်ပင်ပေးမှာပါ။

✅သွေးစစ်ဆေးမှု၊ ဆီးစစ်ဆေးမှု၊ နှလုံးစစ်ဆေးမှု၊ ကင်ဆာရောဂါ ကြိုတင်စစ်ဆေးမှု စတာတွေအပြင် ရောဂါပိုးရှာဖွေစစ်ဆေးမှုအမျိုးအစားစုံလင်စွာ ရရှိနိုင်ပါတယ်။

ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့အတွက် ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ Alpha Lab မှာ ကြိုတင်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သင့်ရဲ့ကျန်းမာရေးကို အကောင်းဆုံးရင်းနှီးမြှုပ်နှံလိုက်ပါ။ 💁‍♀️

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာတဲ့ဘဝကသာ သင့်ကို ပိုမိုပျော်ရွှင်ပြီး ပြည့်စုံတဲ့ဘဝတစ်ခုကို ပေးစွမ်းနိုင်မှာပါ။
သင့်ရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့အတွက် အခုပဲ Alpha Lab ကို ဆက်သွယ်ပြီး Appointment ယူလိုက်တော့နော်🥰

Alpha Lab ရဲ့ TikTok Channel မှာလည်း ကျန်းမာရေးဗဟုသုတတွေကို မပြတ်တင်ပေးနေတာမလို့ ဝင်ရောက်ကြည့်ရှုဖို့ မမေ့နဲ့နော် 👇
📎https://www.tiktok.com/?_t=ZS-8y9SRY3rzbW...

☎️Alpha Lab သို့ ဆက်သွယ်နိုင်မယ့် 𝙃𝙤𝙩𝙡𝙞𝙣𝙚 𝙥𝙝-014705544
📍 ဓါတ်ခွဲခန်းဆိုင်ခွဲများ:
• 𝙉𝙤𝙧𝙩𝙝 𝙊𝙖𝙠𝙠𝙖𝙡𝙖𝙥𝙖: 09772757776
• 𝙇𝙖𝙩𝙝𝙖: 09772756062
• 𝙔𝙖𝙣𝙠𝙞𝙣: 09772758866
• 𝙏𝙝𝙞𝙣𝙜𝙖𝙣𝙜𝙮𝙪𝙣: 09792147728
#𝘼𝙡𝙥𝙝𝙖𝙡𝙖𝙗

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) သိကောင်းစရာများ💁‍♀️ဆီးသွားတိုင်း စပ်ဖျဉ်းဖျဉ်း ဖြစ်နေလို့လား။ ဒါမှမဟုတ် မိနစ် ၃၀ တစ်ခါလ...
19/07/2025

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) သိကောင်းစရာများ💁‍♀️

ဆီးသွားတိုင်း စပ်ဖျဉ်းဖျဉ်း ဖြစ်နေလို့လား။ ဒါမှမဟုတ် မိနစ် ၃၀ တစ်ခါလောက် ဆီးသွားနေရလို့ စိတ်အနှောင့်အယှက် ဖြစ်နေရပြီလား။ ဒါဆိုရင် သင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဖြစ်နေနိုင်ပါတယ်။ ကံကောင်းတာကတော့ ဒီရောဂါကို ရိုးရှင်းပြီး နာကျင်မှုမရှိတဲ့ စစ်ဆေးမှုတစ်ခုနဲ့ လွယ်လွယ်ကူကူ သိနိုင်သလို၊ မြန်မြန်ဆန်ဆန် သက်သာပျောက်ကင်းအောင်လည်း ကုသလို့ရပါတယ်။

UTI ဆိုတာ ဘာလဲ။⁉️
UTI ဆိုတာ သင့်ရဲ့ ဆီးလမ်းကြောင်းစနစ်ဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးထွက်ပြွန် စတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုခုမှာ ဘက်တီးရီးယားပိုးဝင်တာ ကို ဆိုလိုတာပါ။ အဖြစ်အများဆုံးကတော့ ဆီးအိမ်ပိုးဝင်ခြင်း (Cystitis) ဖြစ်ပြီး အမျိုးသမီး ၅၀-၆၀% လောက်က သူတို့ဘဝမှာ တစ်ခါလောက်တော့ ကြုံဖူးကြပါတယ်။

ဘာကြောင့် UTI ဖြစ်ရတာလဲ။
UTI ဖြစ်ရတဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့..
➡️ E.coli ဘက်တီးရီးယား (၈၀-၉၀%) - အူထဲမှာရှိတဲ့ ဒီပိုးက ဆီးလမ်းကြောင်းထဲကို ရောက်ရှိသွားတာပါ။
➡️ လိင်ဆက်ဆံမှု - အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်စေနိုင်ပါတယ်။
➡️ ဆီးအောင့်ထားခြင်း - ဆီးအောင့်ထားတာက ဘက်တီးရီးယားတွေ ပိုပွားများဖို့ အခွင့်အရေးပေးသလို ဖြစ်စေပါတယ်။
➡️ ဆီးချိုရောဂါ - ဆီးထဲမှာ သကြားဓာတ်များနေတာက ပိုးတွေ ပေါက်ပွားဖို့ အားပေးပါတယ်။
➡️ သွေးဆုံးပြီး အမျိုးသမီးများ - Estrogen ဟော်မုန်းနည်းပါးတာကြောင့် ပိုးဝင်နိုင်ခြေ ပိုများပါတယ်။

UTI ရဲ့ လက္ခဏာတွေက ဘာတွေလဲ။
ဒီလို လက္ခဏာတွေ ခံစားရပြီဆိုရင် UTI ဖြစ်နိုင်ပါတယ်...
▪️ဆီးသွားရင် ပူစပ်ပူလောင် ဖြစ်ခြင်း (အဖြစ်အများဆုံး လက္ခဏာပါ)
▪️ဆီးခဏခဏသွားချင်စိတ် ပေါ်ခြင်း (တစ်ခါသွားရင် နည်းနည်းလေးပဲ ထွက်တတ်ပါတယ်)
▪️ဆီးနံ့ဆိုးခြင်း၊ ဆီးပြာနေခြင်း ဒါမှမဟုတ် ဆီးထဲသွေးပါခြင်း
▪️တင်ပဆုံနာခြင်း (ဆီးအိမ်နေရာက နာကျင်တာပါ)
▪️ဖျားခြင်း၊ ခါးနာခြင်း (ကျောက်ကပ်ပါ ပိုးဝင်သွားပြီဆိုရင် ဒီလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်)

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
ဒီပုဂ္ဂိုလ်တွေက UTI ဖြစ်နိုင်ခြေ ပိုများပါတယ်...
✅အမျိုးသမီးများ - အမျိုးသမီးတွေရဲ့ ဆီးထွက်ပြွန်က တိုတာကြောင့် ပိုးဝင်ဖို့ ပိုလွယ်ကူပါတယ်။
✅ကိုယ်ဝန်ဆောင်များ - ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပါတယ်။
✅ဆီးချိုရောဂါရှိသူများ
✅ဆီးပိုက်တပ်ထားရသူများ
✅ဆီးကျိတ်ကြီးသော အမျိုးသားများ

ဘယ်လို စစ်ဆေးအတည်ပြုမလဲ။⁉️
UTI ဟုတ်မဟုတ် သိနိုင်ဖို့ ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်-
🧫ဆီးစစ်ခြင်း (Urinalysis) - ဆီးထဲမှာ ဘက်တီးရီးယားနဲ့ သွေးဖြူဥ ရှိမရှိ စစ်ဆေးတာပါ။

🧫ဆီးပိုးမွေးမြူစစ်ဆေးခြင်း (Urine Culture) - ဘယ်ပိုးကြောင့်ဖြစ်ပြီး ဘယ်ဆေးက အထိရောက်ဆုံးလဲဆိုတာ သိနိုင်ဖို့ပါ။

🧫အာထရာဆောင်း/CT Scan - ကျောက်ကပ်မှာ တခြားပြဿနာတွေ ရှိမရှိ စစ်ဆေးဖို့ လိုအပ်ရင် ပြုလုပ်နိုင်ပါတယ်။

UTI မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။‼️
UTI မဖြစ်အောင် ကာကွယ်ဖို့အတွက်...
✅ရေများများသောက်ပါ။
✅ဆီးအောင့်မထားပါနဲ့။
✅လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပါ။
✅မိန်းမကိုယ်သန့်ရှင်းရေးကို ရှေ့မှနောက်ကို သေချာဆေးကြောပါ။
✅ချည်သားအတွင်းခံဘောင်းဘီ ဝတ်ဆင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။
ဒီလိုအခြေအနေမျိုးတွေမှာ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်ပါတယ်-
‼️လက္ခဏာတွေက ၂ ရက်ထက် ပိုကြာနေရင်။
‼️ဖျားပြီး ခါးနာတဲ့ လက္ခဏာတွေပါ ရှိနေရင်။
‼️ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖြစ်ရင်။
‼️ဆီးထဲမှာ သွေးပါနေရင်။

မကုသဘဲထားရင် ဘာဖြစ်နိုင်လဲ။⁉️
UTI ကို မကုသဘဲထားရင် ပိုဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်-
🟥ကျောက်ကပ်ပျက်စီးခြင်း
🟥 သွေးတွင်းပိုးဝင်ခြင်း (Sepsis)
🟥 နာတာရှည် ကျောက်ကပ်ရောဂါ

UTI ဟာ "စောစောသိ၊ စောစောကု" ရင် အပြည့်အဝ ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒါကြောင့် လက္ခဏာတွေ သတိထားမိတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးကုသမှုခံယူဖို့ မတွန့်ဆုတ်ပါနဲ့။

Alpha Lab ရဲ့ TikTok Channel မှာလည်း ကျန်းမာရေးဗဟုသုတတွေကို မပြတ်တင်ပေးနေတာမလို့ ဝင်ရောက်ကြည့်ရှုဖို့ မမေ့နဲ့နော် 👇

📎https://www.tiktok.com/?_t=ZS-8y9SRY3rzbW&_r=1

☎️Alpha Lab သို့ ဆက်သွယ်နိုင်မယ့် 𝙃𝙤𝙩𝙡𝙞𝙣𝙚 𝙥𝙝-014705544

📍 ဓါတ်ခွဲခန်းဆိုင်ခွဲများ:
• 𝙉𝙤𝙧𝙩𝙝 𝙊𝙖𝙠𝙠𝙖𝙡𝙖𝙥𝙖: 09772757776
• 𝙇𝙖𝙩𝙝𝙖: 09772756062
• 𝙔𝙖𝙣𝙠𝙞𝙣: 09772758866
• 𝙏𝙝𝙞𝙣𝙜𝙖𝙣𝙜𝙮𝙪𝙣: 09792147728

#𝘼𝙡𝙥𝙝𝙖𝙡𝙖𝙗

19/07/2025

One Night Stand နဲ့ ဘဝ ဆုံးတော့မလို့ …

18/07/2025

🧬 အချစ်ရဆုံးသူတွေကို ဂရုစိုက်ဖို့… ကျန်းမာရေးစစ်ဆေးမှုက စတင်မှုပါ။ ငွေကြေးကုန်ကျစိုးရိမ်ပူပန်မှုကြောင့်တွန့်ဆုတ်မနေပါနဲ့ ။
Alpha Lab ကတော့ သင့်ကျန်းမာရေးအတွက် တာဝန်ယူထားပါတယ်။
ဒီဗွီဒီယိုလေးကတော့… အကြောင်းအရာကောင်းတစ်ခုကို ပြောပြဖို့ပါ။

👉 မိသားစုအတွက် စိတ်ချရတဲ့ Lab – Alpha Lab 💙

Address

No. 440, May Dar Wi Road ( Corner Of Nwe Ni Street And May Dar Wi Street) Ga Ward, North Oakkalapa Township
Yangon

Alerts

Be the first to know and let us send you an email when Alpha Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Alpha Lab:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category