Saung's Pharmacy - ဆောင်း ဆေးဆိုင်

Saung's Pharmacy - ဆောင်း ဆေးဆိုင် For Your Health

ညဘက်ကောင်းကောင်းအိပ်မပျော်သူလေးတွေအတွက် Melatonin ပါဝင်တဲ့ သဘာဝအိပ်ဆေးလေးရပါမယ်နော် အလုံးရေနဲ့လဲခွဲရောင်းပေးပါမယ်ရှင် ❤️
30/01/2026

ညဘက်ကောင်းကောင်းအိပ်မပျော်သူလေးတွေအတွက် Melatonin ပါဝင်တဲ့ သဘာဝအိပ်ဆေးလေးရပါမယ်နော် အလုံးရေနဲ့လဲခွဲရောင်းပေးပါမယ်ရှင် ❤️

UTIs (Urinary Tract Infections) လို့ခေါ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ဆီးကျဉ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးပူ...
29/01/2026

UTIs (Urinary Tract Infections) လို့ခေါ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့
ဆီးကျဉ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးပူခြင်း၊ ဆီးကျန်ခြင်း စတဲ့ ရောဂါလက္ခဏာတွေဟာဆိုရင် အမျိုးသမီးအများစုမှာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။

အမျိုးသားတွေမှာလဲဖြစ်ကြပေမဲ့ အမျိုးသမီးတွေကတော့ ဆီးလမ်းကြောင်း (urinary tract) ပိုပြီးတိုတဲ့အတွက်ကြောင့် အမျိုးသမီးတွေဟာပိုပြီးဒီလက္ခဏာတွေကိုခံစားကြရပါတယ်။

ဆီးလမ်းကြောင်းလေးကျန်းမာရေးအတွက် Cranberry ပါတဲ့ supplements တွေ ပုံမှန်လေးသောက်ပေးမယ်ဆိုရင် မကြာခဏဆိုသလိုခံစားနေရတဲ့ ဝေဒနာတွေလျော့သွားပြီးသက်သာလာစေပါတယ်။

Urocare မှာဆိုရင် Cranberry extract အပြင် Vitamin C , Pantothenic Acid (Vitamin B5) နဲ့ L-Methionine ပါဝင်တဲ့အတွက်ကြောင့် ရောဂါလက္ခဏာတွေပိုအမြန်ဆုံးသက်သာပျောက်ကင်းနိုင်တဲ့အပြင် Hair, Skin, Nail တို့အတွက်လဲကောင်းပါသေးတယ်။ Detox action လဲပါလို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကိုလဲဖယ်ရှားပေးလို့ အမျိုးသမီးတွေအတွက် ကျန်းမာရေးကိုတော်တော်လေးအထောက်အကူပေးပါတယ်။

ဆေးတွေကိုဝယ်ယူသောက်သုံးတော့မယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင် Pharmacist များထံမှ အကြံဥာဏ်များရယူပါ တိုင်ပင်ဆွေးနွေးပေးကြပါလို့ အကြံပြုပါတယ်ရှင်။


ောင်းဆေးဆိုင်

သားသားမီးမီးလေးတွေကစလ်ို့ ဖိုးဖိုးဖွားဖွားတွေပါသောက်လို့ရတဲ့ ဗီတာမင် အစုံပါတဲ့ အားဆေး Maxivita လေးရောက်ပါတယ်ရှင် 🤗Multiv...
18/01/2026

သားသားမီးမီးလေးတွေကစလ်ို့ ဖိုးဖိုးဖွားဖွားတွေပါသောက်လို့ရတဲ့ ဗီတာမင် အစုံပါတဲ့ အားဆေး Maxivita လေးရောက်ပါတယ်ရှင် 🤗

Multivitamin , Minerals နဲ့ Amino acids အသားဓာတ် တွေအပြင် lysine ပါလို့ အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပြီး အရသာလဲကောင်းလို့သားသားမီးမီးလေးတွေနဲ့ ဖိုးဖိုးဖွားဖွားတို့အတွက်အကြိုက်တွေ့စေမှာပါနော် 🫰

စျေးနှုန်းလေးကတော့ တစ်ဘူး ၉၈၀၀ ကျပ် ပါ

ကလေးအသက် ၄နှစ်က စတိုက်လို့ရပါတယ် ။

တာမွေမြို့နယ်နှင့်အနီးတဝိုက်ကိုတော့ Deli free လေးရှိပါတယ်ရှင် ။

ောင်းဆေးဆိုင်

အမှတ် 105 ၊ အရိုးကုန်းလမ်း၊ အလုပ်သမားဆေးရုံအနီး ၊ တာမွေမြို့နယ် ၊ ရန်ကုန်မြို့။
Ph : 09790911513

Omega 3 ကဒ်လေးတွေရောက်ထားပါတယ်ရှင် ❤️ငါးကြီးဆီ Omega 3 ရဲ့အကျိုးကျေးဇူးများကတော့🫀နှလုံးအားကောင်းတဲ့အတွက်ကြောင့် နှလုံးရေ...
16/01/2026

Omega 3 ကဒ်လေးတွေရောက်ထားပါတယ်ရှင် ❤️

ငါးကြီးဆီ Omega 3 ရဲ့အကျိုးကျေးဇူးများကတော့

🫀နှလုံးအားကောင်းတဲ့အတွက်ကြောင့် နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးသလို နှလုံးရောဂါရှင်များအတွက်လဲကျန်းမာရေးကိုအထောက်အကူဖြစ်စေပါတယ်။

🦵🏻အရိုးပွခြင်းကိုကာကွယ်ပေးပြီး အရိုးများအတွက်အထောက်အကူပြုပေးပါတယ်။

🫁ဦးနှောက်နှင့်မှတ်ဥာဏ်အားကောင်းစေတဲ့အတွက်ကြောင့် ကျောင်းနေအရွယ်ကလေးလေးတွေအတွက်သင့်တော်သလို သတိမေ့တတ်တဲ့ဖ်ိုးဖိုးဖွားဖွားတို့အတွက်လဲအဆင်ပြေစေပါတယ်။

ကျန်းမာရေးအတွက်ကောင်းကျိုးတွေအများကြီးရှိလို့ ငါးကြီးဆီ Omega 3 ဖြည့်စွက်စာဆေးလေးကို ပုံမှန်သောက်သုံးပေးသငိ့ကြောင်းအကြံပြုလိုက်ပါတယ်ရှင်။

တာမွေမြို့နယ်နှင့်အနီးတဝိုက်ကိုလဲ Deli free ရှိပါတယ်နော် 👀

ောင်းဆေးဆိုင်

အမှတ် 105၊ အရိုးကုန်းလမ်း ၊ အလုပ်သမားဆေးရုံအနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
09790911513

DMP lotion လေးတွေ ရပါမယ်ရှင်လိမ္မော်ကော ပန်းလေးကော ၂မျိုးလုံးရပါသေးတယ်နော် တစ်ဘူး - 24000 ပါတာမွေမြို့နယ်အတွင်းကို deli ...
12/01/2026

DMP lotion လေးတွေ ရပါမယ်ရှင်

လိမ္မော်ကော ပန်းလေးကော ၂မျိုးလုံးရပါသေးတယ်နော်
တစ်ဘူး - 24000 ပါ

တာမွေမြို့နယ်အတွင်းကို deli free ရှိပါတယ်ရှင် 🤗

အမှတ် 105၊ အရိုးကုန်းလမ်း ၊ အလုပ်သမားဆေးရုံအနီး၊ တာမွေမြို့နယ်။
09790911513

ောင်းဆေးဆိုင်

ဘေဘီလေးတို့အတွက် Vitamin အစုံပါတဲ့ Nutrikid လေးပြန်ရပါပီရှင် 🤗🥬🍎🍋 Beta carotene ပါဝင်တဲ့အတွက်ကြောင့် အသီးအရွက်မစားတဲ့ဘေဘ...
07/01/2026

ဘေဘီလေးတို့အတွက် Vitamin အစုံပါတဲ့ Nutrikid လေးပြန်ရပါပီရှင် 🤗

🥬🍎🍋 Beta carotene ပါဝင်တဲ့အတွက်ကြောင့် အသီးအရွက်မစားတဲ့ဘေဘီလေးတွေအတွက်အရမ်းအဆင်ပြေသောလေးပါမေမေတို့ရေ

🧠 DHA vitamin E ပါလို့ ဘေဘီလေးတို့အတွက်ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးပီးမှတ်ဥာဏ်အားကောင်းစေပါတယ်

👁️👀 Lutein ပါတဲ့အတွက်ကြောင့် မျက်စိအားကောင်းစေလို့ screen time များလာတဲ့ခေတ်ကြီးမှာ ဘေဘီလေးတွေအတွက်အသင့်တော်ဆုံးပါပဲ

Vitamin အစုံပါပီး တခြားသော Minerals & Antioxidant တွေပါဝင်တဲ့အပြင် အသီးစုံအရသာလေးမို့ ဘေဘီလေးတို့အကြိုက်ပဲပေါ့ရှင်။ 🤗

ကလေးအသက် ၁နှစ် မှ ၁၂ နှစ်ထိ တိုက်လို့ရပါတယ်။
ကလေးအသက် ၁နှစ် - 5ml
၂နှစ် မှ ၄နှစ်အထိ - 10ml
၄နှစ်နှင့်အထက် - 15ml

ဆိုင်နဲ့အနီးစပ်ဆုံးမြို့နယ်လေးတွေကိုလဲ 2ဘူး ဝယ်ရင် Deli free ပို့ပေးပါသေးတယ်နော်

Saung’s Pharmacy - ဆောင်းဆေးဆိုင်
09790911513
105၊ အရိုးကုန်းလမ်း၊ အလုပ်သမားဆေးရုံအနီး၊ တာမွေမြို့နယ်။

ဖိုးဖိုးဖွားဖွားတို့အတွက် Ensure လေးရပါပီ‌ 💁လောလောဆယ်တော့ Strawberry ဘူးကြီးတစ်မျိုးပဲရပါမယ်ရှင်။ဘူးကြီး 850g တစ်ဘူးကို ...
25/12/2025

ဖိုးဖိုးဖွားဖွားတို့အတွက် Ensure လေးရပါပီ‌ 💁

လောလောဆယ်တော့ Strawberry ဘူးကြီးတစ်
မျိုးပဲရပါမယ်ရှင်။

ဘူးကြီး 850g တစ်ဘူးကို 156500 ကျပ် ပါ။

သာကေတ၊ ဒေါပုံ ၊ တာမွေ ၊ မင်္ဂလာတောင်ညွန့် နဲ့ အနီးတဝိုက်အတွက် Deli free ရှိပါတယ်နော် 😊

လိပ်စာလေးကတော့ အမှတ် 105၊ အရိုးကုန်းရပ်ကွက်၊ အလုပ်သမားဆေးရုံအနီး ၊ တာမွေမြို့နယ်။

Ph. 09790911513

ောင်းဆေးဆိုင်

Buy 1 Get 1 free လေးလာပါပီ 💁Baby Ken Jumbo Diaper 1 ထုပ်ယူ Wet Tissue 1 ထုပ် လက်ဆောင်ယူနော် 😱ဒေါပုံ ၊ သာကေတ၊ မင်္ဂလာတောင...
23/12/2025

Buy 1 Get 1 free လေးလာပါပီ 💁

Baby Ken Jumbo Diaper 1 ထုပ်ယူ Wet Tissue 1 ထုပ် လက်ဆောင်ယူနော် 😱

ဒေါပုံ ၊ သာကေတ၊ မင်္ဂလာတောင်ညွန့် ၊ တာမွေမြို့နယ်များနဲ့ အနီးတဝိုက် ကို Deli free ရှိပါတယ်😊

Baby Ken Jumbo 1ထုပ် - 24000 ကျပ်
Baby Ken wet tissue 1ထုပ် free

Allergic Rhinitis နှာစေးခြင်း 🤧😪ဒီရက်ပိုင်းရာသီအကူးအပြောင်း မှာဖြစ်တဲ့ နှာစေး နှာရည်ယို၊ နှာပိတ်တာနဲ့ပတ်သက်ပီးမျှဝေပေးချ...
21/12/2025

Allergic Rhinitis နှာစေးခြင်း 🤧😪

ဒီရက်ပိုင်းရာသီအကူးအပြောင်း မှာဖြစ်တဲ့ နှာစေး နှာရည်ယို၊ နှာပိတ်တာနဲ့ပတ်သက်ပီးမျှဝေပေးချင်ပါတယ်။

Allergic Rhinitis ဆိုတာ Allergens လို့ခေါ်တဲ့ လေထုထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေက နှာခေါင်းနဲ့‌ဖြစ်စေ ပါးစပ်နဲ့ဖြစ်စေ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတဲ့အခါ ခန္ဓာကိုယ်ကနေ Histamine လို့‌ခေါ်တဲ့ ဓာတ်တစ်မျိုးထွက်လာပြီး allergic ဓာတ်မတည့်တာကနေစဖြစ်လာတာပါ။ (Histamine က ဝင်လာတဲ့ allergens အမှုန်အမွှားလေးတွေကိုခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်ပစ်ဖို့အတွက်ထွက်လာတာပါ ) ။

သူ့ရဲ့ Symptoms လက္ခဏာ တွေကတော့
နှာ‌ရည်ယိုခြင်း ၊ နှာခေါင်းပိတ်ခြင်း၊ နှာခေါင်းယားပြီး နှာချေခြင်း ၊ လည်ချောင်းနဲ့ မျက်လုံးယားခြင်း၊ နှာရည်ယို နှာပိတ်ခြင်းကြောင့် နှာခေါင်းအတွင်းပိုင်း ရောင်ယမ်းလာခြင်း၊ နှာခေါင်းနဲ့လည်ချောင်းအတွင်းအချွဲများထွက်ခြင်း၊ မျက်လုံးနီပြီးမျက်ရည်စထွက်ခြင်း ၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း များဖြစ်တတ်ပါတယ် ။

Allergic Rhinitis က Common cold ရာသီတုပ်ကွေးနဲ့ မတူတဲ့အချက်ကတော့ fever အဖျား မတက်ဘူး ကိုယ်လက်နာကျင်ကိုက်ခဲတာမျိုးမဖြစ်တတ်ပါဘူး။

အဲ့တော့ နှာစေး နှာချေ နှာရည်ယို နှာပိတ်ခြင်းများကို သက်သာအောင်ဘယ်လိုလုပ်မလဲ ??

နံပါတ်တစ်အချက် ကိုယ်ခံအားကောင်းအောင်နေရပါမယ် Vitamin C ပါတဲ့ဆေးမျိုးသောက်ပေးလို့ရပါတယ် ။

နံပါတ်နှစ်အချက် ခန္ဓာကိုယ်ကထွက်လာတဲ့ Histamine ကိုပိတ်ဖို့လိုအပ်တဲ့အတွက်ကြောင့် Antihistamine ဆေးတွေသောက်ပေးလို့ရပါမယ်။

နှာရည်ယိုတာအတွက် ( Cetirizine , Levocetirizine , Loratadine , Desloratadine , fexofenadine အစရှိသည် ) တွေပဲဖြစ်ပါတယ်။
Cetirizine ကိုသောက်မယ်ဆိုရင်တော့ အိပ်ငိုက်တတ်ပါတယ် ညဘက် သောက်ပေးပါ ၊ alcohol နဲ့မတည့်ပါဘူး အိပ်ငိုက်တာကိုပိုဆိုးစေပါတယ်။

နှာခေါင်းပိတ်ဝာာအတွက်ကတော့ (Phenylephrine , Pseudoephedrine ) ပါတဲ့ဆေးတွေသောက်လို့ရပီးတော့ နှာခေါင်းအစက်ချ ဆေးတွေလဲထည့်ပေးလို့ရပါတယ် ။

ကလေးလေးတွေမှာနှာ‌ခေါင်းပိတ်ရင်တော့ normal saline ဆားရည် ပါတဲ့ဆေးလေးတွေ အစက်ချပေးလို့ရပါတယ်။

နေကောင်းကျန်းမာကြပါစေရှင် ✨

ဆေးဝယ် ဆေးသောက်တော့မယ်ဆိုရင် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်တဲ့ ဆေးဝါးပညာရှင် Pharmacist များထံမှာတိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပေးကြဖို့အကြံပြုတိုက်တွန်းလိုပါတယ်ရှင်။

ောင်းဆေးဆိုင်
အမှတ် 105 ၊ အရိုးကုန်းလမ်း ၊ အလုပ်သမားဆေးရုံအနီး ၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

Viber Ph. 09790911513


ဆောင်း ဆေးဆိုင် Saung's Pharmacy page မှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ရှင်။ Saung's Pharmacy ဆေးဆိုင်လေးကတော့ ဆေးဝါးပညာရှ...
18/11/2025

ဆောင်း ဆေးဆိုင် Saung's Pharmacy page မှ
နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ရှင်။

Saung's Pharmacy ဆေးဆိုင်လေးကတော့
ဆေးဝါးပညာရှင် Pharmacist 🧑‍🔬 ကိုယ်တိုင်ဦးစီးပြီးဖွင့်ထားတဲ့ ဆေးဆိုင်လေးပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ဆေးဝါးများဆိုင်ရာ ဗဟုသုတများနှင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါများဆိုင်ရာ ဗဟုသုတများကိုလည်းအလျဉ်းသင့်သလို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ✨

ဆိုင်မှာလာရောက်ဝယ်ယူအား‌ပေးတဲ့
customer များအနေဖြင့်လဲ မိမိတို့သိရှိလိုသော
💊ဆေးဝါးများရဲ့ အကြောင်းအရာများ
ဆေးသောက်ရန်အချိန်များ
ဆေးများရဲ့အကျိုးအာနိသင်များ ဆိုးကျိုးများ
ရှောင်ရန် ဆောင်ရန်များ စတဲ့ အသေးစိတ်
အချက်အလက်များကိုလဲ လွတ်လပ်စွာ
မေးမြန်းနိုင်မှာဖြစ်ပြီး Pharmacist တစ်ယောက်
အနေဖြင့် ထိုသို့သောအသေးစိတ်အချက်အလက်များကိုလဲ ပြန်လည်ဖြေကြားပေးသွားပါမည်ပဲဖြစ်ပါတယ်။ ✨

Customer များအနေဖြင့်လိုအပ်သောဆေးဝါးများကို Viber ဖြင့် မှာယူလိုပါကလည်း Delivery 🚴 ဖြင့်အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကိုလဲ သတင်းကောင်းပါးအပ်ပါတယ်ရှင်။ 🙋

ဝယ်ယူအားပေးသူတစ်ဦးတစ်ယောက်ချင်းစီကိုလဲကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ ✨
ဆိုင်လိပ်စာ‌လေးကတော့
အမှတ် 105 ၊ အရိုးကုန်းလမ်း ၊ အလုပ်သမားဆေးရုံအနီး၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Viber Ph. ☎️ 09790911513

Address

အမှတ် 105 ၊ အရိုးကုန်းလမ်း ၊ အရိုးကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်
Yangon

Opening Hours

Monday 05:00 - 22:00
Tuesday 05:00 - 22:00
Wednesday 05:00 - 22:00
Thursday 05:00 - 22:00
Friday 05:00 - 22:00
Saturday 05:00 - 22:00
Sunday 05:00 - 22:00

Telephone

+959400350462

Website

Alerts

Be the first to know and let us send you an email when Saung's Pharmacy - ဆောင်း ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Saung's Pharmacy - ဆောင်း ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram