18/12/2025
ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းများ ✔️
ခါးနာတာက အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက် ခံစားရတဲ့
ကျန်းမာရေးပြဿနာဆိုရင်လည်း မမှားပါဘူး။
ခါးနာတာက ဆေးခန်းပြရလောက်အောင် မပြင်းထန်ပေမယ့်
နေ့စဉ် အလုပ်ကိုတော့ အတော်လေး ထိခိုက်စေနိုင်ပါတယ်။
📍 ဒီနေ့မှာတော့ ခါးနာခြင်းကို အိမ်မှာပဲ ဘယ်လိုမျိုးသက်သာအောင်
ပြုလုပ်နိုင်မလဲဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
♦️ လေ့ကျင့်ခန်း အပျော့စားလေးတေွ ပြုလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို
ပြေလျော့စေပြီး ဦးနှောက်ရဲ့ သဘာဝ အကိုက်အခဲပျောက်
ဟော်မုန်းဖြစ်တဲ့ endorphins ကို ထုတ်လွှတ်ပေးတာကြောင့်ပါ။
♦️ ရေခဲအိတ် ကပ်ပေးပါ။
ခါးနာတဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့်
ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။
♦️ ရေနွေးအိတ် ကပ်ပေးပါ။
ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို ခါးနာတဲ့နေရာမှာ
ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို
ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။
♦️ အကိုက်အခဲပျောက် ပလာစတာကပ်ပါ။
ပရုတ်အေးနဲ့ လုပ်ထားတဲ့ ပလာစတာကို ကပ်မယ်ဆိုရင်
အေးမြမှုကို ခံစားရမှုနဲ့အတူ သွေးစီးဆင်းမှု ကောင်းမွန်တာကြောင့် ခ
ါးတစ်ဝိုက်က ကြွက်သားတွေကို ပြေလျော့ အရောင်ကျစေပြီး
ခါးနာတာကို သက်သာစေနိုင်ပါတယ်။
♦️ အနေထားမှန်စွာ နေထိုင်ပါ။
ထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်မိဖို့
ခါးလိမ်၊ခါးစောင်းပြီး မထိုင်မိဖို့ သတိထားရပါမယ်။
ဒီအချက်တွေကို လုပ်ပြီးအိမ်တွင်းမှာပဲ ခါးနာခြင်းကို
သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ 💯
🗺️ လိပ်စာ - အမှတ် ၃၄၁ ရွှေဘုံသာအထက်လမ်း၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ ထက်အာရှ အထူးကုဆေးခန်းရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့
➣ 09-403124824
➣ 09-796572273
➣ 01-242471
➣ 01-374735 တို့ကို ဆက်သွယ်စုံစမ်းပြီးလည်း ကြိုတင်တိုကင်ရယူနိုင်ပါပြီ… 🥰
#ထက်အာရှ #အထူးကုဆေးခန်း #ခါးနာရောဂါ