28/02/2026
သိုင်းရွိုက်ဂလင်း စစ်ဆေးခြင်း
👨⚕️သိုင်းရွိုက်ဂလင်း (Thyroid Gland)ဟာ
လည်ပင်းအရှေ့ဘက်တွင် တည်ရှိပြီး
📌ဇီဝကမ္မဖြစ်စဉ်များ (Metabolism)၊
📌ခန္ဓာကိုယ်ကြီးထွားမှု၊
📌စွမ်းအင်ထုတ်လုပ်မှု စတဲ့ အဓိကလုပ်ငန်းများကို ထိန်းညှိပေးသော ဟော်မုန်းများကို ထုတ်လုပ်ပေးပါတယ်
📌သိုင်းရွိုက်ရောဂါများဟာ ကနဦးအဆင့်မှာ လက္ခဏာမပြတတ်တာကြောင့် **သိုင်းရွိုက်စစ်ဆေးခြင်း** က အထူးအရေးကြီးလှပါတယ်။
---
👨⚕️သိုင်းရွိုက်ဂလင်းစစ်ဆေးခြင်းဖြင့်
✅စောစီးစွာရှာဖွေကုသနိုင်ခြင်း
- သိုင်းရွိုက်ရောဂါများ (ဟော်မုန်းများခြင်း/နည်းခြင်း) ကို စောစီးစွာသိရှိနိုင်ခြင်း
✅လက္ခဏာမပြဘဲ ဖြစ်နိုင်သော ရောဂါများ ရှာဖွေခြင်း
- သိုင်းရွိုက်ကင်ဆာ၊ သိုင်းရွိုက်အလုံးအကျိတ်များကို စောစီးစွာရှာဖွေနိုင်ခြင်း
✅ကိုယ်ဝန်ဆောင်မိခင်များအတွက် အရေးကြီးခြင်း
- ကိုယ်ဝန်ဆောင်ချိန်တွင် သိုင်းရွိုက်ဟော်မုန်းမညီမျှပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးဉာဏ်ရည်မမီခြင်း စသည့် ဆိုးကျိုးများဖြစ်နိုင်ပါတယ်။
✅နာတာရှည်ရောဂါများ ကာကွယ်ခြင်း
- သိုင်းရွိုက်ဟော်မုန်းမညီမျှခြင်းကြောင့် နှလုံးရောဂါ၊ အရိုးပွရောဂါ စသည့် နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။
---
👨⚕️သိုင်းရွိုက်စစ်ဆေးရန် လိုအပ်သူများ
❗မိသားစုတွင် သိုင်းရွိုက်ရောဂါရာဇဝင်ရှိသူများ
❗ကိုယ်အလေးချိန်တက်ခြင်း/ကျခြင်းကို ရုတ်တရက်ခံစားရသူများ
❗အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသော လက္ခဏာများရှိသူများ
❗လည်ပင်းတွင် အလုံးအကျိတ်စမ်းမိသူများ
❗ကိုယ်ဝန်ဆောင်မိခင်များ
---
👨⚕️သိုင်းရွိုက်စစ်ဆေးနည်းများ
🔺Swallowing Test
ဒီစစ်ဆေးမှုမှာ လူနာကို ရေ (သို့) တံတွေးကို မျိုချခိုင်းပြီး လည်ပင်းရှေ့ပိုင်းကို စမ်းသပ်ကြည့်ရှုတဲ့ ရိုးရှင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတစ်ခုပါ။
📌ဆရာဝန်တွေအနေနဲ့ လူနာကို ပထမဆုံးစမ်းသပ်ကြည့်ရာမှာ သိုင်းရွိုက်ဂလင်းမှာ မူမမှန်မှု ရှိ/မရှိကို အကြမ်းဖျင်း သိရှိနိုင်တဲ့ အခြေခံစမ်းသပ်မှုတစ်ခုပါ။
📌 ဒီစမ်းသပ်မှုမှာ မူမမှန်မှုတစ်ခုခုတွေ့ရှိရင် နောက်ထပ် အာထရာဆောင်း၊ သိုင်းရွိုက်စကင်န် စတဲ့ စမ်းသပ်မှုတွေ ထပ်လုပ်ဖို့ ဆရာဝန်က အကြံပြုနိုင်ပါတယ်။
🔺သွေးစစ်ခြင်း
- TSH (Thyroid Stimulating Hormone)၊ T3/T4 ဟော်မုန်းများ စစ်ဆေးခြင်း
🔺အာထရာဆောင်း (Ultrasound)
- သိုင်းရွိုက်ဂလင်း၏ ပုံစံ၊ အရွယ်အစားနှင့် အလုံးအကျိတ်ရှိမရှိ စစ်ဆေးခြင်း။
🔺FNA (Fine Needle Aspiration)
- အလုံးအကျိတ်ရှိပါက ဆဲလ်စစ်ဆေးခြင်း (ကင်ဆာရှိမရှိ သိရှိနိုင်)။
🔺Thyroid Scan
---
👨⚕️သိုင်းရွိုက်ကျန်းမာရေး ကာကွယ်ရန် အချက်များ
✔ အိုင်အိုဒင်းပါသော အစားအစာများ (ဆား၊ ပင်လယ်စာ) စားသုံးပါ။
✔ စိတ်ဖိစီးမှုလျှော့ချပါ (စိတ်ဖိစီးမှုက သိုင်းရွိုက်ဟော်မုန်းကို ထိခိုက်စေနိုင်)။
✔ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါ (တစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်)
👨⚕️သိုင်းရွိုက်ရောဂါများကို စောစီးစွာရှာဖွေကုသခြင်းဖြင့် နာတာရှည်ဆိုးကျိုးများမှ ကာကွယ်နိုင်ပါတယ်။
❗❗မည်သည့်ကျန်းမာရေးပြဿနာအတွက်မဆို သင့်တော်သော စစ်ဆေးမှုနည်းလမ်းကို သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ❗❗
❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️
ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
#
#သိုင်းရွိုက်စစ်ဆေးခြင်း #သိုင်းရွိုက်ကျန်းမာရေး