Nay linn 24 hr clinic

Nay linn 24 hr clinic အထွေထွေရောဂါကု ဆေးခန်း နှင့် ကျန်းမ?

18/03/2025

အင်းစိန်မြို့နယ် ဂျပန်လမ်းပေါ်ရှိ ၂၄နာရီ အထွေထွေရောဂါကုဆေးခန်းအတွက် သူနာပြုအကူ(မ) ၁ဦးအလိုရှိပါသည်။
လူနာများကိုပြေပြစ်စွာစကားပြောဆိုနိုင်သူ
Teamworkဖြင့်လုပ်ကိုင်နိုင်သူ
အကျင့်စာရိတ္တကောင်းမွန်သူ
Day shift, Night shift, 24hour dutyဆင်းနိုင်သူ
ရေရှည်လုပ်ကိုင်နိုင်သူ
သင်တန်းကိစ္စကင်းရှင်းသူ
အတွေ့အကြုံမရှိသော်လည်း အမှန်တကယ်သင်ယူလိုစိတ်ရှိသူများလည်း လျောက်ထားနိုင်ပါသည်
အစမ်းခန့်လစာ- ၁၈၀၀၀၀( no plus)
အစမ်းခန့်ကာလ-၂လ
Permanent ဝန်ထမ်းဖြစ်ပါက
လစာ-၂၇၀၀၀၀+ရက်မှန်ကြေး ၃၀၀၀၀+ monthly bonus ၁၀၀၀၀ မှ ၅၀၀၀၀(လုပ်ရည်ကိုင်ရည်ပေါ်မူတည်၍) Total ၃၁၀၀၀၀ မှ ၃၆၀၀၀၀ကြား
လျောက်ထားလိုသူများသည် CV formကို viber ph no. 09420106906သို့ပေးပို့လျောက်ထားနိုင်ပါသည်
အဆောင်မပေးပါ။
အလုပ်ဖုန်းဖြစ်သဖြင့် ဖုန်းဆက်ခြင်း သည်းခံပါ

06/04/2024

24 hr 10 ချိန် ဆင်းရန် nurse aid အလို ရှိသည်...

သတ်မှတ်သော duty hour အတိုင်းဆင်းရမည်...

24 hr duty ဖြစ်သဖြင့် ညစာ စီစဥ်ပေးမည်... ဆေးခန်း members များစားသလိုစားရ မည်
လူနာ မလာ လျှင်အေးဆေး သက်သာ နေနိုင်သည်...
wifi provided...

နေရာ... အင်းစိန် ဂျပန်လမ်း...နေလင်းဆေးခန်း

လစာ... အစမ်း ခန့်ကာ လ 150000...
2 လပြည့်လျှင် 180000

ရက်မှန်ကြေး 20000 ( အစမ်းခံကာလတွင်း ခံစား ခွင့်မရှိ)

အင်တာဗျူး ချက်ချင်း ရှိမည်...
ဆက်သွယ်ရန်...09420106906

08/03/2023
05/04/2022

အောင် အထွေထွေရောဂါကုဆေးခန်းတွင် ယခုနှစ်အတွက် တုပ်ကွေးကာကွယ်ဆေး (၂၀၂၂ strains) Vaxigrip Tetra 2022ကို ထိုးရန် စာရင်းပေးသွင်းနိုင်ပါပြီ။

အသက် ၆ လ မှစတင်၍ ထိုးနှံနိုင်ပြီး ဆေးထိုးပြီး ၂ ပတ်အကြာတွင် ခုခံအားရရှိမည်ဖြစ်သောကြောင့်
တုပ်ကွေးရာသီမစမီ အချိန်တွင် ကြိုတင်ထိုးနှံကာကွယ်ထားသင့်ပါသည်
ဆေးထိုးနှံထားပါက ရောဂါဖြစ်ပွားခြင်းကိုကာကွယ်ပေးရုံသာမက ရောဂါပြင်းထန်မှုကိုလည်းလျှော့ချပေးနိုင်ပါသည်။

ရာသီတုပ်ကွေးကာကွယ်ဆေး ပိုမိုထိုးနှံသင့်သူများမှာ
၁. အသက် ၆၀ နှစ်အထက်လူကြီးများ
၂. ကိုယ်ခံအားနည်းရောဂါ ကင်ဆာရောဂါ အခံရှိသူများ
၃. နှလုံး ကျောက်ကပ် အသည်း အဆုတ် သွေးတိုး ဆီးချို နာတာရှည်ရောဂါဝေဒနာရှင်များ
၄. ကိုယ်ဝန်ဆောင်မိခင်များ
၅. အသက် ၆ လ မှ ၁၁ နှစ်အတွင်း ကလေးငယ်များ
၆. လူအများနှင့် ထိတွေ့ လုပ်ငန်းခွင်ဝင်ရသူများ
၇့. ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးပြီး အဆုတ်ထိခိုက်ထားသူများ ဖြစ်ပြီး

အသက် (၉) နှစ်အောက်ကလေးများတွင် ယခင်က ထိုးနှံဖူးခဲ့ခြင်း မရှိပါက ၄ ပတ် ခြားကာ ကာကွယ်ဆေး ၂ ကြိမ်ထိုးရန်လိုအပ်ပါသည်

ဆေးခန်းတွင် ကိုယ်တိုင်လာရောက်ထိုးနှံနိုင်သလို
အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံပေးမည့် service လည်းရှိပါသည်။

အသေးစိတ်သိရှိလိုပါက ဆေးခန်းဖုန်းနံပါတ် - 095176435 သို့မဟုတ် Page Chat Box မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါပြီ

06/02/2022

ဖျား တဲ့ သူတွေ အရမ်း များနေပါ ပြီ ...

Mask တပ်ပါ
လက်ဆေးပါ
မလိုအပ် ရင် အပြင် မထွက်ဖို့ တိုက်တွန်း နှိုးဆော်အပ် ပါတယ် ခင်ဗျာ ...

Omicron တွေ ပြန် ပြန့်လို့နေ ပါတယ်..အရင်တစ်ခါ လို အလစ်အငိုက် မခံရ ဖို့ pulse oximeter စက်တွေ အိမ်တိုင်း ဆောင်ထားသင့် ပါတ...
02/02/2022

Omicron တွေ ပြန် ပြန့်လို့နေ ပါတယ်..

အရင်တစ်ခါ လို အလစ်အငိုက် မခံရ ဖို့ pulse oximeter စက်တွေ အိမ်တိုင်း ဆောင်ထားသင့် ပါတယ် ...

ဖျား တိုင်း နှာခေါင်း nasal swab ယူဖို့က မလွယ်ပါဘူး ..

Sp02 စက်က တော့ လက်ညှိုး မှာ တပ်ထား ရုံ နဲ့ covid ရဲ့ ကြောက်စရာ ကောင်းတဲ့ silent hypoxia ကို သိနိုင်တာ မို့ အိမ်တိုင်း ဆောင်ထား ပြီး နေမကောင်း တာနဲ့ စမ်းသပ် ကြည့်နေ ဖို့ အကြုံ ပြုလိုက်ပါတယ် ..

သွေးတိုး လို့ ဆေးထိုး ပေးပါဆီးချို ကျချင် လို့ ဆေးထိုး ပေးပါ...ဆိုတာ မဟုတ်ပါ ခင်ဗျာ..သွေးတိုး ဆီးချို ဆိုတာ ဆေးတစ်လုံး ထ...
31/01/2022

သွေးတိုး လို့ ဆေးထိုး ပေးပါ
ဆီးချို ကျချင် လို့ ဆေးထိုး ပေးပါ...

ဆိုတာ မဟုတ်ပါ ခင်ဗျာ..

သွေးတိုး ဆီးချို ဆိုတာ ဆေးတစ်လုံး ထိုး ရုံ နဲ့ ကျတဲ့ ရောဂါ မဟုတ်ပါ...

အစားအသောက်... အနေအထိုင် နဲ့ သင့်တော် တဲ့ဆေးဝါး မှန်မှန်ကန်ကန် ဆွဲသောက် ပြီး ထိမ်းရတဲ့ နာတာရှည် မကူးစက် တတ်တဲ့ ရောဂါ ဖြစ်ပါတယ် ..

တစ်ချို့က အစားအသောက် အနေအထိုင် ထိမ်းပေမယ့် အရင်က ဆရာဝန် ပေးတဲ့ ဆေးတစ်မျိုး ကို ပဲ နှစ်ရှည် ဆွဲသောက်...ဆရာဝန် ဆီပြန်မပြပဲ နေတဲ့ အခါ ဆေး ရဲ့ ဘေးထွက် ဆိုးကျိုး ခံနေရတာ...

အသက်အရွယ်ရ လာတဲ့ ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်က ဆေးပဲ ဆွဲသောက်နေတော့ အနာနဲ့ ဆေး မတည့် တော့တာတွေ တွေ့နေရပါတယ် ...

ဆီးချို သွေးတိုး ဆေးတစ်မျိုးမျိုး ကို နှစ်လ ရေရှည် ဆွဲသောက် မိနေပါက နီးစပ်ရာ ဆရာဝန် တစ်ဦးဦး နှင့် ပြသ ပြီး မိမိဆေး သောက်သုံးနေ ပုံ မှန် မမှန် ဆေး မှန် မမှန် အကြုံ ပြု ဆွေး နွေး သင့်ပါတယ် ...

ထိုက သာ မှန်ကန် တဲ့ သွေးတိုး ဆီးချို ကုသနည်း ပဲဖြစ်ပါတယ်...

Dr. Naing
#အောင်ဆေးခန်း

16/01/2022

Omicron ကိုဗစ်ပိုး ကူးစက်ခံရပြီးတာနဲ့

၁) ၄၈ -နာရီ ၂-ရက်အတွင်း ရောဂါ လက္ခဏာပြပါပြီ။

ဒယ်တာ နဲ့ အခြား မျိုးကွဲတွေ မူရင်းက ရောဂါ လက္ခဏာ ပြဖို့ ၅ -ရက်ကနေ။ ၁၄ -ရက်ထိ ကြာတတ်ပါတယ်။

၁) sneezing and fatigue နှာချေတာ ၊ ပင်ပန်းနွမ်းနယ်တာ။ အားမရှိသလို ဖြစ်နေတာ

၂) scratchy throat and runny nose လည်ချောင်း ယား ချောင်းခြောက်ဆိုး တာ၊ နှာစေး မယ်။

၃) lower back pain (ခါးအောက်ပိုင်းနာ),
headache(ခေါင်းကိုက်), as well as night sweats
(ညအိပ်တဲ့အခါ ချွေး အရမ်းထွက်ပြီး အိပ်ရာခင်း စမ်းကြည့်ရင် စိုနေလိမ့်မယ်)and body aches -ကိုယ်လက် ကိုက်ခဲနေလိမ့်မယ်။

၁ က နေ ၃ အထိ အစောပိုင်းကာလ မှာ အများစု ပြတယ်။

၃) loss of appetite- မစားချင်မသောက်ချင်ဖြစ်

၂ ရက်အတွင်း သိတော့ မြန်မြန်ဆန်ဆန် သိ။ လူအများနဲ့ ဝေးရာနေပါ။ ထိုအချိန်မှာ ပိုးက airways အသက်ရှူ လမ်းကြောင်းမှာ အဆ ပေါင်း ၇၀ လောက် များနေလို့ပါ။

မိမိကစကာကွယ်ပါ။

Maskတပ်ပါ။
လက်ဆေးပါ။
တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ပါ။

သံသယလက္ခဏာဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့အမြန်ဆုံးဆက်သွယ် ကုသမှုခံယူပါ။
Crd.

Address

Thirimingalar Street, 175
Yangon
11091

Opening Hours

Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+9595176435

Alerts

Be the first to know and let us send you an email when Nay linn 24 hr clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram