Dr.Y အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Dr.Y အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု

Dr.Y အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု အိမ်မှာပဲ နေပြီး ကျန်းမာရေးဝန်ဆောင်မှု ရယူလိုသူများအတွက် Dr. Y အဖွဲ့သားများက အဆင်သင့် ရှိပါတယ်ရှင်🥰

အိမ်ထဲကနေ အိမ်ပြင်ကိုထွက်စရာမလိုပဲဖုန်းလေးဆက်လိုက်ရုံနဲ့  ရာသီတုပ်‌ေကွးကာကွယ်ဆေးထိုးနှံနိုင်ပါပြီနော်
25/04/2025

အိမ်ထဲကနေ အိမ်ပြင်ကိုထွက်စရာမလိုပဲဖုန်းလေးဆက်လိုက်ရုံနဲ့ ရာသီတုပ်‌ေကွးကာကွယ်ဆေးထိုးနှံနိုင်ပါပြီနော်

နှစ်သစ်မှ စရ်ျ စိတ်ချမ်းသာ ကိုယ် ကျန်းမာ ရှိကြပါစေကြောင်း Dr Y မိသားစု မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ် ရှင့်
17/04/2025

နှစ်သစ်မှ စရ်ျ စိတ်ချမ်းသာ ကိုယ် ကျန်းမာ ရှိကြပါစေကြောင်း Dr Y မိသားစု မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ် ရှင့်

နှစ်သစ်မှာ စိတ်သစ်လူသစ်နှင့် ရှိကြပါစေကြောင်းDr Y မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်
14/04/2025

နှစ်သစ်မှာ စိတ်သစ်လူသစ်နှင့် ရှိကြပါစေကြောင်းDr Y မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်

Wishing you a Happy Chinese New Year! May this year bring you prosperity, happiness, and good health. May your days be f...
29/01/2025

Wishing you a Happy Chinese New Year! May this year bring you prosperity, happiness, and good health. May your days be filled with joy, and may success follow you in all that you do. Gong Xi Fa Cai!

ဓာတ်မှန် ရိုက်ဖို့ အတွက်  ဆေးရုံ/ ဆေးခန်းအထိ သွားနေရတုံးပဲလား..ဒီလိုဆိုရင်တော့ လူကြီးမိဘတို့အတွက် သတင်းကောင်းတစ်ခု‌ ပြော...
20/01/2025

ဓာတ်မှန် ရိုက်ဖို့ အတွက် ဆေးရုံ/ ဆေးခန်းအထိ သွားနေရတုံးပဲလား..ဒီလိုဆိုရင်တော့ လူကြီးမိဘတို့အတွက်
သတင်းကောင်းတစ်ခု‌ ပြောပါရစေ

Dr. Y အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှုကနေ
💥အိမ်အရောက် ဓာတ်မှန် ဝန်ဆောင်မှု💥ကိုပါ ရရှိနိုင်ပါပြီ

ဖုန်းလေး တစ်ချက်ဆက်ပြီး Booking လုပ်တာနဲ့ အထူးကျွမ်းကျင်တဲ့ Technician ကိုယ်တိုင် လူကြီးမင်းတို့ရဲ့ အိမ်ကို လာရိုက်ပေးမှာပဲ ဖြစ်ပါတယ်

အိမ်အရောက် ဓာတ်မှန် ဝန်ဆောင်မှုကို ရယူရန် 09779906662, 09 940 647 558 ကို ဆက်သွယ်လိုက်ပါနော်🥰

🩻မိမိတို့ အိမ်၊ အလုပ်၊ စက်ရုံမှာပဲ ဓာတ်မှန်ရိုက်လိုသူများအတွက် X-Ray Home Service ဝန်ဆောင်မှုကို Dr. Y မှာ ရယူလိုက်ပါ။ 🩻...
16/01/2025

🩻မိမိတို့ အိမ်၊ အလုပ်၊ စက်ရုံမှာပဲ ဓာတ်မှန်ရိုက်လိုသူများအတွက် X-Ray Home Service ဝန်ဆောင်မှုကို Dr. Y မှာ ရယူလိုက်ပါ။

🩻မိမိတို့ရဲ့ အဖိုးအဖွားမိဘများကို ဖြစ်စေ ဓာတ်မှန်ရိုက်ကြည့်ဖို့ လိုအပ်လာပါက အိမ်အရောက် ဓာတ်မှန်လာရိုက်ပေးတဲ့ ဝန်ဆောင်မှုကို ရယူနိုင်ပါပြီ။

🩻Dr. Y ရဲ့ X-Ray Home Service မှာဆိုရင် X-ray Technician နဲ့ Dr. Y အဖွဲ့သားများက ခေတ်မီ နောက်ဆုံးပေါ် အဆင့်မြင့် X-ray portable စက်ကြီးနဲ့ အတူ လူကြီးမင်းတို့ အိမ်ကို လာရောက်ရိုက်ပေးပြီး အချိန်တိုအတွင်း Radiologist ဆရာကြီးရဲ့ အဖြေကို ထုတ်ပေးမှာပဲ ဖြစ်ပါတယ်။

အိမ်တိုင်ရာရောက် ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှုကို ရယူရန်ဖြစ်စေ၊ အိမ်မှာနေပြီး သွေးဖောက်စစ် medical checkup လုပ်ချင်လို့ ဖြစ်စေ၊ အိမ်မှာပဲ နေပြီး X-ray ဓာတ်မှန် ရိုက်ချင်လို့ ဖြစ်စေ ကျမတို့ Dr.Y အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု ရဲ့ ဖုန်း 09779906662, 09940647558 ကို ဆက်သွယ်လိုက်ပါရှင်။ Dr. Y အဖွဲ့သားများက နွေးထွေးစွာ စောင့်မျှော်လျက်ရှိပါတယ်🥰။

Dr.Y အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု မှ ဝာာဝန်ကျ ဆရာဝန်နှင့် ဆရာမလေးများ၊ ကျန်းမာရေး ဝန်ထမ်းများက လူကြီးမင်းတို့ အိမ်အ...
15/01/2025

Dr.Y အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု မှ ဝာာဝန်ကျ ဆရာဝန်နှင့် ဆရာမလေးများ၊ ကျန်းမာရေး ဝန်ထမ်းများက လူကြီးမင်းတို့ အိမ်အထိ လာရောက်သွေးဖောက်ယူပြီး ဓာတ်ခွဲခန်းပို့ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

🏠THANLYIN STAR CITY AREA နှင့် ရန်ကုန် မြို့ထဲမှာ နေထိုင်တဲ့ လူကြီးမင်းတို့ အတွက် ကျမတို့ Dr. Y အဖွဲ့သားများက ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးဖို့ အဆင်သင့် ရှိပါတယ်။

🏠မိမိတို့ အိမ်မှာ ရှိတဲ့ အဖိုးအဖွားများ၊ ကလေးငယ်များကို ဆေးရုံ၊ ဆေးခန်း လူထူထပ်တဲ့ ‌‌‌နေရာတွေ၊ ရောဂါပိုး ကူးစပ်လွယ်တဲ့ နေရာတွေကို ရှောင်ချင်လို့ပဲ ဖြစ်စေ လိုအပ်တဲ့ လစဥ် သွေးစစ်မှုများ၊ ဆရာဝန် ရက်ချိန်းပြန်ပြရက်အမီ သွေးဖောက်စစ်ခြင်းများကို Dr.Y အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု မှ အချိန်တိကျမှန်ကန်မှု Results တိကျမှန်ကန်မှု များဖြင့် ပြုလုပ်ပေးလျက် ရှိပါတယ်။

🏠ကျွမ်းကျင်တဲ့ Pathologist ဆရာဝန်ကြီးရဲ့ ကြီးကြပ်စစ်ဆေးမှုနဲ့ အတူ Lab Results အတွက် ၁၀၀% အာမခံပါတယ်ရှင်။

ဒါကြောင့်မို့ သွေးဖောက်စစ်ဖို့ လိုအပ်လာပြီဆိုရင် Dr.Y ရဲ့ ဖုန်းနံပါတ် 09779906662, 09940647558 သို့ ဆက်သွယ်လိုက်ပါရှင်။

We would like to inform you that our Dr. Y Health Care Service will be temporarily suspended from 15-11-2024 to 30-11-20...
15/11/2024

We would like to inform you that our Dr. Y Health Care Service will be temporarily suspended from 15-11-2024 to 30-11-2024.

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ တန်ဆောင်းမုန့်လပြည့်နေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း Dr....
15/11/2024

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ တန်ဆောင်းမုန့်လပြည့်နေ့မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း Dr.Y Team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🏻။

တစ်အိမ်သားလုံးဘီပိုးကာကွယ်ဆေးထိုးနှံဖို့Dr.Yကိုဖုန်းခေါ်စို့ဘီပိုးကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း...
18/07/2024

တစ်အိမ်သားလုံးဘီပိုးကာကွယ်ဆေးထိုးနှံဖို့Dr.Yကိုဖုန်းခေါ်စို့

ဘီပိုးကူးစက်ခံရဖို့ အင်မတန်မှ လွယ်ကူပြီး ကူးစက်ခံထားရရင်လည်း ရောဂါလက္ခဏာ သေသေချာချာ မသိနိုင်ဘဲ ရောဂါ တော်တော်ကျွမ်းမှ သိသွားနိုင်တဲ့အပြင် ပိုးကို အသေသတ်နိုင်တဲ့ ဆေးနည်းတွေလည်း မပေါ်သေးတာကြောင့် ဘီပိုးကာကွယ်ဆေးက ထိုးကိုထိုးထားဖို့လိုအပ်တဲ့ ကာကွယ်ဆေးတစ်ခုပါ။

ကာကွယ်ဆေးမထိုးခင် ကိုယ့်မှာ ဘီပိုးရှိနေလားဆိုတာ အရင်သွေးစစ်ဖို့လိုပါတယ်။ ဘီပိုးမရှိတော့မှ ကာကွယ်ဆေးထိုးတာက ပိုသင့်တော်ပါတယ်။

ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရုံနဲ့ မပြီးပါဘူး။ သုံးကြိမ်ထိုးရမယ့် ကာကွယ်ဆေးတစ်မျိုးပါ။ အသုံးအများဆုံး အကြိမ်ကတော့ 0-1-6 ဖြစ်ပါတယ်။ သဘောက ပထမဆုံးအကြိမ်ထိုးပြီး နောက်တစ်လအကြာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပြီး ပထမအကြိမ်ပြီး ၆ လအကြာမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကိုယ့်ထိုးရမယ့်ရက်ကို သေချာမှတ်ထားပြီး အကြိမ်ရေပြည့်အောင်ထိုးမှ ကာကွယ်ဆေး အောင်မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး သုံးကြိမ်ထိုးပြီပြီဆိုတာနဲ့ ဆေးအောင်မအောင် ပြန်စစ်ဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်ပြီဆိုတော့မှ စိတ်ချရမှာဖြစ်ပြီး ဆေးမအောင်ရင်တော့ ပြန်ထိုးဖို့လိုပါတယ်။

B ပိုးကာကွယ်ဆေး အထိုးအများဆုံးနေရာကတော့ လက်မောင်းမှာ ဖြစ်ပြီး ထိုးပြီးတာနဲ့ ဆေးထိုးထားတဲ့ နေရာကို မချေဖို့ လိုအပ်ပါတယ်။ တချို့လူတွေမှာ ကာကွယ်ဆေး ထိုးထားတဲ့နေရာ အောင့်ကျန်တာမျိုး တစ်ပတ်လောက် အထိ ခံစားရ တက်ပါတယ်။မွေးကင်းစ ကလေးတွေ ဆိုရင်တော့ အသားများတဲ့ ပေါင်လိုနေရာမျိုး မှာ ကာကွယ်ဆေးထိုးပေးပါတယ်။

ဘီပိုးကာကွယ်ဆေးက တစ်ကြိမ်အောင်ပြီးရင် စိတ်ချရသွားပြီဆိုပေမယ့် ပိုပြီး စိတ်ချရအောင် ၅ နှစ်တစ်ကြိမ် ဒါမှမဟုတ် လိုအပ်ရင် Antibody ကို ပြန်စစ်ပြီး ပြန်ထိုးပေးဖို့လည်း လိုအပ်ပါတယ်။

Don't forget to call your Doctor 🏥💊
09940647558 , 09779906662

Ref; ကျန်းမာရေးဆောင်းပါး

မသိမဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း  အဓိကအချက်အလက်များ✅ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက် (၅) နှစ်အောက် ကလေး သေဆုံးမှုမ...
08/07/2024

မသိမဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အဓိကအချက်အလက်များ

✅ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက် (၅) နှစ်အောက် ကလေး သေဆုံးမှုများအနက် ဒုတိယအများဆုံး သေဆုံးမှု အကြောင်းရင်းဖြစ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကာကွယ်၍ ရသကဲ့သို့ ကုသ၍လည်း ရပေသည်။
✅ နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက် (၅) နှစ်အောက် ကလေးပေါင်း (၅၂၅,၀၀၀) ခန့် သေဆုံးနေရသည်။
✅ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအများစုကို သန့်ရှင်းသော သောက်သုံးရေ သောက်သုံးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းစွာပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
✅ နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိကလေးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုပေါင်း (၁.၇) သန်းခန့် ရှိသည်။
✅ ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက် (၅) နှစ်အောက် ကလေးများတွင် အာဟာရချို့တဲ့မှုဖြစ်စေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရက်ပေါင်းများစွာ ကြာနိုင်ပြီး အသက်ရှင်ကျန်းမာရန်အရေးကြီးသော ရေနှင့် ဓာတ်ဆားဓာတ်များ ခန္ဓာကိုယ်မှ လျော့နည်းဆုံးရှုံးမှုကို ဖြစ်စေသည်။ အာဟာရချို့တဲ့သောကလေးများ၊ ကိုယ်ခံအားလျော့နည်းသော ကလေးများနှင့် အိပ်ချ်အိုင်ဗွီပိုးရှိသူများသည် အသက်ဆုံးရှုံးနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုသည်မှာ ပုံမှန်ထက် ဝမ်းပျော့ပျော့ (သို့မဟုတ်) ဝမ်းအရည် တစ်နေ့ (၃) ကြိမ် (သို့မဟုတ်) (၃) ကြိမ်အထက် ဝမ်းသွားခြင်းကို ဆိုလိုသည်။ (လူတစ်ယောက် ပုံမှန် ဝမ်းသွားနေကျအကြိမ်ထက် ပို၍ ဝမ်းသွားခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်း ဖြစ်သည်။) ဝမ်းအရည်မဟုတ်ဘဲ ဝမ်း ခဏခဏ သွားခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါ မဟုတ်သကဲ့သို့ မိခင်နို့တိုက်ကျွေးနေသော ကလေးများ ဝမ်းပျစ်ပျစ် ပျော့ပျော့သွားခြင်းသည်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟု မသတ်မှတ်ပါ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းသည် အူလမ်းကြောင်းတွင်း ပိုးဝင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ပြီး ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးအမျိုးမျိုးကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေသောပိုးသည် မသန့်ရှင်းသောအစားအစာ (သို့မဟုတ်) ရေ တို့မှ ကူးစက်ပြန့်ပွားနိုင်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည်။

🟨 ဝမ်းပျက်ဝမ်းလျှောရောဂါ အမျိုးအစား (၃) မျိုး

(၁) ရုတ်တရက် ဆန်ဆေးရည်ကဲ့သို့ ဝမ်းအရည်သွားသော ဝမ်းပျက်ဝမ်းလျှောရောဂါ – နာရီပေါင်းများစွာ (သို့မဟုတ်) ရက်ပေါင်းများစွာ ကြာနိုင်သည်။ (ကာလဝမ်းရောဂါသည် ဤအမျိုးအစားတွင် ပါဝင်သည်)
(၂) ရုတ်တရက် သွေးဝမ်းသွားသော ဝမ်းပျက်ဝမ်းလျှောရောဂါ – ဝမ်းကိုက်ရောဂါဟုလည်း ခေါ်သည်။
(၃) ကာလကြာ ရက်ရှည် ဝမ်းပျက်ဝမ်းလျှောရောဂါ – ၁၄ ရက် နှင့်အထက် ဝမ်းလျှောခြင်း ဖြစ်သည်။

🟨 ရေဓာတ်ခန်းခြောက်ခြင်း

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းကြောင့် ပြင်းထန်ဆိုးရွားသည့် ခြိမ်းခြောက်မှု အန္တရာယ်မှာ ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်သည်။ ဝမ်းတစ်ကြိမ်လျှောတိုင်း ဝမ်းအရည်၊ အန်ဖတ်၊ ချွေး၊ ဆီးနှင့် အသက်ရှုခြင်းတို့မှတစ်ဆင့် ရေနှင့် ခန္ဓာကိုယ်တွင်း လိုအပ်သော ဓာတ်သတ္တုများ (ဆိုဒီယမ်၊ ကလိုရိုဒ်၊ ပိုတက်ဆီယမ်နှင့် ဘိုင်ကာဗွန်နိတ်) ဆုံးရှုံးသွားသည်။ ဤကဲ့သို့ ရေနှင့် ဓာတ်သတ္တု ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းခြင်း မပြုလုပ်ပါက ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်ပွားသည်။

ရေဓာတ်ခန်းခြောက်ခြင်း အဆင့် (၃) ဆင့်

(၁) ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း (အောက်ဖော်ပြပါ လက္ခဏာများအနက် အနည်းဆုံး (၂) ခု ရှိရမည်)

✅ နုံးခွေခြင်း၊ သတိလစ်မေ့မြောခြင်း
✅ မျက်တွင်းချိုင့်ခြင်း
✅ ရေမသောက်နိုင်ခြင်း (သို့မဟုတ်) ရေကောင်းစွာ မသောက်နိုင်ခြင်း
✅ အရေပြားခြောက်သွေ့၍ ဆွဲဆန့်နိုင်/ကျုံ့နိုင်အား အလွန်နှေးသွားခြင်း (၂ စက္ကန့်နှင့် အထက်ကြာ)

(၂) အတော်အသင့် ရေဓာတ်ခန်းခြောက်ခြင်း (အောက်ဖော်ပြပါ လက္ခဏာများအနက် အနည်းဆုံး (၂) ခုနှင့်အထက် ရှိရမည်)

✅ ဂနာမငြိမ်၊ ကယောင်ကတမ်းဖြစ်ခြင်း
✅ မျက်တွင်းချိုင့်ခြင်း
✅ ရေ အငမ်းမရ သောက်ခြင်း၊ ရေဆာခြင်း

(၃) ရေဓာတ်ခန်းခြောက်မှု မရှိခြင်း

အထက်ပါ ပြင်းထန် (သို့မဟုတ်) အတော်အသင့် ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ မရှိပါက ရေဓာတ်ခန်းခြောက်မှု မရှိဟု ဆိုနိုင်သည်။

🟨 ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းများ

🔺 ရောဂါပိုး ကူးစက်ခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်းသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးကောင်များမှ ကူးစက်ဖြစ်ပွားသော ရောဂါလက္ခဏာတစ်ခု ဖြစ်ပြီး အများစုမှာ မစင်များမှတစ်ဆင့် သောက်ရေ၊ သုံးရေ မသန့်ရှင်းမှု ဖြစ်ကာ ကူးစက်ပြန့်ပွားသည်။ ယင်လုံအိမ်သာမလုံလောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းနှင့် သန့်ရှင်းသော သောက်သုံးရေ မရှိခြင်း၊ ချက်ပြုတ်ရေးနှင့် သန့်ရှင်းရေးတို့တွင် အသုံးပြုသောရေသည် ဘေးအန္တရာယ်မကင်းခြင်း စသည့် အခြေအနေများတွင် ရောဂါပိုး ကူးစက်ပြန့်ပွားမှု ပိုမိုဖြစ်ပွားသည်။ ရိုတာဗိုင်းရပ်စ် (Rotavirus) နှင့် E. coli (Escherichia coli) တို့သည် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ရောဂါလက္ခဏာ အတော်အသင့်မှ ပြင်းထန် အခြေအနေအထိ ဖြစ်ပွားစေသော ဝမ်းပျက်ဝမ်းလျှောရောဂါ အများဆုံး ဖြစ်ပွားစေသော ပိုးမွှားများ ဖြစ်သည်။ ခရစ်တိုစပိုရီးဒီးယမ်း (cryptosporidium) နှင့် ရှီဂဲလား (shigella) အစရှိသော ပိုးမျိုးစိတ်များသည်လည်း အရေးကြီးသော ရောဂါပိုးမွှားများ ဖြစ်သည်။ နေရာဒေသအလိုက် ရောဂါပိုး ကူးစက်ပြန့်ပွားသော ပုံစံများကိုလည်း ထည့်သွင်းစဥ်းစားရန် လိုအပ်သည်။

🔺 အာဟာရချို့တဲ့ခြင်း

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးရသော ကလေးများသည် အာဟာရချို့တဲ့မှု ရောဂါနောက်ခံ ရှိလေ့ရှိကြပြီး ဤအာဟာရချို့တဲ့မှုကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားမှုကို ပိုမို ထိခိုက်ခံစားရသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် အကြိမ်တိုင်းသည် ကလေးများ၏ အာဟာရချို့တဲ့မှုကို ပို၍ ဆိုးရွားစေသည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းသည် (၅) နှစ်အောက် ကလေးများတွင် အာဟာရချို့တဲ့မှုဖြစ်ပွားစေသော အဓိကအကြောင်းရင်း ဖြစ်သည်။

🔺 ပင်မအကြောင်းအရင်း

မိလ္လာစနစ်၊ မိလ္လာပိုက်၊ မိလ္လာကန်နှင့် သန့်စင်ခန်း (အိမ်သာ) တို့မှ လူ့မစင်များ ရောက်ရှိညစ်ညမ်းသွားသော သောက်သုံးရေက အဓိကအကြောင်းအရင်းဖြစ်သည်။ တိရိစ္ဆာန်တို့၏ အညစ်အကြေးများတွင်လည်း ဝမ်းလျှောဝမ်းပျက်ဖြစ်စေသော သေးငယ်သည့် ရောဂါပိုးများ ပါဝင်နေနိုင်သည်။

🔺 အခြားအကြောင်းအရင်းများ

ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်း လူတစ်ဦးမှ တစ်ဦး ကူးစက်နိုင်သည်။ အစားအစာများကို သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပြင်ဆင်ခြင်း (သို့မဟုတ်) သိမ်းဆည်းခြင်း မရှိပါက အစားအစာများသည်လည်း ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားစေသော အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်လာသည်။ သောက်ရေ၊ သုံးရေများကို သန့်သန့်ရှင်းရှင်း ဘေးကင်းစွာ သိုလှောင်သိမ်းဆည်းခြင်း၊ သုံးစွဲခြင်း မရှိပါက ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနိုင်ခြေ များသည်။ မသန့်ရှင်းသော၊ ညစ်ညမ်းသော ရေထဲမှ ရရှိသော ငါးနှင့် ပင်လယ်စာများသည်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားစေသည်။

🟨 ကာကွယ်ခြင်းနှင့် ကုသခြင်း

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် အဓိက နည်းလမ်းများမှာ

🔺 သန့်ရှင်းသော သောက်သုံးရေကို လက်လှမ်းမီရရှိခြင်း
🔺 သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုခြင်း
🔺 လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း
🔺 ကလေး အသက် (၆) လ အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း
🔺 တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် အစားအစာ သန့်ရှင်းမှု ရှိခြင်း
🔺 ရောဂါပိုးများ ကူးစက်ပုံကို ကျန်းမာရေးအသိပညာပေးခြင်း
🔺 ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခြင်း

⚠️ ဝမ်းပျက်ဝမ်းလျှောရောဂါကို ကုသရန် အဓိကနည်းလမ်းများမှာ

🔺 ဓာတ်ဆား (ORS) ဖျော်ရည်ဖြင့် ရေဓာတ်ပြန်လည်ဖြည့််ပေးခြင်း

ORS ဓာတ်ဆားသည် ရေသန့်၊ ဆား နှင့် သကြားတို့ကို အချိုးညီညီ ပေါင်းစပ်ထားသော အရာဖြစ်သည်။ ကုန်ကျစရိတ်သက်သာသည်။ ဓာတ်ဆားကို အူသိမ်မှ စုပ်ယူပြီး ဝမ်းသွားခြင်းမှ ဆုံးရှုံးသွားသော ရေ နှင့် သတ္တုဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးသည်။

🔺 ဇင့်စ်ဆေးပြား ဖြည့်စွက်သောက်ခြင်း

ဇင့်စ်ဆေးပြားသည် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် အကြိမ် နှင့် ကြာချိန်ကို (၂၅%) ထိ လျှော့ချပေးပြီး ဝမ်းသွားသော ပမာဏကိုလည်း (၃၀%) လျော့ကျစေသည်။

🔺 သွေးကြောတွင်း အရည်များသွင်းခြင်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်ပေးခြင်း

ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း (သို့မဟုတ်) သွေးလန့်ကာ သတိလစ်မေ့မြောခြင်းတို့ ဖြစ်လျှင် လိုအပ်ပါမည်။

🔺 အာဟာရပြည့်ဝသော အစားအစာများ

အာဟာရချို့တဲ့ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း နှစ်ခု၏ တစ်ခုနှင့် တစ်ခု မှီတည်ကာ အဆိုးကျော့သံသရာ လည်နေခြင်းကို အာဟာရပြည့်ဝသော အစားအစာများစားသုံးခြင်းဖြင့် ဖြတ်တောက်တားဆီးနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဥ် အချိန်အတွင်း မိခင်နို့ တိုက်ကျွေးခြင်းနှင့် သက်သာလာသည့်အချိန်တွင် အာဟာရပြည့်ဝသော အစားအစာများ ကျွေးခြင်း (ကလေးအသက် (၆) လတွင်း ဖြစ်ပါက မိခင်နို့ကိုသာ တိုက်ကျွေးရန်) များကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။

🔺 ဝမ်းပျက်ဝမ်းလျှော ကြာရှည်စွာ ဖြစ်နေပါက (သို့မဟုတ်) ဝမ်းသွားသည့်အခါ သွေးပါလာပါက (သို့မဟုတ်) ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ ဖြစ်ပေါ်လာပါက ကျွမ်းကျင်သော ကျန်းမာရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ကုသရပါမည်။

Source: World Health Organization (WHO)
Credit Ministry of Health

Address

Star City, Thanlyin
Yangon

Telephone

+959940647558

Website

Alerts

Be the first to know and let us send you an email when Dr.Y အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Y အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram