25/05/2023
မင်္ဂလာပါ ကျမကတော့ သမီးလေး Tiara ရဲ့မေမေ ဆေးတက္ကသိုလ်၁ မှ MBBS ဘွဲ့ကို ယူထားပါတယ် သက်ဦးမေမေ အသစ်ဖြစ်တာမို့ မိခင်ဘဝအစမှာ တော်တော်လေး ခက်ခဲခဲ့တယ် အရာရာတိုင်းက challenges တွေချည်းပါပဲ ကလေး အိပ်ပြီဆိုတာနဲ့ google မှာ စာတွေ ရှာဖွေဖတ်ရ မေမေblogger တွေရေးထားတဲ့စာတွေဖတ်ရနဲ့ပေါ့ ကျမကိုယ်တွေ့ နဲ့ ပြောရရင်တော့ အခုမှ ကလေးမေမေ အသစ်စက်စက်လေးတွေအဖို့ ကလေးကို ပြုစုတာကအစ ခေတ်နဲ့အညီ ပြုစုတတ်ဖို့နဲ့ ကျန်းမာရေး ဗဟုသုတရှိဖို့ အရမ်းအရေးကြီးပါတယ် အဲ့တာကြောင့်လည်း သည်page မှာ ကျမရဲဲ့ကလေးကို ပြုစုရင်း သိလာရတဲ့ challenges တွေကို ကျမသင်ယူခဲ့တဲ့ ဆေးပညာ background နဲ့ ကြိုးစားပြီး မျှဝေပေးသွားပါမယ် ကျမကိုယ်တိုင်လည်း သမီးအတွက် တခုခု ဆုံးဖြတ်ချက် ချတိုင်းမှာ တခြားမေမေတွေရဲ့ အကြံဉာဏ် ကျမကိုယ်ပိုင်သိထားတဲ့ ကျန်းမာရေးအသိ နဲ့ ကျမမိတ်ဆွေဆရာဝန်များ ကလေးအထူးကုအမများနဲ့ အမြဲတိုင်ပင် ဖြစ်ပါတယ် information အကုန်ကို သုံးသပ်ပီးမှ သမီးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချဖြစ်ပါတယ် ကလေးနေမကောင်းဖြစ်တိုင်းလည်း ကလေးအထူးကုဆရာဝန် နဲ့သာ ပြသပြီးကုသပါတယ်
သည်pageလေးကို စတင်ဖြစ်တဲ့ ရည်ရွယ်ချက်ကလည်း မေမေတွေ အတွက် ကိုယ့်ကလေးတွေ ပြုစုတဲ့ အခါမှာ လိုအပ်တဲ့ information တွေကို ဆေးပညာ ရှုထောင့်မှ ပံ့ပိုးချင်လို့ ဖြစ်ပါတယ် ကျန်းမာရေး ဗဟုသုတအပြင် ကျမကိုယ်တိုင်လည်း ကျမကလေးကို ကျင့်သုံးတယ် မကျင့်သုံးဘူး ဆိုတဲ့နည်းလမ်းလေးတွေ ပါ အပါ ကိုယ်တွေ့ အတွေ့အကြုံပါ အပါsharing လုပ်သွားမှာ ဖြစ်ပါတယ်
Dr.Poe’s Blogs မှ ကြိုဆိုပါတယ်
မှတ်ချက်- ကျန်းမာရေး ဗဟုသုတတွေကို မျှဝေပေးရုံသာ ဖြစ်ပါတယ် တယောက်ချင်းစီရဲ့ ကျန်းမာရေး အတွက်အကြံပေးကုသခြင်းကို ပြသနေကျ ကလေးအထူးကုဆရာဝန် /ဆေးရုံဆေးခန်းတွင်သာကုသဖို့ မေတ္တာရပ်ခံအပ်ပါသည်
Hello ! I am mom of Tiara who happens to also be MBBS holder.I have spent many night googling and reading mommy blogs for advice for my own challenges in parenthood. I found that new moms are facing many many problems to take care of a baby.I want to share my experience of parenting with a background in medicine. When making decisions for my baby, I cannot help but think about advice from other moms, my training and advice of my colleagues in medicine. I cobble together a patchwork of information to make what I hope are the best decisions for my baby.
I started this blog in an effort to support other moms in finding information to best care for their children.
I will share my own adventures in parenting, with a background of evidence-based medicine and also show how I apply (or not…) these principles to my own life.
Welcome to Dr.Poe’s Blogs
*this is a blog and not individual medical advice. Please consult your real doctor for medical advice*