Myat ဆေးနှင့် စတိုး

Myat ဆေးနှင့် စတိုး My Knowledge�

15/03/2025

❝ ၈ သုံးလုံးဆောင် အိုတောင် မဆင်းရဲ ❞

လူတစ်ယောက်နဲ့တစ်ယောက် တစ်ရက်ကို ၂၄ နာရီ ရနေပါရဲ့၊ တချို့ကျ အချိန်ကို ကောင်းကောင်းကြီး အသုံးချနိုင်တယ်။ တချို့က အချိန်ရှိတုန်းကျ ပစ်စလက်ခတ်နေပြီးမှ အချိန်မလောက်ဘူး၊ အချိန်မရှိဘူးလို့ ဆိုတယ်။ လူချင်းတူတူပဲ။

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အချိန်တွေခွဲဝေပုံချင်း မတူတာကို ကြည့်လိုက်တော့ မသိရင်၊ အချိန်တွေကပဲ လူတွေကို မျက်နှာသာလိုက်ပေးနေသလိုလို၊ ဆင်းရဲချမ်းသာ ရုပ်ချော အကျည်းတန် စသဖြင့် ခွဲခြားဆက်ဆံပေးနေနေသလို၊ ဒီလိုထင်စရာရှိတယ်။

တကယ်တမ်း အဲဒါ အချိန်နဲ့မဆိုင်ဘူး။ အချိန်ကို သုံးစွဲနေကြတဲ့ လူနဲ့ဆိုင်တာ။ သဘောက Time ထက် Focus က ပိုအရေးကြီးတာ။ Time Management ထက် Attention Management က ပိုအရေးကြီးတာ။ အချိန်ထက် ကိုယ့်ရဲ့ စိတ်ပါဝင်စားမှု၊ အားစိုက်ထုတ်မှု၊ အာရုံစူးစိုက်မှုတွေကပဲ ပိုအရေးကြီးတာ။

ဒါဖြင့် တစ်နေ့မှာ ၂၄ နာရီ ရတာချင်း အတူတူ ဘာလို့များ တချို့က အချိန်လောက်ပြီး တချို့က အချိန်မလောက်ဘူးလို့ ဆင်​ခြေပေးကြတာလဲ မေးရင် သူတို့အချိန်အပေါ်မှာ ဘယ်လောက်ထိ အာရုံစိုက်လဲ၊ ဒါကို သေချာပြန်ကြည့်ဖို့ လိုတယ်။

အာရုံစူးစိုက်မှု နှေးကွေးရင် တစ်ရက် နာရီ ၁၀၀၀၀ ပေးလဲ မလောက်တဲ့သူက မလောက်တာပဲ။ အာရုံစူးစိုက်မှုက အားကောင်းရင် နာရီဝက်နဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချသူက ချတာပဲ။ ဆိုတော့ အချိန်ခွဲဝေသုံးစွဲဖို့ အခက်အခဲ ရှိနေသူတွေအတွက် Robert Owen (ရော်ဘတ် အိုဝမ်) ရဲ့ 8-8-8 Rule (၈ သုံးလုံး ဥပဒေသ) အကြောင်းကိုမျှဝေပေးချင်တယ်။

🔳 8 Hours of Quality Sleep (အိပ်စက်ချိန် ၈ နာရီ)

အိပ်စက်ခြင်းက အကောင်းဆုံး အနားယူခြင်း ဖြစ်သလို၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူမဆို ချိုးပြနိုင်တဲ့ စံချိန်တွေအထဲမှာ မအိပ်ဘဲ နေပြနိုင်တဲ့စံချိန် အခုထက်ထိ မရှိသေးဘူး။ တစ်​ယောက်မှလဲ မလုပ်ပြနိုင်သေးဘူး။ သဘောက အိပ်စက်ခြင်းဆိုတာ အရာရာပဲ။ မအိပ်ဘဲ နေနိုင်တဲ့လူမှ မရှိတာ။ ဒါ့ကြောင့်.. အလုပ်တွေ များပါစေ၊ အိပ်ချိန်မှန်ဖို့လိုတယ်။

တစ်ခုတော့ ရှိတယ်၊ အိပ်ချိန်မှန်ဖို့ လိုတယ်ဆိုပြီး အရပ်စကားနဲ့ ပြောရရင် “ ကာလနဂါးဝင်ပူးနေသလို အိပ်ခြင်းမျိုးနဲ့တော့ တစ်ချိန်လုံး အအိပ်မက်နေလို့တော့ မရဘူး။ ” အဲဒါ လူဖျင်းတွေ လုပ်တတ်တဲ့ အကျင့်ဆိုးတွေ။

🔲 8 Hours of Fulfilling Work (အလုပ်ချိန်ကို ၈ နာရီထားပါ)

စီးပွားရေး လုပ်တာပဲ ဖြစ်ဖြစ်၊ ဝမ်းရေးကျောင်းနေရတာပဲဖြစ်ဖြစ်၊ အလုပ်ချိန်ကို ၈ နာရီ အနည်းဆုံးထားပြီးတော့ပဲ လုပ်ပါ။ အဲဒီအလုပ်ချိန်အတွင်းမှာ အလေလိုက်မယ် မကြံနဲ့၊ ကယောက်ကယက် မဖြစ်နေနဲ့၊ မတွေဝေနဲ့၊ လုပ်စရာ ရှိ ခပ်သွက်သွက်လေးလုပ်။ လက်စသတ်စရာရှိတာ.. မြန်မြန် ဖြတ်။ အလုပ်ပြီးမှ အနားယူ။ မပြီးသေးဘဲ မနားလိုက်နဲ့။

🔳 8 Hours of Enjoying & Restful Activity (စိတ်ပျော်ရာ လုပ်ဖို့နဲ့ စိတ်အေးချမ်းဖို့ ၈ နာရီအချိန်ပေးပါ)

အလုပ်ချည်း တစ်ချိန်လုံး လုပ်နေလို့မရသလို တစ်ချိန်လုံး အိပ်နေမယ်ဆိုလဲ ဘယ်အဆင်ပြေမလဲ။ သွေးလည်ပတ်မှု ကောင်းအောင် အားကစားလေး ဘာလေး ထလုပ်ပေးပါ။ ဘောလုံးကန်တတ်ရင် ဘောလုံးကန်..၊ နှစ်နာရီ အများဆုံးထားပြီး လမ်းလေးဘာလေး လျှောက်။ မဟုတ်ရင် ကိုယ် Passionate ဖြစ် စိတ်အားထက်သန်တာလုပ်၊ ဝါသနာပါရာ လုပ်နေကြည့်၊ လေ့လာစရာတစ်ခုခု ရှိလား ဒါဆို လေ့လာလိုက်၊ ဘယ်တော့မှ အကျိုးမမဲ့ဘူး။ စိတ်ငြိမ်ဖို့ဆိုရင် တရားထိုင်၊ ရောဂကျင့်၊ စာဖတ်၊ အသံစာအုပ်တွေ နားထောင်၊ ShweNote နဲ့သာ အနားယူကြည့်ပါ။ စိတ်ငြိမ်နေစေရမယ်။

နေ့တိုင်း အဲလိုလေး နေပေး သူများနဲ့ မတူ ကွဲထွက်နေတဲ့ Life style (ဘဝနေထိုင်မှုပုံစံ) အသစ်တစ်ခုကို ရလာလိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံတယ်။ အချိန်နဲ့ပတ်သက်လာရင် အချိန်အကြောင်း နားလည်လာစေမဲ့ စာအုပ်ကောင်းတွေ ShweNote ထဲမှာ အများကြီး ရှိပါတယ်။

📌 ShweNote ထဲက စာအုပ်တွေကို အသံနဲ့ရော စာနဲ့ပါ ဖတ်ရှု နားထောင်ချင်တယ်ဆိုရင်တော့ အခမဲ့စာအုပ် ၁၀ အုပ်ကို အစမ်းနားထောင်လို့ ရပါတယ်ဗျ

📌 အခမဲ့စာအုပ် နားထောင်တဲ့လူတိုင်းအတွက်လဲ မတ်လထဲမှာ ShweNote က လျှော့ဈေးနဲ့ စာဖတ်လို့ရအောင် စီစဉ်ပေးထားပါသေးတယ် ဗျ

📌 လျှော့စျေးလက်ဆောင်ရချင်တယ်ဆိုရင် အခုပဲ 𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 page Messenger မှာ လာရောက် မေးမြန်းနိုင်သလို 𝟎𝟗𝟗𝟒𝟎𝟎𝟖𝟒𝟒𝟒𝟒 ကို ဖုန်းဆက်ပြီး လက်ဆောင်သွားယူလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ

#စာဖတ်ရင်းလက်ဆောင်ယူ
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

အချိန်နဲနဲလေး ရတာနဲ့ Nutrition အဆတ်လေးကိုဆတ်ပီးမျှဝေပေးချင်ပါတယ်😊 Nutrition (အဟာရဓာတ်)ကို Macronutrients Vs Micronutrien...
25/11/2024

အချိန်နဲနဲလေး ရတာနဲ့ Nutrition အဆတ်လေးကိုဆတ်ပီးမျှဝေပေးချင်ပါတယ်😊
Nutrition (အဟာရဓာတ်)ကို
Macronutrients Vs Micronutrients ဆိုပီး 2မျိုးခွဲထားပါတယ်
ပထမဦးဆုံး Macronutrients ကို ပြောပြပေးပါမယ်
Macronutrients က မိမိတို့ခန္ဓာကိုယ်အတွက် ပမာဏများစွာလိုအပ်သောအဟာရဓာတ်များကို Macronutrients လို့ခေါ်ပါတယ်
Macronutrient မွာ
Carbohydrates (ကစီဓာတ်)
Fats. (အဆီ)
Proteins (အသားဓာတ်) ဆိုပီး အုပ်စု၃ခုရှိပါတယ်။
နောက်တခုက ရေသည်ခန္ဓာကိုယ်အတွက် ပမာဏများစွာလိုအပ်တာကြောင့်ရေ ကလဲ Macronutrients အုပ်စုမှာပါဝင်ပါတယ်သို့သော် ရေသောက်ခြင်းဖြင့် calories မရပါ ။
ဒီနေ့တော့ Macronutrients အကြောင်းလေးကိုမျှဝေပေးသွားပါတယ်နော် နောက်နေ့မှာ Micronutrients အကြောင်းလေးဆတ်ပီး မျှဝေပေးသွားပါမယ်နော် စာဖတ်သူလဲ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာဗဟုသုများကို သိချင်တာရှိရင် comments ပေးခ့ဲပါနော် T M

💊💊💊Melatonin tab Melatonin pills are a supplement that helps regulate your sleep cycle. You can use melatonin tablets or...
20/11/2024

💊💊💊Melatonin tab
Melatonin pills are a supplement that helps regulate your sleep cycle. You can use melatonin tablets or capsules as directed for sleep conditions like insomnia or jet lag. You can take melatonin pills by mouth with a glass of water.

Carbamazepine ဆေး အကြောင်းလေးသိသလောက်လေး တင်ပေး လိုက်ပါတယ်   Carbamazepine က အတက်ရောဂါ အတွက်အသုံးပြုပါတယ်   Epilepsy (ဝက...
13/10/2024

Carbamazepine ဆေး အကြောင်းလေးသိသလောက်လေး တင်ပေး လိုက်ပါတယ်
Carbamazepine က အတက်ရောဂါ အတွက်အသုံးပြုပါတယ်
Epilepsy (ဝက်ရူးပြန်ရောဂါ )
Trigeminal Neuralgia နာ့ဗ်ကြောရောင်ရောဂါကြောင့် မျက်နှာတခြမ်း ကိုက်ခဲနာကျင်ခြင်း
စိတ်ကြွ
စိတ်ကျ
စိတ္တဇ ရောဂါ ကာကွယ်ရန် အသုံးပြုပါတယ်
ဒီဆေးကို အသည်းမကောင်းတဲ့သူ၊ ကျောက်ကပ်မကောင်းသူ၊ နှလုံးရောဂါရှိတဲ့သူတွေ၊
ရေတိမ်ရောဂါရှိသူများ ၊ကိုယ်ဝန်ဆောင်များ၊နို့တိုက်မိခင်များ ၊သတိပြုပီး သုံးစွဲရပါမယ် ၊၊
ဆေးရဲ့ side affects တွေကတော့
သွေးဖိအား အလွန်ကျသွားခြင်း၊
ကျောက်ကပ်ထိခိုက် ခြင်း ၊
ချောင်းခြောက်ဆိုးခြင်း ၊
သွေးကြောရောင်ခြင်း ၊
ခေါင်းမူးခြင်း၊
အသားဝါခြင်း ၊ စတဲ့ဆိုးကျိုးတွေ ဖစ်တက်ပါတယ်
ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ သေချာစနစ်တကျ သောက်ဖို့ ပြောချင်ပါတယ် 😊

မြတ်ရဲ့ accထဲက ပဲဖစ်ဖစ် တခြား ဒီ post ကို မြင်တဲ့သူများ က အခု မြတ်သိသလောက် တင်ပေးထားတာလေးမှာ လိုနေတာလေးတွေကို comment မှာ ဝင်မန့် ပေးလို့ရပါတယ်
😊😊😊😊

22/07/2024

ပျားရည်ဆိုသည်မှာ

ပျားရည်ဆိုသည်မှာ လုပ်သားပျားများက ပန်းဝတ်ရည်ကို စုပ်ယူပြီးနောက် ယင်းတို့၏ ခန္ဓာကိုယ်ထဲတွင် အသွင်ပြောင်းလဲလိုက်ကာ ပျားအုံအတွင်းရှိ ဆဲလ်အကန့်များအတွင်း သိုလှောင်ထားရှိသည့် သဘာဝအချိုရည်တစ်မျိုးဖြစ်သည်။ လုပ်သားပျားများ၏ ဦးခေါင်းထိပ်တွင် ပန်းဝတ်ရည်စုပ်ယူရန် ပြွန်ပိုက်တစ်ခုရှိပြီး ယင်းမှတစ်ဆင့် ပန်းဝတ်ရည်များကိုစုပ်ယူ၍ ကိုယ်တွင်းရှိပျားရည်အိတ်ထဲ၌ သိုမှီးထားပါသည်။ ယင်းသို့သိုမှီးစဥ် လုပ်သားပျား၏ ခန္ဓာကိုယ်မှထွက်ရှိသည့် အင်ဇိုင်းများနှင့်ဓာတ်ပြုကာ ပန်းဝတ်ရည်တွင် ပါဝင်သော ရှုပ်ထွေးသည့်တည်ဆောက်ပုံရှိ သကြားဓာတ်များမှ ရိုးရှင်းသောသကြားဓာတ်များအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြင့် ပျားရည်ဘဝသို့ ကူးပြောင်းရောက်ရှိသွားခြင်းဖြစ်သည်။

ယင်းသို့ ပန်းဝတ်ရည်ကို စုပ်လိုက်၊ ပျားရည်အိတ်ထဲသိုလှောင်လိုက်ဖြင့် ပန်းပွင့်တစ်ပွင့်မှ နောက်တစ်ပွင့်သို့ ကူးလူးသွားလာစုပ်ယူရင်း ပျားရည်အိတ်ထဲ၌ ပျားရည်များပြည့်လာပါက မိမိတို့၏ပျားအုံသို့ပြန်လာကာ ပျားဖယောင်းများဖြင့်ပြုလုပ်ထားသော ဆဲလ်အိတ်လေးများထဲ၌ သိုလှောင်ထားလိုက်ပါသည်။ ဆဲလ်အိတ်တစ်ခုပြည့်လျှင် အပေါ်မှပျားဖယောင်းဖြင့်အုပ်၍ထားခြင်းဖြင့် လုံခြုံစိတ်ချရသည့်အခြေအနေသို့ ရောက်ရှိသွားပါသည်။ ယင်းသို့ အပေါ်မှမဖုံးမီ ပျားရည်တွင်ပါဝင်သောရေပါဝင်မှုကို လျှော့ချနိုင်ရန် ပျားအုံ၌တာဝန်ကျသောလုပ်သားပျားများက ယင်းတို့၏တောင်ပံဖြင့် ယပ်တောင်ခတ်သကဲ့သို့ပြုလုပ်ပေးပြီး ရေများကိုအငွေ့ပျံစေခြင်းဖြင့် ပျစ်သောပျားရည်များအဖြစ် ပြောင်းလဲပြီးမှ အပေါ်ကပိတ်လိုက်ခြင်းဖြစ်၍ လွန်စွာစနစ်ကျသော ထားသိုသိမ်းဆည်းမှု စနစ်တစ်ခုဖြစ်ကြောင်း တွေ့ရသည်။ ယင်းသို့သိမ်းဆည်းထားသော ပျားရည်သည် နှစ်ပေါင်းများစွာကြာအောင် မပျက်စီးဘဲရှိနေခြင်းမှာလည်း ပျားတို့၏အရည်အချင်းတစ်ရပ်ဖြစ်သည်။ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာရရှိရန် လုပ်သားပျားတစ်ကောင်အနေနှင့် ပန်းဝတ်ရည်များစုပ်ယူပြီး ပျားအုံသို့ ကူးချည်သန်းချည်ပို့ရသည့် အခေါက်အရေအတွက်မှာ ၁၅၄ ခေါက်ဖြစ်ကြောင်း လေ့လာသိရှိရသည်။ ပျားအုံတစ်ခုလျှင် ပျားကောင်ရေ ၅ဝဝဝ မှ ၁ဝဝဝဝ အထိ ရှိလေ့ရှိပြီး တစ်နှစ်လျှင် ပျားရည် ၂ဝ ကီလိုဂရမ်မှ ၅ဝ ကီလိုဂရမ်အတွင်း ထွက်ရှိပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
“လူသားအကျိုးပြု ပျားမျိုးစု” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

12/05/2024
27/04/2023

"ဝန်ထမ်းအသစ် -မ-၃ ဦး အလိုရှိသည်"

အသက်..၁၈ မှ ၃၀နှစ်အတွင်း (အတွေ့အကြုံမရှိသူများလဲလျှောက်ထားနိုင်သည်)

အရောင်းဝန်ထမ်း မ- ၂ဦး
Lcci Level 2အောင် မ -၁ဦး(စာရင်းကိုင်)

✅လျင်မြန်ဖျတ်လက်ပြီး သွက်လက်သူ ဖြစ်ရမည်
✅မျက်နှာချိုသာပြီး စိတ်ရှည်သီးခံတတ်သူဖြစ်ရမည်
✅တနဂ်နွေနေ့တိုင်း ၁ ရက်ပိတ်သည်။
✅အလုပ်ချိန် - မနက် ၈မှ ည ၅ နာရီ

စမ်းခန့်ကာလ - ၁ လ
အလုပ်လျောက်ထားလိုသူများသည်
1️⃣ CV Form
2️⃣ မှတ်ပုံတင်
3️⃣ သန်းခေါင်စာရင်း တို့ကို
09794466586
သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

📌📌 လူတွေ့ Interview ရှိပြီး အဆင်ပြေလျှင် ချက်ချင်း အလုပ်ဆင်းနိုင်သူဖြစ်ရမည်။

အလုပ်ကိုတကယ်လိုချင်သူ နှင့် ရေရှည်လုပ်ကိုင်လိုသူများသာ လျောက်ပါရန်။

“ဒေါ်ကြည်သန်း၂ ကိုမင်းသူ” ဆေးကိရိယာပစ္စည်းမျိူးစုံရောင်းဝယ်ရေး
🏢 လိပ်စာ -
ဆိုင်(၁) အမှတ် (၂၂၂) ၊ ဝင်ပေါက်(၁၂)

ဆိုင် (၂) အမှတ် (၂၃၁)

ဗိုလ်ချုပ်စျေးသစ်ကြီး (မြေညီ)

အောင်ဇေဘုန်းမြတ် Medical Equipment Showroom

🏢လိပ်စာ -
အမှတ် (၂၀၆) ၊ (၂၇) လမ်း (အထက်ဘလောက်) ၊မြေညီ၊ Junction City ဘေး။

#လက်လီလက်ကား
#အသက်သာဆုံးလက်ကားစျေး


#အောင်ဇေဘုန်းမြတ်

27/04/2023

ဖုန်းထဲကနေ Click တစ်ချက်နှိပ်ရုံနဲ့..!
အိမ်ထဲကအိမ်ပြင် ထွက်စရာမလိုတော့တဲ့ ဝန်ဆောင်မှု..✔️

Mega24 ရဲ့ အလှအပ နဲ့ ကျန်းမာရေး ဖြည့်စွက်စာ Supplement လေးတွေအားလုံးကို အချိန်ကုန် အလုပ်ရှုပ်သက်သာ၊ နေမပူ၊ ကားမကျပ်ဘဲ မှတဆင့်လည်း ဝယ်လို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်နော်..🛍️🛒

နဲ့ဆိုရင် EV-O3 , EV-prim , Flax-24 , Neo Colla+ , CALO BURN စတဲ့ သဘာဝဖြည့်စွက်စာအားလုံးကို လွယ်ကူသက်သာစွာနဲ့ အိမ်အရောက် Delivery မှာယူနိုင်မှာဖြစ်သလို အရမ်းကိုတန်လွန်းတဲ့ စိတ်ဝင်စားစရာ Promotion အစီအစဉ်လေးတွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်နော်..😍💲💯

အခုပဲ အောက်မှာဖော်ပြထားတဲ့ Link လေးထဲကို ဝင်ကြည့်လိုက်တော့နော်... 👇👇👇

https://www.shop.com.mm/shop/rggct34r/?spm=a2a0e.pdp/revamp.main_page.1.1f38jNcljNclNA&itemId=116358623&channelSource=pdp


Address

Yangon
01030

Website

Alerts

Be the first to know and let us send you an email when Myat ဆေးနှင့် စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share