Zawana Specialist Clinic

Zawana Specialist Clinic Specialist Clinic

မြန်မာရိုးရာ သက်ြန်အားလတ်ရက်များအတွင်းအန္တရာယ်ကင်းစွာဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်း...
13/04/2024

မြန်မာရိုးရာ သက်ြန်အားလတ်ရက်များအတွင်း
အန္တရာယ်ကင်းစွာဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏

နွေရာသီမှာ သတိထားရမယ့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke ) အန္တရာယ်မတ်-၁၇-၂၀၂၄
18/03/2024

နွေရာသီမှာ သတိထားရမယ့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke ) အန္တရာယ်

မတ်-၁၇-၂၀၂၄

နွေရာသီမှာ သတိထားရမယ့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke ) အန္တရာယ်

မတ်-၁၇-၂၀၂၄
SN (VOM)

နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တနှစ်ထက် တနှစ် နွေက ပိုပူလာပါပြီ။

လက်ရှိ မြန်မာနိုင်ငံရဲ့ နွေရာသီကလည်း အတော်လေးကို ပူပြင်းလာပါတယ်။ တရိပ်ရိပ် တက်လာတဲ့ အပူချိန်နဲ့အတူ ကျန်းမာရေးပြဿနာတွေကလည်း တွဲကပ်ပြီး ပါလာစမြဲပါ။ အဲဒီထဲက တခုကတော့ နွေရာသီရောက်တိုင်း မဖြစ်မနေသတိထားရမယ့် Heat Stroke လို့ ခေါ်တဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်း ပြဿနာပါ။

Heat Stroke ဖြစ်ရင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုပြီး ဒဏ်ခံရတယ်လို့ သိရပါတယ်။ Heat Stroke မဖြစ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်တတ်ကြပါတယ်။ ဒီဒဏ်ကို မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုပြီးခံကြရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ Heat Stroke ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီဆောင်းပါးလေးကတဆင့် မျှဝေပေးချင်ပါတယ်။

Heat Stroke ဟာ ပြင်းထန်တဲ့ အပူချိန်ကြောင့် ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှုံးပြီး သတိလစ်တာမျိုးပါ။ အတော်များများက အပူလျှပ်တယ်ဆိုရင် သာမန်ကာလျှံကာပဲ တွေးတတ်ကြပါတယ်။ တကယ့်တကယ်တမ်းတော့ Heat Stroke ဖြစ်ပြီဆိုရင် မူးလဲတာ၊ သတိလစ်တာကနေ စလို့ အကြောသေ၊ အကြောဆိုင်းတာကနေ ဦးနှောက်သွေးကြောပြတ်တဲ့အထိကို ဖြစ်တတ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက “Heat Stroke ရဲ့ အဓိပ္ပာယ်က Heat က အပူချိန်၊ Stroke က လေဖြတ်တာပေါ့။ ပုံမှန်ထက် သာလွန်တဲ့ အပူချိန်ရပြီးတော့ လူ့ခန္ဓာကိုယ်က လေဖြတ်သွားတဲ့ ပုံစံမျိုး၊ သတိလစ်သွားတတ်တဲ့ ပုံစံမျိုးပါ။ အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ပိုသွားပြီးတော့ ခန္ဓာကိုယ်မှာရှိတဲ့ အပူချိန်တွေကို မထိန်းညှိနိုင်တော့တဲ့အတွက်ကို လူ့ခန္ဓာကိုယ်က တက်တာ၊ သတိလစ်တာ စတဲ့ အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တာကို Heat Stroke လို့ သတ်မှတ်တာပါ။ လူ့ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ အပူချိန်တခုရှိတယ်။ ကျွန်တော်တို့ဆို ပုံမှန် body temperature ၉၈ ဒီဂရီဖာရင်ဟိုက်ပေါ့နော်။ ၉၉ ဆို ပုံမှန်ဆိုရင်တောင် ဖျားတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီ့အချိန်မှာ ရုတ်တရက်ကြီး အပူချိန်မြင့်တက်သွားတယ်။ ၁၀၄ ၊ ၁၀၅ လောက် ဖြစ်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန်ကိုမထိန်းညှိနိုင်တော့ဘူး။ အဲ့ဒီ့အချိန်မှာ Heat Stroke ရဲ့ အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာတွေ ပြလာတာပါ” လို့ ပြောပါတယ်။

လူတွေရဲ့ ခန္ဓာကိုယ်အပူချိန်က ပြင်ပမှာရှိတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲ နေထိုင်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြင်ပ အပူချိန်က ရုတ်တရက်ကြီး မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်က အဲဒီတက်လာတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် မထိန်းချုပ်နိုင်ဘဲ Heat Stroke ဖြစ်ရတယ်လို့ သိရပါတယ်။ ဖြစ်တဲ့အခါမှာလည်း ကလေးလူကြီးမရွေး အရွယ်စုံမှာ ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ် စတဲ့ ရောဂါတွေလိုမျိုး ရောဂါအခံရှိသူတွေ၊ နာတာရှည်ရောဂါ ရှိတဲ့သူတွေမှာလည်း အဖြစ်များတတ်တာမို့ အထူး ဂရုစိုက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ နောက်ပြီး ဖြစ်တဲ့အခါမှာလည်း အချိန်မီကုသတာမျိုး၊ လိုအပ်တဲ့ အကူအညီမျိုး မရဘူးဆိုရင် အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တယ်လို့ သိရပါတယ်။

အပူဒဏ်ကြောင့် သတိလစ်ခြင်းနဲ့ ပတ်သတ်ပြီး စောစီးစွာ သိနိုင်မယ့် ရောဂါလက္ခဏာတွေကတော့ ကြွက်တက်ခြင်း၊ အပူကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး မအီမသာဖြစ်ခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ နောက်ဆက်တွဲ သတိလစ်ခြင်းနဲ့ အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ မဖြစ်ရအောင် အမြန်ဆုံး လိုအပ်တဲ့ ကုသကာကွယ်မှုတွေကို လုပ်ဆောင်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“Heat Stroke မဖြစ်ခင်မှာ ကြွက်သားတွေနာမယ်။ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာတာကြောင့် မူးမယ်၊ ခေါင်းကိုက်မယ်၊ မအီမသာဖြစ်မယ်၊ ရေဓာတ် ဆုံးရှုံးတဲ့အတွက်ကို တချို့ကျတော့ ချွေးထွက်အရမ်းများလာမယ်၊ တချို့ကျတော့ အပူချိန်တွေ အရမ်းတက်ပြီးတော့ ခန္ဓာကိုယ်ကအသားအရေတွေပူပြီး ခြောက်ကပ်လာမယ်၊ ဒီလက္ခဏာတွေ ဖြစ်ပြီဆိုရင်လည်း သတိထားရမယ်။ အဲဒါကို နောက်ဆုံး မထိန်းသိမ်းနိုင်ဘူးဆိုရင် သတိလစ်မယ်၊ တက်မယ်၊ နောက်ဆုံး အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

အရေးပေါ် အပူပြဿနာလို့ ပြောရင် သုံးခုရှိတယ်လို့ သိရပါတယ်။ အပူကြောင့် ကြွက်တက်တာရယ်၊ အပူကြောင့် အားအင်ကုန်ခမ်းတာရယ်၊ အပူလျှပ်တာရယ်လို့ ဆိုပါတယ်။ သုံးခုလုံးက အရေးပေါ်အခြေအနေဖြစ်လို့ အရေးကြီးတယ်လို့ သိရပါတယ်။ အပူချိန်များတဲ့ နေရာမှာ နေတယ် (ဒါမှမဟုတ်) နေပူထဲမှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဆိုရင် ဒီအခြေအနေ သုံးခုအကြောင်းကို သိကို သိထားသင့်တယ်ပါတယ်။ ဒီအရေးပေါ်ပြဿနာတွေက စောစောသိပြီး စောစောကုနိုင်မယ်ဆိုရင် အသက်ရှင်နိုင်ခြေများပြီး အထူးသဖြင့် ကြွက်တက်တဲ့ အဆင့်၊ အားအင်ကုန်ခမ်းတဲ့အဆင့်မှာ သိမယ်ဆိုရင် အပူလျှပ်တဲ့အထိ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

ပုံမှန်က ပူလာရင် အပူကို လျှော့ချတဲ့အနေနဲ့ ခန္ဓာကိုယ်က ချွေးထွက်ရတယ်လို့ သိရပါတယ်။ Heat Stroke ကြောင့် အပူချိန် ရုတ်တရက် မြင့်တက်လာတဲ့အချိန်မှာတော့ ခန္ဓာကိုယ်က ချွေးမထွက်တော့တဲ့အတွက် ကိုယ်မှာ အပူတွေ စုလာပါတယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်အပူချိန်ဟာ ၁၀၄ ဒီဂရီဖာရင်ဟိုက်ကို ကျော်လွန်လာတယ်လို့ သိရပါတယ်။

“Heat Stroke မဖြစ်အောင်က ရေများများသောက်ပေးဖို့ လိုအပ်တယ်။ တချို့ကျတော့ ရေသောက်ဖို့တောင် မေ့နေတဲ့သူတွေရှိတယ်။ အဲဒီတော့ ဒီအချိန်မှာ ဂရုစိုက်ပြီး ရေများများ သောက်ပေးဖို့လိုအပ်တယ်။ ဓာတ်ဆားရည်သောက်ပေးဖို့ လိုတယ်” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

Heat Stroke မဖြစ်အောင် ကာကွယ်ဖို့အတွက် နေရောင်အောက်မှာ တနေကုန် အလုပ်လုပ်တာကို ရှောင်သင့်တယ်လို့ သူက ပြောပါတယ်။ နေရောင်အောက်မှာ လုပ်ကို လုပ်ရမယ့်အလုပ် ဆိုရင်တော့ အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ မကြာခဏ အနားယူပေးရမယ်လို့ သိရပါတယ်။ နွေရာသီမှာ အဝတ်အစားတွေကို အသားအေးပြီး ချောင်ချောင်ချိချိ တွေ ဝတ်ဖို့ လိုအပ်ပြီး အနက်ရောင်တွေ၊ အရောင်ရင့်ရင့်တွေက အပူကို ပိုပြီး စုပ်ယူနိုင်တဲ့ အတွက် အဖြူ (ဒါမှမဟုတ်) အရောင်ဖျော့ဖျော့လေးတွေ ဝတ်သင့်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြုပါတယ်။

နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အချိန်မျိုးမှာ ပေါ့ပါးတဲ့ ဦးထုပ်တခုခုဆောင်းဖို့လည်း အားပေးပါတယ်။ အရမ်းပူတဲ့ အချိန် (အထူးသဖြင့် နေရောင်အောက်) မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ Aircon လေအေးပေးစက် မဖွင့်ထားဘဲ အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အကြာကြီးထိုင်နေမိတာမျိုးကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။

နောက်ထပ် အရေးကြီးဆုံးတချက်ကတော့ ရေများများသောက်ပေးဖို့ပါ။ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင် အပူဒဏ်ကြောင့် သတိလစ်ခြင်း ပိုဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝအောင်နေဖို့က အရေးကြီးပါတယ်။ နေပူထဲမှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်လည်း ရေနဲ့ ဓာတ်ဆားတွေကို ဆောင်ထားပြီး သတိတရ သောက်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လူကြီးတွေနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ရောဂါ အခံရှိသူတွေ၊ အဝလွန်တဲ့သူတွေ၊ အရက်အများကြီး သောက်သုံးထားတဲ့သူနဲ့ အေးတဲ့ ဒေသမှာ နေထိုင်ပြီး အခုမှ အပူပိုင်းဒေသမှာ ပြောင်းရွှေ့အလုပ်လုပ်တဲ့သူ စတဲ့သူတွေမှာ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်နိုင်ခြေ ပိုများတာကြောင့် အဲလို လူတွေအနေနဲ့ပိုပြီး ဂရုစိုက်ပေးသင့်တယ်လို့ သိရပါတယ်။

Heat Stroke ဖြစ်ရင် ဆေးရုံဆေးခန်းကို သွားတာဟာ အကောင်းဆုံးဖြစ်ပေမယ့် ရုတ်တရက်ဖြစ်တဲ့ အခြေအနေမှာဆိုရင်တော့ အရေးပေါ် ရှေးဦးသူနာ ပြုစုနည်းတွေနဲ့ သက်သာအောင် ပြုလုပ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ ပန်ကာ (ဒါမှမဟုတ်) လေအေးပေးစက်ရှိတဲ့ နေရာ၊ အရိပ်ရှိတဲ့ နေရာကို လူနာကို အရင်ပို့ပြီး ခန္ဓာကိုယ်ကို လှဲလျက် အနေအထားနဲ့ ခန္ဓာကိုယ်ပေါ်၊ မျက်နှာပေါ်ကို ရေအေးအေးဖြန်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လူနာ သတိမလစ်ဘူးဆိုရင် ရေ (ဒါမှမဟုတ်) ဓာတ်ဆားများများ တိုက်ပေးရမှာဖြစ်ပြီး အဝတ်အစားတွေ အကုန်ချွတ်ကာ အပူကျအောင် ချိုင်း၊ ပေါင်ခြံ (ဒါမှမဟုတ်) လည်ပင်းနားတဝိုက်ကို အဓိကထားပြီး ရေပတ်တိုက်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတိလစ်တဲ့၊ တက်တဲ့အဆင့်အထိ မရောက်ခင် ဒီအဆင့်တွေကို သေချာလုပ်ပေးရင် အမြန်သက်သာလာနိုင်ပေမယ့် အပူချိန်က တက်ပြီးရင်း ထိုးတက်လာပြီး ချွေးတွေ အဆမတန် ထွက်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အချိန်မီ ပို့ပေးဖို့ လိုအပ်ပြီး ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဆေးရုံဆေးခန်းကို ရတဲ့နည်းနဲ့ သွားတာက အကောင်းဆုံးလို့ သိရပါတယ်။

Heat Stroke လူနာကို ပြုစုတဲ့အခါ သီးစုံဓာတ်ဆား မတိုက်သင့်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အားဖြည့်အချိုရည်တွေဖြစ်တဲ့ Shark၊ ကျွဲရိုင်း၊ ကော်ဖီ၊ အရက်၊ Burn၊ Speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ဘူးလို့လည်း သိရပါတယ်။ ဒီအရာတွေက အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေနိုင်တယ်လို့ သိရပါတယ်။

အရေးကြီးဆုံးက Heat Stroke လက္ခဏာတွေ့တာနဲ့ မိနစ် ၃၀ အတွင်း အပူချိန်ကျအောင် ချနိုင်မှ အဆင်ပြေနိုင်မှာဖြစ်ပြီး အချိန်ကြာလေ အသက်အန္တရာယ်ရှိလေဖြစ်တာကြောင့် သတိပြုဆင်ခြင်သင့်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက အသိပေး တိုက်တွန်းထားပါတယ်။

Heat Stroke ဖြစ်နိုင်ချေရှိသူတွေအနေနဲ့ အခုလို အပူချိန်တွေ မြင့်တက်နေတဲ့ကာလမှာ ပိုမို သတိပြု ဆင်ခြင်ရမှာဖြစ်ပြီး ကိုယ့်နားမှာ လေဝင်လေထွက် ရှိနေဖို့အရေးကြီးပါတယ်။ ဒါ့အပြင် ၁ နာရီကို ရေအေး သုံးလေးခွက်လောက် သောက်ပေးသင့်သလို ဆားနဲ့ သတ္တုဓာတ်တွေပါတဲ့ အချိုရည်တွေလည်း သောက်ပေးလို့ရတယ်လို့ သိရပါတယ်။ ပါးလွှာတဲ့အဝတ်အစားကို ရွေးချယ်ဝတ်ဆင်သင့်ပြီး နေရောင်ကာခရင်တွေ လိမ်းကာ နေအေးတဲ့အချိန်မှသာ အပြင်ထွက်သင့်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ မတ်၊ ဧပြီနဲ့ မေလတွေမှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာတာကနေ အပူပျံတကပြီး တိမ်တွေ ဖြစ်ထွန်းတတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မွန်းလွဲပိုင်း၊ ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အခု မတ်လဆန်းပိုင်းကစပြီး သတိပေးထားပါတယ်။

ဒီမိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ လေပြင်းတွေ တိုက်ခတ်တာ၊ လေပြင်းနဲ့အတူ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာ စတဲ့ မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် အခုနှစ်မှာ အယ်လ်နီညိုရာသီဥတုကြောင့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ (တပို့တွဲလပြည့်) နောက်ပိုင်းကစပြီး နေ့အပူချိန်တွေ မြင့်တက်လျက်ရှိတယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။ အနီးစပ်ဆုံး သာဓက ပြရရင် တနင်္သာရီတိုင်း ထား၀ယ်နဲ့ လောင်းလုံမြို့တို့မှာ အခု ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်က အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။

ထား၀ယ်မြို့ရဲ့ အမြင့်ဆုံး အပူချိန် စံချိန်သစ်ဟာ ၃၈ ဒသမ ၃ ဒီဂရီ စင်တီဂရိတ် (၁၀၀ ဒသမ ၉ ဒီဂရီဖာရင်ဟိုက်) နဲ့ နှစ်ပေါင်း ၇၈ နှစ်အတွင်း အမြင့်ဆုံးဖြစ်သလို လောင်းလုံမြို့ရဲ့ အမြင့်ဆုံး အပူချိန်ဟာ ၃၇ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် (၁၀၀ ဒီဂရီဖာ ရင်ဟိုက်) နဲ့ နှစ်ပေါင်း ၄၁ နှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

အပူချိန်မြင့်တက်နေမှုက မိုးမကျမချင်း ပူနေဦးမှာဖြစ်ကာ အပူချိန်ကို ဇွန်လလယ်ထိ သတိထားနေရဦးမှာ ဖြစ်တယ်လို့ မိုး/ဇလ တာဝန်ရှိသူတွေက ပြောပါတယ်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ဟာ အန္တရာယ်ရှိနေပြီဖြစ်ပြီး ၄၀ ကျော်ရင် အလွန်အန္တရာယ်ကြီးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ အပူချိန် ၄၀ မကျော်ရင်လည်း ၄၀ ပတ်၀န်းကျင်မှာ ရက်တွေ ကြာလာရင် အန္တရာယ်ကြီးနေပြီး ဒါကို Heat Stroke လို့ ခေါ်တယ်လို့ သိရပါတယ်။

မိုး/ဇလက ဒီကနေ့ မတ်လ ၁၆ ရက်မှာ ထုတ်ပြန်တဲ့ နေ့အပူချိန်တွေကတော့ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ ထူးခြားတဲ့ နေ့အပူချိန်တွေကတော့ ချောက်မြို့၊ အောင်လံမြို့နဲ့ ပြည်မြို့တို့မှာ ၄၁ ဒီဂရီဆဲလ်စီးယပ်စီနဲ့ မကွေးမြို့၊ တောင်တွင်းကြီးမြို့နဲ့ လေးထပ်ပြင်မြို့တို့မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်တယ်လို့ သိရပါတယ်။ နောက်နှစ်ရက်အတွက် ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေ့အပူချိန်တွေ အနည်းငယ် တိုးလာနိုင်တယ်လို့ မိုး/ဇလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အပူချိန်တွေ တိုးလာတာနဲ့ ပတ်သက်လို့ မိုး/ဇလဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကတော့ “ရာသီဥတု အပူချိန်လွန်ကဲမှုရဲ့အဓိကအချက်ဟာ တိမ်ဖြစ်ထွန်းမှုဖြစ်ပေါ်စေမယ့် လေထုအခြေအနေစုဆုံမှု အားမကောင်းတာကြောင့် ဖြစ်ပါတယ်။ တိမ်မရှိတော့ နေ့အပူချိန်တွေ ဆက်တိုက်မြင့်တာ။ အချိန်ကြာလေ နေ့အပူလည်းမြင့်၊ ညဖက်အပူချိန်တွေလည်း မကျတော့ အပူဒဏ်ကို သိသိသာသာ ခံစားကြရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

နွေရာသီရဲ့ အပူဆုံးအချိန်ကာလဟာ ဧပြီလဖြစ်ပြီး မေနဲ့ ဇွန်လတွေဟာလည်း မိုးရွာသွန်းမှုနောက်ကျရင် အပူချိန် ဆက်လက်မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အပူချိန်တွေ မြင့်တက်လာမယ့် လာမယ့်လတွေမှာလည်း ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနတွေ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေရဲ့ အသိပညာပေးမှုတွေကို လိုက်နာပြီး နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မေလတုန်းကဆိုရင် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးအပူချိန် ရှိခဲ့တဲ့မြို့အဖြစ် ချောက်မြို့က မှတ်တမ်းဝင်ခဲ့ပါတယ်။ နေ့အပူချိန်က ၄၈ ဒီဂရီစင်တီဂရိတ် အထိကို ရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန် မကွေးတိုင်းအပါအဝင် အလယ်ပိုင်းဒေသရဲ့ အခြားမြို့အချို့မှာ အပူချိန်တွေဟာ အနည်းဆုံး ၄၄ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုကို အခြေခံပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ အပူချိန်တွေတဖြည်းဖြည်း မြင့်တာလာတာဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကဖြစ်တယ်လို့ မိုး/ဇလဌာနက သိရပါတယ်။ အပူချိန်လွန်ကဲမှုဟာ သစ်တောတွေ ပြုန်းတီးလာတာ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်တာ၊ လေထုစိုထိုင်းဆ အနည်းအများတို့အပေါ်မူတည်ပြီး ဖြစ်ပေါ်လာတာလို့ မိုး/ဇလပညာရှင်တွေက ပြောဆိုကြပါတယ်။

သက်တမ်းအားဖြင့် နှစ်ပေါင်း ၄ ဒသမ ၅၄ ဘီလီယံခန့် ကြာမြင့်ခဲ့ပြီလို့ ခန့်မှန်းထားတဲ့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အနေအထားထက် အများကြီး ပြောင်းလဲခဲ့ပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ မှတ်တမ်းတွေအရ သိရပါတယ်။ ကမ္ဘာကြီးရဲ့ လက်ရှိအပူချိန်ဟာ ၁၈၅၀-၁၉၀၀ ပြည့်နှစ်တွေကထက် ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ခန့် တက်နေပြီး ၁ ဒသမ ၅ ဒီဂရီအထိ ပိုမြင့်လာနိုင်တဲ့ အခြေအနေကို ဦးတည်နေတယ်လို့ သိရပါတယ်။

ကမ္ဘာကြီးဟာ ဒီနေ့ကာလမှာ အယ်လ်နီညို၊ လာနီညာ ဖောက်ပြန်ရာသီဥတု ဖြစ်စဉ်တွေကို ပိုမို ကြုံတွေ့လာနေရတာဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ သဘာ၀ပတ်၀န်းကျင် ယိုယွင်းပျက်စီးတာ၊ ရေကြီးတာ၊ မိုးခေါင်တာ၊ အပူလှိုင်းကျရောက်တာ၊ တောမီးလောင်တာ၊ မုန်တိုင်းတွေ မကြာခဏ တိုက်ခတ်တာ၊ ရေခဲတွေ အရည်ပျော်တာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာ၊ အစားအစာနဲ့ သောက်သုံးရေ ရှားပါးလာတာ စတဲ့ ဖြစ်စဉ်တွေကို တနှစ်ထက်တနှစ် ပိုမို ခံစားနေရတာ ဖြစ်ပါတယ်။ အဲ့ဒီ့လိုပဲ မြန်မာနိုင်ငံဟာလည်း အဲ့ဒီ့ဖြစ်စဉ် တချို့ကို တခြားသော နိုင်ငံတွေနည်းတူ ခံစားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်က ထုတ်ပြန်ခဲ့တဲ့ Lancet Countdown ရဲ့ ၂၀၂၃ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာလည်း လာမယ့် ဆယ်စုနှစ်တွေမှာ အပူလွန်ကဲမှုကြောင့် လက်ရှိကာလထက် လူပေါင်း ငါးဆနီးပါး ပိုမိုသေဆုံးရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရာသီဥတုပြောင်းလဲမှုအပေါ် အရေးတယူ မလုပ်ဆောင်ရင် လူသားမျိုးနွယ် တခုလုံးရဲ့ ကျန်းမာရေးအပေါ် အလွန်ကြီးမားတဲ့ အန္တရာယ် ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။

၁၉၉၁-၂၀၀၀ မှ ၂၀၁၃-၂၀၂၂ ကာလအတွင်း အပူလွန်ကဲမှုကြောင့် အသက် ၆၅ နှစ်နဲ့ အထက် သက်ကြီးရွယ်အို သေဆုံးမှု ၈၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒီအရေအတွက်ဟာ ၂၀၅၀ ပြည့်နှစ်ခန့်မှာ ရာခိုင်နှုန်း ၃၇၀ ကို ရောက်ရှိလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ရာသီဥတုပူပြင်းလာတာနဲ့အမျှ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အပူလျှပ်ခြင်းဖြစ်ပေါ်တဲ့အခါ လူနာရဲ့အရေပြားဟာ မီးကဲ့သို့ပူခြစ်ပြီး ချွေး (လုံး၀) မထွက်တော့ပါဘူး။ အဲ့ဒီ့ အခြေအနေဟာ အရေးပေါ်ကုသမှုခံယူရမယ့် အခြေအနေဖြစ်ပါတယ်။ ကုသမှုခံယူဖို့ နှောင့်နှေးရင် ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နဲ့ ကြွက်သားတွေကို ထိခိုက် ပျက်စီးစေကာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်နှိုးဆော်ထားတဲ့ အပူဒဏ်ဆိုင်ရာ ကာကွယ်ရေး နှိုးဆော်ချက်တွေအတိုင်း လိုက်နာနေထိုင်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

Photo Crd: Original Uploader

VOM Telegram Channel: https://t.me/VOMNEWS2023/5779

VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we

VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g

VOM Website Link: http://tinyurl.com/ywyd7eyn

#အပူကြောင့်သတိလစ်ခြင်း #ကျန်းမာရေးဗဟုသုတ #ဆောင်းပါး

14/03/2024

"ဇ၀န" အထူးကုဆေးခန်းနှင့် အဆင့်မြင့် သားဖွားခန်းတွင် တာ၀န်ထမ်းဆောင်ရန် Medical Assistant "မ" နှစ်ဦးအလိုရှိသည်။

အသက် ၁၈-၂၅ နှစ်ကြား
ဆေးခန်း အတွေ့အကြုံဂှိသူ ဦးစားပေးမည်။
လစာ - ညှိနှိုင်း
နေစရာ အဆောင်ပေးမည်။

စိတ်၀င်စားသူများ 09975622699(Viber) သို့မဟုတ် ဆေးခန်းသို့ လာရောက်လျောက်ထားနိုင်သည်။

🧪We_Are_Hiring🧪ဇဝနအထူးကုဆေးခန်း တွင်လက်တွဲလုပ်ဆောင်ရန်။Nurse Aid (M)-(၂)ဦး အလိုရှိပါသည်။✅    ပညာအရည်အချင်း အထက်တန်းအဆင့်...
02/06/2023

🧪We_Are_Hiring🧪

ဇဝနအထူးကုဆေးခန်း တွင်လက်တွဲလုပ်ဆောင်ရန်။

Nurse Aid (M)-(၂)ဦး အလိုရှိပါသည်။

✅ ပညာအရည်အချင်း အထက်တန်းအဆင့်ရှိသူဖြစ်ရမည်။
✅ လူမှုဆက်ဆံရေး ပျူငှာယဉ်ကျေးသူ၊တစ်ကိုယ်ရည်သန့်ရှင်းမှု ကို ဂရုစိုက်သူဖြစ်ရမည်။
✅ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
✅ လုပ်ငန်းအတွေ့အကြုံ ရှိသူဖြစ်ရမည်။
✅ Teamwork ဖြင့်လုပ်ကိုင်နိုင် သူဖြစ်ရမည်။
✅ လုပ်ငန်းစည်းကမ်းများကို လိုက်နာနိုင်သူ၊ စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
✅ လစာ (Nego)

-လျှောက်ထားလိုသူများ CV Form ကို Viber ကပေးပို့နိုင်ပါသည်။

Viber - 09975622699 , 09899886161

လိပ်စာ - အမှတ် (၁၃), အောင်မဂ်လာလမ်း ၊ နှင်းဆီကုန်း (က) ရပ်ကွက် ၊ သဃ်န်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့။

13.4.2023 မှ 17.4.2023 သင်္ကြန်​ ကာလအတွင်းပိတ်‌ရက်‌မရှိ‌ဆေးခန်းဖွင့်လှစ်‌ပါသည်‌။
12/04/2023

13.4.2023 မှ 17.4.2023 သင်္ကြန်​ ကာလအတွင်းပိတ်‌ရက်‌မရှိ‌ဆေးခန်းဖွင့်လှစ်‌ပါသည်‌။

🌲ခရစ္စမတ်ဆုတောင်း 25.12.2022🌲ခရစ္စမတ် အချိန်အခါသမယမှစပြီး  ပျော်ရွှင်ကျန်းမာစွာဖြင့် ချစ်သောမိသားစုဝင်များနှင့်အတူ နောင်...
25/12/2022

🌲ခရစ္စမတ်ဆုတောင်း 25.12.2022🌲

ခရစ္စမတ် အချိန်အခါသမယမှစပြီး ပျော်ရွှင်ကျန်းမာစွာ
ဖြင့် ချစ်သောမိသားစုဝင်များနှင့်အတူ နောင်နေ့ရက်‌ ပေါင်းများစွာ ဖြတ်သန်းသွားနိုင်ပါစေလို့...

🩺 ဇဝနအထူးကုဆေးခန်းနှင့်အဆင့်မြင့်သားဖွားခန်း

မိသားစုမှ ဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်နော်





#အဆင့်မြင့်သားဖွားခန်း

💥💥 Promotion Promotion Promotion 🔊🔊"ဇ၀န" အထူးကုဆေးခန်းနှင့် အဆင့်မြင့်သားဖွားခန်းမှ New Year promotion အနေနဲ့ 20.12.2022...
18/12/2022

💥💥 Promotion Promotion Promotion 🔊🔊

"ဇ၀န" အထူးကုဆေးခန်းနှင့် အဆင့်မြင့်သားဖွားခန်းမှ New Year promotion အနေနဲ့ 20.12.2022 မှ 23.1.2023 နေ့အထိ အောက်ပါ ၀န်ဆောင်မှုများကို 10% discount နဲ့ရရှိမှာ ဖြစ်ပါတယ်။ 🤗🤗

1. သွေးဖောက်စစ်ဆေးခြင်း ၀န်ဆောင်မှုများ။
2. နှလုံး ECG ဆွဲခြင်း ၀န်ဆောင်မှု။
3. ဓါတ်မှန်ရိုက်ခြင်း ၀န်ဆောင်မှုများ။
4. Ultrasound ရိုက်ခြင်း၀န်ဆောင်မှုများ။

စသည် တို့ကို နှစ်သစ် promotion အနေနဲ့ 10% discount ရရှိနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက

ဖုန်း - 01 356 1588
09 266 694 004 ကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။

လိပ်စာ - အမှတ် ၁၃ ၊ အောင်မဂ်လာလမ်း ၊နှင်းဆီကုန်း (က) ရပ်ကွက်၊ သဃ်န်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

Address

No. 13, Aung Mingalar Street , Thingankyun
Yangon
11071

Telephone

+959266694004

Website

Alerts

Be the first to know and let us send you an email when Zawana Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zawana Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram