ကမ္ဘာဦးဆေးဆိုင် - Gabar Oo Pharmacy

  • Home
  • Myanmar
  • Yangon
  • ကမ္ဘာဦးဆေးဆိုင် - Gabar Oo Pharmacy

ကမ္ဘာဦးဆေးဆိုင် - Gabar Oo Pharmacy Your Health is My Health

29.11.2022👉30.11.2022 2ရက်ထဲသာရရှိမည့်အခွင့်အရေး 🎉🎉🎉2ရက်အတွင်း မည်သူမဆိုဆီးချိုအမမဲ့စစ်ဆေးပေးပြီးGluco Dr.S Test Strips ...
29/11/2022

29.11.2022👉30.11.2022
2ရက်ထဲသာရရှိမည့်အခွင့်အရေး 🎉🎉🎉

2ရက်အတွင်း မည်သူမဆိုဆီးချိုအမမဲ့စစ်ဆေးပေးပြီး
Gluco Dr.S Test Strips အချောင်း 50ပါ 1ဘူးကို ဖြင့် ၀ယ်ယူရုံဖြင့် ဆီချိုတိုင်းစက် 1စုံ Free ရရှိမည်ဖြစ်ပါတယ် 👏👏👏

ပုံမှန်းဈေးက
ဆီချိုစစ် စက် ၁လုံးကို 46000ks + Strips (50) 30000ks
Total 76000ks ကို ယခု၀ယ်ယူလျင် 30000ks ဖြင့်ရရှိမှာဖြစ်ပါတယ်

ကိုရီးယားနိုင်ငံထုတ် ဖြစ်တဲ့အပြင် 5နှစ်အာမခံပါပေးထားတဲ့အတွက် စဉ်းစားစလိုမလိုအောင် တန်လွန်းသောပဲ 😲😲😲😲

Amlong 10 -  5800Diamicron MR 30 - 21500 Metro 125 Syrup (Amentro) - 1200Metro 200 (Pai) - 2100Cevit 1000 ဘူး (Pai) - 71...
07/10/2022

Amlong 10 - 5800
Diamicron MR 30 - 21500
Metro 125 Syrup (Amentro) - 1200
Metro 200 (Pai) - 2100
Cevit 1000 ဘူး (Pai) - 7100

💥 ယခုဖော်ပြပါဈေးများသည် လက်ကားဝယ်ယူမည့် ဆေးဆိုင်ဆေးခန်းများအတွက် ဖြစ်ပါသည်💥

Messenger/Viber/ဖုန်းခေါ်ဆို၍ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

Aspilet - 14000Amlong 5 - 4700Enam 5 ကပ်လွတ် - 1900 (တစ်ဘူး 3800)Amoxicillin 125 (Moxytro DS) - 1400Pacformin (Metformin...
27/09/2022

Aspilet - 14000
Amlong 5 - 4700
Enam 5 ကပ်လွတ် - 1900 (တစ်ဘူး 3800)
Amoxicillin 125 (Moxytro DS) - 1400
Pacformin (Metformin 500) - 3500

💥ယခုဖော်ပြပါဈေးများသည် ဆေးဆိုင်ဆေးခန်းများအတွက် လက်ကားဈေးများဖြစ်ပါသည်💥

Messenger/Viber/ဖုန်းခေါ်ဆို၍ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

မင်္ဂလာပါ ဖေဖေမေမေတို့ရေ🤱👪Japan Brand စစ်​လေးနဲ့မိတ်ဆက်​ပေးချင်လို့ပါWuyoyo Diaper နဲ့ ​နောက်ထပ် Brand ​​လေးဖြစ်ပါတယ်၂၉....
29/08/2022

မင်္ဂလာပါ ဖေဖေမေမေတို့ရေ🤱👪

Japan Brand စစ်​လေးနဲ့မိတ်ဆက်​ပေးချင်လို့ပါ
Wuyoyo Diaper နဲ့ ​နောက်ထပ် Brand ​​လေးဖြစ်ပါတယ်

၂၉.၈.၂၀၂၂ နဲ့ ၃၀.၈.၂၀၂၂ မှာ Order မှာတဲ့ ချစ်​မေ​မေတို့က နဲ့ရရှိမှာဖြစ်ပါတယ်👏👏👏

၃၁.၈.၂၀၂၂ က​နေစပြီး #4***ကျပ် ဖြစ်မှာဖြစ်ပါတယ်​နော်

အိတ်ခွံ​လေးကို ၁အိတ် #200ကျပ် နဲ့ လဲလို့ရ​​သေးတယ်​နော် 😲😲😲

အခုလို ကုန်ဈေးနှုန်းတတ်တဲ့အချိန်မှာ အသုံးမဖြစ်သုံးနေရတဲ့ အရာတွေထဲမှာ မေ့ရတနာလေးတွေအတွက်က ထိပ်ဆုံးကဆိုရင်မမှားပါဘူး

စျေးတန်တန်​လေးနဲ့ Quality ​ကောင်းတာ​လေးကိုရ​စေချင်လို့ ပါ😊

ဘေဘီလေးတို့အတွက် အလိုအပ်ဆုံးအရာတွေထဲက တစ်ခုကတော့ Diaper (ဒိုက်ဘာ)လေးပဲဖြစ်ပါတယ်

ကုန်ဈေးနှုန်းတတ်လို့ အဘက်ဘက်က စရိတ်ခြွေတာပေမယ် ဘေဘီလေးတွေအတွက် သုံးရမယ်ဆိုရင်တော့ Quality ကောင်းမှတော့ဖြစ်မယ်နော်

Budget ခြွေတာပြီးဖြစ်ရမယ် Quality လည်းကောင်းတဲ့ Diaper လေးကို ဝယ်မယ်ဆိုရင်တော့ Tanoshii Japan Baby Diaper လေးကိုသာသတိရလိုက်ပါရှင်🥰
======================

✅ Tanoshii diaper လေးက gel type အမျိုးအစားဖြစ်ပါတယ်
Tape, Pant ဆိုပြီး နှစ်မျိုးရွှေးချယ်လို့ရပါရှင့်

✅ Sizeတွေကလည်း၆ဆိုဒ်ရှိတော့ ဘေဘီတို့ရဲ့ကိုယ်အလေးချိန်တိုင်းရွှေးချယ်ပြီးအချိန်ကုန်သက်သာစွာ သုံးလို့ရပါတယ်နော်

✅ ယိုစိမ့်မှု့မရှိ စုပ်ယူမှု့အားအကောင်းဆုံး ဂျယ်ကိုအဓိကထားထုပ်လုပ်ထားတာ‌‌‌ ‌ကြောင့်ဆီးများတဲ့ဘေဘီလေးတို့အတွက်လည်း‌ စိတ်ချစွာသုံနိုင်ပါတယ်ရှင်

✅ လေဝင်လေထွက်ကောင်းမွန်စေရန်အထူးပြုလုပ်ထားသောကြောင့် ဘေဘီတို့ဒိုင်ဘာလောင်ခြင်းမှကင်းဝေးစေပါတယ်ရှင်

🍀ဒါကြောင့် အချိန်ကုန်အလုပ်ရှုပ်သက်သာစေဖို့
Tanoshii Diaper လေးကိုသုံးကြပါစို့ ....🍀

======================










သီတင်းကျွတ်မှာ ချစ်ခင်ရ​သော​ဆွေမျိုး လူကြီး မိဘ​တွေအတွက် မျက်နှာပန်းလှလှ နဲ့ ကျန်းမာ​ရေးအတွက်လဲ အ​ထောက်ကူပြုတဲ့ ငှက်သိုက...
19/08/2022

သီတင်းကျွတ်မှာ ချစ်ခင်ရ​သော​ဆွေမျိုး လူကြီး မိဘ​တွေအတွက် မျက်နှာပန်းလှလှ နဲ့ ကျန်းမာ​ရေးအတွက်လဲ အ​ထောက်ကူပြုတဲ့ ငှက်သိုက်စစ်စစ်လေးတွေ ကို ​💢စျေးမတက်ခင်​လေး💢 ၀ယ်ထားကြပါလို့တိုက်တွန်းပါရ​စေ​နော် 🥰🥰🥰

မြန်မာနိုင်ငံထွက် ငှက်သိုက်စစ်စစ်ကို ထိုင်းနိုင်ငံက အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ ငှက်သိုက်ပုလင်းလေးတွေဖြစ်ပါတယ်

၁ပုလင်းမှာ 250ml ပါ၀င်ပါတယ်

250ml ၁ပုလင်း ကိုမှ ၇၀၀၀ကျပ်
💰💰💰
၁ပါကင်မှာ ၆ ပုလင်းပါ၀င်ပါတယ်

ဆိုင်မှာလဲ ​ရောင်းအားအ​ကောင်းဆုံးဖြစ်ပြီး
ကိုယ်တိုင်လဲအိမ်မှာ သောက်နေကျလေးမို့လို့ ညွှန်ပေးတာပါ😊😊😊

လက်လီ/လက်ကား မှာလို့ရပါတယ်

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

's Nest #ကမ္ဘာဦးဆေးဆိုင်

💥 Flohale 125 Inhaler 💥အရင်အ​ခေါက်​ရောက်တဲ့ ဘူး ၈၀​ကျော် ကုန်သွားပါပြီ👏👏👏ထပ်​ရောက်တာ အများကြီးမပါလို့ မြန်မြန်​လေးမှာ​ပေ...
16/08/2022

💥 Flohale 125 Inhaler 💥

အရင်အ​ခေါက်​ရောက်တဲ့ ဘူး ၈၀​ကျော် ကုန်သွားပါပြီ👏👏👏
ထပ်​ရောက်တာ အများကြီးမပါလို့ မြန်မြန်​လေးမှာ​ပေးကြပါ​​နော် 😊😊😊
လက်ရှိ‌ ဆေးဆိုင်ကြီးများနှင့်ဈေးကွက်တွင် ပစ္စည်းပြတ်‌နေသော Fluticasone Propionate 125 mcg ပါဝင်သော Flohale Inhaler ကို ကမ္ဘာဦးဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်...

⚠️ Exp - 12/22 ⚠️ Exp တော့နီးပါတယ်

⚠️ တစ်ကယ်လိုအပ်သူများကိုသာရောင်းပေးမည်ဖြစ်သောကြောင့် အများဆုံးဝယ်ယူနိုင်မည့် ပမာဏတော့ ရှိပါတယ် ⚠️

💊 Instock 💊

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

😄 ကမ္ဘာဦး မှာတော့ ၅၀ကျပ်တန်ကို အထပ်လိုက် အထပ်လိုက်ထားထားပါတယ်နော်အခက်အခဲရှိလို့ပြန်အမ်းရရင်လည်း ချောင်းဆိုးပျောက်တဲ့ Vic...
11/08/2022

😄 ကမ္ဘာဦး မှာတော့ ၅၀ကျပ်တန်ကို အထပ်လိုက် အထပ်လိုက်ထားထားပါတယ်နော်

အခက်အခဲရှိလို့ပြန်အမ်းရရင်လည်း ချောင်းဆိုးပျောက်တဲ့ Vicks ငုံဆေးလေးပါနော်... ရိုးရိုးသကြားလုံးမဟုတ်ပါဘူး 😆

👉 ဆိုင်ဖွင့်ချိန်
💥မနက် ၆ - ည ၁၀💥

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041
#ကမ္ဘာဦးဆေးဆိုင်

🧑‍⚕️ဆီးချိုသွေးချိုရောဂါ... Diabetes Mellitus🧑‍⚕️အဖြစ်များတဲ့ရောဂါထဲတွင်ပါဝင်ပြီး ဆေးပုံမှန်သောက်ဖို့.. ဆီးချိုသွေးချိုပ...
10/08/2022

🧑‍⚕️ဆီးချိုသွေးချိုရောဂါ... Diabetes Mellitus🧑‍⚕️

အဖြစ်များတဲ့ရောဂါထဲတွင်ပါဝင်ပြီး ဆေးပုံမှန်သောက်ဖို့.. ဆီးချိုသွေးချိုပုံမှန်စစ်ဆေးပေးဖို့ ဆိုတဲ့အချက်တွေကအလွန်အရေးကြီးပါတယ်

⚕️ ဆီးချိုသွေးချိုစစ်ဆေးမယ်ဆိုရင် ကမ္ဘာဦးဆေးဆိုင်တွင်ဈေးနှုန်းသက်သာစွာနဲ့ စစ်ဆေးနိုင်ပြီး....ဆရာဝန်ကိုယ်တိုင်ကြီးကြပ်နေသောကြောင့် ယုံကြည်စိတ်ချစွာစစ်ဆေးနိုင်ပါသည်

👉 ဆိုင်ဖွင့်ချိန် 💥မနက် ၆ - ည ၁၀💥
မနက်၆နာရီ မနက်ခင်းအစားမစာခင် ဆီးချိုသွေးချိုစစ်မည့်သူများအတွက်အလွန်အလွန် အဆင်ပြေပါသည်

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

" ဆီးချိုသွေးချိုကြောင့် အာရုံကြောပျက်စီးသောလက္ခဏာများ "

ဆီးချိုကြောင့် အာရုံကြောထိခိုက်ပျက်စီးတဲ့အခါ ၄ မျိုး ဖြစ်နိုင်ပါတယ်။

◾နံပါတ် ၁ ကတော့ ခြေထောက်နဲ့လက်မှာ ရှိတဲ့ အာရုံကြောများ ပျက်စီးခြင်း ပဲဖြစ်ပါတယ်။

- ဆီးချို ဖြစ်နေတာကို အသိနောက်ကျရင်နောက်ကျသလောက်၊ ဆီးချိုကို မထိန်းနိုင်ရင် မထိန်းနိုင်သလောက် ကိုယ်ခန္ဓာထဲမှာ သကြားဓာတ်တွေ မြင့်တက်လာရင် အာရုံကြောတွေက အလုပ်ကောင်းကောင်း မလုပ်နိုင်ကြတော့ပါဘူး။

- ဒီထဲမှာမှ ဆီးချိုသမားတွေ အခံစားရဆုံး အဖြစ်အများဆုံးကတော့ ခြေထောက်အာရုံကြောတွေ ပျက်စီးတာပဲဖြစ်ပါတယ်။

- ရောဂါလက္ခဏာတွေကတော့

✔️ ခြေထောက် တစ်ဖက် သို့မဟုတ်
နှစ်ဖက်စလုံးမှာ ပူမှန်း၊ အေးမှန်း၊ နာကျင်မှန်း မသိတော့ခြင်း။ ဒါက အပူအအေး၊ အထိအတွေ့ နဲ့ နာကျင်ခြင်းကို ခံစားသိရှိနိုင်တဲ့ အာရုံကြောတွေ ပျက်စီးကုန်လို့ ဖြစ်ရတာပါ။

✔️ ခြေသလုံး ၊ ပေါင် နဲ့ ခြေဖဝါးတို့မှာ စူးစူး စူးစူး နဲ့ မီးစနဲ့ထိုးနေသလို တစစ်စစ် နာကျင်ခြင်း ။

✔️ အထိုင်အထ ခက်ခဲခြင်း ၊ ကြွက်တက်ခြင်း။

✔️ အထိမခံနိုင်အောင် နာကျင်ခြင်း

✔️ ခြေထောက်တွင် အနာစိမ်းများပေါက်ပြီး ပြည်တည်ခြင်း အနာမကျက်ခြင်း စတာတွေပဲဖြစ်ပါတယ်။

❗ ဆီးချိုသွေးချိုကြောင့် အာရုံကြောတွေက တစ်ခါပျက်စီးပြီးသွားရင် ပြန်မကောင်းနိုင်တော့ပါဘူး။

❗ဒါကြောင့် မိမိမိသားစုထဲမှာ ဆီးချိုရောဂါ မျိုးရိုးရှိလျှင်

❗ဆီးချိုရောဂါလက္ခဏာတွေဖြစ်တဲ့

- ခဏခဏ ရေဆာခြင်း

- ဆီးသွားများခြင်း

- ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျသွားခြင်း

- အနာမကျက်ခြင်း

- အရေပြားများ အကြောင်းမရှိ ယားယံခြင်း ၊ အနာများ ဖြစ်လာခြင်း

- သွေးတိုးကျဆေး သောက်နေလျက်နှင့် သွေးပေါင်မကျခြင်း စတဲ့ လက္ခဏာတွေကို သတိထားမိတာနဲ့ ဆီးချိုစစ်ကြည့်ကြဖို့ တိုက်တွန်းအကြုပြုပါတယ်။

✔️ ဆီးချိုရောဂါက စောစောသိပြီး ရောဂါနုစဉ် ဆေးကုပြီး အစားအသောက် အလေ့အကျင့် ပြောင်းလဲနိုင်ခြင်းက **အရေးအကြီးဆုံး** ဖြစ်တဲ့အတွက် ရောဂါလက္ခဏာတွေကို သတိထားမိဖို့က ပထမအဆင့်ပဲဖြစ်ပါတယ်။

◾ ဆီးချို သွေးချိုကြောင့်နောက်ထပ် ပျက်စီးနိုင်တဲ့အာရုံကြောအမျိုးအစားကတော့ Autonomic Nervous System လို့ ခေါ်တဲ့
🚨 နှလုံးခုန်နှုန်း၊ 🚨 သွေးပေါင်ချိန် ၊ 🚨 မျက်လုံး ၊ 🚨 အစာအိမ် အူတွေ နဲ့ 🚨 ဆီးအိမ် ၊ မျိုးပွားအင်္ဂါတွေကို ထိန်းကျောင်းပေးတဲ့ အာရုံကြောတွေ ပျက်စီးခြင်းပဲဖြစ်ပါတယ်။

ဒီအာရုံကြောတွေ အလုပ်မလုပ်နိုင်တော့တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် -

✔️ ဆီးချိုကျလို့ ကျနေမှန်း မသိတော့တာမျိုး ။

🚨 ပုံမှန်ဆိုရင် ဆီးချိုကျတဲ့အခါ ခေါင်းမူးလာတာ၊ ချွေးစီးပြန်လာတာမျိုး၊ အသက်ရှူမ၀တာမျိုး ခံစားရနိုင်ပေမယ့် ဒီအာရုံကြောတွေ ပျက်သွားတဲ့အခါ ဆီးချိုကျနေပေမယ့် ဒါမျိုးလက္ခဏာတွေ မပြတော့တာမျိုး ဖြစ်နိုင်ပါတယ်။🚨

✔️ ရုတ်တရက် အထိုင်အထမှာ မိုက်ခနဲ သွေးပေါင်ချိန် ရုတ်တရက်ကျသွားတာမျိုး ။

✔️ ဆီး၊ ၀မ်း မထိန်းနိုင်တော့ခြင်း။

✔️ အစာစားပြီးတိုင်း ရင်ပြည့်ခြင်း ။

🚨 အစာအိမ်နဲ့ အူတွေရဲ့ လှုပ်ရှားမှုကိုထိန်းပေးထားတဲ့ အာရုံကြောတွေ ပျက်စီးတဲ့အခါ အစားလေးနည်းနည်းပဲစားပြီး မအီမသာဖြစ်လာတာမျိုး၊ တစ်ချိန်လုံး ရင်ဘတ်ကြီးတောင့်နေတာမျိုး ၊ လေပွလေထတာမျိုး ဖြစ်နိုင်ပါတယ်။

✔️ အစာမျိုရခက်ခြင်း

✔️ မျက်စိအမြင်ဝါးခြင်း

✔️ ချွေးထွက်များခြင်း သို့မဟုတ် ချွေးလုံး၀ မထွက်ခြင်း

✔️ အမျိုးသားများတွင် ပန်းသေပန်းညှိုး ခံစားရခြင်းနှင့်

✔️ အမျိုးသမီးများတွင် မိန်းမကိုယ်ခြောက်သွေ့ယားယံခြင်းများ ဖြစ်လာတတ်ပါတယ်။

◾ နောက်တစ်မျိုးကတော့ တင်ပါး နဲ့ ပေါင်၊ ၀မ်းဗိုက်အောက်ပိုင်းတွေမှာရှိတဲ့ အာရုံကြောတွေ ပျက်စီးခြင်းပဲဖြစ်ပါတယ်။

✔️ အထိုင်များတာ ၊ မတ်တပ်ရပ်တာများတာ စသဖြင့် ပုံစံတစ်မျိုးတည်းပဲ မလှုပ်မရှား နေရတဲ့အချိန်မျိုးမှာ တင်ပါးတွေ ၊ ပေါင်တွေကိုက်လာတာမျိုး

✔️ ပေါင်တံနှစ်ဖက်က ကြွက်သားတွေ သိမ်လာခြင်း

✔️ ဆောင့်ကြောင့်ထိုင်ပြီး ပြန်ထရခက်ခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။

ဒီတတိယတစ်မျိုးကတော့ အပေါ်က နှစ်မျိုးထက်စာရင် အဖြစ်နည်းပြီး ရောဂါလက္ခဏာတွေကလည်း နှစ်အနည်းငယ်အတွင်း သူ့ဘာသာ ပြန်ပျောက်သွားလေ့ရှိပါတယ်။

◾ နောက်ဆုံးတစ်မျိုးကတော့ အာရုံကြော တစ်ချောင်းတည်း ကွက်ပြီး ပျက်စီးတာမျိုးပဲဖြစ်ပြီး များသောအားဖြင့်

- လက်ချောင်းလေးတွေ ထုံနေ ကျဉ်နေတာ

- မျက်စိအမြင် နှစ်ထပ် ဖြစ်တာမျိုး

- ခြေထောက်ကိုက်ရင်လည်း တပြင်လုံးမဟုတ်ဘဲ နေရာသေးသေးလေးပဲကွက်ပြီး နာသလိုလို၊ ထုံနေသလိုလို ဖြစ်တာမျိုးပါ။

🚨🚨 ဘာလို့ ဒီလိုအာရုံကြောတွေ ထိခိုက်ကုန်ရတာလဲ ဆိုရင် အဓိကတော့

❗ဆီးချိုဖြစ်နေတာကို သတိမထားမိတာကြောင့်

❗ဆီးချိုအတွက် ဆေး ပုံမှန်သောက်နေပေမယ့် ဆီးချိုအမှန်တကယ် မကျလို့

❗ ဆေးတော့ သောက်နေပေမယ့် ဆီးချိုအတက်အကျ ဘယ်လောက်ရှိလဲ ပုံမှန် မစစ်ဆေးဖြစ်တာကြောင့်

❗နောက်တစ်ခုကတော့ အစားအသောက် နေထိုင်မှုပုံစံက မမှန်သေးတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

🚨🚨🚨

ဒါကြောင့် မိမိမှာ ဆီးချိုရောဂါရှိနေပြီး အထက်ပါ အာရုံကြောထိခိုက်တဲ့လက္ခဏာတွေ ရှိနေခဲ့ရင်တော့ မိမိရဲ့ ဆရာ၀န်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်သလို ကုသမှုခံယူဖို့ ၊ နေထိုင်စားသောက်တဲ့ life style ကို စိတ်ရှည်ရှည်နဲ့ ပြောင်းလဲယူကြဖို့ လိုအပ်ပါတယ်။

----------------------------------
ကျန်းမာသောလူနေမှုဘဝအတွက် မဖြစ်မနေလိုအပ်မည့် အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရန် ရည်ရွယ်၍ Ziwa Vita (ဇီဝဗီတ) ကိုဆရာဝန်လူငယ်များနှင့်ပညာရှင်အချို့ ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ Ziwa Vita (ဇီဝဗီတ) မှတင်ဆက်ပြီးသော ကျန်းမာရေးဆောင်းပါးများနှင့် အသစ်အသစ်သော ဆောင်းပါးများကို https://ziwa-vita.com တွင်ဝင်ရောက်လေ့လာဖတ်ရှူနိုင်ပါသည်။

▶️Like and follow us on Facebook, Instagram & Telegram.
Facebook link- https://www.facebook.com/ziwavita/
Instagram link- https://www.instagram.com/ziwavita/
Telegram Channel link- t.me/ziwavita


💁Quality ကောင်းကောင်း US products Vitamin တွေကိုရှာနေပါသလား?👍ရွေးချယ်စရာ အဖြစ် US FDA + Myanmar FDA ပါတဲ့ Gummy ကို ကမ္ဘ...
08/08/2022

💁Quality ကောင်းကောင်း US products Vitamin တွေကိုရှာနေပါသလား?
👍ရွေးချယ်စရာ အဖြစ် US FDA + Myanmar FDA ပါတဲ့ Gummy ကို ကမ္ဘာဦးဆေးဆိုင်မှာဝယ်ယူနိုင်ပါတယ်

🏷️Gummy Myanmar Page ကဈေးအတိုင်း ဝယ်ယူနိုင်ပါသည်🏷️

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

💁Hollywood... Bollywood... ဘယ်woodကိုသွားမလဲ💁ကမ်ချီမြေက oppa တွေဆီကိုလား 😄💁Miss Universe မှာပြိုင်မလား 😄💁အိမ်မှာပဲ လှလှလ...
07/08/2022

💁Hollywood... Bollywood... ဘယ်woodကိုသွားမလဲ
💁ကမ်ချီမြေက oppa တွေဆီကိုလား 😄
💁Miss Universe မှာပြိုင်မလား 😄
💁အိမ်မှာပဲ လှလှလေးနေမလား...

အလိုရှိတိုင်းဖြစ်နိုင်ဖို့ 👇
Fame ကထုတ်တဲ့ Collagenကိုကမ္ဘာဦးဆေးဆိုင်မှာဝယ်ယူနိုင်ပါပြီ

🏷️တစ်ဘူး (အလုံး ၆၀) - ၁၅,၀၀၀ ကျပ်🏷️

👍Fame Page မှရောင်းချသောဈေးနှုန်းအတိုင်းသာ ရောင်းချပေးနေပါတယ်
💊 အခြား Fame မှထွက်ရှိထားသမျှ ဆေးဝါးများအမျိုးအစား‌ ပေါင်း ၆၀ ကျော် နှင့် လူသုံးကုန် ပစ္စည်းများကိုလည်းစုံစုံလင်လင် တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်ပါသည်.....

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

💊 Bherumn-S injection - Cefoperazone and Sulbactam ပါ... CS1 နဲ့အလားတူဆေးပါ...⚠️ Exp - Dec, 2022 ⚠️ Exp date အရမ်းနီးနေသ...
06/08/2022

💊 Bherumn-S injection - Cefoperazone and Sulbactam ပါ... CS1 နဲ့အလားတူဆေးပါ...

⚠️ Exp - Dec, 2022 ⚠️ Exp date အရမ်းနီးနေသောကြောင့် သင့်တင့်မျှတသော ဈေးနှုန်းနဲ့ပြန်လည်ရောင်းချလိုပါတယ်

💥 ဆေးရုံး၊ ဆေးခန်း၊ ဆရာဝန်ဆရာ ဆရာမများ လိုအပ်တယ်ဆိုလျှင် မှာယူနိုင်ပါတယ်

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

💁 တစ်ယောက်ဆိုတစ်ယောက်...💁 ပိတောက်ဆိုပိတောက်...ဒါမှဒါဆိုတဲ့ ဦးဦး ဒေါ်ဒေါ် ဖိုးဖိုး ဘွားဘွားများအတွက်ဆေးရှာရခက်နေပါသလား......
05/08/2022

💁 တစ်ယောက်ဆိုတစ်ယောက်...
💁 ပိတောက်ဆိုပိတောက်...

ဒါမှဒါဆိုတဲ့ ဦးဦး ဒေါ်ဒေါ် ဖိုးဖိုး ဘွားဘွားများအတွက်
ဆေးရှာရခက်နေပါသလား... 👇
⚕️ ကမ္ဘာဦးဆေးဆိုင်ကိုသာ သတိရလိုက်ပါ...

💊 တစ်ဘူး (၁၀လုံးပါ ၃ကဒ်)
❌ကာလပေါက်ဈေး ၇,၀၀၀ ကျပ်❌
👍ကမ္ဘာဦးတွင် ၆,၆၀၀ ကျပ်သာ (‌နေ့ရက်အလိုက်ဈေးအတက်အကျရှိနိုင်ပါသည်)

💥တစ်ကယ်မဖြစ်မနေ လိုအပ်သူများအတွက် ရည်ရွယ်၍ တစ်ယောက်ကို အများဆုံး တစ်ဘူးသာလျှင်ရောင်းပေးပါမည်💥

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

❓သင်သိပါသလားHypertension (သွေးတိုးရောဂါ)💥 မြန်မာနိုင်ငံရှိ အသက် ၂၅နှစ် မှ ၆၄နှစ်ကြားလူဦးရေ၏ ၃၀.၁% (၇.၆သန်း) သည် သွေးတိုး...
05/08/2022

❓သင်သိပါသလား
Hypertension (သွေးတိုးရောဂါ)

💥 မြန်မာနိုင်ငံရှိ အသက် ၂၅နှစ် မှ ၆၄နှစ်ကြားလူဦးရေ၏ ၃၀.၁% (၇.၆သန်း) သည် သွေးတိုးရောဂါဝေဒနာခံစားနေရသူများ ဖြစ်သည်ဟု WHO မှ ၂၀၂၀ တွင် ခန့်မှန်းထားပါသည်💥

အဆိုပါ ၇.၆သန်းထဲမှ

💥၅၂.၁% သည် မိမိတွင် သွေးတိုးရောဂါ ဝေဒနာခံစားနေရကြောင်း မသိရှိထားကြပါ💥
🧑‍⚕️ထိုအချက်ကြောင့် အသက် ၂၅နှစ် မှ ၆၄နှစ်ကြားသည် သွေးတိုးရောဂါဝေဒနာ ရှိမရှိစမ်းစစ်ထားဖို့ လိုအပ်ပါသည်🧑‍⚕️

အဆိုပါ ၇.၆သန်းထဲမှ

💥၂၇.၁% သည်သာလျှင် ကုသမှုခံယူနေကြပြီး ၁၀.၆% သည်သာလျှင် သွေးတိုးရောဂါဝေဒနာကိုပို၍မဆိုးအောင်ထိန်းထားနိုင်ကြပါသည်💥
🧑‍⚕️ထို့အတွက်ကြောင့် ဝေဒနာခံစား နေရလျှင်လည်း ဆေးကုသမှု ခံယူဖို့လိုအပ်ပြီး ဆေးမှန်မှန်သောက်ဖို့၊ အစား‌အသောက်ထိန်းသိမ်းဖို့၊ က်ိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ဖို့ အစရှိသဖြင့် အရေးကြီးပါသည်🧑‍⚕️

Author - Dr. KTS (ကမ္ဘာဦးဆေးဆိုင်)
Reference - WHO

#ကမ္ဘာဦးဆေးဆိုင်

Hypertension - သွေးတိုးရောဂါ နဲ့ပတ်သတ်သော ကျန်းမာရေးဗဟုသုတ       #ကမ္ဘာဦးဆေးဆိုင်
04/08/2022

Hypertension - သွေးတိုးရောဂါ နဲ့ပတ်သတ်သော ကျန်းမာရေးဗဟုသုတ

#ကမ္ဘာဦးဆေးဆိုင်

သွေးတိုးရှိလာတဲ့အခါ ဘာတွေဆောင်ပြီး ဘာတွေရှောင်မလဲ??

📌သွေးတိုးရောဂါရှိသူတစ်ယောက်ဟာ မိမိတို့ရဲ့သွေးတိုးကျဆေးတွေကို ညွှန်ကြားချက်အတိုင်းသောက်သွားမယ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို ပိုမိုစားသုံးမယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်း ပြုလုပ်မယ်ဆိုရင် မိမိတို့ရဲ့ သွေးပေါင်ချိန် ပုံမှန်အတွင်းရှိစေဖို့ အထောက်အကူပြုစေမှာပါ။ အကယ်၍သာ သွေးပေါင်ချိန်ကို Control (ထိန်းထားနိုင်ခြင်း) မရှိဘူးဆိုရင် နောက်ဆက်တွဲ နှလုံးရောဂါ၊ ကျောက်ကပ်ထိခိုက်တာ၊ လေဖြတ်တာနဲ့ အမြင်အာရုံဆုံးရှုံးတဲ့ အထိပါဖြစ်စေနိုင်ပါတယ်။

📌ဒါ့အပြင် အဝလွန်ခြင်းနဲ့ အငန်ပါတဲ့အစားအစာများ အလွန်အကျွံစားသုံးခြင်းကလည်း သွေးတိုးရောဂါဖြစ်နိုင်ခြေ အလားအလာကို ပိုမိုများစေပါတယ်။

📌သွေးတိုးရောဂါရှိသူများအနေနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပြီး ပျော်ရွှင်ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် ဘာတွေရှောင်ပြီး ဘာတွေဆောင်သင့်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

———————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta page ကို Like and Follow ပြီး Telegram Channel ကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

page- https://www.facebook.com/thukhathuta2022/
Telegram channel- https://t.me/thukhathuta

“လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

Avlotrin-Co-trimoxazole Suspension 💊Septrin လို့လည်းသိကျပါတယ်မိတ်ဟောင်း မိတ်သစ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန် ဆရာ၊ ဆရ...
03/08/2022

Avlotrin-Co-trimoxazole Suspension 💊

Septrin လို့လည်းသိကျပါတယ်

မိတ်ဟောင်း မိတ်သစ်များ၊ ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန် ဆရာ၊ ဆရာမများ အထက်ပါ ဆေးကို အလိုရှိလျှင် ကမ္ဘာဦးဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်...

တစ်ဘူးဈေး နှင့် အများဈေး နှစ်မျိုးရှိပါမယ်

⚠️ Exp - Jul 24 ⚠️
🏷️တစ်ဘူး - ၆၀၀ ကျပ်သာ🏷️
💊 Instock - 24 box 💊

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

🧑‍⚕️ သွေးတွင်းအဆီအန္တရာယ်​သွေးတွင်းအဆီဆိုရင် အများစုက ​သွေးတွင်းကိုလက်စထ​ရောကိုဘဲ မြင်မိတတ်ကြပါတယ်။ တကယ်​တော့ ​သွေးတွင်း...
03/08/2022

🧑‍⚕️ သွေးတွင်းအဆီအန္တရာယ်

​သွေးတွင်းအဆီဆိုရင် အများစုက ​သွေးတွင်းကိုလက်စထ​ရောကိုဘဲ မြင်မိတတ်ကြပါတယ်။ တကယ်​တော့ ​သွေးတွင်းအဆီလို့ဆိုရာမှာ LDL, HDL, TAG နဲ့ total cholesterol ဆိုပြီး ၄မျိုးကို စစ်​ဆေး​ကြရ​​လေ့ရှိပါတယ်။ HDL ဆိုတာက​တော့ ကျန်းမာ​ရေးအတွက် ​ကောင်း​စေတဲ့ အဆီအမျိုးအစားဖြစ်ပြီး ကျန်၃မျိုးက​တော့ မ​ကောင်းတဲ့အဆီ​တွေဖြစ်ပြီး ကျန်းမာ​ရေးအတွက်အန္တရာယ်ရှိ​စေနိုင်ပါတယ်။ ဒါ​ကြောင့် ​သွေးတွင်းအဆီစစ်​ဆေးကြည့်တဲ့အခါ LDL နဲ့ TAG ပမာဏမြင့်တက်​နေမယ်ဆိုရင် ​နေ့စဥ်​နေထိုင်မှုပုံစံကို ​ပြောင်းလဲပြုပြင်ဖို့ လိုအပ်ပါတယ်။

🧑‍⚕️ ဘာ​ကြောင့် ​သွေးတွင်းအဆီများရသလဲ..?

​အဆီများတဲ့အစားအစာ​တွေစားလွန်းတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အသက်အရွယ်ကြီးမြင့်လာတာ၊ အဝလွန်တာ၊ ​ဆေးလိပ်​သောက်တာ၊ အရက်အလွန်အကျွံ​သောက်တာ စတဲ့အချက်​​တွေဟာ ​သွေးတွင်းအဆီများခြင်းကို ဖြစ်​ပေါ်​စေနိုင်ပါတယ်။

🧑‍⚕️ သွေးတွင်းအဆီဓါတ်များ​နေရင် ဘာလက္ခဏာ​တွေပြတတ်လဲ..?

​သွေးတွင်းအဆီဓါတ်များခြင်းဟာ လက္ခဏာပြ​လေ့မရှိပါဘူး။ ဒါ​ကြောင့် LDL, HDL, TAG နဲ့ total cholesterol level တို့ကို ​သွေး​ဖောက်ပြီး စစ်​ဆေးမှသာ သိရှိနိုင်မှာဖြစ်ပါတယ်။

🧑‍⚕️ သွေးတွင်းအဆီများ​နေရင် ဘယ်လို့​လျော့ချနိုင်မလဲ..?

​သွေးတွင်းအဆီဓါတ်ကို ​လျှော့ချနိုင်ဖို့ဆိုရင် ​နေ့စဥ်စား​သောက်​နေထိုင်မှုပုံစံကို ​ပြောင်းလဲပြုပြင်ဖို့လိုပါတယ်။ အဆီများလွန်းတဲ့ အစားအစာ​တွေကို ​ရှောင်ကြဥ်တာ၊ ​နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်တာ၊ အရက်​ဆေးလိပ်ဖြတ်တာ၊ ​ရေများများ​​သောက်တာ၊ စိတ်ဖိစီးမှု​တွေ​လျှော့ချတာ စသဖြင့် ကျန်းမာတဲ့​နေထိုင်မှုပုံစံကို လိုက်နာ​နေထိုင်ကြရပါမယ်။

🧑‍⚕️ သွေးတွင်းအဆီဓါတ်များခြင်းရဲ့ ​နောက်ဆက်တွဲပြဿနာ​တွေက ဘာ​တွေလဲ..?

​သွေးတွင်းအဆီဓါတ်များတဲ့အခါ ​ခန္ဓါကိုယ် အနှံ့အပြားက သွေး​ကြောနံရံ​တွေမှာ အဆီ​တွေစုပုံလာတာ​ကြောင့် ဆိုးကျိုးပြသာနာ​တွေဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။

🧑‍⚕️ သွေးတွင်းအဆီများခြင်း​ကြောင့် ဖြစ်​ပေါ်လာနိုင်တဲ့ ​နောက်ဆက်တွဲပြဿနာ​တွေက​တော့...

(၁) နှလုံး​သွေး​ကြောကျဥ်းခြင်း
​သွေးတွင်းအဆီ​တွေဟာ နှလုံး​သွေး​ကြောနံရံ​တွေ​ပေါ် စုပုံလာတဲ့အခါ နှလုံး​သွေး​ကြောကျဥ်းခြင်း ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။ နှလုံး​သွေး​ကြော​တွေကျဥ်းသွားတဲ့အခါ ​သွေးစီးဆင်းမှုနည်းသွားတာ​ကြောင့် ရင်ဘတ်​အောင့်ခြင်းနဲ့ heart attack တို့ ခံစားရနိုင်​ခြေ ပိုမိုများပြားလာပါတယ်။

(၂) ​လေဖြတ်ခြင်း
​သွေးတွင်းအဆီ​တွေဟာ ဦး​နှောက် နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ ​သွေး​ကြောနံရံ​တွေမှာလည်း စုပုံလာနိုင်ပါတယ်။ အဆီများလွန်းတာ​ကြောင့် ​ဦး​နှောက်​သွေး​ကြောပိတ်သွားတဲ့အခါ ​လေဖြတ်ခြင်းဖြစ်​ပေါ်လာနိုင်ပါတယ်။

(၃) ​သွေးတိုးခြင်း
​​ သွေးတွင်းအဆီဓါတ်များ​နေတဲ့အခါ ​​ခန္ဓါကိုယ်အနှံ့အပြားက သွေး​ကြော​တွေမှာ အဆီခဲ​တွေပုံ​လာတဲ့အခါ ​သွေး​ကြောကျဥ်းလာပြီး ​​သွေး​တွေဟာ ပုံမှန်အတိုင်းမစီးဆင်းနိုင်​တော့တဲ့အတွက် သွေး​ပေါင်ချိန်တက်လာပါ​တော့တယ်။ ဒါ​ကြောင့် ​သွေးတွင်းအဆီဓါတ်များလာရင် ​သွေးတိုး​ရောဂါပါ ခံစားလာရမှာဖြစ်ပါတယ်။

(၄) ​ခြေ၊ လက် ကြွက်တက်တတ်ခြင်း
​သွေးတွင်းအဆီခဲ​တွေဟာ နှလုံး၊ ဦး​နှောက်တို့မှာရှိတဲ့ အ​ရေးကြီးတဲ့​သွေး​ကြော​တွေကို ပိတ်ဆို့​စေရုံသာမက ​ခြေလက်​သွေး​ကြော​တွေကိုပါ ပိတ်ဆို့ပြီး ကြွက်တက်ကာ နာကျင်လာ​စေနိုင်ပါတယ်။

🧑‍⚕️ သွေးတွင်းအဆီများခြင်းကို ဘယ်လိုကုသရမလဲ..❓

​သွေးတွင်းအဆီများ​နေပြီဆိုရင် atorvastatin, simvastatin, rosuvastatin ကဲ့သို့​သော အဆီကျ​ဆေး​တွေကို ​ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ ​သောက်သုံးရမှာဖြစ်ပါတယ်။ ဒါ့အပြင် omega 3 ​ခေါ် ငါးကြီးဆီ​ပါဝင်တဲ့ ​ဆေးနဲ့အစားအစာ​တွေဟာ ​သွေးတွင်းအဆီဓါတ်​ကို ​လျော့ကျ​စေနိုင်တာ​ကြောင့် များများစားသုံး​ပေးသင့်ပါတယ်။

Author: Dr.Aye Myat Mon
Credit

#ကမ္ဘာဦးဆေးဆိုင်

💊 Lipidan - Atorvastatin 10mg 💊အထက်ပါ သွေးတွင်းအဆီကျဆေးကို 💥 အထူးလျော့ဈေး💥 ဖြင့်ကမ္ဘာဦးဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်....
01/08/2022

💊 Lipidan - Atorvastatin 10mg 💊

အထက်ပါ သွေးတွင်းအဆီကျဆေးကို
💥 အထူးလျော့ဈေး💥 ဖြင့်ကမ္ဘာဦးဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်...

❌ ယခင်ဈေး ၁ကဒ် - ၃၃၅၀ ကျပ် ❌

ယခု 👇👇👇
🏷️၁ ကဒ် -၂၇၀၀ ကျပ် 🏷️
🏷️ ၁ ဘူး - ၈၀၀၀ ကျပ် 🏷️

⚠️ Exp - Oct 22 ⚠️
Exp တော့ နီးပါတယ်

💊 Instock - 17 box 💊

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

💥 Flohale 125 Inhaler 💥လက်ရှိ‌ ဆေးဆိုင်ကြီးများနှင့်ဈေးကွက်တွင် ပစ္စည်းပြတ်‌နေသော Fluticasone Propionate 125 mcg ပါဝင်သေ...
31/07/2022

💥 Flohale 125 Inhaler 💥

လက်ရှိ‌ ဆေးဆိုင်ကြီးများနှင့်ဈေးကွက်တွင် ပစ္စည်းပြတ်‌နေသော Fluticasone Propionate 125 mcg ပါဝင်သော Flohale Inhaler ကို ကမ္ဘာဦးဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်...

⚠️ Exp - 12/22 ⚠️ Exp တော့နီးပါတယ်

⚠️ တစ်ကယ်လိုအပ်သူများကိုသာရောင်းပေးမည်ဖြစ်သောကြောင့် အများဆုံးဝယ်ယူနိုင်မည့် ပမာဏတော့ ရှိပါတယ် ⚠️

💊 Instock - 76 pcs 💊

🚚 Deli နဲ့ ဆိုရင်လည်း ပို့ပေးပါတယ်‌နော်

💥Customer များလွယ်ကူအဆင်ပြေစေရန်
💰ငွေသား အပြင် Kpay, Wave, CB pay, Aya, CB, KBZ, KBZ special account များနှင့်လည်းငွေပေးချေနိုင်ပါသည်... Percentage လုံးဝလုံးဝထည့်မပေါင်းပါ💰

🏥 ကမ္ဘာဦးဆေးဆိုင် 🏥
အမှတ် (၂၁)၊ A3၊ အောင်သပြေလမ်းမ၊ အောင်သပြေ ၃ လမ်းထိပ်၊ ၇ အရှေ့ရပ်ကွက်၊ သာကေတမြို့နယ်
📞 09942543041

#ကမ္ဘာဦးဆေးဆိုင်

Address

Aung Tha Pyay Road
Yangon

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00

Telephone

+959942543041

Website

Alerts

Be the first to know and let us send you an email when ကမ္ဘာဦးဆေးဆိုင် - Gabar Oo Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကမ္ဘာဦးဆေးဆိုင် - Gabar Oo Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram