26/08/2025                                                                            
                                    
                                                                            
                                            နှလုံးကျန်းမာရေး အကြောင်း သိကောင်းစရာများ - အပိုင်း(၃)
နှလုံးရောဂါသည် တစ်ခါတစ်ရံ "အသံတိတ်လူသတ်သမား" (Silent Killer) အဖြစ် လှုပ်ရှားတတ်ပြီး ရုတ်တရက် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် နှလုံးကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို သတိထားကာကွယ်နိုင်ရန် 𝐌𝐌𝐃𝐨𝐜 𝐂𝐥𝐢𝐧𝐢𝐜 မှ နှလုံးကျန်းမာရေးအသိပညာများကို မျှဝေပေးပါရစေရှင့် 💖🩺
နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့သူတွေကတော့ ...
⚠️ သွေးတိုးရှိခြင်း  
⚠️ သွေးတွင်းကိုလက်စထရောများခြင်း  
⚠️ ကိုယ်အလေးချိန်များခြင်း (သို့) အဝလွန်ခြင်း
⚠️ ဆီးချိုရောဂါရှိခြင်း  
⚠️ ဆေးလိပ်သောက်ခြင်း  
⚠️ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း  
⚠️ မိသားစုထဲတွင် နှလုံးရောဂါဖြစ်ဖူးသူရှိခြင်း  
⚠️ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းနှင့် ဆီးတွင်း ပရိုတိန်းများပါခြင်း
⚠️ ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ စားသုံးမှုပုံစံရှိခြင်း   
⚠️ အသက် ၅၅ နှစ်နှင့်အထက် အမျိုးသမီးများ (သို့) အသက် ၄၅ နှစ်နှင့်အထက် အမျိုးသားများတွင် အဖြစ်များခြင်း တို့ဖြစ်ပါတယ်
ဤအချက်များရှိပါက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမြင့်မားနိုင်သဖြင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အရေးကြီးပါသည်။
💡 နှလုံးရောဂါကို ကာကွယ်နိုင်သလား? (သို့) ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်သလား?
ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲနေထိုင်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်သလို နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း သိသိသာသာ လျှော့ချနိုင်ပါတယ်။ နှလုံးကျန်းမာရေးကို ကာကွယ်ပေးနိုင်သော အဓိကအချက်များကတော့ ...
✔ ဆေးလိပ်ဖြတ်ခြင်း
✔ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
✔ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
✔ အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်း နှင့် ဆား / အဆီအစိမ့်များ လျှော့စားခြင်း
✔ အရက်သောက်မှုကို လျှော့ချခြင်း
✔ စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း
✔ သွေးပေါင်ချိန်၊ သွေးတွင်း သကြားဓာတ်နှင့် ကိုလက်စထရောကို ထိန်းညှိခြင်း
✔ နေ့စဉ် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်အနားယူခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။  
  
နှလုံးရောဂါမဖြစ်အောင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်ပါသည်။ ထို့ကြောင့် နေ့စဉ်ဘဝတွင် အထက်ပါ အလေ့အထကောင်းများကို မွေးမြူပြီး နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ကြစို့နော် 🛡️✨
📞 Call us now: 𝟎𝟏 𝟒𝟕𝟎𝟎 𝟏𝟒𝟕
📍 Visit us at: 𝐒𝐡𝐨𝐩-𝟑𝟖(𝐀), 𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐁𝐨𝐮𝐥𝐞𝐯𝐚𝐫𝐝, 𝐊𝐚𝐛𝐚𝐫 𝐀𝐲𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐘𝐚𝐧𝐤𝐢𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
Don’t miss out on the latest 𝐌𝐌𝐃𝐨𝐜 𝐂𝐥𝐢𝐧𝐢𝐜’𝐬 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐔𝐩𝐝𝐚𝐭𝐞𝐬!
𝑽𝒊𝒃𝒆𝒓 𝑪𝒉𝒂𝒏𝒏𝒆𝒍 👉 https://invite.viber.com/?g2=AQAIbqO32ww8IlQzItLdQIHRFMiksHEMLjLNLXGBbNHBJCXnda59BH8KTvZiwuQM 
𝑻𝒊𝒌𝑻𝒐𝒌 𝑪𝒉𝒂𝒏𝒏𝒆𝒍 👉 https://www.tiktok.com/
𝒀𝒐𝒖𝑻𝒖𝒃𝒆 𝑪𝒉𝒂𝒏𝒏𝒆𝒍 👉 https://www.youtube.com/
𝐇𝐞𝐚𝐫𝐭 𝐇𝐞𝐚𝐥𝐭𝐡 𝐓𝐢𝐩𝐬 - 𝐏𝐚𝐫𝐭 3 💖
Heart disease is sometimes known as a “Silent Killer” because it can develop without noticeable symptoms and lead to sudden, severe consequences. That’s why it’s important to be aware of the risk factors and take preventive measures to protect your heart.
To support your well-being, 𝐌𝐌𝐃𝐨𝐜 𝐂𝐥𝐢𝐧𝐢𝐜 is here to share essential heart health knowledge to help you stay informed and safe. 💖🩺 
  
People who are at high risk of heart disease include those who have: 
⚠️ High blood pressure  
⚠️ High blood cholesterol 
⚠️ Overweight or obesity
⚠️ Prediabetes or diabetes
⚠️ Smoking habits
⚠️ Lack of regular physical activity
⚠️ A family history of early heart disease  
⚠️ A history of preeclampsia (a sudden rise in blood pressure and excess protein in the urine during pregnancy)
⚠️ Unhealthy eating behaviors
⚠️ Age 55 or older for women, or age 45 or older for men
If you have any of these risk factors, your chances of developing heart disease may be higher, so it is important to have regular health check-ups.
 
💡 Can heart disease be prevented or reversed?  
By adopting a healthy lifestyle, heart disease can be prevented, and the risk of developing it can be significantly reduced. Here are the key ways to protect your heart health:
✔ Quit smoking 
✔ Exercise regularly 
✔ Maintain a healthy weight 
✔ Eat a balanced diet rich in nutrients while limiting salt and saturated fats 
✔ Reduce alcohol consumption 
✔ Manage stress effectively 
✔ Control blood pressure, blood sugar, and cholesterol levels 
✔ Get 7 to 8 hours of quality sleep daily
Prevention is more effective than treatment when it comes to heart disease. That’s why it’s important to practice these healthy habits in your daily life and give your heart the care it deserves. Let’s stay heart-healthy together! 🛡️✨
 #နှလုံး