Healthier Happier Life Wellness Center

Healthier Happier Life Wellness Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthier Happier Life Wellness Center, Health & Wellness Website, Yagon.
(1)

Happy Money Journey 🧳 Day 7: Review & Group Hypnosis ပျော်ရွှင်ခြင်းနဲ့အတူ ☺️ငွေကြေးတွေစိးဆင်းသွားပါစေ 💸
03/08/2025

Happy Money Journey 🧳
Day 7: Review & Group Hypnosis
ပျော်ရွှင်ခြင်းနဲ့အတူ ☺️
ငွေကြေးတွေစိးဆင်းသွားပါစေ 💸


စိုးရိမ်ကြောက်လန့်စိတ်ဖြစ်ပေါ်တဲ့အခါပုခုံးတွေ တောင့်တင်းသွားတယ်…နှလုံးခုန်မြန်လာတယ်…ဗိုက်ထဲမှာပါ မအီမသာ ဖြစ်လာသလိုလိုအစာ...
02/08/2025

စိုးရိမ်ကြောက်လန့်စိတ်ဖြစ်ပေါ်တဲ့အခါ
ပုခုံးတွေ တောင့်တင်းသွားတယ်…
နှလုံးခုန်မြန်လာတယ်…
ဗိုက်ထဲမှာပါ မအီမသာ ဖြစ်လာသလိုလို
အစာမကြေပဲ ရင်တောင့်လာသလို ဖြစ်သွားတယ်

မိတ်ဆွေ သင့်စိတ်ထဲက ပြောသမျှ စကားသံတွေကို
သင့်ခန္ဓာကိုယ်က နားထောင်နေပါတယ်

လူတွေမှာ ညာလို့ မရတာက
ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့
စကားသံတွေကိုပါ

မှန်ကြည့်တဲ့အခါ ကိုယ့်ကိုယ် လှတယ်လို့ မြင်လား?
ငါက ဝနေလိုက်တာ၊ ရုပ်ဆိုးလိုက်တာလို့ ပြောမိလား?

🪨 အဆိုးမြင်တဲ့အတွေးတွေ၊ စကားသံတွေကို
ကိုယ့်ဘာသာ တွေးမိ၊ ပြောမိတဲ့အခါ
စိတ်မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်
အဲဒီအခါမှာ ခန္ဓာကိုယ်က stress ဟော်မုန်းတွေကို
ထုတ်ပေးတယ်

Stress ဟော်မုန်းတွေ သိပ်များလာတဲ့အခါ
အဝလွန်တာ၊ ဗိုက်မှာ အဆီစုတာကစလို့
ဒူးနာတာ၊ ကျန်းမာရေးယိုယွင်းတာတွေ ပိုဖြစ်လာတယ်
ဆဲလ်တွေဟာလည်း မူမမှန်တော့ဘဲ ပျက်စီးသွားတတ်ပါတယ်

ကိုယ့်ကိုယ် မကျေနပ်တာများတဲ့သူက ရောဂါထူတတ်ပါတယ်တဲ့

✨ သင့်ကိုယ်သင် အကောင်းမြင်တဲ့နေ့ကတော့
ခန္ဓာကိုယ်လည်း ပေါ့ပါးသွက်လက်လို့
အလုပ်လုပ်သမျှကလည်း အဆင်ပြေ ပျော်ရွှင်လို့

🎊 သေချာတာပေါ့… အကောင်းမြင်စိတ်များတဲ့အခါ
ခန္ဓာကိုယ်ကနေ Happy ဟော်မုန်းတွေ ထုတ်ပေးတယ်လေ

အားအင်တွေ ပိုပြည့်နေမယ်…
နှလုံးခုန်နှုန်းကလည်း ပုံမှန်ပဲ…
သွေးလည်ပတ်မှုတွေလည်း ပိုကောင်းမွန်နေမယ်…

ဘေးစကားတွေကို မကြားချင်ရင်
နားပိတ်ထားလို့ ရတယ်

ကိုယ့်အတွင်းစိတ်ထဲက ကိုယ့်ကိုယ်ကိုယ် ပြောမိနေတဲ့
စကားတွေကိုတော့ ကိုယ်တိုင်မှ မဟုတ်ရင်
ဘယ်သူကမှ လာပိတ်ပေးလို့ မရပါဘူး…

ဘာလုပ်လုပ် အဆင်မပြေ၊ လွှဲချော်တာတွေ များနေလား

ဒီစာဖတ်တဲ့အချိန်ကစ အတွေးတွေ၊ စိတ်ထဲက စကားသံတွေကို ပြောင်းလဲကြည့်ရအောင် 💪

“ငါက လှတယ်… ကြည့်လို့ကောင်းတယ်”
“ငါက ပျော်ရွှင်နေတယ်”
“ငါ လုပ်သမျှအားလုံး အရာထင်တယ်”
“ငါက ပိုက်ဆံရှာနိုင်တယ်”
“ငါက ဉာဏ်ကောင်းတယ်”
“ငါက သန်မာတယ်”

အတွေးပြောင်းရုံနဲ့ ဘဝတစ်ခုလုံးပါ ပြောင်းနိုင်ပါတယ်

ခန္ဓာကိုယ်ထဲက ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ပိုထွက်စေချင်ရင်
ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်စိတ်ရှိဖို့ သိပ်အရေးကြီးပါတယ် 💯

ပိုမိုကျန်းမာတဲ့ ခန္ဓာကိုယ်
ပိုမိုပျော်ရွှင်တဲ့ ဘဝကို ရဖို့
အတွင်းစိတ်ကစ ပြောင်းလဲကြည့်ကြမယ်ဆို
Comment မှာ “I am strong. I am healing.” လို့ ရေးသွားလိုက်ပါ


30/07/2025
အူ (သို့မဟုတ်) ဒုတိယဦးနှောက် 🧠ခွဲမရတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့…တစ်ယောက်နဲ့တစ်ယောက် အမြဲအဆက်အသွယ် ရှိကြတယ်သူတို့နှစ်ယောက်...
26/07/2025

အူ (သို့မဟုတ်) ဒုတိယဦးနှောက် 🧠

ခွဲမရတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့…
တစ်ယောက်နဲ့တစ်ယောက်
အမြဲအဆက်အသွယ် ရှိကြတယ်
သူတို့နှစ်ယောက်က လက်တွဲဖော်တွေလို့လည်း
ပြောလို့ရတယ်
တစ်ယောက်ကို ဂရုစိုက်ရင်
ကျန်တစ်ယောက်က ကြည်နူးတယ်

😇 Gut feelings ကို ယုံကြည်လိုက်ပါတို့…
🦋 Butterflies in the stomach တို့ဆိုတာတွေ
ကြားဖူးကြ၊ သုံးဖူးကြမှာပါ

အူလမ်း‌ေကြာင်းနဲ့ ဦးနှောက်ကြားမှာ အပြန်အလှန် ဆက်နွယ်မှုတွေ ရှိနေပါတယ်၊ အဲဒါကို Gut-Brain Axis လို့
ဆေးပညာအသုံးအနှုန်းအရ ခေါ်ပါတယ်
အူနဲ့ ဦးနှောက်ဟာ အချင်းချင်း
သတင်းပို့နိုင်သလို
စားလိုက်တဲ့ အစားအသောက်ဟာလည်း
ဦးနှောက်ကို တိုက်ရိုက်သက်ရောက်မှု ရှိစေပါတယ်

🌼 ပျော်ရွှင်စေတဲ့ဟော်မုန်း ၉၀% လောက်ဟာ
အူထဲမှာ ထုတ်လုပ်ပါတယ်
အူလမ်းကြောင်းကို ကျန်းမာအောင် မထားရင်
Mood swing ဖြစ်တာ၊
စိုးရိမ်စိတ် မြင့်တက်တာအပြင်
Brain fog လို့ ခေါ်တဲ့ ရုတ်တရက်
စဉ်းစားမရဖြစ်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်

အူကျန်းမာမယ်ဆို စိတ်ဓာတ်တက်ကြွစေတယ်
အူမကျန်းမာရင် စိတ်ဓာတ်ကျပြီး
စိတ်ဖိစီးမှု ဖြစ်စေပါတယ်

အူလမ်းကြောင်းထဲက ဘတ်တီးရီးယားလေးတွေ
နေကောင်းကျန်းမာနေမှ စိတ်ပျော်ရွှင်တက်ကြွမှာပါနော်
ဒါကြောင့် Gut Bacteria = Mood Managers 🦠 လို့လည်း
ခေါ်ကြပါတယ်

ကြိုသိစိတ်လား?
အူထဲ၊ ဗိုက်ထဲကနေ ကြိုပြီး ခံစားသိကြပါတယ်
အဲဒီသိစိတ်ကလည်း ထူးဆန်းပါတယ်
ဒီနေရာမှာတော့ ဦးနှောက်နဲ့ အူရဲ့ ဆက်နွယ်မှုကိုပဲ
ပြောပြဦးမှာမို့ အရမ်းအကျယ်ချဲ့ မရေးတော့ဘူးနော်

စိတ်ခံစားမှုကောင်းစေချင်ရင်
အစားအသောက်ကို ဂရုစိုက်ရတယ်ဆိုတာ
Gut-Brain Axis ကြောင့်ပါ 💯

💐 နှစ်ခုလုံးကို ကျန်းမာစေချင်ရင်တော့
အနေအထိုင်ရော အစားအသောက်ပါ
ဂရုစိုက်ရပါမယ်

ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲ
စိတ်ဝင်စားတယ်ဆိုရင် “Yes” လို့
မန့်ခဲ့ပေးပါ

နောက်ပို့စ်‌မှာ ထပ်တွေ့ကြပါမယ်နော် ✨





🧳Happy Money Journey လေး မနက်ဖန် စပါမယ် ပါဝင်မယ့်သူတွေ group လေး join ထားပါ 👇https://t.me/+FBng4m3IVnE0NGFlhttps://www.f...
26/07/2025

🧳Happy Money Journey လေး မနက်ဖန် စပါမယ်

ပါဝင်မယ့်သူတွေ group လေး join ထားပါ 👇

https://t.me/+FBng4m3IVnE0NGFl

https://www.facebook.com/100083183388155/posts/724958510286922/

💰 Happy Money Journey 🧳

ပိုက်ဆံ အကြောင်းစဉ်းစားလိုက်တာနဲ့ စိတ်ဖိစီးမှုတွေ နဲ့ ကြောင့်ကြနေရတဲ့ဘဝမှာ နေရတာ ပင်ပန်းနေပြီလား?

Happy Money Journey လေးမှာ ငွေကြေးနဲ့ပါတ်သက်တဲ့ ဖိစီးမှုတွေ ခဝါချပြီး ကိုယ်နဲ့ ပိုက်ဆံကြားက ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုတည်ဆောက်ယူဖို့ ၂၁ ရက်တာ အတူတူသွားကြမယ် 🧳

၂၁ ရက်တာ ဒီခရီးမှာ ဘာတွေလုပ်ကြမှာလဲ?

🍀 ပထမ အဆင့်အနေနဲ့ လက်ရှိကိုယ်ရဲ့ ငွေကြေးအပေါ်ထားတဲ့ သဘောထား၊ ကိုယ်နဲ့ငွေကြေးကြားကဆက်ဆံရေး၊ ငွေကြေးနဲ့ပါတ်သက်လို့ စိတ်ထဲစွဲနေတဲ့ ယုံကြည်မှု စတာတွေကို ကိုယ်တိုင်သိရှိနားလည်အောင်ဖော်ထုတ်ကြမယ်

🍀ဒုတိယ အဆင့်အနေနဲ့ ငွေကြေးနဲ့ပါတ်သက်လို့ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ ရှက်စိတ် အစရှိတဲ့ စိတ်ထဲစွဲနေတဲ့မကောင်းတဲ့ ခံစားချက်တွေနဲ့ ဒဏ်ရာတွေကို ရှင်းထုတ်ကြမယ်၊ အိပ်မွေ့ချနည်းနဲ့ မသိစိတ်ထဲအထိရှင်းထုတ်ပေးသွားမှာဖြစ်ပါတယ်

🍀နောက်ဆုံးအနေနဲ့ ငွေကြေးနဲ့ ငြိမ်းချမ်းရေးယူပြီး ငွေတွေကိုယ့်ဆီကို သက်သောင့်သက်သာ စီးဝင်လာစေဖို့ နည်းလမ်းတွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲ မှာ အလေ့အကျင့်ဖြစ်အောင်တည်ဆောက်ယူကြမယ်

🤔 ဘယ်လို သင်ယူရမှာလဲ?

📹 Telegram group ထဲမှာ တင်ပေးထာမယ့် ဗီဒီယို အတိုလေးတွေ ကိုနေ့စဉ် ကြည့်ပြီး ပေးထားတဲ့ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်သွားရုံပါပဲ

🗓️ စတင်မယ့်ရက် - ၂၇ ဇူလိုင် ၂၀၂၅ (Sunday)

💰 သင်တန်းကြေး ဘယ်လောက်လဲ?
သင်တန်းကြေး တစ်ခုသွင်းပြီးမှ တက်ရမယ့် သင်တန်းမဟုတ်ပါဘူး ❌

ကိုယ်တိုင် ငွေကြေးနဲ့ပါတ်သက်လို့ ဒဏ်ရာတွေကုစားချင်တဲ့သူတွေ၊ ဘဝမှာငွေကြေးကြောင့် အမြဲပူပင်နေရတဲ့သူတွေကို ကိုယ်တိုင်ပြောင်းလဲနိုင်ဖို့ ကူညီပေးမယ့် journey လေးတစ်ခုဖြစ်တာကြောင့်
🌟 သင်တန်းကြေးအဖြစ် Energy Exchange ကတော့
🍀 ကိုယ်ဘယ်လောက်ပြောင်းလဲချင်သလဲ ဆိုတဲ့စိတ်အားထက်သန်မှုနဲ့
🍀၂၁ ရက်တာ commitment အပြည့်နဲ့ လိုက်လုပ်နိုင်မှု ရှိရင် join လို့ရပါပြီ

💚 သင်တန်းတက်နေစဉ်အတွင်း/ သင်တန်းပြီးတဲ့အချိန် ငွေတွေဝင်လာတယ်၊ ငွေကြေးကြောင့်စိတ်ဖိစီးမှုတွေ လျော့သွားတယ် စတဲ့ ပြောင်းလဲမှုတွေသိသိသာသာရလိုက်တယ်ဆိုရင်တော့ ကိုယ့်ရင်ထဲက Happy ဖြစ်သလောက် Happy Money လွှဲပေးချင်လည်းရပါတယ်၊ မဖြစ်မနေလွှဲပေးရမယ်မဟုတ်ပါ။ ကိုယ့်ရဲ့ ငွေစီးကြောင်းပိုပွင့်စေဖို့ Happy Flow out လုပ်ချင်ရင်တော့ ဝမ်းမြောက်စွာလက်ခံယူပါမယ်ရှင် 😊

💰 ငွေကြေးကြောင့် စိတ်ဖိစီးမှုတွေအာလုံး ကိုနှုတ်ဆက်ပြီး အလျှံအပယ် ပေါကြွယ်ဝခြင်းတွေကို သင့်ဘဝထဲ ဆောင်ယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ 👇
Happy Money လို့မန့်ခဲ့ပါ၊ Telegram group ထဲကိုထည့်‌ေပးပါမယ်ရှင် 😊

ဒီ အစီအစဉ်လေးက ငွေကြေးလွတ်‌ေမြာက်မှုအတွက် လူတွေကို အကူအညီပေးနိုင်မယ့် မေတ္တာလက်ဆောင် အစီအစဉ်လေးဖြစ်တာမို့ လူအများပါဝင်နိုင်အောင် share ပေးခြင်ဖြင့် ငွေကြေးလာဘ်လာဘတွေ စဖွင့်လိုက်ကြရအောင်နော် 💰💰💰💰




ပျော်ရွှင်စေတဲ့ ဟော်မုန်း Serotonin အများစုကို ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကနေ ထုတ်လုပ်ပါသလဲA. နှလုံး 🫀B. ဦးနှောက် 🧠C. ...
25/07/2025

ပျော်ရွှင်စေတဲ့ ဟော်မုန်း Serotonin အများစုကို ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကနေ ထုတ်လုပ်ပါသလဲ

A. နှလုံး 🫀
B. ဦးနှောက် 🧠
C. အူလမ်းကြောင်း 🌿
D. သိုင်းရွိုက်ဂလန်း 🫶

အဖြေမှန်က ဘာလေးဖြစ်မယ်လို့ ထင်လဲ? စဉ်းစားပြီး Comment မှာ မန့်ခဲ့ပေးလို့ ရပါတယ်

မှန်အောင် ဖြေနိုင်သူတွေထဲက တစ်ယောက်ကို HHL ရဲ့ အထူးအစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ မေတ္တာလက်ဆောင် ပေးမှာမို့ အခုပဲ ပါဝင်ဖြေဆိုလိုက်ပါဦးနော်

Friday Quiz လေးတွေလည်း မလုပ်တာ ကြာသွားပြီ…
အားလုံးပဲ စိတ်လက်ကြည်သာ ရှိနေကြတဲ့ သောကြာနေ့မှာ ပေါ့ပေါ့ပါးပါး တွေးရင်း ဦးနှောက်ကို အလုပ်ပေးလိုက်ပါဦးနော်

အဖြေမှန်ကို တနင်္ဂနွေနေ့မှာ တင်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦး



💰 Happy Money Journey 🧳ပိုက်ဆံ အကြောင်းစဉ်းစားလိုက်တာနဲ့ စိတ်ဖိစီးမှုတွေ နဲ့ ကြောင့်ကြနေရတဲ့ဘဝမှာ နေရတာ ပင်ပန်းနေပြီလား?...
24/07/2025

💰 Happy Money Journey 🧳

ပိုက်ဆံ အကြောင်းစဉ်းစားလိုက်တာနဲ့ စိတ်ဖိစီးမှုတွေ နဲ့ ကြောင့်ကြနေရတဲ့ဘဝမှာ နေရတာ ပင်ပန်းနေပြီလား?

Happy Money Journey လေးမှာ ငွေကြေးနဲ့ပါတ်သက်တဲ့ ဖိစီးမှုတွေ ခဝါချပြီး ကိုယ်နဲ့ ပိုက်ဆံကြားက ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုတည်ဆောက်ယူဖို့ ၂၁ ရက်တာ အတူတူသွားကြမယ် 🧳

၂၁ ရက်တာ ဒီခရီးမှာ ဘာတွေလုပ်ကြမှာလဲ?

🍀 ပထမ အဆင့်အနေနဲ့ လက်ရှိကိုယ်ရဲ့ ငွေကြေးအပေါ်ထားတဲ့ သဘောထား၊ ကိုယ်နဲ့ငွေကြေးကြားကဆက်ဆံရေး၊ ငွေကြေးနဲ့ပါတ်သက်လို့ စိတ်ထဲစွဲနေတဲ့ ယုံကြည်မှု စတာတွေကို ကိုယ်တိုင်သိရှိနားလည်အောင်ဖော်ထုတ်ကြမယ်

🍀ဒုတိယ အဆင့်အနေနဲ့ ငွေကြေးနဲ့ပါတ်သက်လို့ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ ရှက်စိတ် အစရှိတဲ့ စိတ်ထဲစွဲနေတဲ့မကောင်းတဲ့ ခံစားချက်တွေနဲ့ ဒဏ်ရာတွေကို ရှင်းထုတ်ကြမယ်၊ အိပ်မွေ့ချနည်းနဲ့ မသိစိတ်ထဲအထိရှင်းထုတ်ပေးသွားမှာဖြစ်ပါတယ်

🍀နောက်ဆုံးအနေနဲ့ ငွေကြေးနဲ့ ငြိမ်းချမ်းရေးယူပြီး ငွေတွေကိုယ့်ဆီကို သက်သောင့်သက်သာ စီးဝင်လာစေဖို့ နည်းလမ်းတွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲ မှာ အလေ့အကျင့်ဖြစ်အောင်တည်ဆောက်ယူကြမယ်

🤔 ဘယ်လို သင်ယူရမှာလဲ?

📹 Telegram group ထဲမှာ တင်ပေးထာမယ့် ဗီဒီယို အတိုလေးတွေ ကိုနေ့စဉ် ကြည့်ပြီး ပေးထားတဲ့ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်သွားရုံပါပဲ

🗓️ စတင်မယ့်ရက် - ၂၇ ဇူလိုင် ၂၀၂၅ (Sunday)

💰 သင်တန်းကြေး ဘယ်လောက်လဲ?
သင်တန်းကြေး တစ်ခုသွင်းပြီးမှ တက်ရမယ့် သင်တန်းမဟုတ်ပါဘူး ❌

ကိုယ်တိုင် ငွေကြေးနဲ့ပါတ်သက်လို့ ဒဏ်ရာတွေကုစားချင်တဲ့သူတွေ၊ ဘဝမှာငွေကြေးကြောင့် အမြဲပူပင်နေရတဲ့သူတွေကို ကိုယ်တိုင်ပြောင်းလဲနိုင်ဖို့ ကူညီပေးမယ့် journey လေးတစ်ခုဖြစ်တာကြောင့်
🌟 သင်တန်းကြေးအဖြစ် Energy Exchange ကတော့
🍀 ကိုယ်ဘယ်လောက်ပြောင်းလဲချင်သလဲ ဆိုတဲ့စိတ်အားထက်သန်မှုနဲ့
🍀၂၁ ရက်တာ commitment အပြည့်နဲ့ လိုက်လုပ်နိုင်မှု ရှိရင် join လို့ရပါပြီ

💚 သင်တန်းတက်နေစဉ်အတွင်း/ သင်တန်းပြီးတဲ့အချိန် ငွေတွေဝင်လာတယ်၊ ငွေကြေးကြောင့်စိတ်ဖိစီးမှုတွေ လျော့သွားတယ် စတဲ့ ပြောင်းလဲမှုတွေသိသိသာသာရလိုက်တယ်ဆိုရင်တော့ ကိုယ့်ရင်ထဲက Happy ဖြစ်သလောက် Happy Money လွှဲပေးချင်လည်းရပါတယ်၊ မဖြစ်မနေလွှဲပေးရမယ်မဟုတ်ပါ။ ကိုယ့်ရဲ့ ငွေစီးကြောင်းပိုပွင့်စေဖို့ Happy Flow out လုပ်ချင်ရင်တော့ ဝမ်းမြောက်စွာလက်ခံယူပါမယ်ရှင် 😊

💰 ငွေကြေးကြောင့် စိတ်ဖိစီးမှုတွေအာလုံး ကိုနှုတ်ဆက်ပြီး အလျှံအပယ် ပေါကြွယ်ဝခြင်းတွေကို သင့်ဘဝထဲ ဆောင်ယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ 👇
Happy Money လို့မန့်ခဲ့ပါ၊ Telegram group ထဲကိုထည့်‌ေပးပါမယ်ရှင် 😊

ဒီ အစီအစဉ်လေးက ငွေကြေးလွတ်‌ေမြာက်မှုအတွက် လူတွေကို အကူအညီပေးနိုင်မယ့် မေတ္တာလက်ဆောင် အစီအစဉ်လေးဖြစ်တာမို့ လူအများပါဝင်နိုင်အောင် share ပေးခြင်ဖြင့် ငွေကြေးလာဘ်လာဘတွေ စဖွင့်လိုက်ကြရအောင်နော် 💰💰💰💰




Happy Money Challenge လေး Version အသစ် နဲ့ ထပ်လုပ်ပေးမယ်ဆို စိတ်ဝင်စားတဲ့သူတွေရှိလား? စိတ်ဝင်စားရင် "YES" လို့မန့်ခဲ့နော...
17/07/2025

Happy Money Challenge လေး Version အသစ် နဲ့ ထပ်လုပ်ပေးမယ်ဆို စိတ်ဝင်စားတဲ့သူတွေရှိလား?
စိတ်ဝင်စားရင် "YES" လို့မန့်ခဲ့နော်

https://www.facebook.com/100083183388155/posts/535641792551929/

🎁 နိုဝင်ဘာ လက်​ဆောင် အစီအစဥ် အတွက်
💵 Money ကို ​တောင်းဆိုသူ​တွေကပိုများ​နေလို့
💰 Happy Money Challenge ​လေးပဲလက်​ဆောင်ပေးလိုက်မယ်​နော် 💝

💰 Happy Money Challenge ဆိုတဲ့အတိုင်း
ဒီအစီအစဥ်​လေးမှာ

☺️ ပျော်ရွှင်မှု (မိမိ​နေ့စဥ်ဘဝမှာ ​ပျော်​ပျော်​နေတတ်​ဖို့ ကငွေ​ဝင်လာဖို့အတွက်အ​ခြေခံလိုအပ်ချက်ပါ)

💰 ​ငွေ​ကြေး နဲ့ပါတ်သက်လို့အပူအပန်​တွေကင်း​စေဖို့ (​ငွေ​ကြေးနဲ့ ပါတ်သက်လို့ ပူပန်​နေမယ်၊ မ​ကောင်းတဲ့ ခံစားချက်​တွေနဲ့ ယှဥ်တွဲ​နေမယ်ဆိုရင် ဝင်လာမယ့်​ငွေ​ကြေး​​တွေ တွန်းထုတ်​နေရာ​ရောက်လို့ပါ)
စတာ​တွေကို အစီအစဥ်တကျ တစ်ရက်ပြီး တစ်ရက် တစ်ဆင့်ပြီး တစ်ဆင့် 👇
💪Challenge ဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကို စိန်​ခေါ်ပြီး ​ပြုပြင်​ပြောင်းလဲ တည်​ဆောက်ယူရမှာ ဖြစ်ပါတယ်

🗓 Nov 9 မှာစပြီး အချိန် ၂၁ ရက် ကြာမှာဖြစ်ပါတယ်

​💡နေ့တိုင်း ကိုယ်၊ စိတ် နှလုံး သုံးပါး နဲ့
✔ကြံစည်​တွေး​တောရမယ့်
​✔ပြောဆိုရမယ့်
✔လက်​တွေ့လုပ်​ဆောင်ရမယ့် ​လေ့ကျင့်ခန်း​တွေ ရှိမှာမို့ တကယ်စိတ်ပါမှ လာခဲ့ပါ

🤔 ဘာ​တွေလုပ်လုပ်ရမှာလဲ ဆို​တော့ ...
​
🧐 ငွေ​ကြေးနဲ့ပါတ်လို့ ကိုယ့်တစ်သက်တာ စွဲမြဲယုံကြည်လာခဲ့တဲ့ အခုအချိန်မှာ ကိုယ့်အတွက် အသုံးမတည့်​တော့တဲ့ ယုံကြည်မှု​တွေ၊ စွဲလန်းမှု ​တွေ၊ ကိုယ်တိုင်​တောင်မသိပဲ ထပ်ခါထပ်ခါ လုပ်မိ​နေတဲ့ pattern ​တွေ ကိုရှာ​ဖွေကြမယ်

👨‍💻 တကယ်​တော့ လူတိုင်းဟာ ကွန်ပျူတာ တစ်လုံးလိုပဲ စက်ထဲမှာ install လုပ်ထား ထည့်သွင်းထားတဲ့ program ​တွေအတိုင်းပဲ run ​နေကြတာပါ
ကိုယ့်စက်ထဲမှာ ထည့်ထားမိ​နေတဲ့ ခုချိန်မှာ အသုံးမတည့်​တော့တဲ့၊ date out ​နေတဲ့ ပရိုဂရမ်​တွေကိုရှာ delete လုပ်ပြီး အရင်ဆုံး ဖယ်ရှားရပါမယ်

👩‍💻 ပြီးမှ ​ငွေ​ကြေးနဲ့ ပါတ်သက်လို့ update ဖြစ်တဲ့ အ​တွေး အမြင်​တွေ ကို program အသစ်ပြန်သွင်းယူကြပါမယ်

💰 ဘဏ်မှ​ငွေထုတ်ယူသုံးစွဲကြတဲ့အခါ ကိုယ်စုထားသ​လောက်ပဲ ဘဏ်ကပြန်ထုတ်​ပေးတာပါ၊ ​ငွေ​ကြေး ဥစ္စာဓန မှာလည်း ဒီသ​ဘောပါပဲ ဘဝအဆက်အဆက် သံသရာတ​လျှောက်စု​ဆောင်းထားခဲ့ကြသ​လောက်ပဲ ခုလက်မှာ ထုတ်ယူသုံးစွဲခွင့်ရ​နေကြတာပါ၊ ဒါ​ကြောင့် အ​တွေးအ​မြင်ချင်းတူ၊ လုပ်ရပ်ချင်တူ​နေရင်​တောင်မှ တစ်​ယောက်ချင်းစီရရှိတဲ့ ခံစားခွင့်​တွေမတူညီကြတာ စုထားတဲ့ခဲ့ကြတာ​တွေမတူကြလို့ပါ
အတိတ်က စု​ဆောင်းထားတာ​​တွေပြန်လည်ချိတ်ဆက်ထုတ်ယူဖို့ကလည်း ဘဏ်စာအုပ်​ပျောက်​နေလို့က​တော့ ထုတ်လို့မရနိုင်ပြန်ပါဘူး
စု​ဆောင်းထားပြီးသား​တွေပြန်ထုတ်ဖို့ ကံပွင့်​စေဖို့ အတွက် ​ပြောဆို၊ ပြုမူ ​နေထိုင်ရမယ် ပုံစံ​လေး​​​တွေကို ပရိုဂရမ်အသစ်နဲ့ ပြန် run သွားကြဖို့ပါပဲ
အကယ်၍ ကိုယ့်မှာစုထား ​ဆောင်းထားတာ သိပ်မရှိ​သေးဘူးဆိုတဲ့သူ​တွေအတွက်က​တော့ အခုမှစစုကြရင်မှီပါ​သေးတယ်
ခုကစလို့ ဒီဘဝလက်ကျန် အချိန်​တွေအတွက်သာမက ​နောင်သံသရာအတွက်ကာ အခုတ်အထည်နဲ့ပါသွားဖို့ ခုကစလို့ စုကြ​ဆောင်းကြမယ့် အစီအစဥ်​လေး​​​တွေလဲ လုပ်သွားကြပါမယ်

အစီအစဥ်တစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံရမှာက​တော့
ကိုယ့်ကိုယ်ကို ချစ်ခြင်းအပြည့်နဲ့ ၂၁ ရက်တာ လိုက်ပါစီး​မျောလုပ်​ဆောင်ဖို့ပါပဲ

ဒီအစီအစဥ်​လေးက ခုအချိန်လူ​တော်​တော်များများအတွက် ​ငွေ​ကြေး နဲ့ပါတ်သက်​နေရတဲ့ ပူပန်မှု​​တွေက ကင်းလွတ်ကြဖို့ ရည်ရွယ်တာမို့ လိုအပ်နေသူများသိပြီး ပါဝင်လို့ရ​အောင် post ​လေးကို share ​ပေးခြင်းဖြင့် ကုသိုလ်ပါဝင်နိုင်ပါတယ်

အားလုံး ​ငွေ​ကြေး​ကြောင့် ပူပန်​ကြောင့်ကြမှု​တွေမှ ကင်း​ဝေးကြပြီး လိုတိုင်းတ ရနိုင်တဲ့ ပြည့်စုံကြွယ်ဝတဲ့ ဘဝ​တွေပိုင်ဆိုင်နိုင်ကြပါ​စေရှင် 💝


ထမင်းစားပြီးရင် အချိုလေးတည်းဦးမှ…မုန့်အချိုလေး စားလိုက်ရရင် ပျော်သွားတာပဲ…🥰သကြားပါတာကို စားလိုက်တဲ့အခါလူ့ဦးနှောက်ရဲ့ rew...
14/07/2025

ထမင်းစားပြီးရင် အချိုလေးတည်းဦးမှ…
မုန့်အချိုလေး စားလိုက်ရရင် ပျော်သွားတာပဲ…🥰

သကြားပါတာကို စားလိုက်တဲ့အခါ
လူ့ဦးနှောက်ရဲ့ reward system ကနေ
ဒိုပါမင်ဟော်မုန်းကို ထုတ်ပေးပါတယ်
ဒါက စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်

💁‍♀️ နည်းနည်းစားတာက ကိစ္စမရှိပေမယ့်
အချိန်ကြာလာတာနဲ့အမျှ
သကြားကို များများစားမှ
Reward ရတဲ့ ခံစားချက်ကို ရစေတာကြောင့်
အချိုစွဲတာမျိုး ဖြစ်လာတတ်ပါတယ်

သင်မသိလိုက်ခင်မှာပဲ အချိုမစားရ
မနေနိုင်ဖြစ်နေပြီး ခန္ဓာကိုယ်က
အချိုကို တော်ပါတော့၊ ရပ်ပါတော့…
သကြားတွေ ထပ်မစားပါနဲ့တော့ဆိုပြီး
တောင်းဆိုတဲ့ လက္ခဏာတွေ ပေါ်လာပါတော့တယ် 🚨🛑

🔎 အဲဒီလက္ခဏာတွေက ဘာတွေလဲ

💠 အားအင်ကုန်ခမ်းနွမ်းလျလွယ်ခြင်း
ညဖက်မှာ အိပ်ရေး၀၀အိပ်ပြီး
နိုးလာတာအောင် အားမရှိသလို ခံစားနေရတာ…
တစ်နေကုန် နွမ်းနယ်ပြီး
အားပျက်နေသလို ခံစားနေရတာက
အချိုတအားများတဲ့ လက္ခဏာပါ

💠 ဝက်ခြံအလွန်အမင်းထွက်လွယ်ခြင်း
သကြားဓာတ်က အင်ဆူလင်တုံ့ပြန်မှုကို
အနှောင့်အယှက်ပေးတာကြောင့်
ရောင်ရမ်းနာကျင်မှုကို ဖြစ်စေပြီး
အသားအရေကို ထိခိုက်လာစေပါတယ်
မျက်နှာတွေ ရောင်နေတာ…
ဝက်ခြံတအားထွက်တာ…
အထိမခံတဲ့ အသားအရေဖြစ်နေတာတွေက
သကြားဓာတ် ဖြတ်သင့်တဲ့ လက္ခဏာတစ်ခုပါပဲ

💠 ဝိတ်ချရခက်ခဲခြင်း
ဝိတ်တက်စေတဲ့ အကြောင်းရင်းထဲမှာ
ထိပ်ဆုံးကပါတာကတော့ သကြားဓာတ်ပါပဲ
ဘယ်လိုချချ ဝိတ်မကျဘူးဆိုရင်
တစ်နေ့တာမှာ သကြားဓာတ်တွေ
ဘယ်လောက်တောင် စားမိနေလဲ
ပြန်ဆန်းစစ်သင့်ပါတယ်

💠 ညဖက်အိပ်စက်ရခက်ခဲခြင်း
Deep sleep ရတဲ့အထိ အိပ်မပျော်တာက
အချိုဓာတ်တွေ တအားများနေလို့ပါပဲ

💠 ဆတ်ဆတ်ထိမခံခြင်း
Mood swings အရမ်းဖြစ်တာ၊
စိတ်ဓာတ်အတက်အကျမြန်တာကလည်း
သင့်ခန္ဓာကိုယ်က သကြားဖြတ်ဖို့
အချက်ပြနေတာ ဖြစ်နိုင်ပါတယ်

💠 ဗိုက်ခဏခဏဆာခြင်း
အချိုဓာတ်က လျှာဖျားပေါ်က
အရသာခံဖုတွေကို စိတ်ကျေနပ်မှု
ပေးစွမ်းနိုင်ပေမယ့် အစာအိမ်ကိုတော့
ဗိုက်ပြည့်အောင် မဖြည့်ဆည်းပေးနိုင်ပါဘူး
ဒါကြောင့် အချိုစားပြီးရင်း စားချင်တတ်သလို
မကြာခဏ ဗိုက်ဆာတာမျိုးလည်း ဖြစ်တတ်ပါတယ်

ကိုယ့်ခန္ဓာကိုယ်က ဒီလက္ခဏာတွေ ပြနေပြီဆိုရင်တော့
သကြားဓာတ်ကို ကန့်သတ်ထိန်းချုပ်ဖို့
အချိန်ရောက်နေပါပြီ ‼️

မထိန်းချုပ်ရင် အ၀လွန်တာကစလို့
နောက်ဆက်တွဲ ရောဂါတွေ ရလာနိုင်တာမို့
ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်ပြီး
သကြားလျှော့ကြစို့နော်

စာဖတ်သူတို့ရော ဘယ်လက္ခဏာတွေ
တွေ့နေရပြီလဲ ပြောပြသွားပါဦး 🤝



2022 ထဲက စဖြစ်ခဲ့တဲ့ Body Mind Detox ပထမဆုံး အပြင်မှာ လုပ်ဖြစ်တဲ့ပွဲလေး တစ်နေ့တာ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက် သင်တန်...
11/07/2025

2022 ထဲက စဖြစ်ခဲ့တဲ့ Body Mind Detox
ပထမဆုံး အပြင်မှာ လုပ်ဖြစ်တဲ့ပွဲလေး
တစ်နေ့တာ ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်
သင်တန်းတက်ရင် ဘာရသွားလဲလို့ မေးလေ့ရှိပေမယ့်
ဒီအတန်းကတော့ ဘာတွေထားခဲ့လဲ မေးရမယ့်အတန်းပါ
ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာထဲမှာ ကိုယ်တောင်မသိလိုက်ပဲ ဆုတ်ကိုင်ထားမိတဲ့အရာတွေ လွှတ်ချခဲ့ပြီး ပေါ့ပေါ့ပါးပါး ဘဝခရီးဆက်နိုင်ကြပါစေ

06/07/2025

😴 စိတ်ညှို့အိပ်မွေ့ချ နည်းပညာဆိုတာဘာလဲ?

🌿 Body Mid Detox အစီအစဉ်မှာ အိပ်မွေ့ချနည်းလမ်းနဲ့ Mind Detox ကို ဘယ်လိုလုပ်ပေးမှာလဲ?

ဆရာဇေယျာမိုးမြင့် ပြောပြတာလေး နားထောင်ကြည့်နော်

စိတ်ဝင်စားလို့ BMD program အကြောင်းအသေးစိတ်သိချင်တယ်ဆိုရင်တော့ 👇

https://www.facebook.com/share/p/1EL3eaDGje/

ဇူလိုင် ၉ ရက်၊ လပြည့်နေ့ နော်
ပါဝင်မယ်ဆို အခုပဲ hello လိုက်တော့
📱09 442 039 590

မနက်ခင်းလးမှာ စိတ်ထဲက‌ေလးလံ‌ေနတဲ့ဖိစီးမှုတွေ လွှတ်ချပြီး လွပ်လပ်ပေါ့ပါးမှုလေးတွေ ခံစားချင်တယ်ဆို မနက်ဖန် တနင်္ဂနွေမနက် S...
05/07/2025

မနက်ခင်းလးမှာ စိတ်ထဲက‌ေလးလံ‌ေနတဲ့ဖိစီးမှုတွေ လွှတ်ချပြီး လွပ်လပ်ပေါ့ပါးမှုလေးတွေ ခံစားချင်တယ်ဆို မနက်ဖန် တနင်္ဂနွေမနက် Shiva Physio-Yoga Club ကို လာခဲ့နော်

🤔 ဘာတွေလုပ်ကြမှာလဲ?

🧘ခန္ဓာကိုယ်မှာရှိနေတဲ့ တင်းမာမှုတွေ ပြလျော့ဖို့
ဝါရင့် Yoga ဆရာမကြီး တီချယ်လီလီ နဲ့ အတူ ပေါ့ပေါ့ပါးပါး Yoga ကစားကြမယ်

🧘 စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ ပြေလျော့စေဖို့ Dr. Kyawt က ဦးဆောင်ပြီး စိတ်ညှို့ အိပ်မွေ့ချနည်းနဲ့ အတွင်းစိတ်ထဲကမလိုအပ်တဲ့ စိတ်အမှိုက်တွေ သွားရှင်းထုတ်ကြမယ်

🤔 ဘာတွေလိုအပ်လဲ?
🌿 လွပ်လပ်ပေါ့ပါးတဲ့ အဝတ်အစားမျိုး ဝတ်လာခဲ့ပါ
🌿 Yoga ဖျာရှိရင် ယူလာခဲ့ပါ (မရှိလည်းရပါတယ်)

Are you READY?

See you tomorrow 😊

Shiva Physio-Yoga Club 👇

https://maps.app.goo.gl/SrDPH6vs4J3bhFQMA?g_st=av

Ph: 09 78 0000 868

Find local businesses, view maps and get driving directions in Google Maps.

Address

Yagon

Telephone

+959778420066

Website

Alerts

Be the first to know and let us send you an email when Healthier Happier Life Wellness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthier Happier Life Wellness Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram