Healthier Happier Life Wellness Center

Healthier Happier Life Wellness Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthier Happier Life Wellness Center, Health & Wellness Website, Yangon.

💦သင်္ကြန်ဆိုတာ ပျော်စရာကောင်းပေမဲ့ ရေပက်ခံထွက်ပြီး ပြန်လာတဲ့အခါ... ဆံပင်တွေက ဖွာလန်ကြဲပြီး ရုန်းမရ၊ ဆွဲမရ ဖြစ်နေတတ်တာမျိ...
14/04/2026

💦သင်္ကြန်ဆိုတာ ပျော်စရာကောင်းပေမဲ့ ရေပက်ခံထွက်ပြီး ပြန်လာတဲ့အခါ... ဆံပင်တွေက ဖွာလန်ကြဲပြီး ရုန်းမရ၊ ဆွဲမရ ဖြစ်နေတတ်တာမျိုး ကြုံဖူးကြတယ်မလား

💁🏻‍♀️နေပူထဲမှာ တစ်နေကုန် ရေကစားရတဲ့အခါ နေလောင်ဒဏ်ရော၊ ရေထဲမှာပါတဲ့ အညစ်အကြေးတွေကြောင့်ပါ ကျမတို့ရဲ့ ဆံသားတွေက အားနည်းပြီး ကျွတ်ထွက်တာ၊ ကြမ်းတမ်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်

ဒီလိုမဖြစ်အောင် သင်္ကြန်တွင်းမှာ ဆံသားကို ဘယ်လိုကာကွယ်ရမလဲဆိုတာလေးတွေကို သိထားဖို့ လိုအပ်ပါတယ်💁🏻‍♀️

❓ဘာကြောင့် ဆံသားတွေ ပျက်စီးရတာလဲဆိုရင်
🔹ရေထဲမှာပါတဲ့ ကလိုရင်းနဲ့ အညစ်အကြေးတွေက ဆံသားထဲမှာရှိတဲ့ သဘာဝအဆီဓာတ်ကို ခမ်းခြောက်သွားစေလို့ပါ

☀️ဒါ့အပြင် ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည် (UV) ကြောင့် ဆံသားအလွှာလေးတွေ ပျက်စီးပြီး အရောင်မှိန်တာ၊ နှစ်ခွဖြစ်တာတွေ ပိုဖြစ်စေပါတယ်

❓ရေမကစားခင် ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲ?

✨ဆံပင်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ တစ်မျိုးမျိုးနဲ့ ကြိုတင်လိမ်းထားပေးပါ။ ဆီက ဆံသားကို အလွှာပါးလေးလို ဖုံးအုပ်ပေးထားလို့ အညစ်အကြေးတွေ ဆံသားထဲ တိုက်ရိုက်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

💆🏻‍♀️Hair Serum ၊ Leave-in Conditioner တစ်မျိုးမျိုးကိုလည်း သုံးပေးလို့ ရပါတယ်။ ဆံပင်ကိုလည်း အလွတ်မထားဘဲ ကျစ်ဆံမြီး ကျစ်ထားတာမျိုး ဒါမှမဟုတ် စုစည်းထားတာမျိုးက ဆံပင်ငြိတာကို အများကြီး သက်သာစေပါတယ်။

❓ရေကစားပြီး ပြန်လာတဲ့အခါ ဘာလုပ်ရမလဲ?

🚿အရေးအကြီးဆုံးက ရေကစားပြီးတာနဲ့ ဆံပင်ကို ရေချက်ချင်း ပြန်ဆေးချဖို့ ပါပဲ။ ရေထဲက အညစ်အကြေးတွေ ဆံသားပေါ်မှာ အကြာကြီး ကပ်မနေအောင် သန့်စင်ပေးရပါမယ်။

🧴ခေါင်းလျှော်တဲ့အခါမှာလည်း အစိုဓာတ်ဖြည့်ပေးတဲ့ (Moisturizing) Shampoo နဲ့ Conditioner ကို သုံးပေးပါ။ အိပ်ခါနီးမှာ Hair Mask လေး ကပ်ပေးတာမျိုးက ဆံသားကို ပြန်လည်အားဖြည့်ပေးရာ ရောက်ပါတယ်။

🧏🏻‍♀️ဆံပင်တွေ ငြိနေတဲ့အခါ အားနဲ့ ဆွဲမဖြီးပါနဲ့နော်။ ဆံပင်စိုနေချိန်မှာ ဆံသားက အားအနည်းဆုံးမို့လို့ အတင်းဆွဲဖြီးရင် ဆံပင်တွေ အများကြီး ကျွတ်နိုင်ပါတယ်။ ဆံပင်အခြောက်ခံတဲ့အခါမှာလည်း Dryer နဲ့ အပူပေးတာထက် သဘာဝလေနဲ့ပဲ အခြောက်ခံတာ အကောင်းဆုံးပါပဲ။

ဒီနည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်မယ်ဆိုရင်တော့ သင်္ကြန်မှာ စိတ်ကြိုက်ပျော်ပြီး ဆံသားလေးတွေကိုလည်း ကျန်းမာလှပအောင် ထိန်းသိမ်းနိုင်မှာပါ။

စာဖတ်သူတို့သိချင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေရှိရင်လည်း COMMENT မှာ မေးခဲ့လို့ရပါတယ်

ခန္ဓာကိုယ်က အချက်ပြနေတဲ့ ရေဓာတ်လိုအပ်ချက် 💦ပြီးခဲ့တဲ့ Quiz လေးရဲ့ အဖြေမှန်ကတော့ ဆီးအရောင်ရင့်လာခြင်း ပဲ ဖြစ်ပါတယ်ရှင်။ခန...
12/04/2026

ခန္ဓာကိုယ်က အချက်ပြနေတဲ့ ရေဓာတ်လိုအပ်ချက် 💦

ပြီးခဲ့တဲ့ Quiz လေးရဲ့ အဖြေမှန်ကတော့ ဆီးအရောင်ရင့်လာခြင်း ပဲ ဖြစ်ပါတယ်ရှင်။

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေပြီဆိုတာကို အသိသာဆုံး သိနိုင်တဲ့အချက်က ဆီးအရောင်ပါပဲ။

ဆီးအရောင်က အဝါရင့်ရင့် ဒါမှမဟုတ် လက်ဖက်ရည်ရောင်လိုမျိုး ဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်က ရေဓာတ်အတော်လေး လိုအပ်နေပြီဆိုတဲ့ အချက်ပြနေတာပဲ ဖြစ်ပါတယ်။

💦 ချွေးထွက်များတဲ့အခါ ရေဓာတ်တင်မကဘဲ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ Electrolytes ဓာတ်ဆားတွေပါ ဆုံးရှုံးသွားပါတယ်။ ဒါကို ပြန်မဖြည့်ဘဲ ထားလိုက်မယ်ဆိုရင် -
▪️ မူးဝေတာ
▪️ ခေါင်းကိုက်ပြီး ပျို့အန်ချင်တာ
▪️ ကြွက်တက်တာအပြင်
▪️ အပူလျှပ်ပြီး Heat stroke ဖြစ်နိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

✅ ဘာသောက်မလဲ?
🧏🏻‍♀️WHO စံနှုန်းမီတဲ့ ဓာတ်ဆားကို သောက်ပေးတာက Electrolytes တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
🧏🏻‍♀️ ဓာတ်ဆားအလွယ်တကူ မရှိရင် သဘာဝအုန်းစိမ်းရည်ကလည်း အကောင်းဆုံးပါပဲ။

⛔ ဘာကို ရှောင်မလဲ?

▪️ Energy Drink တွေက သကြားနဲ့ ကဖင်းဓာတ် များတာကြောင့် ရေဓာတ်ကို ပိုမိုခမ်းခြောက်စေနိုင်ပါတယ်။
▪️သွေးတိုးရှိသူတွေကတော့ ဓာတ်ဆားရည် မသောက်ခင် သွေးပေါင်အရင်ချိန်ဖို့ မမေ့ပါနဲ့နော်။

ရေကို ခဏခဏ သောက်ပေးခြင်းဖြင့် ရေဓာတ်ပြည့်ဝပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေ။ 🥤

💧ခန္ဓာကိုယ်က ရေငတ်နေပြီလို့ ပြောနေတာကို သတိထားမိရဲ့လား?တစ်ခါတလေမှာ ကျွန်မတို့တွေ အလုပ်ရှုပ်နေရင်း ရေသောက်ဖို့ မေ့လျော့တတ...
10/04/2026

💧ခန္ဓာကိုယ်က ရေငတ်နေပြီလို့ ပြောနေတာကို သတိထားမိရဲ့လား?

တစ်ခါတလေမှာ ကျွန်မတို့တွေ အလုပ်ရှုပ်နေရင်း ရေသောက်ဖို့ မေ့လျော့တတ်ကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်နေပြီဆိုရင် သူ့နည်းသူ့ဟန်နဲ့ အချက်ပြလေ့ရှိပါတယ်နော်။

ရေဓာတ်ခမ်းခြောက်မှုရဲ့ ရှေ့ပြေးလက္ခဏာကို သိရှိထားခြင်းက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။

ဒီတော့ ဒီတစ်ပတ်ရဲ့ Friday Quiz လေးမှာ အတူတူ ဖြေကြည့်ကြရအောင်...

မေးခွန်း - ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေပြီဆိုတာကို အသိသာဆုံး ဘယ်လိုလက္ခဏာကနေ သိနိုင်မလဲ။

(က) ဆီးအရောင်ရင့်လာခြင်း
(ခ) ဗိုက်ဆာလာခြင်း
(ဂ) အိပ်ချင်လာခြင်း
(ဃ) ချွေးထွက်များခြင်း

ဘယ်အချက်က အဖြေမှန်ဖြစ်မလဲ? စဉ်းစားပြီး Comment မှာ ရေးပေးခဲ့ပါဦးရှင့်။

🎁 မှန်အောင် ဖြေဆိုသူတွေထဲက ကံထူးရှင်တစ်ဦးကို HHL ရဲ့ Surprise လက်ဆောင်လေး ပေးသွားဖို့ ရှိတာမို့ အခုပဲ မန့်ခဲ့တော့နော်။

အဖြေမှန်ကို တနင်္ဂနွေနေ့မှာ ကြေညာပေးပါမယ်။ ကျန်းမာလန်းဆန်းတဲ့ နေ့ရက်လေး ပိုင်ဆိုင်နိုင်ပါစေ။

💁🏻‍♀️အခုတလော အပြင်မှာ နေပူရှိန်က အရမ်းပြင်းလာတော့ အာခေါင်တွေ ခြောက်ပြီး ရေငတ်တဲ့ဒဏ်ကို လူတိုင်းခံစားနေကြရတယ်နော်🧏🏻‍♀️ ကျ...
07/04/2026

💁🏻‍♀️အခုတလော အပြင်မှာ နေပူရှိန်က အရမ်းပြင်းလာတော့ အာခေါင်တွေ ခြောက်ပြီး ရေငတ်တဲ့ဒဏ်ကို လူတိုင်းခံစားနေကြရတယ်နော်

🧏🏻‍♀️ ကျမတို့ တော်တော်များများက ရေငတ်တဲ့အချိန်မှ ရေထသောက်တတ်ကြပေမဲ့ တကယ်တော့ ရေငတ်တယ်ဆိုတာ ခန္ဓာကိုယ်က ရေဓာတ် တော်တော်လေး လိုအပ်နေပြီဆိုတဲ့ Final Warning ပါ။

အခုလို ပူပြင်းတဲ့ ရာသီဥတုမှာ ရေဓာတ်ခမ်းခြောက်တာကနေတစ်ဆင့် အသက်အန္တရာယ်ရှိတဲ့ Heat Stroke (အပူလျှပ်ခြင်း) အထိ ဖြစ်သွားနိုင်တာမို့ အထူးသတိထားရပါမယ်💁🏻‍♀️

❓ဘာကြောင့် ရေငတ်တဲ့အထိ မစောင့်သင့်တာလဲ?

ကျမတို့ရဲ့ ခန္ဓာကိုယ်က တစ်နေ့ကို ရေ ၂ လီတာကနေ ၃ လီတာလောက်အထိ အနည်းဆုံးသောက်ပေးဖို့ လိုပါတယ်။

🔹ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းသွားတဲ့အခါ သွေးလည်ပတ်မှု နှေးသွားပြီး ခေါင်းမူးတာ၊ နုံးတာနဲ့ အာရုံစူးစိုက်မှု အားနည်းတာတွေ ဖြစ်လာတတ်ပါတယ်။

☀️အထူးသဖြင့် အခုလို အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်တဲ့နေ့တွေမှာ ခန္ဓာကိုယ်က ချွေးထွက်လွန်ပြီး ရေဓာတ်ကုန်ခမ်းတာ မြန်တဲ့အတွက် Heat Stroke ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

❓ရေငတ်မှ ရေမသောက်ဘဲ ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ဘယ်လိုပုံမှန်ဖြည့်တင်းမလဲ?

💧ရေဘူးကို မျက်စိရှေ့မှာ အမြဲထားပါ။ အလုပ်လုပ်တဲ့ စားပွဲပေါ်မှာပဲဖြစ်ဖြစ်၊ အပြင်သွားရင်ပဲဖြစ်ဖြစ် ရေဘူးဆောင်ထားပြီး မျက်စိနဲ့ မြင်နေရမှ ခဏခဏ သောက်ဖြစ်မှာပါ။

🕰️အချိန်သတ်မှတ်ပြီး သောက်ပါ။ တစ်ခါတည်း အများကြီး သောက်တာထက် တစ်နာရီကို ရေတစ်ဖန်ခွက်နှုန်းလောက် ပုံမှန်လေး တစ်ငုံချင်းစီ သောက်ပေးတာက ခန္ဓာကိုယ်အတွက် ပိုထိရောက်ပါတယ်။

🍉ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ စားပေးပါ။ ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီးလို ရေဓာတ်များတဲ့ အသီးအနှံတွေက ရေငတ်ပြေစေရုံတင်မကဘဲ ဗီတာမင်ဓာတ်တွေပါ ဖြည့်တင်းပေးနိုင်ပါတယ်။

❓Heat Stroke မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

👒အပြင်ထွက်ရင် ထီး၊ ဦးထုပ် ဆောင်ပါ။ အဝတ်အစား ခပ်ပွပွ၊ အသားအေးအေးနဲ့ အရောင်ဖျော့တာလေးတွေ ဝတ်ဆင်ပါ။

🧊နေပူထဲက ပြန်လာချင်း ရေအေးအေးနဲ့ ချိုးတာမျိုး ဒါမှမဟုတ် ရေခဲရေ အလွန်အကျွံ သောက်တာမျိုးကို ရှောင်ပါ။ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ပြောင်းလဲတာက ရှော့ခ်ဖြစ်စေနိုင်လို့ပါ။

🧏🏻‍♀️အလုပ်တွေ အရမ်းများနေရင်တောင် မိနစ် ၃၀ တစ်ခါလောက် ရေလေးတစ်ငုံ သောက်ပေးဖို့ မမေ့ပါနဲ့နော်။ အခုလို အပူရှိန်ပြင်းတဲ့ ကာလမှာ ကိုယ့်ရဲ့ ကျန်းမာရေးက အရေးကြီးဆုံးမို့လို့ပါ။

ဒီနည်းလမ်းလေးတွေနဲ့ ကျမတို့ အားလုံး ဒီနွေပူပူမှာ ရေဓာတ်ပြည့်ဝပြီး ကျန်းမာအောင် နေထိုင်ကြရအောင်။

စာဖတ်သူတို့ရော ဒီနေ့ ရေဘယ်နှစ်ခွက် သောက်ပြီးပြီလဲ? COMMENT မှာ ပြောပြပေးသွားပါဦးနော်✨

ညဘက်အိပ်မပျော်လို့ "အိပ်ဆေး" ကို အလွယ်တကူ အားကိုးနေမိပြီလား? 💊💤😣ညသန်းခေါင်ယံမှာ မျက်လုံးက ကြောင်တောင်တောင်နဲ့ အိပ်မရဘဲ ဟ...
22/03/2026

ညဘက်အိပ်မပျော်လို့ "အိပ်ဆေး" ကို အလွယ်တကူ အားကိုးနေမိပြီလား? 💊💤

😣ညသန်းခေါင်ယံမှာ မျက်လုံးက ကြောင်တောင်တောင်နဲ့ အိပ်မရဘဲ ဟိုဘက်လှည့် ဒီဘက်လှည့် ဖြစ်နေရတဲ့ဒုက္ခက တကယ်ပဲ ပင်ပန်းရပါတယ်နော်။

💊ဒါရဲ့ နောက်ဆက်တွဲအနေနဲ့ နောက်နေ့ အလုပ်သွားဖို့၊ အပြင်သွားဖို့အတွက် အင်အားရှိအောင် "ဆေးလေးတစ်လုံးလောက် သောက်ပြီး အိပ်လိုက်ရရင် ကောင်းမှာပဲ" ဆိုတဲ့ အတွေးကလည်း ခဏခဏ ဝင်လာတတ်တာ သဘာဝပါ။

💊ဒါပေမဲ့ ဒီအိပ်ဆေးက ကိုယ့်ကို တစ်ညတာ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပေမဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်စွဲသောက်လိုက်တဲ့အခါမှာတော့.... ကိုယ်တိုင်က လိုလိုလားလားနဲ့ ကျန်းမာရေးကို ထိခိုက်အောင်လုပ်သလို ဖြစ်သွားတတ်ပါတယ်။

🧏🏻‍♀️အိပ်ဆေးတွေကို စွဲသောက်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာ အတူတူ ကြည့်ရအောင်ပါ။

၁။ ဆေးယဉ်ပါးပြီး ဆေးမပါရင် အိပ်မရတော့ခြင်း

အစပိုင်းမှာ တစ်လုံးသောက်ရုံနဲ့ အိပ်ပျော်ပေမဲ့ ကြာလာတဲ့အခါ ဦးနှောက်က ဆေးကို ယဉ်ပါးသွားပါတယ်။ နောက်ပိုင်းမှာ ဆေးပမာဏ တိုးသောက်မှရတော့မယ်၊ ဆေးမပါရင် လုံးဝအိပ်မရတော့ဘူးဆိုတဲ့ ဆေးစွဲခြင်းဆိုတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။

၂။ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း
အိပ်ဆေးတွေက ဗဟိုအာရုံကြောကို ဖိနှိပ်ထားတာမို့လို့ ရေရှည်မှာ -
🔹 မေ့လွယ်လာပြီး ခုပြောခုမေ့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
🔹 အလုပ်မှာပဲဖြစ်ဖြစ်၊ စာဖတ်တဲ့အခါမှာပဲဖြစ်ဖြစ် အာရုံစူးစိုက်မှု အားနည်းလာတတ်ပါတယ်။
🔹 ကားမောင်းတာ ၊ စက်ကိရိယာကိုင်တွယ်တဲ့အခါမှာ ဦးနှောက်ရဲ့တုံ့ပြန်မှု နှေးသွားတဲ့အတွက် မတော်တဆမှုတွေ ဖြစ်လာနိုင်ပါတယ်။

၃။ စိတ်ခံစားချက် ပြောင်းလဲလာခြင်း

ဆေးရှိန်ကြောင့် စိတ်ဓာတ်ကျတာ၊ အကြောင်းရင်းမရှိဘဲ စိုးရိမ်ပူပန်တာနဲ့ စိတ်တိုလွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဆေးမသောက်ရတဲ့အချိန်မှာ ပိုပြီး ဂနာမငြိမ်ဖြစ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

၄။ အိပ်ပျော်နေစဉ် ထူးဆန်းတဲ့ အပြုအမူများလုပ်ခြင်း (Parasomnias)

ဒါက တော်တော်လေး အန္တရာယ်များပါတယ်။ ဆေးရှိန်ကြောင့် အိပ်ပျော်နေရင်း လမ်းထလျှောက်တာ၊ မသိဘဲ အစားစားတာ၊ ဖုန်းဆက်တာမျိုးတွေ လုပ်မိတတ်ပြီး နိုးလာတဲ့အခါ ဘာလုပ်ခဲ့မှန်း ကိုယ်တိုင်မသိတော့တာမျိုးပါ။

၅။ အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်

အိပ်ဆေးတွေက အသက်ရှူနှုန်းကို နှေးစေတာမို့လို့ အိပ်ရင်း အသက်ရှူရပ်တဲ့ရောဂါ (Sleep Apnea) ရှိသူတွေ ဒါမှမဟုတ် အဆုတ်ရောဂါရှိသူတွေအတွက် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ပါတယ်။

၆။ ဆေးဖြတ်တဲ့အခါ ခံစားရတဲ့ ဝေဒနာ (Withdrawal Symptoms)

ဆေးကို ချက်ချင်းဖြတ်လိုက်ရင် အရင်ကထက် ပိုပြီး အိပ်မရတာ (Rebound Insomnia)၊ လက်တုန်တာ၊ ပျို့အန်တာနဲ့ နှလုံးတုန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

✨ အိပ်ဆေးဆိုတာ ယာယီဖြေရှင်းချက် (Short-term fix) သာ ဖြစ်သင့်ပါတယ်။ အကယ်၍ ကိုယ်ဟာ အိပ်ဆေးစွဲနေပြီလို့ ခံစားရရင် -
✅ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ချက်ချင်း ရုတ်တရက် မဖြတ်ပါနဲ့။
✅ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့ချပါ။
✅ Hypnotherapy (အိပ်မွေ့ချကုထုံး) လိုမျိုး ဘေးထွက်ဆိုးကျိုးကင်းတဲ့ နည်းလမ်းတွေကို ပြောင်းလဲအသုံးပြုကြည့်ပါ။

ကျန်းမာတဲ့ အိပ်စက်ခြင်းဆိုတာ ဆေးမှာမရှိဘဲ မှန်ကန်တဲ့ နေထိုင်မှုပုံစံထဲမှာပဲ ရှိတာပါ။

🗨️ စာဖတ်သူတို့ရော အခုလက်ရှိမှာ အိပ်ဆေး တစ်မျိုးမျိုးကို ပုံမှန်သောက်နေရတာမျိုး ရှိလား? ဒါမှမဟုတ် အိပ်စက်ဖို့ ခက်ခဲနေလို့ စိတ်ညစ်နေရလား?

သိချင်တာလေးတွေရှိရင် ကောမန့်မှာ မေးခဲ့လို့ရသလို၊ အသေးစိတ် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လည်း Messenger (CB) မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

လူတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ကြပါစေ။ 🌙✨

✨အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးအတွက် အရေးကြီးဆုံးအရာတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတလေ အိပ်မပျော်တဲ့အခါမျိုးမှာ ကိုယ...
20/03/2026

✨အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးအတွက် အရေးကြီးဆုံးအရာတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတလေ အိပ်မပျော်တဲ့အခါမျိုးမှာ ကိုယ့်သဘောနဲ့ကိုယ် အိပ်ဆေးတွေကို အလွယ်တကူ သောက်သုံးမိနေပြီလား? 💊

ဒီတစ်ပတ်ရဲ့ Friday Quiz လေးမှာတော့ အိပ်ဆေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးကို ဖြေဆိုကြည့်ကြရအောင်...

မေးခွန်း - အိပ်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်စွဲသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ခံစားရနိုင်သလဲ?

A. မှတ်ဉာဏ်အားနည်းလာခြင်း 🧠
B. ဆေးယဉ်ပါးပြီး ဆေးမပါရင် အိပ်မရတော့ခြင်း 🚫💤
C. စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှုများခြင်း 😔
D. အထက်ပါအားလုံး ✅

အဖြေမှန်က ဘာလေးဖြစ်မလဲဆိုတာကို စဉ်းစားပြီး Comment မှာ အခုပဲ ရွေးချယ်ပေးခဲ့ပါဦးနော်

🎁 မှန်အောင် ဖြေနိုင်သူတွေထဲက ကံထူးသူတစ်ယောက်ကို HHL ရဲ့ အထူးအစီအစဉ်တွေမှာ ပါဝင်နိုင်ဖို့ မေတ္တာလက်ဆောင် ပေးသွားမှာဖြစ်လို့ လက်မလွှတ်တမ်း ပါဝင်လိုက်ကြရအောင်။

အဖြေမှန်ကိုတော့ ထုံးစံအတိုင်း တနင်္ဂနွေနေ့ မှာ တင်ပေးသွားပါမယ်ရှင်။ အားလုံးပဲ လန်းဆန်းတက်ကြွတဲ့ သောကြာနေ့လေး ဖြစ်ပါစေ။




“ညမှာ အိပ်၍ နေ့မှာ ပျော်”10-Step Hypnosis & Medical Reconstruction Programဆေးသောက်ရုံနဲ့ မလုံလောက်သေးတဲ့အိပ်စက်ခြင်းဆိုင...
18/03/2026

“ညမှာ အိပ်၍ နေ့မှာ ပျော်”
10-Step Hypnosis & Medical Reconstruction Program

ဆေးသောက်ရုံနဲ့ မလုံလောက်သေးတဲ့
အိပ်စက်ခြင်းဆိုင်ရာ အခက်အခဲများအတွက်

တစ်ဦးချင်းစီရဲ့
ရုပ်ပိုင်းဆိုင်ရာ + စိတ်ပိုင်းဆိုင်ရာ ကို
အနီးကပ် ပံ့ပိုးပေးမယ့် structured program ဖြစ်ပါတယ်။

ဒီ Program မှာ

👩‍⚕️ Dr Kyawt က
Medical Consultation & Review (၄) ကြိမ်

🧠 HypnoCoach Zeya Moe Myint က
Hypnosis Session (၆) ကြိမ်

စုစုပေါင်း (၁၀) ကြိမ်ကို
၄၅ ရက်တာ အတွင်း အနီးကပ် စောင့်ရှောက်ပေးသွားမှာပါ။

⸝

ဒီ program နှင့် သင့်တော်သူများ

✅ အိပ်ဆေးများကို လျှော့ချလိုသူများ
✅ စိုးရိမ်စိတ်ကြောင့် အိပ်မပျော်ဖြစ်နေသူများ
✅ ညဘက်အိပ်စက်မှု အရည်အသွေး မြှင့်တင်ပြီး
နေ့ဘက်မှာ တက်ကြွချင်သူများ

💰 Your Investment for Restful Nights & Energized Days — MMK 2,000,000

📌 1-on-1 Private Program ဖြစ်သောကြောင့်
လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံပါသည်။

⸝

စိတ်ဝင်စားပါက
Messenger တွင် “Sleep Program” ဟု ပို့ပေးပါ။
Admin team က အသေးစိတ် ဆက်လက်ကူညီပေးပါမည်။

🥱ညဘက်ဆို မျက်စိက ကြောင်ပြီး အိပ်လို့မရဘဲ၊ မနက်လင်းလို့ နှိုးစက်သံကြားရင်တော့ အိပ်ရာထဲက လုံးဝမထချင်ဘဲ ဖြစ်နေပါသလား?😥စောစေ...
17/03/2026

🥱ညဘက်ဆို မျက်စိက ကြောင်ပြီး အိပ်လို့မရဘဲ၊ မနက်လင်းလို့ နှိုးစက်သံကြားရင်တော့ အိပ်ရာထဲက လုံးဝမထချင်ဘဲ ဖြစ်နေပါသလား?

😥စောစောအိပ်ဖို့ ကြိုးစားပေမဲ့ စိတ်ထဲမှာ အတွေးတွေများနေတာ ဒါမှမဟုတ် ဖုန်းလေးတစ်ချက် ပွတ်မိရာကနေ ညဥ့်နက်သွားတာမျိုးက လူတော်တော်များများ ကြုံတွေ့နေရတဲ့ ဒုက္ခတစ်ခုပါ။

ဒီလိုမျိုး ညဆို နိုးကြားပြီး မနက်ဆို နုံးချိနေတာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ (Circadian Rhythm) က ပုံမှန်ထက် နောက်ဆုတ်သွားတဲ့သဘောပဲ ဖြစ်ပါတယ်။💁🏻‍♀️

❓ဒီပြဿနာကို ဖြေရှင်းပြီး ည ၁၀ နာရီအိပ်၊ မနက် ၆ နာရီထတဲ့ အလေ့အကျင့်လေး ပြန်ရလာဖို့ ဘာတွေလုပ်ရမလဲ?

☀️၁။ အလင်းရောင်ကို အသုံးချပါ
🔹ခန္ဓာကိုယ်က အလင်းရောင်ကိုကြည့်ပြီး အိပ်ချိန်နဲ့ ထချိန်ကို သတ်မှတ်တာဖြစ်လို့ မနက်နိုးနိုးချင်းမှာ နေရောင်ခြည် ဒါမှမဟုတ် လင်းထိန်တဲ့ မီးရောင်ကို အနည်းဆုံး ၁၅ မိနစ်လောက် ထိတွေ့ပေးပါ။

📱ညဘက် အိပ်ခါနီး ၁ နာရီအလိုမှာတော့ ဖုန်းနဲ့ ကွန်ပျူတာကထွက်တဲ့ Blue Light တွေကို ရှောင်ရပါမယ်။ အဲဒီအလင်းက ဦးနှောက်ကို နေ့ဘက်လို့ ထင်အောင် လှည့်စားတတ်လို့ အိပ်ပျော်ဖို့ ခက်ခဲစေတာပါ။

⏰၂။ အိပ်ချိန်ကို တဖြည်းဖြည်းချင်း ပြောင်းပါ
🔹ချက်ချင်းကြီး ၁၀ နာရီမှာ အိပ်ဖို့ မကြိုးစားပါနဲ့ဦး။ "၁၅ မိနစ် နည်းလမ်း" ကို သုံးကြည့်ပါ။ ဒီနေ့ည ၁၁:၄၅ မှာ အိပ်ရင် နောက်နေ့ကို ၁၁:၃၀ စသဖြင့် ၁၅ မိနစ်စီပဲ တဖြည်းဖြည်း လျှော့သွားပါ။

🔹ညဘက် ဘယ်အချိန်မှာပဲ အိပ်ပျော်ခဲ့ပါစေ၊ မနက် ၆ နာရီမှာ ပုံမှန်ထဖို့ကိုတော့ အရင်ဆုံး သတ်မှတ်ထားပါ။ နေ့လယ်ဘက် လုံးဝမအိပ်ဘဲ အောင့်ထားလိုက်ရင် ည ၁၀ နာရီမှာ အလိုလို အိပ်ချင်လာပါလိမ့်မယ်။

🛏️ညဘက် တရေးနိုးပြီး ပြန်အိပ်မရရင် ဘာလုပ်မလဲ?
🔹တကယ်လို့ နိုးလာလို့ မိနစ် ၂၀ ကျော်တဲ့အထိ ပြန်အိပ်မရရင် အိပ်ရာထဲမှာ ဆက်ပြီး လူးလိမ့်မနေပါနဲ့တော့။ အိပ်ရာပေါ်က ထလိုက်ပါ၊ ပြီးရင် အလင်းမှိန်မှိန်လေးမှာ စိတ်အေးလက်အေး ဖြစ်စေမယ့် စာအုပ်ဖတ်တာမျိုး လုပ်ပေးပါ။

🧏🏻‍♀️မျက်စိ ပြန်စင်းလာမှ အိပ်ရာပေါ် ပြန်တက်ပါ။ အိပ်ရာဆိုတာ "အိပ်ဖို့အတွက်ပဲ" ဖြစ်ကြောင်း ဦးနှောက်ကို သေချာမှတ်သားခိုင်းရပါမယ်။

☕အထောက်အကူပြုမယ့် အခြားအလေ့အကျင့်များကတော့...

🔹နေ့လယ် ၂ နာရီနောက်ပိုင်း ကော်ဖီ၊ လက်ဖက်ရည် (Caffeine) သောက်တာကို ရှောင်ပါ။
🏃‍♀️ညနေပိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်တာနဲ့ အိပ်ခါနီး ရေနွေးနွေးနဲ့ ချိုးပေးတာမျိုးတွေကလည်း သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။

🧏🏻‍♀️အကြံပြုချင်တာကတော့...
အစပိုင်းမှာ နုံးတာ၊ ပင်ပန်းတာမျိုး ဖြစ်နိုင်ပေမဲ့ ၁ ပတ်ကနေ ၂ ပတ်အထိ စည်းကမ်းရှိရှိ ထိန်းလုပ်ပေးရင် ခန္ဓာကိုယ်က ပုံစံသစ်ကို အလိုလို ကျင့်မိသွားပါလိမ့်မယ်။

စာဖတ်သူတို့လည်း ဒီညကစပြီး အိပ်ချိန်ပြောင်းလဲဖို့အတွက် ၉ နာရီခွဲဆို ဖုန်းစပိတ်လိုက်တော့မယ်ဆိုတာမျိုး အလေ့အကျင့်လေးကို အရင်ဆုံး စလုပ်ကြည့်ရအောင်နော်✨

ကြုံနေရတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာလေးတွေရှိရင် Comment မှာ မေးခဲ့နိုင်ပါတယ်ရှင်✨

😵‍💫ညလယ်ခေါင်ကြီး နိုးလာပြီး မျက်လုံးက ကြောင်တောင်တောင်နဲ့ အိပ်ရာထဲ ဟိုဘက်လှည့် ဒီဘက်လှည့် ဖြစ်နေဖူးကြတယ်မလား။😥 ပတ်ဝန်းကျ...
16/03/2026

😵‍💫ညလယ်ခေါင်ကြီး နိုးလာပြီး မျက်လုံးက ကြောင်တောင်တောင်နဲ့ အိပ်ရာထဲ ဟိုဘက်လှည့် ဒီဘက်လှည့် ဖြစ်နေဖူးကြတယ်မလား။

😥 ပတ်ဝန်းကျင်က တိတ်ဆိတ်နေပေမဲ့ ကိုယ့်ခေါင်းထဲမှာတော့ မနက်ဖြန် အလုပ်သွားရင် ပင်ပန်းတော့မှာပဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အတွေးပေါင်းစုံ ဖြစ်နေတတ်ပါတယ်။

ဒီလိုမျိုး ညဘက်တစ်ရေးနိုးပြီး ပြန်အိပ်ရခက်တာကို ဆေးပညာအရ Sleep Maintenance Insomnia လို့ ခေါ်ပါတယ်။💁🏻‍♀️

❓ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုရင်

🔹အဓိကအားဖြင့် စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ထဲမှာ Cortisol လို့ခေါ်တဲ့ နိုးကြားစေတဲ့ ဟော်မုန်းတွေ မြင့်တက်နေလို့ ဖြစ်နိုင်ပါတယ်။

💤အထူးသဖြင့် အိပ်စက်ခြင်းရဲ့ အနက်ရှိုင်းဆုံးအဆင့် မဟုတ်တဲ့အချိန်တွေမှာ ခန္ဓာကိုယ်က လန့်နိုးသွားတတ်တာပါ။

🌡️ဒါ့အပြင် အခန်းအပူချိန်က ပူလွန်းတာ၊ အလင်းရောင် အနည်းငယ်ဝင်လာတာ ဒါမှမဟုတ် အပြင်က အသံဗလံတွေကြောင့်လည်း အိပ်ရေးပျက်နိုင်သလို၊
🍭ညစာကို အချိုတွေ အများကြီးစားမိရင်လည်း ညလယ်မှာ သွေးတွင်းသကြားဓာတ်ကျပြီး ဦးနှောက်က "စွမ်းအင်လိုတယ်" ဆိုတဲ့ အချက်ပြမှုနဲ့ နိုးပစ်လိုက်တာမျိုး ဖြစ်တတ်ပါတယ်။

❓ဒီလိုခဏခဏ မနိုးအောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဘာလုပ်သင့်လဲ?

🚰အိပ်ခါနီး ၂ နာရီအလိုမှာ ရေအများကြီး သောက်တာမျိုးကို အရင်ဆုံး ရှောင်သင့်ပါတယ်။

🌡️အခန်းအပူချိန်ကို အေးအေးလေးဖြစ်အောင် ထားပေးဖို့လည်း လိုသလို အရက်နဲ့ ဆေးလိပ်က ညသန်းခေါင်မှာ အိပ်ရေးပျက်စေတာကြောင့် ရှောင်ကြဉ်ရပါမယ်။

🍌ညစာမှာတော့ Magnesium ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ဗာဒံစေ့ ဒါမှမဟုတ် ဟင်းနုနွယ်လိုမျိုး အစားအစာတွေ ထည့်စားပေးရင် ကြွက်သားတွေ ပြေလျော့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

❓တကယ်လို့ ညလယ်မှာ နိုးလာခဲ့ရင် ဘာလုပ်ရမလဲ?

🕰️အရေးအကြီးဆုံးက နာရီကို လုံးဝမကြည့်ဖို့ ပါပဲ။ နာရီကြည့်ပြီး "ငါ ဘယ်နှစ်နာရီပဲ အိပ်ရတော့မှာလဲ" ဆိုပြီး အချိန်ကို တွက်ချက်နေတာက စိတ်လှုပ်ရှားမှုကို ပိုဖြစ်စေလို့ ပြန်အိပ်ဖို့ ပိုခက်သွားစေပါတယ်။

📱ဖုန်းကိုလည်း လုံးဝမဖွင့်ပါနဲ့။
အဲ့ဒီအစား နှာခေါင်းကနေ ၄ စက္ကန့် အသက်ရှူသွင်း၊ ၇ စက္ကန့် အောင့်ထားပြီး ပါးစပ်ကနေ ၈ စက္ကန့် လေကို ဖြည်းဖြည်းချင်း ပြန်ထုတ်တဲ့ 4-7-8 အသက်ရှူနည်းလမ်းကို သုံးကြည့်ပါ။ ဒါက အာရုံကြောစနစ်ကို ချက်ချင်း ငြိမ်သက်သွားစေပါတယ်။

🧏🏻‍♀️နောက်ထပ်နည်းလမ်းတစ်ခုကတော့ ခြေဖျားကနေ စပြီး တစ်ကိုယ်လုံးက ကြွက်သားတွေကို တစ်ခုချင်းစီ အားစိုက်ညှစ်လိုက်၊ ပြန်လျှော့လိုက် လုပ်ပေးတဲ့ Progressive Muscle Relaxation နည်းလမ်းဖြစ်ပါတယ်။

🧏🏻‍♀️သတိပေးချင်တာလေး တစ်ခုကတော့...
ညဘက်နိုးလာလို့ ၁၅ မိနစ်ကနေ မိနစ် ၂၀ ထိ ပြန်အိပ်မရရင် အိပ်ရာထဲမှာ ဆက်မအောင့်ထားပါနဲ့။ အိပ်ရာပေါ်မှာ လူးလှိမ့်နေတာက ဦးနှောက်ကို "အိပ်ရာဟာ အိပ်မရတဲ့နေရာ" လို့ မှတ်သားသွားစေနိုင်လို့ပါ။ အဲ့ဒီအစား အပြင်ထွက်ပြီး အလင်းမှိန်မှိန်မှာ စာအုပ်ဖတ်တာမျိုး ခဏလုပ်ပြီးမှ အိပ်ချင်စိတ် ပြန်လာတဲ့အချိန် အိပ်ရာထဲ ပြန်ဝင်တာက အကောင်းဆုံးပါပဲ

ဒီအချက်လေးတွေကို သေချာလိုက်နာကြည့်မယ်ဆိုရင်တော့ သိသိသာသာ ညအိပ်ပျော်လာမှာပါ။

စာဖတ်သူတို့ရော ညဘက်တွေမှာ အိပ်မရဘဲ နိုးနေတတ်လား? COMMENT မှာ ပြောပြပေးသွားပါဦးနော်✨

🌙 Better Sleep, Better Life နဲ့ ထိုက်တန်သူတို့ ဒီည တွေ့ဆုံကြပါစို့ Better Sleep, Better LifeWorld Sleep Day Special Zoom...
13/03/2026

🌙 Better Sleep, Better Life နဲ့ ထိုက်တန်သူတို့
ဒီည တွေ့ဆုံကြပါစို့

Better Sleep, Better Life
World Sleep Day Special Zoom Event

သိပ္ပံနည်းကျ အိပ်စက်ခြင်းအချက်အလက်များနှင့်အတူ လက်တွေ့အသုံးချနိုင်မည့် Live Sleep Hypnosis အတွေ့အကြုံများကို တစ်ခါတည်း ရရှိမည့် Special Session

🩺 Part 1 – Doctor Talk
Sleep Science & Healthy Sleep Tips by Dr. Kyawt

🧠 Part 2 – Live Experience
Sleep Hypnosis Session
Facilitated by HypnoCoach Zeya Moe Myint

အိပ်စက်ခြင်းသည် အချိန်ဖြုန်းခြင်း မဟုတ်ပါ။
ဦးနှောက်နှင့် ခန္ဓာကိုယ်ကို Reset လုပ်ပေးသည့် Biological Process ဖြစ်သည်။

✨ Better Sleep → Better Mind → Better Life

⸝

📅 Today – Mar 13, 2026
⏰ Tonight – 8:00 PM (MMT)
📍 Platform – Zoom

Join Zoom Meeting
https://us06web.zoom.us/j/89094636505?pwd=SlOhRPRI96gb3X0LHLhvVRWP6ae3Zk.1

*Meeting I 890 9463 6505
Passcode: sleep

🔔 Reminder:
Session စတင်မည့်အချိန်မတိုင်မီ ၅ မိနစ်ခန့် Zoom ထဲ ဝင်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Session အပြီးတွင် တစ်ဆက်တည်းအိပ်စက်နိုင်ရန် အိပ်ရာ အဆင်သင့်ပြင်ဆင်ပြီးမှ တက်ရောက်ရန် အကြံပြုပါသည်။

🌙 အိပ်စက်ခြင်းသည် အချိန်ဖြုန်းခြင်းမဟုတ်။ ဘဝကို ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။လူတစ်ယောက်သည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံခန့် (...
12/03/2026

🌙 အိပ်စက်ခြင်းသည် အချိန်ဖြုန်းခြင်းမဟုတ်။ ဘဝကို ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။

လူတစ်ယောက်သည် ဘဝသက်တမ်း၏ သုံးပုံတစ်ပုံခန့် (~၂၅ နှစ်) ကို အိပ်စက်ရင်း ကုန်ဆုံးစေသည်။ အိပ်စက်ခြင်းသည် မရှိမဖြစ်လိုအပ်သော ဇီဝကမ္မဖြစ်စဉ် (Biological Necessity) ဖြစ်သည်။

သို့သော် ယနေ့ခေတ် လူအများသည်
အလုပ်များခြင်း၊ စိတ်ပူပန်မှုများခြင်း၊ ဖုန်းအသုံးများခြင်းတို့ကြောင့် အိပ်ရေးပျက်နေကြသည်။

သိထားသင့်သော အိပ်စက်ခြင်းအချက်အလက်များ

🧠 ဦးနှောက်သန့်ရှင်းရေး

အိပ်ပျော်စဉ် Glymphatic System က ဦးနှောက်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။

🍷 *အရက်သောက်ထားသကဲ့သို့ ဖြစ်နိုင်သည်*

၂၄ နာရီ မအိပ်ဘဲနေခြင်းသည် ဦးနှောက်စွမ်းဆောင်ရည်ကို အရက်မူးနေသကဲ့သို့ ကျဆင်းစေနိုင်သည်။

📚 မှတ်ဉာဏ်စုစည်းမှု

အိပ်စက်စဉ် ဦးနှောက်က မှတ်ဉာဏ်များကို စနစ်တကျ စုစည်းပေးသည်။ အိပ်ရေးဝခြင်းသည် သင်ယူမှုကို အထောက်အကူပြုသည်။

🛠 ခန္ဓာကိုယ် ပြုပြင်တည်ဆောက်မှု

ည ၁၀ နာရီမှ မနက် ၂ နာရီအတွင်း
ဆဲလ်များ ပြုပြင်ခြင်းနှင့် ကိုယ်ခံအားစနစ် တည်ဆောက်ခြင်း အများဆုံး ဖြစ်ပေါ်သည်။

⸝

✨ Better Sleep, Better Life

“အိပ်ရေးပျက်လျှင် သုံးရက်နုံ” ဟု ရှေးစကားပုံတစ်ခုက ဆိုထားသည်။ အိပ်ရေးပျက်ခြင်းသည် ဉာဏ်ရည်နှင့် အာရုံစူးစိုက်မှုကို ထုံထိုင်းစေတတ်သည်။

အိပ်မပျော်ခြင်း၊ စိတ်ပူပန်မှုများကြောင့်
အနားယူမရသူများအတွက် —
ဤ World Sleep Day Special Session ကို စီစဉ်ထားပါသည်။

⸝

🩺 Part 1 – Dr. Kyawt (Left Brain Focus)
ဆေးပညာရှုထောင့်မှ
• Sleep Science
• Healthy Sleep Tips

🧠 Part 2 – HypnoCoach Zeya Moe Myint (Right Brain Focus)
• Live Guided Sleep Hypnosis
• Mind & Body Deep Relaxation Experience

⸝

အိပ်စက်ခြင်းသည် ဦးနှောက်နှင့် ခန္ဓာကိုယ်ကို Reset လုပ်ပေးသည့် အဖိုးတန်သော Biological Process ဖြစ်သည်။

ပိုမိုပြည့်စုံသော ဘဝအတွက်
World Sleep Day Special Session သို့ တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။

📅 နေ့ရက် – မတ်လ ၁၃ ရက် (သောကြာနေ့)
⏰ အချိန် – ည ၈:၀၀ (MMT)
📍 နေရာ – Zoom Meeting

Better Sleep → Better Mind → Better Life

Address

Yangon

Telephone

+959778420066

Website

Alerts

Be the first to know and let us send you an email when Healthier Happier Life Wellness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthier Happier Life Wellness Center:

Share