29/08/2024
မိုးရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေကြမလဲ?
မိုးရာသီရောက်ပြီဆိုတာနဲ့ ခဏခဏ ဖျားတတ်ကြတဲ့သူတွေရှိပါသလား။ မကြာခဏဖျားတယ်ဆိုတာ ကိုယ်ခံအားနည်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်မှ ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေဟာ အထူးသဖြင့် မိုးရာသီလိုမျိုး ပူနွေးစိုစွတ်တဲ့ အချိန်ကာလမျိုးမှာ လျှင်မြန်စွာ ပေါက်ပွားပြီး တစ်ဦးမှ တစ်ဦး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။
အအေးမိတုပ်ကွေးမှစလို့ ကူးစက်ရောဂါတွေကို ခန္ဓာကိုယ်မှ အလွယ်တကူ တိုက်ထုတ်နိုင်ရန်အတွက် ကိုယ်ခံအားကောင်းနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းအောင် ဘယ်လိုပြုမူနေထိုင်စားသောက်ရမယ်ဆိုတာကို မျှဝေပေးလိုက်ပါတယ်။
၁) အစားအသောက်
- ကိုယ်ခံအားကောင်းစေနိုင်သော အစားအသောက်များ ကို ရွေးချယ်စားသုံးပါ။
- Vit C, Vit E ပြည့်ဝသော အသီးအရွက်များ (ပန်းဂေါ်ဖီ၊ သင်္ဘောသီး၊ ချဉ်သောအသီးများ)၊ အရောင်ကျစေပြီး ပိုးသေစေသော အာနိသင်ရှိသည့် ကြက်သွန်ဖြူ၊ ချင်း၊ နနွင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါသော အစေ့အဆံများ၊ အူလမ်းကြောင်းကျန်းမာစေနိုင်သော ဒိန်ချဉ်ကဲ့သို့ Probiotics များ ကို စားသုံးပေးခြင်း။
- ရေဓာတ်ပြည့်ဝစွာနေခြင်း။
- သကြားစားသုံးခြင်းကို လျှော့ချခြင်း၊ အသင့်စားအစားအသောက်များကို လျှော့စားခြင်း။
၂) နေထိုင်မှု ပုံစံပြောင်းလဲခြင်း
သွေးလည်ပတ်မှု ကောင်းမွန်အောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ချိန် ၇ - ၈ နာရီထိအောင် အပြည့်အဝအိပ်ခြင်း၊ စိတ်ဖိစီးမှု နည်းအောင်နေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ခြင်း (အထူးသဖြင့် လက်ကိုစနစ်တကျ သေချာစွာ ဆေးကြောခြင်း) တို့ကို လုပ်ဆောင်သင့်ပါတယ်။
၃) ဖြည့်စွက်အားဆေးများ သောက်ပေးခြင်း
Vitamin C, D, Zinc နဲ့ Probiotic တို့ပါဝင်သော ဆေးများကို သောက်ပေးခြင်းဖြင့်လည်း ကိုယ်ခံစွမ်းအားကို တိုးတက်လာစေနိုင်ပါတယ်။
၄) လက်ဖက်စိမ်း ရေနွေးသောက်ပေးခြင်း
လက်ဖက်စိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းစေနိုင်ပါတယ်။
ဒါ့အပြင် မိုးရာသီမှာ ဖြစ်တတ်တဲ့ တုပ်ကွေးကို ကာကွယ်နိုင်ဖို့ တစ်နှစ်တစ်ခါ ကာကွယ်ဆေးထိုးတာမျိုးလည်း ဆောင်ရွက်လို့ရပါတယ်။ အအေးမိဖျားနာတာမျိုးဖြစ်ပြီဆိုရင်လည်း Triple actions ပါဝင်တဲ့ဆေးမျိုး (ဥပမာ- TIFFY) ကို သောက်ပေးခြင်းဖြင့်လည်း ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။