ကြယ်တံခွန် ဆေးဆိုင်

ကြယ်တံခွန် ဆေးဆိုင် We'll provide any things need related of medication, thanks.

Padiasure 1+ 850g (Vanilla) 75000 ပါ1 ဘူးရပါမယ် Exp date Mar 2024Padiasure 1+ 400g (Vanilla) 30000 ပါ1 ဘူးရပါမယ် Exp dat...
14/11/2023

Padiasure 1+ 850g (Vanilla) 75000 ပါ
1 ဘူးရပါမယ်
Exp date Mar 2024

Padiasure 1+ 400g (Vanilla) 30000 ပါ
1 ဘူးရပါမယ်
Exp date Feb 2024

Date နီးလို့ လျော့ပေးတာပါ

Company ပစ္စည်းပါ
ပုံပါ အတိုင်း ရပါမယ်
COD ၊ ရန်ကုန် ဆို Deli free ပါ
Ph: 09 970 196 511

#ကြယ်တံခွန်


သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာနေ့ ) 🙏🙏🙏ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့ နေ့ထူးနေ့မြတ်မှစ၍ဘေးရန်ကင်း...
29/10/2023

သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာနေ့ ) 🙏🙏🙏

ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါ‌တော်နေ့ နေ့ထူးနေ့မြတ်မှစ၍
ဘေးရန်ကင်းကြပါစေ
စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေကြောင်း ကြယ်တံခွန်မိသားစု မှ
ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏🙏

#သီတင်းကျွတ်လပြည့်
#အဘိဓမ္မာအခါတော်နေ့
#ကြယ်တံခွန်

Photo crd

07/05/2023

အရမ်းတွေဖျားနေကြတာ ကိုဗစ်ပြန်ဖြစ်နေတာလား။ ဘယ်လိုကာကွယ်ဆေးမျိုးတွေ ထိုးရမှာလဲ။

အခုတလော ဖျားတဲ့သူတွေ တော်တော်များလာတာ သတိထားမိကြမယ်ထင်တယ်။ ဘယ်သူ့ကြည့်ကြည့် ဖျားနေတယ်ဆိုတာချည်းပဲ။ ဒီအချိန်က တုပ်ကွေးရာသီတော့မဟုတ်သေးဘူး။ ကူးစက်ရောဂါတွေများတတ်တဲ့ မိုးရာသီလည်းမရောက်သေးဘူး။ အပူကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေလားဆိုတာတော့ ပြောရခက်တယ်။ ဒီတော့ ရန်သူတော်ကြီး ကိုဗစ်ကိုပဲ သံသယဖြစ်ရတော့မှာပဲ။ ဖျားတဲ့သူအများစုကတော့ မစစ်ကြည့်ကြဘူး။ စစ်ကြတဲ့သူတွေမှာလည်း ကိုဗစ်တွေ့တဲ့သူတွေ့တယ်။ မတွေ့တဲ့သူလည်းရှိတယ်။

ကိုဗစ်ဆိုရင်တော့ အခုချိန်မှာ ပြန့်နှုန်းအရမ်းမြင့်နေတဲ့ အိုမီခရွန်မျိုးကွဲ XBB.1.16 (Arcturus) - အာ့တူးရပ်စ်ဖြစ်ဖို့များတယ်။ တွေ့ရှိထားတာတွေအရတော့ သူကရှေ့မျိုးကွဲတွေထက် ကူးစက်မှုနှုန်းမြင့်တယ်။ ဒါပေမယ့် ပိုပြင်းထန်တယ်ဆိုတာမျိုးတော့မရှိဘူး။ ဒါကလည်း ကာကွယ်ဆေး ဘယ်လောက်ရထားလဲဆိုတာပေါ်မူတည်တယ်လို့တော့ပြောတယ်။ တကမ္ဘာလုံး ကယောက်ကယက်ဖြစ်လောက်တဲ့ အနေအထားတော့လည်းမဟုတ်ဘူး။ ဒါပေမယ့် ခုတွေ့ရသလောက်တော့ ဖျားတဲ့သူတွေမှာ
၁။ အဖျားတာရှည်တယ်။
၂။ ချောင်းဆိုး ချွဲကျပ် လည်ချောင်းနာပိုဆိုးတယ်။
၃။ တချို့တွေ မျက်စိနာတယ်။
၄။ ပျို့ချင်အန်ချင်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်။
၅။ ခေါင်းမူး ခေါင်းကိုက် ကိုယ်လက်တွေနာပြီး နုန်းတယ်။

ဒါတွေက ကာကွယ်ဆေးထိုးထားပြီးသားသူတွေမှာ ဖြစ်နေတာ။ လုံးဝမထိုးထားဘူး၊ ကိုယ်ခံအားမရထားဘူးဆိုရင်တော့ ပိုဆိုးနိုင်တယ်။ ဧပြီလတစ်လအတွင်း တကမ္ဘာလုံးမှာ လူနှစ်သောင်းလောက်ကိုဗစ်နဲ့သေတယ်။ အကုန်လုံးကတော့ ဒီမျိုးကွဲကြောင့်မဟုတ်ဘူး။ ကိုယ်ခံအားနည်းသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေးမထိုးထားသူတွေ ပိုပြီးရောဂါဒဏ်ကို ခံစားရတယ်။

အခုကတော့ ကာကွယ်ဆေးတွေထိုးကြဖို့ ပြန်ပြောနေကြတယ်။ လုံးဝမထိုးထားကြသူတွေကတော့ ထိုးကိုထိုးသင့်တယ်။ တစ်ခုတော့ရှိတာက ဘယ်ကာကွယ်ဆေးထိုးထားထိုးထား ဒီမျိုးကွဲက ကူးစက်နိုင်တယ်။ ဒါပေမယ့် ပြင်းထန်ဆိုးရွားတဲ့နောက်ဆက်တွဲတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ လက်ရှိမှာ ပိုက်ဆံချမ်းသာတဲ့နိုင်ငံတွေကတော့ Bivalent vaccine လို့ခေါ်တဲ့ နှစ်မျိုးစပ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနေကြပြီ။ နှစ်မျိုးစပ်ဆိုတာက အရင်စဖြစ်တဲ့ ကိုဗစ်မျိုးစိတ်ရော၊ အိုမီခရွန်မျိုးစိတ်ရောပါတဲ့ ကာကွယ်ဆေးတွေကို ခေါ်တာပါ။ ဥပမာ Pfizer, Moderna တို့က နှစ်မျိုးစပ်ကာကွယ်ဆေးတွေထုတ်နေကြပြီ (အဲဒီအမျိုးအစားတွေကိုပဲ အရင်ထိုးထားတာတွေက တစ်မျိုးတည်းတွေ)။

ကာကွယ်ဆေးထိုးထားလည်း ကူးနိုင်တယ် ဒါပေမယ့် ပြင်းထန်တာလျှော့ချနိုင်မယ်။ အရင် ကာကွယ်ရေးနည်းလမ်းတွေ အလုပ်ဖြစ်နေတုန်းပဲ။ မက်စ်တပ်တာ၊ လက်ဆေးတာ၊ လူအုပ်တွေရှောင်တာ၊ ဖျားနေရင် အပြင်မထွက်တာ၊ ကိုယ်ခံအားကောင်းအောင် အစားအသောက် အနေအထိုင်ဂရုစိုက်တာတွေ ဆက်လုပ်လို့ရတယ်။ လူကြားထဲသွားရင် မက်စ်တပ်ဖို့ ပြန်သတိပေးပါတယ်။ ကာကွယ်ဆေးမထိုးရသေးရင် ထိုးပါ။ နှစ်မျိုးစပ် ကာကွယ်ဆေးရနိုင်ရင် နှစ်မျိုးစပ်ကာကွယ်ဆေးထိုးပါ။ မရနိုင်လည်း ရှိတဲ့ကာကွယ်ဆေးသာ ထိုးထားပါ။

.Thurein Hiing Win

Address

No. 9/B, Waizayandar Road, Thingangyun Township
Yangon

Telephone

+959454928164

Website

Alerts

Be the first to know and let us send you an email when ကြယ်တံခွန် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကြယ်တံခွန် ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram