Aung Kaung Myat Dental Clinic
Aung Kaung Myat Dental Clinic "Smile while you still have teeth"
We are here to give our best services for your dental health.
🔴🔴DOH guideline checklist ✅✅🔺ချောင်းဆိုး - ၁ မှတ်🔺ချမ်း/တုန်   - ၁ မှတ် 🔺ဝမ်းပျက်/ဝမ်းလျှော - ၁ မှတ်🔺လည်ချောင်းနာ  - ၁ မ...
24/03/2020
🔴🔴DOH guideline checklist ✅✅
🔺ချောင်းဆိုး - ၁ မှတ်
🔺ချမ်း/တုန် - ၁ မှတ်
🔺ဝမ်းပျက်/ဝမ်းလျှော - ၁ မှတ်
🔺လည်ချောင်းနာ - ၁ မှတ်
🔺ကိုယ်လက်ကိုက်ခဲ - ၁ မှတ်
🔺ခေါင်းကိုက် - ၁ မှတ်
🔺အဖျား ၁၀၀ နှင့်အထက် - ၁ မှတ်
🔺အသက်ရှူမဝ/မော -၂ မှတ်
🔺နုံးချအားမရှိ - ၂ မှတ်
🔺လွန်ခဲ့သော၁၄ရက်အတွင်း ခရီးသွားခဲ့ခြင်း - ၃ မှတ်
🔺ရောဂါဖြစ်ပွားသောဒေသသို့ သွားခဲ့ခြင်း - ၃ မှတ်
🔺ရောဂါဖြစ်ပွားသူအား အနီးကပ်ပြုစုခြင်း - ၃ မှတ်
🔴ဝ-၂ မှတ် စောင့်ကြည့်
🔴၃-၅ မှတ် ရေများများသောက်/
ကိုယ်ခံအားကောင်းအောင်နေ/
နောက်နှစ်ရက်စောင့်ကြည့်
🔴၆-၁၂ မှတ် ဆေးခန်းပြ/ဆရာဝန်နှင့်ဆွေးနွေး
🔴၁၂-၂၄ မှတ် သက်ဆိုင်ရာသို့ ဆက်သွယ်
🚨🚨🚨ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက မြန်မာပြည်အတွင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။ ✔️✔️✔️
🚨🚨🚨Public Health Emergency Operation Center (ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေး ဌာန) 067- 3420268
🚨🚨🚨Yangon Regional Department of Public Health (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-449001261, 09-794510057
🚨🚨🚨Mandalay Regional Department of Public Health (မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-2000344, 09-43099526
🚨🚨🚨Yangon Airport Health Quarantine Unit 09-799983833
😉Feel the Difference😉 အခု တင်ထားတဲ့postလေးမှာရှိတဲ့ ပုံ၂ပုံရဲ့ ကွဲပြားခြားနားမှုကို ခံစားကြည့်ပါဗျ။ ပထမပုံနဲ့ ဒုတိယပုံရဲ့...
20/07/2019
😉Feel the Difference😉
အခု တင်ထားတဲ့postလေးမှာရှိတဲ့ ပုံ၂ပုံရဲ့ ကွဲပြားခြားနားမှုကို
ခံစားကြည့်ပါဗျ။ ပထမပုံနဲ့ ဒုတိယပုံရဲ့ ကွဲပြားခြားနားမှုက အတိုင်းမသိပါဘဲ့။
ဒီcaseလေးက သွားတွေကခေါပြီး ကျဲနေလို့အားရပါးရ ရီမောဖို့တောင် ကိုယ့်ကိုကို ယုံကြည်မှုမရှိလို့ လာရောက်ပြုပြင်တာပါ။ သွားခေါပြီး သွားကျဲနေတာကို သွားညှိကုသမှုခံယူဖို့ပြောပေမဲ့
အချိန်မပေးနိုင်လို့ အကောင်းစားကြွေသွား ( Porcelain fused to Zirconia )စွပ်ပြီးကုသမှုပေးထားတဲ့ case လေးပါ။
ကွမ်းစားထားလို့ သွားအရောင်မလှမပဖြစ်နေတာကိုသွားသန့်ရှင်းရေး ပြုလုပ်ပေးပြီး အောက်သွားတွေကျဲနေတာကိုလည်း
အကောင်းစား သွားဖာတဲ့ဆေးကိုအသုံးပြုပြီး ပြုပြင်ပေးထားပါတယ်။
👱👱 Patient ကတော့သူမျှော်လင့်ထားသလို သွားလေးတွေ ညီညီညာညာနဲ့ လှလှပပလေး ဖြစ်သွားတော့ အတိုင်းမသိပျော်ရွှင်နေပါတယ်။ အခုလိုမျိုး သွားလေးတွေ မလှမပဖြစ်နေလို့ အားရပါးရရီမောဖို့ မိမိကိုယ်ကို ယုံကြည်ချက်ပျောက်ဆုံးနေလို့ ပြုပြင်ချင်ရင်တော့ ကျွန်တော်တို့ အောင်ကောင်းမြတ် သွားနှင့်ခံတွင်းဆေးခန်းကို သတိရလိုက်ပါဗျ။
ဆေးခန်းလိပ်စာ 🏙
📱၀၉၃၀၀၀၅၆၂၄၊ ၀၉၅၁၀၂၀၀၈
၂။ အမှတ် ၆၀/၇၀၊ အခန်း ၀၀၁၊ မြေညီထပ်၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ၀၁-၂၃၁၄၃၈၉၊ 📱၀၉၄၄၈၈၈၈၄၈၈၊ ၀၉၅၁၀၂၀၀၈
🕰ဆေးခန်းဖွင့်ချိန်🕰
နေ့စဉ် နံနက် (၉:၀၀)နာရီ မှ ည (၈:၃၀)နာရီ ထိ
လူကြီးမင်းများ၏တန်ဖိုးရှိသောအချိန်များ မကုန်ဆုံးစေရန် ဖုန်းဖြင့်ဆက်သွယ်၍ကြိုတင်ရက်ချိန်း ရယူနိုင်ပါသည်။
26/06/2019
Laser Teeth Whitening ( သွားဖြူအောင်ပြုလုပ်ခြင်း)   ယနေ့ ခေတ်မှာလူအတော်များများဟာအလှအပကို ဦးစားပေးလာသလို သွားအလှအပကိုလည...
24/06/2019
Laser Teeth Whitening ( သွားဖြူအောင်ပြုလုပ်ခြင်း)
ယနေ့ ခေတ်မှာလူအတော်များများဟာအလှအပကို ဦးစားပေးလာသလို သွားအလှအပကိုလည်း ဦးစားပေးလာကြပါပြီ။ မိမိတို့၏ဝါနေသောသွားများ ညိုညစ်ညစ်ဖြစ်နေသောသွားများကြောင့် အားရပါးရရီမောဖို့ မိမိကိုယ်ကိုယုံကြည်မှုမရှိသူများအတွက် Laser Teeth Whitening ( သွားဖြူအောင်ပြုလုပ်ခြင်း) ဆိုတဲ့ နည်းပညာလေးပေါ်လာပါပြီ။
Laser Teeth Whitening ဆိုတဲ့ သွားကိုဖြူအောင်ပြုလုပ်ပေးတဲ့နည်းပညာက သွားရဲ့အတွင်းပိုင်းအထဲမှာရှိတဲ့ အစွန်းအထင်းတွေ အရောင်အဆင်းပျက်ပြယ်နေတဲ့ အစိတ်အပိုင်းတွေကိုဖယ်ရှားပေးပြီးသွားကိုဖြူစင်စေပါတယ်။ အချိန်တနာရီကျော်ကျော်ပေးရုံဖြင့် ဖြူစင်တောက်ပသောသွားများဖြင့် အလှပဆုံးသောအပြုံးများကို ပြန်လည်ပိုင်ဆိုင်နိုင်ပါပြီ။ USA နိုင်ငံထုတ်ဆေးများနှင့် Laser Whitening Machine ကိုအသုံးပြု၍ သင့်တင့်မျှတသောဈေးနှူန်းဖြင့် ကုသမှုပေးနေပါပြီ။
Laser Teeth Whitening ကိုသွားဝါနေသူများ သွားအရောင်ညိုညစ်ညစ်ဖြစ်နေသူများ ကွမ်းစား၍သွားသန့်ရှင်းရေးပြုလုပ်ပြီးသော်လည်းသွားအရောင်ဝါနေသေးသောသူများ ကုသမှုခံယူနိုင်ပါသည်။ Tetracycline Staining ကဲ့သို့ပိုးသတ်ဆေးအကြာကြီးစွဲသောက်၍ သွားအရောင်ပြောင်းနေသောသူများသည် Laser Teeth Whitening အစားအခြားကုသမှုကိုခံယူသင့်ပါသည်။
ကွမ်းစားသောသူများနှင့် သွားဖုံးရောင်ရမ်းနေသူများသည် Laser Teeth Whitening မပြုလုပ်မှီ သွားနှင့်ခံတွင်းသန့်ရှင်းရေး ( Scaling ) ပြုလုပ်ရန်လိုအပ်ပါသည်။ Laser Teeth Whitening ပြုလုပ်ပြီး အချို့ သောသူများတွင် တရက်ခန့်သွားကျဉ်တတ်ခြင်း နာရီဝက်ခန့်သွားဖုံးဖြူခြင်း အချိန်အနည်းငယ်ကြာသွားဖုံးစပ်ခြင်းများ ဖြစ်နိုင်ပါသည်။
Laser Teeth Whitening Treatment ခံယူပြီးသူများလိုက်နာရန်
(1) သွားဖြူအောင်ပြုလုပ်ပြီးတပတ်အတွင်း Tea, Coffee, Overtine, Milo ကဲ့သို့ Hot Drink များ ... Pepsi, Coca cola, Sunkist ကဲ့သို့အရောင်ပါသော Cold Drink များသောက်သုံးခြင်းကို ရှောင်ကြဉ်ရမည်။
(2) ဆိုးဆေးပါသောအစားအစာများ ( ဥပမာ ငရုတ်ဆီ အချည်ရည်) စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည်။
Laser Teeth Whitening ပြုလုပ်ခြင်းသည် အမြဲတမ်းဖြူအောင်ပြုလုပ်ခြင်းမဟုတ်ပါ။ သွားဖြူအောင်ပြုလုပ်ခြင်းသည် 1နှစ်မှ3နှစ်အထိခံနိုင်သည်ဟုဆိုသော်လည်း ဆိုးဆေးပါသောအစားအစာများနှင့် အဖျော်ယမကာများသောက်သုံးခြင်းကြောင့် မိမိတို့၏သွားအရောင်ဖြူနေတာများသည် ပြန်လည်အရောင်လျော့သွားနိုင်ပါသည်။ ထိုသို့ဖြစ်လာပါကလိုအပ်လျှင် နောက်တကြိမ်ပြန်လည်ပြုလုပ်ရန် သို့မဟုတ် Self Whitening နည်းဖြင့် အနည်းငယ်ပြန်လည်ဖြည့်စွက်ရန်လိုအပ်ပါသည်။
Laser Teeth Whitening ပြုလုပ်ခြင်းကို အောင်ကောင်းမြတ်သွားနှင့်ခံတွင်းဆေးခန်းတွင် သင့်တင့်မျှတသောဈေးနှူန်းဖြင့် ကုသမှူခံယူနိုင်ပါပြီ။ အသေးစိတ်သိရှိလုသည်များကို Chat Box မှတဆင့်မေးမြန်းနိုင်ပါသည်။ 095102008 ကိုဆက်သွယ်ပြီးတော့ ဆေးခန်းဖွင့်ချိန် နေ့စဉ် နံနက် 9:00 နာရီမှ ည 8:00 နာရီအတွင်းမေးမြန်းနိုင်ပါသည်။
ဆေးခန်းလိပ်စာ 🏙
📱၀၉၃၀၀၀၅၆၂၄၊ ၀၉၅၁၀၂၀၀၈
၂။ အမှတ် ၆၀/၇၀၊ အခန်း ၀၀၁၊ မြေညီထပ်၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
📞 ၀၁-၂၃၁၄၃၈၉၊ 📱၀၉၄၄၈၈၈၈၄၈၈၊ ၀၉၅၁၀၂၀၀၈
🕰ဆေးခန်းဖွင့်ချိန်🕰
နေ့စဉ် နံနက် (၉:၀၀)နာရီ မှ ည (၈:၃၀)နာရီ ထိ
လူကြီးမင်းများ၏တန်ဖိုးရှိသောအချိန်များ မကုန်ဆုံးစေရန် ဖုန်းဖြင့်ဆက်သွယ်၍ကြိုတင်ရက်ချိန်း ရယူနိုင်ပါသည်။
 #တပေါင်းလပြည့်နေ့_ဆွမ်းဆန်စိမ်းအစဉ်အလာ မပြတ် နှစ်စဉ် ဆွမ်းဆန်စိမ်းအလှူတော် အမျှကုသိုလ် ပေးဝေပါ၏ ....
20/03/2019
#တပေါင်းလပြည့်နေ့_ဆွမ်းဆန်စိမ်း
အစဉ်အလာ မပြတ် နှစ်စဉ် ဆွမ်းဆန်စိမ်းအလှူတော်
အမျှကုသိုလ် ပေးဝေပါ၏ ....
မင်္ဂလာပါ ခင်ဗျာကျွန်တော်တို့ ဆေးခန်းနဲ့ ချိတ်ဆက်ပြီး Kasemrad International Hospital မှာ ဆေးကုသမှုခံယူနိုင်ပါပြီ ခင်ဗျား...
16/03/2019
မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်တို့ ဆေးခန်းနဲ့ ချိတ်ဆက်ပြီး Kasemrad International Hospital မှာ ဆေးကုသမှုခံယူနိုင်ပါပြီ ခင်ဗျား.....
လေယာဉ် လက်မှတ် နဲ့ နေထိုင်ဖို့ပါ စီစဉ်ပေးမယ့် အပြင် လေဆိပ် အကြိုအပို့လည်း လုပ်ပေးဦးမှာ ဖြစ်ပါတယ် ...မြန်မာစကားပြန် လည်း ရှိပါတယ်
Promotion လေးလဲ ရှိတာမို့လို့ အမြန်ဆုံး ဆက်သွယ်လိုက်ပါနော်
ဆက်သွယ်ရန်
KIH မြန်မာပြည်ကိုယ်စားလှယ်ရုံး
Dr.အောင်မျိုးမင်း
အောင်ကောင်းမြတ် သွားနှင့်ခံတွင်းဆေးခန်း
အမှတ် ၆၀/၇၀၊ ငုဝါလမ်း ၊အလုံမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း📱: ၀၉၉၆၅၁၀၂၀၀၈၊ ၀၉၆၉၅၁၀၂၀၀၈
  ’sDay
08/03/2019
’sDay
Found on Google from depositphotos.com
သီတင်းကျွတ်အထူးအစီအစဉ် ( 15% off )  ကျွန်တော်တို့ အောင်ကောင်းမြတ် သွားနှင့်ခံတွင်းဆေးခန်းမှ ဝါလ ကင်းလွတ် သီတင်းကျွတ်ကာလ...
03/10/2018
သီတင်းကျွတ်အထူးအစီအစဉ် ( 15% off )
ကျွန်တော်တို့ အောင်ကောင်းမြတ် သွားနှင့်ခံတွင်းဆေးခန်းမှ ဝါလ ကင်းလွတ် သီတင်းကျွတ်ကာလတွင် အလှူမင်္ဂလာပွဲ ဆင်နွဲကြမည့်သူများ၊ အလှူမင်္ဂလာပွဲသို့ ကြွရောက်ချီးမြင့်ကြမည့်
ဧည့်သည်တော်များအတွက် အထူးအစီအစဉ်လေး စီစဉ်ပေးထားပါတယ်။
အထူးအစီအစဉ်အနေဖြင့် သွားနှင့်ခံတွင်း စစ်ဆေးခြင်း (Dental Check up)ကို အခမဲ့ပြုလုပ်ပေးနေပြီး အောက်ဖော်ပြပါကုသမှုများအားလုံးကို အောက်တိုဘာလ နှင့်
နိုဝင်ဘာလများတွင် ၁၅% ဈေးလျှော့ပေးမည်ဖြစ်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
၁။ သွားကြွေလွှာကပ်ခြင်း
( Teeth Veneering )
၂။ သွားဖြူအောင်ပြုလုပ်ခြင်း
( Teeth Whitening Treatment )
၃။ သွားအသေစိုက်ခြင်း
( Crown and Bridge )
၎။ သွားအရှင်စိုက်ခြင်း
( Removable Denture )
၅။ သွားအကြောထုတ်ကုသခြင်း
( Root Canal Treatment )
၆။ သွားညှိကုသခြင်း
( Orthodontic Treatment )
[ Invasalign & Traditional Bracket Method]
၇။ သွားဖာခြင်း
( Tooth Colour Filling )
၈။ သွားနှင့်ခံတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း
( Oral Prophylaxis )
၉။ သွားနှုတ်ခြင်း
( Tooth Extraction )
၁၀။ သွားစိန်ကပ်ခြင်း
( Skycee Placement )
ရောဂါပိုးမွားများကူးစက်ခြင်းမှကင်းဝေးစေရန်အတွက် ဖိအားသုံးပိုးသန့်စင်စနစ် (Autoclave)ကို အသုံးပြု၍ ပိုးသတ်ထားသော ပစ္စည်းများကိုသာအသုံးပြုခြင်း၊ ကျယ်ဝန်း၍သန့်ရှင်းသောကုသခန်းနှင့်အတူ ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ ကုသမှုပေးခြင်း၊ လူနာများ သက်တောင့်သက်သာနားနေနိုင်ရန်အတွက်
waiting room စီစဉ် ထားရှိပေးခြင်းတို့အပြင် ကျွမ်းကျင်သောဆရာဝန်များမှ ကုသမှုပေးနေပါသည်။
ဆေးခန်းလိပ်စာ
📱ဖုန်း- ၀၉၃၀၀၀၅၆၂၄၊ ၀၉၅၁၀၂၀၀၈
၂။ အမှတ် ၆၀/၇၀၊ အခန်း ၀၀၁၊ မြေညီထပ်၊ ငုဝါလမ်း၊ အလုံ
📞ဖုန်း-၀၁-၂၃၁၄၃၈၉၊ 📱၀၉၄၄၈၈၈၈၄၈၈၊ ၀၉၅၁၀၂၀၀၈
🕰ဆေးခန်းဖွင့်ချိန်🕰
နေ့စဉ် နံနက် (၉:၀၀)နာရီ မှ ည (၈:၃၀)နာရီ ထိ
လူကြီးမင်းများ၏တန်ဖိုးရှိသောအချိန်များ မကုန်ဆုံးစေရန် မိမိပြသလိုသောဆေးခန်းသို့ ဖုန်းဖြင့်ဆက်သွယ်၍ကြိုတင်ရက်ချိန်း ရယူနိုင်ပါသည်။
Address
Branch (1) တိုက်၇၊ အခန်း ၀၀၂၊ မြေညီထပ်၊ လိပ်ကန်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
Yangon
11171
Opening Hours
Monday 09:00 - 19:30
Tuesday 09:00 - 19:30
Wednesday 09:00 - 19:30
Thursday 09:00 - 19:30
Friday 09:00 - 19:30
Saturday 09:00 - 19:30
Sunday 09:00 - 18:30
Telephone
95930005624
Website
Alerts
Be the first to know and let us send you an email when Aung Kaung Myat Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram