Art of Healing

Art of Healing Healing minds through art, empathy, and awareness. We create a safe and creative space to express emotions, find calm, and grow stronger.

Your journey to mental wellness and inner peace starts here. MISSION
The mission of Art of Healing is to enhance mental health awareness, promote individual empowerment, and increase access to treatment and services for persons living with mental illness. We work to help people by serving mental health, child psychology, parenting education and community support needs through direct service, polic

y advocacy, and outreach. VISION
Our vision is to improve the lives of those living with mental illness and provide emotional wellness for individuals and families as we strive to deliver services and support necessary to improve the quality of life for children, youth, and adults with mental illness and addictive disorders.

🌿 Aprill: Stress Awareness Month 🌿ဧပြီလကို Stress Awareness Month အဖြစ် ၁၉၉၂ ခုနှစ်ကစပြီး သတ်မှတ်ထားပါတယ်။ သတ်မှတ်ရခြင်း...
01/04/2026

🌿 Aprill: Stress Awareness Month 🌿

ဧပြီလကို Stress Awareness Month အဖြစ် ၁၉၉၂ ခုနှစ်ကစပြီး သတ်မှတ်ထားပါတယ်။ သတ်မှတ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စိတ်ဖိစီးမှုနဲ့ ပတ်သက်ပြီး လူထုအသိပညာ တိုးပွါးပြီး လူတဦးချင်းစီတိုင်း စိတ်ကျန်းမာရေးကိစ္စများကို ပွင့်လင်းမြင်သာစွာ ပြောဆိုဆွေးနွေးနိုင်စေဖို့ ဖြစ်ပါတယ်။

💭 စိတ်ဖိစီးမှုဆိုတာ…
စိတ်ဖိစီးမှုဆိုတာ ဖိအားများနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့အတွက် ခန္ဓာကိုယ်က အလိုအလျောက် ပြင်ဆင်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ အနည်းငယ်ရှိခြင်းဟာ မိမိကို ဖြတ်လတ်သတိရှိနေစေဖို့ အထောက်အကူပြုပေမဲ့ အရမ်းများရင် ဒါမှမဟုတ် အချိန်အကြာကြီး အဆက်မပြတ်ရှိနေရင်တော့ စိုးရိမ်ပူပန်လွန်ကဲမှုနဲ့ မောပန်းနွမ်းနယ်မှုတို့ ဖြစ်စေနိုင်ပါတယ်။

⚠️ စိတ်ဖိစီးမှုလက္ခဏာများ
- အိပ်မပျော်ခြင်း သို့မဟုတ် အမြဲတမ်းမောပန်းနေခြင်း
- စိတ်ဆတ်ခြင်း သို့မဟုတ် စိတ်မငြိမ်မသက်ဖြစ်ခြင်း
- အာရုံစူးစိုက်ခက်ခြင်း
- ခေါင်းကိုက်ခြင်း သို့မဟုတ် ကြွက်သားတင်းမာခြင်း
- စိတ်ဓာတ်ကျခြင်း

🧠 ဘာကြောင့် awareness လိုအပ်သလဲ
စိတ်ဖိစီးမှုအကြောင်း အသိရှိရင် မိမိရဲ့ စိတ်ကျန်းမာရေး မထိခိုက်ခင်မှာ အကောင်းဆုံး တုံ့ပြန်ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ အသိဆိုတာ စိတ်ဖိစီးမှု လုံးဝမရှိစေဖို့ မဟုတ်ပါဘူး။ သင့်တော်တဲ့ နည်းလမ်းတွေနဲ့ အကောင်းဆုံးကိုင်တွယ်ဖို့ပါ။

🌱 စိတ်ဖိစီးမှုကို ကိုင်တွယ်ဖို့ အရိုးရှင်းဆုံး နည်းလမ်းများ
- အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်ပါ
- လမ်းလျှောက်ပါ၊ အကြောလျှော့ပါ၊ လေ့ကျင့်ခန်းလုပ်ပါ
- ယုံကြည်ရသူ တဦးနဲ့ စကားပြောပါ
- စိတ်ဖိစီးစရာ အလုပ်တွေ လုပ်တဲ့အခါ အချိန်တိုအနားယူဖို့ မမေ့ပါနဲ့
- ကိုယ့်ကိုယ်ကိုယ် ကြင်နာဂရုစိုက်ပါ

✨ Art of Healing မှာ
ကျနော်တို့ Art of Healing မှာ ဧပြီလအတွင်း Stress နဲ့ ပတ်သက်ပြီး အတူတူ လေ့လာ၊ ကျင့်ကြံရင်း စကားပြောလို့ရမဲ့ workshop လေးတွေ လုပ်ဖို့ရှိပါတယ်။ အခုလောလောဆယ်တော့ ၁၉ ရက်နေ့မှာ တခုရှိပါမယ် (link ကို comment မှာ ကြည့်ပါ)။ စိတ်ပါဝင်စားတယ်ဆိုရင် လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုအပြင် စိတ်အခြေအနေအမျိုးမျိုးအတွက် ကောင်ဆယ်လင်းပေးပါတယ်။ အလိုရှိရင် messenger ကို လာခဲ့ပါနော်။

🤝 Remember
သင်တယောက်ထဲ အရာရာတိုင်းမှာ ရုံးကန်နေစရာ မလိုပါဘူး။ လိုအပ်တဲ့ အကူအညီတောင်းခြင်းဟာ သန်မာခြင်းတမျိုး ဖြစ်ပါတယ်။

🌿 “Let It Flow: Stress Relief through Art🎨 Free Online Expressive Art Therapy Workshopနေ့စဉ်ဘဝထဲမှာ စိတ်ဖိစီးမှုတွေ၊ မပြ...
29/03/2026

🌿 “Let It Flow: Stress Relief through Art

🎨 Free Online Expressive Art Therapy Workshop

နေ့စဉ်ဘဝထဲမှာ စိတ်ဖိစီးမှုတွေ၊ မပြောဖြစ်တဲ့ခံစားချက်တွေကို ပန်းချီကနေ တဆင့် ဖော်ထုတ်ချင်ပါသလား?

ယခု workshop မှာ
✨ စိတ်ဖိစီးမှု လျော့ချပေးနိုင်တဲ့ art activities
✨ ခံစားချက်တွေကို အန္တရာယ်မရှိပဲ ဖော်ထုတ်နိုင်တဲ့ safe space
✨ ကိုယ်တိုင်ကိုယ်ကျ care လုပ်နည်းတွေ
ကို လေ့လာရပါမယ်။

🗓 Date: 19. 4. 2026
⏰ Time: 7:00-8:30 PM
💻 Platform: Zoom
💵 Fees: [Free]

🎒 လိုအပ်သော ပစ္စည်းများ
• စက္ကူ
• အရောင်စုံခဲတံ/ pen
• တိတ်ဆိတ်သောနေရာ

🍀 မည်သူတွေပါဝင်သင့်လဲ

• စိတ်ဖိစီးနေသူများ
• ကိုယ့်ကိုယ်ကိုယ် နားလည်ချင်သူများ
• Art ကို အသုံးပြုပြီး healing လုပ်ချင်သူများ

📩 Register – Messenger

💛 “You don’t need to be good at art. Just be willing to express.”

မကြာခင်မှာ စာရင်းလေးပိတ်တော့မှာ ဖြစ်လို့ PFA သင်တန်း တက်ရောက်လိုများအနေနှင့် စာရင်းပေးဖို့ ထပ်မံကြော်ငြာပေးလိုက်ပါတယ်ရှင...
28/03/2026

မကြာခင်မှာ စာရင်းလေးပိတ်တော့မှာ ဖြစ်လို့ PFA သင်တန်း တက်ရောက်လိုများအနေနှင့် စာရင်းပေးဖို့ ထပ်မံကြော်ငြာပေးလိုက်ပါတယ်ရှင် …။

🌱 ဘာကြောင့် ကောင်ဆယ်လင်း ယူမလဲ 🌱🌱 လူတွေအနေနဲ့ စိတ်ကုထုံး/ကောင်ဆယ်လင်း ခံယူဖို့ ရှာဖွေလာဖြစ်စေတဲ့ အဓိကအကြောင်းရင်းတခုကတော...
22/03/2026

🌱 ဘာကြောင့် ကောင်ဆယ်လင်း ယူမလဲ 🌱

🌱 လူတွေအနေနဲ့ စိတ်ကုထုံး/ကောင်ဆယ်လင်း ခံယူဖို့ ရှာဖွေလာဖြစ်စေတဲ့ အဓိကအကြောင်းရင်းတခုကတော့ သူတို့ဘဝထဲမှာ တစုံတရာက ပိတ်မိနေသလို ခံစားရခြင်းပါ။ ထပ်တလဲလဲ ဖြစ်နေတဲ့ ဆက်ဆံရေးပုံစံတွေ၊ ဘာကြောင့်မှန်းမသိတဲ့ ဗျာပါရတွေ၊ အခြေအနေအရ ဖြစ်သင့်တာထက် လွန်ကဲတဲ့ စိတ်ခံစားချက်တွေ၊ ဒါတွေကို သတိပြုမိတဲ့အခါတွေပေါ့။ ကောင်ဆယ်လင်းဆိုတာဟာ တနည်းပြောရရင် ဒါတွေကို အသေအချာ လေ့လာနားလည်နိုင်မဲ့ အခြေအနေကို ဖန်တီးခြင်းဖြစ်ပါတယ်။

🌱 စိတ်ကုထုံးရဲ့ အခြေခံအယူအဆတခုကတော့ ကျနော်တို့ရဲ့ အတွေးတိုင်း၊ ခံစားချက်တိုင်းဟာ ကျနော်တို့ရဲ့ သိနားလည်ဘောင်ထဲမှာ ရှိနေတာ မဟုတ်ဘူး ဆိုတာပါပဲ။ ဘဝရဲ့ အစောဆုံးအတွေ့အကြုံတွေ၊ အထူးသဖြင့် ကလေးဘဝက အတွေ့အကြုံတွေဟာ ကျနော်တို့ရဲ့ အမြင်နဲ့ မျှော်လင့်ချက်တွေကို ပုံသွင်းပေးပါတယ်။ ဥပမာ အမြဲတမ်း ဝေဖန်ခံရတယ်လို့ ခံစားရင်း ကြီးပြင်းလာသူက သဘောထားမတိုက်ဆိုင်မှု ဖြစ်တဲ့အခါ ဆတ်ဆတ်ထိမခံဖြစ်တယ်၊ ငယ်စဉ်အခါက စွန့်ပယ်မှုကို တွေ့ကြုံခဲ့ရသူရဲ့ စိတ်ထဲမှာ လူတိုင်း တနေ့တော့ မိမိကို စွန့်သွားမှာလို့ အရိုးစွဲယုံကြည်ရင်း လူတွေနဲ့ တရင်းတနီးနေဖို့ ခက်ခဲတယ်။ ဒါမျိုးပုံစံတွေဟာ ဘယ်ကဘယ်လို ဖြစ်မှန်း အသေအချာ မသိရဘဲ အလိုအလျောက် ဖြစ်လေ့ရှိပါတယ်။

🌱 စကားပြောခြင်း၊ တွေးခေါ်ထင်ဟပ်ခြင်းတို့ကနေတဆင့် ကောင်ဆယ်လင်းဟာ အတိတ်အတွေ့အကြုံတွေနဲ့ လက်ရှိအခက်အခဲတွေကို ချိတ်ဆက်မြင်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီလိုနဲ့ တစစ အမြင်ရှင်းလာခြင်းဟာ တချိန်က ဝေဝါးစေခဲ့တဲ့ ခံစားချက်တွေ၊ တုံ့ပြန်ပုံတွေရဲ့ အဓိပ္ပာယ်ကို သိနားလည်လက်ခံဖို့ လမ်းစပါပဲ။ ဒီကနေမှ မတူညီတဲ့ ပုံစံတွေနဲ့ ဘဝဖြစ်စဉ်တွေကို ချဉ်းကပ်နိုင်မှာဖြစ်တယ်။

🌱 ကောင်ဆယ်လင်းဆိုတာ စိတ်ခံစားချက် ပြေလျော့စေဖို့တင် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းဟာလည်း ကောင်ဆယ်လင်းရဲ့ အဓိကရည်ရွယ်ချက်တခုဖြစ်တယ်။ မိမိအတိတ်ဟာ လက်ရှိဘဝကို ဘယ်လိုစိုးမိုးတယ်ဆိုတာ သိနားလည်လက်ခံလာတဲ့အခါ ပစ္စုပ္ပန်မှာလည်း အခြေအနေတွေကို တုံ့ပြန်ရုံမဟုတ်ဘဲ အဓိပ္ပာယ်ရှိတဲ့ ရွေးချယ်မှုတွေကို ချမှတ်နိုင်စွမ်းတွေ ရလာပါတယ်။ ဒီတော့ ကောင်ဆယ်လင်းဆိုတာ ပိုမိုကျယ်ပြန့်တဲ့ သိနားလည်မှုနဲ့ လွတ်လပ်မှုတို့ ရနိုင်အောင် ကူညီပေးပါတယ်။

🌱 🌱 🌱 ကောင်ဆယ်လင်းနဲ့ အခြားသော စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ရယူလိုပါက Art of Healing ရဲ့ chatbox မှာ စုံစမ်းလိုက်ပါ။ 🌱 🌱 🌱

[Myanmar]🧠 အခမဲ့ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုသင်တန်း 🆓သင့်အသိုက်အဝန်းကိုသင် ကူညီထောက်ပံ့ဖို့ အသင့်ပဲလား။အကျပ်အတည်းကြု...
19/03/2026

[Myanmar]

🧠 အခမဲ့ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုသင်တန်း 🆓

သင့်အသိုက်အဝန်းကိုသင် ကူညီထောက်ပံ့ဖို့ အသင့်ပဲလား။
အကျပ်အတည်းကြုံနေရသူများကို စိတ်ပိုင်းဆိုင်ရာ အကူအညီနှင့် လက်တွေ့အကူအညီများ ဘယ်လိုပေးအပ်ရမယ်ဆိုတာ လေ့လာလိုက်ပါ။

✨ သင်တန်းတွင် သင်ယူရမည့်အရာများ

✅ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကို သတိပြုမိနိုင်စွမ်း
✅ ထောက်ပံ့ကူညီမှုပေးရန် ထိရောက်သောနည်းလမ်းများ
✅ မိမိကိုယ်တိုင်နှင့် အခြားသူများတွင် စိတ်ကြံ့ခိုင်မှု တည်ဆောက်ခြင်း
✅ စိတ်ဖိစီးစရာအခြေအနေများတွင် တည်ငြိမ်အောင် နေထိုင်နည်းများ

📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂၊ ၁၃၊ ၁၄ ရက်
📍 နေရာ - အွန်လိုင်း (Zoom)
⏳ ကြာချိန် - ၃ ရက် (တစ်ရက်လျှင် ၂ နာရီ)
🎓 အသိအမှတ်ပြုလက်မှတ် ပေးအပ်မည်။

🔹 တက်ရောက်နိုင်သူများ - မည်သူမဆို
🔹 အတွေ့အကြုံ မလိုအပ်ပါ။

💙 အခြားသူများကို ကူညီခြင်းရဲ့ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပါ။
စာရင်းသွင်းရန် လင့်ခ် - https://forms.gle/r76nUoMKkXvBRgmG7
💙 ယခုပဲ စာရင်းသွင်းလိုက်ပါ။

[English]

🧠 Free Psychological First Aid Training! 🆓

Are you ready to make a difference in your community?

Learn how to provide emotional support and practical help to those in crisis!

✨ What You’ll Learn:
✅ How to recognize emotional distress
✅ Effective ways to offer support
✅ Building resilience in yourself and others
✅ Techniques to stay calm in stressful situations

📅 Date: 12/13/14 April 2026
📍 Location: Online ( Zoom Platform )
⏳ Duration: 3days ( 2 hours per day )
🎓 Certification Provided!

🔹 Who Can Attend? Everyone!

🔹No prior experience needed.

💙 Take the first step in helping others!

Registration link : https://forms.gle/r76nUoMKkXvBRgmG7

💙 Register now

18/03/2026

🎙️ထွေရာလေးပါး စကားဝိုင်း 🎙️

🎨 Art Therapy အကြောင်း ဆွေးနွေးထားပါတယ်ရှင်။ ကျမတို့ရဲ့ အတွေ့အကြုံတွေရယ်၊ Art Therapy အပေါ် အမြင်တွေရယ်၊ သူ့ရဲ့ကောင်းကျိုးတွေ၊ ဘယ်သူတွေအတွက် ကောင်းကျိုး ရရှိစေသလဲဆိုတာလေးတွေ …။

🎨 Art Therapy အကြောင်း စိတ်ဝင်စားသူများ နားဆင်ကြည့်ဖို့ လေးစားစွာနှင့် ဖိတ်ခေါ်ပါရစေရှင်။

🎨 Art Therapy နှင့် ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ ရှိရင်လည်း commentမှာ ဝေမျှပေးသွားပါဦးနော်…။

#ထွေရာလေးပါးစကားဝိုင်း

17/03/2026

Floral Art Therapy

Floral Art Therapy ဆိုတာ …💐 သဘာဝတရားက ဖန်တီးပေးထားတဲ့ ဖွဲ့စည်းပုံမျိုးစုံ၊ အလှတရားမျိုးစုံ၊ အရောင်အသွေးမျိုးစုံနဲ့ ပန်းက...
16/03/2026

Floral Art Therapy ဆိုတာ …

💐 သဘာဝတရားက ဖန်တီးပေးထားတဲ့ ဖွဲ့စည်းပုံမျိုးစုံ၊ အလှတရားမျိုးစုံ၊ အရောင်အသွေးမျိုးစုံနဲ့ ပန်းကလေးတွေကို အသုံးပြုပြီး စိတ်ကျန်းမာရေးအတွက် ပန်းကလေးတွေကတဆင့် စိတ်ခံစားချက်တွေ၊ အတွေ့အကြုံတွေကို ဖော်ထုတ်ကြတယ်။

💐 ပန်းကလေးတပွင့်ရဲ့ ဖွဲ့စည်းပုံ၊ အရောင်အသွေး၊ အထိအတွေ့က ကျမတို့ ကြုံတွေ့ဖူးတဲ့ မှတ်ဥာဏ်တွေကို သတိရစေတယ်။ ကျမတို့ ကိုယ့်ကိုယ်ကို ပန်းကလေးတပွင့်နဲ့ အဓိပ္ပာယ်ဖော်ဆောင်နိုင်တယ်။ ကျမတို့ အတွေ့အကြုံတွေကို ကိုယ်စားပြုနိုင်တယ်။

💐 နူးညံ့တဲ့အထိအတွေ့၊ နူးညံ့တဲ့ပန်းကလေးတွေရဲ့ ရနံ့က စိတ်ကို အေးချမ်းစေတယ်။ ဘာကိုမှ မတွေးဘဲ ဘာကိုမှ အာရုံမရောက်ဘဲ လက်ရှိပစ္စုပ္ပန်မှာ ရှိနေနိုင်တယ်။

💐 အနုပညာဟာ မြတ်နိုးစရာပါ။
💐 အနုပညာကို အသုံးပြုပြီး စိတ်
ကျန်းမာရေးအတွက် အတွေ့အကြုံ၊ စိတ်
ခံစားချက်တွေကို ဖော်ထုတ်ကြတာဟာ နူးညံ့စွာ ထွက်ပေါ်လာမယ့် ခံစားချက်တွေပါ။

ကျမတို့ရဲ့ Floral Artist Collaborator Sandara Floral Art မှ Floral Artist Sandara တို့ SV Galleryမှာ ပြုလုပ်တဲ့ “The Realm of Flora “-Art Exhibition မှာ Floral Art Therapy ပါဝင်ပြုလုပ်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။

🌿 Memory Drawing + Reflection( FREE Expressive Art Therapy Workshop )🌿 မတ်လက အမျိုးသမီးတွေအားလုံးကို ဂုဏ်ပြုသော လတလ ဖြစ်...
13/03/2026

🌿 Memory Drawing + Reflection
( FREE Expressive Art Therapy Workshop )

🌿 မတ်လက အမျိုးသမီးတွေအားလုံးကို ဂုဏ်ပြုသော လတလ ဖြစ်တဲ့အတွက် Art of Healingကနေ အမျိုးသမီးများအားလုံးအတွက် FREE Online Expressive Art TheryWorkshopပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

🌿 တခါတရံမှာ ကျမတို့တွေ
အတိတ်က moment လေးတွေကို
ပုံဆွဲပြီး ပြန်ကြည့်တဲ့အခါ
ကိုယ့်ကိုယ်ကို ပိုပြီးနားလည်လာတတ်ပါတယ်။

ဒီ workshop မှာ
🎨 Memory Drawing
📝 Reflective Journaling
🌿 Gentle Grounding Meditation
တို့ကို အသုံးပြုပြီး ကိုယ့်အတွင်းစိတ်ကို အေးအေးဆေးဆေး explore လုပ်သွားမှာဖြစ်ပါတယ်ရှင်။

Drawing skill မလိုပါဘူး။
Perfect ဖြစ်ဖို့ မလိုပါဘူး။
ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ပြနိုင်တဲ့ safe space ဖြစ်ပါတယ်။

ဖွင့်ထားတဲ့စိတ်ကလေးရယ်၊ တိတ်ဆိတ်တဲ့နေရာလေးရယ်… အတူတကွ မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းထားတဲ့အရာလေးတွေဆီ ပြန်သွားကြည့်ကြမယ်နော်။

ယခု workshop လေးကို ပါဝင်မယ့်သူများအနေနှင့် ပုံဆွဲစာရွက်၊ ခဲတံ သို့မဟုတ် ဘောလ်ပင်၊ ရောင်စုံခဲတံ ( မရှိလည်း အဆင်ပြေပါတယ်ရှင်။ ) တို့ လိုအပ်ပါမယ်ရှင်။

📅 Date – 22 March 2026
⏰ Time – 7:00 - 8:30 PM
💻 Platform – Zoom
💰Fees - FREE
Facilitated by Yuko-Art Therapy Practitioner

Registration link :

https://forms.gle/TCio94htKs6YDer29

Limited seats available
Register now 🌿

08/03/2026

International Women’s Day

💜 ကြံ့ကြံ့ခိုင်သော ခံနိုင်ရည်စွမ်းအားတွေနှင့်အတူ

💜 အရာရာကို စွမ်းစွမ်းတမံကျော်ဖြတ်နိုင်ပြီး

💜 မိသားစု၊ ပတ်ဝန်းကျင်၊ ကမ္ဘာကြီးကို ပိုမိုလှပအောင်

💜 ဆောင်ရွက်နေကြတဲ့ အမျိုးသမီးများအားလုံးကို ဂုဏ်ပြုလိုက်ပါရှင်။

💜 ဒီနေ့လေးမှာလည်း အရင်နေ့တွေကထက် ပိုပြီး မိမိတို့ရဲ့ ခံနိုင်ရည်စွမ်းအား၊ စိတ်ကျန်းမာရေးတို့ကိုလည်း အထူးသတိပြု ဂရုစိုက်ကြည့်ပေးရင်း ရေရှည်အတွက်လည်း ဂရုစိုက်နိုင်ကြပါစေရှင်။

💜 ပင်ပန်းတဲ့အခါနားပါ
💜 ဝမ်းနည်းတဲ့အခါ ငိုပါ
💜 ဒေါသထွက်တဲ့အခါ သတိထားပြီး မိမိစိတ်ကို ကြည့်မြင်ပေးပါ
💜 စိတ်အဆင်မပြေမှုတွေ ကြုံရတဲ့အခါ မိမိတယောက်ထဲ မဟုတ်ဘူးဆိုတာ သတိရပေးပါနော်။

အမျိုးသမီးများနှင့် စိတ်ဖိစီးမှု ကျမတို့အမျိုးသမီးတွေဟာ အမျိုးသားများထက် စိတ်ဖိစီးမှု ပိုမိုခံစားကြရသူများဖြစ်ပါတယ်။ အမျ...
07/03/2026

အမျိုးသမီးများနှင့် စိတ်ဖိစီးမှု

ကျမတို့အမျိုးသမီးတွေဟာ အမျိုးသားများထက် စိတ်ဖိစီးမှု ပိုမိုခံစားကြရသူများဖြစ်ပါတယ်။ အမျိုးသားများက စိတ်ဖိစီးမှုကို မခံစားကြရတာမဟုတ်ဘဲ စိတ်ခံစားမှုကို မပြောပြဘဲ ဖုံးကွယ်တတ်ပါတယ်။

အမျိုးသမီးများက စိတ်ဖိစီးမှု ပိုမိုခံစားရကြောင်း စာတမ်းတခုကို ဖော်ပြပေးလိုက်ပါတယ်။

American Psychological Association – Stress in America Survey

🔗 https://www.apa.org/news/press/releases/stress

APA survey အရ
• အမျိုးသမီး stress average = 5.3 / 10
• အမျိုးသား stress average = 4.6 / 10

ထို့အပြင် extreme stress (8–10 level) ကို ခံစားရသူမှာ
• Women = 23%
• Men = 16% ဖြစ်ပါတယ် ။

အမျိုးသမီးများနှင့် စိတ်ဖိစီးမှုအကြောင်း ဆက်ပြီး ကြည့်လိုက်ကြရအောင်နော်။

COVID-19 ကာလအတွင်း သုတေသနများအရ အမျိုးသမီးများဟာ မသေချာမှုများ၊ ငွေကြေးဖိအားများနှင့် လူမှုအထီးကျန်မှုများကို ရင်ဆိုင်ရသဖြင့် စိတ်ဖိစီးမှု ပိုများလာခဲ့ကြပါတယ်။

အထူးသဖြင့် အောက်ဖော်ပြပါအကြောင်းများကြောင့် စိတ်ဖိစီးမှု ပိုများလာခဲ့ပါတယ်—
• အိမ်မှာပဲ ကလေးများကို သင်ကြားပေးရခြင်းနှင့် မိသားစုဝင်များကို ပြုစုစောင့်ရှောက်ရခြင်း
• အလုပ်လက်မဲ့ဖြစ်ရခြင်းသို့မဟုတ် ခွင့်ရက်မရှိသော အလုပ်များတွင် လုပ်ကိုင်ရခြင်း
• ဆေးဘက်ဆိုင်ရာဝန်ထမ်းများအနေနှင့် လူနာများနှင့် နီးကပ်စွာ အလုပ်လုပ်ရခြင်း
• အိမ်တွင်းအကြမ်းဖက်မှုများ တိုးလာခြင်း
• ကျန်းမာရေးဝန်ဆောင်မှုများ ရယူရန် ခက်ခဲလာခြင်း
• ကိုယ်ဝန်ဆောင်စဉ် ဆေးဘက်ဆိုင်ရာစည်းမျဉ်းများ ပြောင်းလဲမှုကြောင့် စိုးရိမ်မှုများ တိုးလာခြင်း
• အသက်၊ လူမျိုးစသည့် အချက်များအပေါ် မညီမျှမှုများ ရင်ဆိုင်ရခြင်း -တို့ ဖြစ်ကြပါတယ်။

၂။ စိတ်ဖိစီးမှုက အမျိုးသမီးများကို ဘယ်လို သက်ရောက်သလဲ ?

ခက်ခဲတဲ့အချိန်တွေမှာ အမျိုးသမီးများက
မိမိရဲ့ ကိုယ်ရေးကိုယ်တာကျန်းမာရေးနှင့် စိတ်ကျန်းမာရေးကို အာရုံမစိုက်နိုင်
ဖြစ်တတ်ကြပါတယ်။

စိတ်ဖိစီးမှုများတဲ့အခါ အမျိုးသားများနှင့် အမျိုးသမီးများ နှစ်ဦးစလုံးမှာ
• အိပ်မပျော်ခြင်း
• ကိုယ်ခံအားနည်းခြင်း

စသည့် အကျိုးသက်ရောက်မှုများရှိနိုင်သော်လည်း အမျိုးသမီးများတွင် အောက်ပါပြဿနာများ ပိုမိုတွေ့ရနိုင်ပါတယ်။

၁။ နှလုံးကျန်းမာရေး ပြဿနာများ

စိတ်ဖိစီးမှုများလွန်းပါက
• သွေးဖိအားတက်ခြင်း
• နှလုံးခုန်နှုန်းမြင့်ခြင်း

တို့ဖြစ်လာပြီး stroke သို့မဟုတ် heart attack ကဲ့သို့သော ပြင်းထန်သော ရောဂါများ ဖြစ်နိုင်ပါတယ်။

၂။ ခေါင်းကိုက်ခြင်းနှင့် migraine

အမျိုးသမီးများမှာ tension headache များကို မကြာခဏတွေ့ရပြီး ကိုယ်ခန္ဓာနာကျင်မှုများနှင့်လည်း ဆက်စပ်နိုင်ပါတယ်။

၃။ အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ

စိတ်ဖိစီးမှုကြောင့်
• ဝမ်းလျှောခြင်း
• အန်ခြင်း

ဖြစ်နိုင်ပြီး အချိန်ကြာလာပါက Irritable Bowel Syndrome (IBS) ဖြစ်နိုင်ပါတယ်။
ဒီရောဂါက အမျိုးသားများထက် အမျိုးသမီးများမှာ နှစ်ဆပိုတွေ့ရပါတယ်။

၄။ ကိုယ်အလေးချိန်တက်ခြင်း

စိတ်ဖိစီးမှုကြောင့် အစားပိုစားခြင်း သို့မဟုတ် ဟော်မုန်းပြောင်းလဲမှုများကြောင့်
အမျိုးသမီးများမှာ weight gain ဖြစ်
နိုင်ခြေ ပိုများပါတယ်။

၅။ ကိုယ်ဝန်ဆောင်ရန် ခက်ခဲခြင်း

စိတ်ဖိစီးမှုများလွန်းပါက
ကိုယ်ဝန်ရရန် အခက်အခဲများ ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း ကိုယ်ဝန်မရခြင်းက stress အရင်းအမြစ်တခု ဖြစ်နိုင်ပါတယ်။

၆။ ရာသီလာစနစ် ပြဿနာများ

အချိန်ကြာစိတ်ဖိစီးမှုရှိပါက
• PMS ပိုပြင်းထန်လာခြင်း
• ရာသီလာချိန် မမှန်ခြင်း
တို့ ဖြစ်နိုင်ပါတယ်။

၃။ မသေချာသောအချိန်များတွင် စိတ်ဖိစီးမှုကို ဘယ်လို စီမံနိုင်မလဲ

အမျိုးသမီးများကမိမိတို့ရဲ့စိတ်ကျန်းမာရေးကို ဦးစားပေးရန်လည်း လိုအပ်ပါတယ်။

stress ကို ကိုယ်တယောက်တည်း မထိန်းနိုင်တော့ပါက စိတ်ကျန်းမာရေးပညာရှင်များနှင့် ဆက်သွယ်ရန် အရေးကြီးပါတယ်။

စိတ်ဖိစီးမှုကို
• ဆေးလိပ်သောက်ခြင်း
• အလွန်အကျွံစားခြင်း

တို့ဖြင့် ဖြေရှင်းခြင်းက မကျန်းမာသော နည်းလမ်းများ ဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှုကို လျော့ချရန် နေ့စဉ်လုပ်နိုင်သော အလေ့အကျင့်များ

၁။ လေ့ကျင့်ခန်းလုပ်ပါ

ပုံမှန်လှုပ်ရှားမှုက စိတ်ခံစားမှုကောင်းစေပြီး
အိပ်ဆက်ရန်အတွက် ကောင်းမွန်စေပါတယ်။

၂။ ကျန်းမာသော အစားအစာစားပါ

ကော်ဖီ၊ သကြားနှင့် အဆီများလွန်းသော အစားအစာများကို လျော့ချပါ။

၃။ အနားယူရန် အချိန်ယူပါ

လုပ်စရာစာရင်းများမှ အနားယူပြီး
ကိုယ်နှစ်သက်သော hobby များ ပြုလုပ်ပါ။

၄။ လူမှုဆက်ဆံရေးကို ထိန်းသိမ်းပါ

မိသားစု၊ သူငယ်ချင်းများနှင့် ဆက်သွယ်မှုရှိခြင်းက stress လျော့စေပါတယ်။

၅။ အိပ်ရေးလုံလောက်အောင် အိပ်ပါ

နေ့စဉ် အနည်းဆုံး ၇ နာရီ အိပ်ရန် ကြိုးစားပါ။

၆။ တရားထိုင်ခြင်း (Meditation)

Meditation က
• stress လျော့စေ
• anxiety လျော့စေ
• သွေးဖိအားလျော့စေနိုင်ပါတယ်။

✅ အဓိက သတိထားရမည့်အချက်

အမျိုးသမီးများက မိသားစုနှင့် အလုပ်တာဝန်များကြောင့် ကိုယ့်ကိုယ်ကို မေ့လျော့တတ်ကြပါတယ်။
သို့သော် ကိုယ်တိုင်ကိုယ်ကျ စိတ်ကျန်းမာရေးကို ဦးစားပေးခြင်းက ကျန်းမာရေးကောင်းမွန်မှုအတွက် အရေးကြီးပါတယ်။ ဒါကြောင့် အလုပ်တာဝန်တွေ ဘယ်လောက်ပဲ များနေပါစေ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေးအတွက်လည်း အချိန်ပေး ဂရုစိုက်ပေးပါ။

🌸 International Women’s Day 🌸🌸Arranging Hope: Ikebana Floral Art Therapy Workshop 🌸🌸 လာမည့် မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့်...
03/03/2026

🌸 International Women’s Day 🌸

🌸Arranging Hope: Ikebana Floral Art Therapy Workshop 🌸

🌸 လာမည့် မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် “ International Women’s Day “တွင် အမျိုးသမီးများကို ဂုဏ်ပြုသောအနေဖြင့် “ Arranging Hope : IKEBANA FLORAL ART THERAPY WORKSHOP “ ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင်။

🌸 အမျိုးသမီးတိုင်းဟာ မိမိတို့ရဲ့ အတွေ့အကြုံ၊ နာကျင်မှု၊ အိပ်မက်များနှင့် မယုံနိုင်လောက်အောင် ခိုင်မာသန်မာမှုကို ကိုယ်စားပြုထားသူများ ဖြစ်ကြပါတယ်။

🌸 အဲ့ဒီနေ့လေးမှာ
မိမိကိုယ်ကို ချီးကျူးပါ။
အခြားအမျိုးသမီးများကို ထောက်ပံ့ပါ။
အနာဂတ်အတွက် မျှော်လင့်ချက်အသစ်
တခု ဖန်တီးပါ။

🌸 International Women’s Day မှာ
ပန်းတပွင့်ချင်းစီနဲ့ ကိုယ့်အခွင့်အရေး၊ တန်ဖိုးနဲ့ အင်အားကို အေးချမ်းစွာ ပြန်လည်ချိတ်ဆက်လိုက်ပါ။

🌿 Workshop မှာ သင်ဘာတွေ ရမလဲ
• Ikebana အခြေခံနဲ့ mindful floral arranging
• Rights · Justice · Action theme နဲ့ ချိတ်ဆက်ထားတဲ့
healing & reflection art process
• စိတ်ဖိစီးမှု လျော့နည်းစေတဲ့
တိတ်ဆိတ်ပြီး လုံခြုံတဲ့ space
• အမျိုးသမီးများအကြား အပြန်အလှန် ထောက်ပံ့မှု

🎨 မလိုအပ်ပါ
• အနုပညာကျွမ်းကျင်မှု
• ပန်းအလှဆင်အတွေ့အကြုံ
• စည်းမျဉ်းတင်းကျပ်မှု

🌸 ပန်းတွေရှိရုံနဲ့ လုံလောက်ပါတယ် 🌸

📅 နေ့စွဲ : မတ်လ ၈ ရက် ၂၀၂၆
🕒 အချိန် : ၁၂:၀၀-၂:၀၀
📍နေရာ : The Rangoon Flora
တက္ကသိုလ်ရိပ်သာလမ်းသစ်၊ နတ်
မောက်လမ်း၊ ဗဟန်း
Workshop fees : 80,000 kyats

‼️ လူဦးရေ (၇)ယောက်သာလျှင် လက်ခံမှာပဲ ဖြစ်ပါတယ်။ Ikebana floral arrangement ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများကို အပြည့်အစုံ ပေးထားမည့်အပြင် အပြန်မှာ သင်ဖန်တီးထားတဲ့ Ikebana floral Art ကိုလည်း ပြန်လည် ယူဆောင်သွားနိုင်မှာဖြစ်ပါတယ်ရှင်။

🌸 ယခု workshop မှာ ပါဝင်ခြင်းဖြင့် မိမိတို့ တန်ဘိုးထားချစ်ခင်လေးစားရသော အမျိုးသမီးအတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ Ikebana Floral Artwork ကို လက်ဆောင်ပေးနိုင်မယ့်အပြင် မိမိတို့ရဲ့ right, justice, action တို့လည်း ပြန်လည် အမှတ်ရ တွေးတောနိုင်မယ့် mindfulness floral Art therapy workshop တခုပဲဖြစ်ပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Art of Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Art of Healing:

Share