Art of Healing

Art of Healing Healing minds through art, empathy, and awareness. We create a safe and creative space to express emotions, find calm, and grow stronger.

Your journey to mental wellness and inner peace starts here. MISSION
The mission of Art of Healing is to enhance mental health awareness, promote individual empowerment, and increase access to treatment and services for persons living with mental illness. We work to help people by serving mental health, child psychology, parenting education and community support needs through direct service, policy advocacy, and outreach. VISION
Our vision is to improve the lives of those living with mental illness and provide emotional wellness for individuals and families as we strive to deliver services and support necessary to improve the quality of life for children, youth, and adults with mental illness and addictive disorders.

🍃 Over-Empathy (အလွန်နားလည်ပေးလွန်းခြင်း) ဆိုတာ ဘယ်လိုမျိုးလဲ …?🍃 လူတယောက်ကို နားလည်ပေးနိုင်တာဟာ ကောင်းမွန်တဲ့ စွမ်းရည်တ...
04/01/2026

🍃 Over-Empathy (အလွန်နားလည်ပေးလွန်းခြင်း) ဆိုတာ ဘယ်လိုမျိုးလဲ …?

🍃 လူတယောက်ကို နားလည်ပေးနိုင်တာဟာ ကောင်းမွန်တဲ့ စွမ်းရည်တခုဖြစ်ပါတယ်။
ဒါပေမယ့် အခြားသူရဲ့ နာကျင်မှုကို ကိုယ့်ရဲ့ နာကျင်မှုလို သယ်ယူမိတဲ့အခါ
အဲ့ဒီနားလည်မှုက ကိုယ့်ကိုယ်ကို ထိခိုက်သွားစေနိုင်ပါတယ်။

🍃 ဒီအခြေအနေကို Over-Empathy (အလွန်နားလည်ပေးလွန်းခြင်း) လို့ ခေါ်ပါတယ်။

❓ Empathy နဲ့ Over-Empathy မတူတာက ဘယ်လိုဖြစ်မလဲ …?

🍃 Empathy ဆိုတာ
– အခြားသူရဲ့ ခံစားချက်ကို နားလည်ပေးနိုင်ခြင်းဖြစ်ပါတယ်။
– ကိုယ့်ကိုယ်ကို မပျောက်ဘဲ ချိတ်ဆက်
နိုင်ခြင်းလည်း ဖြစ်ပါတယ်။

🍂 Over-Empathy ဆိုတာ
– အခြားသူရဲ့ နာကျင်မှုကို ကိုယ့်အပေါ် မှာ တာဝန်ယူမိခြင်း ဖြစ်ပါတယ်။
– ကိုယ့်ခံစားချက်ကို နောက်ဆုံးမှာထားခြင်းလည်း ဖြစ်ပါတယ်။
– “ငါမှ မလုပ်ရင်/ မကူညီရင် အားလုံး ပြိုလဲကျမယ်” လို့ ယုံကြည်လာခြင်းဖြစ်ပါတယ်။

Empathy က ချိတ်ဆက်ပေးပါတယ်။
Over-empathy က ကိုယ့်ကိုယ်ကို ပျောက်စေပါတယ်။

နောက်ရက်မှာ ဆက်လက်ပြီးတော့ Over-Empathy ဘယ်လို စတင်ဖြစ်ပေါ်လာသလဲဆိုတာကို ပြောပြပေးသွားပါမယ်။

26/12/2025

“Voices of the Year’s End: Preparing the Mind for a New Beginning

DISCLAIMER: No copyright infringement intended.I do not own the audio in this video. They belong to their rightful owners

မကြာခင်မှာ ၂၀၂၅ နှစ်တနှစ်က ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။နှစ်တနှစ်လုံးကို ကျော်ဖြတ်လာတဲ့ သင့်ကိုArt of Healing ကနေ လေးလေးန...
16/12/2025

မကြာခင်မှာ ၂၀၂၅ နှစ်တနှစ်က ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

နှစ်တနှစ်လုံးကို ကျော်ဖြတ်လာတဲ့ သင့်ကို
Art of Healing ကနေ လေးလေးနက်နက် ဂုဏ်ပြုချင်ပါတယ် 🌱

ဒီနှစ်အတွင်း မိမိလုပ်နိုင်တဲ့အရာထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်ဖို့ အားထုတ်ခဲ့ရတဲ့နေ့တွေ၊ မပြောနိုင်တဲ့ စိတ်ပင်ပန်းမှုတွေ၊ တိတ်တိတ်လေး သည်းခံခဲ့ရတဲ့ အချိန်တွေ အားလုံးကို သင်ကိုယ်တိုင်သာ အပြည့်အဝ သိပါတယ်။

အချို့နေ့တွေမှာ မပြုံးနိုင်ခဲ့ပေမဲ့
မလဲကျအောင် ကိုယ့်ကိုယ်ကို ဆွဲထူခဲ့တာက
အရမ်းတန်ဖိုးရှိတဲ့ စိတ်အားတရပ်ပါ။

နှစ်သစ်မှာ
ကိုယ့်ကိုယ်ကို ပိုပြီး နားထောင်နိုင်ပါစေ
စိတ်ပင်ပန်းလာရင် အနားယူခွင့် ပေးနိုင်ပါစေ။
မပြည့်စုံတာတွေကို ကိုယ့်အပြစ်မလုပ်ဘဲ
နူးညံ့စွာ လက်ခံနိုင်ပါစေ 💛

သင်ရဲ့ စိတ်နှလုံးအတွက်
လုံခြုံမှု၊ တည်ငြိမ်မှုနဲ့ မျှော်လင့်ချက်လေးတွေတဖြည်းဖြည်း ပြန်လည်ရောက်ရှိလာပါစေလို့ Art of Healing ကနေ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

နှစ်သစ်မှာ
ပိုမိုနူးညံ့တဲ့ သင်ကိုယ်တိုင်နဲ့ တွေ့နိုင်ပါစေ 🌸

🌿 Tea & Petals for the Soul 🌿🌿 Tea Ceremony & Floral Art Workshop 🌿🍃 Collaboration with  Rangoon Flora
05/12/2025

🌿 Tea & Petals for the Soul 🌿

🌿 Tea Ceremony & Floral Art Workshop 🌿

🍃 Collaboration with Rangoon Flora

https://www.firstfiveyears.org.au/child-development/why-we-need-to-raise-boys-differently📝 ဘာသာပြန်ဆောင်းပါး⁉️ ယောက်ျားက...
30/11/2025

https://www.firstfiveyears.org.au/child-development/why-we-need-to-raise-boys-differently

📝 ဘာသာပြန်ဆောင်းပါး

⁉️ ယောက်ျားကလေးများကို အဘယ်ကြောင့် ကွဲပြားစွာ ပြုစုပျိုးထောင်သင့်သနည်း ⁉️

👦 မွေးကင်းစကလေးအထူးကုဆရာဝန် ဒေါက်တာဟောင်းဝဒ်ချီလ်တန်၏အဆိုအရ ကျွန်တော်တို့၏ သားယောကျ်ားလေးများကို ရဲရင့်၊ စူးစမ်းတတ်လင့်ကစား စာနာ၊ ဂရုစိုက်တတ်သူများအဖြစ် ကြီးပြင်းစေချင်လိုပါက သူတို့ကို ကလေးအဖြစ် အနီးကပ် ပိုကြာကြာနေစေသင့်ပါသည်။

👦 သားယောက်ျားလေးများကို အတင်းအကျပ်သန်မာကြမ်းတမ်းအောင် ပြုစုပျိုးထောင်ခြင်း၏ ဆိုးကျိုးများကို အတိအကျသတိပြုမိနေသော လူ့အဖွဲ့အစည်းအတွင်းမှ သုတေသီများသည် ကျွန်တော်တို့၏ သားယောကျ်ားလေးပြုစုပျိုးထောင်ပုံကို မူလအစမှစပြန်ပြီး သုံးသပ်သင့်ကောင်းသင့်နိုင်ကြောင်း တွေ့မြင်နေကြသည်။
👦 "လွန်ခဲ့တဲ့ ၂၅နှစ်အတွင်းမှာ ကလေးတွေရဲ့ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာနဲ့ စိတ်ရောဂါဆိုင်ရာ ပြသနာဖြစ်ပွါးမှုနှုံး သိသိသာသာ တိုးလာတဲ့အကြောင်းကို မှတ်တမ်းတင်ပြီးသားဖြစ်ပါတယ်။ အရေအတွက်အရ ဖြစ်တဲ့ကလေးအများစုက ယောကျ်ားလေးတွေဖြစ်တယ်။" ဟု ဒေါက်တာချီလ်တန်က ဆိုပါသည်။

👦 အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုများအဖွဲ့မှ ကလေးသူငယ်စိတ်ကျန်းမာရေးအချက်အလက်များက "နှစ်နှစ်မှ ရှစ်နှစ်အရွယ်အထိကလေးတွေမှာ ယောကျ်ားလေးတွေက မိန်းကလေးတွေထက် စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူဆိုင်ရာ သို့မဟုတ် ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းခြင်းတွေ ပိုဖြစ်နိုင်ပါတယ်" ဟု ရည်ညွှန်းပါတယ်။

👦 ဒေါက်တာချီလ်တန်က ဤသည်ယောကျ်ားလေးများ၏ မိန်းကလေးများနှင့်မတူသော သားအိမ်အတွင်းမှစသော ဖွံ့ဖြိုးမှုပုံစံကြောင့်ဖြစ်သလို မိဘများ၏ ယောကျ်ားလေးများကို ပြုစုပျိုးထောင်သည့် ပုံစံကြောင့်လည်းဖြစ်သည်ဟု ရှင်းပြသည်။
"ကျွန်တော်တို့ယဉ်ကျေးမှုအရ မာအောင်၊ 'ယောကျ်ားဆန်'အောင်၊ ခံစားချက်မပြအောင် ပျိုးထောင်ရမယ် ဆိုတဲ့ကလေးတွေကပဲ ဒီသဘောထားတွေကြောင့် ထိခိုက်နာကျင်ရတယ်။" ဟု သူဆိုသည်။

“ခင်ဗျားတို့ရဲ့ သားယောကျ်ားလေးတွေကို ရဲရင့်ပြီး စူးစမ်းတတ်ပေမဲ့ စာနာ၊ ဂရုစိုက်တတ်သူတွေဖြစ်လာစေချင်တယ်ဆိုရင် သူတို့ကို အနီးကပ်ထားပြီး ကလေးဘဝမှာ ကြာကြာပေးနေပါ။”

🧐 ယောကျ်ားလေးများသည် မည်ကဲ့သို့ ကွာခြားပါသနည်း

"သားအိမ်ထဲမှာ ရှိနေတဲ့ အချိန်ကတည်းကနေ ယောကျ်ားလေးဦးနှောက်ဟာ မိန်းကလေးဦးနှောက်ထတ် ဖွံ့ဖြိုးမှုပိုနှေးကွေးပါတယ်။" ဟု ဒေါက်တာချီလ်တန်ပြောသည်။
၂၀၀၆ ခုနှစ်တွင် ကျန်းမာ၊ လစေ့မွေးသည့်ကလေးများ၏ ဦးနှောက်အပြင်လွှာလုပ်ငန်းစဉ်များ (cerebral cortical activity) ကို သုတေသီများမှ လေ့လာခဲ့ပြီး အပြင်လွှာလုပ်ငန်းစဉ်များ (cortical activities) (လှုပ်ရှားမှု၊ အာရုံခံနှင့် အမြင်လုပ်ငန်းစဉ်များ) သည် မိန်းကလေးများတွင် ယောကျ်ားကလေးများထက် ပို၍စောပြီး ရင့်ကျက်ကြောင်း တွေ့ရှိခဲ့သည်။

"မွေးပြီးအစောပိုင်းနာရီတွေမှာတောင် မွေးကင်းစယောကျ်ားလေးတွေက မိန်းကလေးတွေထက် မိခင်ရဲ့အသံနဲ့ အထိအတွေ့ကို တုံ့ပြန်နိုင်စွမ်းမှာ ပိုအားနည်းတယ်။ ဒါ့အပြင် မျက်လုံးချင်းဆုံနိုင်စွမ်းမှာလည်း ပိုအားနည်းတယ်။" ဟု ဒေါက်တာချီလ်တန်ဆိုသည်။

ယောကျ်ားလေးများသည် မိန်းကလေးများထက် မိခင်၏ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုကို ပို၍လိုအပ်ကြောင်းလည်း ဒေါက်တာချီလ်တန်ဖြည့်ပြောပါသည်။
“ယေဘူယျအားဖြင့် သားယောကျ်ားလေးတွေက သူတို့ရဲ့စိတ်အခြေအနေတွေကို ထိမ်းညှိတဲ့နေရာမှာ ပိုပြီးအခက်အခဲကြုံလေ့ရှိပါတယ်။ ဒါကြောင့် သူတို့က စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေအပေါ်မှာ ပိုပြီးမှီခိုရတယ်။ အထူးသဖြင့် အမေတွေဆီကပေါ့။” ဟု ဒေါက်တာချီလ်တန်ဆိုသည်။

ယောကျ်ားလေးများ၏ ပိုမိုနှေးကွေးသော ဦးနှောက်ဖွံ့ဖြိုးမှုသည် ကျားဟော်မုန်း တက်စ်တိုစ်တီရုန်းကြောင့် ဖြစ်နိုင်သည်ဟု သုတေသနစာတမ်းများက ညွှန်းဆိုသည်။
လိင်ဟော်မုန်းတွေ - ယောကျ်ားလေးတွေမှာဆို တက်စ်တိုစ်တီရုန်း (testosterone) ၊ မိန်းကလေးတွေမှာဆို အီစထရိုဂျင် (estrogen) - တွေက ဦးနှောက်ထဲက အာရုံကြောစနစ်တွေနဲ့ နာဗ်ကြောဆက်တွေအပေါ်မှာ - အထူးသဖြင့် ဖွံ့ဖြိုးမှုအတွက်အရေးအကြီဆုံးကာလတွေဖြစ်တဲ့ သားဖွားမီးယပ်မတိုင်ခင်နဲ့ မွေးဖွားပြီးခါစကာလတွေမှာ - တိုက်ရိုက်လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကျွန်တော်တို့သိပြီးသားဖြစ်တယ်။" ဟု ဒေါက်တာချီလ်တန်ဆိုသည်။

“ဒီဟော်မုန်းတွေက ကော်တီဆော (cortisol) ကလာတဲ့ စိတ်ဖိစီးမှုတုန့်ပြန်မှုရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ အရေးကြီးတဲ့လွှမ်းမိုးမှုတွေ ရှိပါတယ်။ အီစထရိုဂျင်က ၎င်း၏လုပ်ဆောင်ချက်နှင့် တုံ့ပြန်မှုကို မြှင့်တင်ပေးတယ် (စိတ်ဖိစီးမှု ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးတယ်) ။ တက်စ်တိုစ်တီရုန်းကတော့ ၎င်းကို ဟန့်တားတယ် (ကြောက်စိတ်ကို တိုးစေတယ်) ။"

🧐 သားယောကျ်ားလေးများကို မိဘများက မည်သို့ပြုစုပျိုးထောင်သင့်သနည်း

👦 ယောကျ်ားလေးများသည် စိတ်ဖိစီးမှုဒါဏ်ကို ပိုမိုဆိုးရွားစွာခံစားရသောကြောင့် ၎င်းတို့ကို မိန်းကလေးကိုအုပ်ထိန်းသည့်ပုံစံနှင့် မတူသော၊ ယခင်က မိဘအုပ်ထိန်းမှုပုံစံမျိုးနှင့်ပင် ကွဲပြားသော ပုံစံဖြင့် အုပ်ထိန်းရန်လိုသည်။

👦 ဒေါက်တာချီလ်က သားယောကျ်ားလေးများသည် ယုယမှုကိုပို၍လိုအပ်သည်၊ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုတွေ နည်းနိုင်သမျှနည်းပြီး စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုရှိသည့်ပတ်ဝန်းကျင်တွင် ကြီးပြင်းရန်လိုအပ်သည်ဟုဆိုသည်။

👦 "သားဖွားမီးယပ်မတိုင်ခင် ၃လနှင့် မွေးဖွားပြီးလတွေမှ မရင့်ကျက်သေးတဲ့ ဦးနှောက်က လျင်မြန်တဲ့ ကြီးထွားမှုတွေ ဖြစ်နေတဲ့အချိန်မှာ အာရုံကြောချိတ်ဆက်မှုအတော်များများက ဦးနှောက်ရဲ့ ညာဘက်ခြမ်း - စိတ်ခံစားမှုအပိုင်း - မှာတည်ရှိနေတယ်။" ဟု ဒေါက်တာချီလ်တန်ရှင်းပြသည်။
"မွေးဖွားပြီးတစ်နှစ်အတွင်း မိခင်က သူမရဲ့မျက်ဟန်ခြေဟန်၊ အထိအတွေ့၊ အသံ၊ အနံ့၊ အကြည့်တို့ကို အသုံးပြုပြီး ကလေးနဲ့ ဆက်သွယ်နေစဉ်ကာလမှာ မိခင်နဲ့ကလေးဆက်သွယ်မှုဟာ အရေးကြီးပါတယ်။ ဒီချိတ်ဆက်မှုဟာလည်း မိခင်ရဲ့ ဦးနှောက်ညာဘက်အခြမ်းကနေတဆင့် သွားပါတယ်။"
“ဒီအားကောင်းတဲ့ အပြန်အလှန်ဆက်သွယ်မှုက ကလေးကို ချစ်ခြင်းပါသောပံ့ပိုးမှု၊ စိတ်ဖိစီးမှုချုပ်ထိန်းခြင်းနဲ့ စိတ်အခြေအနေထိန်းညှိခြင်းဆိုင်ရာ လမ်းညွှန်မှုတွေ ပေးပါတယ်။”
“ဒုတိယနှစ်မှာတော့ ဖခင်ရဲ့ဩဇာလွှမ်းမိုးမှုက ပိုပြီးအရေးကြီးလာပါတယ်။

👦 ဒါဟာ အများအားဖြင့် ဦးနှောက်ရဲ့ဘယ်ဘက် သိမြင်မှုအပိုင်းကနေ လာပါတယ်။
ကလေးက သူ့ရဲ့ရန်လိုစိတ်ကို ထိန်းချုပ်ပြီး ပေါ်ပေါက်လာတဲ့ (စိတ်)စီမံခန့်ခွဲရေးလုပ်ငန်းစဉ်တွေကို စမ်းသပ်အသုံးပြုဖို့ သင်ယူရပါတယ်။"

👦 ဒေါက်တာချီလ်တန်က အစောပိုင်းနှစ်များတွင် အမှားမှားအယွင်းယွင်းဖြစ်သောအခါ ယောကျ်ားလေးများနှင့် မိန်းကလေးများ၌ အမှားအယွင်းများ ထင်ရှားပေါ်လွင်လာပုံမတူကြောင်း ရှင်းပြသည်။

“မိန်းကလေးတွေက မပျော်ရွှင်မှုကို စိတ်ထဲထားလေ့ရှိပြီး စိတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းတို့ ခံစားရတတ်ပါတယ်။ ယောကျ်ားလေးတွေကတော့ ဒေါသကြီး၊ ရန်လိုပြီး အပြင်ဘက်ကို ထုတ်ဖော်ကြပါတယ်။" ဟု သူပြောသည်။

သားယောကျ်ားလေးများ၏ဦးနှောက်သည် ရင့်ကျက်ရန် အချိန်ပိုမိုလိုသောကြောင့် သူတို့သည် မိန်းကလေးများထက် အပျက်သဘောဆောင်၍ ပျိုးထောင်မှုမဲ့သော အုပ်ထိန်းမှုတို့၏ဒါဏ်ကို ပိုမို၍ ခံနိုင်ရည်မဲ့သည်ဟု ဒေါက်တာချီလ်တန်က ဖြည့်ပြောသည်။

ဒေါက်တာချီလ်တန်သည် မည်သည့်အရာသည် အောင်မြင်သည့်ဘဝ၏ ရှေ့ဆောင်ဖြစ်သည်ကို လေ့လာထားသော ယူကေနိုင်ငံမှ စာတမ်း၏ နိဂုံးချုပ်အချက်ကို မီးမောင်းထိုးပြသည်။
"အရွယ်ရောက်ဘဝကျေနပ်မှုရဲ့ အရေးအကြီးဆုံးရှေ့ဆောင်ဟာ ကလေးစိတ်ပိုင်းဆိုင်ရာကျန်းမာရေးဖြစ်ပြီး သူတို့ရဲ့လုပ်ဆောင်မှုတွေက သာမညဖြစ်တယ်။" ဟု သူဆိုသည်။
"အရေးမကြီးဆုံးကတော့ သူတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဖြစ်တယ်။"

❤️‍🩹 ဆက်ဆံရေး အက်ကွဲမှုမှ ပိုမိုခိုင်မာသော ပေါင်းစည်းမှုသို့ ❤️‍🩹❤️‍🩹  ဆက်ဆံရေးအက်ကြောင်းကွဲမှုဆိုတာ ဆက်ဆံရေးတိုင်းမှာ က...
18/11/2025

❤️‍🩹 ဆက်ဆံရေး အက်ကွဲမှုမှ ပိုမိုခိုင်မာသော ပေါင်းစည်းမှုသို့ ❤️‍🩹

❤️‍🩹 ဆက်ဆံရေးအက်ကြောင်းကွဲမှုဆိုတာ ဆက်ဆံရေးတိုင်းမှာ ကြုံရတတ်ပါတယ်။ နှစ်ဦးနှစ်ယောက် စိတ်ဆက်နွယ်မှု ပြတ်တောက်တဲ့ အခိုက်အတန့်လို့ ဆိုရမယ်။ ချစ်ခင်ရတဲ့သူက မိမိကို နားလည်မှုလွဲချိန်၊ နာကျင်စေချိန်၊ လစ်လျူရှုချိန်၊ ဒါမှမဟုတ် သဘောထားကွဲလွဲချိန်မှာ တွေ့ကြုံရတယ်။ ဖြစ်စေတဲ့ အကြောင်းအရာတွေကလည်း လေသံမာခြင်း၊ ဝေဖန်ခြင်း၊ ကတိမတည်ခြင်း၊ စကားမပြောခြင်း၊ စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။ ဒီလိုအခိုက်အတန့်တွေမှာ ဆက်ဆံရေးပျက်ပြီဆိုပြီး စိတ်မတည်မငြိမ် ဖြစ်ရကြတယ်။ ဒါကြောင့်လည်း ဒီလိုအခြေအနေတွေကို တတ်နိုင်သမျှ မဖြစ်အောင် ရှောင်လေ့ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒီလိုအခြေအနေတွေကို အမြဲရှောင်မရပါဘူး။ ကျနော်တို့ဟာ လူသားတွေဖြစ်တဲ့အတွက် ဆက်ဆံရေးတိုင်းကို ကိုယ်စီ သမိုင်းတွေ၊ ခံစားချက်တွေ၊ အားနည်းချက်တွေ သယ်လာမိစမြဲပါ။ ဒီတော့ မတူညီတဲ့ လူနှစ်ဦးနှစ်ယောက် ဆက်ဆံရေးတိုင်းမှာ နာကျင်ရနိုင်ခြေ အမြဲရှိပါတယ်။

❤️‍🩹 ဆက်ဆံရေးအက်ကြောင်းကွဲမှုတွေဟာ အတိတ်ဒဏ်ရာတွေကို တူးဆွသလိုရှိတယ် - အထူးသဖြင့် ကလေးဘဝက လူကြီးမိဘတွေနဲ့ ဆက်ဆံရေးက ဒဏ်ရာတွေပေါ့။ ကိုယ့်ချစ်သူက ကိုယ့်စကား နားမထောင်နေတဲ့အခါ ငယ်စဉ်တုန်းက ခံစားခဲ့ရတဲ့ လစ်လျူရှုမှုခံစားချက်က လက်ရှိအခိုက်အတန့်မှာ ပဲ့တင်ရိုက်တတ်တယ်။ သူငယ်ချင်းတယောက် ကိုယ်နဲ့ သိပ်မခင်တော့သလို ရှိတဲ့အခါ အတိတ်က စွန့်ပစ်ခံရခြင်းကို ပြန်တူးဆွမိတယ်။ ဝေဖန်သံက ကြားရတဲ့အခါ လူကြီးတွေရဲ့ သဘောမတွေ့မှုကို ကြောက်ခဲ့ရတဲ့ ကလေးလေးတယောက်အနေနဲ့ တုံ့ပြန်မိတယ်။ ဒီနေ့ကြုံတွေ့ရတဲ့ ဆက်ဆံရေးပြဿနာတွေဟာ အသားသေနေတဲ့ အတိတ်က ဆက်ဆံရေးနာကျင်မှုတွေကို လှုပ်ခက်စေပြီးတော့ သေးသေးလေးဖြစ်တဲ့ အရာတွေကို အကြီးကြီး ခံစားရတတ်ပါတယ်။

❤️‍🩹 ဒါကြောင့် အက်ကြောင်းတွေကို အသိအမှတ်ပြုပြီး ပြုပြင်ဖို့ အရေးကြီးပါတယ်။ ပြုပြင်မှုဆိုတာ စိတ်အဆက်ပြတ်မှု ကြုံတွေ့ရပြီးနောက် တယောက်ဆီတယောက် ပြန်လည်ချဉ်းကပ်ခြင်းပါ။ စကားအနေနဲ့ဆိုရင် "ဆောရီးပါ - ငါ စကားပြင်ပြောကြည့်ပါမယ်"၊ ဒါမှမဟုတ် "ငါ တွေးစရာတွေများလို့ ဘာမှပြန်မပြောမိတာပါ" ဒါမှမဟုတ် "ဖြစ်သွားတာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြည့်မလား"၊ စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ဒီလိုပြုပြင်မှုတွေမှာ ကုစားနိုင်စွမ်းတွေ ရှိပါတယ်။ ယင်းတို့အားဖြင့် အတွေ့အကြုံဟောင်းတွေဆီက ဆင်းသက်လာတဲ့ မျှော်လင့်ချက်ဟောင်းတွေကို လွန်မြောက်တဲ့ အတွေ့အကြုံသစ်တွေကို ရရှိနိုင်တယ်။ စွန့်ပစ်မှုအစား ထိတွေ့ဆက်ဆံရှိမယ်၊ အရှက်အစား နားလည်မှုရှိမယ်၊ တိတ်ဆိတ်မှုအစား ချိတ်ဆက်မှုရှိမယ်။ လက်ရှိဆက်ဆံရေးဟာ အတိတ်ဒဏ်ရာများမှ လွန်မြောက်စွမ်းရှိတဲ့ နေရာကွက်လပ်တခု ဖြစ်နိုင်ပါတယ်။

❤️‍🩹 ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပွတ်တိုက်မှုမရှိတဲ့ ဆက်ဆံရေးနဲ့ ညီမျှခြင်းချလို့ မရပါဘူး။ ကောင်းမွန်တဲ့ ဆက်ဆံရေးဆိုတာ အက်ကြောင်းကွဲမှုဖြစ်တိုင်း အလိုအလျောက် မဝေးသွားစေတဲ့ ဆက်ဆံရေးလို့ ဆိုရမှာပါ။ လူနှစ်ဦးနှစ် မိမိရဲ့ သက်ရောက်မှုကို မိမိ နားလည်သိမြင်ပြီး အချင်းချင်းပြောဆိုဆွေးနွေးရင်း ပြန်လည်ချိတ်ဆက်နိုင်တဲ့ နေရာတခုဖြစ်ပါတယ်။ ပြုပြင်မှုက အက်ကြောင်းကွဲမှုကို မဖျက်ပစ်သော်လည်း အသွင်ပြောင်းပေးနိုင်ပါတယ်။ အချိန်ကြာလာသည်နဲ့အမျှ အက်ကြောင်းကွဲမှု-ပြုပြင်မှု သံသရာဟာ စိတ်လုံခြုံမှုကို တိုးစေပြီး ဆက်ဆံရေးကို "တယောက်နဲ့တယောက် စိတ်အဆင်မပြေဖြစ်ရင်တောင် ပြန်ချိတ်ဆက်စကားပြောနိုင်တယ်" ဆိုတဲ့အသိနဲ့ ပိုခိုင်မြဲစေနိုင်ပါတယ်။

❤️‍🩹 ဒီတော့ မိမိနဲ့ မိမိချစ်ခင်ရသူကြားမှာ တင်းမာမှုတစုံတရာ ရှိတိုင်း ဆက်ဆံရေးက တခုခုမှားနေတာလို့ ပြောမရပါဘူး။ တခါတရံ ဒါဟာ အတိတ်ပုံပြင်ဟောင်းတပုဒ်ရဲ့ အာရုံစိုက်ခံရဖို့ တောင်းဆိုသံလည်း ဖြစ်နိုင်ပါတယ်။ လူနှစ်ဦးနှစ်ယောက် ဆက်ဆံရေးကို ပြုပြင်ဖို့ ရွေးချယ်တဲ့အခါ အခိုက်အတန့်တခုကို ပြန်လည်ပြင်ဆင်တာအပြင် ဆက်ဆံရေးပုံစံဟောင်းကိုပါ ပြောင်းလဲရေးသားခြင်း ဖြစ်ပါတယ်။ ဆက်ဆံရေးအတွင်းမှာ မပြည့်စုံမှု၊ ခံစားမှုနဲ့ အမှန်တရားတွေ ရှိနိုင်ကြောင်း တယောက်နဲ့တယောက် သက်သေပြခြင်းဖြစ်တယ်။ စစ်မှန်တဲ့ ရင်းနီးမှုဟာ ဒီနေရာမှာ ဖြစ်ပေါ်ပါတယ်။

Flow & Adorn Crystals In-between Connect to your inner stillness and express your energy through mindful movement and cr...
16/11/2025

Flow & Adorn Crystals In-between

Connect to your inner stillness and express your energy through mindful movement and crystal artistry.

📺 social media တွေ ကြည့်နေကြရင်းကနေ ဒါမှမဟုတ် အခြားသော ပြင်ပအခြေအနေတို့မှာ မိမိတို့ ကြုံတွေ့ခံစားဖူးတဲ့ အဖြစ်အပျက်အတွေ့အ...
11/11/2025

📺 social media တွေ ကြည့်နေကြရင်းကနေ ဒါမှမဟုတ် အခြားသော ပြင်ပအခြေအနေတို့မှာ မိမိတို့ ကြုံတွေ့ခံစားဖူးတဲ့ အဖြစ်အပျက်အတွေ့အကြုံတွေကို မြင်တွေ့ရတဲ့အခါ ပြန်လည် သတိရပြီး အဲ့ဒီအချိန်က ခံစားခဲ့ရတဲ့ စိတ်ခံစားချက်တွေကို ပြန်ရကြတဲ့ အဖြစ်မျိုး ကြုံဖူးကြပါလား။

📺 ဒီလိုမျိုး ပြန်ပြီးတော့ ခံစားတွေ့ကြုံရတာတွေကို Secondary trauma (သို့မဟုတ် vicarious trauma)လို့ ခေါ်ပါတယ်။ Secondary trauma (သို့မဟုတ် vicarious trauma) ရတဲ့အခါ flashbacks ပြန်လာတာဟာ သက်ဆိုင်ရာအတွေ့အကြုံတွေကြောင့် စိတ်ကအလွန်ဖိစီးနေတာကို ဖော်ပြနေတဲ့ လက္ခဏာတခုဖြစ်ပါတယ်။
အဲ့လိုအချို့အချိန်တွေမှာ လုပ်သင့်တာတွေက —

🫶 ၁. ကိုယ့်ကိုယ်ကို သတိပြုပါ

Flashbacks ပြန်ရလာတဲ့အခါ “ဒါဟာ အတိတ်ဖြစ်ရပ်တခုပါ၊ အခုတော့ ဘေးကင်းပါတယ်” ဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကို ပြန်
နွေးထွေးနှစ်သိမ့်ပါ။
👉 ဥပမာ - “အခုကအမှန်တကယ် မဟုတ်ဘူး။ ငါအခု ဒီနေရာမှာ ဘေးကင်းတယ်။”

🌿 ၂. Grounding techniques သုံးပါ

ဒါတွေက မျှော်မှန်းမထားတဲ့ flashbacks လာတဲ့အခါ စိတ်ကို အခုလက်ရှိအချိန်
အတွင်း ပြန်လည်တည်ငြိမ်စေဖို့အထောက်အကူဖြစ်ပါတယ်။

🖐 5-4-3-2-1 Technique
• မျက်စိနဲ့မြင်ရတဲ့အရာ ၅ခု ပြောပါ
• ထိတွေ့ခံစားရတဲ့အရာ ၄ခု
• ကြားနေရတဲ့အသံ ၃ခု
• နံ့ကြားရတဲ့အရာ ၂ခု
• အရသာခံရတဲ့အရာ ၁ခု

ယခုလို လုပ်ပေးခြင်းက စိတ်ကို “အခု လက်ရှိပစ္စုပ္ပန်နေရာ” ကို ပြန်လည်ရောက်ရှိ တည်ငြိမ်စေနိုင်ပါတယ်။

💧 ၃. အသက်ရှူခြင်းနဲ့ကိုယ်ခံစားရတဲ့ခံစားမှုကို ဂရုပြုပါ

နည်းလမ်းအနေနဲ့ –
• ၄-count breathing: ၄ စက္ကန့်ရှူ → ၄ စက္ကန့်လှမ်းထား → ၄ စက္ကန့်သက်သက်ထုတ်။
သက်တောင့်သက်သာဖြစ်လာပြီး ခံစားချက်တွေကို လွှတ်ချလာနိုင်ပါတယ်။

🎨 ၄. ပြန်ပြီး စိတ်အေးအေးနဲ့ ပြုလုပ်လို့ ရတာတွေကို ပြုလုပ်ပါ

တခုခုပေါ် concentrate ဖြစ်သွားတာက စိတ်ကို ပြန်လည်အသက်သွင်းပြီး အတွင်းခံစားမှုကို ဖြေလျော့ပေးတတ်ပါတယ်။
ဥပမာ – သီချင်းနားထောင်ခြင်း၊ ပန်းချီဆွဲခြင်း၊ နေရာသန့်ရှင်းခြင်း။

🤝 ၅. ယုံကြည်ရသူတဦးနဲ့ ပြောပါ

တခါတရံ flashbacks ပြန်လာတာကို သီးသန့်ခံနေရင် ပိုခက်တတ်ပါတယ်။
နီးစပ်တဲ့သူ၊ လုပ်ဖော်ကိုင်ဖက်၊ သက်ဆိုင်ရာပညာရှင် (ဥပမာ – counselor/therapist) နဲ့ မျှဝေပါ။

☀️ ၆. ကိုယ့်စွမ်းအင်ပြန်ရဖို့ နားယူပါ

Secondary trauma ခံစားရတဲ့သူတွေအတွက် “self-care” နဲ့ “boundaries” တခုချင်းစီလည်း အရေးကြီးပါတယ်။
အလုပ်နဲ့ စိတ်ဖိစီးမှုတွေကနေ တခဏကွာပြီး သက်တောင့်သက်သာပေးသလို လှုပ်ရှားမှုတွေ (ဥပမာ – လမ်းလျှောက်ခြင်း၊ ရေချိုးခြင်း၊ တောထဲသွားခြင်း) လည်း အထောက်အကူဖြစ်ပါတယ်။

💐 social media ဆိုတာ အသုံးပြုတတ်ရင် ကောင်းကျိုးရှိသလို မသုံးမပြုတတ်ရင် များစွာဆိုးကျိုး များစွာရရှိတတ်ပါတယ်။
ကလေးတွေကို screen time လျော့ချပေးသလိုပဲ စိတ်ကျန်းမာရေးအတွက်လည်း social media အသုံးပြုခြင်းက များစွာ လွှမ်းမိုးမှု ရှိပါတယ် ဒါကြောင့် လူကြီးတွေအနေနှင့်လည်း social media အသုံးပြုခြင်းကို အတတ်နိုင်ဆုံး လျော့ချသင့်ပါတယ်။

💎Warm Invitation for Flow and Adorn : Crystals In-Between💎လူတိုင်းလူတိုင်းအတွက် နေ့စဥ် မောပန်းမှုတွေကနေ ပြေပျောက်ပြီး စိ...
08/11/2025

💎Warm Invitation for Flow and Adorn : Crystals In-Between💎

လူတိုင်းလူတိုင်းအတွက် နေ့စဥ် မောပန်းမှုတွေကနေ ပြေပျောက်ပြီး စိတ်တည်ငြိမ်မှုရစေဖို့၊ Creativity တိုးတက်စေဖို့၊ ဗဟုသုတရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ Flow and Adorn: Crystals In-Between ကို The In-Between၊ Art Of Healing နဲ့ Bloom Yoga တို့ ပူးပေါင်း ပြုလုပ်တဲ့ Workshop လေးတခုဖြစ်ပါတယ်။

Workshop မစခင်မှာ Bloom Yogaမှ Instructor Htetကနေပြီးတော့ grounding ဖြစ်စေဖို့အတွက် Yoga exercises တွေ အရင် ပြုလုပ်ကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပါဝင်လိုသူများအနေနှင့် Yoga mat ယူလာရန်လည်း လိုအပ်ပါမယ်ရှင်။ Yogaလေ့ကျင့်ရန်အတွက် ပေါ့ပါးသော ဝတ်စုံများလည်း ယူလာရန် လိုပါတယ်။

Yoga session ပြီးသွားရင်တော့ teaသောက်ရင်း တခဏ အနားယူပြီးတဲ့အခါ Art of Healing မှ Art Therapy Practitioner Yukoမှ Seven Chakras နှင့် ဆက်စပ်တဲ့ Crystal လေးတွေအကြောင်း၊ သူတို့ရဲ့ energy အကြောင်း မျှဝေပေးပြီး ပါဝင်သူများကိုယ်တိုင် crystal လေးတွေနှင့် လက်ကောက်လေးတွေ ပြုလုပ်ကြမှာပဲ ဖြစ်ပါတယ်။

Flow and Adorn ကို (၁၆.၁၁.၂၀၂၅) နေ့၊ တနင်္ဂနွေ နေ့လည် (၁) နာရီ Bloom Yoga ရန်ကင်းမှာ ပြုလုပ်သွားမှာပါ။ ( Kudos Bakery ရန်ကင်းဆိုင်ကိုနှင့် တတန်းထဲ အ​ဆောက်အဦးဖြစ်ပါတယ်။ ) Flow and Adorn ကို တက်ရောက်နိုင်ဖို့ Fees လေးက (၅) သောင်းကျပ်သာ ဖြစ်ပြီး (၁၂.၁၁.၂၀၂၅) နေ့ထိ (၅) ရက်အတွင်းမှာ စာရင်းပေးသွင်းမယ်ဆိုရင် Early Birds အနေနဲ့ တဦးကို (၄) သောင်းခွဲကျပ်နဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

လူဦးရေ အရေအတွက် ကန့်သတ်ထားတာမို့ ကြိုတင်စာရင်းပေးသွင်းဖို့ အကြံပြုချင်ပါတယ်။

Registration link :
https://docs.google.com/forms/d/e/1FAIpQLSdFWJsmEPmeE0ShExeBbB-4N13c3x2bU47J8pQlTwcK3qVHAA/viewform?usp=header

အချိန် (၂)နာရီခန့်အတွင်းမှာ လက်ဆောင်ပြန်လည် ရယူသွားနိုင်မယ့် အစီအစဉ်အပြင် အခြားစိတ်ဝင်စားဖွယ်ရာလေးတွေလည်း ပါဝင်ပါဦးမယ်။

ယောဂလေ့ကျင့်ခန်း mindfulness grounding နဲ့အတူ ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်ချစ်ဖို့ တနင်္ဂနွေနေ့လည် အချိန်ခဏလေးပေးပြီး လာရောက်ခဲ့ပါလို့ ဖိတ်ခေါ်
လိုက်ပါရစေရှင် …။

08/11/2025

DISCLAIMER: No copyright infringement intended.I do not own the audio in this video. They belong to their rightful owners.

07/11/2025

I’m truly glad that Art of Healing had the opportunity to collaborate with NaNa Nan Inzali - NANA on her mental health projects.
Wishing for more meaningful and impactful collaborations in the future—especially in supporting teenagers and young people.

May you continue to shine even brighter and become an even more inspiring woman.

Together with her, we conducted an art therapy workshop for teenagers and young adults titled “ Uncovering My Inner Stre...
06/11/2025

Together with her, we conducted an art therapy workshop for teenagers and young adults titled “ Uncovering My Inner Strengths “.

We are honored to have worked with you and wish you continued success.

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Art of Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Art of Healing:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram