Shwe Taw Win

Shwe Taw Win Training on Nursing, Health Care Assistant, Patient Care Assistant, Basic Computer Practicing

Hello October 💜
01/10/2025

Hello October 💜

💜🥰💜🥰💜🥰
18/09/2025

💜🥰💜🥰💜🥰

🤩🤩🤩
13/09/2025

🤩🤩🤩

13/09/2025

✨✨Home Case✨✨
၂ - ခုရှိပါတယ်
✨၁လကို ၇သိန်း၅သောင်း✨✨

💜💙စောင့်မျှော်နေသူများအတွက် 💜💙💙💜congratulations to you all 💙💜
29/08/2025

💜💙စောင့်မျှော်နေသူများအတွက် 💜💙
💙💜congratulations to you all 💙💜

✨✨မိုးတွေဘယ်လောက်ပဲရွာရွာ ⛈️🌧️🌦️☔️ကြိုးစားပျော်ရွင်စွာ အတန်းတက်ကြသလိုတီချယ်တွေနဲ့လည်း လျောက်လည်ကြ 🦓🐘🦣🦧🐅🐆🦒🦘🦏🦜🦚🐑🦃🐿️
24/08/2025

✨✨မိုးတွေဘယ်လောက်ပဲရွာရွာ ⛈️🌧️🌦️☔️
ကြိုးစားပျော်ရွင်စွာ အတန်းတက်ကြသလို
တီချယ်တွေနဲ့လည်း လျောက်လည်ကြ 🦓🐘🦣🦧🐅🐆🦒🦘🦏🦜🦚🐑🦃🐿️

💜💜💜💜
17/08/2025

💜💜💜💜

🎤🎤🎤Intensive course on applied research method သင်တန်းလေး ဒုတိယအကြိမ် ဖွင့်ပါတော့မယ်ခင်ဗျာ။

✅✅✅သုတေသနနဲ့ ပတ်သက်ပြီး ဗဟုသုတလည်း နည်းနည်းပါးပါးရှိထားပေမယ့် သုတေသနပြုလုပ်ပုံနည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဝေဝါးနေသေးတယ်။ လေ့လာဖို့ အချိန်လည်း အကြာကြီး မပေးနိုင်ဘူးဆိုသူတွေအတွက် သင်တန်းအသစ်ကလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

✅✅✅ ဒါဆိုသုတေသနနဲ့ ပတ်သက်ပြီး ခုမှစလုပ်မယ့်သူတွေရော တက်လို့မရဘူးလားလို့ ဆိုခဲ့ရင် ရပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဘာသာရပ်နယ်ပယ်ပေါ်မူတည်ပြီး အသုံးပြုတဲ့ နည်းလမ်းတွေမတူညီကြတဲ့အတွက် သုတေသနပြုလုပ်တဲ့ နည်းလမ်းတွေကို ကြိုတင်လေ့လာသိရှိထားမယ်ဆိုရင် အမှန်တကယ် သုတေသနပြုလုပ်ကြတဲ့အခါ ပိုမိုလွယ်ကူအဆင်ပြေနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် အခုမှ သုတေသနစလုပ်မယ့် သုတေသီတွေလည်း တက်လို့ရတယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။

✅✅✅အခုသင်တန်းလေးမှာ Module (6) ခု သင်ကြားပေးမှာဖြစ်ပါတယ်။ Module တစ်ခုချင်းစီမှာ လေ့လာမှတ်သားဖွယ်ရာအကြောင်းအရာများစွာ ပါဝင်မှာဖြစ်ပါတယ်။ Module (1) မှာတော့ သုတေသနပြုလုပ်ရမှာ အရေးအကြီးဆုံးဖြစ်တဲ့ Research problem နဲ့ ပတ်သက်ပြီး မှတ်သားလိုက်နာစရာများကို သင်ကြားပေးမှာဖြစ်ပါတယ်။ Module (2) မှာ သုတေသနပြုလုပ်ရာမှာ အလုပ်သင့်ဆုံးဖြစ်ပြီး အများစုမလုပ်ချင်ကြတဲ့ Literature review နဲ့ ပတ်သက်ပြီး အရေးကြီးပုံ၊ အမျိုးအစားများနဲ့ ရွေးချယ်ပုံတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ Module (3) မှာ Research method, Sampling, Reliability and Validity တွေအကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။

✅✅✅Module (4) မှာ Quantitative research methods တွေအကြောင်းကို ဥပမာလေးတွေနဲ့ နားလည်လွယ်အောင် မျှဝေပေးမှာဖြစ်ပါတယ်။ Module (5) မှာဆိုရင် Qualitative research methods တွေအကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။ Phenomenological research, Ethnographic research, Case study, Grounded theory research, Content analysis အစရှိတဲ့ ခေါင်းစဥ်တွေကို မျှဝေပေးမှာဖြစ်ပါတယ်။ Module (6) မှာ Mixed method research design တွေအကြောင်း မျှဝေပေးမှာဖြစ်ပါတယ်။ အသေးစိတ် ခေါင်းစဥ်လေးတွေကို အောက်က Module တစ်ခုချင်းစီမှာ ဖတ်ကြည့်စေချင်ပါတယ်။

✅✅✅Intensive course တွေရဲ့ သဘောသဘာဝအတိုင်း အချိန်တိုအတွင်းမှာ အကြောင်းအရာများစွာကို လေ့လာသိမှတ်ရမှာဖြစ်လို့ အချိန်တိုအတွင်းမှာ အကြောင်းအရာများစွာကို သိလိုသူတွေအတွက် အကျိုးရှိနိုင်မယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။

သင်တန်းစတင်မည့်ရက် ၉-၉-၂၀၂၅

သင်တန်းအချိန် ည ၈ နာရီမှ ၉.၃၀ အထိ

သင်တန်းကာလ (၃) ပတ်

သင်တန်းနေ့ရက် Tuesday & Wednesday (weekly)

သင်တန်းကြေး ၉ သောင်းကျပ်

✅✅✅သင်တန်းချိန်တစ်ချိန်ပြီးတိုင်း Recorded video နှင့် file များ ပေးပို့သွားမှာဖြစ်ပါတယ်ခင်ဗျာ။

✅✅✅စိတ်ဝင်စားလို့ သင်တန်းအပ်ချင်တယ်ဆိုရင် page messenger ကနေဖြစ်စေ၊ ဖုန်းနံပါတ် ၀၉- ၇၆၈ ၅၂၂ ၅၁၇ ကို ဆက်သွယ်စုံစမ်း အပ်နှံနိုင်ပါတယ်ခင်ဗျာ။ သင်တန်းကြေးပေးသွင်းမည်ဆိုပါက Kpay no: 09 256 361 956 ကိုပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

✅✅✅ သင်တန်းမစခင်တစ်ရက်အလိုမှာ Zoom ID and Passcode ပို့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

✅✅✅သင်တန်းကာလအတွင်း အောက်ပါအကြောင်းအရာများကို သင်ကြားပေးမှာဖြစ်ပါတယ်ခင်ဗျာ။

✅✅✅Module 1

Research problem
Questions for research problem
Where can find research problem
Who cares and so what?
Writing effective research problem
Purpose statement
Research question
Hypothesis
Methodological point of departure

✅✅✅Module 2

How to review literature
demonstrating knowledge
identifying research gap
Generating specific research question
Positioning research
Stages and steps of literature review
Approachs to conducting a literature review
Systematic literature review
Semi-systematic review
Integrative review
Purpose of literature review
Technologies for effective reviews

✅✅✅Module 3

Research Methods
Research paradigm
Identifying the population and a sample for your study
Random sampling
Couple of caveats
Cluster sampling
Stratified sampling
Systematic sampling
Convenience sampling
Quota sampling
Instruments for quantitative research
Instruments for qualitative research
Reliability
Validity

✅✅✅Module 4

Quantitative research methods
Quantitative research designs
Survey research approach
Correlational research
Experimental research
Quasi-experimental research designs
Nonequivalent control group design
Time-series design
Sample research

✅✅✅Module 5

Qualitative research
Qualitative research proposals
Phenomenological research
Ethnographic research
Case study
Grounded theory research
Content analysis
Qualitative data sources
Validity and reliability
Credibility
Transferability
Dependability
Confirmability

✅✅✅Module 6

Mixed method research design
Format of mixed method proposal
Hypotheses for mixed methods studies
Mixed method research design
Convergent design
Sequential explanatory
Sequential-exploratory

14/08/2025

😱🤍

🫀🫀🫀🫀🫀
09/08/2025

🫀🫀🫀🫀🫀

02/08/2025

😳😬🪱🪱

22/07/2025

CC
ဒီ​နေ့ နယူး​ယော့ခ်မှာ hot ဖြစ်နေတဲ့သတင်းတစ်ပုဒ်အကြောင်းပြောပြချင်ပါတယ်။ ပီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Long Island ဖက်မှာရှိတဲ့ MRI ရိုက်တဲ့ ဌါန တစ်ခုမှာ အသက် ၆၁ နှစ်အရွယ်လူမဲအမျိုးသားတစ်ယောက် MRI ခန်းထဲ scan လုပ်​နေတဲ့သူ့မိန်းမ ကိုကူဖို့အသွား သူ့လည်ပင်းမှာ ဆွဲထားတဲ့ ပေါင် ၂၀ အလေးချိန်ရှိ ဝိတ်​လေ့ကျင့်ခန်းလုပ်တဲ့ metal သတ္တုချိန်းကြိုးနဲ့ MRI စက်က ထုတ်လွှတ်နေတဲ့ magnetic rays တွေ ထိတွေ့ပီး စက်ထဲစုပ်ယူခြင်းခံလိုက်ရပါတယ်။
ဖြစ်စဉ်က မိန်းမဖြစ်သူ ဒူးနာလို့ ဆရာဝန်က MRI ရိုက်ခိုင်းတယ်။ MRI ဆိုတာ Magnetic သံလိုက်စက်ကွင်းများလွှတ်ထုတ်ပီး ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေကို အသေးစိတ်ကြည့်နိုင်အောင် scan ဖတ်နိုင်တဲ့ စက်တစ်မျိုးပါ။ ရိုးရိုး X-rayရိုက်တာ၊ ultrasound ရိုက်တာ CAT scan ရိုက်တာတွေထက် ပိုပီး ထင်ရှားအောင် ရိုက်နိုင်တဲ့စက်ကို MRI (Magnetic Resonance Imaging) လို့ခေါ်ပါတယ်။ MRI စက်က ပုံမှန်အားဖြင့် လူနာက အပြားချပ်ပေါ် ပက်လက်အနေအထားမှာ နေရပီး တစ်ဖြည်းဖြည်းချင်း စက်ထဲကို သွင်းတာပါ။ စက်က အဝိုင်းပုံ ဖြစ်ပီး လူက စက်အတွင်းထဲရောက်ချိန်ဆို မျက်နှာနဲ့ စက် အဝိုင်းကြား သိပ်မကွာတဲ့အနေအထားမို့ လူက အခေါင်းထဲဝင်နေရသလိုခံစားရတယ်။ အသက်ရှူမဝပဲ ချွေးပြန်လာတတ်တယ်။ မျက်စိမှိတ်ပီးဘုရားစာဆိုနေရတယ်။ ကျွန်မ ပက်လက် အိပ်ပီးရိုက်တဲ့ MRI နဲ့ ၂ ခါ ရိုက်ဖူးတယ်။ ၂၀၁၀-၂၀၁၃ ကြားကာလမှာ ခေါင်းခဏခဏ ကိုက်လို့ ဆရာဝန်သွားပြရာက ဦးဏှောက်နဲ့အာရုံကြောအထူးကုဆီ ရောက်ပီး ခေါင်းကို MRI ရိုက်ခိုင်းလို့ သွားရိုက်ရတာ။ ပုံမှန်အားဖြင့် MRI ရိုက်မဲ့ လူနာကို မရိုက်ခင်မှာ နာရီ၊ လက်စွပ်၊ နားကပ်၊ ဆွဲကြိုး အားလုံးချွတ်ခိုင်းတယ်။ denture ( သွားအံပုံ) တောင်ချွတ်ရတယ်။ သံလ်ုက်ဆွဲအားသုံးစက်မို့လို့ ဘာသတ္တုမှ ဝတ်ခွင့်မရှိဘူး။ MRI ရိုက်တဲ့ technician တွေက လူနာကို သေချာ မေးမြန်းပီးမှ ရိုက်တဲ့အခန်းထဲပေးဝင်တယ်။ အခြားလူ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ စက် မဖွင့်ခင် technician က လူနာကို လုပ်ငန်းစဉ်အားလုံး ရှင်းပြတယ်။ ဘယ်လိုနေရမလဲရှင်းပြတယ်။ လူနာကို စက်ထဲသွင်းမဲ့ အပြားပေါ် အိပ်ခိုင်းပီးပုံစံကျအောင် ပြင်ပေးတယ်။ အကယ်၍ လူနာက တစ်ခုခု အဆင်မပြေလို့ စက်ကိုရပ်စေချင်ရင် နှိပ်ရမဲ့ ခလုပ်ကြိုးကိုပါလူနာလက်ထဲ ထည့်ပေးလိုက်တာ။ ပီးရင် အခန်းထဲ လူနာ ပဲကျန်ပီး technician က သူ့အခန်းထဲ ဝင်သွားပီး စက်ကိုဖွင့်တာ။ Technician အခန်းနဲ့ MRI ရိုက်တဲ့အခန်းက မှန်ခြားထားလို့မြင်နေရတယ်။ ဇာတ်လမ်းပြန်ဆက်ရရင် သူ့မိန်းမ က MRI ခန်းထဲကနေ သူ့ကို လာထူပေးဖို့ခေါ်လိုက်လို့ သူကဝင်သွားတာ။ ကျွန်မ နားလည်သလောက် MRI ရိုက်တာက ပီးပီ. သို့သော် စက်ကိုမရပ်ရသေးဘူး၊ ဒါကြောင့် စက်က magnetic wave တွေက ထွက်နေတုန်းပဲ။ ဒီလိုအချိန်မှာ သူက စက်နားသွားကပ်တော့ သူဆွဲထားတဲ့ ဧရာမ ချိန်းကြိုးကြီးကို စက်က သံလိုက်ဆွဲအားနဲ့ ဆွဲသွားလို့ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက စက်ထဲဝင်ပီး စက်မှာ တစ်နာရီကြာ ကပ်နေတယ်။ ဒါနဲ့ သူ့မိန်းမက ချက်ချင်းပဲ စက်ကိုခုပိတ်ပေးပါလို့အော်တယ်တဲ့။ Technician လည်း စက်ပိတ်ပီး MRI ခန်းထဲ လာပီး သူ့က်ုဆွဲထုတ်ပေးတယ်။ တစ်ချိန်တည်းမှာပဲ 911 ခေါ်ပီး ဆေးရုံကိုပို့တယ်။ သူ့ကို စက်ထဲက ဆွဲထုတ်ချိန်မှာကတည်းက သူက အားနည်းပျော့ခွေနေပီလ်ု့သူ့မိန်းမက ဆိုတယ်။ ဆေးရုံရောက်ပီးနောက်တစ်ရက်မှာဆုံးသွားတယ်။
ခု အဲဒီ MRI ရိုက်တဲ့ ဌါနက ဖြေရှင်းချက်မပေးသေးဘူး။ တစ်ကယ်ဆို MRI ခန်းထဲ အပြင်လူ လုံးဝ ဝင်ခွင့်မရှိတာကို Technician က တားရမှာ။ မမြင်တာလား?? မသိလိုက်တာလား?? တစ်ခုခုပဲ။ ဒီလို accident မျိုးက တော်ရုံမဖြစ်ဘူး။ ဖြစ်ခဲတယ်။ ဒါကြောင့် သတင်းဌါနတွေမှာ ဒီအကြောင်းကို ကို ဖေါ်ပြနေကြတယ်။ MRI စက်ရဲ့ Magnetic ထုတ်လွှတ်မှုက wheel chair ကိုတောင် လေထဲ မြောက်အောင် လုပ်နိုင်စွမ်းရှိတယ်။ အားအရမ်းပြင်းတယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်။ သေသွားတဲ့ သူက heart ထိသွားတာလို့လည်းပြောတယ်။
အသွားမတော် တစ်လှမ်းဆိုတာ အမှန်ပဲနော်။
အားလုံးသတိထားနိုင်ဖို့ sharing လုပ်လိုက်ပါတယ်။



💛💛💛💛💛
13/04/2025

💛💛💛💛💛

Address

မ၇မ်းကုန်း (၂) ၇ပ်ကွက်၊ ၇န်ကုန်
Yangon

Telephone

+959256361956

Website

Alerts

Be the first to know and let us send you an email when Shwe Taw Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Taw Win:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram