heal by Pun Hlaing

heal by Pun Hlaing ပန်းလှိုင်မိသားစုဆေးခန်းများ၊ TeleHealth နှင့် ကျန်းမာရေးအသိပညာများ

💁‍♀️ဆေးရုံ၊ ဆေးခန်းကို ခရီးသွားလာဖို့ အခက်အခဲရှိနေသူများ၊ အသက်အရွယ်ကြီးရင့်သူများနဲ့ ခွဲစိတ်ကုသမှုအပြီး အနားယူနေရသူများအ...
15/10/2025

💁‍♀️ဆေးရုံ၊ ဆေးခန်းကို ခရီးသွားလာဖို့ အခက်အခဲရှိနေသူများ၊ အသက်အရွယ်ကြီးရင့်သူများနဲ့ ခွဲစိတ်ကုသမှုအပြီး အနားယူနေရသူများအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။👨‍⚕️

အိမ်မှာပဲ သက်သောင့်သက်သာနဲ့ စိတ်ချရတဲ့ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုကိုလိုအပ်လာပြီဆိုရင် သင့်အတွက် 𝐇𝐄𝐀𝐋 𝐇𝐨𝐦𝐞 𝐂𝐚𝐫𝐞 ရှိနေပါတယ်။

𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬 ရဲ့ 𝐇𝐄𝐀𝐋 𝐇𝐨𝐦𝐞 𝐂𝐚𝐫𝐞 မှ ကျွမ်းကျင်ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းများကသင့်အိမ်အရောက် လာရောက်ပြီး စံချိန်မီ ဆေးကုသစောင့်ရှောက်မှုပေးမှာဖြစ်လို့ ဆေးရုံမှာအတိုင်း သင့်အိမ်မှာပဲ စိတ်ချစွာ ကုသမှု ခံယူနိုင်ပါတယ်။

ဆေးရုံကို အသွားအပြန် ခရီးစရိတ်၊ အချိန်ကုန်တာတွေ သက်သာပြီး အနားယူချိန် ပိုမိုရရှိစေပါတယ်။ အိမ်ရဲ့ နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာ စိတ်ဖိစီးမှု နည်းပါးစွာနဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင် အထောက်အကူပြုပါတယ်။

​သက်ကြီးရွယ်အိုများ ၊​နာတာရှည်ရောဂါခံစားရသူများကို ရေရှည်ပြုစု စောင့်ရှောက်ရန်နဲ့ ​ခွဲစိတ်မှုအပြီး အနာကျက်ကာလ (𝐏𝐨𝐬𝐭-𝐎𝐩𝐞𝐫𝐚𝐭𝐢𝐯𝐞 𝐂𝐚𝐫𝐞) အတွက် ​ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို သင့်အိမ်မှာပဲ ရယူလိုက်ပါ။

​📞 အသေးစိတ် သိရှိလိုပါက သို့မဟုတ် ဝန်ဆောင်မှု ရယူလိုပါက 𝐇𝐄𝐀𝐋 𝐇𝐨𝐦𝐞 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞 ကို ဆက်သွယ်လိုက်ပါ: 𝟎𝟗 𝟕𝟕𝟐 𝟖𝟖 𝟗𝟗 𝟓𝟓

ပန်းလှိုင်ဆေးရုံကြီးရဲ့ အိမ်တိုင်ရာရောက် 𝐇𝐄𝐀𝐋 𝐇𝐨𝐦𝐞 𝐂𝐚𝐫𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို ဖုန်းဖြင့်ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်သလို 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 မှ တစ်ဆင့်လည်း ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။

📱𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤:
https://urlgeni.us/happ

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

🧼✨ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လက်ဆေးခြင်းနေ့အထိမ်းအမှတ် (Global Hand Washing Day) ၏ ဆောင်...
15/10/2025

🧼✨ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လက်ဆေးခြင်းနေ့အထိမ်းအမှတ် (Global Hand Washing Day) ၏ ဆောင်ပုဒ်လေးဖြစ်သည့် "It might be gloves. It's always hand hygiene." နှင့်အညီ လက်ကို မှန်မှန်ကန်ကန် နှင့် မကြာခဏ ဆေးခြင်းဟာ ရောဂါပိုးဝင်ခြင်းကို တားဆီးဖို့အတွက် အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။

ဒါကြောင့် ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများနှင့် ပန်းလှိုင်မိသားစုဆေးခန်းများ မှ နေ၍ ထိရောက်သော လက်သေချာပုံမှန်ဆေးကြောခြင်းကြောင့် မလိုလားအပ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ကြောင်း အသိပေးပြောကြားရင်းနှင့် ဘယ်လိုမျိုးသေချာဆေးကြောရမလဲဆိုတာ သိရှိစေနိုင်ရန် ဖော်ပြလိုက်ရပါတယ်။ 🏥

👉 ဒီနေ့မှစ အချိန်ယူပြီး လက်ကို မကြာခဏဆေးပါ။

လက်တွေကို သန့်ရှင်းအောင် ဆေးဖို့ အဆင့် (၅)ဆင့်
💦 ရေဖြင့်ဆေးပါ

🧴 ဆပ်ပြာတိုက်ပါ

⏱️ စက္ကန့် ၂၀ ခန့် လက်ကို သေချာပွတ်တိုက်ဆေးကြောပါ

🚰 ရေဖြင့်ပြန်ဆေးပါ

🩵 သန့်ရှင်းသော အဝတ်ဖြင့်ခြောက်အောင်သုတ်ပါ

🙌 လက်သန့်ရှင်းမှုမှ တဆင့် သန့်ရှင်းကျန်းမာသော လူမှုဘဝများကို အတူတည်ဆောက်ကြပါစို့။ 🌿

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

🥰 စိတ်ပင်ပန်းမှုတွေကို နှုတ်ဆက်ဖို့၊ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပြန်ဖန်တီးဖို့အတွက်...တစ်နေ့တာလုံး ပခုံးပေါ်ထမ်းထားရတဲ့ ...
13/10/2025

🥰 စိတ်ပင်ပန်းမှုတွေကို နှုတ်ဆက်ဖို့၊ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပြန်ဖန်တီးဖို့အတွက်...

တစ်နေ့တာလုံး ပခုံးပေါ်ထမ်းထားရတဲ့ တာဝန်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် အသက်ရှူကျပ်သလို ခံစားနေရပြီလား❓

ကိုယ့်တစ်ယောက်တည်းပဲ ဒီလိုဖြစ်နေတာလားလို့ တွေးပြီး အထီးကျန်နေပါသလား❓

ဒါဆိုရင်... ဒီ 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐆𝐫𝐨𝐮𝐩 လေးမှာ သင့်ရဲ့ စိတ်ခံစားချက်တွေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ စိတ်ခံစားမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလာရောက် ရင်ဖွင့်လိုက်ပါ!

🤗 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐆𝐫𝐨𝐮𝐩 လေးက သင့်ရဲ့ စိတ်ခံစားချက် အတက်အကျတွေ၊ ဖွင့်မပြောနိုင်တဲ့ အတွေးတွေကို လုံခြုံစွာနဲ့ ပွင့်ပွင့်လင်းလင်း မျှဝေနိုင်မယ့် "စိတ်ထွက်ပေါက်" တစ်ခုဖြစ်စေမှာပါ။

ဒီအစီအစဉ်လေးမှာ ဘာကြောင့်ပါဝင်သင့်တာလဲဆိုရင်

💁‍♀️𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 ဆေးရုံရဲ့ ကျွမ်းကျင်တဲ့ 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫 တစ်ဉီးဖြစ်တဲ့ 'ဒေါက်တာစိုးပိုင်ဟိန်း' မှ သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျအောင်ဖွင့်ဟပြောဆိုနိုင်စေဖို့ ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက်

💁‍♀️ ကိုယ်ပိုင်အတွေ့အကြုံတွေကို တစ်ဉီးနှင့်တစ်ဉီးမျှဝေဖေးမရင်း စိတ်သက်သာရာရစေမယ့်အပြင် ရှေ့ဆက်ဖို့အတွက် ခွန်အားသစ်တွေ၊ အားအင်သစ်တွေကို ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ရဲ့ရှုပ်ထွေးနေတဲ့အတွေးတွေနဲ့ စိတ်ခံစားချက်တွေ၊ မဖွင့်ဟနိုင်ဘဲစုပုံလာတဲ့ ကိုယ့်ရဲ့ အတွေးတွေကို လျော့ပါးစေဖို့ ဒီ 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐆𝐫𝐨𝐮𝐩 လေးမှာ အခမဲ့ လာရောက်ဆွေးနွေးပြီး ကောင်းမွန်တဲ့ စိတ်ခွန်အားတွေကိုပြန်လည်ရရှိစေမှာဖြစ်လို့ လာရောက်ပါဝင်နိုင်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။

📌အစီအစဉ်အမည်: ဝန်ထုပ်တွေကို ဖြေလျော့လိုက်ပါ (𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐆𝐫𝐨𝐮𝐩)

📆 နေ့ရက်: ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် (ကြာသာပတေးနေ့)

⏰ အချိန်: ညနေ ၄ နာရီ မှ ၆ နာရီအထိ

🌐 နေရာ: 𝐙𝐨𝐨𝐦 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦

သင့်ရဲ့ ရင်ဖွင့်မှုတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေ အားလုံးကို အပြည့်အဝ လျှို့ဝှက်ထိန်းသိမ်းပေးထားမှာမို့ စိတ်ချလက်ချ ယုံကြည်စွာ ပါဝင်ဆွေးနွေးနိုင်ပါတယ်။

လူဦးရေ ကန့်သတ်ထားတာမို့ အခုပဲ အောက်ပါလင့်မှာ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်။

စာရင်းသွင်းရန်: https://forms.gle/5B9jqx5MWri5XtR1A

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🌍 ယနေ့ အောက်တိုဘာလ(၁၀) ရက်နေ့ကတော့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်။🌀 ဒီနှစ်အတွက် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အထိမ်းအမှတ် ဆေ...
10/10/2025

🌍 ယနေ့ အောက်တိုဘာလ(၁၀) ရက်နေ့ကတော့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်။

🌀 ဒီနှစ်အတွက် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ကတော့ “Mental Health in Catastrophes and Emergencies” ဖြစ်ပါတယ်။

🔥 ယနေ့ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်နှင့် ကျန်းမာရေးကပ်ဘေးအခြေအနေတွေကြား ထိခိုက်ခံစားနေရသူတွေအတွက် စိတ်ကျန်းမာရေး အထောက်အကူဖြစ်စေဖို့ အားပေးနားထောင်ပေးခြင်း၊ မျှဝေခံစားပေးနိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။

🙌 ခန္ဓာကိုယ်ကျန်းမာရေးကို အမြဲ ဂရုစိုက်ကြသလိုပဲ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ကလည်း အရေးပါလှပါတယ်။ အခက်အခဲတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ တံတားတစ်စင်းအဖြစ် ချစ်ခင်ရသူတွေကို အားအင်ဖြစ်စေဖို့ ယနေ့ပဲ စတင်လိုက်ရအောင်။

💚 🤗ဒါကြောင့် ဒီနေ့ အောက်တိုဘာလ (၁၀) ရက်နေ့ မှာကျရောက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) အထိမ်းအမှတ်အနေနဲ့ စိတ်ကျန်းမာရေးအတွက် ကိုယ်နေ့စဥ်လုပ်ဖြစ်‌နေတဲ့ အလေ့အထလေးတွေပဲ ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အားပေးတာပဲ ဖြစ်ဖြစ်၊ ကိုယ်ခံစားနေရတဲ့ အချိန်မှာ ကိုယ့်ဘေးမှာရှိပြီး အားပေးခဲ့တဲ့ သူများကိုကျေးဇူးတင်စကားပြောချင်တာ ပဲ ဖြစ်ဖြစ် mention ခေါ် ပြီး ကိုယ်ပြောချင်တာလေးတွေကို ဝေမျှ ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

ချစ်ခင်လေးစားတန်ဖိုးထားမှုတွေကို 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 နဲ့ဖော်ပြလိုက်ပါ 🏮ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး ကြိုတင်ကုသ...
09/10/2025

ချစ်ခင်လေးစားတန်ဖိုးထားမှုတွေကို 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 နဲ့ဖော်ပြလိုက်ပါ 🏮

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး ကြိုတင်ကုသကာကွယ်ခြင်းဟာ ရောဂါဖြစ်မှကုသခြင်းထက် ပိုအကျိူးကျေးဇူးများတာဖြစ်လို့ အခါအခွင့်ရရင် ပုံမှန် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

ဒီ သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘတွေကို အကောင်းဆုံးကျန်းမာခြင်းလက်ဆောင်ပေးပြီး ဂါရဝပြုချင်သူများအတွက် 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 များကို ပန်းလှိုင်မိသားစုဆေးခန်းများတွင် 𝐔𝐩 𝐭𝐨 𝟐𝟓% အထိ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 နဲ့ လစျေးနှုန်းထက် ပိုမိုသက်သာစွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

𝐔𝐩 𝐭𝐨 𝟐𝟓% အထိ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရယူနိုင်မယ့် 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 မှာ

💁‍♀️အစာအိမ်၊ အူလမ်းကြောင်း ကင်ဆာရှိ၊ မရှိ စစ်ဆေးခြင်း
💁‍♀️အသည်းကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်း
💁‍♀️ပန်ကရိယကင်ဆာရှိ၊ မရှိ စစ်ဆေးခြင်း
💁‍♀️သားဥအိမ် ကင်ဆာ ရှိ၊မရှိ စစ်ဆေးခြင်း
💁‍♀️ရင်သား ကင်ဆာ ရှိ၊ မရှိ သွေးမှစစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုတွေပါဝင်တာ မို့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ သီတင်းကျွတ်အခါသမယလေးမှာ လူကြီးမိဘဆရာသမားတွေ ကျန်းမာရေးအမြဲကောင်းမွန်ပြီး အသက်ရှည်၊အနာကင်းမဲ့နေစေဖို့အတွက် 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 နဲ့ ဂါရဝပြုရင်း အဆုံးမဲ့ချစ်ခြင်းမေတ္တာတွေကို ပြသလိုက်ရအောင်။

"သီတင်းကျွတ်ချိန်ခါ 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 နဲ့ ကျန်းမာစေပါ''

ပန်းလှိုင်မိသားစုဆေးခန်း လိပ်စာများ

📍 ကြည့်မြင့်တိုင်

🏥 အမှတ် (၃၁၇)၊ ကမ်းနားလမ်းနဲ့ စကားဝါပင်လမ်းထောင့်၊ (ဗဟိုစံပြငါးဈေးအနီး)၊ မကျည်းတန်းမြောက် အနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်။

📱𝟎𝟗 𝟒𝟓𝟕𝟔 𝟓𝟖𝟒𝟓 𝟔

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၁၀) နာရီ မှ ည (၇) နာရီအထိ (တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

📍 ကြယ်စင်အိမ်ရာ

🏥 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐂𝐋𝟑, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐢𝐭𝐲 𝐋𝐨𝐟𝐭, 𝐒𝐭𝐚𝐫 𝐂𝐢𝐭𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭, 𝐓𝐡𝐚𝐧𝐥𝐲𝐢𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

📱 𝟎𝟗 𝟒𝟒𝟗 𝟓𝟐𝟑 𝟓𝟑𝟒

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၈) နာရီ မှ ညနေ (၈) နာရီအထိ

📍‌သင်္ဃန်းကျွန်း

🏥 တိုက်အမှတ် (၆၅)၊ အခန်းအမှတ် ဘီ (၁)၊ မြေညီထပ်၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (လမ်းညွှန် 👉🏻𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐙𝐚𝐰𝐚𝐧𝐚အနား၊ ပဲခူးကားမှတ်တိုင်အနီး,𝐄𝐏𝐂 ရုံးနှင့် မျက်နှာချင်းဆိုင်)

📱𝟎𝟗 𝟖𝟖𝟑 𝟒𝟕𝟔 𝟔𝟕𝟕

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၁၀) နာရီ မှ ည (၇) နာရီအထိ (သောကြာနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

📍 ဖျာပုံ

🏥 အမှတ်၉၂၊ ပထမလမ်း၊ ၄ရပ်ကွက် ၊ဖျာပုံမြို့၊ ဧရာဝတီတိုင်း။

📱𝟎𝟗 𝟗𝟔𝟐𝟐 𝟐𝟐𝟕𝟖 𝟓

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၁၀) နာရီမှ ညနေ (၇) နာရီ အထိ

📱 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤:
https://urlgeni.us/happ

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🙏🌕 သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခါသမယတွင် မိဘပြည်သူများအားလုံး ကျန်းမာခြင်းသုခနှင့်ပြည့်စုံကြပါစေလို့ ပန်း...
05/10/2025

🙏🌕 သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အခါသမယတွင် မိဘပြည်သူများအားလုံး ကျန်းမာခြင်းသုခနှင့်ပြည့်စုံကြပါစေလို့ ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

မျက်စိဘယ်လောက်လျင်လည်း သိရအောင် စမ်းကြည့်ဖို့ ဂိမ်းလေးတူတူဆော့ရအောင် 🤓ပေးထားတဲ့ပုံလေးထဲမှာ ပုန်းနေတဲ့ 𝐒𝐮𝐧𝐧𝐲 လေးကိုတွေ့အေ...
05/10/2025

မျက်စိဘယ်လောက်လျင်လည်း သိရအောင် စမ်းကြည့်ဖို့ ဂိမ်းလေးတူတူဆော့ရအောင် 🤓

ပေးထားတဲ့ပုံလေးထဲမှာ ပုန်းနေတဲ့ 𝐒𝐮𝐧𝐧𝐲 လေးကိုတွေ့အောင်ရှာကြည့်နော်။ တွေ့ခဲ့ရင်လည်း 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ပြောပြသွားလို့ရပါတယ်။

သူငယ်ချင်းတွေကိုလည်း ပုန်းနေတဲ့ 𝐒𝐮𝐧𝐧𝐲 လေးကိုတွေ့အောင်ရှာဖို့ အခုပို့စ်လေးကို 𝐏𝐮𝐛𝐥𝐢𝐜 နဲ့ 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လေးလုပ်ပေးခဲ့ဦးနော်။

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🎉🥳 မြန်မာနိုင်ငံရဲ့ 𝐋𝐞𝐬𝐌𝐢𝐥𝐥𝐬 𝐀𝐬𝐢𝐚 𝐏𝐚𝐜𝐢𝐟𝐢𝐜 က 𝐀𝐦𝐛𝐚𝐬𝐬𝐚𝐝𝐨𝐫 နှင့် 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐋𝐨𝐜𝐚𝐥 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫𝐬 များပါဝင်သည့် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐨𝐝...
02/10/2025

🎉🥳 မြန်မာနိုင်ငံရဲ့ 𝐋𝐞𝐬𝐌𝐢𝐥𝐥𝐬 𝐀𝐬𝐢𝐚 𝐏𝐚𝐜𝐢𝐟𝐢𝐜 က 𝐀𝐦𝐛𝐚𝐬𝐬𝐚𝐝𝐨𝐫 နှင့် 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐞𝐝 𝐋𝐨𝐜𝐚𝐥 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐨𝐫𝐬 များပါဝင်သည့်

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐨𝐝𝐲𝐂𝐨𝐦𝐛𝐚𝐭 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝟐𝟎𝟐𝟓 မှာ 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬⁣ နှင့် 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 မှ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 အဖြစ် ပါဝင်ကူညီအားဖြည့်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒီပြိုင်ပွဲမှာ 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥𝐬⁣ နှင့် 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 မှ ပါဝင်ခဲ့တဲ့ ပုံရိပ်တစ်ချို့ကိုပြန်မျှဝေလိုက်ပါတယ်။

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🧑‍⚕️𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 အဖြေတွေကို 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 နဲ့ဆို အချိန်နေရာမရွေး ကြည့်ရှုလို့ရပြီနော်။📱 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧...
02/10/2025

🧑‍⚕️𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 အဖြေတွေကို 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 နဲ့ဆို အချိန်နေရာမရွေး ကြည့်ရှုလို့ရပြီနော်။

📱 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤:
https://urlgeni.us/happ

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🧑‍⚕️𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 အဖြေတွေကို 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 နဲ့ အချိန်နေရာမရွေး ကြည့်လို့ရပြီနော်။

📱 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ရဲ့ 𝐌𝐲 𝐇𝐞𝐚𝐥𝐭𝐡 ထဲမှာဆိုရင် ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပန်းလှိုင်မိသားစုဆေးခန်းတွေမှာ မိမိစစ်ဆေးထားတဲ့ ဆေးစစ်ချက်အဖြေတွေကို 𝐑𝐞𝐬𝐮𝐥𝐭 ထွက်သည်နှင့် တစ်ပြိုင်နက် အစအဆုံး အပြည့်အစုံ အချိန်မရွေး၊ နေရာမရွေး ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ကျန်းမာရေးနှင့်ပတ်သက်ပြီး စိတ်ချယုံကြည်မြန်ဆန်တဲ့ ကျန်းမာရေးစစ်ဆေးချက်အဖြေတွေကို 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ထဲက 𝐌𝐲 𝐇𝐞𝐚𝐥𝐭𝐡 မှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။

📱 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤:

https://urlgeni.us/happ

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

သီတင်းကျွတ်ကာလ လူကြီးမိဘများအတွက် အကောင်းဆုံးဂါရဝ 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞🏮ဖေဖေ ၊ မေမေ ၊ ဖိုးဖိုး၊ ဖွားဖွား နဲ့ ချစ်ခင်ရတ...
01/10/2025

သီတင်းကျွတ်ကာလ လူကြီးမိဘများအတွက် အကောင်းဆုံးဂါရဝ 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞🏮

ဖေဖေ ၊ မေမေ ၊ ဖိုးဖိုး၊ ဖွားဖွား နဲ့ ချစ်ခင်ရတဲ့သူတွေကို ရောဂါကင်းပြီးကျန်းမာ အသက်ရှည်စေဖို့နဲ့ ရောဂါတွေမဖြစ်ခင်မှာကြိုတင်ကာကွယ်နိုင်ဖို့ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

ဒါကြောင့် မကြာခင်မှာကျရောက်လာတော့မယ့် သီတင်းကျွတ်ကာလမှာ လူကြီးမိဘတွေကို အကောင်းဆုံးကျန်းမာရေးဂါရဝလက်ဆောင်ပေးချင်သူတွေအတွက် ရွေးချယ်နိုင်မယ့် 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေကို ပန်းလှိုင်မိသားစုဆေးခန်းတွေမှာဝယ်ယူနိုင်ပါပြီ။

𝐔𝐩 𝐭𝐨 𝟐𝟓% အထိ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရယူနိုင်မယ့် 𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 အစီအစဥ်မှာ အမျိုးသား၊အမျိုးသမီးသီးသန့် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေအပြင် စျေးနှုန်းပိုမိုသက်သာတဲ့ 𝐇𝐄𝐀𝐋 𝐏𝐚𝐜𝐤𝐚𝐠𝐞 လည်းပါဝင်တာမို့ ဒီနှစ်သီတင်းကျွတ်မှာ ကျန်းမာခြင်းလက်ဆောင်နဲ့ ဂါရဝပြုဖို့ ပန်းလှိုင်မိသားစုဆေးခန်းတွေမှာဝယ်ယူလိုက်တော့နော်။

📍𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလလေးကတော့ အောက်တိုဘာလ ၁ ရက် မှ ၃၁ ရက်အထိဖြစ်ပါတယ်။

📍𝐏𝐚𝐜𝐤𝐚𝐠𝐞 အသေးစိတ်ကို ​𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာကြည့်နိုင်ပါတယ်။

𝐇𝐄𝐀𝐋 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐏𝐚𝐜𝐤𝐚𝐠𝐞 နှင့် 𝐇𝐄𝐀𝐋 𝐏𝐚𝐜𝐤𝐚𝐠𝐞 စသည့် 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 များကို 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 တွင်လည်းဝယ်ယူရရှိနိုင်ပါတယ်။

ပန်းလှိုင်မိသားစုဆေးခန်း လိပ်စာများ

📍 ကြည့်မြင့်တိုင်

🏥 အမှတ် (၃၁၇)၊ ကမ်းနားလမ်းနဲ့ စကားဝါပင်လမ်းထောင့်၊ (ဗဟိုစံပြငါးဈေးအနီး)၊ မကျည်းတန်းမြောက် အနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်။

📱𝟎𝟗 𝟒𝟓𝟕𝟔 𝟓𝟖𝟒𝟓 𝟔

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၁၀) နာရီ မှ ည (၇) နာရီအထိ (တနင်္လာနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

📍 ကြယ်စင်အိမ်ရာ

🏥 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐂𝐋𝟑, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐢𝐭𝐲 𝐋𝐨𝐟𝐭, 𝐒𝐭𝐚𝐫 𝐂𝐢𝐭𝐲 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭, 𝐓𝐡𝐚𝐧𝐥𝐲𝐢𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

📱 𝟎𝟗 𝟒𝟒𝟗 𝟓𝟐𝟑 𝟓𝟑𝟒

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၈) နာရီ မှ ညနေ (၈) နာရီအထိ

📍‌သင်္ဃန်းကျွန်း

🏥 တိုက်အမှတ် (၆၅)၊ အခန်းအမှတ် ဘီ (၁)၊ မြေညီထပ်၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (လမ်းညွှန် 👉🏻𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐙𝐚𝐰𝐚𝐧𝐚အနား၊ ပဲခူးကားမှတ်တိုင်အနီး,𝐄𝐏𝐂 ရုံးနှင့် မျက်နှာချင်းဆိုင်)

📱𝟎𝟗 𝟖𝟖𝟑 𝟒𝟕𝟔 𝟔𝟕𝟕

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၁၀) နာရီ မှ ည (၇) နာရီအထိ (သောကြာနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

📍 ဖျာပုံ

🏥 အမှတ်၉၂၊ ပထမလမ်း၊ ၄ရပ်ကွက် ၊ဖျာပုံမြို့၊ ဧရာဝတီတိုင်း။

📱𝟎𝟗 𝟗𝟔𝟐𝟐 𝟐𝟐𝟕𝟖 𝟓

⏰‌ဆေးခန်းဖွင့်ချိန် - နံနက် (၁၀) နာရီမှ ညနေ (၇) နာရီ အထိ

📱 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤:
https://urlgeni.us/happ

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🎀 နှစ်စဉ် အောက်တိုဘာလဟာ"ရင်သားကင်ဆာဂရုပြုလ" ဖြစ်ပါတယ်။🌐ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (𝐖𝐇𝐎) ရဲ့ အဆိုအရ ကမ္ဘာတစ်ဝန်းရှိ အမျို...
01/10/2025

🎀 နှစ်စဉ် အောက်တိုဘာလဟာ"ရင်သားကင်ဆာဂရုပြုလ" ဖြစ်ပါတယ်။

🌐ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (𝐖𝐇𝐎) ရဲ့ အဆိုအရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးအယောက် (၂၀) မှာ (၁) ယောက်ဟာရင်သားကင်ဆာဖြစ်ပွားနိုင်တယ်လို့ဖော်ပြထားပါတယ်။ ရင်သားကင်ဆာရောဂါဟာ အမျိုးသမီးရော အမျိုးသားမှာပါ ဖြစ်ပွားနိုင်ပါတယ်။

🩻ရင်သားကင်ဆာရှိမရှိ ကြိုတင်စစ်ဆေးခြင်းသည် ထိရောက်ဆုံးသောကာကွယ်ခြင်းတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးများအနေဖြင့် အသက် ၂၀ နှင့် ၃၀ ကြား တွင် မိမိရင်သားတွင် အဖုအကျိတ်ရှိမရှိ မိမိကိုယ်တိုင်စမ်းသပ်စစ်ဆေးခြင်း၊ ထူးခြားမှုရှိပါက ဆရာဝန်နှင့် ပြသခြင်း၊ လိုအပ်ပါက Mammogram(ရင်သားဓါတ်မှန်)ရိုက်ခြင်း၊ Ultrasound(တယ်လီဗေးရှင်းဓါတ်မှန်) ရိုက်ခြင်း တို့ဖြင့် သိရှိကာကွယ်နိုင်ပါတယ်။အထူးသဖြင့် အသက်လေးဆယ်ကျော် အမျိုးသမီးများနှင့်၊ ကင်ဆာရောဂါမျိုးရိုးဗီဇရှိသူများ သည် တစ်နှစ်တစ်ကြိမ် ရင်သားဓာတ်မှန်ရိုက်စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

☀️ရင်သားကင်ဆာ၏လက္ခဏာများကို စောလျင်စွာသိရှိခြင်းအားဖြင့် အထိရောက်ဆုံးသောကုသမှုများနှင့် အသက်ရှင်နှုန်းကိုလည်း တိုးစေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများကနေပြီးတော့ ရင်သားကင်ဆာကို သတိပြုကာကွယ်ကုသနိုင်ဖို့အတွက်ရည်ရွယ်ကာ ရင်သားကင်ဆာအတွက် အရည်အသွေးပြည့်မီသော ကုသမှုကိုအားလုံးတန်းတူရရှိရန် အချိန်မီဝိုင်းဝန်းကာကွယ်ကုသကြစို့ လို့ပြောကြားရင်း ရင်သားကင်ဆာဂရုပြုလကို ဂုဏ်ပြုအပ်ပါတယ်။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐂𝐚𝐫𝐞

Address

Pun Hlaing Estate Avenue, Hlaing Tharyar Township
Yangon
00000

Alerts

Be the first to know and let us send you an email when heal by Pun Hlaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to heal by Pun Hlaing:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category