Khin Theint Theint Sein - Medicine & Healthcare

Khin Theint Theint Sein - Medicine & Healthcare Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Theint Theint Sein - Medicine & Healthcare, Yangon.

Diclofenac Sodium (ဒိုင်ကလိုဖီနက် ဆိုဒီယမ်)စတီးရွိုက်မဟုတ်သော အရောင်ကျဆေး(NSAID) ဆေးတစ်မျိုးဖြစ်သည်။  အရောင်ကျစေပြီး နာက...
10/09/2022

Diclofenac Sodium (ဒိုင်ကလိုဖီနက် ဆိုဒီယမ်)

စတီးရွိုက်မဟုတ်သော အရောင်ကျဆေး(NSAID) ဆေးတစ်မျိုးဖြစ်သည်။ အရောင်ကျစေပြီး နာကျင်မှုသက်သာစေသော အာနိသင်အလွန်ထက်မြက်သည်။ အဖျားလည်း ကျစေသည်။

အသုံးဝင်ပုံ

ရူမက်တစ်အဆစ်ရောင်ရောဂါအမျိုးမျိုးတွင် အရောင်ကျပြီး နာကျင်မှုကိုလည်း သက်သာစေသည်။ အခြားအရိုးအကြောရောဂါများနှင့် ဂေါက် အဆစ်ရောင်နာတွင်လည်း အသုံးပြုသည်။ ခွဲစိတ်ပြီးစလူနာများ နာကျင်မှုဝေဒနာသက်သာစေရန်လည်း ထိုးဆေးအဖြစ်သော်လည်းကောင်း စအိုထဲထည့်သော ဆေးတောင့်အဖြစ်သော်လည်းကောင်း အသုံးပြုသည်။

ဆေးညွှန်းနှင့်အသုံးပြုပုံ

စားဆေး တစ်နေ့လျှင် 75-150 မီလီဂရမ်ကို နှစ်ကြိမ်(သို့မဟုတ်)သုံးကြိမ်ခွဲ၍ သောက်ရသည်။ အသားထိုးဆေး ခွဲစိတ်ပြီးစလူနာများ နာကျင်မှုသက်သာရန်နှင့် ဆိုးရွားသောအဆစ်ရောင်နာများတွင် 75 မီလီဂရမ်ကို တင်ပါးတွင် နက်နက်ထိုးရသည်။ ဆီးလမ်းကြောင်းကြောက်တည်၍ ဆီးထိုးသည့်ဝေဒနာ သက်သာရန်လည်း အသားဆေးထိုးနိုင်သည်။ စအိုထဲထည့်သောဆေးတောင့် 75-150 မီလီဂရမ်ကို အကြိမ်ခွဲ၍ထည့်ပေးနိုင်သည်။ စားဆေးဖြစ်စေ ထိုးဆေးဖြစ်စေ စအိုထဲထည့်သောဆေးတောင့်ဖြစ်စေ တစ်နေ့လျှင် 150 မီလီဂရမ်ထက်မပိုသင့်ပါ။

သတိပြုရန်

အစာအိမ်နာဖြစ်ဖူးသူများ အသည်း နှလုံးနှင့် ကျောက်ကပ်ဝေဒနာရှိသူများ သက်ကြီးရွယ်အိုများ သတိထားသုံးရမည်။

ဆေးအပြစ်များ

ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း လေချဉ်တက်ခြင်း ဗိုက်အောင့်ခြင်း ပျို့ခြင်း ဝမ်းလျှောခြင်း ခေါင်းကိုက်ခြင်း ခေါင်းနောက်ခြင်းများ
ဖြစ်တတ်ပါသည်။ အရည်ပြားပေါ်တွင် အဖုအပိမ့်ထွက်ခြင်း ဖောရောင်ခြင်း အသည်းထိခိုက်ခြင်း
ဖြစ်နိုင်ပါသည်။ အစာလမ်းကြောင်း အနာဖြစ်ခြင်းနှင့် သွေးယိုခြင်း အသားဝါခြင်း အသည်းရောင်ခြင်း ကျောက်ကပ်အားလျော့ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဤသို့ဖြစ်လျှင် ဆေးကို ချက်ချင်းရပ်ရပါမည်။ သွေးဆဲလ်အရေအတွက်များ လျော့ကျခြင်း ရှားပါးသော်လည်း မဖြစ်ဟု မဆိုနိုင်ပါ။

ရှောင်ရန်

ကိုယ်ဝန်ဆောင်များ ဖြစ်နိုင်လျှင် မသုံးသင့်ပါ။ အစာအိမ်နာ အူသိမ်ဦးပိုင်းနာရှိသူများ အစာလမ်းကြောင်း သွေးယိုခြင်းဖြစ်နေသူများ ဤဆေးနှင့်မတည့်သူများ ရှောင်ရပါမည်။ အသည်းရောင်ခြင်း ကျောက်ကပ်အားလျော့ခြင်းများတွင်လည်း မသုံးရပါ။

ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့

Afenac,A-Fenac,Analpan,Clofec,Clofenac,Cox So Gel,Definil,Diclodenk,Diclofen, Diclofenac Sodium,Diclomol,Diclonac,Dicloral,Dicloran,Diclosan,Diclotal,Difisal,Diflosid,Difnac,Divoltar,Dofec,Dolmax,Dyclo,Dynapar,Erdon,Formin,Grofenac,K Veran,Masaren,Medinac,Megnac Gel,Mobifen,Moven,Neo Pyrazon,Onova,Panagesic,Philco-Diclo,Profenac,Putaren,Remafen,Remethan,Soludol,Subsyde,Tarjena,Ultrafen,Umeran,Uniren Spray,Veenac,Versar,Vesconac Gel,Vesnac,Vetin Gel,Vivian Gel,Volero,Volfen,Volnac,Volta,Voltex,Versar Plus(with Paracetamol),Lobak(with Paracetamol and Chlorozoxazone)

ခေတ်ပေါ်ဆေးဝါးလမ်းညွှန်(ဒေါက်တာဇေယျ)
စာအုပ်မှ ကောက်နုတ်ချက်

မှတ်ချက်။ ။မည်သည့်ဆေးဝါးမဆို ဆရာဝန်လမ်းညွှန်မှုဖြင့်သာ အသုံးပြုသင့်သည်။

Credit... Original writer

ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာမ...
10/09/2022

ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။


ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။


‌မစားသင့်သည့်အစားအစာများ

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Credit... Original writer

💊နာမည်ကြီးနေတဲ့ သွေးကျဲဆေး Rivaroxaban (Xarelto/Roxaban/Xaroban)---------------------------♦️အခုတလော ကိုဗစ် လူနာတွေ အတွက...
09/09/2022

💊နာမည်ကြီးနေတဲ့ သွေးကျဲဆေး Rivaroxaban (Xarelto/Roxaban/Xaroban)
---------------------------

♦️အခုတလော ကိုဗစ် လူနာတွေ အတွက် အသုံးများနေတဲ့ သွေးကျဲဆေး ၂ ခု ရှိပါတယ်..
တစ်ခုက ထိုးဆေး Enoxaprin ဖြစ်ပြီး နောက်တစ် သောက်ဆေးဖြစ် တဲ့ Rivaroxaban ပါ...

သွေးကျဲဆေး သောက်ဆေး Rivaroxaban အကြောင်း အမေးများနေတဲ့ အတွက် ပြောပြပါရစေ....

🎈ဘယ်နေရာတွေ မှာ သုံးလဲ?

သွေးကျဲဆေး သောက်ဆေး Rivaroxaban ကို များသောအားဖြင့် သွေးခဲ ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါအခြေ အနေတွေမှာ အသုံးပြုပါတယ်...

ကိုယ်ခန္တာတွင်းမှာ သွေးခဲတွေ ဖြစ်ရင်ကုသတဲ့ နေရာမှာပဲ ဖြစ်ဖြစ်.. သွေးခဲတွေ မဖြစ်အောင် ကာကွယ်တဲ့နေရာမှာ လည်းသုံးပါတယ် (VTE Prophylaxis -Venous Thromboembolism လို့ခေါ်လေ့ရှိပါတယ်)

ဥပမာ... ခါး/ဒူးခွဲစိတ်မှု အကြီးစားတွေ ပြုလုပ်ထားလို့ လှုပ်ရှားရခက်နေတဲ့ လူနာမျိုးတွေမှာ အသုံးများပါတယ်...

ကိုဗစ်(COVID 19)မှာ လဲ သွေးမခဲ အောင် ကာကွယ်တဲ့ အနေနဲ့ သုံးပါတယ်.. Atrial Fibrillation လို့ခေါ်တဲ့ နှလုံးရောဂါ တစ်မျိုးမှာလဲ သွေးမခဲအောင်သုံးပါတယ်...

🎈သွေးခဲတယ်ဆိုတာ ဘာကြောင့် ကြောက်ဖို့ကောင်းတာလဲ ?

သွေးခဲခြင်း ဆိုတာ အကြီးစားခွဲစိတ်မှု ခံယူထားတဲ့ လူနာတွေ၊ ကိုဗစ်လူနာတွေ၊ နှလုံးရောဂါသည်တွေ၊ မလှုပ်မရှား နိုင်တဲ့ လူနာတွေ အတွက် အလွန်ကြောက်ဖို့ကောင်းပါတယ်..

အသက်သာဆုံး အနေနဲ့ DVT- Deep Vein Thrombosis လို့ခေါ်တဲ့ ခြေထောက်မှာ အဖြစ်များတဲ့ သွေးခဲပိတ်တာ ဖြစ်နိုင်ပါတယ်...

ပိုဆိုးရင်တော့ ခုနက သွေးခဲတွေဟာ အဆုတ်ကိုသွားတဲ့ သွေးကြောမကြီးဖြစ်တဲ့ Pulmonay Artery ကို ပိတ်စေပြီး PE-Pumonary Embolism လို့ခေါ်တဲ့ အသက်အန္တရာယ်ကြီးစေတဲ့ အခြေအနေ ဖြစ်စေပါတယ်...

🎈ကိုဗစ် (COVID-19) မှာ ဘာကြောင့်သုံးလဲ... ?

ကိုဗစ်လူနာတွေ မှာ ခန္တာကိုယ် သွေးကြောတွင်း ရောင်ရမ်းတာတွေကြောင့်ပဲ ဖြစ်ဖြစ် နာမကျန်းလို့ မလှုပ်ရှားနိုင်တာ ကြောင့်ပဲ ဖြစ်ဖြစ် သွေးခဲပိတ်တာတွေ ဖြစ်တတ်ပါတယ်....

ပြင်းထန် ကိုဗစ်လူနာ တွေ နောက်ပိုင်းရက်တွေမှာ မောတာ၊အောက်စီဂျင်ကျတာ၊သေဆုံးတာတွေ ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပါ..ဒါကြောင့် သွေးခဲတာကို ကာကွယ်ဖို့သုံးပါတယ်....Enoxaprin ထိုးဆေး ကတော့ အရင်ဆုံးပေးလေ့ရှိပါတယ်...

🎈ဘယ်လိုသောက်ရလဲ?

သောက်ဆေး Rivaroxaban မှာ များသောအားဖြင့် 10mg/15mg/20mg တွေလာပါတယ်... ရောဂါပေါ်မူတည်ပြီး သောက်ရမည့် Dose ကွာနိုင်ပါတယ်..

Side Effects ဘေးထွက်ဆိုးကျိုးတွေလဲ ရှိတဲ့ အတွက် ကိုယ့်သဘောနဲ့ ကို လုံးဝမသောက်သုံးရပါဖူး... ဆရာဝန် နဲ့သေချာ တိုင်ပင် စစ် ဆေး ပြီးမှ သောက်ရမှာပါ... သောက်သုံးရန် မသင့်တဲ့ အခြေအနေတွေလဲ ရှိနိုင်ပါတယ်...(ဥပမာ.. သွေးမတိတ်တဲ့ရောဂါ ရှိနေရင်)
သောက်ရင် အစာစားပြီး သောက်ခိုင်းလေ့ရှိပါတယ်..

🎈Side Effects ဘေးထွက်ဆိုးကျိုးတွေက....

သွေးကျဲဆေး ဖြစ်တဲ့ အတွက် သွေးထွက်နိုင်တဲ့ Risk ရှိပါတယ်...
သွားဖုံသွေးယိုတာ၊နှာခေါင်းသွေးယိုတာ... ဆိုးရင် အစာအိမ် အူလမ်းကြောင်း သွေးယိုတာတွေ ဖြစ်နိုင်ပါတယ်..
ဆီးလမ်းကြောင်းမှာ သွေးယိုတာလဲ ဖြစ်နိုင်ပါတယ်...
တစ်ချို့တွေမှာတော့ ဓာတ်မတည့်တာလဲ ရှိပါတယ်..
ဒါကြောင့် ဆရာဝန် နဲ့ သေချာ တိုင်ပင်ပြီးမှ သောက်သင့်တာပါ...

🎈ဘာတွေသတိထားသင့်လဲ?

မသောက်ခင် မှာ ကိုယ့် ဆရာဝန် ကို ရောဂါHistory အခြေအနေစုံ ပြောပြဖို့လိုပါတယ်..
သွေးမတိတ်တတ်တဲ့ရောဂါအခြေအနေတွေရှိတာ၊ အစာအိမ်သွေးယိုဖူးတာ၊အသည်း မကောင်းတာ၊ ကျောက်ကပ် ရောဂါ ရှိတာ တို့တွေရှိရင် ဆရာဝန် ကို ပြောကိုပြောပြရပါမယ်...

သောက်သုံးနေစဉ် အတွင်းမှာလဲ …
- သွေးယိုစိမ့်တာ
- ဗိုက်အောင့်တာ
- ခေါင်းအရမ်းကိုက်/မူး တာတွေ ရှိရင် ဆရာဝန် ကို အကြောင်းကြား သင့်ပါတယ်...
သွေးကျဲဆေး သောက်ဆေး Rivaroxaban ဟာ အရင်တုန်းကတော့ ဆေးရုံတက် လူနာတွေမှာ အသုံးများတဲ့ အတွက်လူသိနည်းပါတယ်..

ဒါပေမယ့် ကိုဗစ်ကာလ မှာ ကိုဗစ်လူနာတွေ အတွက် အသုံးများနေတာကြောင့် လူထုကြားမှာ နာမည်ကြီးလာပါတယ်...

⚠️အမြဲ သတိထားရမည့် အချက်ကတော့ ကိုယ့်သဘောနဲ့ ကိုယ် လုံးဝမသောက်သင့်ပဲ ဆရာဝန်နှင့် ပြသတိုင် ပင်ပြီးမှသာ သောက်ရပါမယ်..

⚠️သောက်သုံးနေစဉ် လဲ ဖော်ပြပါ Side Effects တွေဖြစ်ပေါ်လာရင် ဆရာဝန် နဲ့ ပြန် တိုင်ပင်ရပါမယ်....

အားလုံး ကျန်းကျန်းမာမာ ရှိကြပါစေ...

Credit

9.9.2022🔵Molnupiravir 200mg( ) - 45,000/-🔵Favipiravir 400mg -7,000/-🔵Pirfenidone 200mg(Pirfenex) - 16,000/-🔵Rivaroxaban ...
09/09/2022

9.9.2022
🔵Molnupiravir 200mg( ) - 45,000/-
🔵Favipiravir 400mg -7,000/-
🔵Pirfenidone 200mg(Pirfenex) - 16,000/-
🔵Rivaroxaban 10mg - 9,000/-
🔵Rivaroxaban 15mg - 13,000/-
🔵Rivaroxaban 20mg - 13,500/-

#လက်ကားစျေးသီးသန့်ရှိပါသည်။

Messengerသို့ဆက်သွယ်ပြီး မှာယူနိုင်ပါသည်။

Nifedipine (နီဖီဒီပင်း)ကယ်လ်စီယမ် လမ်းကြောင်းပိတ်ဆို့ဆေးတစ်မျိုးဖြစ်သည်။ သွေးလွှတ်ကြောကြွက်သားချောများကို ပြေလျော့စေသဖြင...
08/09/2022

Nifedipine (နီဖီဒီပင်း)

ကယ်လ်စီယမ် လမ်းကြောင်းပိတ်ဆို့ဆေးတစ်မျိုးဖြစ်သည်။ သွေးလွှတ်ကြောကြွက်သားချောများကို ပြေလျော့စေသဖြင့် နှလုံးသွေးလွှတ်ကြောများနှင့် အစွန်အဖျားရှိသွေးလွှတ်ကြောများ (ခြေ/လက် သွေးလွှတ်ကြောများ)ကို ကျယ်စေသောသတ္တိရှိသည်။ နှလုံးကြွက်သားများထက် သွေးကြောများအပေါ်တွင် ပို၍ အာနိသင်သက်ရောက်သဖြင့် အခြား ကယ်လ်စီယမ် လမ်းကြောင်း ပိတ်ဆို့ဆေးများလောက် နှလုံးကြွက်သား ကျုံ့နိုင်စွမ်း လျော့ကျခြင်းမဖြစ်ပါ။ ထို့ကြောင့် နှလုံးအားလျော့ခြင်း ပိုမိုဆိုးဝါးစေခြင်း ဖြစ်နိုင်ချေနည်းပါးသည်။

အသုံး

သွေးတိုးရောဂါကုသရန်နှင့် အင်ဂျိုင်းနားခေါ် နှလုံးစူးအောင့်နာ ကာကွယ်ရန် အသုံးပြုသည်။

ဆေးညွှန်းနှင့် အသုံးပြုပုံ

အာနိသင်တိုသော နီဖီဒီပင်း ကို နှလုံးစူးအောင့်နာ အတွက်သော်လည်းကောင်း ရေရှည်သွေးတိုးထိန်းရန် အတွက်သော်လည်းကောင်း အသုံးမပြုတော့ပါ။ သွေးပေါင်အပြောင်းအလဲ မြန်လွန်းသည့်အပြင် နှလုံးခုန်မြန်စေသောကြောင့်ဖြစ်သည်။ အာနိသင်ရှည်ကြာသော နီဖီဒီပင်း အမျိုးအစား ၂၀ မီလီဂရမ်ကို တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ပေးလေ့ရှိသည်။

သတိပြုရန်

ဤဆေးသောက်ပြီးပြီးချင်း နှလုံးစူးအောင့်နာဖြစ်လာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆက်မပေးသင့်ပါ။ နှလုံးအားလျော့ခြင်းဖြစ်လာလျှင် ပိုဆိုးလာလျှင်လည်း ဆေးကိုရပ်ရပါမည်။ အသည်းရောဂါရှိသူများ ဆေးချိန်လျော့သောက်ရပါမည်။ နို့တိုက်မိခင်များ သွေးချိုဆီးချို ရောဂါရှင်များ သတိပြုသုံးစွဲရမည်။ ကိုယ်ဝန်ဆောင်များတွင် မီးဖွားခြင်းကို အနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုသည်။

ဆေးအပြစ်များ

ခေါင်းကိုက်ခြင်း တစ်ကိုယ်လုံးပူရှိန်းလာခြင်း ခေါင်းနောက်ခြင်း နွမ်းနယ်ခြင်း နှလုံးခုန်မြန်ခြင်း ရင်တုန်ခြင်းတို့ဖြစ်တတ်ပါသည်။ အာနိသင်တိုသော နီဖီဒီပင်း များသည် သွေးပေါင်ချက်ချင်းကျသွားပြီး အလိုအလျောက်တုံ့ပြန်သော နှလုံးခုန်မြန်ခြင်းကြောင့် နှလုံးကြွက်သားနှင့်ဦးနှောက် သွေးငတ်ခြင်းကို ပိုဆိုးစေနိုင်သည်။ ဖောရောင်ခြင်း အဖုအပိမ့်ထွက်ခြင်း ယားယံခြင်း အင်ပျဉ်ထခြင်း ပျို့ခြင်း ဝမ်းချုပ်ခြင်း ဝမ်းလျှောခြင်း ဆီးမကြာခဏသွားခြင်း မျက်လုံးအောင့်ခြင်း မျက်စိကြည့်မကောင်းခြင်း ခြေလက်ထုံကြဉ်ခြင်း ကြွက်သားများနာခြင်း ပန်းသေခြင်း ယောကျာ်းများနို့စူလာခြင်း တို့ဖြစ်နိုင်ပါသည်။

ရှောင်ရန်

နှလုံးရောဂါကြောင့်ဖြစ်သော သွေးလန့်ခြင်း အေဩတစ် သွေးထွက်ပေါက်ကျဉ်းခြင်း လတ်တလော နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ထားသည်မှာ တစ်လမကျော်သေးခြင်း လတ်တလောနှလုံးစူးအောင့်နာဖြစ်ခြင်းတို့တွင် အသုံးမပြုရပါ။

ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့

Adalat,Calciclor,Calcicard,Calcigard,Carditas,Depin E Retard,Nepin,Nicardia,Nidipine,Nif,Nifaden,Nifecap,Nifedi Denk, Nifedipine,Nifelong,Nifesta,Nifin,Nipine,Vasdalat.

ခေတ်ပေါ်ဆေးဝါးလမ်းညွှန်(ဒေါက်တာဇေယျ)
စာအုပ်မှ ကောက်နုတ်တင်ပြသည်။

‼️‼️‼️မှတ်ချက် ။ ။ မည်သည့်ဆေးဝါးမဆို ဆရာဝန်လမ်းညွှန်မှုဖြင့်သာ အသုံးပြုသင့်သည်။

ကလေး ကိုဗစ်အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ်  တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ ကလေးမှာ ကိုဗစ်က ပြင်းထန်လေ...
07/09/2022

ကလေး ကိုဗစ်

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ

ကလေးမှာ ကိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီး ၃-၄ ပတ်အကြာမှာ ပြင်းပြင်းထန်ထန် ပြန်ဖျားပြီးမျက်မှေးရောင်ပါးစပ်ရောင် နှလုံးရောင်တွေနဲ့ ပြတတ်တယ် )

ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa / Lensen စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအေနနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမေသါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

အန်ရင်

Domperidone အအန်ပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အန် ဘာမှမဝင်ရင်ဆေးရုံတက်ရပါမယ်

မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

Sir U Saw Win

ထိုင်း ကိုဗစ် Update ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်သူတွေ တိုးလာလို့ Favipiravir ဆေးတွေ ကုန်သွားပြီကြ...
18/07/2022

ထိုင်း ကိုဗစ် Update

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်သူတွေ တိုးလာလို့ Favipiravir ဆေးတွေ ကုန်သွားပြီကြောင်း ထိုင်းဆရာဝန်များ အသင်းက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံ ကျေးလက်ဆရာဝန် အသင်း RDS ကနေ ကိုဗစ်ကာကွယ်ဆေး Favipiravir ကုန်သွားလို့ ပြည်တွင်းမှာ ထုတ်လုပ်ခွင့်ပြုပေးဖို့ အစိုးရ ဆေးဝါးအဖွဲ့ကို တိုက်တွန်းခဲ့ပြီး ကိုဗစ် ၁၉ တိုက်ဖျက်ရေး ဆေးဝါးထောက်ပံ့မှု ကုန်သွားတဲ့အကြောင်းကို သတိပေးခဲ့ပါတယ်။

ထိုင်း ကျန်းမာရေး ဝန်ကြီးဌာနမှလည်း Covid-19 ကူးစက်ခံရသူတွေကို ၁၀ ရက်ကြာ သီးခြားခွဲနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Rungrueng Kitphati က Covid-19 နောက်ထပ် လှိုင်းကြီး တစ်ခု မဖြစ်ပွားအောင် လူတိုင်းဟာ စည်းကမ်းတွေကို တိကျစွာ လိုက်နာသင့်တယ်လို့ ပြောပါတယ်။

အပျော့စား ရောဂါလက္ခဏာတွေပဲ ခံစားနေရသူတွေဟာ နေအိမ်မှာ အနည်းဆုံး ၁၀ ရက် သီးခြားခွဲနေထိုင်ရမှာ ဖြစ်ပါတယ်။ ဆေးရုံသွားစရာရှိလို့ နေအိမ်က ထွက်ခွာရင် နှာခေါင်းစီး ဝတ်ဆင်ရမယ်လို့ သူက ပြောပါတယ်။

ဒေါက်တာ Rungrueng က “ ပိုးကူးစက်ခံထားရသူတွေဟာ ၁၀ ရက်ကြာ ကွာရန်တင်းဝင်ရမယ့် စည်းကမ်းကို မလိုက်နာဘဲ အိမ် အပြင်ထွက်နေကြတာကို တွေ့နေရပါတယ်။

ဒါဟာ တခြား လူတွေကို ပိုးကူးစက်နိုင်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ရောဂါ အခံရှိသူတွေအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။

🔶“ ပိုးကူးစက်ခံထားရသူတွေဟာ နေအိမ်မှာ သီးခြား ခွဲနေထိုင်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ သီးခြား အခန်းထဲမှာ နေသင့်ပါတယ်။

🔶ရေချိုးခန်း၊ အိမ်သာကိုလည်း သီးခြား သုံးသင့်ပါတယ်

🔶 ရေချိုးခန်း၊ အိမ်သာ သီးသန့် မရှိဘဲ အများနဲ့ အတူ သုံးတဲ့အခါမှာ သုံးပြီးရင် မျက်နှာပြင်တွေကို ပိုးသတ်ရပါမယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်လူနာစုစု ပေါင်း 4,557,001 အထိရှိပြီး ပြန်လည်သက်သာလာသူ 4,502,156 ဦးနှင့် သေဆုံးသူ 30,981 ဦးရှိပြီဖြစ်ကြောင်းသိရပါသည်။

Ref : bangkokpost
Ref:nationalthailand
Ref: worldometers.info

#ဘန်ကောက်လမ်းညွန်ကိုစိုင်း

ကိုးဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅ Omicron BA.4  and BA.5 မအား တာ နဲ့ လက် ရှိ...
11/07/2022

ကိုးဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5

မအား တာ နဲ့ လက် ရှိ ရေး လက်စ စာလေး တောင် ရပ် ထား ရ ပါတယ်
ခု တော့ ကြားဖြတ် အရေး တကြီး ကိုးဗစ် လှိုင်း အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ

အား လုံး သိ ကြတဲ့ အတိုင်း ကိုးဗစ် ဒယ်လ်တာ delta ပိုး လှိုင်း ကြောင့် ကမ္ဘာ တဝှမ်း လူ ပေါင်း များ စွာ အသက် ဆုံး ခဲ့ ကြ ရ ပါတယ်

ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး လှိုင်း တခု ထပ် အ လာ မှာ တော့ ပိုး က အဆ ပေါင်း များစွာ ပိုမို ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို လူ မသေ ခဲ့ ပါ ဘူး

ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့ နောက် ပိုင်း အိုမီခရွန် လဲ ညိမ် သွား ခဲ့ ပါ တယ်

အခု အိုမီခရွန် ပိုးသစ် တွေ နဲ့ လှိုင်း အ သစ် တခု လာ ပြန် ပါပြီ

* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို့ နာ မယ် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ် မသေ ခဲ့ ပါ
* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ်
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး အကူး မြန် ပြီး ပို ဆိုး ပါ တယ်
ခု တော့ ဘီအေ ၁ နဲ့ ၂ က ညိမ် သွား သ လောက် ဖြစ် ပါ ပြီ
* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး သူ က မရှိ သလောက် ရှား ပါ တယ်

* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော ကိုးဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို့ သတိ ပေး တဲ့ အ နေ နဲ့ အ မြန် ရေး သား လိုက် ရ ပါ တယ်

ဘီအေ ၄ နဲ့ ၅ က ပေါ် တာ သိပ် မ ကြာ သေး ပါ
ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ့ WHO က ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ
ဘီအေ ၄ ပိုး ကို တောင်အာဖရိက ဘော့စဝါးနား ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ ဖြစ် နေ တာ တွေ့ ခဲ့ တယ်
ဘီအေ၅ ကို တော့ မေလ ထဲ မှာ ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ တော့ ဘီအေ၄ ရော ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့ ဂျာမဏီ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ ဘဲ ပြင်သစ် မှာ ဘီအေ ၅ ပိုး တွေ တွေ့ တယ်
ဂျွန် ၂၈ရက် မှာ တော့ အမေရိကား မှာ ရောက် နေ ပါ ပြီ
ခု နယူးရောက် နဲ့ ကယ်လီ ဖိုးနီးယား မှာ ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ
ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်
အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ်

အာရှ မှာ လဲ ယိုးဒယား နဲ့ မလေးရှား မှာ ပြန့် နေ ပြန် ပါ ပြီ

မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅ မကြာမှိ လာ ပါ တော့ မယ်

ကာကွယ် ဆေး ၂ လုံး ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ ကူး နိုင် ပါသည်

ဘယ် လို ကာ ကွယ် မ လဲ ဆို တာ ကမ္ဘာ မှာ အဖြေ ရှာ နေ ပါ တယ်
ကာကွယ် ဆေး တတိယ တ လုံး အပြင် စတ္တုထ တလုံး ထိုး ရင် ရ မ လား?
သေခြာ တာ က တော့
မတ် mask ပြန်တတ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ
လက်ဆေး ပါ
အရက် ပျံ ပွတ်

ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့ ရောဂါ လက္ခဏာ အသစ် တွေ ခု ထိ တော့ မတွေ့ ပါ
ဖြစ် တာ လဲ မကြာ သေး တော့ သိပ် မသိ ကြ သေး ပါ

နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနှုံး
နေမကောင်း

လူ အသေအပျောက် ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ပါ

အားလုံး ကိုးဗစ် သတိ ရှိ ကြ ပါစေ

မေတ္တာဖြင့်

to
Dr William Aye MD
USA

✨ အရေပြားပြဿနာကြုံတိုင်း ကာလာဒွိုင်း  🛑 Caladryl Lotion ) လူးဆေးလေးကိုသတိရပါဘယ်လိုနေရာတွေမှာ သုံးကြမလဲ ❓================...
28/05/2022

✨ အရေပြားပြဿနာကြုံတိုင်း ကာလာဒွိုင်း
🛑 Caladryl Lotion ) လူးဆေးလေးကိုသတိရပါ

ဘယ်လိုနေရာတွေမှာ သုံးကြမလဲ ❓
==========================

✔️အရေပြားပေါ်တွင် ဖြစ်လေ့ဖြစ်ထရှိသော မိတ်၊ ယားနာ အမျိုးမျိုးကြောင့် ရောင်ရမ်းခြင်း၊ ယားယံခြင်း

✔️နေလောင်ခြင်းကြောင့် အသားအရေ နီမြန်းယားယံခြင်း

✔️အသားအရေ ခြောက်သွေ့ ယားယံခြင်း

✔️မွေးကင်းစကလေးငယ်များ အနှီးပူလောင်ခြင်း၊ ဆီးပူလောင်ခြင်းများ

✔️ရေကျောက်ပေါက်ခြင်းကြောင့် နီရဲ ယားယံခြင်း

✔️အင်ပြင်ထခြင်း

✔️အရေပြား ဓာတ်မတည့်မှု ဖြစ်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ ယားယံခြင်း

✔️အရေပြား ခြောက်သွေ့ယားယံခြင်း

✔️အင်းဆက် ပိုးမွှားငယ်လေးများ ကိုက်ခံရခြင်းကြောင့် အရေပြား အဖုအပိန့်ထွက်ခြင်း နီရဲ ရောင်ရမ်းခြင်းအမျိုးမျိုး

✔️အပူလောင်ခြင်း၊ အရေကြည်ဖု ထခြင်း တို့ကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်..

ဒါတွေဘဲလား မဟုတ်ပါဘူး..

✔️အိပ်ရာပေါ် ကာလကြာရှည်စွာ နေရခြင်းကြောင့် ဖြစ်ပေါ်တတ်သော (bed sore) အိပ်ရာနာ ဟုခေါ်သော အရေပြားပွန်းခြင်း အနာဖြစ်ခြင်းတို့တွင် ပုံမှန် လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်..

** အရေပြား အစိုဓာတ်ထိန်းပေးရန်လည်း နေ့စဉ် လိမ်းပေးနိုင််ပါတယ် **

Caladryl Lotion မှာ ဘာတွေပါဝင်လဲ ❓
=============================

🌟Calamine အရည် ပါဝင်သည့်အတွက် အရေပြား ပြဿနာမျိုးစုံများတွင် အသုံးပြုနိုင်ပြီး အရေပြား ယားယံခြင်းကို လျှင်မြန်စွာသက်သာစေတယ်.. အသားအရေ အစိုဓာတ်ကို ထိန်းပေးတယ်..

🌟Zinc oxide ပါဝင်သည့်အတွက် အိပ်ယာနာ (bed sore) များ၊ ဆီးပူလောင်ခြင်းများ၊ အနာဖြစ်ခြင်းများကို သက်သာစေတယ်.. ကာကွယ်မှုပေးတယ်..

🌟Menthol ပါဝင်သည့်အတွက် လိမ်းသည့်အခါတိုင်း အရေပြားကိုအေးမြစေပါတယ်..
❌ပူလောင်ခြင်း ❌စေးကပ်ခြင်း မရှိပါ..

🌟Herbal ingredients များပါ ထည့်သွင်းထုတ်လုပ်ထားမှုကြောင့် သဘာဝအတိုင်း ဘေးဥပါဒ်မရှိဘဲ အစွမ်းထက်၍ အရေပြားပြဿနာများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်..

ဘယ်လိုသုံးမလဲ အညွှန်းကြည့်ကြမယ် 👀
==============================

👶 မွေးကင်းစအရွယ်မှ စ၍ 👨‍👩‍👧‍👦 လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး သုံးစွဲနိုင်ပါတယ်.. အရေပြားပေါ်တွင် တစ်နေ့ (၃) ကြိမ်မှ စ၍ လိုအပ်သလို လိမ်းနိုင်ပါတယ်..
( မှတ်ချက် - ဘူးကို လှုပ်ပြီးမှ အသုံးပြုပါ 😘 )

❌အရောင်စွန်းထင်းခြင်းမရှိ ❌စူးရှတဲ့ရနံံစွဲကျန်​​
ခြင်းမရှိ ❌စေးကပ်ခြင်းမရှိ

🔺 အရေပြား ဓာတ်မတည့်ခြင်းများတွင် အထူးသင့်လျော်ပါသည်...

အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်တိုင်တွင် ဝယ်သူရရှိနိုင်ပါသည်။

မင်းမဟာ အထွေထွေရောဂါကုဆေးခန်း (ဒဂုံမြို့နယ်)

 #အိုမီခရွန်ကသိပ်မပြင်းထန်ဘူး။ဒါပေမဲ့ အိုမီခရွန် ဖြစ်ပြီးနောက်ဆက်တွဲ ပြသနာကလူကိုပုံမှန် ပြန်မဖြစ်စေနိုင်တာကပြသနာ၊ အိုမီခ...
01/03/2022

#အိုမီခရွန်ကသိပ်မပြင်းထန်ဘူး။

ဒါပေမဲ့ အိုမီခရွန် ဖြစ်ပြီးနောက်ဆက်တွဲ ပြသနာကလူကိုပုံမှန် ပြန်မဖြစ်စေနိုင်တာကပြသနာ၊ အိုမီခရွန်ဖြစ်ပြီး၊ သက်သာသွားချိန် ပြသနာသုံးခုကိုရင်ဆိုင်နေရတယ်။

၁. ဗိုက်ဆာပေမဲ့ဘာမှစားလို့မရဘူး ဘာစားစားအရသာမရှိဘူး မစားချင်ဘူး ဗိုက်ဆာလို့ထမင်းစားပွဲထိုင်နေပေမဲ့ တို့
ကနန်းဆိတ်ကနန်းပဲစားနိုင်တယ်။

၂. အိပ်မပျော်ဘူး ညဘက်အိပ်ကိုမပျော်ဘူး အတင်းအိပ် ပျော်အောင် အိပ်ပေမဲ့ ကြက်အိပ်ကြက်နိုးပဲ ညအိပ်မပျော်လို့ နေ့ခင်းအိပ်ရသလားဆိုတော့လည်း အိပ်ချင်နေပေမဲ့အိပ်မပျော်ပြန်ဘူး အဲ့ဒီအတွက်အလုပ်ထဲမှာတိုင်ပတ်ရော မျက်ရိုးတွေကိုက် ခေါင်းတွေမူးပြီး လူကမအီမသာကြီးဖြစ်နေတယ်။

၃. အာရုံစိုက်လို့မရဘူး အရမ်းမေ့တတ်လာတယ် အာရုံစိုက်ရမဲ့ ကိစ္စတွေမှာအာရုံစူးစိုက်လို့ မရဘူး laptop နဲ့စာရေးရင် ပိုသိသာတယ် မျက်လုံးကမြင်နေတာရယ် လက်ကရိုက်နေ တာရယ် ဦးဏှောက်ရဲ့ထိန်းချုပ်မှုက အရင်ကလိုဟာမိုနီမ ဖြစ်တော့ဘူး မြင်နေတယ် သိနေတယ် ဒါပေမဲ့တလွဲတွေပဲ
လုပ်နေမိတယ် သတိထားလည်းခဏပဲ အာရုံပြန်ပြန့်ပြန့် သွားတယ် အဲ့ဒီအတွက် စိတ်ပိုင်းဆိုင်ရာပင်ပန်းလာတယ် စိတ်ကျချင်သလိုတွေဖြစ်လာတယ်။

မလွယ်ဘူး၊အရမ်းပင်ပန်းတယ်။
Crd

 ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩ...
21/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိ
လေးတွေ အစရွိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမထွက်
တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာဖြစ်တဲ့ နှာစေး၊ နှာခေါင်း
ပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာ
တတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မေသမပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ် အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲက
ဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်း
ကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အ
တိုင်း ကိုဗစ္က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုးပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့
တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့
ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ် အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberationတွေနဲ့ ပြောချင် တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီ
နေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာ
ပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်
အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက် ဖက္က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲ
ပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုးရောက်ချိန် ကာကွယ်
ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကိုဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ အားနည်းတာလောက် ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆိုတော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်ယူတော့မှ တွေ့ရတာတွေ ရွိတယ္လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်
လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံနာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်
ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်း နေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊
လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာ
နိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန္က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တျခားDecongestantလိုမျိုး
တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ
သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကေတာ့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်
ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံ
ပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသြားမွာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံး
ကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည် ပြောနိုင်
ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

Research paperတွေ စုပေးထားတဲ့ Articleပါ Not Ref
https://www.theguardian.com/world/2022/jan/02/new-studies-reinforce-belief-that-omicron-is-less-likely-to-damage-lungs

-Visory

🔵Molnupiravir 200mg(MOLAZ) - 120,000/- ☑️9.2.2022 ဆေးဈေးနှုန်းဖြစ်ပါသည်။✅ကိုဗစ်ရောဂါကု ဆေးသစ်   UK FDA အကြောင်း သိကောင်း...
08/02/2022

🔵Molnupiravir 200mg(MOLAZ) - 120,000/-

☑️9.2.2022 ဆေးဈေးနှုန်းဖြစ်ပါသည်။

✅ကိုဗစ်ရောဂါကု ဆေးသစ် UK FDA အကြောင်း သိကောင်းစရာ

‼️Virus အသစ် နဲ့ ဆေးအသစ် ဘယ်လိုအားပြိုင်မလဲ‼️

❓Molnupiravir ဆိုတာဘာလဲ❓(မိုလျနူပီရာဗီရာ)

ကိုဗစ်ကပ်ရောဂါက မိသားစုတွေ ဆွေမျိုးတွေကို
ကွဲကွာစေခဲ့သလို ကမ္ဘာကြီးရဲ့ လူဦးရေကိုလည်း
သိသိသာသာ ကျဆင်းစေခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက ကြောက်ရွံ့ထိတ်လန့်စွာနဲ့
အပြီးတိုင် တွန်းလှန်တိုက်ထုတ်နိုင်ဖို့ ကြိုးစားရင်း
ကာကွယ်ဆေးဆိုတာလည်း ဖော်စပ်နိုင်ခဲ့ပါပြီ။
Favipiravir ဆိုပြီးလည်း ဖော်ထုတ်နိုင်ခဲ့ပါပြီ။

ယခု ကိုဗစ်ကာကွယ်ဆေးထိုးထားပေမယ့်လည်း
ကိုဗစ်ရောဂါကူးစက်ခံရသူတွေ
အမြောက်အမြား ရှိလာခဲ့တာမို့
ကမ္ဘာကျော်ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Merck ဟာ
ကိုဗစ်ရောဂါအရေးပေါ်ကုသဆေးအဖြစ်
Molnupiravir ထုတ်လုပ်ခဲ့ရာ
November ၈ ရက်နေ့မှာ
UK FDA က အသိအမှတ်ပြုခဲ့ပြီး
လူနာများအတွက် သိန်းချီထုတ်လုပ်စေခဲ့ပါတယ်။
UK မှာ One Course ကို ဒေါ်လာ ၇၀၀ ကျော်
ပေးရပါတယ်။

အလားတူဆေးကို အိန္ဒိယရှိ Azista ကုမ္ပဏီမှ
Molaz အမည်နှင့် ထုတ်လုပ်ရောင်းချပြီး
Molnupiravir 200 mg အလုံး 40 ပါပုလင်းကို
မြန်မာနိုင်ငံမှာ
၁၅၀၀၀၀ မှ ၂၀၀၀၀၀ ကြား တည်းနဲ့
ဝယ်ယူရရှိနေပါပြီ။

❓ဘယ်လိုသောက်သင့်တာလဲ ❓

ဆေးအညွှန်းကတော့
800 mg မနက် ၁ ည ၁ နှင့် (၅) ရက်
သောက်ရမှာဖြစ်ပါတယ်။

အခုထုတ်လုပ်ထားတဲ့ ဆေးကတော့ 200 mg ပဲ ဖြစ်လို့
တစ်ခါသောက် ၄ လုံးနှင့် ၁ နေ့ လျှင်၂ ကြိမ် ဖြင့်
(၅) ရက် သောက်ပေးရမှာဖြစ်ပါတယ်။

❓ဆေးအာနိသင် ဘယ်လိုရှိလဲ❓

ဒီဆေးသစ်ရဲ့ ထူးခြားချက်ကတော့
✅ဆေးရုံတက်ရမှုနှုန်း ထက်ဝက်လျော့စေခြင်း
✅အောက်ဆီဂျင်လိုအပ်မှုနှုန်း ထက်ဝက်လျော့စေခြင်း
✅ရောဂါလက္ခဏာပျောက်ကင်းနှုန်းမြန်ဆန်ခြင်းတို့ကြောင့်
Novel Drug of Choice for Covid Treatment
လို့တောင် တင်စားခေါ်ဝေါ်လျက်ရှိပါတယ်။

ဒီဆေးအစွမ်းက
ကိုဗစ်ဗိုင်းရပ်စ်ရဲ့ မျိုးပွားမှုနှုန်းကို
တားဆီးပေးတာကြောင့် ကိုဗစ်ရောဂါ
ကူးစက်ခံရသူတွေမှာ
သွေးတွင်းဗိုင်းရပ်စ်ပိုးကောင်ရေ လျော့နေစေပြီး
ရောဂါလက္ခဏာများကို ဆေးစသောက်ပြီး
(၃) ရက်အတွင်း သိသိသာသာ
သက်သာပျောက်ကင်းလာတာကို
စမ်းသပ်တွေ့ရှိပြီး ဖြစ်ပါတယ်။

ဒီဆေးကို ထုတ်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က
ဆေးရုံတက်ရမှုမရှိစေဘဲ Fever Clinic မှာတင်
ကုသပျောက်ကင်းစေလိုခြင်း ဖြစ်ပါတယ်။

❓ဘယ်သူတွေ သောက်သင့်လဲ❓

✅ကိုဗစ်ရောဂါပိုးရှိသူဖြစ်ရမည်။
✅ကိုဗစ်လက္ခဏာများ ခံစားနေရသူဖြစ်ရမည်။
✅အသက် ၁၂ နှစ်ထက်ကြီးသူဖြစ်ရမည်။
✅သွေးတိုး၊ နှလုံးရောဂါ၊ ဆီးချိုဝေဒနာရှင်၊ အဝလွန်နေသူများ သောက်သုံးနိုင်ပါတယ်။

❌ကိုယ်ဝန်ဆောင် မိခင်များ လုံးဝ မသောက်ရပါ။ ❌

❓Covid New Variants တွေအတွက်ရော ထိရောက်မှုရှိလား❓

🔸Alpha Variant ( UK & Europe မှာ အဖြစ်များ)
🔸Beta Variant (Africa မှာ အဖြစ်များ)
Gamma Variant (South & North America မှာ အဖြစ်များ)
🔸Delta Variant (India & North America မှာ အဖြစ်များ)
🔸အခုအသစ်တွေ့ရတဲ့ Omicron က Beta Variant မျိုးကွဲဖြစ်ပါတယ်။

ဒီ် Variant အားလုံးကို Clinical Trial လုပ်ပြီးသားဖြစ်လို့
Molnupiravir ဟာ စျေးကွက်ထဲမှာ
ရောဂါကုသဆေးအဖြစ်
Hit ဖြစ်နေတာ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးထားခြင်းဖြင့်
ရောဂါဖြစ်ပွားနှုန်း နည်းစေပြီး
ရောဂါကုသဖို့အတွက် Merck က တာဝန်ယူပါရစေ ဆိုပြီး
Yale Medicine ရှိ Article တစ်ခုမှ
ထုတ်နှုတ်ဘာသာပြန်ပေးခြင်း ဖြစ်ပါတယ်။

ချစ်ခြင်းများစွာဖြင့်


https://www.yalemedicine.org/news/9-things-to-know-about-covid-pill

🔵Molnupiravir 200mg (MOLAZ) - 120,000/-

☎️ 09 98 7777 139

သို့ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်ရှင့်

မင်းမဟာအထွေထွေရောဂါကုဆေးခန်း
(တောင်ဒဂုံမြို့နယ်)
———-

➡️Molnupiravir နဲ့ပက်သက်ပြီးရေးထားတဲ့ စာလေးကို ပြန် Share လိုက်ပါတယ်။

ကျွန်တော် July လ တုန်းက COVID 19 ကို ဒီလိုနားလည်ပြီး ဒီလိုကုမယ်ဆိုတဲ့ ပိုစ့်မှာ COVID ကို ကုမယ်ဆိုရင် Theraputuc window နှစ်ခု ရှိတယ် ဆိုပြီး ပြောခဲ့တယ်။ ပထမ Window က Symptom onset Day 1 ကနေ တပတ် ဆယ်ရက်လောက်အတွင်းကို Antiviral drugs တွေ ပေးမယ်၊ Monocolonal antibody တွေ ပေးမယ် ပြောခဲ့တယ်။ Second week က စတဲ့ Cytokine storm မှာတော့ Steroid နဲ့ Immunomodulator တွေ ကို ဘယ်လိုပေးမယ် ရေးခဲ့တယ်။ နောက်ပိုင်း ကုနေရင်း အတွေ့အကြုံတွေ အရ D21-28 ကာလ အခက်အခဲ တွေ PE prophylasix အရေးကြီးပုံတွေ D35 နောက်ပိုင်းမှာ Infection အရေးတကြီးကုဖို့လိုပုံတွေ အထူးသဖြင့် Klebsiella infection ကို သတိထားဖို့ရေးခဲ့တယ်။

အဲ့တုန်းကတည်းက ပြောခဲ့တယ် First week treatment တွေက ထင်သလောက်မကောင်းနေသေးဘူးလို့။ နံမည်ကြီးတဲ့ Remdisevir, Favipiravir နဲ့ Plasma therapy တွေ ဟာ Trial တွေမှာ မှန်းထားသလောက်မကိုက်ခဲ့ဘူး။ Remdisevir သွင်းမသွင်း နဲ့လည်း အငြင်းအခုန်တွေ ဖြစ်ခဲ့ကြသေးတယ်။ မှတ်မှတ်ရရ Remdisevir ကို ကြိုမှာရင် 7 သိန်း အခုယူရင် 12 သိန်းလောက်ထိ ပေးခဲ့ရတယ်။ အားကိုးရာ ကောက်ရိုးတမျှင်လိုသဘောထားပြီး သွင်းခဲ့ကြတဲ့ လူနာတွေ ဆရာဝန်တွေ ရှိခဲ့ပါတယ်။ တကယ်အစွမ်းထက်တဲ့ Monoclonal antibody တွေကျတော့ သိန်းရာ နားနီးနီး ဆိုတော့ အနားမကပ်နိုင်ခဲ့ကြဘူး။

အခုညနေ ဒီ Journal လေးကို ဖတ်လိုက်တယ်။ မြန်မာ မှာလည်း ဝယ်လို့ရနေပြီ ဆိုပြီးကျော်ငြာ တွေ့ တယ်။ စျေးကလည်း one course လုံးမှ တသိန်းပဲ ဆိုတော့ Remdisevir ထက်အများကြီးသက်သာတယ်။ ပိုကောင်းတာက သောက်ရုံပဲ ဆိုတော့ ဆရာဝန် ဆရာမ ကို အိမ်ပင့်စရာမလိုဘူး။ ဆိုးကျိုးလည်းသည်လောက် မရှိနေဘူး။ Trial Data အရဆို ဆေးပေးတဲ့ group နဲ့ Placebo group Significant difference ရှိတယ်။ ပြောရရင်ဗျာ Significant Difference မရှိခဲ့တဲ့ Remdisevir တောင် 6 သိန်းပေးပြီး ထိုးခဲ့ကြရသေးတာ။ Molnupiravir ကို တစ်သိန်းနဲ့ ဘာလိုမသောက်ရမလည်းလေ။

ကျွန်တော်ဘယ်လို စဥ်းစားနေသလည်း။

တမြန်မနေ့က Public Health က သူငယ်ချင်းဆက်လာတယ်။ တအိမ်လုံး COVID ဖြစ်နေပြီတဲ့။ Vaccine ထိုးထားလား ဆိုတော့ ထိုးထားတယ် ဆိုလို့ Antibody စစ်ခိုင်းလိုက်တယ်။ ပြန်လာတော့ Antibody က အသက် 60 ကျော် Methotrexate သောက်နေတဲ့လူနာ မှာ Negative လိုပြနေတယ်။ Molnupiravir သောက်ခိုင်းလိုက်တယ်။

CB ကနေလာမေးတယ်။ အမျိုးသား တစ်ယောက် နှလုံးရောဂါနဲ့ COVID ဖြစ်လို့ဆိုလို့ Antibody စစ်တာ >250 ကျော်နေလို့ စောင့်ကြည့်ခိုင်းထားတယ်။ သူ့ယောက္ခမ ကျတော့ Antibody Negative ပြနေလို့ ဆေးတိုက်လိုက်ပြီ။

ခု Journal ဖတ်ကြည့်တော့လည်း ဒီ လို အတွေးမျိုးနဲ့ နည်းနည်း တူတဲ့ Finding လေး ဖတ်ရတယ်။

ဆေးကဆေး ပဲ နော်။ Mask တပ် ဖို့ Mask မတပ်တဲ့လူတွေ ကို အားမနာဖို့ လိုတယ်။ ပြောရမယ်။ အထူးသဖြင့်အလုံ Aircon အခန်းတွေ။

တောင်းနေကျဆုတောင်းနဲ့ပဲ အဆုံးသတ်ပါမယ်။ မသူတော်တရားဘေး မသူတော်အများဘေးမှ ထွက်ပြေးလွတ်မြောက်ပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပါစေ။

Credit #

🔵Molnupiravir 200mg (MOLAZ) - 120,000/-

သို့ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်ရှင့်

မင်းမဟာအထွေထွေရောဂါကုဆေးခန်း
(တောင်ဒဂုံမြို့နယ်)

Address

Yangon

Telephone

+959987777139

Website

Alerts

Be the first to know and let us send you an email when Khin Theint Theint Sein - Medicine & Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khin Theint Theint Sein - Medicine & Healthcare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram