ကိုယ်ဝန်နှင့် ကျန်းမာရေး

  • Home
  • Myanmar
  • Yangon
  • ကိုယ်ဝန်နှင့် ကျန်းမာရေး

ကိုယ်ဝန်နှင့် ကျန်းမာရေး ကလေးနှစ်ယောက်မလိုချင်သူများနှင့် သ

17/06/2022

🔰ကိုယ်ဝန် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ
===============================

ကိုယ်ဝန်ဆောင်ချိန်မှာဆိုလျှင် သာမန်အချိန်ထက် အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရတာကို သိရှိပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ရှိပြီဆိုတာနှင့် နားလည်တတ်ကျွမ်းသူတွေဆီမှ ဆောင်ရန်၊ရှောင်ရန် နည်းနာများကို သိရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်နုနယ်သေးတဲ့အချိန်မှာ အစားအသောက် ၊ အနေအထိုင် မဆင်ခြင်လျှင် ပျက်ကျသည်အထိ ဖြစ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ အခန့်မသင့်လျှင် ပျက်ကျခြင်း ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်နုစဉ်မှာ လုံးဝမစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

၁။ နာနတ်သီး
----------------
နာနတ်သီးဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံး အသီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ လုံးဝမစားသင့်တဲ့ ဦးစားပေး အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဓါတ်ဟာ သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေကာ ကိုယ်ဝန်နုစဉ်မှာ စားသုံးလျှင် အလွန် အန္တရာယ်များပါတယ်။

၂။ သင်္ဘောသီး
------------------
နာနတ်သီးပြီးလျှင်တော့ သင်္ဘောသီးပဲဖြစ်ပါတယ်။ အချို့က သင်္ဘောသီးအစိမ်းကို မစားသင့်ဘူးဆိုတာ သိရှိပြီး ဖြစ်မှာပါ။ ဖြစ်နိုင်မယ်ဆိုလျှင်တော့ သင်္ဘောသီးကို အစိမ်းရော အမှည့်ပါ မစားတာ အကောင်းဆုံးပါ။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ စားသုံးမိလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ လုံးဝမစားမိဖို့ အရေးကြီးပါတယ်။

၃။ ရှားစောင်းလက်ပက်ဖျော်ရည်
------------------------------------
ရှားစောင်းလက်ပက်ဟာ အသားအရေနှင့် ကျန်းမာရေးအတွက် အလွန်ကိုကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။ သို့သော် သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ တင်ပါးဆုံရိုး သွေးယိုစီးမှု ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။

၎။ ဒန့်ဒလွန်သီး
------------------
ဒန့်ဒလွန်သီးမှာပါဝင်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓါတ်ပေါင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက်တော့ အန္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်။

၅။ မက်မွန်သီး
----------------
အရသာရှိတဲ့ မက်မွန်သီး ၊ မက်မွန်သီးဖျော်ရည်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မစားသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် မက်မွန်သီးအခွံမှာပါတဲ့ အမျှင်လေးတွေဟာ ယားယံခြင်းနှင့် သားအိမ်တွင်း သွေးယိုစီးမှုဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျဖို့အတွက် အလားအလာများစေပါတယ်။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ ရှောင်သင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။

၆။ ကော်ဖီ
------------
ကော်ဖီကြိုက်တဲ့သူအနေနဲ့ မနက်ခင်းကို ကော်ဖီတစ်ခွက်မှ မသောက်ရလျှင် တစ်နေ့တာလုံး နေလို့ထိုင်လို့ မကောင်းဘူးဆိုတာ သိပါတယ်။ သို့သော်ငြားလည်း ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့တော့ လုံးဝမရှောင်နိုင်လျှင်တောင် အလွန်ထိမ်းသိန်းပြီး သောက်သုံးသင့်ပါတယ်။ ကဖင်းဓါတ်က ခန္ဓာကိုယ်တွင်း အရည်တွေကို စုပ်ယူပစ်ပြီး ကယ်လ်စီယံဓါတ်ကို လျော့နည်းစေကာ ရေဓါတ်ကုန်ဆုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်များ ရေများများသောက်ဖို့ လိုအပ်သလို ကဖင်းဓါတ် များလွန်းလျှင် ကိုယ်ဝန်ပျက်ကျခြင်း ၊ ပေါင်မပြည့်ဘဲမွေးခြင်း နှင့် အခြား သာမန်မဟုတ်တဲ့ ကလေးမွေးဖွားခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၇။ စည်သွပ်ဘူး ငါးများ
--------------------------
တူနာငါး ၊ ဆောလ်မွန်ငါးတွေကို စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင်လုပ်ထားးသော ငါးမျိုးကိုလည်း မစားသင့်ပါဘူး။ အလွယ်ပြောရလျှင်တော့ ငါးသေတ္တာကို လုံးဝ မစားသင့်ပါဘူး။ ဒီလိုစည်သွပ်ဘူးမှာပါဝင်တဲ့ ငါးတွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပြီး ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေနိုင်ပါတယ်။

၈။ အအေးခံထားသော စားဖွယ်ရာများ
------------------------------------------
အထူးသဖြင့် ကုန်တိုက်တွေမှာရောင်းတဲ့ ရေခဲရိုက် အအေးခံထားသော ကြက်အူချောင်းများ ၊ အသားတုများ ၊ အသားတွေဟာလည်း စည်သွပ်ငါးတွေကဲ့သို့ ဘက်တီးရီးယားတွေ များစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အစားအသောက်စားမယ်ဆိုလျှင် ပူနွေးသော အစားအစာများကိုသာ စားသင့်ပါတယ်။

၉။ အသင့်သောက် အအေးဘူးများ
--------------------------------------
ကိုယ်ဝန်ဆောင်များအနေဖြင့် အဆင်သင့်သောက်သုံးနိုင်တဲ့ အအေးဘူးတွေအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်မျိုးကိုသာ သောက်သုံးသင့်ပါတယ်။

၁၀။ Green Tea (လက်ဖက်စိမ်း)
-------------------------------------
Antioxident ကြွယ်ဝတဲ့ Green Tea မှာ ကဖင်းဓါတ်ဟာ ၂၀၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ကော်ဖီကဲ့သို့ပင် စွမ်းအင်ရှိတာကြောင့် များများသောက်လျှင် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေသာမက နို့တိုက်မိခင်တွေ သောက်သုံးလျှင်လည်း ကလေးကို အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် green tea သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ပြီး ရရှိလာမယ့် ရင်သွေးလေးကို ကျန်းမာစွာ မွေးဖွားလိုတယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်မယ်လို့ မျှော်လင့်ပါတယ်။ ​ရှောင်​တယ်​ဆိုတဲ့​နေရာမှာ လုံးဝ မစားရတာမဟုတ်​ပါဘူး​နော်​။ တန်​​ဆေးလွန်​​ဘေးကို အမြဲသတိရှိပြီး မိခင်​ကျန်းမာ​ရေးနဲ့လဲဆိုင်​တာဖြစ်​လို့ အစစ ဂရုစိုက်​နိုင်​ပြီး ကျန်းမာတဲ့ မိခင်​​ရော က​လေးပါဖြစ်​ပါ​စေရှင်​..

📞 09899478641 (or) 09773066919
📩 09899478641 (or) 09773066919
24နာရီအချိန်​မ​ရွှေးဆက်​သွယ်​နိုင်​ပါတယ်​ရှင့်​🙏🙏🙏🙏
*************

❇️ ECEE2 (or) အရေးပေါ်တားဆေးဘယ်လိုသောက်မလဲ ?ဟုကဲ့ မင်္ဂလာပါရှင့် 🙏ခဏခဏအမေးများကြတဲ့ မေးခွန်းလေးကို သေချာရှင်းရှင်းလင်းလင်း ...
17/06/2022

❇️ ECEE2 (or) အရေးပေါ်တားဆေးဘယ်လိုသောက်မလဲ ?

ဟုကဲ့ မင်္ဂလာပါရှင့် 🙏

ခဏခဏအမေးများကြတဲ့ မေးခွန်းလေးကို သေချာရှင်းရှင်းလင်းလင်း ရေးပေးပါ့မယ်..
ECEE2 ကို ဘယ်လိုသောက်ရမလဲတဲ့ ???
အတားအဆီးမပါပဲ အတူနေမိခြင်းဟာ ကိုယ်ဝန်ကိုရနိုင်စေပါတယ် (အတားအဆီးသုံးသည့်တိုင်အောင် ကွန်ဒုံးပေါက်ပြဲတဲ့ ကိစ္စမျိုးဖြစ်လာခဲ့ရင် ရနိုင်ပါတယ်။ မွှန်နေချိန်မှာ ကွန်ဒုံးပေါက်သွားလည်း သိမှာမဟုတ်ပါဘူး :P)
ရက်ရှောင်တဲ့နည်းကိုသုံးကြတယ်ဆိုပေမယ့် ဒါလည်းမသေချာပါဘူး.. ကိုယ်ဝန်မရအောင် အတူနေနည်းတွေကို သပ်သပ် Post တခု ထပ်ရေးပါဦးမယ်..

ကဲ တနည်းနည်းကြောင့် ကိုယ်ဝန်ရတော့မှာပဲလို့ သံသယရှိသွားပြီဆိုရင် ဆေးစသောက်ရပါတော့မယ်..
အမြန်ဆုံးသောက်ရပါမယ်.. အချိန်မဆွဲပါနဲ့.. မြန်မာပြည်မှာ ECEE2 လို့သိထားကြတဲ့ ဆေးကို AfterPill, Pill72 စသည်ဖြင့်လည်း သိကြပါတယ်.. ဆေးပညာအခေါ်အရတော့ levonorgestrel ပေါ့လေ.. ECEE2 ဆိုတာကတော့ ဆေးတံဆိပ်သပ်သပ် ဖြစ်ပါတယ်.. တခြားတံဆိပ်တွေလည်း အများကြီးရှိပါသေးတယ်.. ဘယ်ဆေးပဲဖြစ်ဖြစ် Rule ကတော့အတူတူပါပဲ.. အောက်မှာအချက်နဲ့ရေးပြထားပါတယ်..

✳️၁။ ဆက်ဆံပြီး ၇၂ နာရီအတွင်း မဖြစ်မနေသောက်ရပါမယ် (မြန်လေ အာနိသင်ပိုထိရောက်လေပါ)

✳️၂။ ဘူးထဲမှာ ဆေး (၂)လုံးပါပါတယ်.. ပထမတစ်လုံးကို အရင်သောက်ပါ.. ရိုးရိုးရေနဲ့သောက်ပါ.. အချိုရည်၊ အရက် စသည်တို့နဲ့မသောက်သင့်ပါ.. ပထမတစ်လုံးသောက်ပြီး ၁၂ နာရီအကြာမှာ ဒုတိယတစ်လုံးကိုသောက်ပါ.. အချိန်နဲနဲတော့ အတိုးအလျှော့လုပ်လို့ရပါတယ်.. တစ်နာရီ ၀န်းကျင်ပေါ့ (တချို့ဆေးအမျိုးအစားတွေက တစ်လုံးပဲ ပါတတ်ပါတယ်၊ အဲဒါဆိုရင်တော့ တစ်လုံးတည်းသောက်ပေါ့လေ)

✳️၃။ ဆေးသောက်ပြီးမှ အတူနေတဲ့ကိစ္စကိုတော့ လုံးဝကာကွယ်ပေးမှာ မဟုတ်ပါ.. (ဆိုလိုတာက ဆေး ၁ လုံးဖြစ်စေ၊ ၂လုံးလုံးဖြစ်စေ သောက်ထားတာပဲဆိုပြီး သတိလက်လွတ် ထပ်နေရင် အဲဒီနေလိုက်တဲ့ အကြိမ်အတွက် ကာကွယ်ပေးမှာမဟုတ်ပါ)

✳️၄။ အရေးပေါ်တားဆေးဆိုပေမယ့် ခဏခဏတော့ အရေးပေါ်လို့မရပါ.. သားအိမ်ကိုထိခိုက်နိုင်ပါတယ်..

✳️၅။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ၀မ်းဗိုက်အောက်ပိုင်းနာခြင်း၊ နွမ်းနယ်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်.. (လူနည်းစုပါ)

✳️၆။ အရေးအကြီးဆုံးက မိန်းကလေးကိုတိုက်ရမှာပါ.. နင်တလုံး ငါတလုံးတို့၊ ယောက်ျားလေးသောက်ရမှာတို့၊ မဆက်ဆံခင် ၂ လုံးတပြိုင်တည်း သောက်ရမှာတို့ ဆိုတာတွေကို လိုက်လုပ်မိရင်တော့ ကိုယ့်ဘ၀နဲ့ကိုယ်ပဲနော်.... 😂

အကယ်၍ ကိုယ်ဝန်ရှိ၍ မလိုအပ်ပါက -

Page messenger သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်
09403647004 (or) 09773066919

09403647004 (or) 09773066919
ဆက်သွယ်နိုင်ပါတယ် 😇

Customers များကို အစဉ်လေးစားလျက်
#ကိုယ်ဝန်နှင့် ကျန်းမာရေး
and medications

🔰ကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတာက အန္တရာယ်ရှိလားကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတာက အန္တရာယ်ရှိလားကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးဆင်းတ...
14/06/2022

🔰ကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတာက အန္တရာယ်ရှိလား

ကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတာက အန္တရာယ်ရှိလား
ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးဆင်းတယ်ဆိုတာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ပထမ သုံးလကာလမှာပေါ့။ ဒါပေမဲ့ တစ်ခါတလေကျပြန်တော့လည်း အရေးကြီးတဲ့အခြေအနေတွေ ဖြစ်တော့မယ်ဆိုတာ သတိပေးနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင်ရော သင့်ကလေးကောရဲ့အခြေအနေကို သေချာသိချင်ရင် ဆရာဝန်ဆီသွားပြတာတော့ မမှားပါဘူး။
ကိုယ်ဝန်ပထမ သုံးလကာလအတွင်း သွေးဆင်းခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီ ၁၂ ပတ်ကာလအတွင်းမှာ သွေးဆင်းတတ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေကတော့-
၁။ သန္ဓေသားလောင်း တွယ်ကပ်ချိန်
သန္ဓေအောင်ပြီးသားမျိုးဥဟာ သားအိမ်နံရံမှာ တွယ်ကပ်တဲ့အခါ သွေးနည်းနည်း ဆင်းတတ်ပါတယ်။ ၆ – ၁၂ ရက် အတွင်းမှာ ဖြစ်တတ်ပါတယ်။ တချို့ အမျိုးသမီးတွေကျတော့ ဒါကို ရာသီသွေးဆင်းတယ် ထင်ပြီး ကိုယ်ဝန်ရှိမှန်းမသိ ဖြစ်တတ်ပါတယ်။ အများအားဖြင့် သွေးဆင်းတာဟာ နည်းနည်းလေးနဲ့ နာရီအနည်းငယ်ကနေ ရက်အနည်းငယ်လောက်သာ ဆင်းတတ်ပါတယ်။
၂။ သားပျက်သားလျှောဖြစ်ခြင်း
ကိုယ်ဝန် ၁၂ ပတ်အတွင်းမှာ အဖြစ်အများဆုံးကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဒီကာလမှာ သွေးဆင်းတယ်ဆိုရင် သားပျက်သားလျှော ဖြစ်၊ မဖြစ် စစ်ကြည့်ရပါမယ်။ သို့ပေမဲ့ ဒီကာလမှာ သွေးဆင်းတယ်ဆိုတာ သင့်ကလေးကို လုံးဝ ဆုံးရှုံးလိုက်ရပြီ၊ သားပျက်သားလျှောဖြစ်ပြီလို့ မဆိုလိုတာကို သတိပြုပါလေ။ အာထရာဆောင်း သွားရိုက်လိုက်လို့ ကလေးနှလုံးခုန်တာကို တွေ့နေရပြီဆိုရင် သွေးဆင်းတဲ့ အမျိုးသမီးတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ သားပျက်သားလျှောဖြစ်တာ မဟုတ်ပါဘူး။

သားပျက်သားလျှောဖြစ်ခြင်းရဲ့လက္ခဏာတွေကတော့ –
* သွေးဆင်းတာအပြင် ဗိုက်အောက်ပိုင်းကိုက်ခဲတာ၊
* သန္ဓေသားရဲ့ တစ်သျှူးအစတွေ ထွက်ကျတာ စတာတွေ ဖြစ်တတ်ပါတယ်။
၃။ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း
အများအားဖြင့် သားဥပြွန်တွင် သန္ဓေတည်တတ်ပါတယ်။ သားဥပြွန်က ကျဉ်းတဲ့အတွက် သန္ဓေသား ကြီးထွားလာတဲ့အခါမှာ ပေါက်ထွက်တတ်ပါတယ်။ ဒါဟာ မိခင်အတွက် အသက်အန္တရာယ်ကို စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ၂ ရာခိုင်နှုန်းမှာ သားအိမ်ပြင်ပသန္ဓေတည်တတ်တာကိုလည်း တွေ့ရှိရပါတယ်။
သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းရဲ့ တခြားလက္ခဏာတွေကတော့ –
* ဝမ်းဗိုက်အောက်ပိုင်း ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာ၊
* မူးမေ့လဲတာ စတာတွေ ဖြစ်ပါတယ်။
၎။ စပျစ်သီးသန္ဓေတည်ခြင်း
သားအိမ်ထဲမှာကလေးလေးမဟုတ်တော့ပဲ ပုံမှန်မဟုတ်တဲ့တစ်သျှူးစတွေ ဖြစ်နေတာပါ။ ရှားပါးတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီတစ်သျှူးစတွေဟာ ကင်ဆာဖြစ်နိုင်ပြီးတော့ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။
တခြားသောလက္ခဏာတွေကတော့ –
* ပြင်းထန်စွာ မူးဝေပျို့အန်တာ၊
* သားအိမ်က ပုံမှန်ထက်ပိုပြီး ကြီးထွားလာတာ (ဗိုက်ပူမြန်ခြင်း) တို့ ဖြစ်ပါတယ်။
တခြား အကြောင်းအရာတွေအနေနဲ့ ကိုယ်ဝန်ပထမ သုံးလကာလအတွင်း သွေးဆင်းတာကို ဖြစ်စေတဲ့ အနေအထားကတော့ ပိုးဝင်တာနဲ့ သားအိမ်ခေါင်းအတွင်း ပြောင်းလဲမှုတွေ ဖြစ်တာ စတာတွေ ဖြစ်ပါတယ်။
ကိုယ်ဝန် ဒုတိယ သုံးလကာလနှင့် တတိယ သုံးလကာလတွင် သွေးဆင်းခြင်း
ဒီလိုအချိန်တွေမှာ သွေးဆင်းရင် မကောင်းတဲ့ကိစ္စ ဖြစ်ဖို့များပါတယ်။ ဆရာဝန်ဆီချက်ချင်းသွားဖို့ ပြသတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

အကြောင်းရင်းတွေကတော့ –
၁။ အချင်းရှေ့ရောက်ခြင်း
အချင်းဟာ ကလေးထွက်မယ့် မွေးလမ်းကြောင်းကို ပိတ်နေတဲ့အခြေအနေ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး အယောက် ၂၀၀ မှာ ၁ ယောက်သာ ဖြစ်တတ်ပါတယ်။ သွေးဆင်းတဲ့အခါ နာကျင်မှု မရှိတတ်ပါဘူး။ ဒါပေမဲ့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီချက်ချင်းသွားဖို့ လိုအပ်ပါတယ်။
၂။ အချင်းကွာခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ၁ ရာခိုင်နှုန်းမှာသာ ဖြစ်တတ်ပါတယ်။ အချင်းဟာ ကလေး မမွေးခင် စောကွာကျတဲ့အတွက် ကလေးရော မိခင်ရဲ့အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ သွေးခဲတွေဆင်းပြီး ခါးတွေပါ နာလာရင် သတိထားပါ။
၃။ သားအိမ်ကွဲခြင်း
အရင်က ခွဲမွေးဖူးတဲ့သူတွေ အခု ကိုယ်ဝန်မှာ သွေးဆင်းပြီး ဗိုက်တအား နာလာရင် သားအိမ်ကွဲတာ ဖြစ်နိုင်ပါတယ်။
၎။ လမစေ့ ပေါင်မပြည့်ဘဲ ကလေးမွေးခြင်း
သွေးဆင်းတာက သင့်ကိုမွေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြသတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ၃၇ ပတ် မတိုင်ခင်မှာ မွေးရင် ကလေးအတွက် စိုးရိမ်ရပါတယ်။
ကိုယ်ဝန် ဒုတိယ သုံးလကာလနှင့် တတိယ သုံးလကာလတွင် သွေးဆင်းတာကို ဖြစ်စေတဲ့ တခြားအကြောင်းတွေကတော့ –
* မွေးလမ်းကြောင်း ဒါမှမဟုတ် သားအိမ်ခေါင်းကို ထိခိုက်မိတာ
* အသားပို ရှိတာ
* ကင်ဆာရောဂါတွေကြောင့်လည်း သွေးဆင်းတတ်ပါတယ်။
ကဲ.. ကိုယ်ဝန်ဆောင် ကာလ အချိန်တွေမှာ သွေးဆင်းတတ်တဲ့ အခြေအနေတွေကို သေချာ ပြောပြထားပြီဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက
Page messenger သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်
09403647004 (or) 09773066919

09403647004 (or) 09773066919
ဆက်သွယ်နိုင်ပါတယ် 😇

Customers များကို အစဉ်လေးစားလျက်
#ကိုယ်ဝန်နှင့် ကျန်းမာရေး
and medications

🔰ကိုယ်ဝန်ဆောင်ချိန်အပြင်းအထန်အော့အန်ခြင်း_______________________ကိုယ်ဝန်ရှိကာစ အမျိုးသမီးအများစုက အော့အန်တာအရမ်းဆိုးဝါးတ...
14/06/2022

🔰ကိုယ်ဝန်ဆောင်ချိန်အပြင်းအထန်အော့အန်ခြင်း
_______________________

ကိုယ်ဝန်ရှိကာစ အမျိုးသမီးအများစုက အော့အန်တာအရမ်းဆိုးဝါးတဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအနေနဲ့ ရေဓာတ်ဆုံးရှုံးတာမျိုးတောင် ခံစားရလေ့ရှိတယ်။ ဘာမှစားလို့သောက်လို့မရလောက်အောင်ထိ အော့အန်ခြင်းက ပြင်းထန်တတ်ပါတယ်။

▪️ မိသားစုထဲက ကိုယ်ဝန်ဆောင်တစ်ယောက်ယောက်မှာ အလားတူဖြစ်ခဲ့ဖူးရင်
▪️ အမွှာကိုယ်ဝန်ဖြစ်ခဲ့ရင်
▪️ မိခင်က အဝလွန်နေခဲ့ရင်
▪️ သားဦးကိုယ်ဝန်ဖြစ်နေခဲ့ရင်
စတဲ့အချက်တွေနဲ့ကိုက်ညီနေတဲ့မိခင်လောင်းတွေမှာ ပိုဖြစ်တတ်တာကိုတွေ့ရှိရပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိခံစားရတဲ့လက္ခဏာတွေကို သေချာဂရုတစိုက်စောင့်ကြည့်ဖို့လိုအပ်တယ်။

◾️ ကုသမှုအနေနဲ့ကတော့
အော့တာ အန်တာတွေက ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာ ဖြစ်တာ ပုံမှန်ဆိုပေမဲ့ လအတော်ကြာတဲ့အထိ မပျောက်သေးရင် သတိထားသင့်ပါပြီ၊ ဆရာဝန်နဲ့ပြသပြီးလိုအပ်တဲ့ ကုသမှုတွေခံယူသင့်ပြီဖြစ်တယ်။

တစ်ခုမှာကြားချင်တာက သက်သာအောင်ဆိုပြီး ကိုယ့်ဘာသာ ဆေးတွေလျှောက်မသောက်ဖို့ပါ။
အယ်လ်ထရာဆောင်းလည်းရိုက်သင့်တယ်။

ကုသမှုမှာတော့ ခံစားရမှုပေါ်မူတည်ပြီး လူနာတစ်ယောက်ချင်းစီအလိုက်ကွဲပြားပါတယ်။
အဓိကအားဖြင့်တော့ အော့အန်တာသက်သာစေဖို့အဓိကထား ကုသပါတယ်။ အစာစားတိုင်းပြန်အန်နေတာ သက်သာအောင် ကြေညက်လွယ်တဲ့အစားအစာကိုနည်းနည်းနဲ့ မကြာမကြာစားပေးဖို့လိုအပ်တယ်၊ ရေဓာတ်မဆုံးရှုံးအောင် ရေများများသောက်ပေးပါ။

အကယ်၍ ကိုယ်ဝန်ရှိ၍ မလိုချင်ပါက

ဆက်သွယ်ရန်-
Page messenger သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်
09403647004 (or) 09773066919

09403647004 (or) 09773066919
ဆက်သွယ်နိုင်ပါတယ် 😇

Customers များကို အစဉ်လေးစားလျက်
#ကိုယ်ဝန်နှင့် ကျန်းမာရေး
and medications

24နာရီအချိန်​မ​ရွှေးဆက်​သွယ်​နိုင်​ပါတယ်​ရှင့်​🙏🙏🙏🙏
*************

🔰မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်အိမ်ထောင်ပြုပီးသား စုံတွဲတွေ၊ ကလေးလိုချင်တဲ့ စုံတွဲတွေ အတွက်ကတော့ ကိ...
10/06/2022

🔰မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

အိမ်ထောင်ပြုပီးသား စုံတွဲတွေ၊ ကလေးလိုချင်တဲ့ စုံတွဲတွေ အတွက်ကတော့ ကိုယ်ဝန်ဆိုတာ ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် သမီးရည်းစား ဘဝမှာတင် မရည်ရွယ်ဘဲ ကိုယ်ဝန်ရ သွားပြီဆိုရင်တော့ ပတ်ဝန်းကျင်က ရှုံ့ချတာ ခံရမယ့်အပြင် ကိုယ့်ဘဝတက်လမ်းကိုပါ ရိုက်ချိုးသလိုဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ တရားမဝင် ကိုယ်ဝန်တွေ ဖျက်ချကြပြီး အသက်ဆုံးရှုံးကြတာတွေဖြစ်လာပါတယ်။

ဒါတွေ အားလုံးရဲ့ တရားခံကတော့ လိင်မှုကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေ သိပ်ဗဟုသုတ မရှိတာကို လက်ညှိုးထိုးစရာရှိပါတယ်။ အရှက်အကြောက်ကြီးပြီး လိင်ကိစ္စတွေကို ကလေးတွေကို ပေးမသိဘူးဆိုတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာကြတော့ ကလေးတွေမှာ လိင်မှုဆိုင်ရာ ဗဟုသုတတွေ အရမ်းနည်းနေကြပါတယ်။

လိင်ကိစ္စနဲ့ ပက်သက်လို့ ၊ ကိုယ်ဝန်ရ ခြင်း မရနိုင်ခြင်းနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းများ

တစ်ခုကောင်းတာက အရင်တုန်းကထက် ပိုပြီးပွင့်လင်း မြင်သာရှိလာတဲ့ အခုခေတ်ကြီးမှာ ကိုယ်သိချင်တာတွေကို အင်တာနက်မှာ ချက်ချင်းတင်မေးလို့ရပြီး အဖြေ ချက်ချင်းသိရတဲ့ ခေတ်ဖြစ်နေပါပြီ။

ကိုယ်ဝန် ဘယ်လိုရတာလဲ ။

မမျိုးဥ နဲ့ သုက်ပိုးကောင်ေလးတွေ တွေ့ဆုံမှ ကိုယ်ဝန်ဆိုတာရလာတာပါ။ ဒီတော့ သားဥကြွေတဲ့ အချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရတတ်ပါတယ်။

သားဥကြွေချိန်ကို ဘယ်လိုတွက်ချက်လဲ။

၂၈ရက်တစ်ခါ ရာသီလာတယ်ဆိုရင် ရာသီစက်ဝန်းရဲ့ ပထမ စစလာချင်းရက်ကနေရေရင် ၁၄ ရက်မြောက်နေ့ဟာ သားဥကြွေတဲ့အချိန်ပါ။ သားဥကြွေတဲ့ရက်ကို ဒီမှာတွက်လို့ ရပါတယ်။

Q ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရ တတ်လား။

သုက်ပိုးကောင်လေးတွေဟာ မိန်းမကိုယ်ထဲမှာ ၅ – ၇ ရက်လောက်နေနိုင်ပါတယ်။ ကိုယ်ကလည်း ရာသီတစ်ခါလာရင် ၈ရက်လောက်လာတတ်တဲ့သူဖြစ်ပါက ရာသီ လာနေစဉ် လိင်ဆက်ဆံလိုက်မိရင် ၈ ရက်နဲ့ သုက်ပိုးကောင်နေနိုင်တဲ့ ၇ ရက်ပေါင်းပြီး ၁၅ ရက်ဖြစ်သွားတတ်လို့ ၁၄ရက်ကြာ သားဥကြွေတဲ့ အချိန်နဲ့ သွားတွေ့နေတတ်ပါတယ်။ ဒါကြောင့် ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါတယ်။

သုက်ရည်ကို အထဲမှာ မထုတ်ဘဲ အပြင်မှာထုတ်ရင်ရော ကိုယ်ဝန်ရ နိုင်သလား။

တော်တော်များများထင်ကြတာက လိင်ကိစ္စပြီးမြောက်ခါနီး သုက်ရည်တွေကို မိန်းမကိုယ်ထဲ မဟုတ်ဘဲ အပြင်မှာ ထုတ်လိုက်ရင် ကလေးမရနိုင်ဘူလို့ထင်ကြပါတယ်။ ဒါက အလွန်မှားနေတဲ့ ကိစ္စတစ်ခုပါ။ ပြီးခါနီးထွက်လာတဲ့ သုက်ရည်တွေမှာပဲ သုက်ကောင်လေးတွေ ပါတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့ အချိန်ချောမွေ့စေဖို့ အစပိုင်းမှာ ထွက်လာတဲ့ ချောဆီလေးတွေမှာလည်း သုက်ပိုးလေးတွေ နည်းနည်းပါးပါး ပါနိုင်ပါတယ်။ ဒီတော့ ပြီးခါနီးမှ သုက်ရည်ကို အပြင်မှာထုတ်ပေမယ့်လည်း ကလေးရနိုင်ပါသေးတယ်။

ကွန်ဒုံးသုံးရင် ကိုယ်ဝန်လုံးဝ မရနိုင်ဘူး။

ကွန်ဒုံးဟာ ၈၀ ရာခိုင်နှုန်းလောက် ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတဲ့အတွက် တကယ်ကို ကောင်းတဲ့ ပစ္စည်းတစ်ခုပါ။ ဒါပေမယ့် အခန့်မသင့်လို့ ကွန်းဒုံးပြဲသွားတဲ့အခါ၊ မိန်းမကိုယ်ထဲမှာ ကွန်ဒုံးကျန်ခဲ့တဲ့အခါမှာတော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒီတော့ တကယ်စိတ်ချရတဲ့ ကွန်ဒုံးတံဆိပ်ကိုပဲ ရွေးသုံးစေချင်ပါတယ်။

စအိုနဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရ နိုင်လား။

စအိုနဲ့ လိင်ဆက်ဆံရင် များသောအားဖြင့် ကိုယ်ဝန် မရတတ်ပါဘူး။ ဒါပေမယ့် စအိုထဲကနေ ပြန်ထွက်လာတဲ့ သုက်ရည်လေးတွေ မိန်းမကိုယ်ထဲကို ပြန်စီးဝင်တတ်လို့ အကူးအခတ်ကောင်းတဲ့ သုက်ပိုးလေးတွေ မိန်းမကိုယ်ထဲကိုဝင်သွားနိုင်ပြီး သားဥနဲ့ သွားတွေ့ကာ ကိုယ်ဝန် ရသွားနိုင်ပါတယ်။

ပါးစပ်နဲ့လိင်ဆက်ဆံရင် ကိုယ်ဝန်ရနိုင်လား။ သုက်ကောင်လေးတွေကို မျိုချမိရင် ကိုယ်ဝန်ရနိုင်လား။

အစာအိမ်နဲ့ မိန်းမကိုယ်နဲ့က ဆက်ထားခြင်း မရှိတဲ့ အပြင် အစာအိမ်ရဲ့ အက်ဆစ်ကြောင့် ဝင်လာတဲ့ သုက်ပိုးတွေ အကုန်သေသွားလို့ ပါးစပ်နဲ့ လိင်ဆက်ဆံရင်၊ သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်မရနိုင်ပါဘူး။

လိင်တံကို မိန်းမကိုယ်ထဲ ထိုးသွင်းခြင်း မရှိရင်ရော ကိုယ်ဝန်ရ တတ်လား။

လိင်တံကို မိန်းမကိုယ်ထဲ မထည့်ပေမယ့် သုက်ရည်တွေပေနေတဲ့ လက်ချောင်းကို မိန်းမကိုယ်ထဲ ထည့်မိရင်တော့ ကိုယ်ဝန်ရသွားတတ်ပါတယ်။ အဖြစ်နည်းပေမယ့် ကိုယ်ဝန်မလိုချင်သေးဘူးဆိုရင်တော့ ဒီလိုနည်းနဲ့လည်း ကိုယ်ဝန်ရတတ်ကြောင်းကို သိထားတာ အကောင်းဆုံးပါ။

လိင်ဆက်ဆံပြီး မိန်းမကိုယ်ကို ချက်ချင်းဆေးလိုက်ရင် ကိုယ်ဝန်မရတော့ဘူး ဆိုတာ မှန်လား။

လိင်ကိစ္စပြီးမြောက်တဲ့အခါ မိန်းမကိုယ်ကို ရေနဲ့ ချက်ချင်းဆေးလိုက်ရင်၊ ဆီးသွားလိုက်ရင် သုက်ပိုးလေးတွေ သေသွားပြီး ကိုယ်ဝန်မရနိုင်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါက မှားနေတဲ့အရာတစ်ခုပါ။ အပြင်မှာကျန်ခဲ့တဲ့သုက်ပိုးတွေပဲ သေနိုင်တာပါ။ အထဲကို ဝင်သွားတဲ့ သုက်ပိုးတွေကတော့ သူ့တာဝန်အတိုင်း မမျိုးဥရှိရာဆီကို သွားမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းနဲ့ မိန်းမကိုယ်နဲ့ကလည်း ဆက်မနေတဲ့အတွက် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွားတဲ့အခါ ကိုယ်ဝန်မရနိုင်တော့ဘူးဆိုတာ မှားနေတဲ့ အယူတစ်ခုပါ။

သုက်ရည်ခြောက်သွားရင်ရော ကိုယ်ဝန်ရနိုင်လား။

သုက်ရည်ခြောက်သွားပြီဆိုတာနဲ့ အထဲမှာပါတဲ့ သုက်ကောင်လေးတွေ သေသွားပါပြီ။. ဒီတော့ ခြောက်နေတဲ့ သုက်ရည်ကို တက်ထိုင်မိလို့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတစ်ခုပါ။

အတွင်းခံတွေကို အဝတ်တွေကို သုက်ကောင်လေးတွေ ဖြတ်သွားနိုင်လား။

သုက်ကောင်လေးတွေ ကူးခတ်ဖို့အတွက် သုက်ရည်၊ မိန်းမကိုယ်ကထွက်နေတဲ့ အရည်တွေ ရှိဖို့လိုအပ်ပါတယ်။ အဝတ်တွေကိုဖြတ်ပြီး မိန်းမကိုယ်ထဲကို သုက်ကောင်လေးတွေ မဝင်နိုင်ပါဘူး။

🔰ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာ (၉)ခုသင်သည် ကိုယ်ဝန်ရှိနေသည်ဟု တွေးထင်ပါသလား ? အမျိုးသမီးများတွင် ကိုယ်ဝန်ရှိခြင်း ဖြစ်စဉ်သည် ...
05/06/2022

🔰ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာ (၉)ခု

သင်သည် ကိုယ်ဝန်ရှိနေသည်ဟု တွေးထင်ပါသလား ? အမျိုးသမီးများတွင် ကိုယ်ဝန်ရှိခြင်း ဖြစ်စဉ်သည် တစ်ယောက် နှင့် တစ်ယောက်မတူညီပါ။ ပထမကိုယ်ဝန် နှင့် နောက်ကိုယ်ဝန် ပင်လျှင်ဟော်မုန်းပြောင်းလဲခြင်းကြောင့် မတူညီနိုင်ပါ။ ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာ (၉)ခု ကို ပြောပြပေးချင်ပါတယ်။

၁။ ရင်သားနာကျင်ခြင်း။

ရင်သားများ ကိုက်ခဲနာကျင်တတ်ခြင်းသည် ကိုယ်ဝန်၏ ရှေ့ဦးလက္ခဏာတစ်ခုပင်ဖြစ်သည်။ ရင်သားထိပ်နားတဝိုက် ဧရိယာသည် ပိုကြီးလာခြင်း၊ ပို၍မဲလာခြင်း နှင့် ပို၍လေးလံလာခြင်းတို့ကို ခံစားရတတ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ပိရိုဂျက်စတရုန်းဟော်မုန်းပမာဏ ပိုများလာသောကြောင့်ဖြစ်သည်။

အခြားအကြောင်းရင်းတစ်ခုမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်သည် ရေဓာတ်ကို ပိုမိုသိမ်းဆည်းထား တတ်သောကြောင့်ဖြစ်သည်။ ထိုအခြင်းအရာသည် လူကို မသက်မသာလည်းဖြစ်စေသည်။ ထို့အတွက် ကောင်းစွာထောက်ပံ့နိုင်သော အတွင်းခံကို ဝတ်ဆင်သင့်သည်။ အထူးသဖြင့် လေ့ကျင့်ခန်းပြုလုပ်ချိန်တွင် ဖြစ်သည်။

၂။ မောပန်းခြင်း။

Progestrone ဟော်မုန်းပမာဏများခြင်းသည် ရင်သားများကို နာကျင်စေရုံသာမက အချို့သော အမျိုးသမီးများကို ပထမ ၃ လပါတ်အတွင်းတွင် လွန်စွာ မောပန်းစေတတ်သည်။ ထိုသို့ဖြစ်ခြင်းသည် သန္ဓေအောင်ပြီး တစ်ပတ်အတွင်းတွင် ပုံမှန်မဟုတ်သည့် မောပန်းခြင်းကို ခံစားရတတ်သည်။

ထို့ကြောင့် မောပန်းခြင်းသည် ကိုယ်ဝန်ရှိခြင်း နှင့် ဆက်စပ်နေလေ့ရှိပြီး ကောင်းကောင်းအနားယူရန်လိုအပ်ပေသည်။ အသားဓါတ် နှင့် သံဓါတ်ကြွယ်ဝသော အစားအစာများသည် မောပန်းခြင်းကို သက်သာစေနိုင်သည်။

၃။ စိတ်အပြောင်းအလဲဖြစ်ခြင်း။

ကိုယ်ဝန်အစောပိုင်းတွင် စိတ်ခံစားချက်များ ပြောင်းလဲတတ်သည်။

စိတ်ဖိစီးမှုများခြင်း (သို့) အလွန်အကျွံစိတ်ခံစားတတ်ခြင်းတို့ ဖြစ်တတ်သည်။ ဟော်မုန်းပမာဏ သိသာစွာပြောင်းလဲခြင်းကြောင့်

စိတ်ခံစားချက်ကို ထိန်းချုပ်သော အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်ချက်ပစ္စည်းများ၏ ပမာဏသည် ကျဆင်းသွားသောကြောင့်ဖြစ်သည်။

စိတ်အပြောင်းအလဲဖြစ်ခြင်းများသည် ကိုယ်ဝန်ဆောင်ပထမ ၃ လပါတ် နှင့် မီးဖွားရန်ပြင်ဆင်ရပြီဖြစ်သော တတိယ ၃ လပါတ်တို့တွင် ဖြစ်တတ်သည်။ အကယ်၍ ကိုယ်ဝန်ဆောင် ၁၄ ပါတ် မှ ၁၆ ပါတ်ထိ မသက်သာလျှင် သားဖွားမီးယပ်ဆရာဝန် (သို့) သူနာပြုဆရာမ နှင့်တိုင်ပင်သင့်သည်။ ထိုသူတို့သည် ကိုယ်ဝန်ဆောင်နေချိန် နှင့် မီးဖွားပြီးချိန်တို့တွင် အကူအညီပေးနိုင်မည့်သူကို အကြံပေးနိုင်သည်။

၄။ ခေါင်းကိုက်ခြင်း။

အချို့သော အမျိုးသမီးများသည် ကိုယ်ဝန်အစောပိုင်းတွင် ခေါင်းမူးခြင်း (သို့) ရီဝေဝဖြစ်ခြင်းတို့ကို ခံစားရတတ်သည်။ အချို့မှာ ဖြူဖျော့ဖျော့ပင်ဖြစ်သွားတတ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ ဟော်မုန်း (သို့) သွေးပေါင်ကျခြင်းကြောင့်လဲ ဖြစ်နိုင်သည်။ သားဖွားမီးယပ် (သို့) သူနာပြု နှင့် ဘာဖြစ်နေသည်ကို တိုင်ပင်နိုင်သည်။ အကယ်၍ သွေးတွင်း သကြားဓါတ်လျော့နည်းနေလျှင် တစ်နေ့တာအတွင်း အစာကို နည်းနည်း နှင့် ခနခနစားသင့်သည်။

၅။ မူးဝေခြင်း။

ကိုယ်ဝန်ဆောင်ချိန် ခေါင်းမူးခြင်းသည် နေ့တစ်နေ့၏ မည်သည့်အချိန်တွင် မဆို ဖြစ်တတ်သည်။ သို့သော် မနက် အစောပိုင်းတွင် ပိုအဖြစ်များသည်။ အမျိုးသမီးတိုင်းလည်း မဖြစ်ပွားတတ်ကြပါ။ ကိုယ်ဝန်ဆောင်ချိန်မနက်အစောပိုင်း မူးဝေခြင်း၏ ဖြစ်စေသော အကြောင်းရင်းအတိအကျကို မသိရှိပါ။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင်း ထွက်ပေါ်သော ဟော်မုန်းများ ကြောင့်လည်း ဖြစ်တတ်သည်။

ထိုလက္ခဏာများသည် ကိုယ်ဝန် ၁၂ ပါတ်မှ ၁၆ ပါတ်ကြာလျှင် ပျောက်ကွယ်သွားတတ်သည်။ သက်သာစေရန် အစာကို နည်းနည်း နှင့် ခနခနစားပေးခြင်း၊ အသားဓါတ်ကြွယ်ဝသော အစားအစာများကို စားခြင်းတို့ကို ပြုလုပ်နိုင်သည်။ ရေဓါတ်ပြည့်ဝစွာနေထိုင်ခြင်းသည်လည်း သက်သာစေသည်။

၆။ အစာစားလိုစိတ်ပြောင်းလဲခြင်း။

အချို့သောအမျိုးသမီးများသည် အနံ့အာရုံကို ပြင်းထန်စွာ ခံစားတတ်ကြလာသည်။ ထို့ကြောင့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် ပထမ ၃ လပါတ်တွင် အချို့သော အစားအစာများကို မစားနိုင်ကြခြင်း၊ (သို့) အချို့သည် ထူးဆန်းသော အရသာများကို ရရှိတတ်သည်။ ဥပမာ- ပါးစပ်အတွင်း သတ္တုအရသာကို မရရအောင် လိုချင်တတ်ကြသည်။

ကျန်းမာသော ရင်သွေးဖြစ်လာစေရန် အစားအစာကို အလုံအလောက်စားဖို့လိုသည်။ ကိုယ်ဝန်ဆောင်ချိန် သောက်သုံးရသော ဗီတာမင်များကို သောက်သုံးခြင်းဖြင့် မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်နိုင်ပြီး အာဟာရလည်း ပြည့်ဝစေသည်။ ရေဓါတ်လည်း ပြည့်ဝနေရန်လိုသည်။

၇။ ဆီးခဏခဏသွားခြင်း။

သန္ဓေအောင်ပြီး ၆ ပါတ် (သို့) ၈ ပါတ်ဝန်းကျင်တွင် ဆီးခနခနသွားတတ်ကြသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကျောက်ကပ်သည် ဆီးပို၍ ဖြစ်စေသည်။ တဖြည်းဖြည်း ကြီးလာသော သားအိမ်သည် ဆီးအိမ်ကို ဖိလာသည်။ ထို့ကြောင့် ဆီးခနခနသွားရတတ်သည်။ အမျိုးသမီးများသည် အိမ်သာသို့ ခနခနသွားရခြင်းကို ဆီးအိမ်ရောဂါပိုး ရှိနေသည်ဟု တွေးထင်တတ်သောကြောင့် ပိုးသတ်ဆေးများကို အလျင်စလို မသောက်မိဖို့လိုသည်။

၈။ သွေးတစွန်းတစဆင်းခြင်း နှင့် ဓမ္မတာကိုက်ခဲခြင်း။

ပုံမှန်ရာသီလာရက်ထက် အနည်းငယ်စော၍ ဓမ္မတာကိုက်ခဲခြင်း နှင့် သွေးတစွန်းတစဆင်းခြင်းတို့ ဖြစ်ခြင်းသည် သန္ဓေအောင်မျိုးဥသည် သားအိမ်နံရံကို ကပ်တွယ်ခြင်းကြောင့် ဖြစ်နိုင်သည်။ (သန္ဓေအောင်ပြီး ၆ ရက်မှ ၁၂ ရက်အတွင်း) သွေးဆင်းခြင်းအပြင် မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည်လည်း ဖြစ်တတ်သည်။ စိတ်ပူရန်မလိုပါ။ အဖြူဆင်းခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံးဖြစ်နိုင်သည်။ ဘေးအန္တရာယ်မဖြစ်ပါ၊ ကုသရန်လည်းမလိုအပ်ပါ။

သို့သော် အဖြူဆင်းခြင်းသည် အနံ့အသက်မကောင်းခြင်း၊ ပူသောခံစားချက်ရခြင်း (သို့) ယားယံခြင်းတို့နှင့် တွဲဖြစ်လျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး မှို (သို့) ဘတ်တီးရီးယားရောဂါပိုးဖြစ်နေသလားကို စစ်ဆေးသင့်သည်။

၉။ ရာသီသွေးမပေါ်ခြင်း။

ရာသီသွေးမပေါ်ခြင်းသည် ကိုယ်ဝန်၏ သိသာထင်ရှားသော အစောပိုင်းလက္ခဏာဖြစ်သည်။ သို့သော် ရာသီသွေးမပေါ်ခြင်း နှင့် ရာသီသွေးနောက်ကျခြင်းအားလုံးတို့သည် ကိုယ်ဝန်ရှိခြင်းကြောင့် ဖြစ်ရခြင်းမဟုတ်ပါ။ ကိုယ်အလေးချိန်တက်လာခြင်း (သို့) ကျသွားခြင်း၊ ဟော်မုန်းပြဿနာများ၊ မောပန်းနွမ်းနယ်ခြင်း နှင့် စိတ်ဖိစီးမှုများ ကဲ့သို့ အခြားသော ပြဿနာများသည်လည်း ရာသီသွေးမပေါ်ခြင်း နှင့် နောက်ကျခြင်းများကို ဖြစ်စေတတ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သည် ထိုလက္ခဏာများအားလုံး ဖြစ်တတ်သည်၊ (သို့) တစ်ခု၊ နှစ်ခုကိုလဲ ခံစားရတတ်သည်။ အကယ်၍ ထိုလက္ခဏာများသည် စိတ်အနှောင့်အယှက်ဖြစ်စေလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး သက်သာအောင် စီစဉ်ပြုလုပ်နိုင်သည်။

သေချာစွာပြောနိုင်သော နည်းလမ်းသည် ကိုယ်ဝန်ရှိမရှိဆီးစစ်ခြင်း နှင့် ကွန်ပြူတာဓါတ်မှန် (Ultrasound) ရိုက်ခြင်းဖြစ်သည်။

ဤကာလအတွင် post တင်မိလို့ တောင်းပန်ပါတယ်ရှင့် 🙏 #ကိုယ်ဝန်နှင့် ကျန်းမာရေး  #ကိုယ်ဝန်ဖျက်ချဆေးကိုယ်ဝန်ပျက်ဆေးကို -(1)သမီးရ...
28/05/2022

ဤကာလအတွင် post တင်မိလို့ တောင်းပန်ပါတယ်ရှင့် 🙏

#ကိုယ်ဝန်နှင့် ကျန်းမာရေး
#ကိုယ်ဝန်ဖျက်ချဆေး

ကိုယ်ဝန်ပျက်ဆေးကို -

(1)သမီးရည်းစားတွေ
(2)ခလေး ၂ယောက်နီးလို့ မယူချင်ကြသေးတဲ့ အိမ်ထောင်သည်တွေ
(3) ဒီခလေးလေးက်ု ပြုစုဖို့အတွက် ငွေမလောက်သေးလို့စသည်ဖြင့်အကြောင်းအမျိုးမျိုျးကြင့်ကလေယူရန်အဆင်မပြေသေးသူများအတွက်ရောင်းချပေးတာဖြစ်ပါတယ် 😇

✳️ကိုယ်ဝန်ဖျတ်ဆေးဝယ်လိုယူပါက ကားဂိတ်ရှိရာ မြို့နယ်များသို့ အရောက်ပို့ပေးစနစ်ဖြင့် ရောင်းချ​ပေး​နေပါတရ်​👇

#ဆက်​သွယ်​ရန်​ဖုန်း09403647004 (or) 09773066919
09403647004 (or) 09773066919
24နာရီအချိန်​မ​ရွှေးဆက်​သွယ်​နိုင်​ပါတယ်​ရှင့်​🙏🙏🙏🙏
#အမျိုးသမီး ဝယ်​ယူသူအတွက်​ အမျိုးသမီးအ​ရောင်းပါ☺
(အမျိုးသမီးအချင်းချင်​ဆို​တော့ ပိုအဆင်​​ပြေတာ​ပေါ့)

မြို့နယ်​အာလုံးကို့ ကားဂိတ်များ​အ​ရောက်​ပို့​ဆောင်​​ပေးပါတရ်​ရှင့်

(1)လ အထက်​က​နေ (2)လ အထိကို တစ်​သိန်းငါးသောင်းကျပ်​(150000ks)👌

(2)လ အထက်​က​နေ (3)လ အထိကို နှစ်​သိန်းကျပ်​(200000ks)👌

(3)လ အထက်​က​နေ (4)လ အထိကို သုံးသိန်းကျပ်​(300000ks)

(4)လ အထက်​က​နေ (5)လ အထိကို ​လေးသိန်းကျပ်​(400000ks)

ဆေးရဲ့ထူးခြားချက်​က​တော့ က​နေ တရားဝင် နဲ့ ​ရှာကြည့်​လို့ရပြီး သုံး​ဆေးဝါးဖြစ်​​နေလို့ပါ

#ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ🙅

ထူးခြားချက်​ ​သွေးဆင်းပြီး ပျက်​ကျ​နေစဉ်
#မမူးဘူး
#မနုံးဘူး
#အားအင်မကုန်ခမ်းဘူး
#အိပ်ယာထဲလဲမနေဘူး (အလန်းကြီး​နေမယ်​ )

#​ငွေ​ကြေးအရဆိုရင်​​တော့များပါတရ်​😎
အန္တာရယ်​မရှိမှု​ကြောင့်​ များရတာပါ(တန်​ပါတရ်​)

အန္တာရယ်​ရှိလား😡 လူထိခိုက်​လား😖
ဆိုရင်​​တော့ မရှိပါဘူးရှင့်​☺

၁လ က​နေ ၃လမ​ကျော်​ရင်​​တော့👍
ရိုးရိုးရာသီ​သွေး​ပေါ်သလိုပဲဆင်းပ့မယ်​😉
(အရမ်းမများဘူး)(ရုပ်​မ​ပေါက်​ဘူး)✌

ဆေး​သောက်​ချိန်​ ကလဲ(၁)ရက်​ပဲကြာမြင့်​မယ်
သွေးဆင်းချိန်​ကလဲ ၂ရက်​(သို့)၃ရက်​ (လူတ​ယောက်​နဲ့တ​ယောက်​မတူလို့ပါရှင့်​)

အ​ရေးအကြီးဆုံးက တကယ်​​ရောပျက်​ကြပ့မလား¿😕
ဟုဗျ အဆင်​မ​ပြေရင်​ ​ပြေသည့်​အထိလုပ်​​ပေးသလို ​ဝယ်​ယူသည့်​​ဆေးပစ္စည်းတန်​ဖိုး၏ #ဆယ်ဆ(၁၀)​ငွေပြန်​​လျော်​​ပေးပါတရ်​ရှင်​☺

အသေးစိတ်သိလိုပါက phဆက်ပေးပါရှင့်

#ဆက်​သွယ်​စုံစမ်းရန်​ ph 09403647004 (or) 09773066919
09403647004 (or) 09773066919
24နာရီအချိန်​မ​ရွှေးဆက်​သွယ်​နိုင်​ပါတယ့်🙏🙏🙏

🔰ကိုယ်ဝန်ရှိမရှိ  ဆီးစစ်နည်း🔰🔰မိန်မိန်ပေါ်ရင်တောင် ကိုယ်ဝန်ရှိတယ် တဲ့ နော် ဆီးစစ်တံမှာ မိန်မိန်ပေါ်ရင် အောက် ကစာသားလေးကိုေ...
17/05/2022

🔰ကိုယ်ဝန်ရှိမရှိ ဆီးစစ်နည်း🔰

🔰မိန်မိန်ပေါ်ရင်တောင် ကိုယ်ဝန်ရှိတယ် တဲ့ နော်
ဆီးစစ်တံမှာ မိန်မိန်ပေါ်ရင် အောက် ကစာသားလေးကိုသေချာဖတ်ကြည့်ကြပါ

♻️Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

🔰ဆီးစစ်တံမှာ မျဉ်းတကြောင်းက ထင်ရှား + ကျန်တကြောင်းက မှန်နေရင်လည်း ကိုယ်ဝန်ရှိတာ ဖြစ်ပါမယ်။ သေချာအောင် နောက် ၄-၅ ရက်မှာ တခါထပ်စစ်ပါ။
ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီးရဲ့သွေးထဲမှာ Human Chorionic Gonadotropin (HCG) ဟော်မုန်းရှိလာပြီ။ အဲဒီ အချင်းနဲ့ဆိုင်တဲ့ဟော်မုန်း ရှိ-မရှိ စမ်းသပ်တာကို ကိုယ်ဝန် စမ်းသပ်နည်းလို့ခေါ်တယ်။
မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်းထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။ ဟော်မုန်းက ကိုယ်ဝန် ပထမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။
အရေအသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးတယ်။ သားအိမ်ပြင်ပမှာ ကိုယ်ဝန်တည်နေရင်၊ ပျက်ရင် ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။
ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းကနည်းနေသေးရင်လဲ စမ်းလို့မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။ စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။
သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။ သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။
ဆီးကိုစမ်းရင်လဲ မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် နောက် (၅-၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။
ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။ ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။
Urine pregnancy test ကို ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံးလွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်းပေါ်မယ်။ တမျိုးက အပေါင်း-အနုတ်လို့ ပြမယ်။ တချို့မှာ ကိုယ်ဝန်ရှိ-မရှိလို့ အင်္ဂလိပ်စာပေါ်လာမယ်။
အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် အပေါင်း (ကိုယ်ဝန်ရှိတယ်) လို့ ဖတ်တယ်။ တကြာင်းက မှိန်မှိန်သာ ပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ ရက်စောနေလို့၊ ဆီးက ကျဲနေလို့ဖြစ်မယ်။ သေချာအောင် နောက် ၅-၆-၇ ရက်အကြာမှာ တခါထပ်စစ်ပါ။ စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။ ရာသီလာရမဲ့ရက်ထက် တပါတ် နောက်ကျမှသာစစ်ပါ။
ကလေးရစေအောင်ပေးတဲ့ HCG ထိုးဆေး၊ Thorazine ဆေး၊ Perphenazine စိတ်ဆေး၊ အတက်သက်သာဆေး၊ စိတ်ငြိမ်ဆေးတွေ သောက်ထားရင် မှားပြီးအပေါင်းပြနိုင်တယ်။ စမ်းသပ်ကိရိယာကို ဆပ်ပြာ ထိထားရင်လဲ မှားပြီး အပေါင်းပြနိုင်တယ်။ Trophoblastic tumors အကျိတ်ရောဂါရှိနေရင်လဲအဲလိုဖြစ်နိုင်တယ်။ တချို့မှာ ကိုယ်ဝန် လိုချင်လွန်းလို့ စိတ်စွဲနေရင်လဲ ဖြစ်နိုင်သေးတယ်။ မှားပြီးအပေါင်းပြတာက မှားပြီး အနုတ်ပြတာထက် ပိုနည်းတယ်။
ကိုယ်ဝန်ဖျက်လိုက်သူတွေဆီက မကြာမကြာမေးကြတာရှိတယ်။ ဖျက်ဆေးသောက်ပြီး၊ ဖျက်ချပြီး၊ အလိုလိုပျက်သွားပြီး ဆီးထပ်စစ်တာ အပေါင်းပြနေလို့တဲ့။ ကိုယ်ဝန်အတွက်စစ်ရတဲ့ဟော်မုန်းဟာ ကိုယ်ဝန်ဆက်မြဲနေလည်း အပေါင်းပြမယ်။ ပျက်သွားလည်း ပြနေအုံးမယ်။ ဖျက်ချလိုက်လည်း အပေါင်းဆက်ပြနေပါအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားချိန်ရောက်မှသာ အနုတ်ပြပါမယ် 😇

🔰ကိုယ်ဝန်တားဆေးတွေ့ကို ကိုယ်ဝန်တားဖို့ အတွက်ပဲ အသုံးပြုတာ မဟုပါဘူးနော် အတချို့က ကိုယ်ဝန်တားဆေးတွေသုံးပြီး အပျိုပါလို့ ငြ...
17/05/2022

🔰ကိုယ်ဝန်တားဆေးတွေ့ကို ကိုယ်ဝန်တားဖို့ အတွက်ပဲ အသုံးပြုတာ မဟုပါဘူးနော်

အတချို့က ကိုယ်ဝန်တားဆေးတွေသုံးပြီး အပျိုပါလို့ ငြင်းတတ်ကြတာပေါ့

အများစုကလည်း တားဆေးတွေသောက်နေရင် ကွိစိကွစိလုပ်တဲ့သူလို့ပဲ ထင်တတ်ကြပါတယ်

အမှန်တကယ်က ဘဲမရှိတဲ့ FA မတွေတောင် တားဆေးသောက်နေရတဲ့ အခြေအနေတွေရှိနေပါတယ်

ကိုယ်ဝန်တားဆေးကို OC Pill ခေါ်ပြီး နာမည်ရှည်လို့ စီစီလို့ပဲခေါ်မယ်နော်

မင်မင် အခုပြောပြမှာကတော့ ဂိုးသွင်းခံရတာကို ကာကွယ်ပေးရုံသာမက စီစီရဲ့ အခြားပေးနိုင်မယ့် ကောင်းကျိုးတွေနဲ့ အခြားအသုံးပြုမှုတွေပဲဖြစ်ပါတယ်

တစ်ခုရှိတာက အီးစီးတူးဆိုတဲ့ သကောင့်သား EOCP တွေကတော့ အခုပြောမယ့် ကောင်းကျိုးတွေ ပေးနိုင်မှာမဟုတ်ပါဘူး

လစဉ်သုံး စီစီ၊ လက်မောင်းထဲထည့်ရတဲ့စီစီနဲ့ သားအိမ်ထဲထည့်ရတဲ့ စီစီတွေရဲ့ ကောင်းကျိုးတွေသာဖြစ်ပါတယ်

၁ - စီစီက သီသီမှန်စေပါတယ်

သီသီမမှန်တာဟာ ဟော်မုန်းမမှန်တာကြောင့်ဖြစ်ပြီး စီစီက ဟော်မုန်းတွေကို တသမတ်ထဲဖြစ်စေတာကြောင့် သီသီပြန်မှန်စေမှာပါ

ဒါ့အပြင် သီသီအရမ်းလာတာကိုပါ တားဆီးပေးပါတယ်

အဲ့ဒါကြောင့် တချို့မိန်းမတွေ သီသီ ရေတံခွန်ကြီးလိုလာတဲ့အခါ ဆရာဝန်တွေက စီစီသောက်ခိုင်းတတ်ကြပါတယ်

မိန်းမယဥမှာ ရေအိတ်တည်ပြီး ဟော်မုန်းမမှန်တာကြောင့် စီစီသောက်ရတာမျိုးလည်း တွေ့နိုင်ပါတယ်

၂ - သီသီကြောင့် ဗိုက်ဗိုက်အောင့်တာကို သက်သာစေတယ်

ဗိုက်ဗိုက်နာရတာဟာ မိန်းမယဥကနေ မျိုးဥကြွေပြီး ပရောက်စတန်ဂလန်ဒင် ထွက်လာလို့ဖြစ်ရတာပါ

စီစီက မျိုးဥကြွေတာကို တားစီးပေးတာကြောင့် သီသီလာပေမယ့် ဗိုက်ဗိုက်နာတာကို မခံစားရစေပါဘူး

သီသီကြောင့် ဗိုက်ဗိုက်မခံနိုင်အောင် အောင့်တဲ့မိန်းမတွေဆိုရင်လည်း စီစီသောက်နေရတတ်ပါတယ်

၃ - ဟော်မုန်းမမှန်လို့ထွက်တဲ့ ဝက်ခြံတွေကို သက်သာစေတယ်

ပျုပါတီ ရိုက်တဲ့အချိန်မှာ ဟော်မုန်းတွေ မမှန်လို့ ဝက်ခြံထွက်တတ်ပါတယ်

မိန်းကလေးတွေဆိုရင် စီစီက ဟော်မုန်းပြန်မှန်စေတာကြောင့် ဝက်ခြံတွေ သက်သာသွားမှာပါ

အီစထရိုဂျင်ပါတဲ့ ပေါင်းစပ်စီစီတွေက အထိရောက်ဆုံးပါပဲ

ဝက်ခြံအရမ်းဆိုးတဲ့ မိန်းကလေးတွေဆိုရင် စီစီသောက်နေရတတ်ပါတယ်

၎ - စီစီတွေက ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်

စီစီစွဲသောက်နေတဲ့သူတွေဟာ စီစီဖြတ်ပြီး နှစ်၂၀ကြာတဲ့အထိတောင် သားအိမ်ကင်ဆာနဲ့ မိန်းမယဥကင်ဆာဖြစ်နိုင်ခြေတွေကို လျော့ချပေးနိုင်ပါတယ်

ဆိုးကျိုးအနေနဲ့ကတော့ စီစီတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတော့ ပြန်လည်မြင့်တက်စေပါတယ်

ရင်သာကင်ဆာဖြစ်နိုင်ခြေမြင့်စေတဲ့ကောင်တွေက အီစထရိုဂျင်ပါတဲ့စီစီတွေပဲဖြစ်ပြီး ကျန်တဲ့စီစီတွေကတော့ မမြင့်တက်စေပါဘူး

၅ - မိန်းမယဥ ရေအိတ်တည်တာကို လျော့ချပေးတယ်

အပေါ်မှာပြောခဲသလိုပဲ တချို့မိန်းမတွေက မယဥမှာ ရေအိတ်တည်တဲ့ရောဂါ PCOS ဖြစ်နေတတ်ပါတယ်

အဲ့ဒီအရည်အိတ်တွေကို မျိုးဥကြွေတာက ပိုများစေတာကြောင့် စီစီနဲ့ မကြွေအောင် တားဆီးထားရပါတယ်

အဲ့ဒါကြောင့် တချို့ FA မတွေ ဘဲမရှိပဲ စီစီသောက်နေရတာပါ

ဘဲလည်းမရှိ၊ ရေအိတ်လည်းတည်နေတဲ့သူတို့ကို အထင်မှားပြီး ထပ်မနှိပ်စက်ကြပါနဲ့

၆ - Endometriosis ကိုသက်သာစေခြင်း

နှဖူးမှာ သီသီလာတာ၊ နှာခေါင်းမှာ သီသီလာတာ၊ ဗိုက်မှာသီသီလာတာလို့ပြောရင် ပေါက်ကရလို့ပြောမှာမလား 🥴

အဲ့ဒါမျိုးအမှန်တကယ်ရှိပါတယ်…

သားအိမ်ထဲက သီသီလာတဲ့ တစ်ရှုးက နှာခေါင်းတို့၊ နှာဖူးတို့၊ ချက်တို့မှာ ရောက်ပြီး သီသီလာတဲ့အချိန်ဆို သူတို့ပါ သီသီလာတတ်ပါတယ်

သီသီလာတဲ့အချိန် နှာခေါင်းသွေးလျံတတ်ရင် Endometriosis ဖြစ်နိုင်ပါတယ်

ပိပိမှာ လာတာက ပိခံသုံးလို့ရပေမယ့် တခြားနေရာမှာလာတာက ပိခံသုံးလို့အဆင်မပြေပါဘူး

အဲ့ဒီ FA မတွေကလည်း ဘဲမရှိပေမယ့်လို့ သီသီလာတာနည်းအောင် စီစီသောက်နေရတတ်ပါတယ်

၇ - သီသီလာလို့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေခြင်း

တချို့မိန်းမတွေက သီသီလာရင် ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်

သီသီမလာခင်မှာ ဟော်မုန်းတွေ ထိုးကျသွားတတ်တာနဲ့ ဆိုင်လို့ ဟော်မုန်းပါတဲ့ သီသီတွေနဲ့ ပြန်တင်ပေးခြင်းဖြင့် ခေါင်းကိုက်သက်သာစေပါတယ်

၈ - သီသီလာမယ့်အချိန်ကို ထိန်းချုပ်ပေးနိုင်ခြင်း

သီသီလာမယ့်အချိန်ကို ထိန်းချုပ်နိုင်ရင် တကယ်ဟန်ကျပါတယ်

ကိုယ်ခရီးသွားမယ့်အချိန်၊ ပျော်ပွဲရွှင်ပွဲတွေသွားမယ့်အချိန်၊ ဟောပြောပွဲတွေတက်မယ့်အချိန်နဲ့ မင်္ဂလာဦးညတွေမှာ သီသီလာရင် တကယ်ကွဲတာပါ

လစဉ်အလုံး၃၀သောက်ရတဲ့ စီစီသောက်ဆေးတွေကို ဆရာဝန်တွေ ကျွမ်းကျင်စွာ ချိန်ညှိပေးနိုင်ရင် သီသီဟာ ကိုယ်လာစေချင်တဲ့ရက်မှာပဲလာနိုင်ပါတယ်

၉ - သွေးအားနည်းတာကို သက်သာစေခြင်း

တချို့မိန်းမတွေက သီသီ ရေတံခွန်ကြီးလို လာတဲ့အခါ သံဓာတ်တွေ၊ သွေးနီဥတွေအားနည်းသွားပြီး မူးမေ့လဲတတ်ပါတယ်

လတိုင်းဖြစ်နေတော့ အဆင်မပြေကြပါဘူး

အဲ့တော့ သီသီ ရေတံခွန်မိန်းမတွေလည်း လာတာနည်းအောင် စီစီသုံးနေရတတ်ပါတယ်

စီစီတွေကို ကိုယ့်သဘောနဲ့ကိုယ်သောက်သင့်သလား???

ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်

ဥပမာ ပြောရရင် ကိုယ်က သိပ်မလှုပ်ရှားတဲ့သူ၊ ဆေးလိပ်သမား ဒါမှမဟုတ် အသက်၃၅ကျော်နေရင် သွေးခဲနိုင်ခြေများပါတယ်

စီစီကလည်း သွေခဲနိုင်ခြေများစေတာကြောင့် အဲ့လိုအခြေအနေမျိုးတွေဆို တခြားဆေးတွေနဲ့ တွဲသောက်ဖို့လိုပါတယ်

ဒါကဥပမာတစ်ခုပဲရှိသေးတာပါ

တခြားအန္တရယ်တွေလည်း ရှိပါသေးတယ်

အဲဒါကြောင့် စီစီတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာသောက်ပါ

ယောက်ျားလေးတွေ၊ စောင်တတ်ကြီးတွေကလည်း စီစီသောက်တဲ့မိန်းမဆိုရင် ဖောင်းဒိုင်းကိစ္စအပြင် တခြားဟာတွေအတွက်ပါ သောက်နိုင်သေးတယ်ဆိုတာ မြင်ပေးကြပါ..... 🙏🙏🙏🙏

-org

Address

Yangon

Telephone

+959403647004

Website

Alerts

Be the first to know and let us send you an email when ကိုယ်ဝန်နှင့် ကျန်းမာရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram