06/10/2025
ခုတလော ဆေးခန်းမှာ အရမ်းတွေ့တဲ့ case လေးပေါ့။
ကောင်မလေးတယောက်ဆို မျက်လုံးနားမှာ ဖြစ်လို့ မျက်ခွံကြီးတခုလုံးရောင်ကိုင်းပြီး မျက်စိဖွင့်မရအောင်ဖြစ်။
/ Rove Beetle Dermatitis
သိပြီးသားလဲဖြစ်ချင်ဖြစ်မယ်။
အောက်တိုဘာ/နိုဝင်ဘာလ ရောက်လာတော့ မကြာခဏ တွေ့လာရတယ်။
ပုံမှာပြထားသလိုမျိုး အရေပြားပေါ်မှာ ပေါ်လာတာမျိုး
ထူးဆန်းတာက တံတောင်ဆစ်လို ဒကောက်ကွေးလို နေရာမျိုးဆိုရင် mirror image လိုမျိုး ဆင်တူဖြစ်တာပါ။
တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။
တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။
ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။
သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ ။
အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ် ။Paederin ဆိုတဲ့ Toxin ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ် ။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ Blister ရေကြည်ဖုတွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ
မီးရောင်က အဲဒီပိုးကောင်တွေကိုဆွဲဆောင်နိုင်ပါတယ်
ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုးကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ် ဦးခေါင်းက အမဲရောင် ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို Crush လုပ်လိုက်တဲ့ခါ သူ့ခန္ဓာကိုယ်က Paederin toxin တွေထွက်လာပြီးအရေပြားကိုထိမိတဲ့ခါပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီးအရည်ကြည်ဖုတွေဖြစ်လာတာပါ ။
အဆိပ်အနဲအများပေါ်မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ်ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါရောင်တာဖြစ်နိုင်ပါတယ်။
မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာမျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးနိုင်ပါတယ်။
တကယ်လို့ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့ ဖိပြီးခြေမပစ်ပါနဲ့ အမှတ်တမဲ့ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ရေများများနဲ့ဆေးပစ်ပါ။
အဝတ်အစားတွေလဲချွတ်ပြီးလျှော်ပစ်ပါအဆိပ်တွေပါသွားအောင်ပါ။
နီရဲပြီးရောင်လာခဲ့ရင် Antihistamines, Topical steroid တို့ပေးလို့ရပါတယ်။
ပိုးဝင်တဲ့လက္ခဏာရှိရင် Antibiotic cream ပါပေးရပါတယ်။
credit OP