Myittar Mon

Myittar Mon အ​ကြောအဆစ်အထူးကုဆေးခန်း။
Open Monday to Sunday.

မေတ္တာမွန်Rehabilitation Centreအကြောအဆစ် အထူးကုဆေးခန်း
16/09/2024

မေတ္တာမွန်
Rehabilitation Centre
အကြောအဆစ် အထူးကုဆေးခန်း

15/09/2024

ကျိုးသွားတဲ့အရိုးတွေပြန်ဆက်သွားဖို့ဘယ်လောက်ကြာလဲ။ ⏰

အရိုးကျိုးခြင်းက အသက်အရွယ်မရွေးကြုံတွေ့နိုင်တဲ့ အရာတစ်ခုဖြစ်သလို အရိုးကျိုးတဲ့အခါ မှာလည်း အရိုးတွေ ကောင်းမွန်စွာ ပြန်ဆက်နိုင်ဖို့ အလွန်ကိုမှအရေးကြီးပါတယ်။ 📌

ယေဘုယျအားဖြင့် အရိုးကျိုးတဲ့အခါ ပြန်ဆက်ဖို့ဆိုရင် (၆) ပတ် မှ ( ၁၂) ပတ် အထိ ကြာမြင့်ပါတယ်။ ⏰

ဒါ့အပြင် အသက်ငယ်ရွယ်သူတွေရဲ့ အရိုးတွေက အသက်ကြီးသူတွေရဲ့အရိုးတွေထက် ပြန်ဆက်ချိန်
ပိုမြန်ပြီး အရိုးပြန်ဆက်ဖို့လည်း ပိုလွယ်ကူပါတယ်။ 💁

ဒါကြောင့် အသက်အရွယ်ကြီးသူတွေအနေနဲ့ အရိုးကျိုးတဲ့အခါ မိမိရဲ့အရိုးတွေ ကောင်းမွန်စွာပြန်ဆက်နိုင်ဖို့ အထူးဂရုစိုက်ဖို့လိုပါတယ် ။👩‍🦳👨‍🦳

ဒါကြောင့် အရိုးတွေ ကောင်းမွန်စွာ ပြန်ဆက်နိုင်ဖို့ အထောက်အကူပြုပေးနိုင်သည့် -

☑️ ကယ်လ်ဆီယမ် ဓာတ်ကြွယ်ဝသော နို့၊ ဒိန်ချဉ်၊ ချိစ်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့၊ ပေါင်မုန့်။

☑️ ဗီတာမင် C ဓာတ်ကြွယ်ဝသည့်
သံပရိုသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ ဘယ်ရီသီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ။

☑️ဗီတာမင် D ကို နေရောင်ခြည်မှအဓိကရယူပြီး
ကြက်ဥ၊ မက်ကာရယ်၊ ဆယ်လ်မွန်၊ တူနာငါး။

☑️ဗီတာမင် K ဓာတ်ပါဝင်သော
ကိုက်လန်၊ ပန်းဂေါ်ဖီနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ။

☑️ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝသည့် တရုတ်ဇီးသီး၊ ဇီးသီး၊ တူနာ၊ ပဲပိစပ်၊ ထောပတ်သီး။

☑️မဂ္ဂနီဆီယမ် ဓာတ်ရရှိနိုင်သော
ထမင်း၊ ဟင်းနုနွယ်၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့။

☑️ ပရိုတင်း ဓာတ်ရရှိစေမည့် အနီရောင်အသား၊ ကြက်သား၊ ငါး၊ ပဲနို့၊ အခွံမာသီးတွေ၊ နို့ နဲ့ နို့ထွက်ပစ္စည်းများ။

☑️ သံဓာတ် ကြွယ်ဝသော ဖြည့်စွက်ဆေးဝါးများ၊ အနီရောင်အသား၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး အစရှိတဲ့ အာဟာရ ဓာတ်တွေပြည့်ဝဖို့ ဦးစားပေးစားသုံးသင့်ပါတယ်။ 💪

ဒါ့အပြင် အရိုးဆက်ခြင်းကို နှောင့်နှေးစေတဲ့
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ငန်လွန်းတဲ့အစားစာများစားခြင်း တွေ ကိုတော့ အထူးရှောင်ကျဥ်ဖို့လိုအပ်ပါတယ်။‼️

လူကြီးမင်းတို့အနေနဲ့ အရိုးကျိုးတဲ့အခါ
အရိုးတွေကောင်းမွန်စွာပြန်ဆက်နိုင်စေဖို့ဆိုရင်
ကျွမ်းကျင်တဲ့အရိုးအကြောအထူးကုဆရာဝန်များရဲ့ ညွှန်ကြားချက်များကိုလိုက်နာဖို့လည်း
လိုအပ်ပါတယ်ရှင်။👨‍⚕👩‍⚕

မေတ္တာမွန် Rehabilitation Centre ၌ အရိုးအကြော အထူးကု ဆရာဝန်ကြီးများကိုယ်တိုင် အရိုးများ ပြန်လည်သန်စွမ်းရေးအတွက်ကုသမှုပေးနေသည့်အပြင် -

✅ လည်ပင်းကျီးပေါင်းတက်ခြင်း။
✅ ကျီးပေါင်းကြောင့်ဇက်ကြောတက်၍ မူးဝေခြင်း။
✅ ဇက်ကြွက်သားများတောင့်တင်းခြင်း။
✅ ပခုံးကပ်ခြင်း ၊လက်မောင်းနာခြင်း။
✅ တံတောင်ဆစ်နာခြင်း၊ယောင်ခြင်းများကုသခြင်း။
✅ လက်ကောက်ဝတ်နာကျင်၍အကွေးအဆန့်ခက်ခဲခြင်း။ ကွန်ပျူတာအသုံးများ၍လက်ကောက်ဝတ်နာခြင်း။
✅ လေးဖက်နာပိုးကြောင့်လက်ချောင်းများကွေး ၍ဆန့်၍မရခြင်း။
ကွေးဆန့်လျှင်နာကျင်ခြင်း။
✅ ခါးနာခြင်း ၊ခါးကြောညှပ်ခြင်း ၊ခါးဆစ်ကျွံခြင်း၊ ခါးကျီးပေါင်းတက်ခြင်း။
✅ တင်ပဆုံရိုးယောင်ခြင်း ၊ပေါင်ထိပ်နာကျင်ခြင်း။
✅ အသက်ကြီး၍ဒူးနာခြင်း ၊ဒူးကျီးပေါင်းတက်ခြင်း။
✅ လှေကားအတက်အဆင်းခက်ခဲခြင်း။
✅ ခြေချင်းဝတ်ခေါက်ခြင်း ၊ခြေဖဝါးထောက်မရအောင်တောင့်တင်းခြင်း၊ခြေဖနောင့်နာခြင်းများ။
✅ ထိခိုက်ဒဏ်ရာကြောင့်နာကျင်ခြင်း ၊ လှုပ်ရှားရခက်ခဲခြင်းများ။
✅ အရိုးကျိုးပြီးနောက်ပြန်လည်သန်စွမ်းစေရန်လေ့ကျင့်ခန်း။
✅ ခန္ဓာကိုယ်တစ်ခြမ်းလေဖြတ်ပြီးနောက် နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်ပြုလုပ်နိုင်ရန် လေ့ကျင့်ပေးခြင်း။
✅ မျက်နှာတစ်ခြမ်းရွဲ့ခြင်း ၊လေဖြတ်ခြင်း။
✅ အသက်အရွယ်အိုမင်းခြင်းကြောင့်မသန်စွမ်းမှုများကိုပြန်လည်လေ့ကျင့်ကုသပေးခြင်း။
✅ မွေးရာပါမသန်စွမ်းမှုရောဂါများကိုပြန်လည်လေ့ကျင့်ကုသပေးခြင်း

အစရှိသော အရိုးအကြောအဆစ်နဲ့ ဆိုင်တဲ့ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေဖို့ စနစ်တကျ ကုသပေးလျက်ရှိပါတယ်ရှင်။💚

ဒါကြောင့် အရိုးအကြော အဆစ် ဝေဒနာ
တွေကို ကုန်ကျစရိတ်သက်သက်သာသာဖြင့်
အမြန်ဆုံးပျောက်ကင်းစေဖို့ဆိုရင် တစ်နေရာတည်းမှာ အထူးကုဆရာဝန်ကြီးများနဲ့ကုသမှုခံယူနိုင်တဲ့ “မေတ္တာမွန် Rehabilitation Centre” သို့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 🙇‍♀️

👨‍⚕👩‍⚕ ဆရာဝန်ကြီးတွေနဲ့ ပြသလိုပါက ကြိုတင် Booking ယူပေးဖို့ လိုအပ်ပါတယ်ရှင် 📌

🏥 မေတ္တာမွန် Rehabilitation Centre

☎️ ဆက်သွယ်ရန်ဖုန်း » 09 - 530 1712

📍 တိုက်(၁၆၆) ၊ အခန်း(၃)၊ သံသုမာလမ်းမပေါ်။
ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့။
သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
(ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား၊ Inhouse furniture mart ဘေးကပ်လျှက်)

#မေတ္တာမွန်အကြောအဆစ်အထူးကုဆေးခန်း
#မေတ္တာမွန်RehabilitationCentre

မြန်မာပြည်သူပြည်သားအားလုံးကျန်းမာ ချမ်းသာပြီး အန္တရယ်ကင်း ဘေးရှင်းကြပါစေလို့ Myittar Mon Rehabilitation Center မိသားစုမှ...
13/09/2024

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာ ချမ်းသာပြီး အန္တရယ်ကင်း ဘေးရှင်းကြပါစေလို့
Myittar Mon Rehabilitation Center မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏🙏

(20.7.2024) (သာသနာနှစ် (2568) (1386ခု)ဝါဆိုလပြည့်‌နေ့(ဓမ္မစကြာနေ့)မှာအရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော(7)ရက်သားသမီးများအား...
20/07/2024

(20.7.2024)
(သာသနာနှစ် (2568) (1386ခု)
ဝါဆိုလပြည့်‌နေ့(ဓမ္မစကြာနေ့)မှာ
အရပ်ရှစ်မျက်နှာမှာ ရှိကြကုန်သော
(7)ရက်သားသမီးများအားလုံးနဲ့
သတ္တဝါအားလုံးဘေးရန်
ခပ်သိမ်း ကင်းငြိမ်းကြပါစေ🤴
မြန်မာပြည်လဲအမြန်ဆုံး အေးချမ်းပါစေ ။
🙏🙏🙏

06/07/2024

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••

ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။

အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။

🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း

မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။

🔷ရောဂါလက္ခဏာများ

အစောပိုင်းလက္ခဏာများမှာ

▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

🔷ကာကွယ်ခြင်း

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။

◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။

◾လက်ဆေးပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။

◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။

◾ယင်လုံအိမ်သာအသုံးပြုပါ။

◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။

🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?

ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။

🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။

ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။

🔷ဓာတ်ဆားရည်ပြုလုပ်နည်း

ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။

◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)

🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။

◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။

🔷အရေးကြီးတဲ့လက္ခဏာတွေကတော့

◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း

◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း

◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း

◾ဗိုက်ထဲမှရစ်ပြီးနာခြင်း

◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

5.7.24 ; 11:30PM

Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

28/06/2024

မင်္ဂလာပါ
မနက်ဖြန် ၂၉.၆. ၂၀၂၄(စနေနေ့) အတွက်

မေတ္တာမွန် အကြောအဆစ် ဆေးခန်းတွင်
အကြောအဆစ်ရောဂါ ဝေဒနာများကို တိုင်ပင်ကုသနိုင်ရန်အတွက် ပြသနိုင်သော ဆရာဝန်ကြီး

Prof:Dr.Daw Khin Saw Oo
M.B.,B.S,Dip.Med.Sc,M.Med.Sc
Dr.Med.Sc(Rehabilitation Medicine),
Dip,Med.Ed
ပါမောက္ခ/ဌာနမှူး
အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးဆေးပညာဌာန
မြောက်ဥက္ကလာပဆေးရုံကြီး

ဆရာဝန်ကြီးနှင့်ပြသလိုပါက ကြိုတင် booking ပြုလုပ်ရန်လိုအပ်ပါသည်

ဆက်သွယ်ရန်ဖုံး- 095034286. 095301712
မေတ္တာမွန် Rehabilitation centre .
တိုက်166/အခန်း3.
သံသုမာလမ်းမပေါ်၊ ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့။ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား၊ Inhouse furniture mart ဘေးကပ်လျှက်။

Mon

24/06/2024

မင်္ဂလာပါ
မနက်ဖြန် ၂၅. ၆. ၂၀၂၄ (အင်္ဂါ)နေ့အတွက်

မေတ္တာမွန် အကြောအဆစ် ဆေးခန်းတွင်
အကြောအဆစ်ရောဂါ ဝေဒနာများကို ဆွေးနွေးတိုင်ပင်ကုသနိုင်ရန်အတွက် အရိုးအကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ရန် ကြိုတင်ပီး booking ယူနိုင်ပါပြီရှင်

ဆက်သွယ်ရန်ဖုံး- 095034286. 095301712
မေတ္တာမွန် Rehabilitation centre .
တိုက်166/အခန်း3.
သံသုမာလမ်းမပေါ်၊ ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား

Mon

21/06/2024

မင်္ဂလာပါ
မနက်ဖြန် ၂၂.၆. ၂၀၂၄(စနေနေ့) အတွက်

မေတ္တာမွန် အကြောအဆစ် ဆေးခန်းတွင်
အကြောအဆစ်ရောဂါ ဝေဒနာများကို တိုင်ပင်ကုသနိုင်ရန်အတွက် ပြသနိုင်သော ဆရာဝန်ကြီး

Prof:Dr.Daw Khin Saw Oo
M.B.,B.S,Dip.Med.Sc,M.Med.Sc
Dr.Med.Sc(Rehabilitation Medicine),
Dip,Med.Ed
ပါမောက္ခ/ဌာနမှူး
အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးဆေးပညာဌာန
မြောက်ဥက္ကလာပဆေးရုံကြီး

ဆရာဝန်ကြီးနှင့်ပြသလိုပါက ကြိုတင် booking ပြုလုပ်ရန်လိုအပ်ပါသည်

ဆက်သွယ်ရန်ဖုံး- 095034286. 095301712
မေတ္တာမွန် Rehabilitation centre .
တိုက်166/အခန်း3.
သံသုမာလမ်းမပေါ်၊ ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့။ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား၊ Inhouse furniture mart ဘေးကပ်လျှက်။

Mon

20/06/2024

မင်္ဂလာပါ
မနက်ဖြန် ၂၁.၆. ၂၀၂၄ (သောကြာ)နေ့အတွက်

မေတ္တာမွန် အကြောအဆစ် ဆေးခန်းတွင်
အကြောအဆစ်ရောဂါ ဝေဒနာများကို ဆွေးနွေးတိုင်ပင်ကုသနိုင်ရန်အတွက် အရိုးအကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ရန် ကြိုတင်ပီး booking ယူနိုင်ပါပြီရှင်

ဆက်သွယ်ရန်ဖုံး- 095034286. 095301712
မေတ္တာမွန် Rehabilitation centre .
တိုက်166/အခန်း3.
သံသုမာလမ်းမပေါ်၊ ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား

Mon

19/06/2024

မင်္ဂလာပါ
မနက်ဖြန် ၂၀.၆. ၂၀၂၄ (ကြာသပတေး)နေ့အတွက်

မေတ္တာမွန် အကြောအဆစ် ဆေးခန်းတွင်
အကြောအဆစ်ရောဂါ ဝေဒနာများကို ဆွေးနွေးတိုင်ပင်ကုသနိုင်ရန်အတွက် အရိုးအကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ရန် ကြိုတင်ပီး booking ယူနိုင်ပါပြီရှင်

ဆက်သွယ်ရန်ဖုံး- 095034286. 095301712
မေတ္တာမွန် Rehabilitation centre .
တိုက်166/အခန်း3.
သံသုမာလမ်းမပေါ်၊ ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား

Mon

17/06/2024

မင်္ဂလာပါ
မနက်ဖြန် ၁၈. ၆. ၂၀၂၄ (အင်္ဂါ)နေ့အတွက်

မေတ္တာမွန် အကြောအဆစ် ဆေးခန်းတွင်
အကြောအဆစ်ရောဂါ ဝေဒနာများကို ဆွေးနွေးတိုင်ပင်ကုသနိုင်ရန်အတွက် အရိုးအကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး နှင့် ပြသနိုင်ရန် ကြိုတင်ပီး booking ယူနိုင်ပါပြီရှင်

ဆက်သွယ်ရန်ဖုံး- 095034286. 095301712
မေတ္တာမွန် Rehabilitation centre .
တိုက်166/အခန်း3.
သံသုမာလမ်းမပေါ်၊ ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား

Mon

14/06/2024

မင်္ဂလာပါ
မနက်ဖြန် ၁၅.၆. ၂၀၂၄(စနေနေ့) အတွက်

မေတ္တာမွန် အကြောအဆစ် ဆေးခန်းတွင်
အကြောအဆစ်ရောဂါ ဝေဒနာများကို တိုင်ပင်ကုသနိုင်ရန်အတွက် ပြသနိုင်သော ဆရာဝန်ကြီး

Prof:Dr.Daw Khin Saw Oo
M.B.,B.S,Dip.Med.Sc,M.Med.Sc
Dr.Med.Sc(Rehabilitation Medicine),
Dip,Med.Ed
ပါမောက္ခ/ဌာနမှူး
အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးဆေးပညာဌာန
မြောက်ဥက္ကလာပဆေးရုံကြီး

ဆရာဝန်ကြီးနှင့်ပြသလိုပါက ကြိုတင် booking ပြုလုပ်ရန်လိုအပ်ပါသည်

ဆက်သွယ်ရန်ဖုံး- 095034286. 095301712
မေတ္တာမွန် Rehabilitation centre .
တိုက်166/အခန်း3.
သံသုမာလမ်းမပေါ်၊ ခိုင်စိုးစိုးထမင်းဆိုင်အနီး ၊ စရည်းပင်လမ်းထိပ် တည့်တည့် ၊ MAB ဘဏ်ရှေ့။ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ရေစက်နှင့်စုပေါင်းမှတ်တိုင်ကြား၊ Inhouse furniture mart ဘေးကပ်လျှက်။

Mon

Address

166/3 Than Thu Mar Road , Sa Yee Pin Street
Yangon
11072

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+9595034286

Website

Alerts

Be the first to know and let us send you an email when Myittar Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myittar Mon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram