AV Yoga

AV Yoga Foster harmony among mind, body, and spirit for a better quality of life.

✓ April Virtue Yoga

"April" is a special month for Myanmar people as it signifies the fresh start of Myanmar new year. Meanwhile, "Virtue" represents the principle of doing what is right and avoiding what is wrong. Through the practice of Yoga, the intention of AV yoga is to foster harmony among mind, body, and spirit for a better quality of life.

✓ Founder Profile

April's yoga journey started when she decided to quit her banking job to pursue her passion for practicing yoga. Recently finished a 500-hour Certified Yoga Teacher Training Course (YTTC) in India, she is a Registered Yoga Teacher (RYT) with Yoga Alliance which acknowledges the completion of a yoga teacher training with a Registered Yoga School (RYS). Experienced working as a Yoga Instructor at Tiger Gym, Training Ground Myanmar and DD Gym before, she is energeticly contributing her part as an active member of the Myanmar yoga community at the moment. April is also the founder of AV Yoga where she teaches and imparts her yoga knowledge to fellow yogis via online classes.

Flex & Strength Class A အတန်းက  သင်တန်းသူ Cho Thazin   ရဲ့ စကားသံ 🤍ယောဂစပြီးလေ့ကျင့်ဖို့ ဘယ်ကဘယ်လို စိတ်ကူးရခဲ့တာလဲ။ 202...
14/01/2026

Flex & Strength Class A အတန်းက သင်တန်းသူ Cho Thazin ရဲ့ စကားသံ

🤍ယောဂစပြီးလေ့ကျင့်ဖို့ ဘယ်ကဘယ်လို စိတ်ကူးရခဲ့တာလဲ။

2024 နှစ်စမှာ သိသိသာသာ ရင်တွေ တုန်လာပါတယ် ။ ကောင်းကောင်း အိပ်မပျော်တာ ကတော့ ကြာပါပြီ ။ ဆေးစစ်ကြည့်တော့ Hyperthyroid ဖြစ်နေတယ်ပေါ့နော် ။အဲ့ဒါနဲ့ ဆေးတွေ စသောက်ရပါတယ် ။ ပုံမှန်လည်း ကျမက ညနေတိုင်း လမ်း တနာရီ လျှောက်ပါတယ် ။ နောက်ပြီး စာတွေ လိုက်ဖတ် ကြည့်ပြီးတော့ကော စိတ်ထဲပါ အားကစား တစ်ခုခု ကို ပဲ လုပ်ချင်နေပါတယ် ။ ယောဂ ကျင့်ဖို့ကို ရွေးချယ်ခဲ့ပါတယ် ။ ဆုံးဖြတ်ချက်မှန် သွားတယ် ပဲပြောရမှာပေါ့နော် ။ဆေးက ရှစ်လလောက်ပဲ သောက်ပြီးတော့ ဆေးဖြတ်လို့ရခဲ့ပါတယ် ။အခုလည်း ပြန်စစ်ရင် ပုံမှန်ထဲ ၀င်နေပါတယ် ။

🤍ယောဂလေ့ကျင့်တာ ဘယ်လောက်ကြာပီလဲ။

အခုလေ့ကျင့်တာ ၂နှစ်လောက်တော့ ရှိပြီလို့ထင်ပါတယ် ။

🤍ဘာလို့ AV မှာ တက်ဖြစ်သွားတာလဲ။

အသိတွေ သူငယ်ချင်းတွေ မေးဖြစ်တယ် ။ ဘယ်သင်တန်း ကောင်းလည်း ပေါ့နော် ။ ကျမ က တောင်ဥက္ကလာမှာ နေတာ ဆိုတော့ ကျမနဲ့လည်း နီးတဲ့ နေရာပေါ့နော် ။ အသိအမကလည်း AV မှာတက်ဖို့ကို အကြံပေးခဲ့ပါတယ် ။ Messagener မှာလည်း စကားပြောကြည့်မေးကြည့်တော့ အဆင်ပြေတာနဲ့ တက်ဖြစ်သွား ပါတယ် ။
နောက်ကိုလည်း ဆက်လုပ်သွားဖို့ကို ကိုယ့်ကို ကိုယ် ကတိပေးထားပါတယ် ။ဆေးမသောက်ချင်တာကော တစ်ခုခု လုပ်နေရတာကို ကြိုက်တဲ့ သူမို့ ဆက်လုပ်ဖြစ်သွား မှာပါ။ 🥰🥰🥰

🤍ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘာတွေပြောင်းလဲလာတာကို သတိထားမိလဲ။

ယောဂကျင့်ပြီး နောက်ပိုင်းမှာ သတိထား မိတာက စိတ်တော်တော် တည်ငြိမ်လာတယ် ။ အရင်က ထင်တာက ယောဂ က gym မှာ ဆော့သလိုပဲ weight training လိုပဲ သွားမယ်လို့ ထင်ခဲ့တာပါ ။Hyper thyroid သမားမို့ ဟော်မုန်း ပြသာနာအမြဲ ရှိပါတယ် ။ ယောဂ ကျင့်ပြီး နောက်ပိုင်း စိတ်က တအား တည်ငြိမ်လာတယ် ။ ကိုယ့်ဒေါသကို တော် တော်လေး ထိန်းနိုင်လာပါတယ် ။အိပ်လို့လည်း ပျော်လာပါတယ် ။အိပ်ရေး၀တယ်ဆိုတဲ့ ခဲ့စားချက်ကို ပြန်ရတယ် ပေါ့နော် ။အမြဲ ယောဂကိုလေ့ကျင့်သွားမှာပါ။

Practice with guidance,Grow with confidence ✨ Yoga with EmilyInstructor-Emily
13/01/2026

Practice with guidance,
Grow with confidence ✨
Yoga with Emily

Instructor-Emily

A disciplined practice for a balanced life.🌿Instructor-April
12/01/2026

A disciplined practice for a balanced life.🌿

Instructor-April

Join our AV Yoga class and reconnect with your inner self ✨Flex & Strength Class (F)Instructor-Kelvin                   ...
11/01/2026

Join our AV Yoga class and reconnect with your inner self ✨

Flex & Strength Class (F)

Instructor-Kelvin

🍃 April တို့ရဲ့ လူ့ဘဝမှာ “Doing” (လုပ်ဆောင်မှု) နဲ့ “Being” (ဖြစ်တည်မှု) ဆိုတဲ့ ဘဝဒဿန မြင်ကွင်းနှစ်ခုရှိပါတယ်။ ဒီဒဿနနှစ်...
10/01/2026

🍃 April တို့ရဲ့ လူ့ဘဝမှာ “Doing” (လုပ်ဆောင်မှု) နဲ့ “Being” (ဖြစ်တည်မှု) ဆိုတဲ့ ဘဝဒဿန မြင်ကွင်းနှစ်ခုရှိပါတယ်။ ဒီဒဿနနှစ်ခုက ဘဝကို ချဉ်းကပ်ပုံ၊ ခံစားတတ်ပုံနဲ့ တန်ဖိုးထားပုံတို့မှာ မတူကွဲပြားစေပါတယ်။ ကိုယ်ဟာ Human-Doing လား၊ Human-Being လားဆိိုတာကို ဆန်းစစ်ဖို့ လိုပါတယ်။

🌿 Doing (လုပ်ဆောင်မှု)

“Doing” ဆိုတာ ပြင်ပကအရာတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့၊ ရလဒ်တွေအပေါ် အခြေခံတဲ့ ဘဝအမြင် ဖြစ်ပါတယ်။ ဘာလုပ်တယ်၊ ဘာရတယ်၊ ဘယ်လိုအောင်မြင်တယ်ဆိုတဲ့ ရလဒ်တွေအပေါ်မှာပဲ အာရုံစိုက်တာက Doing ပါ။

ဥပမာ- “ငါဒီလ လစာ ဘယ်လောက်ရမလဲ”၊ “ငါက ဘယ်လောက် ချမ်းသာတယ်”၊ “ဒီနှစ်အတွင်း ပိုက်ဆံဘယ်လောက်ရအောင်လုပ်မယ်” စသဖြင့် ရလဒ်တွေ၊ တိုးတက်မှုတွေအပေါ်မှာပဲ အာရုံစိုက်နေတတ်တယ်။ အလုပ်လုပ်တဲ့အခါမှာလည်း Process အပေါ်မှာ ပျော်ရွှင်မှုမရှိဘဲ ရလဒ်ကိုပဲ focus ထားတတ်ပါတယ်။ “Doing” ကို အလွန်အကျွံ အာရုံစိုက်မိရင် “Human-Doing” (လူသားစက်ရုပ်) ဖြစ်လာတတ်ပါတယ်။

🍃 Being (ဖြစ်တည်မှု)

“Being” ကတော့ အတွင်းအဇ္ဇတ္တ၊ ခံစားချက်၊ လက်ရှိတည်ရှိမှုကို အခြေခံတဲ့ ဘဝအမြင်ပါ။ ဘယ်လိုနေတယ်၊ ဘယ်လို ခံစားနေရတယ်၊ လက်ရှိ အချိန်လေးမှာပဲ ဘာဖြစ်နေတယ် ဆိုတဲ့ Present Moment အပေါ်မှာပဲ အာရုံစိုက်ခြင်း ဖြစ်ပါတယ်။
နေ့စဉ်ဘဝရဲ့ ဥပမာတွေအနေနဲ့- အလုပ်တစ်ခုလုပ်ရတဲ့အခါ “ဒီအလုပ်လုပ်ရတာ ပျော်ရဲ့လား” လို့ ကိုယ့်ရဲ့ ခံစားချက်လေးကို နားထောင်တာ၊ လူတစ်ယောက်နဲ့ အတူရှိနေတဲ့အခါ “ငါ ဒီလူနဲ့ အတူရှိနေရတဲ့ အချိန်ကို တန်ဖိုးထားမိရဲ့လား” လို့ တန်ဖိုးကို ဆင်ခြင်တာ၊ ကော်ဖီသောက်တဲ့အခါမှာလည်း “ဒီကော်ဖီခွက်လေးကို သေသေချာချာ အာရုံစိုက်ပြီး သောက်နေမိရဲ့လား စသဖြင့် လက်ရှိအချိန်လေးအပေါ် အာရုံစိုက်ခြင်းဟာ Being ပါပဲ။

🌿 Being Mode မှာ ရှိနေတဲ့အခါ လက်ရှိအခိုက်အတန့်လေးမှာပဲ ကျေးဇူးတင်တတ်စေတယ်၊ ငြိမ်းချမ်းစေတယ်။ “ငါဒီနေရာလေးမှာ ရှိနေတယ်၊ ဒါကို ခံစားနေတယ်” ဆိုတဲ့ ဘဝခံစားမှုဖြစ်ပါတယ်။ ဒီလိုမျိုးနေတဲ့သူကိုမှ Human-Being လို့ ခေါ်တာ ဖြစ်ပါတယ်။

🍃 ဘဝမှာလေ “Doing” နဲ့ “Being” နှစ်ခုစလုံးကို လိုအပ်တယ်။ ဒါပေမဲ့ မျှတဖို့တော့ လိုပါတယ်။ “Doing” များလွန်းရင် အလုပ်တွေ၊ ရလဒ်တွေကြားထဲ မောပန်းနွမ်းနယ်ပြီး ဘဝရဲ့ အနှစ်သာရတွေကို လွဲချော်သွားတတ်တယ်။ “Being” များလွန်းရင်လည်း လုပ်ဆောင်ချက်တွေ နည်းသွားတတ်တယ်။ အကောင်းဆုံးကတော့ နှစ်ခုစလုံး ဟန်ချက်ညီအောင် နေထိုင်တတ်ဖို့ပါပဲ။

🍃 အောင်မြင်မှုဆိုတာ Doing မှာ ရှိတယ်။ စိတ်ငြိမ်းချမ်းမှုက Being မှာ ရှိတယ်။ ဘဝရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကတော့ Doing နဲ့ Being ကြားက ဟန်ချက်ညီမှုမှာ တည်ရှိပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့ Doing တွေကြားထဲမှာ Being ကို ရှာကြည့်ပါ။ လက်ရှိအခိုက်အတန့်လေးကို သတိထားမိပြီး ကျေးဇူးတင်စိတ်လေး မွေးမြူကြည့်ပါ။ ဘဝက ပိုပြီး နက်ရှိုင်းပြည့်စုံလာတာကို သတိထားမိလာပါလိမ့်မယ်။



Creating strength, flexibility, and inner calm—one class at a time.
08/01/2026

Creating strength, flexibility, and inner calm—one class at a time.

Holding space for breath, balance, and healing.
07/01/2026

Holding space for breath, balance, and healing.

Alignment meets Flow🤍Flex & Strength Class (A)Instructor-Kelvin
06/01/2026

Alignment meets Flow🤍

Flex & Strength Class (A)
Instructor-Kelvin

AV Yoga Studio တွက် သန့်ရှင်းရေးဝန်ထမ်း 1 ဦး အလိုရှိသည်။🤍လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်ရမ...
04/01/2026

AV Yoga Studio တွက် သန့်ရှင်းရေးဝန်ထမ်း 1 ဦး အလိုရှိသည်။

🤍လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်ရမည်။

🤍လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်။ (အတွေ့အကြုံမရှိသူလည်း လျှောက်ထားနိုင်သည်)

🤍တောင်ဥက္ကလာပမှာ နေထိုင်တဲ့သူ ဖြစ်ရပါမယ်။

🤍ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပီး စကားပြော ယဉ်ကျေးပြေပြစ်သူဖြစ်ရပါမယ်။

🤍အလုပ်လိုအပ်ချက်အရ Yoga Classရှိသော အချိန်များကို အလုပ်ဆင်းပေးနိုင်သူဖြစ်ရပါမယ်။

ကိုယ်ရေးအချက်လက် များကို Page Messenger or Viber No +959790190229 ကနေတဆင့် ပို့ပြီး အလုပ်လျှောက်ထားနိုင်ပါတယ်။

အလုပ်နဲ့ပတ်သက်လို့ ပိုပြီးသိလိုပါ ဖုန်းနံပါတ် 09790190229 ကိုလဲ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

January လအတွက် weekend အတန်းသစ်လေးတွေ ပြန်စပါပြီရှင့်။ AV Yoga မှာ Beginner ကစလို့ level အစုံထိ တက်ရောက်လို့ရမဲ့ Yoga Cl...
03/01/2026

January လအတွက် weekend အတန်းသစ်လေးတွေ ပြန်စပါပြီရှင့်။

AV Yoga မှာ Beginner ကစလို့ level အစုံထိ တက်ရောက်လို့ရမဲ့ Yoga Classတွေ ဖွင့်လှစ်ပေးထားတာကြောင့် CBက တစ်ဆင့် သိရှိလိုသည်များကို လာရောက် စုံစမ်းလို့ ရနိုင်ပါတယ်ရှင့်။

👉🏻 m.me/aprilvirtueyoga

💌 A Mindful New Year Wish for Our Yoga Family 🌿 နှစ်သစ်တစ်နှစ်ကို ကြိုဆိုကြတဲ့အချိန်တိုင်း ဘာဖြစ်ချင်တယ်၊ ဘယ်လိုအောင်မြင...
01/01/2026

💌 A Mindful New Year Wish for Our Yoga Family

🌿 နှစ်သစ်တစ်နှစ်ကို ကြိုဆိုကြတဲ့အချိန်တိုင်း ဘာဖြစ်ချင်တယ်၊ ဘယ်လိုအောင်မြင်ချင်တယ်ဆိုတဲ့ အလိုဆန္ဒတွေကိုပဲ များသာအားဖြင့် Goal ချတတ်ကြပါတယ်။

✨ ဒါပေမဲ့ ဒီနှစ် 2026 မှာတော့ ကိုယ့်ရဲ့ Personal Goalတွေကိုလည်း ဖြည့်ဆည်းရင်း စိတ်ပိုင်းဆိုင်ရာအရ ပိုပြီး အေးချမ်းငြိမ်သက်လာတဲ့ နှစ်တစ်နှစ် ဖြစ်လာစေဖို့ Tr.Aprilက အားလုံးအတွက် ဆုတောင်းပေးချင်ပါတယ်။

🌿 အရာအားလုံးဟာ မတည်မြဲဘဲ အချိန်နဲ့အမျှ ပြောင်းလဲနေတာ မဟုတ်လား။ ခံစားချက်တွေ၊ အတွေးတွေ၊ နာကျင်မှုတွေ... ဘာကိုမှ ဆုပ်ကိုင်မထားဘဲ၊ မငြင်းဆန်ဘဲ မြင်သိနေရုံနဲ့တင် လွှတ်ချနိုင်တဲ့ နှစ်တစ်နှစ် ဖြစ်ပါစေ။

🌿 မကောင်းတာတွေ လာခဲ့ရင်လည်း....သိလိုက်
ကောင်းတာတွေ လာခဲ့ရင်လည်း... သိလိုက်
ပြီးသွားရင်လည်း... လွှတ်ချလိုက်
အရာအားလုံးဟာ "လာတယ်၊ နေတယ်၊ ပြန်သွားတယ်" ဆိုတဲ့ သဘာဝတရားတစ်ခုထဲမှာပဲ ရှိနေကြတာပါ။

🧘‍♀️ တီချယ်တို့တွေဟာ ယောဂလေ့ကျင့်နေကြတဲ့ ယောဂီတွေပဲ။ ယောဂဟာ ကိုယ်ခန္ဓာ လှပဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ မိမိကိုယ်မှာ ဖြစ်နေတာတွေကို အရှိအတိုင်း လက်ခံနိုင်အောင် မြင်နိုင်အောင်၊ ကိုယ်ရဲ့ အတွင်းက အမှန်တရားကို မပြုပြင်ဘဲ မြင်တတ်လာအောင်၊ အသိတရားမှသည် အကျင့်တရားအထိ သွားနိုင်အောင် လေ့ကျင့်နေကြတဲ့ တစ်ခရီးတည်းသားတွေပါ။

💌 ဒါကြောင့် 2026 မှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီး သိမြင်လာပါစေ။ ပြောင်းလဲမှုတွေကို မကြောက်ဘဲ၊ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံးကို နူးညံ့တည်ငြိမ်စွာနဲ့ ထိန်းသိမ်းနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်ပါစေလို့ Tr. April နဲ့ AV Team ကနေ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။

💌 အားလုံးပဲ အေးချမ်းပျော်ရွှင်ရတဲ့ နှစ်သစ်အခါသမယလေး ဖြစ်ပါစေရှင်။

#2026

Entering the new year with gratitude and presence.✨
30/12/2025

Entering the new year with gratitude and presence.✨

Address

No. (1/1A), 4th Floor, Than Thu Mar Street, South Okkalapa Township, Https://goo. Gl/maps/cSpMDFThZa3gzbd 37
Yangon
11091

Opening Hours

Tuesday 06:30 - 19:00
Wednesday 06:30 - 19:00
Thursday 06:30 - 19:00
Saturday 07:00 - 12:30
Sunday 07:00 - 10:30

Telephone

+959964236334

Website

Alerts

Be the first to know and let us send you an email when AV Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category