09/07/2025
                                            ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏
ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်အခါသမယမှာ 
ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြီးပြည့်စုံကြပါစေရန် ကနုတ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏
“ ဝါဆိုလပြည့်နေ့ “ ၏ ထူးခြားချက်များ
*************************************
၁။ ဂေါတမဘုရားလောင်း  
      ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၂။ ဂေါတမဘုရားလောင်း  
      တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၃။ ဂေါတမမြတ်စွာဘုရား  ဓမ္မစကြာတရား 
      စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို 
       ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍
      ထူးခြားခြင်း🙏
၆။ တရားရတနာ စတင်ပေါ်ပေါက်သော
     နေ့ဖြစ်၍ ထူးခြားခြင်း🙏
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
       ထူးခြားခြင်း🙏
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို 
       စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း🙏
စသည့်ထူးခြားခြင်းတို့ ဖြစ်ပါသည်။
သ စ္စာ ဂ ဝေ သီ
မြတ်ဗုဒ္ဓ၏သာသနာ မှကောက်နုတ်ဖော်ပြပါသည်။
Credit:                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  