Aung Chan Nyein - A.C.N Nursing Trainning And Pharmacist

Aung Chan Nyein - A.C.N Nursing Trainning And Pharmacist Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Chan Nyein - A.C.N Nursing Trainning And Pharmacist, Nursing home, No(8) , Room (006) , Shwe Ka Naung (2) St, Ka Naung Housing , Ka Naung Min Thar Gyi Road , Dagon Seikkan Tsp, Yangon.

25/09/2023

💊💊💊စက်တင်ဘာလ ဒုတိယတန်းခွဲနှင့် အောက်တိုဘာလ တန်းခွဲသစ်ကိုစတင်လက်ခံနေပါပြီ 💊💊💊

07/09/2023

ကျောင်းအပ်လက်ခံပါသေးတယ်ရှင့်

01/09/2023

မင်္ဂလာပါရှင့် အောင်ချမ်းငြိမ်း(A.C.N)
ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်းကျောင်းကို Sep 1ရက်နေ့မှစ၍ Sep 25ထိ ကျောင်းအပ်လက်ခံနေပါပြီရှင့်
သင်တန်းပြီးဆုံးချိန်၌ လုပ်ငန်းခွင်(ဆေးရုံဆေးခန်း)များသို့ ချက်ချင်းအလုပ်ခန့်ပေးပါသည်။
Overseas သွားချင်သူများကိုလည်း အကြွေးစနစ်ဖြင့် ဆောင်ရွက်ပေးနေပါပြီရှင့်
နောက်မကျစေပဲ အမြန်ဆုံး လာရောက်အပ်နှံကြဖို့ဖိတ်ခေါ်ပါတယ်ရှင့်

ရုံးဖုန်း-09686010506,09956680270

12/08/2023

August လအတွက်တန်းခွဲသစ်ကို ၂၀-၈-၂၀၂၃ ရက်နေ့နောက်ဆုံးထားလာရောက်အပ်နှံနိုင်ပါပြီနော်။

17/03/2023

April လတန်းခွဲသစ်စတင်ဖွင့်လှစ်နေပါပြီ။

17/03/2023

#ကလေးတစ်ဦးရဲ့ ဘဝအစမှတ်တိုင်များ
^~^*^~^*^~^*^~^*^~^*^~^*^~^*^~^

၁ လ ခွဲ- မျက်လုံး ၂ ဖက် အတူတူရွေ့, လက်ခြေများလှုပ်ရှားရင် နှစ်ဖက်လုံးလှုပ်, ခေါင်းအနည်းငယ်ထိန်းနိုင်

၂ လ- ပြုံးပြနှုတ်ဆက်ရင် ပြန်ပြုံးပြ, ခေါင်း နည်းနည်း ပိုထိန်းနိုင်

၄ လ- လက်ချောင်း ပါးစပ်ထဲထည့်, ဝမ်းလျားမှောက်ပေးရင် ခေါင်းလေးထောင်ဖို့ကြိုးစား, ချီထားတဲ့ အခါ ခေါင်းထောင်နိုင်ပြီ, လက်ထဲ ပစ္စည်းပေးရင် လက်ချောင်း ငါးချောင်းနဲ့ ဆုပ်ကိုင်ဖို့ အားပြု

(ပုံ ၃ က မှောက်ပေးလျှင် ခေါင်းထောင်ခြင်းကို ပြသည်။ မှောက်နိုင်သည်လို့ မဆိုလိုပါ)

၆ လ- မိဘကို ရေးတေးတေး တွေ့ရရင် ကို ပြုံးပျော်, ပက်လက်မှ မှောက်ခုံ, မှောက်ခုံမှ ပက်လက်လှန်တတ်, ထိန်းပေးမယ်ဆို ထိုင်နိုင်မယ်, မှောက်ပေးထားရင် ကိုယ်ကို လှိမ့်ဖို့ကြိုးစား, ဗိုက်ကို အားပြုပြီး တွားသွားဖို့အားထုတ်, လက်က ပစ္စည်းကို ကြမ်းပြင်နဲ့ ဆောင့်ဖို့ကြိုးစားပြီ

၇ လ-၈ လ - မထိန်းပေးလည်း ထိုင်နိုင်ပြီ,
တွားသွားတာ ပိုအဆင်ပြေလာပြီ

၉ လ- တံတောင်နဲ့ ဒူး ကို အားပြုပြီး တွားစသွား, မေမေ, မာမား, မမ, ပါပါး, တာ့တာ စသော နှစ်လုံးတွဲလေးများထဲမှ တစ်လုံးလောက် စတင်ရေရွတ်

၁၀ မှ ၁၂ လ- လက်ဆွဲကူရင် မတ်တပ်ရပ်ဖို့ ကြိုးစားမယ်, ပရိဘောဂပစ္စည်းတွေ အားပြုပြီး မတ်တပ်ရပ်ဖို့ကြိုးစားမယ်, ခြေ ၂ လှမ်း ၃ လှမ်း စလှမ်းမယ်, လက်မနဲ့ လက်ညှိုးထဲ ပစ္စည်းကိုင်နိုင်ပြီ, လက်ကလေး ဝှေ့ရမ်းပြီး တာ့တာလုပ်တတ်ပြီ, လက်ညှိုးထိုးတတ်ကောင်းထိုးတတ်မယ်, လက်ခုပ်တီးမယ်, မေမေ, မာမား, မမ, ပါပါး, တာ့တာ စသော နှစ်လုံးတွဲလေးများထဲမှ ၂-၃ လုံး စတင်ရေရွတ်, မျက်စိ ကောင်းကောင်းမြင်ပြီ, အဖေအမေကို မှတ်မိပြီ, သူစိမ်းခေါ်ရင် ကြောက်လာပြီ

၁ နှစ်ခွဲ- လမ်းကောင်းကောင်းလျှောက်ပြီ, လှေကားတက်ဖို့ စကြိုးစားမယ်, အချို့ကလေးက ခုန်ဖို့ အားပြုပြီ, လက်နှစ်ဖက်ပေါင်းပြီး အမျိုးမျိုးလုပ်တတ်ပြီ, လှုပ်ရှားသွားတဲ့ အရာဝတ္ထုကို တစူးတစိုက်လိုက်ကြည့်တတ်ပြီ, သင်ပေးမယ်ဆို ကစားထားတဲ့ ပစ္စည်းတွေ ပုံးထဲ ကောက်သိမ်းတတ်ပြီ, စကားလုံး ၂ လုံးတော့ အနည်းဆုံးပြောတတ်ပြီ

၂ နှစ် - ထိုင်ရာမှ ထဖို့ ကိုယ့်ကိုကိုယ် အားကိုးပြီ, လမ်းလျှောက်ရင် ကွေ့တတ်ပြီ, ပစ္စည်းကိုင်ရင်း လမ်း လျှောက်ကြည့်မယ်, စကားလုံးလေးများ များစွာတတ်ပြီ

၃ နှစ်ခွဲ- ၄ နှစ်- ဗိုယ်အုံးသီး (၃ ဘီး စက်ဘီး) စီးတတ်ပြီ, လှေကားတက်မယ်, ဖြေးဖြေး ပြေးမယ်, ခြေစုံ ခုန်မယ်, ဘောလုံးပစ်တတ်ပြီ, ဖမ်းတတ်ပြီ, လက်ဆေးတတ်ပြီ, စကားကို တစ်ကြောင်းစီ စ ပြောတတ်ပြီ, သူများပြောရင် တော်တော်နားလည်ပြီ, စာလုံးလေးများ ရေးဖတ်သင်လို့ အဆင်ပြေပြီ

၅ နှစ်- ခြေတစ်ပေါင်ကျိုးခုန်, စကား များစွာပြောတတ်ပြီ, မေးခွန်းလေးတွေ မေးလာမယ်, အကောင်းဆုံးဖြေဖို့ ကြိုးစားပြင်ဆင်ထားပါလော့။ 🙂

"မှတ်ချက်"
အပေါ်မှာ ပြောထားသည်ထက် စောပြီးလုပ်တတ်သော သားသားမီးမီးများရှိလျှင် ဝမ်းမြောက်ပျော်ရွှင်ပါ။

အပေါ်မှာ ပြောထားသည်ထက် သင့်ကလေးက တစ်နေရာရာတွင် နောက်ကျ နေသည်ရှိသော် ၁ လ လောက် စောင့်ကြည့်ပါ။ အထူးသဖြင့် လမစေ့ဘဲ မွေးလျှင် ၂ လလောက် ပုံမှန်ထက် ပို စောင့်ကြည့်ပါ။ တိုးတက်မှု မရှိဘူးဟု စိုးရိမ်လျှင် တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးပါ။

***ကလေးများ လျှောက်လှမ်းသော လမ်းတွင် မှတ်တိုင်တစ်ခုစီသို့ ရောက်ချိန်လေးများ အနည်းငယ် ကွာဟနိုင်သည်။ အထူးသဖြင့် ကလေးတစ်ဦးနှင့်တစ်ဦး စကားစပြောသောအချိန်က အလွန်ကွာခြားနိုင်ပါသည်။ ***

မြန်မာကလေးများ မှတ်တိုင်လေးတွေ အသီးသီးဆီသို့ အဆင်ပြေပြေ လျှောက်လှမ်းရောက်ရှိပြီး ကျန်းမာရေး အခက်အခဲများ ကျော်ဖြတ်နိုင်ကြပါစေ။

24/02/2023
17/02/2023

March တန်းခွဲလက်ခံနေပါပြီနော်။

Address

No(8) , Room (006) , Shwe Ka Naung (2) St, Ka Naung Housing , Ka Naung Min Thar Gyi Road , Dagon Seikkan Tsp
Yangon
11190

Telephone

+959956680270

Website

Alerts

Be the first to know and let us send you an email when Aung Chan Nyein - A.C.N Nursing Trainning And Pharmacist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category