Dr.Ye' Pyae Hein-ဒေါက်တာရဲပြည့်ဟိန်း

  • Home
  • Myanmar
  • Yangon
  • Dr.Ye' Pyae Hein-ဒေါက်တာရဲပြည့်ဟိန်း

Dr.Ye' Pyae Hein-ဒေါက်တာရဲပြည့်ဟိန်း ကျန်းမာပျော်ရွှင်စွာ နေထိုင်ရေး နည?

📕 📕 📕 ဝယ်ယူဖတ်ရှုချင်သူများတာမို့ ကျနော့်ရဲ့  #အစာအိမ်အူလမ်းကြောင်းပြဿနာဆွေးနွေးအဖြေရှာ စာအုပ်လေး ရရှိနိုင်မယ့် နေရာတွေက...
20/03/2025

📕 📕 📕 ဝယ်ယူဖတ်ရှုချင်သူများတာမို့ ကျနော့်ရဲ့ #အစာအိမ်အူလမ်းကြောင်းပြဿနာဆွေးနွေးအဖြေရှာ
စာအုပ်လေး ရရှိနိုင်မယ့် နေရာတွေကို စုစည်းတင်ပြပေးလိုက်ပါတယ် 🥰🤩🖊️📖💪🙏👨‍⚕️။

🔹Citymart , Ocean စသည့် စျေးဝယ်စင်တာများရှိ စာအုပ်အရောင်းဆိုင်များ

🔹ဖြန့်ချိရေး လင်းမြန်မာ
(ရန်ကုန်၊မြန်မာပြည်အနှံ့၊ထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံ) 09752958508, 09752958509
https://www.facebook.com/LMH.CLM?mibextid=wwXIfr&mibextid=wwXIfr

🔹မဟာစံ USA Store (ရန်ကုန်၊မန္တလေး၊ မော်လမြိုင်) 09442120251
https://www.facebook.com/maharsanusastore?mibextid=wwXIfr&mibextid=wwXIfr

🔹ရတနာသိုက်စာပေ(ရန်ကုန်၊မြန်မာပြည်အနှံ့)
095506198, 09423706717
https://www.facebook.com/aungmoe69?mibextid=wwXIfr&mibextid=wwXIfr

🔹ပန်းဆက်လမ်းစာပေ(ရန်ကုန်၊မြန်မာပြည်အနှံ့၊ပြည်ပနိုင်ငံများ) 09889003011, 09889003022
https://www.facebook.com/share/18kFrt5Nup/?mibextid=wwXIfr

🔹ကကြီးစာပေ(ကိုရီးယားနိုင်ငံ)
https://www.facebook.com/share/1FYmtfQ8iQ/?mibextid=wwXIfr

🔹စာအုပ်ဝယ်ယူရရှိနိုင်သော ဖြည့်စွက်စာဆိုင်များကို မြို့အလိုက် ပုံထဲမှာ ကြည့်ပေးပါခင်ဗျ 🤩။
#ဒေါက်တာရဲပြည့်ဟိန်း

▫️စာဖတ်သူတစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်၊ ကျန်းမာရေးဗဟုသုတ ပြည့်ဝကြပါစေ 👨‍⚕️🖊️📖🥰💪။

ကျွန်တော့်ရဲ့ ပွဲဦးထွက် ကျန်းမာရေးဗဟုသုတ စာအုပ်ထွက်ရှိလာပါပြီ 🤩🥰💪👨‍⚕️။📖📖📖စာဖတ်သူတို့ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် စီစဉ်...
08/03/2025

ကျွန်တော့်ရဲ့ ပွဲဦးထွက် ကျန်းမာရေးဗဟုသုတ စာအုပ်ထွက်ရှိလာပါပြီ 🤩🥰💪👨‍⚕️။

📖📖📖စာဖတ်သူတို့ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် စီစဉ်ပြုလုပ်ပေးတဲ့ “အစာအိမ်/အူလမ်းကြောင်း ပြဿနာ ဆွေးနွေးအဖြေရှာ” စာအုပ်မိတ်ဆက်ပွဲလေးကို ကြွရောက်ဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ချင်ပါတယ် 🥰🖊️

▫️လက်ဆောင်ပေးမယ့် အစီအစဉ်တွေ၊ ဉာဏ်စမ်းမေးခွန်းဖြေနိုင်ပါက ဆုလက်ဆောင်ပေးမယ့် အစီအစဉ်တွေ၊ အခမဲ့ ကျန်းမာရေးစစ်ဆေးပေးမယ့် အစီအစဉ်တွေ၊ ကျန်းမာရေးဗဟုသုတ ဆည်းပူးနိုင်မယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

🗓️ နေ့ရက် : မတ်လ ၉ ရက်(တနင်္ဂနွေနေ့)
🕰️ အချိန် : နေ့လည် ၁ နာရီ
🏢နေရာ : မြန်မာပလာဇာ မြေညီထပ်

🤝ပွဲလေးတက်ရောက်ပေးမယ့် မိတ်ဆွေများအနေနဲ့ စာအုပ်ဝယ်ယူသည်ဖြစ်စေ/ မဝယ်သည်ဖြစ်စေ 👇👇👇
▫️ဆရာဝန်ကြီးများရဲ့ အစာအိမ်/အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဟောပြောပွဲကို အခမဲ့ တက်ရောက်နားထောင်ခွင့်ရပါမယ်
▫️ဉာဏ်စမ်းမေးခွန်းများကို ဖြေနိုင်တဲ့ စာဖတ်သူများကို တန်ဖိုးကြီး ဆုလက်ဆောင်များ ပေးပါမယ်
▫️မိမိတို့ သိလိုတဲ့ အစာအိမ်/အူလမ်းကြောင်း နဲ့ အာဟာရဆိုင်ရာ ကျန်းမာရေးမေးခွန်းများကို ဆရာဝန်များထံ တိုက်ရိုက်မေးမြန်းခွင့်ရရှိပါမယ်။

စာအုပ်ဝယ်ယူသူများအတွက်
▫️လက်ဆောင်ပစ္စည်းများ
▫️ခန္ဓာကိုယ်ဖွဲ့စည်းပုံကို (Inbody) စက်ဖြင့်တိုင်းတာပေးခြင်း နှင့် အာဟာရဆရာဝန်မှ စားသောက်နေထိုင်ရမယ့်ပုံစံကို ဆွေးနွေးပေးခြင်း
▫️မလေးရှားနိုင်ငံတွင် ရရှိနိုင်သည့် ကင်ဆာ၊ ကျောက်ကပ်၊ လေးဖက်နာ၊ ကျီးပေါင်းစတဲ့ ရောဂါများအတွက် ကုသမှုများကို လေ့လာကြည့်ရှုနိုင်ခြင်း
▫️Cow Cow သဘာဝမြက်စားနွား နို့မှုန့် ဝယ်ယူဖို့ Discount ကူပွန်များ စသဖြင့် ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားပါတယ်။

▫️စာအုပ်ဝယ်ယူသူများအနေနဲ့ Linn Myanmar app မှာ points များ စုဆောင်းမိမှာဖြစ်ပါတယ်၊ ထို points များကို အသုံးပြုပြီး အာဟာရဖြည့်စွက်စာဝယ်ယူတဲ့အခါ အထူးစျေးနှုန်း နဲ့ ဝယ်ယူရရှိနိုင်ပါလိမ့်မယ်။

▫️အုပ်ရေများများဝယ်ယူသူ ချစ်မိတ်ဆွေများအတွက်လည်း VIP လက်ဆောင်များ ထည့်သွင်းထားပြန်ပါတယ်။

▫️ဆယ်လီ ညီလေး Adam Aung နဲ့ အတူဉာဏ်စမ်းမေးခွန်း များကို ရင်ခုန်စိတ်လှုပ်ရှားစွာ ပါဝင်ဖြေဆိုပြီး ဆုလက်ဆောင်များ ရယူနိုင်ပါမယ်။

▫️အကျိုးအမြတ်အတွက် မဟုတ်ဘဲ စာဖတ်သူတို့ကို ကျန်းမာရေးဗဟုသုတရစေချင်လို့ လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ကြွရောက်ပေးပါဦးခင်ဗျ။

▫️နေ့လည် ၁ နာရီမှ ၅ နာရီအထိ စာအုပ်များ ရောင်းချပေးမှာ ဖြစ်ပါတယ်။

အားလုံးနဲ့ ဆုံတွေချင်ပါတယ်၊ မျှော်နေမယ်ဗျ 🥰🤩🤝 👨‍⚕️🖊️📖။

#ဒေါက်တာရဲပြည့်ဟိန်း #အစာအိမ်အူလမ်းကြောင်းပြဿနာဆွေးနွေးအဖြေရှာ

𝗜𝗺𝗺𝘂𝗻𝗲 𝗦𝘆𝘀𝘁𝗲𝗺 𝗥𝗲𝗮𝗱𝗶𝗻𝗲𝘀𝘀 𝟮𝟬𝟮𝟰🔹🔹🔹မိတ်ဆွေများအတွက် Health Talk အစီစဉ်လေးဖြစ်ပါတယ် … ခုလိုကာလမှာသိသင့်တဲ့ ကူးစက်ရောဂါတွေအတွက...
29/08/2024

𝗜𝗺𝗺𝘂𝗻𝗲 𝗦𝘆𝘀𝘁𝗲𝗺 𝗥𝗲𝗮𝗱𝗶𝗻𝗲𝘀𝘀 𝟮𝟬𝟮𝟰

🔹🔹🔹မိတ်ဆွေများအတွက် Health Talk အစီစဉ်လေးဖြစ်ပါတယ် … ခုလိုကာလမှာသိသင့်တဲ့ ကူးစက်ရောဂါတွေအတွက် ပြင်ဆင်သင့်တာတွေရယ်,ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ဗဟုသုတတွေရယ်ကို မျှဝေဆွေးနွေးပေးပါမယ် 🤩💪👨‍⚕️👨‍⚕️👨‍⚕️။

ဆွေးနွေးဟောပြောပေးမည့်သူ📚
ဒေါက်တာရဲပြည့်ဟိန်း
(အထွေထွေရောဂါကုနှင့် အာဟာရအထူးပြုဆရာဝန်)

ဆွေးနွေးမည့် နေရာ/အချိန်/နေ့ရက် 🕰️
Zoom Meeting
ID 94473073034
PW 149153

ဆွေးနွေးမည့် နေရာ/အချိန်/နေ့ရက် 🕰️
Zoom Meeting
ID 94473073034
PW 149153

(တက်ရောက်သည့်သူများ၍ လက်ရှိစီစဉ်ထားသည်နှင့် မဆန့်ပါက ID နှင့် Password ကို အချိန်မီ ပြန်လည်ပြောပေးပါမည်)

30.8.2024 သောကြာနေ့
7:30 PM (မြန်မာစံတော်ချိန် ည ၇ နာရီခွဲ)

…ဟောပြောချိန် ၁ နာရီဝန်းကျင်ခန့် ကြာမြင့်မှာဖြစ်ပြီး ဟောပြောမှုအပြီးမှာ မေးခွန်းမေးချင်သူများအတွက် အမေး/အဖြေ အစီစဉ်လည်း ပါဝင်ပါမယ်။
ဆုံကြမယ်နော် 🤩😍💪🤝👨‍⚕️👨‍⚕️👨‍⚕️

#ဒေါက်တာရဲပြည့်ဟိန်း



သတိပြုစရာ ကာလဝမ်းရောဂါ 👨‍⚕️‼️⚠️ 🔹မိတ်ဆွေများ,လူနာများ ကြောက်လန့်ခြင်းမဖြစ်စေဖို့၊ဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲ သေချာသိဖို့ လို...
07/07/2024

သတိပြုစရာ ကာလဝမ်းရောဂါ 👨‍⚕️‼️⚠️

🔹မိတ်ဆွေများ,လူနာများ ကြောက်လန့်ခြင်းမဖြစ်စေဖို့၊ဖြစ်လာခဲ့ရင် ဘာလုပ်ရမလဲ သေချာသိဖို့ လိုရင်းအချက်အလက်များကို ရေးပေးပါမယ်။🔹
ကျနော်တို့ မြန်မာနိုင်ငံမှာ ရာသီအကူးပြောင်းချိန်,မိုးတွင်းကာလ စသည်တို့မှာ ဝမ်းပျက်ဝမ်းလျှောအဖြစ်များပါတယ်။ဒါ့ကြောင့်မို့ ရိုးရိုးဝမ်းပျက်ဝမ်းလျှော ရောဂါပဲဖြစ်ဖြစ်, ကာလဝမ်းရောဂါပဲဖြစ်ဖြစ် အရင်ဆုံးလုပ်ရမှာက ကူးစက်မှုကွင်းဆက်ဖြတ်ဖို့ရယ် ရေဓာတ်ဖြည့်ဖို့ရယ် ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ အင်္ဂလိပ်လို Cholera လို့ခေါ်ပါတယ်၊ မသန့်ရှင်းသော ရောဂါပိုးပါ​သော ရေ၊အစားအစာမှ တစ်ဆင့် အဓိကကူးစက်ပါတယ်၊ရောဂါလက္ခဏာမှာ
🔹ဝမ်းအရည်များ အများကြီးသွားမယ်၊ဆန်ဆေးရည်လို ဖြစ်မယ်၊အနံ့အရမ်းဆိုးပါတယ်၊၁ နာရီကို ၄-၅ ခါထိ သွားပြီဆိုရင် လူကနုံးချိသွားမယ်။
🔹ပြင်းထန်လာပါက ရေဓာတ်ဆုံးရှုံးပြီး သွေးပေါင်ထိုးကျလာနိုင်ပါတယ်၊လက်ဖျား ခြေဖျားအေးစက်လာမယ်၊ဆီးထွက်နည်းလာမယ်၊ပိုမိုဆိုးရွားလာပါက ကယောင်ကတမ်းဖြစ်ပြီး သတိလစ်နိုင်ပါတယ်၊ ထိုမှတစ်ဆင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကာကွယ်ခြင်းကာကွယ်ခြင်းက ရောဂါဖြစ်မှကုတာထက်ပိုကောင်းပါတယ်၊သန့် ၄ သန့်ဖြစ်ရပါမယ်။
🔹အိမ်သာသန့်
🔹လက်သန့်
🔹အစာသန့်
🔹ရေသန့် ….. ၄ ခုလုံးပြည့်စုံအောင် ကြိုးစားပါ။အထူးသဖြင့် ပြင်ပစာ၊လက်လုပ်ချဉ်များ၊မသန့်ရှင်းသော အစားအစာများ၊ယင်နားစာများ လုံးဝမစားရပါ။မစားခင်၊စားပြီး၊အိမ်သာအဆင်း၊အစားအစာများ မကိုင်တွယ်မီ အမြဲလက်ဆေးရပါမယ်။

ပြုစုစောင့်ရှောက်ခြင်းဘယ်လိုကြောင့်ပဲဖြစ်စေ ဝမ်းပျက်ပါက ရေဓာတ်အမြန်ဖြည့်ပါ၊ပူနွေးသန့်ရှင်းသော စွပ်ပြုတ်ရည်၊ဆန်ပြုတ်များတိုက်ပေးပါ၊ဆီးကောင်းကောင်းသွားနေပါက အုန်းရည်လည်းတိုက်ပေးလို့ရပါတယ်၊ဓာတ်ဆားရည်(ORS) များများအဓိကထားတိုက်ပါ။ 🥘🍲🥛🥛🥛
🔹အရွယ်ရောက်ပြီးသူများ အနေဖြင့် မိမိသောက်နိုင်သလောက် ဓာတ်ဆားများများသောက်ပေးပါ။
🔹ကလေးငယ်များ၂ နှစ်အောက် - ဝမ်းတစ်ခါသွားပြီးတိုင်း ဓာတ်ဆား ဖန်ခွက်တစ်ဝက်ခန့်တိုက်ပေးပါ။၂-၉ နှစ် - ဝမ်းတစ်ခါသွားပြီးတိုင်း ဓာတ်ဆား ဖန်ခွက်တစ်ခွက် တိုက်ပေးပါ။
(ဖျော်ထားသော ဓာတ်ဆားများ ၂၄ နာရီကျော်သည်အထိ မကုန်ပါက သွန်ပစ်ပြီး အသစ်ပြန်ဖျော်ရပါမယ်)နို့မပြတ်သေးသောကလေးငယ်များ မိခင်နို့ဆက်တိုက်၍ရပါတယ်။

⛔️ သဘာဝမဟုတ်သော အသင့်သောက်အချိုရည်ဘူးများ၊ကော်ဖီ လက်ဖက်ရည်များ၊ဆိုင်ဖျော်အချိုရည်များ လုံးဝမသောက်ရပါ
⛔️

ပြင်းထန်သောအဆင့်ပါးစပ်မှ မသောက်နိုင်သောအဆင့်တွင် အကြောထဲမှသွင်း၍ ရေဓာတ်အမြန်ဖြည့်ရပါမယ်၊လိုအပ်ရင် ဆေးရုံတက်ရမယ်၊ကျွမ်းကျင်ဆေးဝန်ထမ်းရဲ့ အကူညီချက်ချင်းယူရပါမယ်။အကြောထဲမှ သွင်းနေချိန် ပါးစပ်မှလည်း သောက်နိုင်ပါက ဓာတ်ဆားသောက်နေပေးပါ။

ပိုးသတ်ဆေး(Antibiotics) 💊💊💊ဆရာဝန် ညွှန်ကြားမှ ဆေးရက်ပြည့်အောင် သောက်ရပါမယ်၊ပိုးသတ်ဆေး သောက်ခြင်းအားဖြင့်
🔹ဝမ်းလျှောတဲ့ကာလတိုမယ်
🔹ဝမ်းပိုးမှ တစ်ဆင့် ပိုးဆိပ်ပြန့်တာကာကွယ်မယ်
🔹မြန်မြန် နံလန်ထမယ်။အရေးကြီးတာက ကာလဝမ်း ဟုတ်/မဟုတ် မသေချာသေးဘဲ ပိုးသတ်ဆေးရမ်းသောက်ရင် မလိုလားအပ်တဲ့ အန္တာရာယ်ဖြစ်နိုင်ပါတယ်။
👉နောက်တစ်ခု အရေးကြီးတာက ရိုးရိုးဝမ်းလျှောရောဂါနဲ့ ကာလဝမ်းမှာ သုံးတဲ့ပိုးသတ်ဆေး အမျိုးအစားမတူပါ၊ဒါ့ကြောင့် ဆရာဝန်မညွှန်ကြားဘဲ ပိုးသတ်ဆေးများ၊စပ်ဆေးများ လုံးဝ မသောက်ရပါ👈၂၀၂၄ ခုနှစ် မေလမှာ ထွက်ရှိထားတဲ့ စာတမ်းများအရ ကာလဝမ်းရောဂါမှာ သုံးနေကျ ပိုးသတ်ဆေးက ယခုအချိန်ထိ အာနိသင်ရှိပါသေးတယ်။(အလွဲသုံးစားမှုတွေ မဖြစ်စေချင်လို့ ဆေးအမည်မဖော်ပြတာ ခွင့်လွှတ်ပါ၊ ဆရာဝန်များကတော့ ရင်းနှီးကျွမ်းဝင်ပြီးသားဆေး ဖြစ်ပါတယ်)ဆရာဝန်/ဆရာမ နှင့် ပြသရန်ခက်ခဲသော နေရာများတွင် ဖုန်းဖြင့်ဆက်သွယ် အကူညီတောင်းခံပါ၊အင်တာနက်လိုင်းရနေပါက စာပို့မေးမြန်းပါ၊ တတ်နိုင်သလောက် ကူညီပေးပါ့မယ်။

ဖြည့်စွက်အာဟာရများ
🔹ဇင့်ဓာတ်(Zinc) ကလေးငယ်များကို ဇင့်အရည်တိုက်ပေးပါက ဝမ်းသွားခြင်း မြန်မြန်သက်သာစေပါတယ်၊လူကြီးများ Zinc ဆေးပြားသောက်ပေးလို့ရပါတယ်၊ ဇင့်က ကာလဝမ်းရောဂါကုသရာမှာ အထောက်ကူပြုတယ်လို့ သုတေသနများက အခိုင်မာဆိုထားပါတယ်။
🔹အူလမ်းကြောင်း အကျိုးပြုပိုး(Probiotics) များသောက်သုံးပေးခြင်းကလည်း အထိုက်အလျောက် အကျိုးရှိပါတယ်။

👨‍⚕️မလိုလားအပ်တဲ့ ကြောက်လန့်မှုများမဖြစ်ဘဲ မှန်ကန်တဲ့သတင်းများကိုသာ နားစွင့်ပါ၊ ကာကွယ်ခြင်းနည်းလမ်းများကို သေချာလိုက်နာပြီး ဆင်ခြင်နေထိုင်ပါ။💪💪💪

ကျန်းမာကြပါစေ
၇.၇.၂၀၂၄ #ဒေါက်တာရဲပြည့်ဟိိန်း

#ကာလဝမ်းရောဂါ
#

17/09/2022

"ဆင်တုံးမနွယ်" ရဲ့ ဆေးဖက်၀င်အကျိုးကျေးဇူးများ
#ဒေါက်တာရဲပြည့်ဟိန်း

23/03/2022

ယနေ့ကမ္ဘာအတွက် အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ကျန်းမာရေးအကြောင်း

တစ်နှစ်ပတ်လုံး အဆုတ်နဲ့ အသက်ရှုလမ်းကြောင်း ကျန်းမာဖို့ သဘာဝဆေးဝါး ၂ မျိုး𝑩𝒓𝒐𝒎𝒆𝒍𝒂𝒊𝒏 & 𝑸𝒖𝒆𝒓𝒄𝒆𝒕𝒊𝒏 𝑩𝒆𝒏𝒆𝒇𝒊𝒕𝒔 နေရောင်ခြည်ကို က...
16/11/2021

တစ်နှစ်ပတ်လုံး အဆုတ်နဲ့ အသက်ရှုလမ်းကြောင်း
ကျန်းမာဖို့ သဘာဝဆေးဝါး ၂ မျိုး
𝑩𝒓𝒐𝒎𝒆𝒍𝒂𝒊𝒏 & 𝑸𝒖𝒆𝒓𝒄𝒆𝒕𝒊𝒏 𝑩𝒆𝒏𝒆𝒇𝒊𝒕𝒔
နေရောင်ခြည်ကို ကောင်းစွာမရတဲ့ ဥရောပနိုင်ငံအချို့မှာဆိုရင် အဆုတ်ကျန်းမာရေးကောင်းဖို့ သဘာဝဓာတ် ၂ မျိုးကို ဆေးအနေနဲ့ တစ်နှစ်ပတ်လုံး မှီဝဲကြပါတယ်၊Bromelain(နာနတ်သီးအင်ဇိုင်း) နဲ့ Quercetin(ပန်းသီးအဆီအနှစ်) တို့ ဖြစ်ပါတယ်၊ဒီ ၂ မျိုးဟာ အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း အတွက်သာမက အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေပါ ရှိတာမို့ ကျနော်တို့ ဆီမှာလည်း မှီဝဲသောက်သုံးကြပါတယ်။
လတ်တလောမှာလည်း Bromelain နဲ့ Quercetin က ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တာကြောင့် ကိုဗစ်ကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ရမ်းခြင်း,အဆုတ်ပျက်စီးခြင်း စတာတွေကို သက်သာစေနိုင်တဲ့အပြင် သွေးခဲပိတ်ဆို့ခြင်းကိုလည်း သက်သာစေတဲ့ သဘာဝဆေးဝါးတွေ ဖြစ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။

𝑩𝒓𝒐𝒎𝒆𝒍𝒂𝒊𝒏 🍍🍍🍍
နာနတ်သီးထဲမှာ ပါဝင်တဲ့ ဆေးဘက်ဝင် အင်ဇိုင်းကို Bromelain လို့ ခေါ်ပါတယ်၊တကယ်တော့ နာနတ်သီး အသားထက် အူတိုင်မှာ အဓိကပါဝင်ပါတယ်၊သူ့ရဲ့ အာနိသင်တွေက ...
🔸ချွဲသလိပ်များကို ပျော်စေခြင်း နဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း(နှာစေး,ချောင်းဆိုး) စသည်ကို သက်သာစေပါတယ်,ပန်းနာ ရင်ကြပ်ရောဂါ ရှိသူများလည်း သင့်တော်ပါတယ်
🔸သဘာဝ အကိုက်အခဲပျောက်ဆေးဖြစ်လို့ လေးဘက်နာ နဲ့ အရိုး,အကြော,အဆစ် ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေပါတယ်
🔸အင်ဇိုင်း သဘာဝမို့ အစာကြေစေပါတယ်၊သုတေသနအချို့မှာ ဆိုရင် အူမကြီးကင်ဆာကို ကာကွယ်ကုသရာမှာ အာနိသင်ရှိတယ်လို့ဆိုပါတယ်
🔸ကိုယ်ခံအားကို ကောင်းမွန်စေတာမို့ ရေရှည်စွဲသောက်လို့လည်း ရပါတယ်
🔸တစ်နေ့ကို ၅၀၀ မီလီဂရမ်(500 mg) မှ ၁၀၀၀မီလီဂရမ်(1000 mg) ထိသောက်လို့ရပါတယ်

Bromelain အကြောင်း အသေးစိတ် အရင်က ရေးပေးဖူးတာကို ဒီ Post ၂ ခုမှာ ဖတ်လို့ရပါတယ်
👇👇
https://www.facebook.com/dryepyaehein/photos/a.121193619535169/121088429545688/?type=3

https://www.facebook.com/989059524618864/posts/1686109004913909/?d=n

𝑸𝒖𝒆𝒓𝒄𝒆𝒕𝒊𝒏 🍏🍏🍏
Quercetin ဆိုတာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant) ဖြစ်ပါတယ်၊သူ့ရဲ့ မူလအာနိသင်ကတော့ နှလုံးသွေးကြောရောဂါတွေမှာ အကျိုးရှိတာပါ၊ပန်းသီး,ကြက်သွန်နီ,သရက်သီး,ဘယ်ရီသီး စတာတွေမှာ ပါဝင်ပါတယ်၊သူ့ရဲ့ ကျန်းမာရေး အာနိသင်တွေကို ကြည့်မယ်ဆိုရင် ...
🔹Zinc(ဇင့်) နဲ့ တွဲဖက်မှု
ကိုယ်ခံအားကောင်းဖို့ ဇင့်ကို အားဆေးအနေနဲ့ သောက်တဲ့အခါ Quercetin ကိုပါ ရောသောက်နိုင်ရင် ကောင်းပါတယ်၊ဆဲလ်ထဲကို ဝင်ပြီး ဇင့်က အလုပ်လုပ်ဖို့ Quercetin က လမ်းကြောင်း လုပ်ပေးရပါတယ်၊Quercetin ဖောက်ပေးတဲ့ လမ်းကြောင်းက တစ်ဆင့် ဇင့်က အလွယ်တကူ ဆဲလ်ထဲဝင်ရောက်ပြီး ရောဂါပိုးတွေကို ပိုမိုထိရောက်စွာ သုတ်သင်နိုင်ပါတယ်၊Zinc Ionophore Effect လို့ ခေါ်ပါတယ်၊ဒီ သဘောတရားကို အခြေခံပြီး သုတေသနတွေပြုရာမှာ ကိုဗစ်ကို ကုသရာမှာလည်း Zinc+Quercetin အတွဲဟာ အကျိုးကျေးဇူးရှိတယ်လို့ တွေ့ရှိရပါတယ်။
🔹နှလုံးသွေးကြောကျဥ်းနဲ့ နှလုံးကြီး ရောဂါတွေမှာ အသုံးပြုနိုင်ပါတယ်
🔹အသည်းမှ အဆိပ်ထုတ်ခြင်းကို ကူညီပေးလို့ နာတာရှည်ရောဂါသမားတွေနဲ့ သင့်တော်ပါတယ်၊အရွယ်တင် နုပျိုစေပါတယ်
🔹အချို့သော ကင်ဆာရောဂါတွေမှာလည်း အကျိုးရှိပါတယ်(ဥပမာ-ဆီးကျိတ် ကင်ဆာ)
🔹Quercetin က အရေပြားယားယံခြင်း,ဓာတ်မတည့်ခြင်းများကို သက်သာစေနိုင်တဲ့ သဘာဝဓာတ်ပစ္စည်းမို့ Natural Antihistamine လို့လည်း တင်စားကြပါတယ်
🔹ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းတာမို့ နှလုံး ရောဂါလူနာတွေနဲ့ အဆုတ်ကျန်းမာရေး ကောင်းချင်သူတွေက ရေရှည် စွဲသောက်လို့ ရပါတယ်
🔹တစ်နေ့ကို ၅၀၀ မီလီဂရမ်(500 mg) မှ ၁၀၀၀မီလီဂရမ်(1000 mg) ထိသောက်လို့ရပါတယ်
သတိပြုရန်မှာ Bromelain နဲ့ Quercetin ၂ မျိုးလုံးကို အစာမစားခင် သောက်ရင် ပိုအာနိသင်ရှိပါတယ်၊နာနတ်သီး နဲ့ ပန်းသီး,ကြက်သွန်ဖြူ စတာတွေကို နေ့စဥ် ပုံမှန် စားရင်လည်း ရပါတယ်၊ပုံမှန်မစားဖြစ်တဲ့သူများကတော့ ဆေးအနေနဲ့ သောက်လို့ရပါတယ်၊တစ်မျိုးချင်းစီ လာသလို Bromelain နဲ့ Quercetin ရောပြီးသားတွေလည်း ရှိပါတယ်။

⚠️ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဒီဆေး ၂ မျိုးကို သောက်သုံးဖို့ မသင့်ပါဘူး ⚠️
ကျနော်ကတော့ ကိုဗစ် လှိုင်းအားလုံး နဲ့ ရာသီတုပ်ကွေးမှန်သမျှ သဘာဝဆေးဝါးရယ် အာဟာရရယ်နဲ့ပဲ အဓိကကျော်ဖြတ်ခဲ့တာမို့ ဘေးထွက်ဆိုးကျိုးနည်းပြီး ရေရှည်သုံးလို့ရတဲ့ နည်းလမ်းများကို မိတ်ဆွေတို့အတွက် မျှဝေပေးလိုက်ပါပြီ။

ကျန်းမာသုခ ပြည့်စုံကြပါစေ ☺️😍🙏
#ဒေါက်တာရဲပြည့်ဟိန်း Pyae Hein

Photo~Internet

သတိပြုကာကွယ် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ခုကာလမှာ ရာသီတုပ်ကွေး နဲ့ ကိုဗစ်ကို သတိပြုမိကြပေမယ့် သွေးလွန်တုပ်ကွေးကို အမှ...
29/10/2021

သတိပြုကာကွယ် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်
ခုကာလမှာ ရာသီတုပ်ကွေး နဲ့ ကိုဗစ်ကို သတိပြုမိကြပေမယ့် သွေးလွန်တုပ်ကွေးကို အမှုမဲ့ အမှတ်မဲ့ဖြစ်နေကြတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကြားသိနေရတာမို့ သိသင့်တာတွေ ရေးပေးလိုက်ပါတယ်။

ရောဂါဖြစ်တဲ့ အသက်အရွယ်
ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့်အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်၊အများစုက အသက် ၄ နှစ်အရွယ်ကစပြီး ၁၅-၁၆ နှစ်အထိ အသက်အပိုင်းခြားတွေမှာ အဖြစ်များပါတယ်၊မွေးကင်းစကနေ ၃ နှစ်အရွယ်လောက်ထိမှာ ဖြစ်တာရှားပေမယ့် ဖြစ်ရင် ပြင်းထန်မှု ပိုဆိုးတတ်ပါတယ်၊ကိုယ်ခံအားကျနေချိန်မှာ ကူးစက်ခံရရင် အရွယ်ရောက်ပြီးသူတွေ,အဖိုး အဖွားတွေအထိ ဖြစ်နိုင်ချေရှိပါတယ်။

အေးဒီးစ် ခြင်ကျား Aedes Mosquitoခြင်ကိုက်လို့ သွေးလွန်တုပ်ကွေးဖြစ်တာတော့ လူတိုင်းသိကြပါတယ်၊ခြင်က သွေးလွန်တုပ်ကွေးဖြစ်စေမယ့် ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်သူဖြစ်ပါတယ်၊ပိုးသယ်တဲ့ ခြင်က အေးဒီးစ်(Aedes) အမျိုးအစားဖြစ်ပါတယ်၊ကိုယ်လုံးမှာ အစင်းကျားလေးတွေပါလို့ 'ခြင်ကျား' လို့ ခေါ်ပါတယ်၊ခုလို ရာသီ အကူးပြောင်းနဲ့ မိုးတွင်းကာလတွေမှာ ခြင်ပိုပေါက်ဖွားတာမို့ ပိုအဖြစ်များပါတယ်၊မြန်မာပြည်လို နေရာမှာတော့ ခြင်ပေါတာမို့ တစ်နှစ်ပတ်လုံး ဂရုစိုက်ဖို့ လိုပါတယ်။

ရောဂါဖြစ်စဥ် နဲ့ ကုသမှု
ဒီအပိုင်းက သေချာလေး သိထားသင့်ပါတယ်၊သွေးလွန်တုပ်ကွေးမှာ အဆင့် ၃ ဆင့် ရှိတယ်လို့ အလွယ်မှတ်ပါ
1️⃣Dengue fever(အဆင့် ၁)
2️⃣DHF(အဆင့် ၂)
3️⃣DSS တို့ပါ။
အဆင့် ၁ မှာ ဖျားမယ်,ခေါင်းကိုက်မယ်,အော့အန်မယ်,မျက်လုံးအောင့်,ကိုယ်လက်ကိုက် စတာတွေ ဖြစ်တတ်ပါမယ်၊ဒီအဆင့်မှာ ကလေးငယ်ကို ဓာတ်ဆား နဲ့ အရည်များများဝင်အောင်တိုက်ရင် အများစုက ပြန်ကောင်းသွားနိုင်ပါတယ်။
အဆင့် ၂ မှာတော့ Hess' Test စမ်းကြည့်ရင် လက်ဖျံမှာ အနီစက်လေးတွေ အများကြီးထွက်လာတာ တွေ့ရမယ်၊ဒီအဆင့်မှာလည်း ကလေးငယ်ဟာ အစာဝင်မယ်,အရည်ဝင်အောင် သောက်မယ်,ဓာတ်ဆားသေချာသောက်ရင် အများစု ပြန်ကောင်းကြပါတယ်၊ဒါပေမဲ့ နှာခေါင်းသွေးလျှံမယ်,သွားဖုံးက သွေးထွက်မယ်,ဝမ်းမည်းမည်းတွေသွားမယ် စတာတွေ ဖြစ်လာရင်တော့ ချက်ချင်းဆေးရုံတက်ဖို့ လိုပါတယ်။
အချို့ကလေးတွေမှာ သွေးယိုစီးတဲ့ လက္ခဏာက မသိသာဘဲ ဗိုက်အရမ်းအောင့်တာ,ပိုမှိန်းလာတာ,အဆက်မပြတ် အော့အန်တာ,အစာ နဲ့ ရေမဝင်တော့တာ စတာတွေ ဖြစ်ရင်လည်း အချိန်မဆွဲဘဲ ချက်ချင်းဆေးရုံသွားရပါမယ်။
အဆင့် ၃ ကတော့ DSS(Dengue Shock Syndrome) ဆိုတဲ့အတိုင်း အင်မတန် စိုးရိမ်ရတဲ့ သွေးလန့်အနေအထားပါ၊ခန္ဓာကိုယ်တွင်းမှာ သွေးယိုစီးပြီး အသက်ဆုံးရှုံးနိုင်ပါတယ်၊သတိပြုရမှာက ရှေ့ရက်တွေမှာ ဖျားနေတဲ့ ကလေးဟာ သွေးလန့်တော့မယ်ဆိုရင် ကိုယ်မပူတော့ဘဲ ခန္ဓာကိုယ်က အေးသွားတတ်ပါတယ်၊တကယ်ပြန်ကောင်းပြီမို့ အဖျားကျတာလား???,သွေးလန့်မှာမို့ အေးစက်သွားတာလား??? ခွဲခြားဖို့ကတော့ ကလေးရဲ့ အခြေအနေကို ကြည့်ပါ၊ကိုယ်မပူဘဲ အေးနေပြီး ကလေးက လန်းဆန်းနေရင် တကယ်ကောင်းသွားတာပါ၊ခန္ဓာကိုယ်အေးနေပြီး မှိန်းနေရင်တော့ သွေးလန့်တာ ဖြစ်နိုင်ပါတယ်။
သွေးလန့်တဲ့ အဆင့်မှာတော့ အင်မတန်ကုသရ ခက်ခဲပါတယ်၊သွေးရည်ကြည်သွင်းခြင်း,သွေးသွင်းခြင်း,အထူးကြပ်မတ်ကုသခြင်း စတာတွေနဲ့ ကုသရင်တောင် အသက်ဆုံးနိုင်ချေ အင်မတန်များပါတယ်။
ရောဂါဖြစ်စဥ်အရ စဖျားတဲ့ ရက်ကနေ ၅,၆,၇ ရက်မြောက်တွေမှာ သွေးလန့်တတ်တဲ့ နေ့တွေမို့ သတိထားဖို့ လိုပါတယ်၊ပြန်ကောင်းမယ့် ကလေးကတော့ ၁ ပတ်ပြည့်တာနဲ့ ပြန်ကောင်းလာပါတယ်။
ကလေးတွေရဲ့ ခန္ဓာကိုယ်က လူကြီးတွေလောက် ရေဓာတ်ဆုံးရှုံးမှုကို ခံနိုင်ရည်မရှိပါဘူး၊ဒါ့ကြောင့်မို့ စဖျားခါစမှာ အရည်များများဝင်လေ ကောင်းလေဖြစ်ပါတယ်၊ရေဓာတ် ကို အမြန်ပြည်လည်ဖြည့်တင်းပြီး အာဟာရပြည့်ဝစွာ ဝင်အောင်ကျွေးနိုင်ရင် ပြန်ကောင်းဖို့ ပိုများပါတယ်။
အစာ နဲ့ ရေ တိုက်ကျွေးရာမှာ အဓိကပြဿနာက အော့အန်တာပဲ ဖြစ်ပါတယ်၊ကလေးက ဘာစားစားအော့အန်တယ်,အစာနဲ့ ရေမဝင်ဘူးဆိုရင်တော့ အကြောထဲမှ တစ်ဆင့် ရေဓာတ်အမြန်ဖြည့်ဖို့ ဆရာဝန်ဆီ ချက်ချင်းသွားရပါမယ်၊ဒီနေရာမှာ အချို့မိဘတွေဟာ ကလေးက ဖျားလို့မစားတာပဲ ဆိုပြီး မကျွေးဘဲထားတတ်ကြပါတယ်၊ကလေးက အရင်လို မဆော့ရင်လည်း ဖျားလို့ပဲ ဆိုပြီး ဒီတိုင်း အိပ်ခိုင်းထားတတ်ပါတယ်၊အဲ့ဒါမျိုးကို မပြုလုပ်မိဖို့ လိုပါတယ်။

ဆေးဝါး နဲ့ အာဟာရ
ဖျားနာတဲ့ အချိန်မှာ ပါရာစီတမော(Paracetamol) ပဲတိုက်ရပါမယ်၊အကိုက်အခဲ ပျောက်ဆေးအပြင်းစားများနဲ့ ဗမာဆေးများ လုံးဝ မတိုက်ရပါ။ကော်ဖီ,လက်ဖက်ရည်နဲ့ အိုဗာတင်း(အညို),ကိုလာ စတဲ့ အနီရောင်,အညိုရောင် အရည်များ မတိုက်ရပါ။ကလေးသောက်နေကျ အားဆေးများကို ဆက်တိုက်လို့ ရပါတယ်။

ရာသီတုပ်ကွေး နဲ့ ဘယ်လိုခွဲမလဲ
ရောဂါ လက္ခဏာတွေကတော့ ဆင်တူနေပါတယ်၊ဗိုက်နာပြီး,အော့အန်,အစာမဝင်,အဖျားဆက်တိုက်ကြီးရင်တော့ သွေးလွန်တုပ်ကွေး သံသယလို့ သတ်မှတ်ပြီး လိုအပ်တာတွေ စစ်ကြည့်လို့ရပါတယ်။
NS1 Antigen ကတော့ စဖျားတာနဲ့ စစ်လို့ရပါပြီ၊IgM ကတော့ ဖျားဖျားချင်း မထွက်သေးတာမို့ စဖျားခါစရက်တွေမှာ မထွက်သေးတာမျိုး ရှိနိုင်ပါတယ်၊သွေးလန့်နိုင်ချေကို ကြိုသိဖို့ CP(Auto) ဖောက်ကြည့်လို့ရပါတယ်၊CP(Auto) အဖြေမှာ သွေးဥမွှား(Platelets) အရေအတွက်ကို အမြဲစောင့်ကြည့်ပြီး လိုအပ်သလို ကုသရပါတယ်။

ကာကွယ်ခြင်း
ခြင်ကျားက နေ့လည်နေ့ခင်းမှာ အဓိကကိုက်ပါတယ်၊နေ့ခင်းဘက်အချိန်တွေမှာ တတ်နိုင်သမျှ ခြင်အကိုက် မခံရအောင်နေတာဟာ ထိရောက်တဲ့ ကာကွယ်မှုဖြစ်ပါတယ်။
ခြင်ကျားက ရေကြည်ရေသန့်မှာ ပေါက်ဖွားတာမို့ မိမိတို့အိမ်ပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားနိုင်တဲ့ ရေဝပ်တဲ့နေရာ တွေကို ရှင်းလင်းထားရမှာ ဖြစ်ပါတယ်၊အသုံးပြုတဲ့ ရေစည်,ရေအိုး များကို လုံအောင်ဖုံးထားဖို့လည်း လိုပါတယ်၊ငယ်ငယ်တုန်းက ကြားဖူးခဲ့သလို 'ဖုံး,သွန်,လဲ,စစ်,လောင်း,ထောင်,လဲ,ဖွင့်' လုပ်ရပါမယ်။
ခြင်ကိုက် ခံရတိုင်း ရောဂါဖြစ်တာမဟုတ်ဘဲ ကိုယ်ခံအားပေါ်လည်း မူတည်တာမို့ ကလေးကို ကိုယ်ခံအားကောင်းအောင် နေ့စဥ် အာဟာရပြည့်ဝစုံလင်စွာ ကျွေးပေးသင့်ပါတယ်။
သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ရှိပေမယ့် လက်ရှိအချိန်ထိ လူထုကြားမှာ ထိုးနှံဖို့ ပညာရှင်တွေက မတိုက်တွန်းသေးပါဘူး၊ကာကွယ်ဆေးထိုးသူတွေမှာ သွေးလွန်တုပ်ကွေးဖြစ်ရင် ရောဂါပိုမို ပြင်းထန်တယ်ဆိုတဲ့ အဖြေကြောင့် ဖြစ်ပါတယ်။
ကျနော်တို့ ဆေးကျောင်းသားဘဝတုန်းက ဆရာကြီး ပါမောက္ခဦးစောဝင်းက မြောက်ဥက္ကလာပ ဆေးရုံကြီး ကလေးကုသဆောင်မှာ သွေးလွန်တုပ်ကွေးလူနာပေါင်း မြောက်မြားစွာကို အဖိတ်အစင်မရှိသလောက် ကုသပေးနိုင်ခဲ့ပါတယ်၊ဆရာကြီးရဲ့ မူက အင်မတန်ကောင်းပါတယ်၊ညဘက် တာဝန်ကျတဲ့ ဆရာဝန်ကို သူ့ဆီ တိုက်ရိုက်ဖုန်းဆက်စေပါတယ်၊သွေးသွင်းဖို့,သွေးရည်ကြည်သွင်းဖို့,သွေးဥမွှား သွင်းဖို့ စတဲ့ ကုသမှုတွေကို နောက်နေ့မနက် ဆရာဝန်ကြီး လာတဲ့အထိ စောင့်စရာမလိုဘဲ ညတွင်းချင်း ကုသမှုရရှိစေဖို့ဖြစ်ပါတယ်။
မိုးတွင်းဘက်နဲ့ ရာသီအကူးပြောင်း ကာလတွေဆို ဆရာကြီးက ဖုန်းကို အိပ်ရာနားထားအိပ်ပြီး ဆေးရုံက ဆက်သမျှဖုန်းကို ဖြေပေးရှာပါတယ်၊ဟောပြောပွဲ တစ်ခုမှာ ဆရာကြီးပြောဖူးပါတယ်..."ဖုန်း အနားထား အိပ်လို့ Brain Tumour ဖြစ်ရင်ဖြစ်ပါစေ,ကလေးတွေ လိုအပ်တဲ့ကုသမှု ချက်ချင်းရပြီး အသက်မဆုံးရှုံးရင် တော်ပါပြီ" တဲ့ 👨‍⚕️😍🙏🙏🙏။
အားလုံးပြန်ချုပ်ရရင်တော့ ကလေးငယ်များ ဖျားနာရင် ဘာ့ကြောင့်ဖျားဖျား မပေါ့ဆဖို့,အန္တရာယ် လက္ခဏာတွေ ပေါ်လာရင် အချိန်မဆိုင်းဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီ ချက်ချင်းသွားဖို့ပဲ ဖြစ်ပါတယ်။

ရင်သွေးငယ်များ ရောဂါဘယကင်းဝေးကြပါစေ
👶🧒☺️😍

29.10.2021 #ဒေါက်တာရဲပြည့်ဟိန်း
Pyae Hein

Photo~Internet

ကူးစက်ရောဂါ ကာလမှာ နေ့စဥ် စားသင့်တဲ့ ဟင်းသီးဟင်းရွက်များ 𝑪𝒓𝒖𝒄𝒊𝒇𝒆𝒓𝒐𝒖𝒔 𝑽𝒆𝒈𝒆𝒕𝒂𝒃𝒍𝒆𝒔  🥗🥗🥦🥦🥦🌳 🌳ဝယ်ထားတာ ကြာပြီဆိုပေမယ့် သေချာမ...
16/10/2021

ကူးစက်ရောဂါ ကာလမှာ
နေ့စဥ် စားသင့်တဲ့ ဟင်းသီးဟင်းရွက်များ
𝑪𝒓𝒖𝒄𝒊𝒇𝒆𝒓𝒐𝒖𝒔 𝑽𝒆𝒈𝒆𝒕𝒂𝒃𝒍𝒆𝒔 🥗🥗🥦🥦🥦🌳 🌳
ဝယ်ထားတာ ကြာပြီဆိုပေမယ့် သေချာမဖတ်ဖြစ်သေးတဲ့ စာအုပ်ကို စီနီယာ အကိုတစ်ယောက် သတိပေးတော့မှ ပြန်ဖတ်ဖြစ်ပါတယ်၊စာအုပ်နံမယ်က How Not To Die(မသေအောင် ဘယ်လိုနေထိုင်ရမလဲ) ပေါ့၊ရေးတဲ့သူက Dr.Michael Greger ပါ၊'မသေအောင်' ဆိုတာ သက်တမ်းမစေ့ခင် မသေဖို့ရယ်,နေရချိန်မှာ ကျန်းကျန်းမာမာဖြစ်နေဖို့ရယ် ဆိုလိုတာပါ။
ကုရခက်တဲ့ ရောဂါတွေကို သဘာဝနည်းလမ်း၊အစားအစာ နဲ့ ဘယ်လို ကုစားရမလဲ ရေးထားတဲ့ စာအုပ်ပါ၊ဒီထဲမှာ How Not to Die from Infections(ကူးစက်ရောဂါဖြစ်တဲ့အခါ မသေအောင် ဘယ်လိုလုပ်ရမလဲ) ဆိုပြီး အခန်းတစ်ခန်း သီးသန့်ရေးထားပါတယ်။
ရေးထားတဲ့ အသေးစိတ်တွေ ထဲက မှ ကျနော် အရမ်းသဘောကျမိတာကတော့ Cruciferous Vegetables တွေကို ရောဂါပိုးဝင်တဲ့အချိန်မှာ များများ စားပေးဖို့ပါ၊ Cruciferous Vegetables ဆိုတာ ပန်းဂေါ်ဖီစိမ်း(Broccoli),ခရမ်းရောင် ဂေါ်ဖီထုပ်(Red Cabbage) စသည်တို့ ဖြစ်ပါတယ်၊ကိုဗစ်,ရာသီတုပ်ကွေး အပါအဝင် ဘယ်လိုကူးစက်ရောဂါအတွက်ဖြစ်ဖြစ် အကျိုးရှိပါတယ်။
သဘာဝဆေးပညာ နယ်ပယ်မှာ Broccoli လို့ ခေါ်တဲ့ ပန်းစိမ်း(ပန်းဂေါ်ဖီစိမ်း) ဟာ အင်မတန် နာမည်ကြီးပါတယ်၊လိုရင်းပဲ ပြောရရင် ကိုယ်ခံအားအတွက် အဓိက အကျိုးရဖို့ဆို ပန်းစိမ်းကို ကျေညက်အောင် ကြိတ်ချေပြီး အစိမ်းအတိုင်း စားရပါမယ်၊အစိမ်းအတိုင်း အမှုန့်ကြိတ်သောက်လို့ညှီရင် Pink salt နည်းနည်းနဲ့ ACV(ပန်းသီးရှာလကာရည်) အနည်းငယ်ထည့်ကာ ရောဖျော်ပြီးသောက်လို့ရပါတယ်။
ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတာမို့ နည်းနည်း ထပ်ရှင်းပြပါဦးမယ်...ပန်းစိမ်းထဲမှာ Glucoraphaninနဲ့ Myrosinase ဆိုတာ ပါဝင်ပါတယ်၊Glucoraphanin ဆိုတာ မြင်လွယ်အောင် ပြောရရင် အိမ်ရှေ့မင်းသားလိုပါပဲ၊Glucoraphanin ကနေ တကယ့် ဘုရင်ကြီး ဘဝရောက်သွားတဲ့အခါ Sulforaphane လို့ ခေါ်ပါတယ်၊အိမ်ရှေ့ မင်းသားကနေ ဘုရင်ဖြစ်အောင် လုပ်ပေးတဲ့ အင်ဇိုင်းကတော့ Myrosinase ဖြစ်ပါတယ်၊ဒါ့ကြောင့်မို့ Glucoraphanin,Myrosinase,Sulforaphane အဲ့ ၃ ခုတော့ မှတ်မိနေရပါမယ်၊မရှင်းရင် ပြန်ဖတ်ပြီးမှ ရှေ့ကို ဖတ်ပါ။
ဒါပေမဲ့ ပန်းစိမ်းကို အပင်က ခူးဆွတ်တုန်းက Glucoraphanin နဲ့ Myrosinase ၂ မျိုးပဲ ရှိပါသေးတယ်၊သူတို့က မပေါင်းစပ်ဘဲ သီးသန့်နေပါတယ်။
ဥပမာ ပြောရရင် အိမ်မှာ ကျနော်နဲ့ ဖေဖေက တစ်အိမ်တည်း နေပေမယ့် တစ်ယောက်တစ်ခန်း သီးသန့်နေသလိုပေါ့၊ဒါပေမဲ့ အိမ်ကို ပြန်ပြင်ဆောက်ဖို့ လုပ်တဲ့အခါ အခန်းတွေကို ဖျက်ရပါတယ်...အဲဒီအခါ ဖေဖေနဲ့ ကျနော် အခန်းတစ်ခုတည်းမှာ အတူပေါင်းမိသွားပါတယ်။
ဒီသဘောပါပဲ...ပန်းစိမ်းကို ရေစင်အောင်ဆေးပြီး လှီးဖြတ်လိုက်တဲ့အခါ ဒါမှမဟုတ် Blender စက်နဲ့ အမှုန့်ကြိတ်လိုက်တဲ့အခါ ကျမှ သီးသန့်နေတဲ့ Glucoraphanin နဲ့ Myrosinase က တွေ့ခွင့်ရသွားပါတယ်၊အဲ့ဒီအခါကျမှ Myrosinase က မြေတောင် မြှောက်ပေးလို့ အိမ်ရှေ့မင်းသား Glucoraphanin ဘဝကနေ ဘုရင်ကြီး Sulforaphane ဖြစ်ခွင့်ရပါတော့တယ်။
Sulforaphane ကမှ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာပါ၊သူငယ်ပြန် အတိတ်မေ့ခြင်းရောဂါ(Alzheimer's Disease) နဲ့ ကင်ဆာအတွက် အာနိသင်ရှိပါတယ်၊အဆုတ် နဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးအတွက် အရမ်းကောင်းတာမို့ ခုကာလနဲ့ ကွက်တိပါပဲ၊ပုံမှန် ကျန်းမာရေးကောင်းဖို့အတွက်လည်း နေ့စဥ်စားပေးလို့ရပါတယ်၊Covid-19 ရောဂါအတွက်ဆိုရင်လည်း အူနံရံရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးလို့ အလွန်အသုံးတည့်ပါတယ်၊ကိုဗစ်ကြောင့် အသက်သေဆုံးရခြင်း အကြောင်းဖြစ်တဲ့ Cytokine Storm ကိုလည်း ကုသရာမှာ ထိရောက်စွာ ကူညီပေးပြန်ပါသတဲ့။
ပန်းစိမ်းဟာ ကင်ဆာအတွက်အကျိုးရှိတာကို သိတာကြာပြီဆိုပေမယ့် မကြာသေးခင်ကမှ ထွက်ထားတဲ့ သုတေသနအရ ရင်သားကင်ဆာကို ကုသရာမှာ ထိရောက်တဲ့ အာနိသင်ရှိတယ်လို့ ဆိုပါတယ်။
ခုလို ရာသီအကူးအပြောင်း တုပ်ကွေးကာလမှာလည်း အလွန်အသုံးတည့်ပါတယ်၊ပန်းစိမ်းကို အစိမ်းအတိုင်းဝါးစားတဲ့အခါ အူနံရံကနေ စုပ်ယူပြီး သွေးဖြူဥတွေကို လှုံ့ဆော်ပေးပါတယ်၊သွေးဖြူဥဆိုတာ ရောဂါပိုးတွေကို တိုက်ဖျက်တဲ့ ခန္ဓာကိုယ်ရဲ့ တပ်သားတွေပါ။
အဓိကသတိပြုရမှာက ပန်းစိမ်းကို မှုန့်ညက်အောင် ကြိတ်ပြီး အစိမ်းအတိုင်းစားရမှသာ Sulforaphane ကို ရရှိမှာဖြစ်ပါတယ်၊မီးအပူပေးပြီး ကြော်စားမယ်ဆို Myrosinase အင်ဇိုင်းက ပျက်ဆီးသွားတာမို့ အိမ်ရှေ့မင်းသား Glucoraphanin က အလုပ်ကြံခံလိုက်ရသလို ဘုရင်ကြီး Sulforaphane ဘဝဖြစ်ခွင့်မရတော့ပါဘူး။
ဒါ့ကြောင့်မို့ ပန်းစိမ်းကို အမှုန့်လုပ်ပြီး Myrosinase ကို မပျက်ဆီးအောင် နည်းပညာနဲ့ ထိန်းသိမ်းကာ ဆေးဝါး အဖြစ် အရန်သင့်သောက်သုံးလို့ရအောင် ထုတ်လုပ်လာကြပါတယ်၊အရင်က မရှိပေမယ့် ခုတလောတော့ အော်ဂဲနစ် ပန်းစိမ်းဖြည့်စွက်စာ တွေ ဝယ်လို့ရနေပါပြီ၊စျေးလည်း မများလှပါ။
ကျနော်ကတော့ ပန်းစိမ်းကို ဆားရည်နဲ့စင်အောင်ဆေးပြီး အစိမ်းစားသလို မစားဖြစ်တဲ့နေ့တွေမှာ ပန်းစိမ်းဖြည့်စွက်အားဆေး သောက်ပါတယ်၊Jarrow ကုမ္ပဏီကထုတ်တဲ့ BroccoMax တံဆိပ် ပန်းစိမ်းဖြည့်စွက်စာက အတော်လေးကောင်းပါတယ်၊အစိမ်းအတိုင်းစားဖို့ အခက်အခဲရှိသူများ,နေ့စဥ်မစားဖြစ်သူများ ဆေးအနေနဲ့ ဝယ်သောက်ချင်ရင် Yankin Thu Functional Nutrients ဆိုတဲ့ Page မှာမေးကြည့်ပါ။
ကိုယ်ခံအားကို တက်စေမယ်,ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို ကျစေမယ်,ဝမ်းမှန်စေတယ်,အသားအရည်လှပစေတယ်,အသည်းက အဆိပ်အတောက်ထုတ်ရာမှာကူညီပေးတယ်...စတဲ့ အကျိုးကျေးဇူးတွေ များလွန်းတာမို့ အခုပဲ ပန်းစိမ်း နဲ့ ခရမ်းရောင်ဂေါ်ဖီထုပ် တွေကို ဝယ်,ရေစင်စင်စေး,အမှုန့်ကြိတ်သောက် ဒါမှမဟုတ် ကြေညက်အောင် အစိမ်းအတိုင်း ဝါးစားဖို့ အကြံပေးပါရစေ။

သိသူနည်းနေသေးတဲ့ သဘာဝရဲ့
တန်ဖိုးကြီးလက်ဆောင်တွေကို အရယူတတ်ကြပါစေ ☺️😍🙏

#ဒေါက်တာရဲပြည့်ဟိန်း Pyae Hein

လူတိုင်းသိသင့်တဲ့ ဆေးဝါးဆိုင်ရာ သတင်း ၂ ခု 👨‍⚕️ဒီရက်ပိုင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖတ်လိုက်ရတဲ့ သတင်း ၂ ခုက...ဆေးကုသတဲ့...
10/10/2021

လူတိုင်းသိသင့်တဲ့ ဆေးဝါးဆိုင်ရာ သတင်း ၂ ခု 👨‍⚕️
ဒီရက်ပိုင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဖတ်လိုက်ရတဲ့ သတင်း ၂ ခုက...ဆေးကုသတဲ့ နယ်ပယ်မှာ အရမ်းအသုံးများတဲ့ ဆေး ၂ မျိုးက ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ၊ဒီဆေး ၂ မျိုးဟာ ကျနော်တို့နိုင်ငံမှာလည်း အရမ်းအသုံးများပါတယ်...Ranitidine ဆိုတဲ့ အစာအိမ်ဆေးနဲ့ အချို့သော Antibiotics(ပိုးသတ်ဆေး) တွေပါ။

💊Ranitidine(အစာအိမ်ဆေး)(Zantac)ဒီဆေးက အစာအိမ်ကနေ အက်ဆစ်ထွက်တာကို တားဆီးပေးခြင်းအားဖြင့် အစာအိမ်ရောင်ခြင်း နဲ့ အစာအိမ်အနာကို သက်သာစေပါတယ်၊အရေပြားယားယံခြင်း နဲ့ ဓာတ်မတည့်ခြင်းရောဂါအချို့မှာလည်း သုံးပါတယ်၊ဟို အရင်ကတော့ အစာအိမ်ပိုး(H pylori) ကိုကုရာမှာ တွဲဖက်ပြီးသုံးပါတယ်(ခုတော့ H pylori ပိုးကို ကုရာမှာမသုံးတော့တာကြာပါပြီ)။ဆေးဝါးတွေ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာတော့ အစာအိမ်ရောဂါအတွက် အာနိသင်ပိုမိုကောင်းမွန်တဲ့ PPI ဆေးတွေကိုပဲ အသုံးပြုလာကြပါပြီ၊ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေမှာ PPI ဆေးတွေ သုံးလို့မရတာမို့ ကိုယ်ဝန်ဆောင်တွေ အစာအိမ်ရောဂါဖြစ်ရင် Ranitidine ကို အသုံးပြုရပါတယ်။Ranitidine မှာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ NDMA ပါဝင်နေတဲ့အတွက် အသုံးမပြုဖို့ ၂၀၂၀ ဧပြီလတည်းက US Drug Agency(အမေရိကန်ဆေးကောင်စီ) က ထုတ်ပြန်ခဲ့ပါတယ်၊NDMA ဟာ ဆီးကျိတ်ကင်ဆာ,သွေးကင်ဆာ,ပြန်ရည်ကျိတ်ကင်ဆာ,အစာရေမြိုကင်ဆာ,အစာအိမ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ စတာတို့ကို ဖြစ်စေနိုင်ပါတယ်။ကျနော်တို့ဆရာ အစာအိမ်အူလမ်းကြောင်း သမားတော်ကြီးကတော့ Ranitidine သုံးဖို့ လိုလာရင် Famotidine ကို ပြောင်းသုံးဖို့ အကြံပြုထားပါတယ်။

💊Antibiotics(ပိုးသတ်ဆေး)မကြာခင်ရက်ပိုင်းကမှ Sweden နိုင်ငံမှ ပညာရှင်တွေရဲ့ ထုတ်ပြန်မှုမှာ ပိုးသတ်ဆေးအချို့ဟာ Colon Cancer(အူမကြီးကင်ဆာ) ကို ဖြစ်စေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။အထူးသဖြင့် Quinolones,Sulphonamides နဲ့ Septrim စတဲ့ ပိုးသတ်ဆေးတွေဖြစ်ပါတယ်၊Quinolones အုပ်စုမှာ Cifran(Ciprofloxacin),Norbactin(Norfloxacin),Zanocin(Ofloxacin) စတဲ့ အသုံးများတဲ့ဆေးတွေ ပါဝင်နေပါတယ်။ဒီဆေးတွေကို မကြာခဏ အသုံးပြုရသူတွေ,အချိန်ကြာကြာ သောက်သုံးဖူးတဲ့သူတွေမှာ ကင်ဆာဖြစ်နှုန်း ပိုတက်လာတယ်လို့ ဆိုပါတယ်၊ဘာ့ကြောင့်လဲ ဆိုရင် ပိုးသတ်ဆေးတွေကြောင့် အူလမ်းကြောင်းမှာ ရှိတဲ့ ဇီဝအသိုက်မြုံ(Gut Microbiome) ပျက်ဆီးစေနိုင်လို့ပါတဲ့။လွယ်လွယ်ပြောရရင် အူလမ်းကြောင်းမှာ ရှိတဲ့ အကျိုးပြုပိုး(Probiotics) တွေ သေကြေကုန်လို့ပါ၊ပိုးသတ်ဆေးတွေသောက်တဲ့အခါ ရောဂါပိုးရော အကျိုးပြုပိုးရော သေကုန်ပါတယ်၊အကျိုးပြုပိုးတွေက အူနံရံမှာ ကင်ဆာမဖြစ်အောင် စောင့်ရှောက်ကာကွယ်ပေးတာမို့ သူတို့လေးတွေ သေကုန်တဲ့ အခါ ကင်ဆာဖြစ်ခွင့် ပိုရသွားတဲ့သဘောပါပဲ။စိတ်မကောင်းစရာက မြန်မာပြည်မှာ ဆေးတွေကို ဆရာဝန်လက်မှတ်နဲ့မှ မဟုတ်ဘဲ လွယ်လွယ်ဝယ်လို့ရနေတော့ ဆေးတွေကို အလွယ်ဝယ်သုံးနေကြတာမို့ ပိုမို သတိပြုစရာဖြစ်ပါတယ်၊ဆေးဖော်စပ်ပုံ သဘာဝအရကိုက အစာအိမ်ဆေးနဲ့ ပိုးသတ်ဆေးတွေက ရေရှည်စွဲသောက်လို့ မသင့်တဲ့ဆေးတွေဖြစ်ပါတယ်၊ဒါ့ကြောင့်မို့ မိတ်ဆွေတို့ကို အကြံပြုချင်တာက .....

🔸🔸🔸အင်္ဂလိပ်ဆေးဝါးဆိုတာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က ညွှန်မှ သောက်ရတာပါ၊အထူးသဖြင့် ရေရှည်သောက်ရတော့မယ်ဆိုရင် ဆရာဝန်မညွှန်ဘဲ မိမိသဘောနဲ့ လုံးဝမသောက်သင့်ပါ။ဆရာဝန်က ရေတိုသောက်ခိုင်းတာကို အစာအိမ်ဆေးတွေ အကြာကြီးစွဲသောက်နေတဲ့ လူနာတွေ မကြာခဏ တွေ့ရပါတယ်၊အင်မတန်အန္တရာယ်များပါတယ်၊အစာအိမ်ကို ရေရှည်ကျန်းမာစေဖို့က အစားအချိန်မှန်စားခြင်း,အစာအိမ်နံရံကောင်းမွန်အောင် တည်ဆောက်ခြင်း စသည်တို့ပြုလုပ်ရမှာပါ။
(Ranitidine လိုပဲ PPI တွေက ကာလကြာကြာစွဲသောက်ရင် ဘေးထွက်ဆိုးကျိုးများပါတယ်)ပိုးသတ်ဆေးတွေကိုလည်း ဆရာဝန်က ညွှန်မှ သောက်ပါ၊ခုကာလ တုပ်ကွေးဖျားနာအဖြစ်များချိန်မှာလည်း ပိုးသတ်ဆေးတွေကို စပ်ဆေးတွေထဲ ထည့်စပ်ကြပါတယ်၊လူနာအများစုက တုပ်ကွေးဖြစ်ရင် ပိုးသတ်ဆေးမသောက်ဘဲ ကောင်းနိုင်ပါတယ်၊ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ နည်းလမ်းများနဲ့ အားဆေးအချို့သောက်ရုံနဲ့ အများစု ပြန်ကောင်းကြပါတယ်။မဖြစ်မနေ ပိုးသတ်ဆေးသောက်ရမယ် ဆိုရင်လည်း ရက်ပြည့်အောင်သောက်ပြီးတဲ့အခါ အကျိုးပြုပိုးလေးတွေ မဖြစ်မနေ ပြန်ဖြည့်ပေးရပါမယ်၊ပိုးသတ်ဆေး ပတ်လည်ပြီဆိုတာနဲ့ အနည်းဆုံး လနဲ့ချီပြီး ပြန်ဖြည့်ရပါတယ်။အကျိုးပြုပိုးလေးတွေ ပြန်ဖြည့်ဖို့ Probiotics ပါဝင်တဲ့ အူလမ်းကြောင်းအားဆေးတွေ သောက်လို့ရသလို Probiotics ကြွယ်ဝသော အစားအစာများကိုလည်း ပုံမှန်ပြန်စားသုံးပေးရပါမယ်...ဥပမာ ဒိန်ချဥ်,ကီဖာ,အိမ်လုပ်ချဥ်ဖတ်,ပန်းသီးရှာလကာရည် စသဖြင့်။(Probiotics တွေ အကြောင်းအရင်က ရေးပေးထားတာတွေ ရှိပါတယ်)ကျနော်ကတော့ ကိုယ်တိုင်ဆရာဝန်ဆိုပေမယ့် အင်္ဂလိပ်ဆေးဝါးတွေကို မဖြစ်မနေမှပဲ သောက်လေ့ရှိပါတယ်၊လူနာတွေကိုလည်း ကာလကြာရှည်သောက်ရမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်မယ့်ဆေးတွေကို ပမာဏအနည်းဆုံးသာသောက်သုံးဖို့ သာ ညွှန်ကြားလေ့ရှိပါတယ်။အင်္ဂလိပ်ဆေးဝါးတွေဟာ ယခုဖော်ပြပါဆေးတွေမှ မဟုတ်ပါဘူး၊ဓာတ်ခွဲခန်းမှာ ထုတ်လုပ်တဲ့ ဓာတုဆေးဝါးတွေမို့ ဆေးတိုင်း အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးရှိကြတာချည်းပါပဲ၊ရောဂါကုဖို့ ဆေးတွေသောက်ရင်း ဆေးကြောင့် အခြားရောဂါတွေထပ်တိုးရတဲ့ ဖြစ်ရပ်တွေလည်း လက်တွေ့ဘဝမှာ မနည်းတော့ပါ။ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရဖို့ကတော့ ဆေးတွေကို ကာလရှည်ကြာသောက်သုံးခြင်းထက် အာဟာရမျှတအောင် စားသုံးခြင်း(Balanced Diet)၊ကျန်းမာစေတဲ့ဘဝနေထိုင်နည်းကို ပျိုးထောင်ခြင်း(Healthy Lifestyle)၊ဘေးထွက်ဆိုးကျိုးနည်းတဲ့ သဘာဝဆေးဝါးများကို တွဲဖက်အသုံးပြုခြင်း(Natural Medicine) တို့နဲ့ ပေါင်းစပ်ပြုလုပ်ခြင်းကသာ အသင့်တော်ဆုံး နည်းလမ်းဖြစ်ပါတော့တယ်။

#ကျန်းမာရေးဗဟုသုတ ပြည့်ဝကြပါစေ
၁၀.၁၀.၂၀၂၁ #ဒေါက်တာရဲပြည့်ဟိန်း Pyae Hein

Photo~Internet
မူရင်းသတင်းဆောင်းပါးများရဲ့ Link ပါ 👇

https://www.sciencedaily.com/releases/2021/09/210901090057.htm

https://www.bmj.com/content/bmj/369/bmj.m1390.full.pdf

ခေါင်းအစ ခြေအဆုံး ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သဘာဝအာဟာရ'Astaxanthin'Astaxanthin အကြောင်းသိတာကြာပေမယ့်...ခု ကိုဗစ် တတိ...
22/09/2021

ခေါင်းအစ ခြေအဆုံး ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သဘာဝအာဟာရ'Astaxanthin'
Astaxanthin အကြောင်းသိတာကြာပေမယ့်...ခု ကိုဗစ် တတိယလှိုင်းကျမှပဲ သေချာဖတ်ဖြစ်ပြီး သောက်ဖူးပါတော့တယ်၊ကျနော်ကိုယ်တိုင်လည်း July လတုန်းက ကိုဗစ်ဖြစ်လိုက်တာမို့ပါ၊ကိုဗစ်အလွန် ကာလတွေမှာ အဆုတ်,အသည်း နဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရာမှာ အာနိသင်ကောင်းမွန်တယ်လို့ သုတေသနအချို့က ဆိုတာရယ်၊အသားအရည်ကို လှစေတဲ့ အာနိသင်ရှိတာကြောင့်ရယ်ပါ။

Astaxanthin ဆိုတာ Astaxanthin ဆိုတာပင်လယ်ရေအောက် သန္တာကျောက်တန်းတွေမှာ ရှိတဲ့ အနီရောင်ရေမှော်(ရေညှိ)(Red Microalgae) ကနေ ရတာပါ၊ပင်လယ်ပုဇွန်,ဆော်လမွန်ငါး စသည်တို့ကနေလည်း ရရှိနိုင်ပါတယ်၊ရှားပါးပြီး အာဟာရတန်ဖိုး မြင့်မားတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။
အဓိက အာနိသင် ၃ ခုရှိပါတယ်
1.Anti-inflammatory
2.Antioxidant
3.Immunomodulating တို့ ဖြစ်ပါတယ်။

1.Anti-inflammatory(ရောင်ရမ်းခြင်းကို လျှော့ချနိုင်ခြင်း)ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ ဖြစ်တဲ့အချိန်မှာ ကုသနိုင်မယ့် ဆေးဝါး,ကုထုံးတွေကို ရှာဖွေကြပါတယ်၊ကိုဗစ်ကို ကုသရာမှာ လူနာရဲ့ အသက်ကို ကယ်နိုင်ဖို့ မူ ၂ ခု အသုံးပြုရပါတယ်၊တစ်ခုက ကိုယ်ခံအားကို မြှင့်တင်ခြင်း(Immune Boosting) နဲ့ အခြားတစ်ခုက ရောင်ရမ်းခြင်းကို လျှော့ချခြင်း((Anti-inflammatory) တို့ ဖြစ်ပါတယ်၊ဒီ ရည်ရွယ်ချက် ၂ ခု ကို ဟန်ချက်ညီအောင် လုပ်နိုင်မှ ဆိုးရွားတဲ့ နောက်ဆက်တွဲ အခြေအနေတွေကနေ ရှောင်ရှားနိုင်လို့ အသက်ရှင်နိုင်တာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါဖြစ်တဲ့အခါ ပြင်းထန် အဆုတ်ရောင်ခြင်း အခြေအနေကြောင့် အောက်ဆ်ီဂျင်ကျ,မောကြပ်ပြီး သေဆုံးတတ်ပါတယ်၊ဒီဖြစ်စဥ်ကို 'Cytokine Storm' လို့ ခေါ်ပါတယ်၊နားလည်လွယ်အောင် ထပ်ရှင်းရရင် တိုင်းပြည်နှစ်ပြည် စစ်ဖြစ်လို့ စစ်မြေပြင်ပျက်ဆ်ီးကျန်ခဲ့သလိုပဲ ရောဂါပိုးနဲ့ ကိုယ်ခံအား တိုက်ပွဲဖြစ်ကြတဲ့အခါ အဆုတ်အပါအဝင် ကလီစာတွေပျက်ဆီးပြီးကျန်ခဲ့တတ်ပါတယ်။ရောဂါပိုး နဲ့ ကိုယ်ခံအားရဲ့ တိုက်ပွဲမှာ ခန္ဓာကိုယ်အထိမနာအောင် ရောင်ရမ်းခြင်းကို လျှော့ချဖို့ မဖြစ်မနေပြုလုပ်ရပါတယ်၊ဒီ့အတွက် တန်ဖိုးကြီးမားတဲ့ ဆေးဝါးတွေနဲ့ ကုသရသလို အာဟာရကုထုံးအနေနဲ့ ချွဲပျော်အရောင်ကျဆေး(NAC),ငါးကြီးဆီ(Omega-3) နဲ့ အကျိုးပြုပိုးလေးများ(Probiotics)ကို အသုံးပြုကြပါတယ်။Astaxanthin ဟာ ရောင်ရမ်းခြင်းကို ထိရောက်စွာ လျှော့ချနိုင်ပါတယ်၊ဒါ့ကြောင့်မို့ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကို ထိန်းညှိရာမှာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

2.Antioxidant(ဓာတ်တိုးဆန့်ကျင် အာနိသင်)ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant) တွေဆိုတာ ခန္ဓာကိုယ်ရဲ့ အမှိုက်သိမ်းသမားတွေပါပဲ၊အိုမင်းရင့်ရော်ခြင်း နဲ့ နာတာရှည်ရောဂါတွေကနေ ကာကွယ်ပေးတယ်,အရွယ်တင် နုပျိုစေတယ်,ရောဂါဖြစ်ရင်လည်း ကုရလွယ်စေပါတယ်။Astaxanthin က လူသိများတဲ့ Antioxidants တွေထက်တောင် အဆများစွာထိရောက်တယ်လို့ Dr.Eric Berg က ပြောပါတယ်...
🔸ဗီတာမင် A ထက် တစ်ဆယ်ဆ
🔸ဗီတာမင် E ထက် အဆ တစ်ရာ
🔸ဗီတာမင် C ထက် အဆ တစ်ထောင် အစွမ်းပိုထက်ပါသတဲ့။ဒီ အာနိသင်ကြောင့်ပဲ အသက်ကြီးလို့ ဖြစ်တဲ့ အတိတ်မေ့ခြင်း(Alzheimer's Disease),မျက်စိမှုန်ခြင်း(Macular Degeneration), အပြင် အချို့သော ကင်ဆာရောဂါ(ဥပမာ-အဆုတ်ကင်ဆာ) တွေမှာပါ တွဲဖက် အသုံးပြုကြပါတယ်။

3.Immunomodulating(ကိုယ်ခံအားကို ထိန်းညှိပေးတဲ့ အာနိသင်)ကျန်းမာနေဖို့က လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံက ဘရိတ်ကောင်းတဲ့ကားတစ်စီးလို ဖြစ်နေရပါမယ်၊ကားရဲ့ ရည်ရွယ်ချက်က ခရီးသွားဖို့ ဆိုပေမယ့် ရပ်သင့်တဲ့နေရာမှာ ရပ်နိုင်မှ အဆင်ပြေမှာပါ။ဒီလို ဟန်ချက်ညီနေဖို့ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်တွေကို အူလမ်းကြောင်းနဲ့ အစားအစာက ညွှန်ကြားပေးပါတယ်၊Astaxanthin ဟာ ကိုယ်ခံအားကို ထိန်းညှိပေးတာမို့ ကိုယ်ခံအားတက်စေခြင်းအပြင် ကိုယ်ခံအားကစဥ့်ကလျားဖြစ်တဲ့ အော်တိုအင်မြူန်းရောဂါ(Autoimmune Diseases) တွေမှာပါ အသုံးတည့်ပါတယ်။
Astaxanthin က အရေပြားကိုလှပစေနိုင်ပါတယ်၊အမည်းစက်နဲ့ အရေပြားညိုညစ်တာတွေကို သက်သာစေပါတယ်၊ကျနော်ခု စသောက်တာ တစ်ပတ်ဝန်းကျင်မှာကို အရင်ထက် အသားရည်ကြည်လာတာ သတိထားမိပါတယ်။
Astaxanthin က အဆီမှာ ပျော်ဝင်တာမို့ အစာစားပြီးချိန် ဒါမှမဟုတ် အဆီစားပြီးချိန်မှာ သောက်ရင် ပိုကောင်းပါတယ်၊သောက်လို့ရတဲ့ သံလွင်ဆီ,အုန်းဆီ စသည်တို့နဲ့ ရောသောက်လို့ ရပါတယ်။
သဘာဝက ရတဲ့ အာဟာရမို့ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိဘူးလို့တော့ ဆိုပါတယ်၊တစ်နေ့ကို 4 mg(၄ မီလီဂရမ်) မှ 20 mg(၂၀ မီလီဂရမ်) ထိသောက်ပေးလို့ ရပါတယ်။
ဦးနှောက်နဲ့ အာရုံကြော,မျက်စိ,အဆုတ်,ကိုယ်ခံအားနဲ့ အရေပြား လှပခြင်းထိ အသုံးဝင်တဲ့ Astaxanthin အကြောင်းမျှဝေပေးလိုက်ပါပြီ၊Astaxanthin ပါဝင်တဲ့ အစားအစာတွေက ဒီမှာ ရှားပါးတဲ့အတွက် တတ်နိုင်သူတွေက ဆေးအနေနဲ့လာတာကို ဝယ်ယူပြီး ဖြည့်စွက်သောက်သုံးပေးလို့ ရပါတယ်။

Astaxanthin နဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေကို အောက်ပါ Links တွေမှာ ဖတ်ကြည့်လို့ရပါတယ် 👇👇👇
-https://www.ncbi.nlm.nih.gov/pmc/articles/PMC7436866/
-https://www.ncbi.nlm.nih.gov/pmc/articles/PMC7566765/

Photo~Internet

#ကျန်းမာကြပါစေ,စိတ်ချမ်းမြေ့ကြပါစေ
#ဒေါက်တာရဲပြည့်ဟိန်း
၂၂.၉.၂၀၂၁

Address

Yangon
11181

Website

Alerts

Be the first to know and let us send you an email when Dr.Ye' Pyae Hein-ဒေါက်တာရဲပြည့်ဟိန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram