
30/05/2023
❤️❤️ ဆီးချိုရောဂါနှင့် ဆီးချိုကျဆေးများအကြောင်း
ဆီးချိုရောဂါကို Type I နှင့် Type II ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။
Type I ကတော့ အသက်ငယ်တဲ့ လူတွေမှာအဓိကပိုဖြစ်ပါတယ်။ Type I သမားတွေရဲ့ ဆီးချိုတက်ခြင်းအကြောင်းကတော့ မုန့်ချိုအိတ်လို့ခေါ်တဲ့ pancreas ရဲ့ beta cells ကနေ insulin မထွက်ခြင်းကြောင့် ဖြစ်ပါတယ်။ Auto immune လို့ခေါ်တဲ့ ကိုယ့် cell ကိုယ်ပြန်တိုက်ခြင်းကြောင့် pancreas ရဲ့ beta cells တွေပျက်စီးသွားခြင်းဖြစ်ပါတယ်။ beta cells ပျက်သွားတဲ့ အတွက် insulin မထုတ်နိုင်တော့ပါဘူး။ Type I ရဲ့ အဓိကလက္ခဏာတွေကတော့ ရေအများကြီးသောက်ခြင်း၊ ဆီးအများကြီးသွားခြင်း၊ အစားအများကြီးစားခြင်း၊ စားသော်လည်းပိန်ခြင်း။ Type I ဆီးချိုသမားတွေဟာ insulin မရှိခြင်းကြောင့်ဖြစ်တဲ့အတွက် Insulin ပေးခြင်းဖြင့်ကုသခြင်းဖြစ်ပါတယ်။
Type II ကတော့ Insulin မရှိတာကြောင့် မဟုတ်ပါဘူး။ Insulin ရှိတယ် Insulin ကို ခန္ဓာကိုယ်ရဲ့ tissue တွေကအသုံးမပြုနိုင်ခြင်းကြောင့် insulin ရဲ့လုပ်ငန်းဆောင်တာတွေမပြုလုပ်နိုင်ဘဲ သကြားဓာတ်များရခြင်းဖြစ်ပါတယ်။ အဖြစ်များတဲ့သူတွေကတော့ အဝလွန်တဲ့သူများ၊ မျိုးရိုးကြောင့်သော်လည်းကောင်း၊ အသက်အရွယ်ကြီးခြင်းကြောင့်သော်လည်းကောင်းဖြစ်နိုင်ပါတယ်။
ဆီးချိုဆေးများကို အမျိုးအစား ၆ ခုခွဲထားပါတယ်
1. Sulphonylureas- Glimepiride, Gliclazide, Glipizide
2. Meglitinides - Repaglinide
3. Thiazolidinediones - Pioglitazone
4. Biguanides - Metformin
5. Alpha-glucosidase inhibitors - Voglibose, Acarbose
6. DDP-4 inhibitors - Vildagliptin, sitagliptin
ဒီထဲကမှ No 1 အမျိုးအစားဖြစ်တဲ့ Gliclazide ပါတဲ့ဆေးတွေဖြစ်တဲ့ လူသိများတဲ့ Diamicron နဲ့ Reclide MR လေးတွေအကြောင်းဗဟုသုတအနေနဲ့ရေးပေးလိုက်ပါတယ်
ထိုဆေးဝါးများသည် ဆရာဝန်ညွန်ကြားချက်နှင့်သောက်သုံးရသောဆေးဝါးများဖြစ်ပါသည်။
1. Sulphonylureas
Sulphonylureas ဆေးတွေက မုန့်ချိုအိတ်လို့ခေါ်တဲ့ pancreas ရဲ့ beta cells ကနေ insulin ထွက်အောင်လုပ်ပေးခြင်း၊ အသည်းမှ သကြားဓာတ်ထုတ်လုပ်ခြင်းကိုလျှော့ချပေးခြင်း၊ tissue တွေရဲ့ insulin အသုံးပြုနိုင်မှုကို သိအောင်ပြုလုပ်ခြင်းဖြင့် insulin action ပြုလုပ်နိုင်ပြီး သွေးတွင်းသကြားဓာတ်ကျအောင်ပြုလုပ်ပေးပါတယ်။
Side effects - Insulin ကိုထွက်အောင်ပြုလုပ်ပေးတဲ့အတွက် ဝလာခြင်း၊ သွေးထဲတွင် insulin ဓာတ်များခြင်း၊ သွေးတွင်းသကြားဓာတ်ကျခြင်း (hypo) ရခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။
Hypo ရမှန်းသိသာတဲ့ လက္ခဏာတွေကတော့ ချွေးစေးပြန်ခြင်း၊ နုန်းခြင်း၊ မူးခြင်း၊ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ဗိုက်ဆာခြင်း၊ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း။
ထပ်ပြီးတော့ ဗဟုသုတရရှိနိုင်တဲ့ ဆေးဝါးများအကြောင်းထပ်ပြီးဖော်ပြပေးမှာဖြစ်လို့ page လေးကို like and share လေးပြုလုပ်ပြီးမျှဝေနိုင်ပါတယ်နော်
အခြားလိုချင်တဲ့ဆေးဝါးများရှိရင်လဲ fb messenger, viber တို့မှတဆင့် ပုံပို့ထားပြီး order တင်နိုင်ပါတယ်
ရန်ကုန်မြို့တွင်း 1/2 ရက်အတွင်းအိမ်အရောက်ပို့ပေးတဲ့ service ရှိတဲ့ အပြင် အခြားမြို့တော်တော်များများကိုလဲ အိမ်အရောက်ငွေချေဖြင့် deli service နဲ့ပို့ပေးပါတယ်