04/01/2026
ပထမအကြိမ်ပါဝင်တက်ရောက်ခဲ့သူတွေကျေနပ်အားရခဲ့တဲ့ Spinal Mobility & Handstand" Transformative workshop လေးကို ဒုတိယအကြိမ် (လမ်းမတော်မြို့နယ် Lunar Yoga Studio) မှာ ထပ်ဖွင့်ပါမယ်ရှင့်။
ဒီ(၅)ရက်တာ ၁၅နာရီ Workshop လေးမှာ ခန္ဓာဗေဒသဘောတရားကိုအရိုးရှင်းဆုံးနားလည်စေပြီး လက်တွေ့လေ့ကျင့်မှုနဲ့ပေါင်းစပ်ကာ ဆရာ/ဆရာမ(၃)ဦးရဲ့မတူညီတဲ့အတွေ့အကြုံတွေနဲ့အတူ Transformation journey ကိုတူတူသွားကြပါမယ်နော်။
📣 Spinal Mobility & Handstand 📣
“Two Transformative Workshops (Batch-2)
Lunar's Yoga Studio မှာ အောက်ဖော်ပြပါ အတွေ့အကြုံရှိ ဆရာ/ဆရာမ (၃)ယောက် မျှဝေသင်ကြားပေးမယ့် ဒုတိယအကြိမ်ပြုလုပ်သော Two Transformative Workshops ရဲ့ ရည်ရွယ်ချက် နဲ့ ရရှိသွားစေမည့်အရာတွေကို လေ့လာဖတ်ရှုပြီး ဒါတွေဟာကိုယ့်အတွက်လိုအပ်တယ်ဆိုရင် လာတက်ရောက်ဖို့ ဖိတ်ခေါ်ပါသည်။
🙎♂️Sayar Pyae Phyo Naing (Speciality in Yoga Anatomy)
🙍♀️Tr Phyu Eu (RYT 500, with advanced yoga trainings)
🙎♂️Sayar Myo Min Htet (Calisthenics training speciality)
🧘♂️ခါးနောက်ပြန်ကော့ခြင်း(Backbend)လေ့ကျင့်စဉ် နဲ့ ဇောက်ထိုး Handstand လေ့ကျင့်မှု ဒီ၂ခုဟာ စိတ်လှုပ်ရှားပျော်ရွှင်ဖို့ကောင်းသလို တပြိုင်နက်တည်းမှာ ကြောက်ရွံ့ခြင်းကိုလဲဖြစ်လေ့ရှိပါတယ်။ သတိရှိရှိနဲ့လေ့ကျင့်မယ်၊ ခန္ဓာကိုယ်ရဲ့အရိုးကြွက်သားစနစ်ကိုနားလည်သဘောက်ပေါက်ပြီး လေ့ကျင့်မယ်ဆိုရင် ရေရှည်မှာအကျိုးကျေးဇူးအလွန်များလှတဲ့ကျင့်စဉ်တွေဖြစ်ပါတယ်။
🙏 📘ဒီWorkshopမှာ ဘာတွေရရှိမှာလဲ?
👉 A mix of movement techniques and alignment tips
👉 Strength and mobility drills to support your practice
👉 Discover your body through basic anatomy exploration
👉 Ask questions, share experiences, and enjoy the journey with fellow practitioners
🧘♂️ ၅ရက်တာ ၁၅နာရီကြာမယ့် ဒီWorkshopလေးမှာ
ရိုးရှင်းပြီးလွယ်ကူစွာသင်ကြားမယ့် ခန္ဓာဗေဒသဘောတရားတွေကတဆင့် မိမိရဲ့ handstand နဲ့ backbendကျင့်စဉ်တွေကို ဘယ်လိုပံ့ပိုးပေးတယ်ဆိုတာကို ရှာဖွေတွေ့ရှိပါလိမ့်မယ်။
📜 ရေရှည်အကျိုးရှိစေဖို့အတွက် ကိုယ်တိုင်လေ့ကျင့်နေသူရော အခြားသူကိုမျှဝေနေသူတွေအတွက်ပါ တကယ်ကိုလိုအပ်တဲ့လေ့ကျင့်မှုတွေပြုလုပ်ရမှာဖြစ်ပြီး သင်တန်းပြီးမြောက်တဲ့အသိအမှတ်ပြု Certificateပါပေးမှာဖြစ်ပါတယ်။
🤸🏻♀️ဒီWorkshopလေးဟာ Healthy backbend & Freestanding handstand ဖြစ်အောင်လေ့ကျင့်နေသူတိုင်းအတွက် မိမိကိုယ်ကိုယုံကြည်မှုနောက်တဆင့်တက်လာစေဖို့၊ မတော်တဆထိခိုက်ဒါဏ်ရာရရှိခြင်းတွေကိုရှောင်ရှားနိုင်စေဖို့ရည်ရွယ်တာဖြစ်လို့ စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါတယ်။
📣💻 အဝေးကနေအပြင်သင်တန်းကို လာရောက်မတက်နိုင်သူများအတွက်လဲ Onlineကနေတက်နိုင်အောင် Zoom နဲ့စီစဉ်ပေးထားပါတယ်ရှင့်။
🧘♂️ သတိရှိရှိ လေ့ကျင့်ကြမယ်။
🧘♂️ နက်နက်ရှိုင်းရှိုင်း အသက်ရှူကြမယ်။
🧘♂️ သိနားလည်မှုမှတဆင့် ကျန်းမာစွာပြောင်းလဲကြပါမယ်။
🏡 သင်တန်းနေရာ - Lunar Yoga Studio
လမ်းသစ်ရိပ်သာအိမ်ရာဝင်း/လမ်းမတော်မြို့နယ်/ရန်ကုန်
📲 09785149994