လှိုင်မဟာစည် ဆရာတော်ဘုရားကြီး ရေးသားပူဇော် ဓမ္မစာတော်

  • Home
  • Myanmar
  • Yangon
  • လှိုင်မဟာစည် ဆရာတော်ဘုရားကြီး ရေးသားပူဇော် ဓမ္မစာတော်

လှိုင်မဟာစည် ဆရာတော်ဘုရားကြီး ရေးသားပူဇော် ဓမ္မစာတော် For realizing and understandind the Buddha teachings especially practizing mindfulness meditation's way , result.etc.

09/08/2025
3.8.2025 ညနေ ပိုင်းမှ လှိုင်မဟာစည်ဆရာတော်ကြီး အန်လာကာ Sodiun နဲနဲကျ၊ သက်တော်ကြောင့် ဟိုးမုန်းကမောက်ကမဖြစ်စဥ်ဟု သမားတော်မ...
09/08/2025

3.8.2025 ညနေ ပိုင်းမှ လှိုင်မဟာစည်ဆရာတော်ကြီး အန်လာကာ Sodiun နဲနဲကျ၊
သက်တော်ကြောင့် ဟိုးမုန်းကမောက်ကမဖြစ်စဥ်ဟု သမားတော်များယူဆချက်ဖြင့် အရေးပေါ် ဆေးရုံတင်ရမှုမှသည် အခြေအနေတည်ငြိမ်မှုဖြစ်တည်လာကာ၊ အားလုံးသောဓမ္မမိတ်ဆွေများ၊ ယောဂီများ မေတ္တာပို့ပွားမှု၊ သမားတော် ၊ ဆရာဝန် ဆရာမများစောင့်ရှောက်မှုတို့ခံယူရပြီး 7.8.2025 နေ့လယ်မှာ
လှိုင်မဟာစည် တရားရိပ်သာသို့ ပြန်လည်ရောက်ရှိသီတင်းသုံးရင်း
ဒကာကြီး ဦးအောင်မိုး တာဝန်ယူပေးသော အမျိုးသားသူနာပြု ၅ ဦးနှင့် ကျောင်းတိုက်နာယကဆရာကြီးတို့မှ လိုအပ်နေသေးသည့် စောင့်ရှောက်မှုတို့ဖြင့် ပြုစုနေကြပါသည်
သူတော်ကောင်းအပေါင်း၏ မေတ္တာခံယူလျက်
ဘေသဇ္ဇဆေးဝါးအလှူ၊ ဆေးရုံစားရိတ် အလှူရှင်တို့၏ မြတ်နိဗ္ဗာန်ရည်မှန်း ဒါနပါမီကုသိုလ်မှားအားလည်း အနုမောဒနာပြု သာဓု သာဓု သာဓု ခေါ်ဆို မျှဝေပြုကြပါကုန်၏။

မြတ်နိဗ္ဗာန်ရည်မှန်း ပညာပါရမီစသား ကာလဒါန ကုသိုလ်ကံ စေတနာတို့အားမျှဝေပြုကြပါကုန်၏
သာဓု သာဓု သာဓု

လှိုင်မဟာစည်ဆရာတော် ရေးသားပူဇော် ဓမ္မစာတော်မှ
🙏🙏🙏
အရေးကြီးသောအလုပ်
🛎️ မလုပ်ပဲ နေ၍ မဖြစ်သော
🛎️ ကိုယ်တိုင် လုပ်ရမည်ဖြစ်သော
🛎️ အချိန်မီ လုပ်ရမည်ဖြစ်သော
🛎️ ကောင်းကျိုး အနန္တ ရမည်လည်းဖြစ်သော အလုပ်သည် အရေးကြီးသောအလုပ်ဖြစ်၏။

🔍 ထိုအလုပ်ကား ဘယ်အလုပ်ပါနည်း👀
🛎️ သမ္မာသမ္ဗုဒ္ဓ ဂေါတမ ဗုဒ္ဓမြတ်စွာ ကိုယ်တော်
တိုင် ကျင့်တော်မူပြီးမှ သတ္တဝါအများ ချမ်းသာ
ပွားအောင် ဟောကြားသိစေတော်မူသော
မဇ္စျိမပဋိပဒါ - အလယ်လမ်း အကျင့်ဖြစ်သော
ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ - ဆင်းရဲချုပ်ငြိမ်းရာ
နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဖြစ်သော
မဟာသတိပဋ္ဌာန် ဝိပဿနာ ကျင့်စဥ်လုပ်ငန်း
ကြီး ဖြစ်သတည်း။

မဟာသတိပဋ္ဌာန် ဝိပဿနာအလုပ် အားထုတ်ပြီးမှ သင့်ဘဝပြည့်စုံမည်။
Life Attains Perfection Only by Mahā Satipaṭṭhanā Vipassanā, mindfulness meditation!
🛎️🌟🛎️🌟🛎️🌟

07/08/2025

အိပ်လျက်ရှုမှတ် နိဗ္ဗာန်ရ တရားတော် အပိုင်း(၁)

သီဟဗိုလ်ချုပ်ကြီး📙       ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်ကာလကဝေသာလီပြည်မှာ သီဟဗိုလ်ချုပ်ကြီးဆိုတာရှိခဲ့တယ်။ အဲဒီဗိုလ်ချုပ်ကြီ...
30/07/2025

သီဟဗိုလ်ချုပ်ကြီး📙
ဗုဒ္ဓမြတ်စွာဘုရားလက်ထက်တော်ကာလက
ဝေသာလီပြည်မှာ သီဟဗိုလ်ချုပ်ကြီးဆိုတာရှိခဲ့တယ်။ အဲဒီဗိုလ်ချုပ်ကြီးဟာ
ဒီနေ့အိန္ဒိယနိုင်ငံမှာရှိသေးတဲ့ ဂျိန်းဘာသာဝါဒကို တည်ထောင်သူ မဟာဝီရခေါ် နိဂဏ္ဍနာဋပုတ္တ ဆရာကြီးရဲ့တပည့်ပေါ့။
မြတ်စွာဘုရားနှင့်
တရား၊ သံဃာ ရတနာသုံးပါးအကြောင်း သတင်းကောင်းကြားရတော့
နိဂဏ္ဍနာဋပုတ္တဆရာကြီးထံမှာ ခွင့်တောင်းပါတယ်။ နှစ်ကြိမ်တိုင်တိုင် နည်းပရိယာယ်နှင့် ဆရာကြီးကဟန့်တားလို့ မသွားဖြစ်ဘူး။
ရတနာသုံးပါးသတင်းကို သုံးကြိမ်မြောက် ကြားရတဲ့အခါ
နိဂဏ္ဍနာဋပုတ္တဆရာကြီးကို အသိမပေးတော့ဘဲ
မြို့လုံးကျွတ်ကြေညာပြီး အခြံအရံများစွာ ရထားပေါင်းငါးရာဖြင့် မဟာဝုန်တော ကူဋာဂါရသာလာမှာ သီတင်းသုံးနေတော်မူတဲ့ မြတ်စွာဘုရားထံတော်ကို မွန်းလွဲပိုင်း အချိန်လောက်မှာ သီဟဗိုလ်ချုပ်ကြီး ရောက်သွားပါတယ်။
သီဟဗိုလ်ချုပ်ကြီး _
"ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားဟာ"ပြုလုပ်စရာ မလိုဘူးဆိုတဲ့အကိရိယဝါဒ"ကိုလက်ခံဟောပြောပါသလားဘုရား။"🙏
ဗုဒ္ဓမြတ်စွာ -
"ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ယုတ်မာတဲ့အကုသိုလ်များစွာကို ငါဘုရားကိုယ်တော်တိုင်လည်း မပြု လုပ်ဘူး။ တပည့်များကိုလည်း မပြုလုပ်ဖို့ ဆုံးမတော်မူတယ်။
အဲဒီနည်းပရိယာယ်ဖြင့် ပြောပါလျှင် သီဟမေးလျှောက်တဲ့အတိုင်း "ပြုလုပ်စရာ မလိုဘူးတဲ့ အကိရိယဝါဒ"ကို ငါဘုရားအား လက်ခံသူ ဟောပြောသူလို့ ဆိုနိုင်ပါတယ် သီဟ"။
ဒီလို စသည့်မေးခွန်းပေါင်းများစွာကို ပရိယာယ်အဖြာဖြာဖြင့်ဘုရားမြတ်စွာ ဟောကြား ဖြေဆိုတော်မူပါတယ်။🙏
သီဟဗိုလ်ချုပ်ကြီးဟာ_

မြတ်ဘုရားရဲ့ဟောကြားဖြေဆိုတော်မူချက်ကို
အလွန်သဘောကျနှစ်သက်တယ်။
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မဉ္စ၊ ဘိက္ခုသံဃဉ္စ၊ မြတ်ဘုရားကို ကိုးကွယ်ရာအဖြစ် သိနားလည်ကာ ဆည်းကပ်ပါ၏ဘုရား။တရား၊သံဃာကိုလည်း ကိုးကွယ်ရာအဖြစ် သိနားလည်ကာ ဆည်းကပ်ပါ၏ဘုရား။
ဥပါသကံ မံ ဘန္တေ ဘဂဝါ ဓာရေတု၊ အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ၊
ယနေ့မှ အသက်ဆုံးအောင် တပည့်တော်ကို ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်သူ ဥပါသကာ တစ်ယောက်ပဲလို့ သိမှတ်တော်မူပါ မြတ်စွာဘုရား🙏"လို့ အဲဒီလို
သီဟဗိုလ်ချုပ်ကြီးက ဗုဒ္ဓဘာသာဝင်အဖြစ် လျှောက်ထားကြေညာလိုက်ပါတယ်။
အဲဒီတော့ မြတ်စွာဘုရားက-
-အနုဝိစ္စကာရံ ခေါ သီဟ ကရောဟိ၊အနုဝိစ္စကာရောတုမှာ ဒိသာနံ ဉာတမနုဿာနံ သာဓု ဟောတိ-
"သီဟ ဆင်ဆင်ခြင်ခြင် နှိုင်းနှိုင်းချိန်ချိန်လုပ်ပါ။
သင့်တို့လို အထက်တန်းလွှာ ထင်ပေါ်ကျော်ကြားသူတွေဟာ ဆင်ဆင်ခြင်ခြင် နှိုင်းနှိုင်းချိန်ချိန်လုပ်တာ ကောင်းပါတယ်။
သီဟဗိုလ်ချုပ်ကြီးဟာ ဘယ်လိုလဲ။
နိဂဏ္ဍနာဋပုတ္တဆရာကြီးနှင့်တွေလည်း တပည့်ခံ ကိုးကွယ်လိုက်တာပဲ။
ဗုဒ္ဓဂေါတမမြတ်စွာနှင့်တွေ့လည်း တပည့်ခံကိုးကွယ်လိုက်တာပဲပါလားလို့ အများကဲ့ရဲ့ဖွယ် ဖြစ်နေပါ့မယ်"လို့ မိန့်တော်မူပါတယ်။
မြတ်စွာဘုရားမိန့်စကားတော်ကို ကြားရတော့
သီဟဗိုလ်ချုပ်ကြီးဟာဘုရားမြတ်စွာကို ပိုမိုကြည်ညိုသွားပြန်တယ်။
အည တိတ္ထိယ နိဂဏ္ဍဆရာကြီးတို့က
"သီဟဗိုလ်ချုပ်ကြီးဟာ ငါတို့ရဲ့ တပည့်အဖြစ်ကိုခံယူလိုက်ပြီ"လို့ ဒီလိုအရပ်ထဲကို မြို့လုံးအနှံ့ အောင်လံလွှင့်ကြေညာပါတယ်။ အခုမြတ်စွာဘုရားသခင်က ဒီလိုမဟုတ်ဘူး။ အဲဒီလိုတွေးပြီး ကြည်ညိုလွန်းလို့ နှစ်ကြိမ်မြောက် ဗုဒ္ဓဘာသာဝင်အဖြစ် ထပ်မံကြေညာလိုက်ပါတယ်
အဲဒီအခါ မြတ်စွာဘုရားက
"သီဟ သင့်ရဲ့အိမ်ဟာ နိဂဏ္ဍတို့ရဲ့ ရေတွင်းသဖွယ်ဖြစ်ခဲ့တယ်။ ငါဘုရားကို ဆည်းကပ်ကိုးကွယ်လိုက်တာနဲ့ နိဂဏ္ဍတို့အား အလှူဝတ်ကို မဖြတ်ပါနှင့်၊ လှူမြဲတိုင်း လှူ၊ ပေးမြဲတိုင်း ပေးပါသီဟ"လို့ မိန့်တော်မူပါတယ်။

"ဗုဒ္ဓဂေါတမဟာ ငါအားသာလှူသင့်တယ်။
ငါ့တပည့်များကိုသာ လှူသင့်တယ်။
ငါ့ကိုလှူမှ အကျိုးများမယ်၊
ငါ့ရဲ့တပည့်များကိုလှူမှ အကျိုးများမယ်။
အခြားသူတွေကို၊ အခြားသူတွေရဲ့ တပည့်များကိုလှူလို့ အကျိုးမများဘူး။ ဒီလိုပြောတယ်။ ဟောတယ်လို့ ကြားဖူးခဲ့တယ်၊ ကိုယ်တိုင်တွေ့မှ ကြားဖူးသလိုမဟုတ်ပါပဲလား"လို့တွေးပြီး အတိုင်းထက်အလွန် ပိုမိုကြည်ညိုလွန်းလို့
သုံးကြိမ်မြောက် ဗုဒ္ဓဘာသာဝင်အဖြစ် ထပ်မံ ကြေညာလိုက်ပြန်ပါတယ်။
သီဟဗိုလ်ချုပ် သောတာပန်တည်📑
သီဟဗိုလ်ချုပ်ကြီးကို
ဗုဒ္ဓမြတ်စွာဘုရားက ဒါနတရား၊သီလတရား၊ နတ်ပြည်တရား၊ ကာမဂုဏ်များရဲ့အပြစ်၊ကာမဂုဏ်များရဲ့ ယုတ်ညံ့ပုံ၊ ကာမဂုဏ်များရဲ့ ညစ်ညူးပုံတရား၊ ယင်းကာမဂုဏ်များမှ လွတ်မြောက်လျှင် ရရှိမယ့်အကျိုးအမြတ် ချမ်းသာတရားများကို အစဉ်အတိုင်းဟောတော်မူပါတယ်။🙏📙
ဒီတရားစဉ်ကို နာကြားရတဲ့ သီဟဗိုလ်ချုပ်ကြီးမှာ
"ကလ္လ စိတ္တ၊ဆက်လက်ဟောတော်မူမဲ့ တရားကို လက်ခံနိုင်အောင်ခံသောစိတ်။
မုဒု စိတ္တ၊နူးညံ့သောစိတ်။
ဝိနီဝရဏစိတ္တ၊နိဗ္ဗာန်သွားလမ်းကို ပိတ်ပင်တတ်တဲ့"နိဝရဏ"ကင်းသောစိတ်၊ နိဗ္ဗာန်ပေါက်တရားကို နာယူအားထုတ်ဖို့အတွက်
တတ်ကြွသောစိတ်၊
ယုံကြည်သောစိတ်များ ဖြစ်ပေါ်လာပြီ"လို့ သိတော်မူတဲ့ မြတ်စွာဘုရားသခင်ဟာ ကိုယ်တိုင်ထုတ်ဖော်သိမြင်ပြီးဖြစ်တဲ့
"သာမုက္ကံသိက"ခေါ်
ဒုက္ခသစ္စာ _ဆင်းရဲအမှန်တရား။
သမုဒယသစ္စာ_ ဆင်းရဲဖြစ်ပေါ် ပွားစီးခြင်း၏ အကြောင်းမှန်တရား။
နိရောဓသစ္စာ_ဆင်းရဲအားလုံး ချုပ်ဆုံးရာ အမှန်တရား၊
မဂ္ဂသစ္စာ _ဆင်းရဲချုပ်ဆုံးရာ နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့ မဟာသတိပဋ္ဌာန် ဝိပဿနာ အကျင့်လမ်းစဉ်တရားများကို ဟောတော်မူပြန်ပါတယ်။
အညစ်အကြေးကင်းတဲ့ အဖြူရောင်အဝတ်အထည်ကို အဝါ၊အစိမ်း၊အနီစသာ လိုရာအရောင်ဆိုးလိုက်လျှင် ကောင်းကောင်းကြီး ဆိုးရေ စွဲသလို နီဝရဏတွေကင်းပြီး
စိတ္တဝိသုဒ္ဓိဖြစ်နေတဲ့ သီဟဗိုလ်ချုပ်ကြီးဟာ ခဏလေး
မဟာသတိပဋ္ဌာန်ဝိပဿနာကို ရူမှတ်အားထုတ်လိုက်တာ
အချိန်တိုကာလ အဲဒီတစ်ထိုင်အတွင်းမှာပဲ...

"ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ၊ ဖြစ်ခြင်းသဘောရှိတဲ့ ရုပ်နာမ်တရားအားလုံးဟာ ချုပ်ပျက်ခြင်းသဘောရှိတယ်"လို့
တရားမျက်စိဉာဏ်အမြင်ပေါ်ပေါက် သောတာပန်အဖြစ်ရောက်သွားပါတယ်။
သောတာပန်ဖြစ်တယ်ဆိုလျှင် တင်းပြည့် ဗုဒ္ဓဘာသာဝင်ပဲ၊ သူရဲ့ယုံကြည်ကြည်ညိုခြင်း သဒ္ဓါတရားဟာ မပျက်စီးနိုင်တော့ဘူး။
ဘာသာမပြောင်းတော့ဘူးလို့ ဆိုလိုပါတယ်။

အမှန်တကယ် အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲများမှ လွတ်မြောက်စေနိုင်တဲ့ ဗုဒ္ဓဘာသာကိုယုံကြည်ကြည်ညို သဒ္ဓါမြဲအောင် ဘာသာမပြောင်းတော့အောင် ဒီနေ့ကမ္ဘာအနှံ့ ကျေးဇူးရှင်မဟာစည် ဆရာတော် ဘုရားကြီး ညွန်ကြားဆုံးမတော်မူနေတဲ့ မဟာသတိပဋ္ဌာန် ဝိပဿနာတရားကို အားထုတ်ကြရပါမယ်။

အားထုတ်တာလည်း စိတ်အလုပ် ပါပဲ။
စိတ်အလုပ်
၁။ တရားအားထုတ်၊ စိတ်အလုပ်၊ အဟုတ်စွဲမှတ်ပါ။
၂။ သွား၊ထိုင်၊ရပ်ရင်း၊ အိပ်နေရင်း၊ မပျင်းအားထုတ်ပါ။
၃။ အလုပ်လုပ်ရင်း၊ နှလုံးသွင်း၊ မပျင်းအားထုတ်ပါ။
၅။ ရက်လ နှစ်စွဲ၊ အချို့လည်း၊ အောင်ပွဲလွန်ကြန့်ကြာ။
၆။ပါရမီအင်အား၊ ကိုယ်လုပ်အား၊မှတ်သားနှေးမြန်ကွာ။
၇။ နေ့၊ည မခြား၊ သဒ္ဓါပွား၊ ကြိုးစား အားထုတ်ပါ။
၈။ သီလကိုပဲ၊ သဒ္ဓါမြဲ၊ ဆင်းရဲလွတ်မြောက်မှာ။
နည်းယူဖွယ်
အခြားသူများရဲ့ တပည့်ပရိသတ်ကို မိမိတပည့်ပရိသတ်ဖြစ်လာအောင် တမင်တကာစည်းရုံးသိမ်းသွင်းခြင်း ရှိတော်မမူတဲ့ ဗုဒ္ဓ မြတ်စွာဘုရားကို ဗိုလ်ချပ်ကြီးသီဟဇာတ်လမ်းဖြင့် သိနိုင်ပါတယ်။
အကြောင်းအားလျော်စွာ မိမိတပည့်တော်ဖြစ်လာပြန်လျှင်လည်း ဆရာဟောင်းနှင့် သွားလာဆက်သွယ် လှူဒါန်းခြင်းမပြတ်အောင် ညွန်ကြားဆုံးမတော်မူပါတယ်။ ဒါကြောင့် တရားမသိမီမှာပင် ဗိုလ်ချုပ်ကြီးသီဟဟာ အထူးကြည်ညိုသွားပါတယ်။

ပထမ သာသနာ့ ဒီပါရုံဆရာတော်
ပဲခူးတိုင်း၊ပြည်မြို့၊ဗိုလ်ချုပ်အောင်းဆန်းလမ်း၊ရေဇရပ် ရပ်ကွက်မှာ သာသနာ့ ဒီပါရုံကျောင်းတိုက်ကြီး ရှိပါတယ်။အဲဒီကျောင်းတိုက်ကြီးရဲ့ပထမဆရာတော်ဘုရားကြီးဟာ တပည့်များကို ဒီလိုဩဝါဒ၊ဆုံးမစကားမိန့်ကြားတော်မူပါတယ်။
" တို့က ဒီအရပ်ကို အခုမှရောက်လာတယ်။ တို့ မရောက်ခင်ကပင် သူ့ကျောင်းနှင့် သူ့ဒကာ သူ့ဘုန်းကြီးနှင့်သူ့တပည့် ဖြစ်နေကြတယ်။ ကိုယ်ကျောင်းလာအောင် ကိုယ့်ဒကာဖြစ်အောင် တမင် မစည်းရုံး မဆွဲဆောင်ရဘူး။ အကြောင်းအားလျှော်စွာ ရောက်လာလျှင် အခြေအနေကြည့်ပြီး လက်တွဲသာသနာပြုသွားကြတာပေါ့။" အဲဒီလို ပြည့်မြို့ ပထမသာသနာ့ဒီပါရုံ ဆရာတော်ဘုရားကြီးက ဘုန်းကြီးတို့ ကိုရင်ငယ် သာမဏေဘဝမှာ တပည့်အားလုံးကို ဆုံးမတာ ကြားနားခဲ့ရတယ်။

ဒီနေ့ နိဗ္ဗာန်ပေါက် အရိယမဂ္ဂလမ်းညွန်တဲ့ ကမ္ဘာကျော် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးကလည်း-
"ကိုယ့်ဆီလာပြီး တရားအားထုတ်တဲ့ ယောဂီပြန်မယ့်ရက်မှာ အကြောင်းညီညွတ်လို့ ဥပုသ်နေ့ ဥပုသ်စောင့်လျှင် သွားနေကျကျောင်းကို သွားပြီး သီလယူပါ။ တရားနာနိုင်လျှင်လည်း နေ့လည်ကျမှ တို့များဆီလာပြီး တရားနာတာပေါ့"။
အဲဒီလို့ပြောပြီးမှ ပြန်လွတ်ရမယ်လို့ ဆုံးမတော်မူတယ်။

ပြည်မြို့ ပထမသာသနာ့ဒီပါရုံ ဆရာတော်ဘုရားကြီး၊ မဟာစည်ဆရာတော်ဘုရားကြီးတို့က
မိမိတို့ ဆက်စပ်ရာ တပည့်များကို မြတ်စွာဘုရားမူအတိုင်း ကိုယ်တိုင်ကျင့်သုံးကြတော်မူကြပြီး ညွန်ကြားဆုံးမတော်မူတဲ့အတိုင်း
လိူင်မဟာစည်သာသနာ့ရိပ်သာကို ရောက်လာတဲ့အခါ ဘုန်းကြီးတို့လည်း ကျင့်သုံးပါတယ်။
ဆက်စပ်ရာများကိုလည်း ညွန်ကြားပါတယ်။

လှိုင်မဟာစည်ဆရာတော် ရေးသားပူဇော်
"ပေးလှူတတ်လျှင် နိဗ္ဗာန်ဝင်" ကျမ်းစာအုပ်၌ အပြအစုံ ဖတ်ရှု ပူဇော်ကြပါ

အာယု ဝါ ဗလ ဝါ ဝိရော၊ ဝဏ္ဏဝါ ယသဝါ သုခီ။လာဘီ အန္နဿ ပါနဿ၊ သူရော ပညာနဝါ သဒါ။🌟အသက်ရှည်ခြင်း၊ 🌟ခွန်အားဗလကြီးမားသန်စွမ်းခြင်း၊ ...
19/07/2025

အာယု ဝါ ဗလ ဝါ ဝိရော၊ ဝဏ္ဏဝါ ယသဝါ သုခီ။
လာဘီ အန္နဿ ပါနဿ၊ သူရော ပညာနဝါ သဒါ။
🌟အသက်ရှည်ခြင်း၊
🌟ခွန်အားဗလကြီးမားသန်စွမ်းခြင်း၊
🌟တည်ကြည်မှု သမာဓိပြည့်စုံခြင်း၊
🌟အဆင်းလှခြင်း၊
🌟နာမည်ကောင်းကျော်ကြား အခြွေအရံပေါများခြင်း၊
🌟ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း၊
🌟ထမင်းစသော စားဖွယ် ရလွယ်ပေါများခြင်း၊ သောက်ဖွယ် ဖျော်ရည်အမျိုးမျိုး ရလွယ်ပေါများခြင်း၊
🌟ကြောက်ရွံ့ ကင်းရှင်း ရဲရင့်ခြင်း၊
🌟လောကီလောကုတ္တရာ ပညာပြည့်ဝခြင်း၊
ဤကောင်းကျိုးတရားတို့ကို အလှူရှင်များ ရသည်။
📙📃📑
အရှင်မဟာကစ္စည်း ဩဝါအတော်

၁။ သူတစ်ပါးစကားကြောင့် ခိုးသူမဖြစ်နိုင်။
J။ သူတစ်ပါးစကားကြောင့် သူတော်ကောင်း
လည်း မဖြစ်နိုင်။
၃။ ထို သူတော်ကောင်းဟုတ်သည်။ မဟုတ်သည် ကို မိမိကိုယ်တိုင် သိသကဲ့သို့၊
၄။ ထို့အတူ နတ်တို့သည်လည်း သိကြကုန်၏။

📃📄📑
လှိုင်မဟာစည် ဆရာတော်မှ
ရိပ်သာအလှူရှင်တို့ကို ပြန်ပေးရသော အလှူငွေ ဘောင်ချာစာရွက် နောက်ကျောမှာ ရေးပေးစေဖို့ စာစီပေးထားတာ

ဘော ဒေဝ ပုတ္တ၊အို-နတ်သား။ဒါနဉ္စ၊အ လှူပေးခြင်းသည်လည်း ၊ဥတ္တမံ၊မြတ်လှစွာသော။မင်္ဂလံ ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်နတ်သားသည်၊ဂဏ...
18/07/2025

ဘော ဒေဝ ပုတ္တ၊အို-နတ်သား။
ဒါနဉ္စ၊အ လှူပေးခြင်းသည်လည်း ၊
ဥတ္တမံ၊မြတ်လှစွာသော။မင်္ဂလံ ၊ မင်္ဂလာမည်၏ဟူ၍။ တွံ၊ သင်နတ်သားသည်၊
ဂဏှာဟိ၊မှတ်လေလော့။လို့"
ပေးလှူတတ်လျှင်-နိဗ္ဗာန်ဝင်"တရားတော်ကြီးကိုဟောဖို့ရာ စတင်လိုက်ပါတယ်။

တခြားသူများ သုံးဖို့ စွဲဖို့
မိမိပိုင်ပစ္စည်းကို
ပေးနိုင်လှူနိုင်တဲ့စိတ်ဟာ ဒါနပဲ။
အဲဒီပေးလှူနိုင်တဲ့စိတ် ဒါနဟာ အမြတ်ဆုံးမင်္ဂလာပါလို့ဘုရားမြတ်စွာကမိန့်ကြားတော်မူပါတယ်။

မင်္ဂလာဆိုတာ မကောင်းမူတွေကိုပယ်ရှားနိုင်တယ်။လူတိုင်းပဲ ကောင်းတာတွေကိုလိုလားကြတယ်။
မကောင်းတာတွေကို
ဆံချည်မျှင်တစ်မျှင်လောက်တောင်မလိုချင်ဘူး၊
ကောင်းတာတွေကိုချည်းရချင်လိုချင်ကြပါလျှင်
မြတ်စွာဘုရားညွန်းကြားတော်မူတဲ့
အမြတ်စားဒါနမင်္ဂလာကိုစွမ်းနိုင်သမျှ ပြုလုပ်ကြမှာ၊

အများအားဖြင့် မြတ်ဘုရားညွန်ကြားတော်မူတဲ့အမြတ်စားဒါနမင်္ဂလာကိုပြုလုပ်ဖို့ မေ့နေတတ်ကြတယ်။ ဗေဒင်နတ်ဝင်အဟော ထွက်မှ ဘုရားဝင်း၊ကျောင်းဝင်းအတွင်းမှာရှိတဲ့ သပြေရွက်၊ကံ့ကော်ရွက်၊အုန်းရွက်စသည့်တွေကိုတောင်းယူပြီး ညွန်ကြားရာ အခြားဘုရားစေတီတွေကို သွားပြီး သူတို့ရဲ့
နေ့နံထောင့်အရပ်ကနေ လာကြတယ်ဆိုပဲ။

အဲဒီအပြုအမူဟာ မိမိရဲ့အရည်မမီတဲ့
ရတီမပြည့်တဲ့ဗုဒ္ဓဘာသာဘဝကိုဖော်ပြနေတာပဲ။
အထူးသတိပြုဖို့ကောင်းလှပါတယ်။
ရှေးတုန်းက အချို့ဘုရင်တွေဟာ တိုင်းပြည့်အုပ်ချုပ်ခ
ရတဲ့ မိမိပိုင်ပစ္စည်းများကို ပေးလှူလျှင် ဒါနမင်္ဂလာအရှိန်အဝါညံ့မှာစိုးလို့ လယ်ပိုင်ရှင်များထံမှာ ကောက်ရိတ်ငှားလိုက်ပြီး အဲဒီချွေးနှဲစာ လုပ်အားခဖြင့်ဒါနမင်္ဂလာပြုလုပ်ကြတယ်ဆိုတယ်။
ဗုဒ္ဓဘာသာဝင်တွေလည်း ဒါနမင်္ဂလာကို
ပြုလုပ်ကြတာပဲ။
ခရစ်ယာန်ဘာသာဝင်တွေလည်း ဒါနမင်္ဂလာကိုပြုလုပ်ကြတာပဲ။ အစ္စလမ်ဘာသာဝင်တွေလည်း ဒါနမင်္ဂလာကိုပြုလုပ်ကြတာပဲ။ ကျန်တဲ့ဘာသာဝင်တွေလည်း ဒါနမင်္ဂလာကိုပြုလုပ်ကြတာပဲ။
ဒီနေ့ဘယ်ဘာသာကိုမျှ မယုံကြည်ကြတဲ့ ဘာသာမဲ့တွေလည်း မိမိပိုင်ပစ္စည်းများကိုဆက်စပ်ရာများအား ပေးကမ်းပြီး ဒါနမင်္ဂလာကိုပြုလုပ်ကြတာပဲ။

ဒီတော့ကမ္ဘာပေါ်မှာ ဒါနမင်္ဂလာ ပြုလုပ်သူချည်းပဲဆိုတာ သဘောပေါက်ကြပါ လိမ့်မယ်။
ပြုလုပ်တိုင်းသော ဒါန မင်္ဂလာသည် အမြတ်စာရင်းဝင်သလော၊?🔎
ဒီမေးခွန်းရဲ့အဖြေကို ဆက်ပြီး နာယူကြပေတော့။


ဘော ဒေဝ ပုတ္တ၊အို-နတ်သား။
ဒါနဉ္စ၊အလှူပေးခြင်းသည်လည်း။
ဥတ္တမံ၊မြတ်လှစွာသော။မင်္ဂလံ၊မင်္ဂလာမည်၏ဟူ၍၊တွံ၊သင်နတ်သားသည်၊ဂဏှာဟိ၊မှတ်လေလော့။
(ခုဒ္ဒကပါဌ ပါဠိ-မင်္ဂလသုတ်-၃)

""စိတ္တာလင်္ကာရ စိတ္တပရိက္ခာရတ္တံဒါနံဒေတိ""
(အံ၊၂၊ဒါနမဟပ္ဖလသုတ်၊၄၄၃)

- စိတ္တာလင်္ကာရ စိတ္တာပရိက္ခာရတ္တံ၊
သမထစိတ်၊ ဝိပဿနာစိတ်၏တန်ဆာ၊
သမထစိတ်၊ ဝိပဿနာစိတ်၏ အခြံအရံအလို့ငှာ။
ဒါနံ၊ အလှူကို၊ ဒေတိ၊ ပေးလှူ၏။
ဆောင်ပုဒ်
၁။"သမထ ဝိပဿနာစိတ်များမှာ၊တန်ဆာခြံရံရဖို့ရည်"။
၂။"ရှေးသူတော်မြတ်၊သဒ္ဓါပြတ်၊ပေးတတ်လှူတတ်သည်"။

သူတော်ကောင်းတွေဟာ
သမထစိတ်မှာ
အဆင်တန်ဆာရအောင် ၊ အခြံအရံအဖော်ရအောင်
ဝိပဿနာစိတ်မှာ
အဆင်တန်ရအောင်၊ အခြံအရံအဖော်ရအောင်ရည်ရွယ်ချက်နှစ်မျိုးဖြင့်
"ဒါနမင်္ဂလာ"ကိုပြုလုပ်ကြတယ်။

အဲဒါအမြတ်စာရင်းဝင်တဲ့ ဒါနမင်္ဂလာပဲလို့ အကျဉ်းနားလည်ထားကြဦးပေါ့။

10/07/2025

(၄၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ နှင့် အတူ သက်တော်ရှည် လှိုင်မဟာစည်ဆရာတော်ဘုရားကြီးသက်တော် (၉၇)နှစ် ဝါတော် (၇၇) ဝါသို့ရောက်ရှိခြင်း မင်္ဂလာ
သာသနာတော်နှစ် ၂၅၆၉၊ မြန်မာဝေါဟာ ကောဇာသက္ကရာဇ်၁၃၈၇ ခု၊ ဝါဆိုလပြည့်နေ့၊ (9 .7. 2025) ဗုဒ္ဓဟူး နေ့ မြတ်၊ # Waso Robe # Happy birth day
Mahasi

10/07/2025

(၄၇)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ နှင့် အတူ သက်တော်ရှည် လှိုင်မဟာစည်ဆရာတော်ဘုရားကြီးသက်တော် (၉၇)နှစ် ဝါတော် (၇၇) ဝါသို့ရောက်ရှိခြင်း မင်္ဂလာ
သာသနာတော်နှစ် ၂၅၆၉၊ မြန်မာဝေါဟာ ကောဇာသက္ကရာဇ်၁၃၈၇ ခု၊ ဝါဆိုလပြည့်နေ့၊ (9 .7. 2025) ဗုဒ္ဓဟူး နေ့ မြတ်၊ # Waso Robe # Happy birth day
Mahasi

04/07/2025

ယခု လာမည့် ၁၃၈၇ခုနှစ်၊ဝါဆိုလပြည့်နေ့ (9.7.2025)ဗုဒ္ဓဟူး(ဓမ္မစကြာနေ့)
နံနက် (၉ :၀၀နာရီ)၌
လှိုင်မဟာစည်တရားရိပ်သာကြီး၏
နှစ်စဥ်ကျင်းပမြဲ
ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲ နှင့်အတူ
ပူးတွဲကျင်းပလာခဲ့ကြပါသော
သက်တော်ရှည် လှိုင်မဟာစည် ပဓာန နာယက ဆရာတော်ဘုရားကြီး၏
သက်တော် (၉၇)နှစ် ၊ ဝါတော် (၇၇)ဝါသို့ ရောက်တော်မူလာခြင်း ဂါရဝပူဇာ ပွဲ

04/07/2025

ဗုဒ္ဓ၏ နေ့စဥ် သြဝါဒ

“အပ်ပမာ ဒနေ ဘိက်ခဝေ သမ်ပာဒထေ”
၁။ ခြောက်ဒွါရတွင် ၊ ရုပ် နာမ်ထင်၊ အစဥ်ရှုမှတ်နေ။
၂။ သီလ,သမာ၊ ဓိ, ပညာ၊ ကောင်းစွာ ပြည့်စုံစေ။
၃။ ဝါလေးဆယ့်ငါး၊ မြတ်ဘုရား၊ မိန့်ကြား နေ့တိုင်းပေ။ (အံ-ဌ၊၄၈၊မဟာပရိနိဗ္ဗာနသုတ်) 🙏
✍️ ဗုဒ္ဓသာသနာ့ အမွေယူနည်း ဆောင်ပုဒ်များ

ထိုင်ပုံနည်း
၁။ ခေါင်းကို မတ်ကာ၊ ခါးဖြောင့်စွာ ၊ ထိုင်ပါပလ္လင်ခွေ။
၂။ ခွေသောအခါ၊ ခြေဝဲယာ ၊ ဆင့်ကာမထပ်ယှဉ်ထားလေ။

လက်ထားနည်း
၃။ ဝဲလက်ပေါ်တွင် ယာလက်တင်၊ ထိယှဥ်လက်မထိပ်ချင်းပေ။
၄။​ ဝဲယာဒူးတွင် လက်ကိုတင် ၊ ထားချင်ထားနိုင်ပေ။
၅။ ခြေချင်းဝတ်တွင် လက်မှောက်ယှဉ် ၊ ထားချင်းထားနိုင်ပေ။

ရှုမှတ်ပုံအစဥ်
၆။ မျက်စိမှိတ်လိုက် ချက်ဝမ်းဗိုက် ၊ စိတ်စိုက်တည်နေစေ။
၇။ ဖောင်းခိုက် ပိန်ခိုက် အစဥ်လိုက် ၊ ချိန်ကိုက်ရှုမှတ်လေ
၈။ ကိုယ်မှာ စိတ်မှာ ဖြစ်ပေါ်ရာ လိုက်ကာရှုမှတ်လေ။
၉။ ဒွါရခြောက်ဖြာ ထင်ပေါ်ရာ လိုက်ကာရှုမှတ်လေ။
၁၀။ ပြီးသောအခါ ဖောင်း ပိန်သာ ပြန်ကာရှုမှတ်လေ။
၁၁။ ရပ်လျှင်၊ အိပ်လျှင် ဤနည်းပင် အစဥ်ရှုမှတ်လေ။

လမ်းလျှောက် ရှုမှတ်ပုံ
၁၂။ ခြေထောက်ပေါ်မှာ စိတ်စိုက်ကာ ၊ ဘယ်ညာရှုမှတ်လေ။
၁၃။ ခြေကြွသောအခါ ချသောအခါ ၊ ကောင်းစွာရှုမှတ်လေ။
၁၄။ ခြေကြွ၊ လှမ်း၊ ချ သုံးချက်ပ ၊ မုချရှုမှတ်လေ။
၁၅။ မနားမရပ် ခြားမပြတ် ရှုမှတ်မြဲပါလေ။
၁၆။ လှုပ်ရှားမူရာ လူမမာ တူစွာကျင့်ပါလေ။
၁၇။ လျောင်း၊ ထိုင်၊ သွား၊ ရပ် စဥ်မပြတ် ၊ စပ်အောင်ရှုမှတ်လေ။

✍️မေးခွန်း သုံးခွင် အဖြေမြင်
၁၈။ သူသွား ငါသွား ဘယ်သူသွား ရှုပွားမှတ်ရင်း သိမည်လေ။
၁၉။ သွားမှုပိုင်ရှင် မှတ်ရင်းပင် ဉာဏ်မြင်သိမည်လေ။
၂၀။ ဘာကြောင့်သွားသလဲ မှတ်ရင်းပဲ ဉာဏ်ထဲသိမည်လေ။
၂၁။ သို့ဉာဏ်သိမြင် နိဗ္ဗာန်ဝင် ကုန်စင်ဆင်းရဲတွေ။
၂၂။ မဟာနာဂ၊သုဘဒ္ဒ စံပြပုံသက်သေ။
(မဟာသတိပဋ္ဌာနသုတ်)📙

📝၁၅ - မဂ်၊ ဖိုလ် နိဗ္ဗာန် အမြန်ရစေသော ယောဂီ စည်းကမ်းများ✍️
ဣန္ဒြေထက်မြက်ကြောင်း(၉)ပါး
• ဣန္ဒြေငါးပါး၊ ထက်ကြောင်းများ၊ ၉ ပါးရှိလေသည်။
၁။ ဖြစ်တိုင်းရုပ်နာမ်၊ ချုပ်ပျက်ဟန်၊ ဧကန်ရှုရမည်။
၂။ ရှုမှတ်မှုမှာ၊ ရိုသေကာ၊ ကောင်းစွာ ပြုရမည်။
၃။ မနားမရပ်၊ ခြားမပြတ်၊ ရှုမှတ်မြဲရမည်။
၄။ သင့်လျှော်လှစွာ၊ ခုနစ်ဖြာ၊ ကောင်းစွာမှီရမည်။
၅။ စိတ်တည်ကြည်ကြောင်း၊ နမိတ်ဟောင်း၊ ကောင်းကောင်းမှတ်ရမည်။
၆။ သင့်တော်လျောက်ပတ်၊ ဗောဇ္စျင်မြတ်၊ မပြတ်ပွားရမည်။
၇။ ကိုယ်နှင့်အသက်၊ မငဲ့ကွက်၊ ရက်စက်နိုင်ရမည်။
၈။ ရှုစဉ်ပေါ်ရိုး၊ ဆင်းရဲမျိုး၊ လွှမ်းမိုးပယ်ရမည်။
၉။ လမ်းဆုံးမရောက်၊ လက်မမြှောက်၊ တောက်လျှောက်သွားရမည်။
• ဉာဏ်နုသောအခါ၊ ဤကိုးဖြာ၊ ဆိုင်ရာပွားရမည်။ ( ဝိသုဒ္ဓိမဂ် ၂၊ ၁၄၈)📙

✍️နည်းယူကျင့်ဖွယ်(၅)မျိုး
၁။ မျက်စိကွယ်သူ၊ ပုံစံယူ၊ နည်းတူကျင့်ရမည်။
၂။ နားထိုင်းပင်းသူ၊ ပုံစံယူ၊ နည်းတူကျင့်ရမည်။
၃။ ဆွံ့အသောသူ၊ ပုံစံယူ၊ နည်းတူကျင့်ရမည်။
၄။ လှုပ်ရှားမူရာ၊လူမမာ၊ တူစွာကျင့်ရမည်။
၅။ကိုယ်ကျိုးမြော်မြင်၊ သူသေသွင်၊ သင့်လျှင်အိပ်ရမည်။📙
(မိလိန္ဒပဉှာ၊ ၃၄၅၊ခု- ၂- ၂၉၅၊ ကစ္စာန ထေရ)

✍️ကုသိတာရမ္တသုတ်(မပျင်းနှင့်) 📙
၁။ အလုပ်ပန်းမည်၊ ပန်းခဲ့သည်၊ ကြံစည်မပျင်းနှင့်။
၂။ ခရီးပန်းမည်၊ ပန်းခဲ့သည်၊ ကြံစည်မပျင်းနှင့်။
၃။ အစာဆာသည်၊ ဝမ်းအင့်သည်၊ ကြံစည်မပျင်းနှင့်။
၄။ ရောဂါ ရှိသည်၊ ပြန်ထမည်၊ ကြံစည်မပျင်းနှင့်။

✍️ဝိပဿနာ ယောဂီအရည်အချင်း(၅)မျိုး
၁ ယုံကြည်၊ ၂ ကျန်းမာ၊ ၃ စိတ်မှာဖြောင့်မတ်၊
၄ မလစ်လပ်၊ ရှုမှတ်ကြိုးစားသည်။ ၅ ဖြစ်ပျက်မြင်သိ၊ ငါးခု ရှိ၊ ရောက်၏ နိဗ္ဗာန်ပြည်။(မ - ၂ - ၂၉၉)📙

📝၁၅ - မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဘဝပြည့်စုံသူ
မဟာသောတာပန်၏ ဂုဏ်(၄)ပါး

၁ ၊ ၂ ၊ ၃ ၊ ရ တ နာ သုံးဆင့် ဉာဏ်ဖြင့်မြင်တွေ့ ၊ မပြောင်းရွှေ့၊ တိုး၍ ကြည်ညို ယုံကြည်သည်၊
၄ ၊ ကိုယ်နှုတ်နှစ်ဖြာ ၊ ကျင့်သိက္ခာ၊ မြဲစွာသီလ ၊ လုံခြုံသည်။
( ရ တ နာ = ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ) ( ဒီ ၊ ၃၊ ၁၉၀)📙

Address

Yangon
11051

Alerts

Be the first to know and let us send you an email when လှိုင်မဟာစည် ဆရာတော်ဘုရားကြီး ရေးသားပူဇော် ဓမ္မစာတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လှိုင်မဟာစည် ဆရာတော်ဘုရားကြီး ရေးသားပူဇော် ဓမ္မစာတော်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram