07/05/2025
#သဘာဝ အာရုံကြောအားဆေး"
ဆေးနည်းလင်္ကာ
+++++++++
ကြက် သံ ပျား နွေး၊
ဖီးစားပေး၊အားဆေးတစ်ခွက်ပါ။
လိုလျင်တစ်ခွက်၊မြန်စွာနှက်၊
အိပ်စက်နားလိုက်ပါ။
တစ်ရေးသော်နိုး၊အားပြည့်ဖြိုး၊
စွမ်းတိုးလန်းဆန်းဖြာ။
လူကြီးမိဘ၊သောက်ပါက၊
ကျန်းမာပေါ့ပါးလာ။
နုံးချိမောပန်း၊သူ့အစွမ်း၊
လန်းဆန်းအားပြည့်လာ။
သွေးကြောလေကြော၊
အာရုံကြော၊စောလျဉ်အားပြည့်လာ။🍒🍒🍒
ကြက်= မည်သည့်ကြက်ဥမဆိုအစိမ်းတစ်လုံး
(အိမ်ကြက်ဥ ပိုကောင်း)
သံ = သံပုရာသီးအလုံးကြီးတစ်လုံးအရည်၊
ပျား = ပျားရည်ဟင်းစားဇွန်းတစ်ဇွန်း၊
နွေး = ရေနွေးအဖြူအပူအကြမ်းပန်းကန်တစ်
ဝက်။
အထက်ပါလေးမျိုးကိုထည့်ပြီးသမအောင်ရော
မွှေပါ။ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို
ရောထည့်မွှေ၍ဖြစ်စေ၊သူ့ချည်းသက်သက်ဦး
စွာစားပြီးပါကအထက်ပါဆေးရည်ကိုသောက်
ပြီးအနားယူလိုက်ပါကမကြာမီအားပြန်ပြည့်လာ
ပါမည်။
မိမိ၏ကိုယ်ခံစွမ်းအားပေါ်မူတည်၍နေ့စဉ်ဖြစ်
စေ၊တစ်ရက်ခြားဖြစ်စေသောက်သုံးနိုင်ပါသည်။
လိုအပ်သလိုအရေးပေါ်အားဆေးအနေဖြင့်သုံး
ဆောင်နိုင်ပါသည်။
ဤဆေးတွင်ပျားရည်ပါခြင်းကြောင့်အပူကန်
တတ်ပါ၍ရေဝဝချိုးပေးရန်လိုအပ်ပါသည်။
ရေချိုးပြီးပါကပို၍နေထိုင်ကောင်းလာပါလိမ့်
မည်။
ခန္ဓာကိုယ်အတွင်းအပူအားကြီးသူများနှင့်
ကိုယ်ဝန်ဆောင်မိခင်များသုံးဆောင်ပါက
ပျားရည်ကိုဟင်းစားဇွန်းတစ်ဇွန်းမသုံးသင့်ပါ။
လဘက်ရည်ဇွန်းတစ်ဇွန်းစာသာထည့်၍သုံး
ဆောင်သင့်ပါသည်။။
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍ မိဘပြည်သူများအနေဖြင့် ဗဟုသုတအဖြစ်မှတ်သားစရာ
တစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ
#ဗဟုသုတ #စာပေ #စာပေချစ်သူများ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်