Dr. Ye Wint Aung

Dr. Ye Wint Aung MBBS, MRCP-UK.1
🏥 Dr. Ye Medical Service 🩺 🇹🇭🇮🇳
ကျန်းမာရေး ဗဟုသုတဝေမျှရန်နှင့် ထိုင်း၊အိန္ဒိယနိုင်ငံ ဆေးကုဖို့ ဆေးရုံချိတ်ဆက်ပေးပါတယ်။
စကားပြန်ဝန်ဆောင်မှု။

မနေ့က ဆေးရုံ group တစ်ခုမှာ ချူလ_ာလေ_ာင်ကွန်းဆေးရုံကြီးမှာ ပြသွားတဲ့ လူနာ (ကိုယ်နဲ့တော့မသိပါဘူး၊ ဆေးကုဖို့ လာလဲမမေးဖူးပါ...
11/04/2026

မနေ့က ဆေးရုံ group တစ်ခုမှာ ချူလ_ာလေ_ာင်ကွန်းဆေးရုံကြီးမှာ ပြသွားတဲ့ လူနာ (ကိုယ်နဲ့တော့မသိပါဘူး၊ ဆေးကုဖို့ လာလဲမမေးဖူးပါဘူး၊ team နဲ့လဲ မချိတ်ဖူးပါဘူး)

အဲအမတင်ထားတဲ့ ဆေးကုတဲ့ ပို့စ်ကိုတွေ့လို့
ကျွန်တော်တို ့ဧည့်သည်တွေအဆင်ပြေအောင် team ရဲ့အတွေ့အကြုံကို သိရအောင် တစ်ခါထဲ ရေးပါရစေခင်ဗျာ။
နောက်ပြီးဧည့်သည်တစ်ချို့လဲ ဒီဆေးရုံကြီး ဆေးကုဖို့ကိစ္စတွေ လာလာမေးကြလို့ပါခင်ဗျာ။

(၁) ဘိုကင်ကိစ္စ

ဒီဆေးရုံကြီးမှာ ဘိုကင်တင်တာကြာတယ်၊ မြန်တဲ့ ဌာန special clinic ရှိတယ်လေဆိုပြီး ရေးတာတွေ့လို့ပါ။
ဒီ special clinc ဌာနတောင် လအတော်ကြာစောင့်ရတာမျိုးရှိပါတယ်။
အတွေ့အကြုံအရ ကင်ဆာကုသခြင်း၊ ဟော်မုန်းနဲ့ လေးဖက်နာဆရာဝန်တွေဆိုရင် လနဲ့ချီစောင့်ရပါတယ်။တစ်ချို့လူနာတွေတော့ တစ်ခါတစ်လေ ကံအားလျှော်စွာ အစောရလိုက်တာရှိဖူးပါတယ်။
ဒါပေမဲ့ မသေချာပါခင်ဗျာ။***

ဒီနေရာမှာ ကုန်ကျစရိတ်..

ကုန်ကျစရိတ်က အစိုးရဆေးရုံ သက်သာတယ်ဆိုပြီး ရောဂါအကုန်ပြဖို့တော့ အားမပေးပါဘူးခင်ဗျာ။

ချင့်ချိန်ဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ အချိန်ကိုလဲထည့်တွက်ပြီး အမြန်ဆေးကုသရမဲ့ရောဂါတွေ ၊အရေးကြီးရောဂါတွေဆိုရင် လူနာဒုက္ခဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ရောဂါရှာ တခုခုစစ်ဆေးတာ စောင့်ရတာ ရက်ကြာတာပါ။
တစ်ချို့စစ်ဆေးတာတွေဆို ဧည့်သည်က နောက်တစ်ခါဘန်ကောက်လာစစ်ရမှာမျိုးတွေရှိနိုင်ပါတယ်။
(အခုလိုလေယာဉ်ခတွေစျေးတက် နေတဲ့ကာလကြီးမှာ ဆေးကုသမှု ဘာမှမစခင် သေချာတွက်စေချင်ပါတယ်။)

ဒါကြောင့် ဘာလာလာ ဒီဆေးရုံပဲသွားကုဆိုတာမျိုး အားမပေးပါဘူး။

အချိန်နဲ့ ရောဂါအခြေအနေကိုတွက်ဆပြီးမှ ညွှန်ပေးမှာပါ။

(၂) ဆေးရုံကဒ် မှတ်ပုံတင် registration ကိစ္စ

ချူလာ ဆေးရုံကြီးမှာ ဆေးကုသဖို့ register လုပ်တာကို ဆေးရုံကြီးရဲ့ ပြောင်းလဲသွားတဲ့ စနစ်အရ လူနာကိုယ်တိုင် ဘန်ကောက်မှာ ဆေးရုံကိုလာပြီး ဓါတ်ပုံရိုက် လူနာကဒ်လာလုပ်ဖို့လိုပါတယ်။ဒါမှ နောက်တစ်ဆင့်အနေနဲ့ ဆရာဝန်တွေ့ဖို့ တိုကင်ရပါမယ်။

(အရင်နှစ်နှစ်ကျော်တုန်းကလို မြန်မာပြည်ကနေလှမ်းလုပ်ခိုင်းမရတော့ပါ။
ဧည့်သည်တွေ လာလာပြရင် ကူညီပေးရင်း သိရတာကြာပါပြီခင်ဗျာ။ပို့စ်တွေမှာလဲ အလျှင်းသင့်သလို ထဲ့ရေးပါတယ်။)

***အရင်ကဆေးရုံကြီးရဲ့ လူနာအဟောင်းတွေကတော့ ကြိုတင်ဘိုကင်တင်ရုံပါပဲခင်ဗျာ။

(၃) လိုင်းပေါ်က ဘိုကင် တင်ဖို့ကိစ္စ။

ဒီနေရာမှာ မြန်မာပြည်ကနေ လိုင်းပေါ်ကနေ ဆေးရုံ ကိုဆက်သွယ် ပြီး ဘိုကင်တင်မရဘူးလား ၊ ဆေးရုံကဒ်မရဘူးလား သိချင်တဲ့ဧည့်သည်တွေအတွက် ….

မရပါဘူးလို့ပဲပြောပါရစေခင်ဗျာ။

(၄) သကြ်န်ပိတ်ရက်အကြောင်းကြားခြင်း

ဒါနဲ့ ဧပြီလ ၁၁-၁၅ ရက်နေ့
အထိ Songkran နှစ်သစ်ကူးပွဲတော် ဆေးရုံကြီး OPD ပိတ်ပါမယ်ခင်ဗျာ။
အရေးပေါ်ဌာန၊အတွင်းလူနာတော့ရှိပါမယ်ခင်ဗျာ။

အဆင်ပြေကြဖို့ရည်ရွယ်ရေးပါတယ်ခင်ဗျာ။

ဧည့်သည်များနှစ်သစ်မှာ ကျန်းမာပြီး စိတ်အေးချမ်းသာရှိပါစေခင်ဗျာ။

Dr. Ye
Dr Ye Medical Service
Thailand

#အစိုးရဆေးရုံ

Phyathai3 ဆေးရုံကြီးမှာ ကျွန်တော်ဧည့်သည် ဘုန်းဘုန်းကြီးဆေးခန်း ပြန်ပြပါတယ်။ဆရာတ်ောကြီးက ကျန်းမာရေးထိန်းသိမ်းသူဖြစ်ပြီး ရ...
09/04/2026

Phyathai3 ဆေးရုံကြီးမှာ ကျွန်တော်ဧည့်သည် ဘုန်းဘုန်းကြီးဆေးခန်း ပြန်ပြပါတယ်။

ဆရာတ်ောကြီးက ကျန်းမာရေးထိန်းသိမ်းသူဖြစ်ပြီး ရိပ်သာ တရားပေးဆရာတော်၊ ကျောင်းထိုင်ဆရာတော်ကြီးပါခင်ဗျာ။

ဆရာတော်ကြီးရဲ့ ကျန်းမာရေးဆေးစစ်ခြင်းအရ မြန်မာပြည်မှာ ပါးစောင်အသားစယူစစ်ဆေးပြီး အဖြေကိုစိတ်မချတာနဲ့ ကျွန်တော်တို့ teamနဲ့ချိတ်ဆက်ပြီး ဆေးရုံမှာ အသားစထပ်မဲစစ်ဆေးပြီး နာမည်ကြီး အထူးကုဆရာဝန်ကြီးနဲ့ လာရောက်ပြသခဲ့ပါတယ်။

ဘန်ကောက်မှာဆရာတ်ောကြီးရဲ့အဖြေနားထောင်ချက်အရ သူပါးစောင်အသားစစစ်ဆေးတာအဖြေကောင်းပြီး ကြည့်ပးတဲ့ ဆရာဝန်ကြီးက စိတ်ချသေချာအောင် သူမိတ်ဆွေကင်ဆာဆရာဝန် နောက်တစ်ဦးကိုပါ အဖြေသေချာအောင်ထပ် ဖတ်စေပါမယ်။

အဖြေကိုတော့ ကျွန်တော်တို့teamကနေပဲ ပို့ပေးရှင်းပြပေးဦးမှာပါ။

ဆေးရုံဆေးခန်းလာရောက်ပြသပြီး မြန်မာပြည်ဘက်အထိ ကျန်းမာရေးက်စ္စကို သေချာမေးမြန်းပေးတဲ့ Bangkok က Medical Team တစ်ခုကိုယုံကြည်စွာဆက်သွယ်ချင်ရင် ကျွန်တော်တို့ရှိပါတယ်ခင်ဗျာ။

Team မှ Medical Service ကိုကျွမ်းကျင်စွာ သီးသန့်ဝန်ဆောင်ပေးတဲ့ ဆရာဝန်များ၊ အထူးကုဆရာဝန်များကိုယ်တိုင် ဦးစီးပြီး သိလိုတဲ့ ဆေးရုံဆေးခန်းကိစ္စများ သေချာတိုင်ပင်ဆွေးနွေးပေးပါတယ်။
ဝန်ဆောင်မှု သက်တမ်းလဲ ၄နှစ်ကျော်လာပါပြီခင်ဗျာ။

ဝန်ဆောင်မှုပေးတဲံ နှစ်တွေအတွင်း မြန်မာ၊ စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယဘက်အထိ မြန်မာပြည်က ဧည့်သည်ပေါင်းများစွာ ကို ကျန်းမာရေး ဆေးကုဖို့ ချိတ်ဆက်ဝန်ဆောင်မှုပေးပြီးပြီဖြစ်လို့ အထူးစိတ်ချရပါတယ်။

လေးစားစွာဖြင့်
Dr. Ye
Dr Ye Medical Service
Thailand.

07/04/2026

မနေ့က အမတစ် ယောက်ကို ဆေးစစ်ပေးတဲ့ အခြေအနေကို ဧည့်သည်တွေလာမေးကြတာကတော့ အဖြေလေးတွေခြုံကြည့်ရင် ကောင်းပါတယ်ခင်ဗျာ။🇹🇭

ဆေးလာစစ်တဲ့ အဖြေထဲ သည်းခြေအိတ် အသားပိုသေးလေးထွက်တာကို ၆လနေရင် အာထရာစောင်းပြန်စစ်ပါ။

ကျောက်ကပ်၊ အသည်းနဲ့ တစ်ခြားသွေးစစ်တာကောင်းပါတယ်။

သွေးထဲ အဆီဓါတ်အကုန်ကောင်းပြီး HDL ကိုလက်စထရောကတော့ နည်းနေတော့ အားကစားလုပ်ပေးတာမျိုးနဲ့ တင်ပြန်ကောင်းနိုင်ပါတယ်။

ဆီးချိုနဲ့ သွေးတိုးလဲမရှိပါ။သားအိမ်ခေါင်းကင်ဆာအချွဲယူထားတာကိုတော့ လာမဲ့ အပတ်ထဲ အမဆီပို့ကေးပါဦးမယ်။

ရင်သားကင်ဆာလဲစစ်ဆေးတာ ကင်ဆာ မရှိဘဲ မမ်မိုဂရမ်နဲ့ ရင်သားအာထရာဆောင်းမှာ ရင်သား အသားတစ်ရှူးအစုကို စစ်ကြည့်တာ အဖြေလဲ ကာင်းပါတယ်။

လေးစားစွာဖြင့်
Dr. Ye,
Dr Ye Medical Service team


06/04/2026

Phyathai3 ဆေးရုံကြီးရဲ့ ဆေးစစ်ပေးဖို့ ဆေးရုံရောက်တော့ လူရှင်းတဲ့မနက်ပိုင်း အစောကြီး သွားရိုက်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဖြစ်ေဆစ၊ ထိုင်းနိုင် ငံ ဖြစ် စေ ဆေးစစ်တော့မယ်ဆိုရင် Packageထဲ စုံလင်ရဲ့လားသေချာကြည့်ပါခင်ဗျ။

စျေးတော့သက်သာတယ်၊ လိုအပ်တာ အစုံအလင်မပါဘူးဆိုရင် ဆေးစစ်ပြီး အချိန်ကုန်ပါတယ်။

ဆေးကု၊ခွဲစိတ်၊ ဆေးစစ် အစစအရာရာ စိတ်ချရတဲ့ Service Team လိုအပ်ရင် မမေ့ပါနဲ့ဗျ။

လေးစားစွာဖြင့်။

Bumrungrad International ဆေးရုံကြီးမှာ ပြသတဲ့ အန်တီလေးတို့အတွက် မနေ့က အရိုးအထူးကု ဆရာဝန်ရက်ချိန်း နဲ့  ရက်ချိန်းလိုက်ပြ ...
05/04/2026

Bumrungrad International ဆေးရုံကြီးမှာ ပြသတဲ့ အန်တီလေးတို့အတွက် မနေ့က အရိုးအထူးကု ဆရာဝန်ရက်ချိန်း နဲ့ ရက်ချိန်းလိုက်ပြ ပေးဖြစ်ခဲ့ပါတယ်။

ပြသတဲ့ရက်ကဆွေးနွေးပေးခဲ့တာကတော့-

Supraspinatous tear မှာ Medical treatment ဖြစ်တဲ့ Corticosteriod injection သို့မဟုတ် Platelet rich plasma (PRP ) ထိုး ရမလား။

“ Supraspinatous tear “ဆိုတာ လက်ပုခုံးအဆစ်ပေါ်မှာ ရှိတဲ့ ပုခုံးအပေါ်က ကြွက်သားအရွတ်ပြဲသွားတဲ့အခါ တွေ့ရပါတယ်။

Function-
ပုခုံးရဲ့ လက်ကို အပြင်ဘက်ဆန့်ထုတ်တဲ့အခါ ၊ ပုခုံးအဆစ်ကိုထိန်းတဲ့အခါ ထိန်းညှိအလုပ်လုပ်ပေးပါတယ်။

ဒီ tendon ပြဲတဲ့အခါမျိုးမှာ လက်ကိုမြှောက်တဲ့အခါ နာမယ်။ အားမရဘူး။ ဒါတွေဖြစ်တတ်ပါတယ်။

ကုထုံး -
ကုသနည်းတွေထဲမှာ ပါဝင်တဲ့ Corticosteroid ပေးမလား၊ သွေးရည်ကြည်ကုထုံးသုံးမလား။

ကုသထုံးနှစ်ခုယှဉ်ပြီး King Chulalongkorn Hospital မှာ research လုပ်ကြတော့…

ကုထုံးနှစ်ခုလုံးက နာကျင်တာသက်သာစေမယ်။ပုံမှန်အတိုင်း လက်ကို လှုပ်ရှားစေနိုင်တယ်။

ပြဲသွားတဲ့ အရွတ်ကို ပြန်ကောင်း စေတာကတော့ သွေးရည်ကြည်ကုထုံးပါတဲ့။

စျေးကတော့ သွေးရည်ကြည် ကုထုံးကတော့ ပိုစျေးများမယ်။

ဒါပေမဲ့ လက်တွေ့မှာ corticosteriod injection ကလဲ အသုံးပြုများနေပါတယ်။

လေးစားစွာဖြင့်
Dr. Ye Wint Aung

https://pubmed.ncbi.nlm.nih.gov/36752928/

ဒီနေ့တော့ ဆီးလမ်းကြောင်းကင်ဆာ ကုသနေဆဲ ဧည့်သည်အတွက် ဆေးရုံမှာ ကင်ဆာကုထုံးအကြောင်းဆွေးနွေးပေးခဲ့ပါတယ်။ကင်ဆာကုထုံးတွေက ခေတ်...
31/03/2026

ဒီနေ့တော့ ဆီးလမ်းကြောင်းကင်ဆာ ကုသနေဆဲ ဧည့်သည်အတွက် ဆေးရုံမှာ ကင်ဆာကုထုံးအကြောင်းဆွေးနွေးပေးခဲ့ပါတယ်။

ကင်ဆာကုထုံးတွေက ခေတ်မီလာတာနဲ့အမျှ ကျန်းမာပျောက်ကင်းနှုန်းတိုးတက်လာပါတယ်။

နိုင်ငံခြားဆိုတော့ ဆေးကုကုန်ကျငွေတော့အထိုက်အလျောက်တော့ ရှိကြတာပေါ့။

ကင်ဆာဆေးသွင်းရင်းဖြစ်ပေါ်တတ်တဲ့ ဘေးထွက်တွေကို ကြိုးစားကုသရင်းနဲ့ ကင်ဆာရောဂါ ကနေ အသက်ရှည်ဖိို့ ကြိုးစားဆွေးနွေးပြီး ဆေးခန်းပြပေးဖြစ်ပါတယ်။

လေးလပိုင်းထဲ ကင်ဆာပြသဆေးကုသမဲ့ ဧည့်သည်အတွက်လဲ အူလမ်းကြောင်းဘိုကင် ရက်မြန်မြန် ရခဲ့ပါတယ်။

လေးစားစွာဖြင့်

ဒီနေ့မှာတော့ လည်ပင်းကျီးပေါင်း အရိုး ကို သံလိုက်ဓါတ်မှန်ရိုက်စစ်ဆေးပြီး ပြန်ပြဖို့ အဖွားတစ်ဦးအတွက်လိုအပ်တာလေးတွေစီစဉ်ပေး...
30/03/2026

ဒီနေ့မှာတော့ လည်ပင်းကျီးပေါင်း အရိုး ကို သံလိုက်ဓါတ်မှန်ရိုက်စစ်ဆေးပြီး ပြန်ပြဖို့ အဖွားတစ်ဦးအတွက်လိုအပ်တာလေးတွေစီစဉ်ပေးရင်း ဆေးရုံတိုကင်ယူပေးခဲ့ပါတယ်။

ယခင်က ဆေးသောက်လိုက်နဲ့ သက်သာပေမဲ့ နာကျင်တာ ပြန်ဖြစ်ဖြစ်နေတာ လပိုင်းလဲကြာပြီ ရှိနေလို့ အဖွားရဲ့ဆရာကြီးက သံလိုက်ဓါတ်မှန်စစ်ခိုင်းလိုက်တာပါ။

ဒီနေ့တော့အဖြေသိရပါပြီ။

အဖွားက လည်ပင်းငုံ့ပြီး အလုပ်လုပ်တာများလို့ အဆင်မပြေလို့ ပြခိုင်းလိုက်တာပါ။

အစိုးရဆေးရုံမို့ အဖွားကစိတ်ရှည်ရှည်နဲ့ အချိန်ပေးရပါတယ်။

အချိန်နဲနေရင် ပြင်ပဆေးရုံလာချိတ်ပြီးပြပါလို့ အကြံပေးပါရစေဗျ။

တွေ့တိုင်း ကျန်းမာရေးကိစ္စဆွေးနွေးပေးခဲ့ရလို့ ဝမ်းသာရပါတယ်။

အတတ်ပညာတွေ တိုးပွါးရလို့လဲ ကျေနပ်ရပါတယ်ခင်ဗျာ။

“လွယ်ကူ ပြည့်ဝ ကင်ဆာ အာဟာရ”ယနေ့ခေတ်မှာ ကင်ဆာရောဂါဖြစ်ပွါးနှုန်း ဟာ အလွန်ပဲများပြားလာပါတယ်။မိသားစုထဲမှာ ကင်ဆာရောဂါ ဖြစ်တဲ...
27/03/2026

“လွယ်ကူ ပြည့်ဝ ကင်ဆာ အာဟာရ”

ယနေ့ခေတ်မှာ ကင်ဆာရောဂါဖြစ်ပွါးနှုန်း ဟာ အလွန်ပဲများပြားလာပါတယ်။

မိသားစုထဲမှာ ကင်ဆာရောဂါ ဖြစ်တဲ့ မိသားစုဝင်ရှိပြီဆိုရင် ဆေးကုသရ၊ ပြုစုရတဲ့ အပြင် အရေးကြီးလွန်းတဲ့ အစားအစာ ဘာစားရမလဲ ကျွေးရမလဲဆိုတာ အလွန်စဉ်းစားရပါတယ်။

ကျွန်တော်တို့ဘန်ကောက်က သမီးတော်ဆေးရုံ၊ အမျိုးသားကင်ဆာဆေးရုံ NCI နဲ့ ဘုရင့်ဆေးရုံတွေမှာ ကုသမှုခံယူနေကြတဲ့ မိသားစုဝင်များအမေးများတဲ့ မေးခွန်းထဲကတစ်ခုဖြစ်တဲ့ ကင်ဆာဖြစ်နေပြီဆိုရင် “အာဟာရလဲပြည့်ရမယ်၊ အားလဲရှိရမယ်၊ ကင်ဆာဆေးကုသနေတဲ့အခါမှာ အစားအစာကြောင့် ခွန်အားဖြစ်ပြီး ဆေးအာနိသင်လဲပြည့်ဝရမယ် “ … ဆရာ ဘာကျွေးရမလဲဆိုတာက်ု ကျွန်တော်လူနာတွေတွေ့တဲ့အခါမှာ အမြဲရှင်းပြတတ်ပါတယ်။

လာမဲ့ ၂၀၂၆ မတ်လ ၂၉ရက်နေ့ (တနဂ်နွေနေ့ ) မှာ ကျွန်တော်တို့ရဲ့ team ရဲ့Leader တစ်ဦးဖြစ်တဲ့ ..

“အာဟာရဗေဒအထူးကုဆရာဝန်ကြီး ဒေါက်တာညီညီကျော်( Dr Nutrition) “ မှ အသေးစိတ် ရှင်းပြပြီး Zoom တက်ရောက်တဲ့သူတွေအတွက် သိရှိလိုတဲ့ မေးခွန်းများကိုပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

မိမိတို ့အားရင် Zoom class ကို အခမဲ့ join လို့ရပါတယ်။

Zoom meeting link ကတော့ comment မှာ ချထားပေးပါတယ်။

နေ့ရက် - 29 - March - 2026
အချိန် - 7:00 နာရီ (မြန်မာ စံတော်ချိန်)

လေးစားစွာဖြင့်
Dr. Ye Wint Aung

မနေ့က ညနေဘက် အဖွားတစ်ဦးအတွက် အရိုးဆေးခန်းပြပေးဖြစ်ပါတယ်။အရိုးကျီးပေါင်းနဲ့ ခြေထောက်နာတာအတွက်ပါခင်ဗျာ။ဆေးဖိုးအပါ ဘတ်၁၃၆၀ ...
24/03/2026

မနေ့က ညနေဘက် အဖွားတစ်ဦးအတွက် အရိုးဆေးခန်းပြပေးဖြစ်ပါတယ်။

အရိုးကျီးပေါင်းနဲ့ ခြေထောက်နာတာအတွက်ပါခင်ဗျာ။ဆေးဖိုးအပါ ဘတ်၁၃၆၀ ကျခဲ့ပါတယ်။

ဒီနေ့မနက်တော့ အမတစ်ဦးအတွက် မမ်မိုဂရမ်ရိုက်ဖို့အတွက် လိုက်ခဲ့ ပေးဖြစ်ပါတယ်။

ကျွန်တော်နဲ့team ကို ဝန်ဆောင်မှုအပ်ပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

အစိုးရဆေးရုံဖြစ်ဖြစ် ပုဂ္ဂလိကဆေးရုံဖြစ်ဖြစ် စိတ်ချစွာဆက်သွယ်ပါဗျ။

အစိုးရဆေးရုံက ရက်ကြာကြာ စောင့်နိုင်မှ ပြတာအဆင်ပြေပါတယ်ခင်ဗျာ။

ခက်ခဲတဲ့ကာလမို့ ဝန်ဆောင်ခလဲ လျှော့ပေးဖြစ်ပါတယ်။ဉာဏအား ခွန်အား အစစ အရာရာ ကုသိုလ်လဲပြုဖြစ်ပါတယ်ခင်ဗျာ။

စုံစမ်း ဆက်သွယ်ဖူးသူတိုင်းလဲ ကျန်းမာကြပါစေ။

#ဘန်ကောက်ဆေးကု
#ဆေးစစ်
#ခွဲစိတ်

ကျွန်တော်တို့ လူတွေမှာ ပိန်ပြီးကိုယ်အလေးချိန်မများပေမဲ့လို့ ဘာလို့ ဒူးခေါင်းနာတတ်တာလဲ။ကိုယ်အလေးချိန်များပြီး ဒူးခေါင်း ဖ...
22/03/2026

ကျွန်တော်တို့ လူတွေမှာ ပိန်ပြီးကိုယ်အလေးချိန်မများပေမဲ့လို့ ဘာလို့ ဒူးခေါင်းနာတတ်တာလဲ။

ကိုယ်အလေးချိန်များပြီး ဒူးခေါင်း ဖိအားများတဲ့အခါ၊ ဒူးခေါင်းအရိုးနုလေးတွေ အသက်အရွယ်ရလာတော့ ကြာရှည်အသုံးပြုလာတာဖြစ်လို့ ပျက်စီးပြီး နာကျင်လာတာမျိုးကတော့ ကြားဖူးနေကျပေမဲ့ လို့ ကျွန်တော်ဆီ ဒူးဆေးရုံချိတ်ခိုင်းတဲ့ ဧည့်သည်တွေထဲက ၄ယောက်တစ်ယောက်မှာ ပိန်ပေမဲ့ ဒူးနာတယ်ဆ်ုတာမျိုးတွေ့ရပါတယ်။

ဒါဟာဘာကြောင့်ပါလဲ။❓

၁။ဒူးခေါင်းကို ဝန်းရံပြီး အကွေးအဆန့် လှုပ်ရှားအောင် လုပ်ပေးတဲ့ ကြွက်သားတွေ အားမကောင်းဘဲ အားလျော့ အားနည်းလာရင် ဒူးနာတတ်ပါတယ်

၂။ဒူးခေါင်းအဆစ်ကို အမြဲအသုံးပြုပြီး အားကစားလုပ်တတ်ရတော့ လူငယ်တွေမှာ ဒူးအရှေ့ပိုင်းတွေနာကျင်ရတတ်ပါတယ်။

၃။ သူတို့တစ်တွေကတစ်ခါတစ်ရံ ထိခိုက်တဲ့အခါ(contact sports) တွေမှာ ဒူးခေါင်း အရွတ်ပြဲတာတွေ့ရတတ်ပြီး ဒူးနာပါတယ်။

၄။ဒူးခေါင်းနားက ကြွက်သားတွေကို တွယ်ဆက်ပေးတဲ့ tendon အရွတ်ပြားတွေ ရောင်ယမ်းရင်လဲ နာတတ်ပါသေးတယ်။

၅။ ဒူးခေါင်းဆစ်အတွင်းက အရ်ုးမျက်နှာပြင်နှစ်ခုကိုအုပ်ပေးတဲ့ meniscus လို့ခေါ်တဲ့ အရိုးနုပြားတွေ ပြဲသွားရင်လဲ နာတတ်ပါသေးတယ်။

၆။အမျိုးသမီးငယ်တွေဆိုရင် (များသောအားဖြင့်)
အော်တိုအင်မြု(autoimmune) ခေါ်တဲ့ ကိုယ်ခံအားတက်ကြွပြီး တိုက်ခိုက်တဲ့ အခါမျိုးတွေမှာဖြစ်တတ်ပါတယ်။နာတတ်ပါတယ်။

ဒူး နာကျင်တဲ့အခါ သက်သာအောင်ဘာတွေလုပ်ပေးကြမလဲ။✅

၁။ ဒူးကြွက်သားတွေသန်မာအောင် လေ့ကျင့်ခန်းလုပ်ပေးလို့ရပါတယ်။

၂။ နာနေတဲ့ ဒူးကို အနားပေးဖို့လိုပါတယ်။

၃။ယောင်နေပါက ဒူးနာတဲ့ယောင်တဲ့ ခြေထောက်ဘက်ကို ကျွန်တော်တို့ ထိုင်တဲ့အခါ။၊ လှဲတဲ့အခါမျိုးတွေမှာ ခြေထောက် မြှောက်ပေးပါ။ရေခဲကပ်ပေးပါ။ အရောင်ကျဆေးသောက်ပေးပါ။ ကြပ်ထုတ်စီးပြီးထားပေးပါ။

သက်သာသွားပါလိမ့်မယ်။

အနာသက်သာဆေး-
၁။ပါရာစီတမော paracetamol 500 mg တစ်နေ့ ၄ကြိမ်အထိ ၆ နာရီခြား သောက်နိုင်ပါတယ်။

၂။အကိုက်အခဲပျောက်ဆေးကတော့ တစ်နေ့ကို ၂ကြိမ် ၃ရက်သောက်သုံးနိုင်ပါတယ်။(ကျောက်ကပ်အားနည်းသူ၊ အစာအိမ်အနာရှိသူတွေက ကုသပေးနေတဲ့ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။)

Dr. Ye Wint Aung

မျက်စိ အတွင်းတိမ်ခွဲစိတ်ဖို့ စိတ်ဝင်စားသူများအတွက်ပါခင်ဗျာ။ဒီ မျက်စိအထူးကုစင်တာ ( TRSC ) မှာဆိုရင်တော့ ဘတ် ၈၅၀၀၀ (မြန်မာ...
19/03/2026

မျက်စိ အတွင်းတိမ်ခွဲစိတ်ဖို့ စိတ်ဝင်စားသူများအတွက်ပါခင်ဗျာ။

ဒီ မျက်စိအထူးကုစင်တာ ( TRSC ) မှာဆိုရင်တော့ ဘတ် ၈၅၀၀၀ (မြန်မာငွေ သိန်း ၁၀၀ ) မှစတင်ပြီး ခွဲစိတ်နိုင်ပါတယ်ခင်ဗျာ။

ရွေးချယ်သည့် မှန်ဘီလူးပါးလွှာခြင်း၊ နေရောင်ကာကွယ်ခြင်း၊ ကွန်ပြူတာကြည့် blue light ကာကွယ်နိုင်ခြင်း။

မှန်ဘီလူး ခိုင်ခံ့ကောင်းမွန်ခြင်း စတာတွေနဲ့ပြည့်စုံတဲ့ တိမ်ခွဲခြင်းအတွက် ကောင်းပါတယ်ခင်ဗျာ။

ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
ဘိုကင်အတွက် ဝန်ဆောင်ခမရှိပါခင်ဗျာ။

သားသမီး ရယူဖိုတွက် အဆင်ပြေတဲ့ ဆေးရုံကိုညွှန်းပေးချင်ပါတယ်ဗျ။နှစ်တိုင်း ကျွန်တော်ဧည့်သည်တွေလာတိုင်း ပြပေးတဲ့ဆေးသားသမီး ရယ...
18/03/2026

သားသမီး ရယူဖိုတွက် အဆင်ပြေတဲ့ ဆေးရုံကိုညွှန်းပေးချင်ပါတယ်ဗျ။

နှစ်တိုင်း ကျွန်တော်ဧည့်သည်တွေလာတိုင်း ပြပေးတဲ့ဆေးသားသမီး ရယူဖိုတွက် အဆင်ပြေတဲ့ ဆေးရုံကိုညွှန်းပေးချင်ပါတယ်ဗျ။

နှစ်တိုင်း ကျွန်တော်ဧည့်သည်တွေလာတိုင်း ပြပေးတဲ့ဆေးရုံကြီးပါ။

၂၀၂၆ သင်္ကြန်ကာလမှာ ထိုင်းနိုင်ငံအလည်လာရင်း သားသမီးရတနာရယူဖို့ ဖန်ပြွန်သန္ဓေ အတွက် လာရောက်ဆွေးနွေးဖို့ ဆေးရုံရှာဖွေနေရင် ဆက်သွယ်လိုက်ပါခင်ဗျာ။

ဒီဆေးရုံမှာ အတွေ့အကြုံများပြီး ကောင်းမွန်တဲ့ ဖန်ပြွန်သန္ဓေသားလောင်း အထူးပြုဆရာဝန်ကြီးများနှင့်လာရောက်တိုင်ပင်လိုက်ပါခင်ဗျာ။

သားသားလား။ မီးမီးလား။
မျိုးဗီဇဆိုင်ရာရောဂါများ မရှိအောင် စစ်ဆေးသေချာတဲ့ သားသမီး ရယူလိုပါသလား။

ကုန်ကျငွေ မြန်မာငွေ သိန်း ၆၀၀ နဲ့ သားသမီး ရရှိနိုင်မဲ့အခွင့်အရေးပါခင်ဗျာ။

တည်နေရာကတော့-
Phyathai 3 Hospital (Petchkasem Rd, Bangkok)

ဆက်သွယ်ရန်-
Viber 09950311916, 09793426367

လာရောက်သည့်အခါ နိုင်ငံကူးလက်မှတ် (Passport) နှင့် လက်ထပ်စာချုပ် မူရင်းနဲ့ န်ုတြီ ဘာသာပြန် ယူဆောင်လာရန် လိုအပ်ပါသည်။

Dr. Ye Wint Aung

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00
Sunday 09:00 - 15:00

Telephone

+66858482139

Website

Alerts

Be the first to know and let us send you an email when Dr. Ye Wint Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Ye Wint Aung:

Share