26/09/2021
#တာဝတိံသာပဋ္ဌာန်း 🙏🏻🙏🏻🙏🏻
နှစ်စဉ် တော်သလင်းလဆုတ်(၆)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ
ဒီနှစ်အတွက်ဆိုရင်
(26.9.2021) မှ( 20.10.2021)နေ့အထိ
ရက်တွက်ကြည့်ရင် (၂၅)ရက်တိတိရှိပါလိမ့်မယ်
ဘာဖြစ်လို့အဲ့ဒီ့ရက်ကို ယူတာလဲဆိုရင်
မြတ်စွာဘုရားရှင် က ဝါတွင်းသုံးလမှာ တာဝတိံသာနတ်ပြည်တက်ပြီးတရားဟောတော့ ပဋ္ဌာန်းကျမ်းကို နောက်ဆုံး(၂၅)ရက်မှာဟောခဲ့တာမို့
အဲ့ဒီ့ရက်ကို လိုက်ပူဇော်ကြတာပါ
ဒါဆိုရင်
တခုခု ပူဇော်တော့မယ်ဆိုတိုင်း ထုံးစံအတိုင်းပဲ
ဘုရားရှေ့မှာ ပရိကံ ပြုကြမယ်
ခန္ဓာကိုယ်သန့်ရှင်းအောင်ပြုပြီး
ဘုရားပန်းလေးတွေ အဆင်ပြေသလိုလှူကြမယ်
တချို့ ပဋ္ဌာန်းဆီမီး တို့ ၊ရေလမ်း ပန်းလမ်း တို့ အဆင်ပြေသလို လှူကြတယ်
(ကြိုက်သလိုလုပ်ပါ လှူလဲရ မလှူလဲရပါတယ် စိတ်သာအဓိကပါ)
*ဘုရားကန်တော့မယ်
*သီလယူမယ်(၅ပါး/၈ပါး/၉ပါး)
*ခင်ပွန်းကြီးဆယ်ပါးကန်တော့မယ်
*နတ်ဗြဟ္မာတွေ ပင့်ဖိတ် မယ်
*မိမိအချိန်ရရင်ရသလို တခြားဂါထာတွေ ပရိတ်တွေ ကြိုက်တာရွတ်ကြမယ်
*ပြီးရင် ပဋ္ဌာန်း စရွတ်ရုံပါပဲ
#လပြည့်နေ့အထိနေ့စဉ်ရွတ်ရမှာပါ
တနေ့ကိုဘယ်လောက်ရွတ်ရမလဲဆိုရင်
#ကြိုက်သလောက်သာရွတ်
ပဋ္ဌာန်းကိုမှ ဘာတွေ ရွတ်ရမလဲဆိုရင်တော့
#ပဋ္ဌာန်းအကျဉ်း
#ပဋ္ဌာန်းအကျယ်
#ပဋ္ဌာန်းပုစ္ဆာဝါရ
#ပဋ္ဌာန်းပဉှာဝါရ
#ပဋ္ဌာန်းကျမ်း(၅)အုပ်တွဲ
အဲ့ဒါတွေ ထဲကနေ ကြိုက်တာသာရွတ်
ဘယ်အချိန်ရွတ်ရမလဲ ဆိုရင်
#ကြိုက်တဲ့အချိန်ရွတ်
အချိန်မှန်အောင် ရွတ်ရမှာလားလို့ မေးမယ်ဆိုရင်
#မမှန်လဲရတယ်
#မှန်ရင်ပိုကောင်းတယ်
#ပဋ္ဌာန်းမရွတ်ခင် နဲ့
#ပဋ္ဌာန်းရွတ်ပြီး ရင်
တခြားဂါထာ၊မန္တာန်တွေ ၊ပရိတ်တွေ၊ မဟာသမယသုတ်တွေ ကော ရွတ်လို့ရလားဆိုရင်
#ရတယ်ကြိုက်တာသာရွတ်
နေ့စဉ် ရွတ်ဖတ်ပူဇော်လို့ပြီးရင်
ထုံစံအတိုင်း
#မေတ္တာပို့မယ်
#မေတ္တာခံယူမယ်
#သာဓုခေါ်မယ်
#အမျှဝေမယ် ပေါ့
ဒါဆို တာဝတိံသာပဋ္ဌာန်းပူဇော်လို့ရပါပြီ🙏🏻🙏🏻🙏🏻
🙏🏻ပြန်လည်မျှဝေပါသည်ဘုရား🙏🏻