13/04/2024
❤️❤️❤️စိတ်ချစွာ မွေးကင်းစကလေး အာဟာရတိုက်ကျွေးနိုင်ရန်အလို့ငှာ ❤️❤️❤️
မွေးကင်းစကလေး အာဟာရတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ တိုက်ကျွေးမည့်နို့ရည်ဟာ စိတ်ချလုံခြုံမှု ၄ချက်နှင့် ကိုက်ညီရပါမယ်။
၁။ Biological safety ပိုးမွှားကင်းစင်ကြောင်း စိတ်ချယုံကြည်ရမှု
၂။ Chemical safety ဓါတုဆေးဝါးကင်းစင်ကြောင်း စိတ်ချယုံကြည်ရမှု
၃။ Nutritional safety အာဟာရပြည့်မီမှန်ကန်ကြောင်း စိတ်ချယုံကြည်ရမှု
၄။ Financial safety ငွေကြေးကုန်ကျစရိတ် တတ်နိုင်ကြောင်း စိတ်ချယုံကြည်ရမှုတို့ပဲ ဖြစ်ပါတယ်။
ဒီလေးချက်စလုံး ပြည့်မီတဲ့ အာဟာရကို ပြောပါဆိုရင် မိခင်နို့ကိုပဲ ပြောရပါမယ်။
- Biological safety အတွက်ဆိုရင် မိခင်နို့ဟာ ကလေးအတွက် အသန့်ဆုံး sterile အဖြစ်ဆုံးပါပဲ။ မိခင်နို့ဟာ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း Secretory antibodies Ig Mတွေပါလို့ ဝမ်းပျက်ဝမ်းလျောခြင်း၊ ဓါတ်မတဲ့ခြင်း၊ ပိုးဝင်ခြင်းမှ ကာကွယ်ပေးပါတယ်။သို့သော် မိခင်မှာ HIVပိုးကဲ့သို့သော ကူးစက်ရောဂါရှိပါက မိခင်နို့ကို မတိုက်ကျွေးရင် ပိုကောင်းပါတယ်။ မိခင်နို့ထက် အစားထိုးနို့ Replacement feeding က Safety မဖြစ်မှသာ မိခင်နို့ကို တစ်မျိုးထဲ ၆လအထိ တိုက်ကျွေးရပါမယ်။
- နို့မှုန့်နဲ့မိခင်နို့ ရောတိုက်တဲ့mixed feeding မဖြစ်ဖို့ အရေးကြီးပါတယ်။ အကယ်၍ နိူ့မှုန့်တိုက်မယ်ဆို ပိုးမွှားကင်းစင်ဖို့ အထူးဂရုစိုက်ရပါတယ်။ မဖျော်ခင် လက်ကို ဆပ်ပြာနဲ့ ပြောင်နေအောင်ဆေးမယ်။ နို့ဖျော်တဲ့ဗူးကို ရေနွေးပွက်ပွက်ဆူထဲမှာ အနဲဆုံးမိနစ်၂၀ကြာအောင်ပြုတ်မယ်။ နို့မှုန့်ကို ရေနွေးပွက်ပွက်ဆူနဲ့ဖျော်မယ်။ သောက်ပြီးနို့ဗူးကို ပိုးမပေါက်အောင် ချက်ခြင်းဆေးကြောပြီး နောက်တကြိမ်မသုံးမီ ပြန်ပြုတ်ထားဖို့လိုပါတယ်။
- နို့မှုန့်ဟာ ထုတ်လုပ်မှုအဆင့်တိုင်းမှာ ပိုသတ်ထားပြီး မှိုနဲ့ ဘက်တီးရီးယားကင်းစင်တဲ့ နို့မှုန့်ဖြစ်ရပါမယ်။ လူကြီးသောက်တဲ့ commercial milk powder တွေ၊ ပျားရည်၊ နို့ဆီနဲ့ ထမင်းခွံ့တာတွေဟာ Biological safety နဲပြီး ကလေးကို ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ သွေးဆိပ်တက်ခြင်းစတဲ့ ဒုက္ခတွေပေးတတ်ပါတယ်။
- Chemical safety ဓါတုဆေးဝါးဓါတ်ကင်းစင်ခြင်း နဲ့ပတ်သက်လို့ အကောင်းဆုံ့နို့ကို ညွှန်းပါဆို မိခင်နို့ပဲညွှန်းရပါမယ်။ မိခင်က စားလိုက်တဲ့အာဟာရတွေကို အစာအိမ်နဲ့အူလမ်းကြောင်းက ချေဖျက်စုပ်ယူမယ်။ ပါတဲ့ အန္တရယ်ဖြစ်နိုင်သော ဆေးဝါးနဲ့ဓါတုပစ္စည်းတွေကို အသည်းက ချေဖျက်မယ်။ ပြီးမှ သွေးထဲ အာဟာရတွေရောက်မယ်။ ရင်သားကနို့ရည်ပြုဂလင်းတွေက သွေးထဲကအာဟာရတွေနဲ့ နို့ရည်ပြုလုပ်ပေးမယ်။ ဒါကြောင့် မိခင်နို့ရည်ဟာ အန္တရယ်ရှိ သတ္ထုတွေဖြစ်တဲ့ မာကျူရီ၊ ခဲ၊ အာဆင်းနစ်နဲ့ ကတ်ဒမီရမ် သတ္ထုဓါတ်တွေ မပါနော့ပါဘူး။
- မွေးကင်းစအတွက် သီးသန့်ထုတ်ထားတဲ့ formula milk တွေမှာလဲ ဒီလိုအန္တရာယ်ရှိတဲ့ သတ္ထုဓါတ်တွေ ကင်းစင်အောင် သန့်စင်ထားရပါတယ်။ Chemical safety လို့ပြောရင် အန္တရယ်ရှိ ဓါတုပစ္စည်းကင်းစင်ရုံတစ်ခုမဲ့ မရပါဘူး။
- နို့ရည်ရဲ့ ပျင်းအားosmolarity ကလည်း အရေးကြီးပါတယ်။ ကလေးရဲ့ အူလမ်းကြောင်းဟာ ပျင်းအားများ/နဲတဲ့ အရည်ဓါတ်တွေကို ခံနိုင်ရည်မရှိပါဘူး။ ရေတိုက်ရင် ရေဟား ပျင်းအားနဲတဲ့အတွက် ကလေးရဲ့အူလမ်းကြောင်းကို အနာဖြစ်ရုံမက သွေးထဲက ဆားဓါတ်တွေကို ကမောက်ကမဖြစ်စေတတ်ပါတယ်။ ပျားရည်၊ နို့ဆီနဲ့ commercial milk တွေ ကတော့ ပျင်းအားများတဲ့အတွက် ကလေးကိုယ်ထဲက ရေကို ဝမ်းထဲ ဆွဲယူလို့ ဝမ်းပျက်ပြီး ရေဓါတ်ခန်းခြောက်တတ်ပါတယ်။
- Nutritional safety လို့ပြောဖို့ဆို အာဟာရက နည်းလို့ ကိုယ်အလေးချိန်မတက်တာအပြင် များလို့ အဝလွန်တာကိုလဲ ထဲ့စဉ်းစားရပါမယ်။ Optimum nutrition ဖြစ်ဖို့ဆို ကလေးကိုယ်အလေးချိန် ပုံမှန်တက်ဖို့ နို့ရည် တိုက်ကျွေးခြင်းက အရေးပါပါတယ်။ တိုက်ကျွေးမှုနဲခြင်း (အကြိမ်ရည်/ပမာဏ)အပြင် အလွန်ထိုးသိပ်တိုက်ကျွေးခြင်း overfeeding ကပါ nutritional safety မဖြစ်စေပါဘူး။
- Commercial milk powder တွေဟာ non dairy creamer တွေဖြစ်ပြီး ဆီအုန်းကနေထုတ်ထားတာဖြစ်လို့ ကဆီဓါတ်ပဲအဓိကပါဝင်ပြီး အသားဓါတ်နဲ့ အကျိုးပြုအဆီဓါတ်တွေ အရမ်းနဲပါးပါတယ်။ ဒါကြောင့် ကလေးဟာ ဖောင်းကားလာပြီး အသားဓါတ်မရလို့ ဉာဏ်ရည်နဲ့ ကြွက်သားဖွံ့ဖြိုးမှုကို ထိခိုက်တတ်ပါတယ်။ ၆လမပြည့်ခင် ထမင်းခွံခြင်းဟာလည်း အလားတူပါပဲ။
- Financial safety ကတော့ အထူးပြောစရာမလိုပါဘူး။ မိခင်နို့ဟာ ဈေးချိုပေမည့် ကလေးအတွက် ရွှေပါပဲ။ အမေသာ အာဟာရမျှတအောင် စားမယ်ဆို ကလေးငါးနှစ်အောက်သေဆုံးနှုန်းကို ၁၃ရာခိုင်နှုန်းထိ လျှော့ခပေးနိုင်ပါတယ်။ ဖျားနာမှုနဲ့တဲ့အတွက် ဆေးဖိုးဝါးခ ကုန်ကျစရိတ်သက်သာမယ်၊ မိခင်ဟာလဲ နို့တိုက်ကျွေးခြင်းဖြင့် ရင်သားနဲ့ မျိုးဥအိမ်ကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးတဲ့အတွက် နောက်ဆက်တွဲ ဆေးကုသစရိတ်တွေ သက်သာပါမယ်။ မွေးကင်းစကလေးတိုက်ကျွေးတဲ့ နို့မှုန့်ဟာ ကုန်ကျစရိတ်ရှိပါတယ်။ ဒါကြောင့် တစ်ရက်စာအတွက်မကြည့်ပဲ ၆လမှ တစ်နှစ်နှစ်နှစ်စာ နို့မှုန့်ဖိုးအတွက် Financial safety ရှိမှသာ ရွေးချယ်သင့်ပါတယ်။
Photo from google
Credits ဆရာKlean