ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Yangon
  • ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး

ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး Medical Care,Family Health Care,Medical Check up

19/09/2025

Medical Care,Family Health Care,Medical Check up

ဝမ်းချုပ်နေရင် ဒီအစားအစာလေးတွေ စားပေးပါ🍽️ဝမ်းချုပ်ခြင်းက အင်မတန်မှကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင်... နောက်ဆက်တွ...
19/09/2025

ဝမ်းချုပ်နေရင် ဒီအစားအစာလေးတွေ စားပေးပါ🍽️

ဝမ်းချုပ်ခြင်းက အင်မတန်မှကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင်...

နောက်ဆက်တွဲအနေနဲ့ခေါင်းကိုက်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ ကိုယ်လက်ထိုင်းမှိုင်းလေးလံခြင်း စတာတွေကိုပါ ခံစားရနိုင်ပါတယ်။

ပေါ့ပေါ့ဆဆ နေထိုင်မယ်ဆိုရင်တော့ အဆိုးရွားဆုံးရောဂါတွေဖြစ်တဲ့👇🏻

◾လိပ်ခေါင်းရောဂါ
◾အူမကြီးကင်ဆာ
◾ဝမ်းသွားတဲ့အခါသွေးပါခြင်း အထိပါ ဖြစ်လာနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို သက်သာစေဖို့အတွက် အောက်ပါအစားအစာလေးတွေကို စားပေးနိုင်ပါတယ်။

✅အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ
- ပဲအမျိုးမျိုး၊ အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဖြစ်တဲ့ ပန်းသီး၊ သစ်တော်သီး၊ ထောပတ်သီး၊ ကီဝီသီး၊ နာနတ်သီး၊ သရက်သီး၊ ကန်စွန်းဥစတာတွေ စားပေးပါ။

- အမျှင်ဓာတ်က အစာကို ချေဖျက်တဲ့ဖြစ်စဉ်ကို ကူညီပေးပြီး အူလမ်းကြောင်းကို သန့်စင်စေပါတယ်။

✅အရည်ဓာတ်များများပါဝင်တဲ့ အစားအစာများ

- ရေဓာတ်ပါဝင်မှုများတဲ့ ဖရဲသီး၊ သခွားသီး၊ ခရမ်းချဉ်သီး စတာတွေ စားပေးပါ။

- ရေဓာတ်ပြည့်ဝမှ အစာခြေစနစ်က ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး ဝမ်းကို ပျော့စေမှာဖြစ်ပါတယ်။

✅Probiotics ပါဝင်တဲ့ အစားအစာများ

- ဒိန်ချဉ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာများ၊ ကင်မ်ချီ စတာတွေကို စားပေးပါ။

- Probiotics က အူလမ်းကြောင်းထဲမှာရှိတဲ့ ကောင်းတဲ့ဘက်တီးရီးယားတွေကို ပိုများလာစေပြီး အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

ဒီအစားအစာတွေကို စားသုံးပြီး ဝမ်းမှန်လာအောင် ကြိုးစားကြည့်ပါ။

ဝမ်းချုပ်တာက မကြာခဏဆိုသလို ဖြစ်နေရင် ဒါမှမဟုတ် ပြင်းထန်လာရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
#ကျန်းမာပါစေ #ဆေးခန်း

ဖျားနာတယ်ဆိုတာ မလွဲမသွေကြုံတွေ့ရမယ့် အရာတစ်ခုပါ...အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အခါ၊ ရာသီဥတုအပြောင်းအလဲနဲ့ ကြုံရတဲ့အခါမျ...
18/09/2025

ဖျားနာတယ်ဆိုတာ မလွဲမသွေကြုံတွေ့ရမယ့် အရာတစ်ခုပါ...

အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့အခါ၊ ရာသီဥတုအပြောင်းအလဲနဲ့ ကြုံရတဲ့အခါမျိုးတွေမှာ ကိုယ်ခံအားတွေကျဆင်းပြီး မလန်းမဆန်းဖြစ်ကာ ရောဂါဝေဒနာတစ်ခုခု ခံစားရတတ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ဆေးဝယ်သောက်လိုက်ရင် ပျောက်နိုင်တဲ့အဖျားရှိသလို ဆေးခန်းပြမှ ပျောက်တဲ့အဖျားလည်းရှိနိုင်ပါတယ်။

ကျန်းမာပါစေ-အထူးကုဆေးခန်းမှာတော့👇🏻

✅သာမန်ဖျားနာခြင်းအပြင် ရောဂါအမျိုးမျိုးကို စနစ်တကျစမ်းသပ်စစ်ဆေးပြီး ကုသပေးခြင်း

✅ခေတ်မီစက်ပစ္စည်းများဖြင့် သွေး၊ ဆီး၊ ချွဲ၊ သလိပ် ဓာတ်မှန်စတဲ့ စစ်ဆေးမှုများကို တစ်နေရာတည်းတွင် ပြုလုပ်နိုင်ခြင်း

✅နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးစတဲ့ နာတာရှည်ရောဂါများအတွက် သက်ဆိုင်ရာ အထူးကုဆရာဝန်များဖြင့် စနစ်တကျ ပြသနိုင်ခြင်း

✅အိမ်အရောက် ကုသပေးတဲ့ဝန်ဆောင်မှုများကိုလည်း ရယူနိုင်ပါတယ်။

ရောဂါဝေဒနာတစ်ခုခု ခံစားနေရပြီဆိုတာနဲ့ ကျန်းမာပါစေ-အထူးကုဆေးခန်းကို သတိရလိုက်ပါ။

မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် ဘာပဲလိုအပ်သည်ဖြစ်စေ ကျန်းမာပါစေ-အထူးကုဆေးခန်းကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။🥰

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

ဘယ်အချက်တွေက ညဘက်အိပ်မပျော်နိုင်စေသလဲ?အဖြေမှန်လေးကို comment မှာ ဖြေပေးခဲ့ကြဦးနော်။A. ညဘက် ကော်ဖီ၊ လက်ဖက်ရည် သောက်သုံးခြ...
17/09/2025

ဘယ်အချက်တွေက ညဘက်အိပ်မပျော်နိုင်စေသလဲ?
အဖြေမှန်လေးကို comment မှာ ဖြေပေးခဲ့ကြဦးနော်။

A. ညဘက် ကော်ဖီ၊ လက်ဖက်ရည် သောက်သုံးခြင်း
B. ညစာ စောစောစားခြင်း
C. အိပ်ရာမဝင်ခင် ရေနွေးနွေးဖြင့် ရေချိုးခြင်း

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

သွေးတိုးရောဂါသမားတွေ ရှောင်ရမည့်အချက်များ💡သွေးတိုးရောဂါရှိသူများအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ဒီနေ့မ...
16/09/2025

သွေးတိုးရောဂါသမားတွေ ရှောင်ရမည့်အချက်များ💡

သွေးတိုးရောဂါရှိသူများအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာတော့ သွေးတိုးသမားများအတွက် ရှောင်ရန်များကို ပြောပြပေးသွားပါမယ်။

📌ဆားလျှော့စားပါ
- အစားအသောက်မှာ ဆားပါဝင်မှုများရင် သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။

- အချိုမှုန့်၊ အငန်ဓာတ်များတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နဲ့ ဆားနယ်ထားတဲ့ အစားအသောက်တွေကို လျှော့စားသင့်ပါတယ်။

📌အဆီများတဲ့ အစားအသောက်များ ရှောင်ပါ
- ဝက်သား၊ အဆီများတဲ့ အမဲသား၊ ကြက်အရေခွံနဲ့ အဆီများတဲ့ အစားအသောက်တွေဟာ သွေးတွင်းကိုလက်စထရောကို မြင့်တက်စေပြီး သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

📌အချိုရည်နဲ့ အချိုဓာတ်ပါတဲ့ အစားအသောက်တွေ လျှော့စားပါ
- သကြားဓာတ်များတဲ့ အချိုရည်တွေ၊ ကိတ်မုန့်နဲ့ ချိုချဉ်တွေဟာ ကိုယ်အလေးချိန်ကိုတက်စေပြီး သွေးတိုးရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

📌ဆေးလိပ်နှင့် အရက်ဖြတ်ပါ
- ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်ကို တက်စေပါတယ်။

- ဒါ့ကြောင့် ဆေးလိပ်နဲ့ အရက်ကို ဖြတ်နိုင်ရင် အကောင်းဆုံးပါပဲ။

📌စိတ်ဖိစီးမှုလျှော့ချပါ
- စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေပြောင်းလဲပြီး သွေးပေါင်ချိန်တက်စေနိုင်ပါတယ်။

- ဒါကြောင့် စိတ်ကိုအေးချမ်းအောင်ထားပြီး လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

အထက်ပါ အချက်တွေကို လိုက်နာပြီး ကိုယ့်ရဲ့သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပေးဖို့လည်း အရေးကြီးပါတယ်။

နေ့စဉ် လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ သွေးတိုးရောဂါကို ထိန်းချုပ်နိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
#ကျန်းမာပါစေ #ဆေးခန်း #သွေးတိုး #ရှောင်ရန်

ပေါ့ဆလို့မရတဲ့ အစာအိမ်ရောဂါ‼️အစာအိမ်ရောဂါကို များသောအားဖြင့် လူတွေက ပေါ့ပေါ့ဆဆ သဘောထားတတ်ကြပါတယ်။ဒါပေမဲ့ ပေါ့ဆလို့ မရတဲ့...
15/09/2025

ပေါ့ဆလို့မရတဲ့ အစာအိမ်ရောဂါ‼️

အစာအိမ်ရောဂါကို များသောအားဖြင့် လူတွေက ပေါ့ပေါ့ဆဆ သဘောထားတတ်ကြပါတယ်။

ဒါပေမဲ့ ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပြီး ရေရှည်မှာ ပိုမိုဆိုးရွားလာနိုင်တာမို့ အချိန်မှီ ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

ရင်ပူတာ၊ လေချဉ်တက်တာ၊ အစာမကြေတာနဲ့ ဗိုက်အောင့်တာတွေကို ခဏခဏ ခံစားနေရပြီဆိုရင် လျစ်လျူမရှုသင့်ပါဘူး။

ဒီလို လက္ခဏာတွေက သာမန်လို့ ထင်ရပေမဲ့ အစာအိမ်ရောဂါရဲ့ အစပျိုး လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ အစာအိမ် အနာဖြစ်တာ၊ အစာအိမ်သွေးယိုတာနဲ့ အစာအိမ်ကင်ဆာလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အစာအိမ်ရောဂါကို စောစီးစွာ ရှာဖွေကုသနိုင်ဖို့အတွက် ပေါ့ပေါ့ဆဆ မနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဆွေးနွေးတာဟာ အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ကျန်းမာပါ‌စေ - အထူးကုဆေးခန်းမှာဆိုရင်

✅အစာအိမ်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ၊

✅လိုအပ်တဲ့ ကုသမှုတွေကို

✅အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ ဝန်ဆောင်မှုတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

သင်ရဲ့ အစာအိမ်ကျန်းမာရေးကို အလေးထားပြီး မှန်ကန်တဲ့ ကုသမှုတွေ ခံယူဖို့ အစာအိမ်ရောဂါလက္ခဏာ‌တွေ ဖြစ်နေပြီဆိုရင်
ကျန်းမာပါစေ - အထူးကုဆေးခန်းကို လာရောက်ကုသပါလို့ အကြံပြုပါရ‌စေ။👨🏻‍⚕️

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း #အစာအိမ်

ရှင်းရှင်းလေးပဲ😎 #ကျန်းမာပါစေ  #ဆေးခန်း
14/09/2025

ရှင်းရှင်းလေးပဲ😎
#ကျန်းမာပါစေ #ဆေးခန်း

သက်ရှည်ကျန်းမာစွာ နေနိုင်ဖို့ လိုက်နာရမည့်အချက်များ✨လူတိုင်းက ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည်နေချင်ကြပါတယ်။ဒါပေမယ့် ဘယ...
13/09/2025

သက်ရှည်ကျန်းမာစွာ နေနိုင်ဖို့ လိုက်နာရမည့်အချက်များ✨

လူတိုင်းက ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည်နေချင်ကြပါတယ်။

ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ လူတိုင်းမသိကြပါဘူး။

တကယ်တော့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်နေစိတ်ထားတွေကို ဂရုစိုက်လိုက်ရုံနဲ့ အသက်ရှည်ကျန်းမာစွာ နေနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

📌အစားအသောက်
- ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာတွေကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေဖြစ်ပါတယ်။

- အချိုများတဲ့ အစားအစာတွေနဲ့ အချိုရည်တွေကို ရှောင်ပါ။

- ဆီကြော်အစားအသောက်တွေနဲ့ ready made အစားအစာတွေကိုလည်း တတ်နိုင်သလောက်လျှော့စားပါ။

- အစားအစာကို အချိန်မှန်စားပြီး ရေများများသောက်ပေးပါ။

📌ကိုယ်လက်လှုပ်ရှားမှု
- ခန္ဓာကိုယ်ကို ပုံမှန်လှုပ်ရှားပေးခြင်းက ကျန်းမာရေးအတွက် အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါပဲ။

- တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်တာ၊ ဒါမှမဟုတ် ယောဂကျင့်တာတွေ ပြုလုပ်နိုင်ပါတယ်။

- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေက ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

📌စိတ်ကျန်းမာရေး
- စိတ်ဖိစီးမှုတွေများနေရင် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

- ဒါကြောင့် စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ နားနေချိန်ယူပါ။ ကိုယ့်စိတ်ကြိုက် ဝါသနာပါရာတစ်ခုခုကိုလုပ်တာ၊ တရားထိုင်တာ၊ ဒါမှမဟုတ် သီချင်းနားထောင်တာမျိုးတွေ လုပ်နိုင်ပါတယ်။

- အိပ်ရေးဝဝအိပ်တာကလည်း စိတ်နဲ့ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။

📌အိပ်ရေးဝဝအိပ်ပါ
- နေ့စဉ် အိပ်ချိန် (၇) နာရီမှ (၈) နာရီအထိ အိပ်စက်သင့်ပါတယ်။ အိပ်ရေးမဝတာက ရောဂါမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။

ဒီအချက်တွေကို နေ့စဉ်ဘဝမှာ ပုံမှန်လိုက်နာကျင့်သုံးသွားမယ်ဆိုရင် အသက်ရှည်ကျန်းမာပြီး ပိုမိုပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။🥰
#ကျန်းမာပါစေ #ဆေးခန်း

ကျန်းမာပါစေ အထူးကုဆေးခန်းကို ဘာကြောင့်ရွေးချယ်သင့်တာလဲ❓လူရယ်လို့ဖြစ်လာပြီဆိုရင် ဖျားမယ်၊ နာမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ဝေဒန...
12/09/2025

ကျန်းမာပါစေ အထူးကုဆေးခန်းကို ဘာကြောင့်ရွေးချယ်သင့်တာလဲ❓

လူရယ်လို့ဖြစ်လာပြီဆိုရင် ဖျားမယ်၊ နာမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ဝေဒနာတစ်ခုမဟုတ်တစ်ခုခံစားရမယ်။

ဖျားနာတာတွေက အသက်ကြီးမှဖြစ်နိုင်တာမဟုတ်ပါဘူး၊ အသက်အရွယ်မရွေး အနေအထိုင် အစားအသောက်မှားပြီဆိုတာနဲ့ ရောဂါတစ်ခုမဟုတ် တစ်ခု ဝင်လာနိုင်ပါတယ်။

ဒီလိုနာမကျန်းဖြစ်လာပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ သမားတော်တွေနဲ့ ပြသပြီး ဆွေးနွေးတိုင်ပင် ကုသမှုခံယူရပါမယ်။

ဒီတော့ ရောဂါဝေဒနာ တစ်မျိုးမျိုး ခံစားနေရပြီဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ခင် မပေါ့ဆပဲ ဆေးရုံဆေးခန်းကို လာရောက်ပြသပြီး ဆွေးနွေး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

ကျန်းမာပါစေ အထူးကုဆေးခန်းမှာဆိုရင်

✅အထူးကုဆရာဝန်ကြီးတွေ၊ အ‌ထွေထွေရောဂါကု ဆရာဝန်‌တွေ
နဲ့ ကျန်းမာရေးကုသစောင့်ရှောက်မှုတွေ လုပ်ပေးတယ်

✅ECG, Ultrasound, Color Doppler စတာတွေအကုန်စစ်လို့ရတယ်

✅ကာကွယ်ဆေးတွေလည်းထိုးပေးတယ်

✅မှတ်ပုံတင်ပြီးသား အရည်အသွေးမြင့် ဆေးဝါးတွေကိုပါ တစ်‌ခါတည်းဝယ်ယူလို့ရတယ်

✅အိမ်တိုင်ရာအရောက် ဝန်ဆောင်မှုတွေနဲ့လည်း ကုသပေးသေးတယ်

ကဲ... ဒီတော့ ဘာလိုသေးလဲ? ‌ရောဂါအစပြုလာပြီ (သို့) နာမကျန်းဖြစ်နေပြီလို့ ခံစားနေရပြီဆိုရင် ကျန်းမာပါစေ - အထူးကုဆေးခန်းကိုသာ သတိရလိုက်ပါ။

အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ ဆောင်ရွက်ကုသပေးဖို့ အသင့်ရှိနေပါတယ်။

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

အောက်ပါမေးခွန်းအတွက် အဖြေမှန်ကို ရွေးချယ်ပါ။လေးဖက်နာရောဂါက ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်လဲ?A) ရောဂါကူးစက်မှုကြောင့်B) ကိုယ...
11/09/2025

အောက်ပါမေးခွန်းအတွက် အဖြေမှန်ကို ရွေးချယ်ပါ။

လေးဖက်နာရောဂါက ဘယ်လိုအခြေအနေတွေမှာ ဖြစ်တတ်လဲ?

A) ရောဂါကူးစက်မှုကြောင့်
B) ကိုယ်ခံအားစနစ်က ကိုယ်ခန္ဓာရှိ ကျန်းမာသောတစ်ရှူးများကို ပြန်တိုက်ခိုက်သောကြောင့်
C) အစားအသောက်မှားယွင်းစွာစားသုံးခြင်းကြောင့်

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ💡သွေးတိုးရောဂါဆိုတာ သွေးပေါင်ချိန် ပုံမှန်ထက် မြင့်နေတာကို သွေးတိုးရောဂါလို့ခေါ်ပါတယ်။ရ...
10/09/2025

သွေးတိုးရောဂါအကြောင်း သိကောင်းစရာ💡

သွေးတိုးရောဂါဆိုတာ သွေးပေါင်ချိန် ပုံမှန်ထက် မြင့်နေတာကို သွေးတိုးရောဂါလို့ခေါ်ပါတယ်။

ရောဂါလက္ခဏာကို အစောပိုင်းမှာ မသိနိုင်တဲ့အတွက် 'တိတ်တဆိတ် သေစေတတ်သော ရောဂါ' လို့လည်း သတ်မှတ်ကြပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူသန်းပေါင်းများစွာကို သက်ရောက်နေတဲ့ အဖြစ်များတဲ့ ရောဂါတစ်မျိုးကတော့ သွေးတိုးရောဂါပဲဖြစ်ပါတယ်။

ဘာကြောင့် သွေးတိုးရောဂါဖြစ်ရတာလဲ❓

- အသက်ကြီးလာတာနဲ့အမျှ သွေးတိုးဖြစ်ဖို့ ပိုများလာပါတယ်။

- မိသားစုထဲမှာ သွေးတိုးရောဂါရှိရင် ကိုယ်တိုင်လည်း သွေးတိုးဖြစ်ဖို့ပိုများပါတယ်။

- ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ ဆားများများစားခြင်း၊ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့က သွေးတိုးဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။

- ဆီးချို၊ ကျောက်ကပ်ရောဂါနဲ့ အိပ်ပျော်နေစဉ် အသက်ရှူရပ်တဲ့ ရောဂါမျိုးတွေကလည်း သွေးတိုးကို ဖြစ်စေနိုင်ပါတယ်။

သွေးတိုးရောဂါကို ဘယ်လိုကာကွယ်နိုင်မလဲ❓

- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ များများစားပြီး ဆား၊ အဆီနဲ့ သကြားကို လျှော့စားပါ။

- တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် လမ်းလျှောက်တာ၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။

- ကိုယ်အလေးချိန်ကို ထိန်းထားခြင်းက သွေးပေါင်ချိန်ကို ကျစေနိုင်ပါတယ်။

- ဆေးလိပ်ဖြတ်တာနဲ့ အရက်သောက်တာကို လျှော့ချတာက သွေးပေါင်ချိန်ကို ကောင်းမွန်စေပါတယ်။

- လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာနဲ့ တရားထိုင်တာတွေက စိတ်ဖိစီးမှု လျှော့ချဖို့ အထောက်အကူပြုပါတယ်။

ပုံမှန် သွေးပေါင်ချိန်တိုင်းတာခြင်းက သွေးတိုးရောဂါကို စောစီးစွာသိရှိစေနိုင်ပါတယ်။

သွေးတိုး‌ရောဂါကို မကုသဘဲထားရင် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာပြီး လိုအပ်ရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့က သင့်ရဲ့ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။
#ကျန်းမာပါစေ #ဆေးခန်း

အိမ်အရောက်ကုသပေးနေတဲ့ ကျန်းမာပါစေ...လှဲနေရာကနေမထနိုင်လို့ ဆေးခန်းပြဖို့ မလွယ်ကူတဲ့လူနာတွေ၊သက်ကြီးပိုင်း လူနာတွေအတွက် ကျန...
09/09/2025

အိမ်အရောက်ကုသပေးနေတဲ့ ကျန်းမာပါစေ...

လှဲနေရာကနေမထနိုင်လို့ ဆေးခန်းပြဖို့ မလွယ်ကူတဲ့လူနာတွေ၊

သက်ကြီးပိုင်း လူနာတွေအတွက် ကျန်းမာပါစေ-အထူးကုဆေးခန်းမှာ အိမ်အရောက် ကုသပေးနေတဲ့ ဝန်ဆောင်မှုလေးရှိပါတယ်။

✅နာတာရှည်ရောဂါ
✅ဆီးချို၊ သွေးတိုး
✅သက်ကြီးရောဂါအပါအဝင် ဖျားနာခြင်းနဲ့ အခြားရောဂါဝေဒနာများအားလုံးကို

ကျန်းမာပါစေ-အထူးကုဆေးခန်းမှ
✅အိမ်အရောက်ကုသမှုများ
✅နှလုံးစမ်းသပ်စက်ဖြင့် စမ်းသပ်ပေးခြင်း (ECG)
✅Ultrasound ရိုက်ပေးခြင်း
✅သွေး၊ ဝမ်း၊ ဆီး၊ သလိပ် စစ်‌ဆေးရောဂါရှာဖွေပေးခြင်း
စတာတွေအပြင် တာဝန်ကျ ဆရာဝန်များကိုယ်တိုင် အိမ်တိုင်ရာရောက် ‌ဆောင်ရွက်ကုသပေးနေတာဖြစ်ပါတယ်။

မိမိအိမ်မှာရှိကြတဲ့ ဖိုးဖိုးဖွားဖွားတွေရဲ့ ကျန်းမာရေးစိတ်ပူစရာမလိုအောင် တစ်ပတ်တစ်ခါ (သို့) တစ်လတစ်ခါ Medical Check Up တွေလည်း ပြုလုပ်ပေးနေပါတယ်။

ကိုယ်ကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက်ရော မိသားစုဝင်များရဲ့ ကျန်းမာရေးအတွက်ပါ အကောင်းဆုံး ဆောင်ရွက်ကုသပေးနေတာဖြစ်လို့ နာမကျန်းဖြစ်ပြီဆိုရင် ကျန်းမာပါစေ-အထူးကုဆေးခန်းကို သတိရလိုက်ပါ။🥰

ဆက်သွယ်ရန်👇🏻
Contact Number: 09-886002200, 09-758100045, 09-768100035

Viber Number: 09886001100

📍အမှတ် (၂၄၄, ၂၄၆)၊ အခန်း (၄၀၁)၊ မြေညီထပ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
#ကျန်းမာပါစေ #ဆေးခန်း #အိမ်အရောက် #ကုသမှု

Address

244/246 Ground Floor , Pansodan Road. , Kyauk Tatar Twnsp. Yangon
Yangon

Opening Hours

Monday 08:30 - 11:00
16:00 - 21:00
Tuesday 08:30 - 11:00
16:00 - 21:00
Wednesday 08:30 - 11:00
16:00 - 21:00
Thursday 08:30 - 11:00
16:00 - 21:00
Friday 08:30 - 11:00
16:00 - 21:00
Saturday 16:00 - 21:00
Sunday 16:00 - 21:00

Telephone

+959788201665

Website

Alerts

Be the first to know and let us send you an email when ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျန်းမာပါစေ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram