WUTT YEE - Pharmacy

WUTT YEE - Pharmacy ဝတ်ရည် (ဆေးမျိုးစုံရောင်းဝယ်ရေး)

လူတော်တော်များများ သတိမထားမိဘဲ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ သွေးပျစ်ခြင်းပါ။ သွေးပျစ်လာရင် သွေးတွင်း အောက်စီဂျင်...
09/10/2025

လူတော်တော်များများ သတိမထားမိဘဲ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ သွေးပျစ်ခြင်းပါ။ သွေးပျစ်လာရင် သွေးတွင်း အောက်စီဂျင် လျော့နည်းလာတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သွေးပျစ်ရခြင်းရဲ့ အကြောင်းရင်းတွေက စိတ်ခံစားမှု၊ နေထိုင်စားသောက်မှုပုံစံတွေနဲ့ သက်ဆိုင်နေပါတယ်။

သွေးပျစ်လာကြောင်း ခန္ဓာကိုယ်က ပေးပို့တဲ့ လက္ခဏာ (၄) မျိုး
သွေးပျစ်လာတဲ့အခါ ခန္ဓာကိုယ်ကနေ ပေးပို့တဲ့ အဓိက သတိပေးချက် ၄ မျိုးကတော့...

၁။ နံနက်ခင်းတွင် ခေါင်းမူးပြီး အားအင်မရှိခြင်း
မနက်အိပ်ယာထတာနဲ့ ခေါင်းမူးပြီး လန်းဆန်းမှုမရှိဘဲ ဖြစ်နေတတ်ပါတယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတတ်ပါတယ်။

၂။ နေ့လည်စာစားပြီးနောက် အလွန်အမင်း အိပ်ချင်ခြင်း
နေ့လည်စာ စားပြီးတာနဲ့ အရမ်းအိပ်ချင်ပြီး မအိပ်လို့ မရနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။

၃။ အမောဖောက်ခြင်း သို့မဟုတ် အသက်ရှူမဝခြင်း
ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့ မကောင်းတာမျိုး ခံစားရတတ်ပါတယ်။ ခန္ဓာကိုယ် ဝဖြိုးလာခြင်းလည်း ဖြစ်နိုင်ပါတယ်။

၄။ အမြင်အာရုံ ရုတ်တရက် ဝေဝါးခြင်း
ရုတ်တရက် အမြင်အာရုံ ဝေဝါးသွားတာ၊ ချက်ချင်း ကောင်းကောင်းမမြင်ရတာမျိုး ခံစားရတတ်ပါတယ်။

ခန္ဓာကိုယ်က သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင် အမြန်ဆုံး ကုစားဖို့ လိုအပ်ပါတယ်။

သွေးခဲခြင်းကြောင့် ခံစားရနိုင်သော အခြားရောဂါလက္ခဏာများ
အများစုက သွေးပျစ်တာကနေ သွေးခဲတွေ ဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေကို စတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့-

အမြင်အာရုံဝေဝါးခြင်း

မူးဝေခြင်း

သွေးခြေဥလွယ်ခြင်း

ရာသီသွေးအဆင်းများခြင်း

ခေါင်းကိုက်ခြင်း

သွေးပေါင်ချိန်တက်ခြင်း

အရေပြားယားယံခြင်း

အားအင်မရှိ နုံးချိခြင်း

အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။

အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါ ကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

သွေးပျစ်တာကို သက်သာစေမယ့် နည်းလမ်း (၅) မျိုး
သွေးပျစ်တာကို လျော့ပါးသက်သာစေဖို့အတွက် အောက်ပါ နည်းလမ်း ၅ မျိုးကို လိုက်နာသင့်ပါတယ်။

၁။ ရေများများသောက်ပါ
၂။ ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ
ကိုလက်စထရောကို တားဆီးနိုင်တဲ့ အာနိသင်ရှိပြီး ရေဓာတ်၊ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပါ။
၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာများ လျှော့စားပါ
၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ
၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ

သွေးပျစ်ခြင်းအတွက် "ရေ" ၏ အရေးပါမှု
သွေးပျစ်တာကို သက်သာစေဖို့အတွက် ရေများများသောက်ဖို့က အဓိက အကျဆုံး ဖြစ်ပါတယ်။ ဒါကြောင့် သွေးပျစ်တာမဖြစ်အောင်နဲ့ သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပေးပါ။ ရေနွေးက အဆီတွေကို ခြေဖျက်နိုင်တယ်၊ အစာကြေစေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

ရေသောက်ခြင်း၏ အကျိုးအာနိသင် (၈) မျိုး
၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်
၃။ ကြွက်သားကို သန်မာစေတယ်
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်
၅။ စွမ်းအင် တိုးပွားစေတယ်
၆။ ဝိတ်ကျစေတယ်
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

မှတ်သားရန်
ရေခဲရေကို ရှောင်ပါ။

ရိုးရိုးရေကို များများသောက်ပါ။

ရေနွေးကို များများသောက်ပါ။

ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊ ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

☯ ပျားရည်ကို သောက်သင့်သူများနဲ့ မသောက်သင့်သူများ ☯သမိုင်းရာဇ၀င်ကို လေ့လာကြည့်သော အခါ၊ ရှေးနှစ် ၁၀၀၀၀ ခန့်က စပိန်နိုင်ငံ ...
07/10/2025

☯ ပျားရည်ကို သောက်သင့်သူများနဲ့ မသောက်သင့်သူများ ☯

သမိုင်းရာဇ၀င်ကို လေ့လာကြည့်သော အခါ၊ ရှေးနှစ် ၁၀၀၀၀ ခန့်က စပိန်နိုင်ငံ ရှေးဟောင်းကျောက်ဂူတစ်ခု၏ နံရံပေါ် တွင် ကျောက်ခေတ်လူသားတစ်ဦးသည် ပျားအုံမှပျားရည်ကို အာသာငမ်းငမ်း စုပ်ယူစားသောက်နေပုံ ရေးဆွဲဖော်ပြထားသည် ကို သုတေသီများတွေ့ရှိခဲ့ကြသည်။ ၄င်းကိုအကြောင်းပြု၍ လူသားတို့သည် ပျားရည်ကို လွန်ခဲ့သော ရှေးနှစ် ၁၀,၀၀၀ မတိုင်မီ ကတည်းကစ၍ စားသုံးလာကြပြီးဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

ဆေးဖက်၀င် ပျားရည်။

-ကမ္ဘာမြေပေါ်တွင် ကျန်းမာရေး နှင့် အညီညွတ်ဆုံး အစားအစာများထဲမှာ ပျားရည် သည်လည်း တစ်ခုအပါအ၀င် ဖြစ် ကြောင်းကို လူတိုင်းသိထားကြပြီးဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျားရည်ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပေ။ နံက်စောစော အိပ်ယာထချိန်ဖြစ်သော ၀မျးဗိုကျထဲမှာ ဘာအစာမျှမရှိ သည့်အချိန်သည် ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည် (သို့မဟုတ်) အစာနှင့်ဝေးချိန်ဖြစ်သော ညနေခင်းပိုင်း (ညစာမစားခင် နှစ်နာရီခန့်အလို)မှာလည်း သောက်ပေးနိုင်ပါသည်။

ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်းရှိသောပျားရည်ကို ပျားရည်အသစ် ဟု ခေါ်ပြီး၊ ထိုပျားရည်က လူကိုဝြဖိုးစေ၍ အသံ ကြည်လင် ကောင်းမွန်စေသည်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာသော ပျားရည်ကို ပျားရည်အဟောင်း ဟုခေါ်ပြီး၊ ထိုပျားရည် က လူကိုအဆီကျ အသားကျစ်လစ် ပိန်စေသည်။ ပျားရည်အဟောင်းက သွေးတိုး၊ လေငန်းသမားများအတွက် ဆေးကောင်း တစ်လက်ဖြစ်သည်။ သို့သော် များများစားပါက ၀မျးခြုပျစတေတျသညျ။

ပျားရည် နှင့် ရေးနွေးဖြူအစွမ်း။

-ပျားရည်ကို ရေနွေးဖြင့် သောက်ခြင်းက အစွမ်းထက်မြက်သော မှိုသတ်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ဘက်တီးရီးယား သတ်ဆေးရည်အဖြစ် စွမ်းဆောင်နိုင်ခြင်း၊ ညဘက် ယမကာ အလွန်အကျွံ သောက်သုံးခဲ့သူများ နံနက်အိပ်ယာထ ပျားရည်နှင့် ရေနွေးပူဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ခေါင်းမကြည်၊ ခေါင်းကိုက်၊ ဗိုက်အောင့် ဝေဒနာများ မခံစား ရနိုင်ပါ။ ပျားရည်က ကျောက်ကပ်ထဲရှိ အရည်များကို စုပ်ယူပစ်၍ ညဘက်မကြာခဏ ဆီးထသွားခြင်းကို ထိန်းချုပ်ပေး နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ညဘက် ဆီးခဏခဏသွားသူများ ထိုဆေးဖျော်ရည်ကို ညနေခင်းပိုင်းမှာ သောက်ပေးခြင်း ဖြင့် ကျောက်ကပ်ကို သိသိသာသာကောင်းကျိုးပြုသည်။

ဤဆေးဖျော်ရည်သောက်စမှာ ၀မျးဗိုကျ ဖောင်းလာကောင်း ဖောင်းလာနိုင်ပါသည်။ သို့သော် မစိုးရိမ်ပါနှင့်။ ဆက်လက်သောက်ပေါ။ ဤဆေးရည်က မစင်အိမ်ကို ဖောင်းကြွစေခြင်း အားဖြင့် ပျော့နူးစေပြီး နောက်ဆုံးမှာ ၀မျး နှင့် လေအဖြစ် ဆင်းသက်ကာ ပေါ့ပါးလန်းဆန်းစေသည်။ လေလုံး၊ လေဖြင်း ရှိသူများအတွက်ကိုလည်း လွန်စွာဆေးဖက်၀င်ပါသည်။

ပျားရည် နှင့် သံပုရာရည်အစွမ်း။

ရေနွေးဖြူ တစ်ခွက်ထဲသို့ပျားရည် နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံက်အိပ်ယာထ ဗိုက် ထဲတွင် မည်သည့်အစာမျှ မရှိခင် သောက်ပေးရပါသည်။ အချိန်ကြာကြာ အအေးခံမထားသင့်ဘဲ ချက်ချင်း သောက်ပေး သင့်သည်။ ၄င်းဆေးပျားရည်ကို သောက်သုံးခြင်းဖြင့် တစ်နေ့တာလုံး အစာကျေညက်စေခြင်း၊ အဆုပ်ထဲရှိ အရိအရွဲကို သန့်စင်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး

ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှုလေပြွန်ပွရောဂါ၊ အအေး မိရောဂါတို့မှ ကာကွယ်နိုင်ခြင်း၊ အစာချေလမ်းကြောင်းတလျောက် သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက ထိုလမ်း ကြောင်းပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့်စင်ပေးခြင်း၊ အူသိမ်အူမထဲမှ အချွဲအကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင်ကျန်းမာစေခြင်း၊ အူမကြီးစိုစွတ်၍ လွယ်ကူစွာ ၀မျးသကျစခွေငျး၊ ကိုယ်အလေးချိန် ကျစေခြင်း၊

စိတ်ဖိစီးမှု ပြေ ပျောက်စေခြင်း၊ ဆီးပုပ်များသက်ဆင်း၍ ဆီးလမ်းကြောင်းသန့်စေခြင်း၊ ခံတွင်းရနံ့သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက် ရှိမှု ကာကွယ်ပေးခြင်း၊ အသားအရေ ၀ငျးပကွညျလငျခွငျး စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင် မှာဖြစ်သည်။

ပျားရည်သောက်ရန် သင့်တော်သူများ။

- မီးဖွားပြီးခါစ နှင့် နို့ချိုတိုက်ချိန်များတွင် ပျားရည်စားပေးသင့်သည်။ အထူးသဖြင့် မီးဖွားပြီးစ သွေးနုသားနုချိန် တွင် ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည် သောက် ပေးသင့်သည်။

အရိုးကင်ဆာ နှင့် အစာအိမ်ကင်ဆာ ဝေဒနာသည်များသည် သဘာ၀ နှစ်ချို့ပျားရည်စစ်စစ် နှင့် သစ်ကြပိုး ခေါက်မှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျပမာဏစီ ဆတူရော၍၊ ၄င်းဆေးညွှန်းအတိုင်း တစ်နေ့ သုံးကြိမ် နှုန်းဖြင့် အစာမစားမီ နာရီ၀က်ခန့်အလို (သို့မဟုတ်) အစာစားပြီးနောက် နာရီ၀က်အကြာမှာ သောက်သုံးပေးပါ။ အထူးသတ်ပြုရန်မှာ ဆေးသောက်ပြီးနောက် သောက်ရေ အေးတစ်ဖန်ခွက် သောက်ပါ (ရေခဲရေ မဟုတ်ပါ)

ပျားရည်တွင် အပူဓာတ်ရှိ၍ ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြ သည်။ အဖြေမှန်မှာ သောက်၍ရပါသည်။ အပူကန်လည်ချောင်းနာသူများသည် ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်း ဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေသည်။

ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ဖြစ်သည်။ ရေနွေးဖြူ တစ်ဖန်ခွက်ထဲကို ပျား ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်၍ ဖျော်သောက်ပါ။ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက် ရည် (သို့မဟုတ်) သံပုရာရည်
ဖြင့် ဆတူရော၍ သောက်ပါ။

ကလေးများအတွက် မျက်စိအားကောင်းစေသည်။ ကလေးငယ်များ ချွဲကြပ်ရင်ကြပ်ဖြစ်ပါက ပျားရည်ကို သံပုရာ ရည်ဖြင့် ဆတူရော၍တိုက်ပါ။ ကလေးငယ်များ ၀မျးပကြျ၊ ၀မျးလြောခွငျးအတှကျ ပျားရည် အနည်းငယ်ကျွေးပါ။ ပျားရည်က စိတ်ကိုထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ယာထဲ အပေါ့စွန့်တတ်သော ကလေးများကို ည အိပ်ယာ၀င်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်သည်။ သူငယ်နာအကြောဆွဲ ၍ သေလုမျောပါးဖြစ်နေသော ကလေးငယ်များကို ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေနိုင် သည်။ တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီး နှင့် ပျားရည် နယ်၍ကျွေးပါ (သို့ မဟုတ်) ပျားရည် နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။

ပျားရည်သောက်ရန် မသင့်တော်သူများ။

ပျားရည်ထဲတွင် microorganisms (ခေါ်) Clostridium ဗက်တီးရီးယားပိုးငယ်လေးများ မြောက်များစွာပါရှိနေ ကြသည်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်းကြောင်းက ၄င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက် နိုင်သော်လဲဘဲ၊ ကလေးငယ်များအတွက်မှာမူ အစာချေလမ်းကြောင်းတွင် သွေးခဲ၍ အစာအဆိပ်သင့် ဝေဒနာကို ဖြစ်စေသည်။ ထို့ကြောင့် အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည် (လုံး၀) မကျွေး သင့်ပေ။

Botulinumtoxin (ခေါ်) ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်း အဆိပ်တစ်မျိုးကြောင့် ကိုယ်၀န် သည်တွေ ပျားရည်သောက်ရန် သင့်၊ မသင့်ကို ဝေခွဲမရဖြစ်နေကြသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက် ပျားရည်သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီ၀ကမ္မဖြစ်စဉ်က ပျားရည်ထဲရှိ botulinumtoxin အဆိပ်ကို အလို အလျောက် ဖယ်ရှား သုတ်သင်ပေးလေ့ရှိသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်များ ပျားရည်သောက်၍ ရပါသည်။ သန္ဓေသားကိုလည်း ဘေးဥပါသ် လုံး၀ မဖြစ်စေနိုင်ပါ။
သို့သော် မိခင်လောင်းအများစုသည် ကိုယ်၀န်ဆောင် နေစဉ် သွေးထဲရှိသကြားပမာဏ မြင့်တက်လာလေ့ရှိကြသည်။ ပျားရည်ထဲတွင်လည်း fructose သကြား ပမာဏ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်၀န်သည်များအနေဖြင့် ပျားရည်မစားခြင်းက ဘေးအန္တရာယ်အကင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်စဉ် ပျားရည်မစားရန် စာရေးသူက အကြံပြုလိုပါသည်။

ပျားရည်ထဲတွင် fructose နှင့် glucose ဓာတ်များ ပြည့်၀တူညီစွာပါရှိနေကြသည်။ ထို့ကြောင့် ဆီးချို၊ သွေးချို ရောဂါသည်များ နှင့် သွေးထဲတွင် glucose ပြဿနာရှိနေသူများ ပျားရည်စားသုံးခြင်းမှ အထူး ရှောင်ရှားသင့် သည်။

ပျားရည်နှင့် သကြားအညို(သဘာ၀သကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏ ရှိသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂ ပါရှိနေပြီး၊ အညိုရောင်သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေသည်။ ထို့ ကြောင့် ပျားရည်သည် ကယ်လိုရီတက်စေသဖြင့် ကိုယ်အလေးချိန် လျော့ချလိုသူများအနေဖြင့် ပျားရည် မသောက်သင့်ပေ။

ပျားရည် နှင့် တွဲမစားသင့်သော အစားအစာများ။

ကြာစေ့၊ မုန်လာဥအဖြူ၊ ၀ကျသား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိတ်ချင်းရွက်၊ ပိန်နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်း ကြီး တျို့ဖွဈကွသညျ။

ပျားရည်အတု နှင့် အစစ်ခွဲခြားနည်း။

ပျားရည်သည် ရှားပါး၍တန်ဖိုးကြီးသဖြင့် ပျားရည်စျေးကွက်တွင် အတုများရောင်းချလျက်ရှိနေကြသည်။ ပျားရည်အတု က အရောင်၊ အနံ့၊ အရသာ၊ အာနိသင် အားလုံး အစစ်နှင့်ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်မျှကြာ အောင်ထားသော်လည်း အရောင်ပြောင်းရုံမှအပ၊ မပုပ်မသိုး သဘာ၀ဓာတ်မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲဖြစ် သည်။ ပျားရည် စစ်၊ မစစ်ကို သိလိုလျှင်-

ခွေးကျွေးကြည့်ပါ၊ ပျားရည်အစစ်ကို ခွေး မစားပေ။
ဝါဂွမ်းကို ပျားရည်နှစ်၍ မီးရှို့ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါသည်။
ပျားတစ်ကောင်ကိုဖမ်း၍ ပျားရည်ထဲ နှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်သည်။
ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်တွင်စိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်သည်။

ပျားရည် တစ်စက်နှစ်စက်ကို ဌက်ပျောဖက်ပေါ်တင်ကြည့်ပါ၊ လျောမကျဘဲ လုံး၍ တင်ရှိနေလျှင် ပျားရည်စစ် သည်။
ပျားရည်တစ်ဇွန်း နှင့် နှမ်းဆီတစ်ဇွန်းရော၍ ချိန်ကြည့်ပါ။ တစ်ဇွန်းသာရလျှင် ပျားရည်စစ်ပါသညသို့သော် ထိုအရော အနှောကို မစားသင့်ပါ။

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

04/10/2025
04/10/2025
 #ခန္ဓာကိုယ်ကိုဘယ်ဘက်သို့စောင်းအိပ်ခြင်းက✅✅ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေ ဦးနှောက်ထဲက ဓာတုအညစ်အကြေးနဲ့ မလိုလာ...
02/10/2025

#ခန္ဓာကိုယ်ကိုဘယ်ဘက်သို့စောင်းအိပ်ခြင်းက✅✅

ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေ ဦးနှောက်ထဲက ဓာတုအညစ်အကြေးနဲ့ မလိုလားအပ်တဲ့ အရာတွေကို ခန္ဓာကိုယ်ထဲက ဖယ်ရှားသွားအောင်
ကူညီပေးပါတယ်။.....

နှလုံးရဲ့ဘယ်ဘက်အခြမ်းဟာ အဆုတ်ကနေသွေးတွေလက်ခံပေးတဲ့အတွက် နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်သလို အစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ်။

ဘယ်ဘက်စောင်းအိပ်တဲ့အခါ ကမ္ဘာမြေဆွဲအားကြောင့် အူသိမ္ကေန အူမကြီးဆီကို စွန့်ပစ် ပစ္စည်းတွေ အလွယ် တကူထွက်ရှိစေတဲ့အတွက်
ညဘက်ရင်ပူဝေဒနာ လျော့ပါးစေပါတယ်

အသည်း ဝန်ပိမှုမဖြစ်အောင် ကာကွယ်ပေးတဲ့အတွက် အသည်း ဆီကို အဆိပ်အတောက်နဲ့ တခြားအန္တရာယ်ရှိတဲ့ ဓာတ် မရောက်ရှိစေပါဘူး။

အသက်ရှူလမ်းကြောင်းစနစ်ကိုလည်းကောင်းမွန်စေပြီး နှလုံးကျန်းမာစေပါတယ်။

#ကျန်းမာရေးဗဟုသုတရကြပါစေ

လည်ပင်းမှာ V**e ကလေးဆွဲ၊တV**e တည်းV**e နေပြီး၊V**e တွေနဲ့စတိုင်အမျိုးမျိုးထုတ်နေတဲ့လူငယ်တွေအတွက်ပေါက်ပေါက်ဆုတ် အဆုတ် ရော...
30/09/2025

လည်ပင်းမှာ V**e ကလေးဆွဲ၊တV**e တည်းV**e နေပြီး၊V**e တွေနဲ့စတိုင်အမျိုးမျိုးထုတ်နေတဲ့လူငယ်တွေအတွက်
ပေါက်ပေါက်ဆုတ် အဆုတ် ရောဂါ...

ရောဂါနာမည်ကိုက ပေါက်ပေါက်ဆုတ် အဆုတ်လို့ အမည်ရပါတယ်။ ဘိုလိုဆိုရင် popcorn lung ပေါ့။ အမေရိကား နဗားဒါး ပြည်နယ်က ဆယ်ကျော်သက် (၁၇ နှစ်) ကောင်မလေးတစ်ယောက် v**e သောက်ရာကနေ ပေါက်ပေါက်ဆုတ် အဆုတ်ရောဂါဖြစ်ပါတယ်။

ပေါက်ဆုတ်လို့ပဲ ခေါ်ရအောင်ပါ (နာမည်ရှည်လို့)။ ဒီရောဂါကိုစတွေ့တာကတော့ မိုက်ခရိုဝေ့ ပေါက်ပေါက်ဆုတ်လုပ်တဲ့ စက်ရုံက အလုပ်သမားတွေမှာ တွေ့တာပါတဲ့။ အဲစက်ရုံက အလုပ်သမားတွေက အဆိပ်ပြင်းတဲ့ ဒိုင်ယာစီတဲလ်ဆိုတဲ့ ဓာတုဗေဒကိုရှုမိရာကနေ ရတာလို့သိရပါတယ်။

အဲဒီ diacetyl ဆိုတာ လူငယ်တွေကြားရေဗန်းစားတဲ့ v**es တွေမှာ ရာခိုင်နှုန်းအနည်းငယ် ပါပါတယ်။ ချိုမြမြအရသာပေးတဲ့ ဆေးလိပ်နဲ့မတူတဲ့ v**e မှာ အဲဒီဓါတုဗေဒပါ ပါတယ်။ အဲဒီဓာတုဗေဒက အဆုတ်မှာ bronchioles လို့ခေါ်တဲ့သေးငယ်တဲ့ လေသယ်ဆောင်ရာ အပေါက်လေးတွေကို ဖျက်ဆီးပါတယ်။ အဲဟာက တခါပျက်ရင် တသက်လို့ဆိုပါတယ်။ ကုသလို့ရတဲ့ ပြန်ကောင်းသက်သာလာတဲ့ရောဂါမျိုး မဟုတ်ပါ။

လူတွေက ငါက ဆေးလိပ်မသောက်ဘူး။ ဆေးလိပ်မှာပဲ နီကိုတင်းများလို့ ကျန်းမာရေးဆိုးတယ် ဘာညာပြောကြပေမယ့် v**e ကတော့ အဆုတ်ကို ပေါက်ပေါက်ဆုတ်ဖြစ်စေကြောင်း သတိရေးပါရစေ။ အနှစ်ချုပ်ရရင် ဆေးလိပ်ရော v**e ပါ ဘယ်တစ်ခုမှ မကောင်းကြောငိးပါ။

✍️ Moe Myint

Popcorn lungs

Do you v**e? Then, read this carefully. If you v**e for a long time, check your lungs. The va**ng devices contain toxic diacetyl chemical. That chemical can scar your bronchioles, and will damage the tissues permanently. The damaged scar tissue in lungs is called “popcorn lung”, which first discovered in the workers microwave popcorn plant. Popcorn lung disease
is permanent. No cure, no reversal. Assuming you are safe because of switching from ci******es to va**ng is absolutely flaw

#မူရင်း

#စတိုင်လ်ကျတယ်လို့
ထင်နေတဲ့သူတွေ

>> နံရံပေါ်တွင် လှဲလျောင်းခြင်း၏ **>> ကျန်းမာရေး အကျိုးကျေးဇူးများ **1. အထူးသဖြင့် ခြေထောက်မှ သွေးများ နှလုံးသို့ ပြန်စီ...
17/09/2025

>> နံရံပေါ်တွင် လှဲလျောင်းခြင်း၏ **
>> ကျန်းမာရေး အကျိုးကျေးဇူးများ **

1. အထူးသဖြင့် ခြေထောက်မှ သွေးများ နှလုံးသို့ ပြန်စီးဆင်းရန် ကူညီပေးပြီး ခြေထောက်ရောင်ရမ်းခြင်းကို လျှော့ချပေးသည်၊ အချိန်အကြာကြီး မတ်တပ်ရပ် သို့မဟုတ် ထိုင်ပြီးနောက် အလွန်သင့်လျော်ပါသည်။

2. အာရုံကြောစနစ်ကို ပြေလျော့စေတယ်၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးပြီး ကောင်းကောင်းအိပ်ပျော်ဖို့ ကူညီပေးတယ်။

3. ကျောအောက်ပိုင်းနှင့် တံကောက်ကြောများ တင်းမာမှုကို လျှော့ချပေးသည်။

4. အစာခြေစနစ်ကို အားကောင်းစေပြီး သွေးဖိအားကို လျှော့ချပေးသည်။

5. ပင်ပန်းသောနေ့ပြီးနောက် လေ့ကျင့်ရန် အလွန်သင့်လျော်သော စွမ်းအင်ကို ပြန်လည်ရရှိစေသည်။

** နောက်ထပ် အကြံဥာဏ်များ **
သင့်တင်ပါးကို ခေါင်းအုံး (သို့) စောင်ခေါက်ပေါ်တွင် တင်ပါက၊ ၎င်းသည် သင့်အား ပိုမိုသက်တောင့်သက်သာဖြစ်စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေမည်ဖြစ်သည်။

သင်သည် ဤအနေအထားတွင် 5-15 မိနစ်ခန့်နေပြီးနောက် ဖြည်းဖြည်းချင်း ပြန်လှည့်သင့်သည်။
သင့်တွင် သင့်မျက်လုံးများ သို့မဟုတ် သင့်ခေါင်းတွင် ဖိအားများရှိနေပါက၊ သင်မလေ့ကျင့်မီ သင့်ဆရာနှင့် တိုင်ပင်သင့်သည်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

15/09/2025

ဆေးသောက်လျှင်💊 သတိထားရမည့်အရာများ💊
ပါမောက္ခဒေါ်ခင်ဖြူ ( မြင်းခြံ )

ဆေးသောက်လျှင်
ရေနဲ့ သောက်ရမည်ကို
မသိသူမရှိ သို့သော်
လွယ်ကူ၍အရေးကြီးသော
ကွင်းဆက်ကို မေ့လျော့သည့်အတွက်
ဆေးအာနိသင် ရသင့်သလောက်
မရသည့်အပြင် အစာမျိုပြွန်ကို
ထိခိုက်နိုင်သည်။

ဆေးပြားသည် သာမာန်
အားဖြင့် အဓိက ဆေးမူန့်နဲ့
ပုံသွင်းမူန့် ( ကော်မူန့်/ သကြား)
စသည်တို့ကို ဖိ၍ ပုံသွင်းထားခြင်း
ဖြစ်သည်။🥰

ဆေးအာနိသင် မြန် နှေး ပြင်း ပျော့သည်
အဓိက ဆေးမူန့်၏ အစာအိမ်
အူလမ်းကြောင်း တလျောက် စုပ်ယူခံရမူ
အမြန်နူန်းပေါ်တွင် မူတည်သည်။

ဆေးပြားသည် သွေးအတွင်းသို့
စုပ်ယူမခံရမီ အစာအိမ်နဲ့
အူလမ်းကြောင်းတွင် သေးငယ်သော
ထောင်သောင်း
မကသော အမူန်ငယ်များအဖြစ်
ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ
သွေးထဲ စုပ်ယူခံနိုင်မည်။

ဆေးသောက်ပြီးရေများများသောက်မှ
သွေးထဲသို့ စုပ်ယူခံရမူ ပိုမိုမြန်ဆန်မည်။
ထို့ကြောင့် ဆေးမသောက်မီ
ရေနွေးနွေးတစ်ခွက်သောက်ခြင်းဖြင့်
အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။
ပြီးမှ ဆေးကို ရေများများနဲ့
သောက်ခြင်းဖြင့်
အာနိသင် မြန်ဆန်
ထက်မြက်စေနိုင်မည်။

ရေသောက်နည်းလျှင်
ဆေးပြားဆေးတောင့်တို့သည်
အစာမျိုပြွန် အစာအိမ်နံရံတွင်ကပ်နေနိုင်ပြီး
ထိခိုက်ဒါဏ်ရာ ရစေနိုင်သည်။
ဥပမာ - အက်စ်ပရင်./ ပရိုဖင် /
အကိုက်အခဲပျောက်ဆေးမျိုးစုံ
ပရီနိုစလုံးဆေး. ကင်ဆာရောဂါကု
ရူဘီဒိုမိုက်စင် စသည်တို့ဖြစ်သည်။

၁။ လှဲလျှက်ဆေးမသောက်ရ
ဆေးသောက်သည့်အခါ မတ်တပ်ရပ်လျှက် သို့မဟုတ် ထိုင်လျက် ဆေးသောက်ရမည်။
လှဲလျှက်ဆေးမသောက်ရ - ဆေးသောက်ပြီး
ချက်ခြင်းမလှဲရ အနည်းဆုံး ၃ မိနစ် ၅ မိနစ် ဆက်လက် ထိုင်နေသင့်သည်။

နာတာရှည်ရောဂါသည်နှင့်
အစာမျို ခက်ခဲသူများသည်
ဆေးအရည်ကို သောက်သင့်သည်။

၂။ အိပ်ခါနီးဆေးသောက်ချိန်

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင်
ဆေးသောက်ပြီး နှစ်မိနစ် သုံးမိနစ်ခန့်
သွားလာ လူပ်ရှားပြီးမှ အိပ်သင့်သည်။

၃။ ဆေးနဲ့ တွဲ၍ မသောက်သင့်သည့်
အရာများ

၁) ဆေးကို နွားနို့နဲ့ မသောက်သင့်ပါ.
နွားနို့တွင် ပရိုတင်းဓာတ်နဲ့
ဖက်တီးအက်ဆစ်ပါသည့်အတွက်
ဆေးမူန့်လေးများ၏ ပတ်ပတ်လည်တွင်
အမြေးပါး တထပ်နဲ့ အပေါ်ကို
အုပ်ဆောင်းထားတတ်သည်။

ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာ ပါဝင်သော
ကယ်လ်စီယမ်ဓာတ် မီးစုန်းဓာတ်.
သံဓာတ်တို့သည်လည်း အချို့ဆေးဝါး
ပစ္စည်းများနဲ့ ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန်
ခက်ခဲသောဆားများ
အဖြစ်သို့ ဓာတ်ပြောင်းလဲ သွားနိုင်ပါသည်။

၂ ) ဟင်းရည် လက်ဖက်ရည်. ကော်ဖီ. ရေနွေးကြမ်း အချိုရည် ဘိလပ်ရည်တို့နှင့်
ဆေးကို မသောက်ရ ရေနွေးနွေးနင့်သာ
သောက်သင့်ပါသည်။

ဆာလ်ဖာ ဆေးဝါးသောက်လျှင်
ကြောက်တည်ခြင်းမှ ကာကွယ်ရန်
အထူးသဖြင့် ရေများများ ပိုသောက်ရမည်။အနည်းဆုံး ရေတစ်ပုလင်းခွဲခန့် - (၁၅၀၀မီလီမီတာ )- ထိုနေ့တွင်
သောက်ရမည်။ သို့မှသာ သွေးကျဲ
ဆီးရွှင် ကျောက်ကပ်ကို ကာကွယ်ရာ
ရောက်မည်။

၃ ) အကိုက်အခဲပျောက်ဆေး.
အဖျားကျဆေးများ သောက်လျင်လည်း
ရေများများ သောက်ရန် လိုအပ်သည်။
ကိုယ်ပူကျပြီး ချွေးများများ
ထွက်သောအခါ ရှော့ခ် ဖြစ်ခြင်း
မှ ကာကွယ်နိုင်မည်။

၄ ) မည်သည့်ဆေးကို သောက်သည်ဖြစ်စေ
ရေများများ သောက်ရမည်ဟူ၍ မဟုတ်ပါ။
အချို့ ချောင်းဆိုး ပျောက်ဆေးသည်
သောက်ပြီး ၅ မိနစ်ကြာမှ
ရေသောက်ရသည်။

ထို့ကြောင့် ဆေးအာနိသင်
ကောင်းစေရန် ဆေးပေးသူကို
ဆေးသောက်ရမည့်
အချိန် နည်းလမ်းတို့ကို သေချာ မေးမြန်းပြီး မှတ်သား လိုက်နာရမည် ဖြစ်ပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

#လေးစားစွာဖြင့်မူရင်ရေးသားသူအား
Creditပေးပါသည် ✡❤
ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)
#ဗဟုသုတ #ကျန်းမာရေးဗဟုသုတရကြပါစေ ゚viralシ

ထပ်ပြီး သတိ ပေးပရစေ
11/09/2025

ထပ်ပြီး သတိ ပေးပရစေ

 #ရေ (လုံး၀) မသောက်သင့်ဆုံးအချိန် ♥ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?(ရေခဲရေနဲ့ ရေနွေးတွေကို မဆ...
10/09/2025

#ရေ (လုံး၀) မသောက်သင့်ဆုံးအချိန် ♥

ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ) 💛💛

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။💛💛

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီ၀က်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။💛💛

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။💛

(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။💛💛

- ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။💛💛

- အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။💛💛

- အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။💛💛
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။💛💛

- ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။💛💛

- သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊ မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။💛💛

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။💛💛

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

အညှောင့်ပေါက်နေတဲ့ အာလူးတွေရဲ့ အန္တရာယ်အာလူးဟာ ဟင်းလျာမျိုးစုံမှာ အသုံးပြုတဲ့ လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။ ဒါပေမဲ့ သတ...
01/09/2025

အညှောင့်ပေါက်နေတဲ့ အာလူးတွေရဲ့ အန္တရာယ်

အာလူးဟာ ဟင်းလျာမျိုးစုံမှာ အသုံးပြုတဲ့ လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။ ဒါပေမဲ့ သတိထားသင့်တဲ့အချက်က အညှောင့်ပေါက်နေတဲ့ အာလူးတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အာလူးမှာ သဘာဝအဆိပ်ဓာတ်တစ်မျိုးဖြစ်တဲ့ glycoalkaloids တွေ ပါဝင်ပါတယ်။ အထူးသဖြင့် အာလူးတွေ အညှောင့်ပေါက်လာတဲ့အခါ၊ အစိမ်းရောင်သန်းလာတဲ့အခါ ဒါမှမဟုတ် ပျော့ခွေလာတဲ့အခါမျိုးမှာ solanine နဲ့ chaconine လိုမျိုး အဆိပ်ဓာတ်တွေ ပိုမိုများပြားလာပါတယ်။ ဒီအဆိပ်ဓာတ်တွေဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
အညှောင့်ပေါက်အာလူး စားမိရင် ဖြစ်နိုင်တဲ့ ဆိုးကျိုးများ
* အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာများ: ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ ဗိုက်နာတာတွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက် ပိုပြီးဆိုးကျိုးဖြစ်စေနိုင်ပါတယ်။
* အာရုံကြောဆိုင်ရာ လက္ခဏာများ: ခေါင်းမူးတာ၊ ခေါင်းကိုက်တာနဲ့ သတိလစ်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။
* အခြားလက္ခဏာများ: အသက်ရှူရခက်တာ၊ နှလုံးခုန်နှုန်းမြန်တာနဲ့ ကိုယ်အပူချိန်တက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
အရေးပေါ် ဆောင်ရွက်ရမယ့်အချက်များ
* အဆိပ်သင့်တယ်လို့ သံသယရှိရင် ချက်ချင်း ဆေးရုံ (သို့မဟုတ်) ဆေးခန်းကို သွားပါ။
* ပျို့အန်ချင်သလို ခံစားရရင် အန်ထုတ်ပစ်ပါ။
* ရေများများသောက်ပါ။
အဆိပ်သင့်ခြင်းမှ ကာကွယ်ရန်
* အညှောင့်ပေါက်နေတဲ့ အာလူးတွေကို လုံးဝမစားပါနဲ့။
* အစိမ်းရောင်သန်းနေတဲ့ အာလူးတွေကိုလည်း ရှောင်ရှားပါ။
* အာလူးတွေကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းဆည်းပါ။
* အကယ်၍ အညှောင့်အနည်းငယ်သာ ပေါက်နေရင် အညှောင့်နေရာကို နက်နက်ရှိုင်းရှိုင်း ထုတ်ပစ်ပြီးမှ ချက်ပြုတ်ပါ။
အညှောင့်ပေါက်နေတဲ့ အာလူးတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အမြဲတမ်းသတိထားသင့်ပါတယ်။

 #လူအများသောက်တဲ့ {Betex} ဆေးရဲ့ အကြောင်း     Betex ဆိုတာ ဗီတာမင် ဘီ  သုံးမျိုးကို အချိုးကျပေါင်းစပ်ထားတဲ့ အာရုံကြောဆေး ...
27/08/2025

#လူအများသောက်တဲ့
{Betex} ဆေးရဲ့ အကြောင်း

Betex ဆိုတာ
ဗီတာမင် ဘီ သုံးမျိုးကို
အချိုးကျပေါင်းစပ်ထားတဲ့
အာရုံကြောဆေး တမျိုးပါ

အာရုံခံဆဲလ်၊ နာ့ဖ်ဆဲလ်တွေရဲ့
ဇီဝ ဖြစ်ပျက်မှု့ပေါ်
အကျိုးသက်ရောက်တယ်။

နာတာရှည် ထုံကျင်၊ ညောင်းညာ, ကိုက်ခဲ၊

အကြော တင်းနေသူ၊
ထိတွေ့မှု့ အာရုံ နည်းပါးသူ၊

အသက်အရွယ်ကြီးသူတွေမှာ
လိုအပ်တဲ့ ဗီတာမင် ဘီဝမ်း၊ ဘီစစ်၊
B 12 ကို
အချိုးကျ ပေါင်းစပ်ထားတယ်

Neurobion အပြာကဒ်၊
Neurorubin, Neurovit ဆိုတဲ့
ကဒ်တွေနဲ့ ပါဝင်တာ အတူတူပါပဲ

ကွာခြားတာက
စျေးနှုန်းနဲ့ ကဒ်ပျော့ဖြစ်နေတာလောက်ပါပဲ။

မြန်မာနိုင်ငံက ဆရာဝန်အများစုက အသက်ကြီးသူ အတွက်
အာရုံကြောအားဆေးထည့်တဲ့ အခါ

Neurobion အပြာကဒ် (သို့မဟုတ်) Betex ကို အသုံးပြုကြတယ်

Betex က
Neurobion ထက် သုံးဆ မက
စျေးပိုကြီးတယ်

ထိုင်းနိုင်ငံ Favorex က
ထုတ်လုပ် ထားတယ်


ထဲမှာ ပါဝင်တာတွေက

Vitamin B1
(Thiamine Mononitrate ) 100mg

Vitamin B6
(Pyridoxine) 200mg

Vitamin B12
(Cyanocobalamine) 200mcg
စတာတွေ ဖြစ်ပါတယ်။

#ဗီတာမင်ဘီရဲ့ အာနိသင်တွေက
များတယ်

-သက်ရှိ ဆဲလ်တိုင်းရဲ့ စွမ်းအင် အတွက် ဗီတာမင် ဘီ လိုအပ်ပါတယ်

- ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှု့ အတွက် အရေးပါတယ်

- စားလိုက်တဲ့ ကာဗို ဟိုက်ဒရိတ် က စွမ်းအင် ထုတ်ရာ မှာ
အဓိက အခန်း ကဏ္ဍက ပါဝင်
ကူညီ ပေးနေတယ်

- မျိုးဗီဇ ဖွဲ့စည်း တည်ဆောက် ခြင်း ဖြစ်စဉ် မှာလည်း အရေးကြီး ပြန်တယ်

- နာဖ့်ဆဲလ် တွေမှာရှိ တဲ့
Acetylcholine ဖွဲ့စည်းရာမှာလည်း ပါဝင်တယ်

- အာရုံကြော နဲ့
ကြွက်သား လုပ်ဆောင်ချက်
ကောင်းမွန်စေဖို့ ကူညီ ပေးတယ်

- နာ့ဖ်ကြောမျှင်၊ နာ့ဖ်ကို အုပ်ထားတဲ့ မိုင်ရာလင် အလွှာ
(Myelin Sheath) တွေကို
ပြန်လည် တည်ဆောက်ပေးတယ်၊ ပြုပြင် ပေးတယ်

- အရက်၊ မူးယစ်ဆေးဝါး၊
ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ Mono And Polyneuropathics အာရုံကြော ရောင်ရမ်းပျက်ဆီးခြင်းအတွက် ကောင်းမွန်စေတယ်

- အာရုံကြော အဖွဲ့အစည်းမှာ
အရေးပါတဲ့
GABA၊Dopamine နဲ့ Serotonin ဓာတ်တွေဖွဲ့စည်းဖို့ လည်း
ကူညီလုပ်ဆောင်ပေးတယ်

- ဦးနှောက်နဲ့အာရုံကြောရောဂါတွေမှာ အဓိက အထောက်အကူ ပေးတယ်


#အသုံးဝင်ပုံ။
----------

- ခြေဖျား၊ လက်ဖျား
ထုံကျဉ် ကိုက်ခဲခြင်း၊

- ပူစပ် ပူလောင် ဖြစ်ခြင်း၊

- အာရုံကြော ရောင်ရမ်းခြင်း၊

- အာရုံကြော အားနည်းခြင်း၊


#ဗီတာမင်ဘီ လိုအပ်သူများ။
------------------------

- အရက်အလွန်အကျွံ သောက်သုံးသူ၊

- ဆီးချို ရောဂါသည်၊

- အသက် ကြီးရင့်သူ၊

- ဘီတာမင် ဘီ ချို့တဲ့သူ၊

- နာတာရှည် ရောဂါသည်၊


#ဆေးညွှန်း။
----------

- တခါသောက် ( ၁ ) လုံး၊
တနေ့ ( ၂ -၃ ) ကြိမ်
အစာစားပြီးမှ သောက်ပါ

- ရေရှည် စွဲသောက်နိုင်ပါတယ်

- ဝါးစားတာ၊ အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျှော့ပါးစေမယ်

- ကိုယ်ဝန်ဆောင်တွေ
တစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်

- ပါဝင်တဲ့ ပမာဏဟာ လိုတာထက်
ပိုများလို့ ကလေးတွေမှာ
သတိထား တိုက်ကျွေးရမယ်

- #အာရုံကြောဆေးတွေကို
#ဆရာဝန်ညွှန်ကြားချက်နဲ့
#သောက်သုံး_သင့်ပါတယ်


ဘေးထွက်ဆိုးကျိုး။
-----------------

- ချွေးထွက် များတာ

- နှလုံးခုန် မြန်တာ

- ရင်တုန်တာ

- အရေပြား ယားယံတာ

- အင်ပြင် ထွက်တာ


- Vitamin B6 ပါတဲ့ အားဆေးတွေကို
L-Dopa ဆေးနဲ့ တွဲပြီး မသောက်
သင့်ဘူး

- L-Dopa ရဲ့ အာနိသင်
ယုတ်လျှော့စေမယ်

- ရေမှာ ပျော်ဝင်တာကြောင့်
တော်ရုံများတာလောက်ကို
ခန္ဓာကိုယ်က စွန့်ထုတ်နိုင်တယ်


#မေးမြန်းသူအတွက်_ဖြေကြားချက်
--------------------------

- ခေါင်းမူး၊ ခေါင်းကိုက်ကို
သက်သာစေတာတော့ မဟုတ်ပါ

- ဇက်ကျော၊
ဂုတ်ကျောတက်သူများကို
ပေးလေ့ရှိတယ်

- ထုံကျဉ်တဲ့ဝေဒနာတွေကို
အဓိက သက်သာစေတယ်

- အထူးသဖြင့်
အာရုံကြော ရောင်ရမ်းတယ်လို့
ယူဆတဲ့ အခါမျိုးမှာပေါ့

- အကိုက်အခဲပျောက်ဆေး မဟုတ်လို့ ရေရှည်စွဲသောက်ရုံနဲ့
အစာအိမ် မထိခိုက်စေပါ

- အသက်အရွယ်မရွေး
သောက်သုံးနိုင်တယ်

- စွဲသောက်တဲ့အတွက်လည်း
ပြဿနာမရှိပါ

(Michael Bilမှ ရေးသား တင်ပြသည်)
(Matu Health Information ပေ့ချ်မှ ကူးယူဖော်ပြပါသည်)



#ကျန်းမာရေးဗဟုသုတရကြပစေ


Address

အမှတ် (၁၅/ခ)၊ သစ္စာပန်းလမ်းမ၊ ဌ-ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။
Yangon
ရန်ကုန်မြို့။

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959975445362

Website

Alerts

Be the first to know and let us send you an email when WUTT YEE - Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category