30/07/2021
Abbott Panbio Covid-19 Antigen Self-Test kit
⭐️ WHO and Singapore HSA approved
⭐️ အသက်အရွယ်မရွေးစစ်လို့ရလို့ကလေးတွေလဲစစ်လို့ရပါတယ်
⭐️Sensitivity 98.1% Specificity 99.8%ရိပါတယ်
အသုံးပြုနည်း
* နှာခေါင်းတို့ဖတ်ယူပေးမည့်သူသည် protective gear (at least level 2)၊ face shield၊ mask ၊ gloves အပြည့်အစုံ ဝတ်ဆင်ထားရမည်
*မိမိ အသုံးပြုမည့် ပစ္စည်းများကိုအရန်သင့်အနားတွင်ပြင်ဆင်ထားရှိပါ
*Buffer solution ကို swab အတံထည့်မည့် tube ထဲသို့ အရစ်အထိထည့်ထားပြီးထောင်ထားပါ
*swab အတံကိုဖောက်သည့်အခါတွင်လည်း swab ရဲ့အဖျားပိုင်းမှဖောက်ပြီးအဖျားမှသာလက်ဖြင့်မထိပဲကိုင်ပါ။ ပြီးရလျှင် swab ယူခံရမည့်လူရဲ့ခေါင်းကို မော့ခိုင်းပါ။ swab အတံကိုဖြည်းဖြည်းချင်း ထောက်သွားသည်အထိသွင်းပါ။ ထောက်သွားသောနေရာရောက်လျှင် 360 degree 3,4 ခါလောက်လှည့်ပါ။ ထို့နောက် 3 second လောက်ထားပြီးထုတ်ပါ။ ပြီးလျှင်နောက်တစ်ဖက်ကိုလဲ အလားတူပြုလုပ်ပါ။
*ပြီးလျှင် swab အတံကို buffer solution ထည့်ထားသည့် tube ထဲသို့ထည့်ပါ
*5 ကြိမ်လောက်မွှေပြီး tube ကို အဖုံးပိတ်လိုက်ပါ။
*ထိုနောက် tube ရဲ့ထိပ်တွင်ရှိသော အဖုံးအဖြူလေးကိုဖွင့်ပြီး test kit ရဲ့အစက်ချရမယ့်နေရာမှာ 5 စက်လောက်ချပါ ။
*15 မိနစ်ကျော်လျှင် အဖြေကိုဖတ်နိုင်ပါပြီ
** အထူးသတိပြုရန်**
-အသုံးပြုပြီးသောပစ္စည်းများသည် ကူးဆက်အန္တရာယ် ရှိသောကြောင့်အထူးသတိပြုပြီး စနစ်တကျစွန့်ပစ်ရန်လိုအပ်ပါသည်
Instock Available