Thant Sin Clinic

Thant Sin Clinic မိသားစု အထွေထွေရောဂါကုဆေးခန်း

https://m.youtube.com/watch?v=zD1Zpg7A1Zg&feature=share
14/09/2022

https://m.youtube.com/watch?v=zD1Zpg7A1Zg&feature=share

ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှု ပဉ္စမလှိုင်း စတင်ဖြစ်ပွားနေပြီး လာမယ့်တစ်ပတ်နှစ်ပတ်အတွင်းမှာ ကူးစက်မှုအမြင....

27/05/2022

"လူတစ်ယောက်ရဲ့ အဆင့်အတန်း" (Day-15)

လူတွေဟာ ကိုယ်နဲ့ တန်းတူတဲ့သူတွေ၊ ကိုယ့်ထက် မြင့်သူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင့်အတန်းရှိသယောင်၊ ယဉ်ကျေးသယောင်နဲ့ မသိသာပေမဲ့ သူ့ထက် နိမ့်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ လူတစ်ယောက်ရဲ့ အတွင်းစိတ်က ပေါ်လာတတ်ပါတယ်။

လောကမှာ ပါဝါတွေက အမျိုးမျိုးရှိနိုင်တယ်​။ ရာထူး၊ အာဏာ၊ ငွေကြေး၊ ခွန်အား၊ လုပ်ပိုင်ခွင့်၊ ပညာ၊ အသက်အရွယ် စသဖြင့် တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြဘူး၊ တူအောင်လည်း ဘယ်လိုမှ လိုက်ညှိလို့မရဘူး။ ဒီလို တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေ မတူကြတဲ့အခါ လူတွေဟာ ကိုယ့်မှာရှိတဲ့ ပါဝါကို အလွဲသုံးလာကြတယ်။ ကိုယ်မို့လို့ အသာစီးလေး မရလိုက်နဲ့၊ စိတ်တိုင်းကျ အနိုင်ယူကြတယ်။

ကိုယ့်ထက်နိမ့်သူကို အနိုင်ကျင့်ထားတဲ့သူဟာ သူ့ကိုယ်သူ လေးစားမှုပျောက်ဆုံးသွားတယ်။ အဲဒီအတွက် သူ့ထက် မြင့်တဲ့သူရှေ့မှာဆိုရင် ဒူးထောက်ဖို့လည်း ၀န်မလေးတော့ဘူး။ ဒီလိုနဲ့ အထက်ဖားအောက်ဖိ သံသရာလည်လာတယ်။

“လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက် နိမ့်ပါးတဲ့သူတွေကို သူဘယ်လိုဆက်ဆံသလဲ ဆိုတာကို ကြည့်ရတယ်” တဲ့။

လူတစ်ယောက် အဆင့်အတန်း မြင့်မမြင့်ကို သူဘာ၀တ်ထားတယ်၊ သူ ဘယ်လောက်ချမ်းသာတယ်၊ သူ ဘာဘွဲ့တွေ ရထားတယ်၊ သူကိုင်တဲ့ဖုန်းက ဘာလဲ ဆိုတာတွေက မပြောပြနိုင်ဘူး၊ သူ့ထက် နိမ့်ပါးတဲ့ လူတွေအပေါ် သူဘယ်လိုဆက်ဆံသလဲ ဆိုတာကပဲ ဖော်ပြပေးနိုင်တယ်။

ကျွန်တော်တို့ရဲ့ ဘ၀မှာ ကိုယ့်ထက် မြင့်တဲ့သူတွေကို မဖားဖူးပါဘူးဆိုတောင် မပြုံးချင်ဘဲ ပြုံးပြရတာတွေ၊ မကောင်းတတ်လို့ အလိုက်အထိုက် ဆက်ဆံနေရတာတွေ ရှိကောင်းရှိနိုင်ပါတယ်၊ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ထက် နိမ့်ပါးတဲ့သူတွေအပေါ်မှာတော့ တစ်ဖက်သတ် အနိုင်မယူမိဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ အဲဒါဟာ ကျွန်တော်တို့ အဆင့်အတန်း ဘယ်လောက်မြင့်သလဲ ဆိုတာကို ပြသနေမဲ့ အချက်တစ်ချက် ဖြစ်လို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ

📌 စာကို သ​ဘောကျတယ်ဆို ဒီ​နေ့ကို ကြိုက်နှစ်သက်ရာ App တစ်ခုခုမှာ ၁၅ မိနစ် Click လုပ်​ပေးပါ။ ဖေ့စ်ဘွတ်​ပေါ် ​​အောက်က ပုံနဲ့အတူ ပြန်ကူးတင်လို့လည်း ရပါတယ်။ ​ကျေးဇူးတင်ပါတယ်။

၂၀၂၂ ခုနှစ်အတွက် တုပ်ကွေးရောဂါပိုး ၄ မျိုးကို ဆေး၁ လုံးတည်းနဲ့ ကာကွယ်ပေးနိုင်သော တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါပြီ။
07/05/2022

၂၀၂၂ ခုနှစ်အတွက် တုပ်ကွေးရောဂါပိုး ၄ မျိုးကို ဆေး၁ လုံးတည်းနဲ့ ကာကွယ်ပေးနိုင်သော တုပ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါပြီ။

15/02/2022
Date -6-2-22 (Credit to Professor Daw Than Than Aye)Omicron အိုမီခရွန် ... အခု Covid ပိုးအသစ် Omicron ဆိုတာ ရောက်လာပြန်ပ...
08/02/2022

Date -6-2-22 (Credit to Professor Daw Than Than Aye)

Omicron အိုမီခရွန် ... အခု Covid ပိုးအသစ် Omicron ဆိုတာ ရောက်လာပြန်ပြီ။
****
COVD-19 မှာ အောက်စီဂျင်ကျခြင်းမရှိ ၊ သေဆုံးခြင်း မရှိ
" Zero "ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ။
****
Delta ဒယ်လ်တာ ကတော့ တတိယလှိုင်းတုန်းက လူတော်တော်များများ သိပြီးတဲ့ကိုဗစ်ပိုး( ဆားစ်ကိုဗီတူး )ဖြစ်ပါတယ်။ သူရဲ့ ပြင်းထန်တဲ့အစွမ်းကြောင့် လူတွေအား လုံးတော်တော်ထိတ်လန့် ခဲ့ရပါတယ်။ အဆိုးဆုံးသော ဘဝမှာ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုကြီး တွေ၊ ခွဲခွါရလို့သောကတွေ ၊ ထိပ်လန့်စိုးရိမ်စရာကြီး တွေ အများကြီးကြုံလိုက်ရပြီး ဖြစ်ပါတယ်။
တတိယကိုဗစ်လှိုင်းကြီးကျသွားလို့ စိတ်သက်သာယုံရှိသေးတယ်။
အိုမီခရွန်ဆိုတဲ့ပိုးသစ်က ရောက်လာပြန်တယ်။ ဒီ Omicron မျိုးကွဲကို တောင်အာဖရိကနိုင်ငံ မှ ၂၀၂၁ နိုဝင်ဘာလမှာ စတင်တွေ့ရှိပါတယ်။ Spike protein မှာmutation (ဗီဇပြောင်းလဲမှု) ဖြစ်ပေါ်လာခြင်းဖြင့် ပိုးအသစ်တစ်မျိုး ဖန်တီးလိုက်ပြန်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားလို့ ဒါမှမဟုတ် ကိုဗစ်ရောဂါဖြစ်ထားပြီးလို့ ခုခံအားအင်တီဘေါ်ဒီ antibody တွေ ၊ memory T cell တွေအသင့်ရှိထားပြီတာတောင် စိတ်ချလို့မရပြန်ပါဘူး။

အိုမီခရွန်က mutation ဗီဇပြောင်းလဲမှုကြောင့် ပိုးအသစ် ( လူစိမ်း) လိုဖြစ်သွားတယ် ။ ခုခံအား Antibody အပြည့်ရှိပြီးသူတွေမှာတောင် ဖြစ်နေတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုမီခရွန်ဟာ immune system ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မျက်လှည့်ပြနိုင်ပါတယ်။ သူက antibody အတားအစီးကို ရှောင်ကွင်းနိုင်စွမ်းရှိနိုင်တာ တွေ့ရပါတယ်။
ခုခံအားစနစ်ရဲ့ မှတ်ဥဏ် Immune memory cell မှာ မှတ်သားထားတဲ့တိုက်ခိုက်ရမည့် ရန်သူ၊ ယခင် ကိုဗစ်ပိုးတွေနဲ့ မတူတော့လို့ ခုခံအားစနစ်က တိုက်ခိုက်ရမှန်းမသိတော့ဘဲ ဒီအတားအဆီးကို ပေးကျော်လိုက်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကိုကျော်နိုင်တယ်။
အိုမီခရွန်ဟာ ရောဂါကူးစက်မှု အားများပါတယ်။ ဒါကြောင့် လူတိုင်း ကိုဗစ်ဖြစ်နိုင်တယ်၊ ဖြစ်ပြီးသူလည်း ပြန်ဖြစ်နိုင်တယ်၊ ကာကွယ်ဆေး ၄ လုံး ထိထိုးပြီးပေမဲ့လည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်လည်းဖြစ်ပြီးပြီ ကာကွယ်ဆေးလည်း ထိုးပြီးပြီ ဆိုတဲ့ သူတွေလည်း ဖြစ်နိုင်တယ်။

ဒီပိုးသစ်ဟာ ကူးစက်နှုန်းအလွန်မြန်တယ်။ ဒါပေမဲ့ကောင်းတဲ့ အကွက်ကတော့ ပိုးကသိပ်မပြင်းထန်ဘူး။ ယခင်ဒယ်လ်တာ Delta ပိုးထက် အများကြီးပျော့တယ်လို့ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ အရ သိရပါတယ်။ ပိုး covid positive ဖြစ်ပေမဲ့ ခုခံအားစနစ်က အစွမ်း အသင့်အတင့်ရှိလို့ Severe covid ဆိုးရွားတဲ့ကိုဗစ်မဖြစ်အောင် ကာကွယ်ထားနိုင်တာကြောင့်လည်း ပါပါ
တယ်။ ဒါကြောင့် ကာကွယ်ဆေးကို ၄-၆ လအကြာမှာ booster တစ်လုံးထပ်ထိုးပြီး အားဖြည်ဖို့် တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ အိုမီခရွန်ပိုးအတွက်တော့ မသေခြာသေးပြန်ဘူး။

*******

ဒါပေမဲ့ သိပ်မဆိုးသေးတာက အောက်စီဂျင်ကျတဲ့ ဆိုးကျိုး ဖြစ်တာ တေါ်တေါ်နည်းပါတယ်။
ပျော့တယ်လို့ ပြောကြတယ် ။ ဒါကြောင့်ဆေးရုံတက်ရတဲ့ အရမ်းဆိုးတဲ့ severe covid ဖြစ်နှုန်း အားဖြင့် အများကြီးနည်းသွားပါတယ် ။
သို့သော်လည်း အောက်စီဂျင်ကျပြီဆိုရင်ကော.....
မှတ်သားရမှာကတော့ အောက်စီဂျင်ကျပြီဆိုရင်တော့ ယခင်ကိုဗစ်လိုမျိုး ဆိုးတာချင်း အတူတူဘဲ ဖြစ်ပါမယ်။
ဒက်ဆာ ၊ စတီးရွိုက်တွေပေးလို့ ပြန်ကောင်းတာ၊ မကောင်းတာ အရင်ပိုးတွေနဲ့ မကွာပါဘူး။ ဆိုးတာ မဆိုးတာ ကျတော့ မိမိရဲ့ immune ကိုယ်ခံအား တုန့်ပြန်မှု မူမမှန်ခြင်းနဲ့ အဓိက ဆိုင်နေပါတယ်။

တစ်ခုရှိတာက ကာကွယ်ဆေး ထိုးထားသူတွေမို့ အဆိုးဆုံး critical covid ဖြစ်သွားတဲ့သူနည်းပါမယ်။ ဒါကြောင့် ICU ရောက်နှုန်း၊ အသက်ရှူစက် Ventilator တင်ရနှုန်း ၊ နောက်ဆုံး သေဆုံးနှုန်းလည်းအရင်ကထက်နည်းနိုင်တယ်။

ဒါဆို Zero တော့မဖြစ်နိုင်ဘူး။
၉၉% ကောင်းကြတဲ့ အထဲမှာပါပြီး ရှားပါးတဲ့ မကောင်းတဲ့ ၁% တော့ ကိုယ်မဖြစ်ချင်ပါဘူး။ ဒါကြောင့် Zero desaturation , Zero death rate ဖြစ်နိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ အကြံပြုပါရစေ။

(ဆက်ရန်)

Omicron ကူးစက်ပါက1. ဖျားခြင်း ချမ်းတုန်ခြင်း2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း3. ခန္ဓ...
03/02/2022

Omicron ကူးစက်ပါက
1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်

Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်


ကဲ..နှစ်သစ်ကို  #သတင်းကောင်းလေးတွေနဲ့ စရအောင်ပါOmicron အစပျိုးရာ တောင်အာဖရိကမှာ ယခု omicron ကိုဗစ် လှိုင်းနဲ့ ယခင် လှိုင...
01/01/2022

ကဲ..နှစ်သစ်ကို #သတင်းကောင်းလေးတွေနဲ့ စရအောင်ပါ

Omicron အစပျိုးရာ တောင်အာဖရိကမှာ ယခု omicron ကိုဗစ် လှိုင်းနဲ့ ယခင် လှိုင်းတွေ (အထူးသဖြင့် delta လှိုင်း)နဲ့ #ခြားနားမှုတွေကို ထုတ်ပြန်ထားပါတယ်

1. Omicron လှိုင်းမှာ ကိုဗစ်ဖြစ်သူတွေဟာ ပိုပြီး #အသက်ငယ်ကြတယ်..
36 vs 60 years

2. #အောက်ခံရောဂါရှိသူအချိုး ပိုနည်း
23% vs 53%

3. #အဆုတ်ထိခိုက်သူရာခိုင်နှုန်း ပိုနည်းတယ်…
32% vs 91 %

4. #အောက်ဆီဂျင်ပေးရသူ ပိုနည်းတယ်..
18% vs 74%

5. #အသက်ရှူစက်ပေါ် တင်ရသူ ပိုနည်းတယ်…
2% vs 12%

6. #သေနှုန်းလည်း ပိုနည်းတာ တွေ့ရတယ် ..
3% vs 29%

ကူးစက်ခံထားရလို့ သို့မဟုတ် ကာကွယ်ဆေးထိုးထားလို့ လူကြီးတွေမှာ ရောဂါပြင်းထန်မှု မခံစားရတာလား…

Omicron ပိုးကိုက ပြင်းအားကျသွားတာလား..
ဘာပဲ ဖြစ်ဖြစ် #ကာကွယ်ထိုးထားသူများအတွက်တော့ စိတ်သက်သာဖွယ် တွေ့ရှိချက်ပါပဲ..

တခြား #အသားစသုံး သုတေသနတွေမှာလည်း
Omicron ဟာ အဆုတ်အသားစကို #ပူးကပ်ချိတ်ဆက်မှု (fusogenicity) မှာ delta ထက် အားနည်းပြီး

cell အချင်းချင်းကူးစက်စေမှု ကြောင့်ဖြစ်တဲ့ syncytia formation မှာလည်း လျော့နည်းနေတာမို့

pathogenicity မှာ delta ထက် လျော့နေမယ်လို့ ယူဆနေကြတာမျိုးပါ..

“နှစ်သစ်မှာ ကိုဗစ်မျိုးကွဲများရန်က ကင်းဝေးကြပါစေ”

ခင်မင်လျက်

ဒေါက်တာဝင်းမင်းဦး
PhD in Medicine (Sydney University)
နိုင်ငံတကာ ကျီးပေါင်းခါးနာ ကျွမ်းကျင်သူ

အမေရိက FDA မှ အတည်ပြုပေးလိုက်သော Pfizer ရဲ့ ကိုဗစ်ဗိုင်းရပ်စ်သတ်ဆေး “Paxlovid” နဲ့ Merck ရဲ့ ကိုဗစ်ဗိုင်းရပ်စ်သတ်ဆေး “Mo...
26/12/2021

အမေရိက FDA မှ အတည်ပြုပေးလိုက်သော Pfizer ရဲ့ ကိုဗစ်ဗိုင်းရပ်စ်သတ်ဆေး “Paxlovid” နဲ့ Merck ရဲ့ ကိုဗစ်ဗိုင်းရပ်စ်သတ်ဆေး “Molnupiravir” တို့သည် သောက်ဆေးအမျိုးအစားများဖြစ်ပြီး ကိုဗစ်ကြောင့်ဖျားနာသူများ ဆေးရုံတက်ရလောက်သည်အထိ ရောဂါအခြေအနေမဆိုးရွားခင်အဆင့်တွင် အိမ်တွင်သောက်သုံးစေရန် ရည်ရွယ်ချက်ဖြင့် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Pfizer’s antiviral pill, Paxlovid, to treat Covid-19, the first antiviral Covid-19 pill authorized in the US for ill people to take at home, before they get sick enough to be hospitalized. High-risk individuals age 12 and older who weigh at least 88 pounds and have a positive SARS-CoV-2 test are eligible for this treatment and will need to have it prescribed by a doctor.

Merck's antiviral pill, molnupiravir, to treat Covid-19 "for the treatment of mild-to-moderate coronavirus disease (COVID-19) in adults with positive results of direct SARS-CoV-2 viral testing, and who are at high risk for progression to severe COVID-19, including hospitalization or death, and for whom alternative COVID-19 treatment options authorized by the FDA are not accessible or clinically appropriate."

MED INFO Myanmar

သတင်းရင်းမြစ်
CNN
https://cnn.it/3mst2cC

Address

No. 1172/A, Thamardi Street, Myittarnyunt Quarter, Tarmwe Township
Yangon
11212

Opening Hours

Monday 09:00 - 11:00
17:00 - 21:00
Tuesday 09:00 - 11:00
17:00 - 21:00
Wednesday 09:00 - 11:00
17:00 - 21:00
Thursday 09:00 - 11:00
17:00 - 21:00
Friday 09:00 - 11:00
17:00 - 21:00
Saturday 09:00 - 11:00
17:00 - 21:00
Sunday 16:00 - 19:00

Telephone

+959250157065

Website

Alerts

Be the first to know and let us send you an email when Thant Sin Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thant Sin Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category