ကာယသုခ Online Rehab Clinic

ကာယသုခ Online Rehab Clinic အရိုး၊ အဆစ်နှင့် အာရုံ​ကြော ဆိုင်ရာ

(အိပ်ယာပူနာ ကာကွယ်ပါ)ဆေးရုံတက်လူနာတွေမှာ အိပ်ယာပူနာရှိနေရင် (က) လူနာရောဂါအခြေအနေကြောင့်လား (Vulnerability) ။(ခ) လူနာ၊ လူ...
22/05/2024

(အိပ်ယာပူနာ ကာကွယ်ပါ)
ဆေးရုံတက်လူနာတွေမှာ အိပ်ယာပူနာရှိနေရင်
(က) လူနာရောဂါအခြေအနေကြောင့်လား (Vulnerability) ။
(ခ) လူနာ၊ လူနာရှင်တွေက အနာမဖြစ်အောင်ကာကွယ်ဖို့အတွက် လုံလောက်တဲ့ အသိပညာနဲ့ အလေ့အထမရှိတာလား။ (Preventive awareness)
(ဂ) ကျန်းမာရေးဝန်ထမ်းတွေရဲ့ အသိပညာပေးခြင်း၊ ပြုစုစောင့်ရှောက်မှုအားနည်းခြင်းရှိနေလို့လား (Promotion and care needs)။
စတာတွေ စဉ်းစားစရာဖြစ်လာပါတယ်။

အိပ်ယာပူနာ အခေါ်အဝေါ် အမျိုးအမျိုးရှိပါတယ်။
(က) လဲလျောင်းနာ(Decubitus ulcer)
(ခ) အိပ်ယာပူနာ(Bedsore)
(ဂ) ဖိပွန်းနာ(Pressure sore/ulcer)
(ဃ) ဖိပွန်းဒဏ်ရာ(Pressure injury)

ယနေ့အထိအသုံးများတဲ့ အခေါ်ကတော့ အိပ်ယာပူနာ (Bedsore) ပါ။
အသုံးအနှုန်းအမှန်ကတော့ (Pressure injury) ဖြစ်ပါတယ်။

အတွေ့ရများတဲ့လူနာတွေကတော့
(က) အလွန်အသက်အရွယ်အိုမင်းသူတွေ၊ (ခ) နာတာရှည်ရောဂါတစ်ခုခုဖြင့် အိပ်ယာပေါ်လဲနေရသူတွေ၊
(ဂ) အရိုးအဆစ်၊ ကြွက်သား၊ အာရုံကြော ရောဂါ/ဒဏ်ရာကြောင့် လှုပ်ရှားသွားလာရခက်ခဲသူတွေ
(ဃ) အသက်ရှူပိုက်၊ အစာပိုက်၊ ဆီးပိုက် စတဲ့ဆေးပစ္စည်းကိရိယာများတပ်ဆင်ထားသူတွေ
ဖြစ်ပါတယ်။

ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့
(က) အရိုးများသောနေရာပေါ်တွင် အချိန်ကြာမြင့်စွာလဲလျောင်းနေခြင်း (သို့) ထိုင်နေခြင်း၊ အသက်ရှူပိုက်၊ အစာပိုက်၊ ဆီးပိုက်စတဲ့ ဆေးပစ္စည်းကိရိယာများတပ်ဆင်ထားခြင်း။
(ခ) လူနာအနေအထားမမှန်ခြင်း၊ လူနာအနေအထားအချိန်မှန် မပြောင်းခြင်း၊ လူနာရွှေ့ပြောင်းမှု စနစ်မကျသဖြင့် ဖိပွန်းမိခြင်းခြင်း။
(ဂ) လူနာအာဟာရနှင့်‌ ရေဓာတ်ချို့တဲ့ခြင်း။
(ဃ) လူနာ၏ ဆီး၊ ဝမ်း၊ ချွေးများနှင့်မကြာခဏထိတွေ့ပြီး အရေပြားနူး၍လောင်ခြင်း။
(င) လူနာနှင့်လူနာရှင်မှ အိပ်ယာပူနာ ကာကွယ်တတ်ရန် ကျန်းမာရေးအသိနှင့် အလေ့အထမရှိခြင်း။

ပြုစုကုသနည်းတွေရှိပေမယ့် အိပ်ယာပူနာ မဖြစ်အောင်ကာကွယ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။
(က) အိပ်ယာပူနာ ဖြစ်နိုင်သည့်နေရာရှိ အရေပြားကို ပုံမှန် ကြည့်ရှုစစ်ဆေးခြင်း။
(ခ) လဲလျောင်းလူနာကို အနည်းဆုံး ၂ နာရီတစ်ကြိမ် ဘယ်/ညာ ၃၀ ဒီဂရီ စောင်းပေးခြင်း၊ စောင်းရာတွင် အထောက်အကူဖြစ်စေမည့် Positioning wedge/pillow များအသုံးပြုခြင်း။
(ဂ)ထိုင်လျက်ဖြစ်ပါက ခန္ဓာကိုယ်အား ဘေးဘယ်ညာအားပြု၍ တင်ပါးကြွခြင်း၊ ရှေ့သို့အားပြုခြင်း။
(ဃ) ဖိအားလျော့စေမည့် မွေ့ယာ (Pressure relieving mattress)၊ ထိုင်ခင်း (Customised cushions) များအသုံးပြုခြင်း။
(င) လူနာ နေရာရွှေ့ပြောင်းခြင်းပြုလုပ်ရာတွင် အရေပြား ပွန်းပဲ့မှုမဖြစ်စေရန် သေချာမချီရွှေ့ပြောင်းခြင်း။
(စ) ဆီး၊ ဝမ်း၊ ချွေးများ ညစ်ပေနေပါက အား ချက်ချင်းသန့်ရှင်းပေးခြင်း။
(စ) လူနာအား လုံလောက်သော အာဟာရဓာတ်နှင့် ရေဓာတ်ရအောင် ကျွေးမွေးခြင်း။
(ဆ) အရေပြားခြောက်သွေ့ခြင်း၊ ပွန်းပဲ့ခြင်းမှ ကာကွယ်ရန် ရေဓာတ်ပါသော အလှဆီ၊ ချောဆီများ လိမ်ပေးခြင်း
တို့ဖြင့် ကာကွယ်နိုင်ပါတယ်။

အိပ်ယာပူနာ သိသိသာသာဖြစ်လာရင်တော့ အနာရဲ့
(က) အရွယ်အစား(Area)
(ခ) အတိမ်အနက်(Depth)
(ဂ) သငန်ရေ အနည်းအများ(Exudate)
(ဃ) ဆွေးမြေ့တစ်ရှူး(Slough/dead tissue)
(င) ပိုးဝင်မှု လက္ခဏာ (Signs of infection)

စတာတွေပေါ်မူတည်ပြီး
(က) အနာကိုသန့်ရှင်းပေးခြင်းနှင့်ဆေးထည့်ပေးခြင်း (Wound cleansing and dressing)
(ခ) အနာဆွေးမြေ့တစ်ရှူးများကိုရှင်းလင်းပေးခြင်း (Wound debridement)
(ဂ) ခွဲစိတ်ကုသနည်းလမ်းဖြင့် အရေပြားပြန်လည်အုပ်ပေးခြင်း (Skin graft/flap)
(င) ပိုးဝင်သည့်လက္ခဏာများရှိပါက ပိုးသတ်စားဆေး/ထိုးဆေးများပေးခြင်း
စတာတွေနဲ့ကုသရပါတယ်။

အနာ သငန်ရည်များမှု၊ အနာခြောက်ကပ်မှုပေါ်မူတည်ပြီး သင့်တော်မယ့် အနာဆေးထည့်ပစ္စည်းအမျိုးအစားနဲ့ ဆေးထည့်မည့်အကြိမ်ရေကို သက်မှတ်ရပါမယ်။

အိပ်ယာပူနာကို ဖြစ်ပြီးမှ ကုသပါက
(က) အနာဆေးထည့်သည့်ပစ္စည်းများ၊ ပိုးသတ်ဆေးများ၏ ကုန်ကျစရိတ်။
(ခ) ပုံမှန်ဆေးထည့်ရန်အတွက် ပေးရသည့်အချိန်။
(ဂ) ဆေးထည့်ရန် ကျွမ်းကျင်သည့် သူနာပြုလိုအပ်ချက်။
(ဃ) လူနာခံစားရသည့် စိတ်အနှောက်အယှက်ဝေဒနာ။
(င) အခြားလှုပ်ရှားမှုဆိုင်ရာကုသမှုများအား နှောင့်နှေးကြန့်ကြာစေမှု (ဥပမာ- လေ့ကျင့်ခန်းကုထုံးများ)
(စ) ဆေးရုံတက်ရက် တာရှည်သွားရခြင်း
စတာတွေအတွက် ပိုပြီးစိတ်ရှုပ်ရပါတယ်။

ဒါကြောင့် အချိန်ကုန်/ငွေကုန် သက်သာ၊ လူနာလည်း‌ ဝေဒနာအမြန်ကင်းကွာ၊ ပြုစုစောင့်ရှောက်သူများလည်း အလုပ်ရှုပ်သက်သာစေဖို့ အိပ်ယာပူနာကို ကာကွယ်ကြပါစို့။

ဒေါက်တာ သိန်းသန်းဝင်း (ကာယကု)
၂၂-၅-၂၀၂၄ (ကဆုန်လပြည့်နေ့)

Notes for "International Day of Persons with Disabilities" (3-12-2023)"အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" မှတ်စု (၃-၁၂...
02/12/2023

Notes for "International Day of Persons with Disabilities" (3-12-2023)
"အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" မှတ်စု (၃-၁၂-၂၀၂၃)

21/05/2023

Amyloidosis မလိုလားအပ်သော အသားဓာတ်များစုပုံလာသောရောဂါ။

မျက်နှာတစ်ခြမ်း​လေဖြတ်ခြင်း(Bell's Palsy)၁။ ​​လေဖြတ်မှာကို လူတိုင်း​ကြောက်ကြသည်။ မျက်နှာရုတ်တရက် ရွဲ့သွားလျှင် အရမ်းစိုး...
19/09/2022

မျက်နှာတစ်ခြမ်း​လေဖြတ်ခြင်း
(Bell's Palsy)

၁။ ​​လေဖြတ်မှာကို လူတိုင်း​ကြောက်ကြသည်။ မျက်နှာရုတ်တရက် ရွဲ့သွားလျှင် အရမ်းစိုးရိမ်ကြသည်။ မျက်နှာတစ်ခြမ်းကို​ထောက်ပံ့​ပေး​သောအာရုံ​ကြော အလုပ်မလုပ်​​တော့သည့်အခါ မျက်နှာကြွက်သားများအ​ကြော​သေသွားသဖြင့် ​ကောင်းသည့်ဘက်သို့ ပိုအားပါသွားပြီး တစ်ခြမ်းရွဲ့သွားခြင်းဖြစ်သည်။

၂။ မျက်နှာရွဲ့ယုံမျှမက နားအူခြင်း၊ ​မေးရိုးနှင့် နား​နောက်တစ်ဝိုက်နာခြင်း၊ သွားရည်ကျခြင်း၊ အရသာအာရုံပျက်ခြင်း၊ ထမင်းဝါးလျှင် ပါး​စောင်တွင်း၌ထမင်းကျန်တတ်ခြင်း၊ မျက်ရည်မထိန်းနိုင်ခြင်း၊ မျက်လုံးပိတ်မရခြင်း စသည်တို့နှင့်တွဲ၍ဖြစ်တတ်ပါသည်။

၃။ အသက်အရွယ်မ​ရွေးဖြစ်နိုင်ပါသည်။ ကိုယ်ဝန်​ဆောင်လရင့်ချိန်နှင့် ​မွေးပြီးစအချိန်တွင်လည်းအဖြစ်များသည်။ တုတ်​ကွေး၊ ​ရေယုန်၊ ​ရေ​ကျောက်၊ ပါးချိပ်​ရောင်၊ ဂျိုက်သိုး စသည့် Virus ​ရောဂါများ​ကြောင့်လည်း ဖြစ်တတ်သည်။ ​သွေးတိုး၊ ဆီးချိုနှင့် အဝလွန်သူများလည်း ဖြစ်နိုင်​ခြေများသည်။

၄။ ​အနာသိလျင်​ ​ဆေးရှိပါသည်၊ ​စော​စောကုလျှင် ​စော​​စောပျောက်ပါသည်။ ​ရောဂါဇစ်မြစ်ကိုရှာဘို့ ​သွေးစစ်ခြင်း၊ ဓါတ်မှန်/သံလိုက်ဓါတ်မှန်ရိုက်ခြင်း၊ အာရုံ​ကြောစမ်းသပ်ခြင်းများ လိုအပ်လျှင်လုပ်ရပါမည်။

၄။ ​နောက်ကျမှကုသလျှင် အာရုံ​ကြောအပြီး​သေသွားသဖြင့် မျက်နှာ အပြီးရွဲ့သွားနိုင်ပါသည်။ အာရုံ​ကြော​နေရာလွဲမှားပြီး တစ်ဝက်တစ်ပျက်ပြန်​ကောင်းလာပါက မျက်နှာအ​ကြောလိုက်/လှုပ်ခြင်းများ (Synkinesis) ဖြစ်တတ်ပါသည်။ မျက်လံ့းပိတ်မရ​တော့သဖြင့် မျက်ကြည်လွှာ ​ခြောက်ခြင်း၊ ဒဏ်ရာရလွယ်ခြင်း​ကြောင့် မျက်စိကွယ်နိုင်ပါသည်။

၅။ ​သောက်​ဆေးများအ​နေဖြင့် Steroid အ​ရောင်ကျ​ဆေးကို ချက်ချင်း​ပေးရပါမည်။ လိုအပ်က Virus ပိုးသတ်​ဆေးနှင့် တွဲဖက်​ပေးရပါမည်။ အာရုံ​ကြောအား​ဆေးနှင့် အနာသက်သာသည့်​ဆေးများလည်း​ပေးနိုင်ပါသည်။

၆။ မျက်နှာကြွက်သားများ ပြန်လည် လှုပ်ရှားမှုသည် အာရုံ​ကြောပြန်လည်​ကောင်းမွန်လာမှုအ​ပေါ်မူတည်ပြီး ၁ လ မှ ၆ လခန့်အထိအချိန်ယူရတတ်သည်။

၇။ ကြွက်သားများပြန်လည်လှုပ်ရှားနိုင်မှုအတွက် Physiotherapy ​လေ့ကျင့်ကုထုံး၊ လျှပ်စစ်ကုထုံး၊ ​လေဆာကုထုံး၊ အသံလှိုင်းကုထုံး၊ တရုတ်အပ်စိုက်ကုထုံး(Acupuncture) စသည်တို့သည်လည်း ထိ​ရောက်မှုရှိကြသည်။

၈။ ထို့အတူ မျက်စိအကာအကွယ်အဖြစ် ​​နေ့ဘက်တွင် မျက်မှန်တပ်ခြင်း၊ ညဘက်တွင် Eye pad တပ်ခြင်း၊ စားကြွင်းစားကျန်များမကျန်​စေရန် အစာစားပြီးတိုင်း ပါးလုပ်ကျင်း၊ သွားတိုက်ခြင်း (Oral Hygiene) စသည်တို့ပြုလုပ်​ပေးရန်လည်း အ​ရေးကြီးပါသည်။ မျက်နှာ တွဲကျခြင်းမှကာကွယ်ရန်နှင့် ကြွက်သားများအားလှုံ့​ဆော်မှု​ပေးရန်အတွက် မျက်နှာ တိပ်ကပ်ခြင်း Facial Taping ၊ မျက်နှာပင့်တင်ခြင်း Facial lifting စသည်တို့ပြုလုပ်ရန်လည်းလိုနိုင်ပါသည်။

၉။ အာရုံ​ကြောပိညပ်​နေ​သော အချို့လူနာများတွင် ခွဲစိတ်ကုသမှ ပြန်​ကောင်းသည်များလည်းရှိသည်။ ​နောက်ဆုံး​ပေါ် ပလတ်စတစ်ခွဲစိတ်နည်းပညာဖြစ်သည့် Facial Reanimation Surgery ပြုလုပ်ရသည်များလည်းရှိသည်။

၁၀။ မည်သို့ပင်ဖြစ်​စေ မဖြစ်ခင်ကကာကွယ်၊ ဖြစ်လာပါကလည်း နားလည်သူနှင့်ချက်ချင်းပြသ ကုသမှုခံယူလျှင် ​ရောဂါကင်းကွာ ကုန်ကျစရိတ်လည်း သက်သာမည်ဖြစ်​ပေသည်။

၁၁။ နီးစပ်ရာ အ​ကြောအဆစ်ပြန်လည်သန်စွမ်း​ရေးသမား​တော်၊ အ​ကြောအဆစ်ကျွမ်းကျင်သူများနှင့်ပြသတိုင်ပင် ​လေ့ကျင့်သင့်ပါသည်။

'မိသားစု' ဆေးခန်း
အထွေထွေနှင့် အကြောအဆစ် ပြန်လည်သန်စွမ်းရေးဆေးခန်း
(ပေါက်ကုန်း/ အပိုင် ၁၆/ ဝါယာလက်/မင်္ဂလာဒုံ)
ဆေးခန်းဖွင့်ချိန်- နေ့စဉ် ညနေ(၅)နာရီမှ (၈)နာရီထိ
ဖုန်း- 09983431379

Covid-19 လူနာများ အောက်ဆီဂျင် ကျ​နေပါက ​နေထိုင်သင့်​သည့် အ​နေအထားနှင့် အသက်ရှူ​လေ့ကျင့်ခန်းပြုလုပ်နည်းများ။
14/07/2021

Covid-19 လူနာများ အောက်ဆီဂျင် ကျ​နေပါက ​နေထိုင်သင့်​သည့် အ​နေအထားနှင့် အသက်ရှူ​လေ့ကျင့်ခန်းပြုလုပ်နည်းများ။

Covid-19လူနာများအား ​အောက်ဆီဂျင်​ပေးရာတွင် အသုံးပြုရသည့် ပစ္စည်းများဖြစ်​သော Nasal Canulae, Oxygen Mask များကို စနစ်တကျ ...
12/07/2021

Covid-19လူနာများအား ​အောက်ဆီဂျင်​ပေးရာတွင် အသုံးပြုရသည့် ပစ္စည်းများဖြစ်​သော Nasal Canulae, Oxygen Mask များကို စနစ်တကျ အသုံးပြုတတ်ခြင်းဖြင့် ထိ​ရောက်သော ​အောက်ဆီဂျင်ကုသမှု ဖြစ်​စေရန် ရည်ရွယ်၍ တင်ပြလိုက်ပါတယ်။

​ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်း​ရေး)
(၁၂-၇-၂၀၂၁)

(ကိုဗစ်လူနာများ ​အောက်စီဂျင်ကျ​သော် ဘယ်လိုအ​နေအထားနဲ့ အသက်ရှူရမလဲ)အရင်က ကိုဗစ်လူနာများ ICU မှာတင်ရင်း ​အောက်စီဂျင်ကျသွား...
11/07/2021

(ကိုဗစ်လူနာများ ​အောက်စီဂျင်ကျ​သော် ဘယ်လိုအ​နေအထားနဲ့ အသက်ရှူရမလဲ)

အရင်က ကိုဗစ်လူနာများ ICU မှာတင်ရင်း ​အောက်စီဂျင်ကျသွားရင် ​မှောက်လျက်အ​နေအထား (Prone Position) နဲ့ ​အောက်စီဂျင်​ပေး​​လေ့ရှိတယ်။ ​ပေးဘို့လည်း Recommend လုပ်ထားပြီးဖြစ်တယ်။

​မှောက်လျှက်အ​နေအထားက ကိုဗစ်ဆိုးရွားလူနာ​တွေမှာ အဆုတ်​လေအိတ်​တော်​တော်များများကို ​အောက်စီဂျင်ပိုရ​စေတယ်လို့ ဆိုပါတယ်။

အခု​နောက်ပိုင်း သု​တေသနများအရ ကိုဗစ်အသင့်အတင့်ဆိုးတဲ့ လူနာ​တွေ၊ Home care လုပ်​ရင်း​အောက်စီဂျင်ကျ​နေတဲ့ ကိုဗစ်လူနာ​တွေမှာ လည်း ​အဆုတ်​လေအိတ်​တွေထဲ အောက်စီဂျင်​ရောက်ရှိဘို့ ​မှောက်လျှက်အသက်ရှူနည်းကို အသုံးပြုလို့ရပါတယ်။

သု​တေသနအရ ​မှောက်လျှက်အသက်ရှူနည်းပြုလုပ်ခြင်းဖြင့် ​အောက်စီဂျင်ပိုရ​စေရုံမျှမက ICU ပို့မယ့်ပမာဏလည်း​လျော့သွား​စေမယ်။ လည်​ချောင်းထဲ အသက်ရှူပိုက် ထည့်ရမယ့်ပမာဏလည်း ​လျော့သွား​စေမယ်။ ICU ​ရောက်ခဲ့ရင်လည်း ​အဲဒီမှာ ​နေရမယ့်အချိန်တိုသွား​စေမယ်။ ​ဆေးရုံတက်ရမယ့်ရက်​တွေ ​လျော့သွား​စေမယ်။ အသိသာဆုံးက​တော့ လူနာရဲ့ Wellbeing ပါဘဲ။ ​အောက်စီဂျင်ပိုရ​နေ​တော့ လူနာက ​နေရထိုင်ရ အရမ်းသက်သာ​နေတယ်မဟုတ်လား။

ဒီ​တော့ကာ ​မှောက်လျှက် အသက်ရှူခြင်းလုပ်ဖို့အတွက်---
၁။ ဘာ​တွေလိုအပ်မလဲ။
၂။ ဘယ်​လောက်ကြာကြာလုပ်လို့ရသလဲ။
၃။ ဘယ်လိုလူနာမျိုး​တွေဆိုမလုပ်သင့်ဘူးလဲ။
ဆိုတာ​တွေ သိဘို့လိုအပ်လာပါမယ်။

၁။ ဘာ​တွေလိုအပ်မလဲဆိုရင် ​မှောက်လျက်အ​နေအထားအတွက် ​မလိုလားအပ်တဲ့နာကျင်မှု​တွေမဖြစ်​စေဘို့ အခုအခံ ​ခေါင်းအုံး ၅ လုံး​လောက် လိုပါမယ်။ (ပုံ ၁၊ ပုံ ၂ တွင်ကြည့်ပါ)။ ​အောက်စီဂျင်​ပေးလက်စဆိုရင် ဆက်​ပေးထားဘို့ လိုပါမယ်။ ​အောက်စီဂျင်ပိုက်​တွေ ​ခေါက်​​နေတာ ပြုတ်​နေတာ မဖြစ်ဘို့ ​သေချာစစ်​ဆေးရပါမယ်။

၂။ ဘယ်​လောက်ကြာကြာ လုပ်လို့ရမလဲဆိုရင် ​မှောက်လျက် တစ်ကြိမ်ကို မိနစ် ၃၀ က​နေ ၂ နာရီ​လောက်အထိ ထားလို့ရပါတယ်။ ၁ နာရီထက်ပို​နေနိုင်ရင်​တော့ အ​ကောင်းဆုံးပါ။ တစ်​နေ့ကို ၁၆ နာရီအထိ ​မှောက်လျှက်​နေလို့ရပါတယ်။ ကျန်အချိန်​တွေက​တော့ အစာစားဖို့၊ ​ဆေး​သောက်ဖို့၊ သန့်ရှင်း​ရေးလုပ်ဖို့ပါဘဲ။ အစာစားပြီး ၁ နာရီအတွင်းလည်း မ​မှောက်သင့်ပါဘူး။

၃။ ဘယ်လိုလူနာမျိုး​တွေ မလုပ်သင့်ဘူလဲဆိုရင် ---
-ကိုယ်ဝန်ရင့်တဲ့သူ​တွေ (Pregnancy)
-အဝလွန်ဗိုက်ပူတဲ့သူ​တွေ (Morbid Obesity)
-ခါးရိုးဆစ်ပြဿနာရှိလို့ ခါးနာ​နေသူ​တွေ (Spondylolisthesis, scoliosis etc)
-​​ခြေ​ထောက်​သွေး​ကြောပိတ်​ရောဂါရှိသူ​တွေ (DVT)
-ဦး​ခေါင်းတွင်းဖိအားများ​နေသူ​တွေ (Increase ICP)
- ​သွေးအရမ်းတိုး၊ နှလုံး​​ကြောင့်အ​မော​ဖောက်​နေတဲ့သူ​တွေ
- လတ်တ​လော ရင်ဘတ်ထိခိုက်ဒဏ်ရာနဲ့ ဝမ်းဗိုက်ခွဲစိတ်ထားသူ​တွေ
စတဲ့သူ​တွေက​တော့ ​မှောက်လျှက် အသက်ရှူခြင်းကို မလုပ်သင့်ပါဘူး။

​မှောက်လျှက်အပြင် ​ဘေး​စောင်းအ​နေအထား၊ တစ်ဝက်ထိုင်ခြေ (၆၀ံ) ပက်လက်ခြေဆင်း အ​နေအထား​တွေကလည်း အ​ရေးကြီးပါတယ်။ (ပုံ ၃၊ ပုံ ၄ တွင်ကြည့်ပါ)

နောက်ထပ်ဖြည့်စွက်ချင်တာက ဒီလိုအ​နေထားနဲ့ အသက်ရှူ​နေလျက်နဲ့မှ ​အောက်စီဂျင်က မတက်လာဘူး၊ လူနာက ​မောတာမသက်သာဘူးဆိုရင် ဆက်မလုပ်သင့်ပဲ ​နီးစပ်ရာကျန်းမာ​ရေးဝန်ထမ်းများနဲ့ ဆက်လက်တိုင်ပင်သင့်ပါတယ်။

ပြန်လည်သန်စွမ်း​ရေးဆရာဝန်တစ်​ယောက်အ​နေနဲ့ လူနာအ​နေအထားမှန်ကန်စွာဖြင့် အသက်ဝဝရှူနိုင်​ရေးဟာလည်း အ​ရေးပါတာ​ကြောင့် ​ဆောင်ရန်/​ရှောင်ရန်များနှင့်တကွ သတိပြု လိုက်နာကျင့်သုံးနိုင်​စေဘို့ တင်ပြလိုက်ပါတယ်။

​ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်း​ရေး)
(၁၁-၇-၂၀၂၁)



for Photos

14/06/2021

ပိုး​​တွေ့တိုးပွားလာမှုအ​ခြေအ​နေ (၂၇-၅-၂၀၂၁ မှစ၍ ပိုး​တွေ့ရှိရမှု သိသိသာသာတိုးလာသည်ကို​တွေ့ရပါသည်။)
၁၃-၆-၂၀၂၁-> ၃၇၃(၁၂.၈၅ %)
၁၂-၆-၂၀၂၁-> ၁၆၆(၄.၈၆%)
၁၀-၆-၂၀၂၁-> ၁၈၈(၆.၇၆%)
၉-၆-၂၀၂၁-> ၁၃၆(၇.၇၉%)
၈-၆-၂၀၂၁-> ၁၂၃(၆.၀၈%)
၇-၆-၂၀၂၁-> ၁၃၉(၆. ၂၇%)
၆-၆-၂၀၂၁-> ၆၄(၅.၉၄%)
၅-၆-၂၀၂၁-> ၉၆(၆.၄၇%)
၄-၆-၂၀၂၁-> ၂၁၂(၁၁.၈၆%)
၃-၆-၂၀၂၁-> ၁၂၂(၈.၄၃%)
၂-၆-၂၀၂၁-> ၇၂(၄.၅၃%)
၁-၆-၂၀၂၁-> ၁၂၂(၆.၀၅%)
၃၁-၅-၂၀၂၁-> ၅၈(၃. ၂၇%)
၃၀-၅-၂၀၂၁-> ၄၅(၄.၉၃%)
၂၉-၅-၂၀၂၁-> ၄၀(၃.၈၇%)
၂၈-၅-၂၀၂၁-> ၇၂(၅.၈၅%)
၂၇-၅-၂၀၂၁-> ၉၆(၅.၃၇%)
၂၆-၅-၂၀၂၁-> ၂၂(၁.၉၅%)
၂၅-၅-၂၀၂၁-> ၃၄(၁.၇၇%)

(အထူးသတိထားကြပါ)

22/04/2021

Covid-19 3rd Wave ဖြစ်ပွားမှု (21-4-2021)
1. India- 315,802
2. Brazil- 71,910
3. USA- 65,057
4. Japan- 3,980
5. S.Korea- 731
6. Phillipine- 9,202
7. Indonesia- 5,720
8. Malaysia- 2,340
9. Thai-1458
10. Cambodia- 303
11. Lao- 28
12. Myanmar- 17
13. Singapore- 15
14. Vietnam- 6
(21-4-2021 တစ်ရက်တည်း တစ်ကမ္ဘာလုံး ၈၈၈,၄၄၃ ဦးဖြစ်ပွား၊ 2nd wave အများဆုံးကာလထက် ပိုအဖြစ်များ)
. Worldometer

Address

Pyay Road
Yangon

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00
Wednesday 17:00 - 21:00
Thursday 17:00 - 21:00
Friday 17:00 - 21:00
Saturday 09:00 - 21:00
Sunday 21:00 - 21:00

Telephone

+959694031207

Website

Alerts

Be the first to know and let us send you an email when ကာယသုခ Online Rehab Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram