22/10/2022
Ofloxacin(အိုဖလောက်ဆာစင်)
ကွီနိုလုံးအုပ်စု ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ဂရမ်နဂ္ဂတစ် ဘတ်တီးရီးယား အများ အပြားနှင့် ဂရမ်ပေါ့ဇတစ် ဘတ်တီးရီးယားအချို့အပေါ် အာနိသင် သက်ရောက်သည်။ ဆိုင်ပရိုဖေလာက်ဆာစင်နှင့် ဂုဏ်သတ္တိတူညီသော်လည်း အာနိသင်ပိုထက်မြက်သည်။
အသုံး
ဆီးလမ်းကြောင်း ပိုးဝင်ရောဂါများ၊ နာတာရှည်ဆီးကျိတ် ရောင်ခြင်း၊ အသက်ရှူလမ်း ကြောင်း ဘတ်တီးရီးယား ပိုးဝင်ရောဂါများ၊ အရေပြားဘတ်တီးရီးယား ရောဂါများ၊ ဂနိုရီး ယားခေါ် ဆီးပူညောင်းကျရောဂါ၊ အမျိုးသမီး မျိုးပွားအင်္ဂါပိုး ဝင်ခြင်းနှင့် ဘတ်တီးရီးယား ပိုးဝင်ပျံ့နှံ့ ခြင်းတို့ အသုံးပြုနိုင်သည်။
ဆေးညွှန်းနှင့် အသုံးပြုပုံ
စားဆေး ယေဘုယျဆေးချိန်မှာ ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်ဖြစ်သည်။ အာသီးရောင် ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း တို့တွင်လိုအပ်လျှင် ၄၀၀ မီလီဂရမ် တစ်နေ့ နှစ်ကြိမ်ပေး၍ရသည်။
ဂနိုရီးယားရောဂါအတွက် ၄၀၀ မီလီဂရမ် တစ်ကြိမ်တည်းပေးရုံနှင့် လုံလောက်သည်ဟု ဆိုသည်။
နာတာရှည်ဆီးကျိတ် ရောင်ခြင်းအတွက် ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၂၈ ရက်အထိ ပေးရတတ်သည်။
ဆီးအိမ်ရောင်ခြင်း၊ ဆီးသွားပြွန်ရောင်ခြင်း၊ သားအိမ်ရောင်ခြင်း၊ ယောနိရောင်ခြင်း စသော အမျိုးသမီးများမျိုးပွားအင်္ဂါ ပိုးဝင်ရောဂါများနှင့် ဆီးလမ်းကြောင်းပိုးဝင်ရောဂါ များအ တွက် ၄၀၀ မီလီ ဂရမ် တစ်နေ့နှစ်ကြိမ်ပေးလေ့ရှိသည်။
ထိုးဆေးကို ဘတ်တီးရီးယားပိုးဝင်ပျံ့နှံ့ ခြင်းနှင့် ပြင်းထန်သော ရောဂါများတွင် အသုံးပြု လေ့ရှိသည်။ ခွဲစိတ်ကုသရာတွင် ပိုး ဝင်ခြင်း မရှိအောင် ကာကွယ်ရန်မခွဲခင် ကပ်ပြီး ပေးလေ့ရှိသည်။ အကြောသွင်းဆေးရည် ၂၀၀ မီလီဂရမ်ပါ ပုလင်းကို တစ်နေနှစ် ကြိမ် သွင်းနိုင်သည်။
သတိပြုရန်
ဝက်ရူးပြန်ရောဂါ သို့မဟုတ် တက်တတ်သည့်ရောဂါ ရာဇဝင်ရှိသူများ၊ အသည်းလုပ်အား လျော့နည်းသူများ၊ စိတ္တဇရောဂါ ရာဇဝင်ရှိသူများတွင် သတိပြုသုံးရမည်။
အကြောအားနည်းရောဂါရှိသူများ တစ်ခါတစ်ရံ ပိုဆိုးနိုင်သည်ကို သတိထားရပါမည်။
ကျောက်ကပ်အားလျော့ခြင်း ရောဂါတွင်ဆေးပမာဏ လျှော့သုံးရပါမည်။ အရက်၏ မူးယစ်စေခြင်း အာနိသင် ကို တိုးမြှင်စေနိုင်ပါသည်။ ကွီနိုလုံး ဆေးများသောက်ပြီး နေပူဒဏ် မခံသင့်ပါ။ ရေများများသောက်သင့်ပါသည်။
ဆေးအပြစ်များ
ပျို့အန်ခြင်း၊ ရင်ပြည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း တို့ ဖြစ်နိုင်ပါသည်။ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ ဆေးမတည့်ခြင်းလည်း ဖြစ်နိုင်ပါ သည်။
နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ခဏ ကျသွားခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း၊ စိတ္တဇရောဂါ လက္ခဏာ များပြလာခြင်းတို့ဖြစ်နိုင် သည်ဟုဆိုပါသည်။
ရှောင်ရန်
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များ မသုံးသင့်ပါ။ ဝက်ရူးပြန်ရောဂါရှိ သူများ ၊ ကြွက်သားအားနည်းရောဂါ ရှိသူများ၊စိတ္တဇဝေဒနာရှင်များ ရှောင်သင့်ပါသည်။
ဝယ်ယူရရှိနိုင်သော ဆေးအမည်အချို့
Eezoflox, Evaflox, Faxin, Flamocin, Flovid, Floxur, Medofloxone, O-Cebran, Ofbeat, Oflin, Oflocare, Oflomac, Oflomit, Oflox, Ofloxacin, Ofloxin, Oxacid, Swaflox, Tablo, Tarivid, Viotisone, Zanocin, Zanovid, Zevid, Zofex.
Online Pharmacy