Shwe Moe Htet Pharmacy

Shwe Moe Htet Pharmacy နိုင်ငံခြားဆေးနှင့် မြန်မာဆေးမျိုး

တီဘီရောဂါ 😷🔺 တီဘီရောဂါဆိုတာ Mycobacterium Tuberculosis လို့ခေါ်တဲ့ သာမန်မျက်စိဖြင့်မမြင်နိုင်တဲ့ ရောဂါပိုးကူးစက်ရာမှ ဖြစ...
25/03/2023

တီဘီရောဂါ 😷

🔺 တီဘီရောဂါဆိုတာ Mycobacterium Tuberculosis လို့ခေါ်တဲ့ သာမန်မျက်စိဖြင့်မမြင်နိုင်တဲ့ ရောဂါပိုးကူးစက်ရာမှ ဖြစ်ပွားနိုင်ပါတယ် 💁‍♀️

🔺 အဆုတ်တီဘီရောဂါပိုးရှိသူမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ကျယ်လောင်စွာစကားပြောခြင်းဖြင့် ရောဂါပိုးများလေထုထဲပျံ့နှံ့ပြီး ထိုလေကိုရှုရှိုက်မိလျှင် တီဘီရောဂါပိုး ကူးစက်နိုင်ပါတယ် 💁‍♀️

🔺 ရောဂါပိုးကူးစက်ခံရသူတိုင်း တီဘီရောဂါမဖြစ်နိုင်ဘဲ ကိုယ်ခံအားကောင်းမွန်ပါကရောဂါမဖြစ်အောင် တားဆီးနိုင်ပါတယ် 💁‍♀️

🔔 တီဘီရောဂါ လက္ခဏာများကတော့
📌 နှစ်ပတ်ကျော်ကြာ ချောင်းဆိုးခြင်း
📌 ကျော၊ ရင်အောင့်ခြင်း
📌 တငွေ့ငွေ့ဖျားခြင်း၊ ညဘက်ချွေးထွက်များခြင်း
📌 အစားအသောက်ပျက်ခြင်း
📌 ကိုယ်အလေးချန် သိသိသာသာ ကျဆင်းလာခြင်း
📌 မောပန်းလွယ်ခြင်း စသည်တို့ဖြစ်ပါတယ်

🔺 ရောဂါပိုးကူးစက်ခံရပြီး ကုသမှုမခံယူပါက အသက်ဆုံးရှုံးနိုင်ပြီး ထိရောက်စွာကုသမှုခံယူလျှင် ပျောက်ကင်းနိုင်သောကြောင့် အချိန်မီကုသရန် အရေးကြီးပါတယ် 💁‍♀️

🔔 ရောဂါပိုးတွေ့ရှိပါက ၆လမှ ၈လအထိဆေးသောက်ရန်လိုအပ်ပြီး
✔️ ဆေးအမျိုးအစားမှန်ခြင်း
✔️ ဆေးသောက်ချိန်မှန်ခြင်း
✔️ ဆေးလုံးရေမှန်ခြင်း
✔️ ဆေးသောက်ကာလမှန်ခြင်း စသည်တို့လုပ်ဆောင်ရန်လည်း လိုအပ်ပါတယ်

👩🏻‍⚕️ မိမိကိုယ်တိုင်နှင့် မိမိမိတ်ဆွေများ တီဘီရောဂါသံသယရှိပါက ရွှေမိုးထက် ဆေးဆိုင်မှ
✅ သလိပ်ပိုးစစ်ဆေး‌ခြင်း
✅ ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို အခမဲ့ဆောင်ရွက်ပေးနေရုံသာမက
✅ ပိုးတွေ့ရှိ၍ ဆေးသောက်ရမည်ဆိုပါက ဆေးဖိုးဝါးခ အခမဲ့ဖြင့် ရောဂါပျောက်ကင်းသည်အထိ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 💁‍♀️

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508

#တီဘီရောဂါ

#ရွှေမိုးထက်ဆေးဆိုင်

မင်္ဂလာပါရှင့် 🙏🏼6.12.2022 (အင်္ဂါနေ့) ၊ 7.12.2022 (ဗုဒ္ဓဟူးနေ့) ၊ 8.12.2022 (ကြာသပတေးနေ့) နံနက် ၉:၀၀နာရီ မှ ညနေ ၄:၀၀နာရ...
06/12/2022

မင်္ဂလာပါရှင့် 🙏🏼

6.12.2022 (အင်္ဂါနေ့) ၊ 7.12.2022 (ဗုဒ္ဓဟူးနေ့) ၊ 8.12.2022 (ကြာသပတေးနေ့) နံနက် ၉:၀၀နာရီ မှ ညနေ ၄:၀၀နာရီအထိ Kumo Diaper Prmotion Booth လေး ရှိမှာဖြစ်ပါတယ်ရှင့် 😍

Kumo Diaper ရဲ့ အားသာချက်များအနေနဲ့ တစ်ခါဝတ်ထားပြီးရင် ယိုစိမ့်မှုလုံးဝမရှိဘဲ ခြောက်သွေ့မှုကို ၁၀နာရီကြာအောင် ထိန်းထားပေးနိုင်ပါတယ်။ ဒါ့အပြင် ၃၆၀ ဒီဂရီ ကျုံ့ဆန့်နိုင်တဲ့ ခါးစည်းလေးပါလို့ ဘေဘီလေးတို့ကို အချိန်တိုင်းမှာ သက်တောင့်သက်သာဖြစ်စေပါတယ်ရှင့် 🥰

ဒါကြောင့် အရည်အသွေးမြင့်ပြီး မေမေတို့ရော ဘေဘီလေးတို့ရော အရမ်းကြိုက်တဲ့ Kumo Diaper လေးများ ဝယ်ယူပြီး လက်ဆောင်များရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့် 🥳

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508



#ရွှေမိုးထက်ဆေးဆိုင်

✨ " HAPPY SWEET DECEMBER " to you all ✨❄️ အေးချမ်းတဲ့ December လမှာ ချစ်ခင်ရတဲ့မိတ်ဆွေများအားလုံး ရောဂါဘယကင်းဝေးပြီး ပျေ...
01/12/2022

✨ " HAPPY SWEET DECEMBER " to you all ✨

❄️ အေးချမ်းတဲ့ December လမှာ ချစ်ခင်ရတဲ့မိတ်ဆွေများအားလုံး ရောဂါဘယကင်းဝေးပြီး ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြွယ်ဝခြင်း၊ ကျန်းမာခြင်းများ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ "ရွှေမိုးထက်" မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🤍🥰

#ရွှေမိုးထက်ဆေးဆိုင်

🙏🏻 မင်္ဂလာပါခင်ဗျာ 🙏🏻အစစအရာရာ ဈေးတက်နေတဲ့ ခေတ်ကြီးမှာဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံး သားဆက်ခြားနည်းကတော့ ✔️condom အသုံးပြု...
14/10/2022

🙏🏻 မင်္ဂလာပါခင်ဗျာ 🙏🏻

အစစအရာရာ ဈေးတက်နေတဲ့ ခေတ်ကြီးမှာ
ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံး
သားဆက်ခြားနည်းကတော့
✔️condom အသုံးပြုခြင်းပဲဖြစ်ပါတယ်။
💯 ကွန်ဒုံးအသုံးပြုခြင်းဖြင့် လိင်မှတစ်ဆင့်
ကူးစက်သောရောဂါများကို
ထိရောက်စွာ ကာကွယ်နိုင်သလို ဘေးထွက်ဆိုးကျိုး
မရှိသလောက်လည်း နည်းပါးတယ် 💯

ကွန်ဒုံးကို နည်းစနစ်ကျကျနဲ့အသုံးပြုလျှင်
☑️ ၉၇ ရာခိုင်နှုန်းကျော် ☑️ ထိ ရောဂါကူးစက်မှုရန်မှ ကာကွယ်ပေးနိုင်သလို ကိုယ်ဝန်ရရှိနိုင်ချေကိုလည်း ရာနှုန်းပြည့်နီးပါး ကာကွယ်ပေးနိုင်တာလည်း ကွန်ဒုံးတစ်မျိုးပဲရှိပါတယ်

ဒါကြောင့်ကွန်ဒုံးအသုံးပြုခြင်းက နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့အတွက် အတူနေစဉ် ကွန်ဒုံများအသုံးပြုဖို့ တိုက်တွန်းပါရစေခင်ဗျာ 🤗

💊 ရွှေမိုးထက်ဆေးဆိုင် 💊တွင်ရရှိနိုင်သော
condom တံဆိပ်များ ကတော့

⬇️⬇️⬇️

✅ One Touch
✅ Kiss အစရှိတဲ့ Condom အမျိုးအစားများပဲဖြစ်ပါတယ်

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508



#ရွှေမိုးထက်ဆေးဆိုင်

🤗 မင်္ဂလာပါရှင့် 🤗💊 ရွှေမိုးထက်ဆေးဆိုင် 💊မှအစဉ်တစိုက်ဝယ်ယူအားပေးကြသည့်မိတ်ဟောင်းမိတ်သစ်များအတွက်🌱🌿 ဆေးဖက်ဝင်သဘာဝအောဂဲနစ်...
06/10/2022

🤗 မင်္ဂလာပါရှင့် 🤗

💊 ရွှေမိုးထက်ဆေးဆိုင် 💊
မှအစဉ်တစိုက်ဝယ်ယူအားပေးကြသည့်
မိတ်ဟောင်းမိတ်သစ်များအတွက်

🌱🌿 ဆေးဖက်ဝင်သဘာဝအောဂဲနစ်များမှ
ထုတ်လုပ်ရောင်းချပေးနေသော " FAME " ဆေးဝါးများ
ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအားပေးနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင့် 🥰

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508



#ရွှေမိုးထက်ဆေးဆိုင်

🤗မင်္ဂလာပါခင်ဗျာ🤗'ရွှေမိုးထက်'ဆေးဆိုင်တွင် 🧪Standard Q Antigen Test Kit🧪 ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာလတ်တလော ကူးစက်ဖြစ်ပွား...
27/09/2022

🤗မင်္ဂလာပါခင်ဗျာ🤗

'ရွှေမိုးထက်'ဆေးဆိုင်တွင်
🧪Standard Q Antigen Test Kit🧪 ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ

လတ်တလော ကူးစက်ဖြစ်ပွားနေသော
🦠Covid-19 Omicron Variant နှင့်
🦠Sub-variant BA.4, BA.5 တွေကို
SD Biosensor Test Kits ဖြင့် ကြိုတင်စစ်ဆေးပြီး မိမိကိုယ်ကိုမိမိ ကာကွယ်လိုက်ကြရအောင်😷💪🏻

☑️Test kit မှ (+/-) result ကို မိနစ်၃၀ကြာလျှင်သိရှိနိုင်ပါပြီခင်ဗျာ👍🏻👍🏻👍🏻



#ရွှေမိုးထက်ဆေးဆိုင်

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508

မင်္ဂလာပါရှင် 🤗🔔   "ရွှေမိုးထက်" ဆေးဆိုင်ရဲ့ ပထမဆုံး Promotion အနေဖြင့် Puritan's Pride ရဲ့ Turmeric Supplement လေးကို 5...
02/07/2022

မင်္ဂလာပါရှင် 🤗

🔔 "ရွှေမိုးထက်" ဆေးဆိုင်ရဲ့ ပထမဆုံး Promotion အနေဖြင့် Puritan's Pride ရဲ့ Turmeric Supplement လေးကို 50% Discount ပေးသွားမှာ ဖြစ်ပါတယ် 😍

Turmeric (နနွင်းမှုန့်) မှာပါဝင်တဲ့ Curcumin ဟာဆိုရင်

✅ Anti-Oxidant Action ရှိတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း

✅ ရောင်ရမ်းမှု (Inflammation) ကို သက်သာစေနိုင်တဲ့အတွက် အယ်လ်ဇိုင်းမားရောဂါ၊ အဆစ်မြစ်ရောင် လေးဘက်နာရောဂါ၊ နှလုံးရောဂါတို့မှ ကာကွယ်ပေးနိုင်ခြင်း

✅ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ Brain Derived Growth Factor (BDNF) ကို များစေတဲ့ အပြင် စိတ်ကျရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း

အစရှိတဲ့ အစွမ်းသတ္တိများပါဝင်ပါတယ် 😍

ဒီလို ကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်တဲ့ နနွင်းမှုန့်မှ ထုတ်လုပ်ထားတဲ့ USA Made supplement လေးကို 10,000 ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီရှင့် 🥰

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508



#ရွှေမိုးထက်ဆေးဆိုင်

သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever)          🔔  #သွေးလွန်တုပ်ကွေးရောဂါ (DHF) ဆိုတာ Dengue Virus ကိုသယ်ဆောင...
23/06/2022

သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever)

🔔 #သွေးလွန်တုပ်ကွေးရောဂါ (DHF) ဆိုတာ Dengue Virus ကိုသယ်ဆောင်လာတဲ့ Aedes ခြင်ကျား (Aedes. Aegypti) အကိုက်ခံရလို့ဖြစ်တဲ့ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။

⚠️ DHF ရဲ့ အစောပိုင်း ရောဂါလက္ခဏာများမှာ ရိုးရိုးတုပ်ကွေးနှင့်ဆင်တူပြီး သတိထားရမယ့် အရေးကြီးတဲ့ ရောဂါလက္ခဏာများကတော့
❗️ဝမ်းဗိုက် အလွန်အမင်း အောင့်ခြင်း
❗️ကော်ဖီရောင်များ အန်ခြင်း၊ ဆက်တိုက်အန်ခြင်း
❗️နှာခေါင်း/ သွားဖုံး စသည်တို့မှ သွေးယိုခြင်း
❗️ဆီး/ဝမ်းထဲ၌ သွေးပါခြင်း
❗️ခန္ဓာကိုယ်ပေါ်တွင် အနီစက်များ, အညှိကွက်များ ထွက်ခြင်းတို့ဖြစ်ပါတယ်

⛔️ DHF ရောဂါဟာ ကလေးများတွင်အဖြစ်များပြီး အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိပါတယ်
ဒီလိုကြောက်စရာကာင်းတဲ့ ရောဂါကို ဘယ်လိုကာကွယ်မလဲ?
💁‍♀️ နေအိမ်အနီးတစ်ဝိုက် ခြင်မပေါက်ဖွားနိုင်အောင်
✅ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ မြုပ်၊ ဖွင့်၊ ရှင်း၊ မှုတ် စသည့် နည်းလမ်းများ အသုံးပြုခြင်း

💁‍♀️ မိမိအပါအဝင် မိမိရဲ့ မိသားစု, ကလေးများကို ခြင်ကိုက်မခံရအောင်
✅ ခြင်ထောင်ဖြင့်အိပ်ခြင်း၊
✅ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊
✅ နေအိမ်အတွင်း အလင်း​ရောင်ကောင်းကောင်းရအောင် ပြုလုပ်ခြင်း စသည်တို့ ဖြစ်ပါတယ်

🚨 သွေးလွန်တုပ်ကွေးရောဂါအား သံသယရှိပြီဆိုပါက အနီးစပ်ဆုံး ဆေးရုံသို့ အမြန်ဆုံးသွားရောက်ခြင်းဖြင့် သင့်မိသားစု​၏ အသက်ကိုကယ်တင်နိုင်ပါတယ်

💊 "ရွှေမိုးထက်" ဆေးဆိုင်မှာ ခြင်ကိုက်မခံရအောင် ကာကွယ်ရန် လိမ်းဆေး၊ ဖြန်းဆေးအမျိုးမျိုးတို့လည်း ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 🥰

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508

#သွေးလွန်တုပ်ကွေးရောဂါ

#ရွှေမိုးထက်ဆေးဆိုင်

📢 "ရွှေမိုးထက်" ဆေးဆိုင်မှာ သွေးပေါင်ချိန် အခမဲ့တိုင်းပေးနေပါပြီနော် 😍💁‍♀️ အရည်အသွေးကောင်းမွန်တဲ့ သွေးထိန်းဆေး အမျိုးမျိ...
16/06/2022

📢 "ရွှေမိုးထက်" ဆေးဆိုင်မှာ သွေးပေါင်ချိန် အခမဲ့တိုင်းပေးနေပါပြီနော် 😍

💁‍♀️ အရည်အသွေးကောင်းမွန်တဲ့ သွေးထိန်းဆေး အမျိုးမျိုးတို့ကိုလည်း ဝယ်ယူရရှိနိုင်ပါတယ် 🥰

✅ နေ့စဉ် နံနက် ၈:၃၀ မှ ည ၈:၀၀ အထိ ပိတ်ရက်မရှိဖွင့်လှစ်ရောင်းချ ပေးနေပါပြီ ☺️

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508


#ရွှေမိုးထက်ဆေးဆိုင်

"ရာသီတုပ်ကွေးရောဂါ (Seasonal Flu)"     🤒 ယခုလို မိုးရာသီမှာ အဖြစ်များတဲ့ရောဂါတစ်ခုကတော့ "ရာသီတုပ်ကွေး" ခေါ်  "Seasonal F...
12/06/2022

"ရာသီတုပ်ကွေးရောဂါ (Seasonal Flu)"

🤒 ယခုလို မိုးရာသီမှာ အဖြစ်များတဲ့ရောဂါတစ်ခုကတော့ "ရာသီတုပ်ကွေး" ခေါ် "Seasonal Flu" ပဲဖြစ်ပါတယ်

🦠 #ရာသီတုပ်ကွေးရောဂါ ဟာ H.Influenzae လို့ခေါ်တဲ့ Influenza Virus ကြောင့်ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါတယ်

💁‍♀️ ရာသီတုပ်ကွေးရောဂါတွင် အတွေ့ရများတဲ့ ရောဂါလက္ခဏာများကတော့
📍ကိုယ်ပူခြင်း (Fever)
📍ချောင်းဆိုးခြင်း (Cough)
📍နှာစေးခြင်း (Runny Nose)
📍လည်ချောင်းယား/နာခြင်း (Sorethroat)
📍ခေါင်းအုံ/ခေါင်းကိုက်ခြင်း (Headache)
📍ဝမ်းလျှောခြင်း (Diarrhoea) စသည်တို့ ဖြစ်ပါတယ်

🙅‍♀️ ရာသီတုပ်ကွေးရောဂါကို ကာကွယ်ရန် နည်းလမ်းများမှာ
✅ လူစုလူဝေး ရှောင်ရှားခြင်း
✅ မဖြစ်မနေ လူစုလူဝေးထဲသွားရမည်ဆိုပါက Mask (နှာခေါင်းစည်း) တပ်ခြင်း
✅ လူအများကြား နှာချေ/ချောင်းဆိုးမည်ဆိုပါက လက်ကိုင်ပုဝါ/ Tissue အသုံးပြုခြင်း
✅ လက်ကို ခဏခဏ ဆေးကြောသန့်စင်ခြင်း
✅ ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝသော အစားအစာများစားခြင်း၊ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း
✅ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်း စသည်တို့ဖြစ်ပါတယ်

💊 "ရွှေမိုးထက်" ဆေးဆိုင်တွင် ရာသီတုပ်ကွေး ရောဂါလက္ခဏာများ သက်သာပျောက်ကင်းစေသော ဆေးမျိုးစုံ၊ ကိုယ်ခံအားကောင်းမွန်စေသော အားဆေးမျိုးစုံတို့အပြင် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကိုလည်း ယုံကြည်စိတ်ချစွာ ဝယ်ယူထိုးနှံနိုင်ပါပြီ 😍

💙 ဆက်သွယ်ရန် 💙
🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱 Phone and Viber : 09-769170508

#တုပ်ကွေးရောဂါ

#ရွှေမိုးထက်ဆေးဆိုင်

မင်္ဂလာပါရှင် 💙ရွှေမိုးထက်ဆေးဆိုင်မှ နိုင်ငံခြားဆေးမျိုးစုံနှင့် မြန်မာဆေးမျိုးစုံတို့ကို ဈေးနှုန်းချိုသာစွာဖြင့် နံနက် ...
11/06/2022

မင်္ဂလာပါရှင် 💙

ရွှေမိုးထက်ဆေးဆိုင်မှ နိုင်ငံခြားဆေးမျိုးစုံနှင့် မြန်မာဆေးမျိုးစုံတို့ကို ဈေးနှုန်းချိုသာစွာဖြင့် နံနက် ၈:၃၀ မှ ည ၈:၀၀ အထိ
ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးနေပါပြီ 😊

ဆက်သွယ်ရန် :

🏥 Address : အမှတ် (၁၈)၊ စလင်းလမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။
📱Phone and Viber : 09769170508


#ရွှေမိုးထက်ဆေးဆိုင်

11/06/2022
11/06/2022
11/06/2022
11/06/2022

Address

No.18, Salin Street, Kyeemyindaing Township, Yangon.
Yangon
11101

Opening Hours

Monday 08:30 - 20:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 08:30 - 20:00
Sunday 08:30 - 20:00

Telephone

+959769170508

Website

Alerts

Be the first to know and let us send you an email when Shwe Moe Htet Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Moe Htet Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram