25/02/2026
အိမ်မက်ဆိုးတွေမက်ပြီး လန့်နိုးလာတဲ့အခါ ခန္ဓာကိုယ်မှာ ချွေးတွေရွှဲနစ်နေတာမျိုးကို ဖြစ်ဖူးကြပါတယ်။ ဒါပေမယ့် ညတိုင်းညတိုင်း ချွေးတွေပြန်ပြီး နိုးတတ်တာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ သင့်မှာ ရောဂါတစ်ခုရှိနေပြီဆိုတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
၁ - နှလုံးရောဂါ
နှလုံးရောဂါဖြစ်နိုင်ခြေမြင့်တက်လာတာမျိုး ဖြစ်ပါတယ်။ ညဘက်ချွေးထွက်လေ့ရှိတဲ့ သတ်လတ်ပိုင်းအမျိုးသမီးတွေဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေပိုများတယ်လို့ ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုကို International Journal of Obstetrics and Gynecology ဂျာနယ်မှာ ဖော်ပြထားပါတယ်။ သုတေသနဟာ ရာသီသွေးအခြေအနေ၊ အသက်အရွယ်၊ နေထိုင်မှုပုံစံတွေကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
၂ - ရောဂါပိုး
ရောဂါတစ်ခုခု၊ ကိုယ်တွင်းရောဂါပိုးတစ်ခုခုကို ခန္ဓာကိုယ်က တိုက်ဖျက်နေရတယ်ဆိုရင်လည်း ညဘက် ချွေးထွက်တတ်ပါတယ်။ ညဘက်ချွေးထွက်တာဟာ ရက်တွေဆက်နေတတ်ပြီး ကိုယ်လက်လည်း မအီမသာဖြစ်နေတယ်ဆိုရင် ကိုယ်တွင်းရောဂါကြီးတစ်ခုဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၃ - သိုင်းရွိုက်
ညဘက်သိသိသာသာ ချွေးထွက်တာဟာ ခန္ဓာကိုယ်က သိုင်းရွိုက်ပြဿနာတစ်ခုခု ကြုံတွေ့နေရတာလည်း ဖြစ်နိုင်ပါတယ်။ အဒရီနယ်ဂလင်း(adrenal )အပါအဝင် ဟော်မုန်းနဲ့ဆက်စပ်တဲ့ အခြေအနေတွေဟာ ပုံမှန်မဟုတ်တာကြောင့် ညဘက်ချွေးထွက်တာတွေ ဖြစ်ပေါ်တာပါ။
၄ - ဆေးဝါး
သင်သောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာနဲ့ပတ်သက်တဲ့ ကုသမှုအချို့ကလည်း ညဘက်ချွေးထွက်တာတွေကို ဖြစ်စေပါတယ်။ သွေးချို၊ဆီးချိုဆေးဝါးတွေကလည်း ညဘက်ချွေးထွက်စေတတ်ပါတယ်။
၅ - ကိုယ်ခံအားစနစ်
ကိုယ်ခံအားစနစ်ချို့ယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုကို ကျန်းမာရေးအတွက် အန္တရယ်ရှိတယ်လို့ မှားယွင်းယူဆနေတဲ့အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး မြောက်များစွာရှိပါတယ်။
၆ - ကင်ဆာ
ကင်ဆာအဆင့် အမျိုးမျိုးဟာလည်း ညဘက်ချွေးထွက်တာတွေကို ဖြစ်စေပါတယ်။ ညဘက်ချွေးထွက်တာတွေ ရက်ပေါင်းကြာအောင် အတော်ဖြစ်နေတယ်ဆိုရင် ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် ညဘက်ချွေးထွက်ခြင်းနဲ့အတူ ဝိတ်ကျတာ၊ မောပန်းနွမ်းနယ်တာတွေပါ တွဲဖက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေပြသင့်ပါတယ်။
ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။
MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352