Dr.Tin Mg Htwe

Dr.Tin Mg Htwe အမျိုးသားများအတွက် Dr.Tin Mg htwe

အမျိုးသားတိုင်း အတွက် အထူးကောင်းမွန်သော လူအတွက်စိုးကျိုးမရှိသော အမေရိကန်နိုင်ငံထုတ် ဟမ်းမား ဆေးဗူးအပြာရောင် တရားဝင်ဆေးဝါးကိုသာရောင်းပါသည် တစ်ခြား တရားမဝင်ဆေးဝါးများလုံးဝမရောင်းပါ အမျိုးသားဆရာဝန် ဒေါက်တာတင်​မောင်ထွေ
လိင်အထူးကုဆရာဝန်

ရေချိုးနည်း
27/03/2022

ရေချိုးနည်း

ကွန်ဒုံး ဝယ်ယူခြင်း၊ စစ်ဆေးခြင်းနှင့် သိမ်းဆည်းခြင်းကွန်ဒုံးဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရ...
27/03/2022

ကွန်ဒုံး ဝယ်ယူခြင်း၊ စစ်ဆေးခြင်းနှင့် သိမ်းဆည်းခြင်း

ကွန်ဒုံးဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရစေဖို့ ထိရောက်စွာကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်။ စနစ်တကျ အသုံးပြုဖို့လည်း လိုအပ်သလို ကွန်ဒုံးရဲ့ သက်တမ်းနဲ့ အာနိသင်ကို မကျသွားစေဖို့ နည်းလမ်းမှန် ရွေးချယ်ဝယ်ယူဖို့၊ သိမ်းဆည်းတတ်ဖို့လည်း အရေးကြီးပါတယ်။

ကွန်ဒုံးဝယ်ယူခြင်း
• ကွန်ဒုံးတွေဟာ များသောအားဖြင့် ထုတ်လုပ်ပြီး
ချိန်မှ ၃-၅ နှစ်အတွင်း သက်တမ်း ကုန်ဆုံးပါတယ်။
• ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဘူးခွံ၊ အထုပ်ပေါ်မှာ သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။
• ရက်လွန်ကာနီးဖြစ်နေတဲ့ ကွန်ဒုံးများကို မဝယ်ပါနဲ့။
• ကိုယ်နဲ့ ကိုက်ညီမှုရှိမယ့် အမျိုးအစားတွေ (ပုံမှန်လား၊ အလွှာပါးတာလား၊ အဖုအထစ်တွေနဲ့လား) ကို သေချာရွေးဝယ်ပါ။

ကွန်ဒုံးစစ်ဆေးခြင်း
• ကွန်ဒုံးအထုပ်တွေမှာ ပေါက်ပြဲနေခြင်းရှိမရှိ သေချာစစ်ဆေးပါ။
• အသုံးမပြုခင်မှာ ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ကို ပြန်စစ်ဆေးပါ။
• ကွန်ဒုံးအထုပ်ကို ဖောက်ပြီးတဲ့အခါမှာ အထဲမှာချောဆီမရှိဘဲ ခြောက်ကပ်နေတာ၊ အနံ့အသက်မကောင်းဘူးဆိုရင် လွှင့်ပစ်ပါ။
• ကွန်ဒုံးကို လက်နဲ့စမ်းကြည့်တဲ့အခါ ကြွပ်ဆတ်ဆတ် ဖြစ်နေရင် အသုံးမပြုပါနဲ့။

ကွန်ဒုံးသိမ်းဆည်းခြင်း
• နေအလင်းရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိတဲ့ နေရာတွေမှာ ထားပါ။
• ပူလွန်း၊ ခြောက်သွေ့လွန်းတဲ့ နေရာတွေမှာ မထားပါနဲ့။
• ဘောင်းဘီအိတ်၊ ပိုက်ဆံအိတ်ထဲ အကြာကြီး မသိမ်းထားပါနဲ့။
• အံဆွဲ၊ အိပ်ရာဘေးစားပွဲ၊ အဝတ်ဘီဒို စတဲ့နေရာတွေမှာ သိမ်းဆည်းထားပါ။
• ကွန်ဒုံးကို ဝယ်လာတဲ့အတိုင်း ဘူး၊ အထုပ်ဖြင့် စနစ်တကျသိမ်းဆည်းပါ။ ဖောက်လိုက်တာ၊ ပေါက်သွားတာမျိုး မရှိအောင် သေချာဂရုစိုက်ပါ။

ကွန်ဒုံးကို စနစ်တကျသိမ်းဆည်းခြင်းဟာ ကွန်ဒုံးရဲ့သက်တမ်းနဲ့ အာနိသင်ကို မြင့်တက်စေသလို ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ ကွန်ဒုံးကို သေချာရွေးဝယ်ခြင်းဟာလည်း လိင်ဆက်ဆံတဲ့အခါမှာ ကျွတ်သွားတာ၊ ပေါက်ပြဲသွားတာမျိုးမရှိစေဘဲ သက်သောင့်သက်သာဖြစ်စေပြီး ကာမခရီးလမ်းကို အဆုံးထိတိုင် ရှောရှောရှူရှူဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုဟော်မုန်းတွေဟာ သင့်ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးနိုင်လဲ?စိတ်ဖိစီးမှုဆိုတာ ဦးနှောက်အာရုံကြောစနစ်ကို လေးလံထိုင်...
26/03/2022

စိတ်ဖိစီးမှုဟော်မုန်းတွေဟာ သင့်ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးနိုင်လဲ?

စိတ်ဖိစီးမှုဆိုတာ ဦးနှောက်အာရုံကြောစနစ်ကို လေးလံထိုင်းမှိုင်းစေပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်ကို ဆိုလိုတာပါ။ Cortisol ဆိုတဲ့ ဟော်မုန်းကို စိတ်ဖိစီးမှုဟော်မုန်းလို့လည်း ခေါ်ကြသလို လူတွေမှာ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ ဒေါသထွက်စရာ ကြုံတဲ့အခါ၊ အိပ်ချိန်ပြည့်ဝစွာ အနားယူခြင်းမရှိတဲ့အခါ ဒီလိုမကောင်းတဲ့ ဟော်မုန်းတွေ အများအပြားထွက်လာပါတယ်။

ဒီလိုစိတ်ဖိစီးမှုဟော်မုန်းတွေ အလွန်များလာတဲ့အခါ

၁။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အာရုံကြောစနစ်၊ ကိုယ်တွင်းအင်္ဂါများ အားလုံး လုပ်ဆောင်ရည် ကျဆင်းလာပါတယ်။
၂။ ဦးနှောက်အတွင်း ဖိအားတစ်ခု သက်ရောက်သလိုဖြစ်စေတဲ့အတွက် တွေးခေါ်မှုပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ အားလျော့ပါတယ်။
၃။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့ဘဲ အသက်ရှူမြန်လာမယ်၊ မောဟိုက်လာပါမယ်။
၄။ စိတ်ခံစားချက် အပြောင်းအလဲမြန်သလို စိတ်ဆိုးစိတ်ဆတ်၊ ဒေါသထွက်ဖို့ ပိုလွယ်ပါတယ်။
၅။ အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ပါ နှေးကွေးလို့ အစာမကြေ၊ ဝမ်းချုပ် သို့မဟုတ် ဝမ်းလျှောတာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာ၊ လေပွတာတွေ ဖြစ်နိုင်ပါတယ်။
၆။ သွေးတိုးသမားတွေအတွက် သွေးဖိအားမြင့်တက်လာစေသလို ဆီးချိုသမားတွေဆိုရင်လည်း သွေးတွင်းသကြားဓာတ်က ပိုပြီးမြင့်တက်လာစေနိုင်ပါတယ်
၇။ လိင်စိတ်ဆန္ဒကို လျော့ပါးစေပြီး လိင်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ရာသီသွေးထိန်ခြင်း သို့မဟုတ် စောခြင်းတွေ ဖြစ်နိုင်ပါတယ်။
၈။ ညဘက်မှာ ကောင်းစွာအိပ်ပျော်မှုကို အနှောင့်အယှက်ပေးတယ်။
၉။ လေ့ကျင့်ခန်းလုပ်သူတွေမှာ ကြွက်သားတစ်ရှူးများ ပြန်လည်ပြုပြင်ပေးရန် အချိန်ကြာမြင့်တယ်။
၁၀။ အရိုးအဆစ်တွေ၊ ကြွက်သားတွေ ညောင်းညာကိုက်ခဲပြီး နာကျင်နေမယ်။
၁၁။ စိတ်ရဲ့ ကြံ့ခိုင်မှုကို အားလျော့လာစေပြီး စိတ်ကျန်းမာရေးပြဿနာတွေ ဝင်လာတဲ့အခါ စိတ်ရောဂါအဖြစ် အသွင်ကူးပြောင်းလာဖို့ ပိုလွယ်နိုင်ပါတယ်။

ဒါကြောင့် သင့်မှာ မကြာခဏဆိုသလို စိတ်ဖိစီးမှုများနေမယ်၊ စိတ်ညစ်၊ စိတ်ဆိုးဒေါသထွက်နေတတ်တယ်ဆိုရင် Cortisol ဟော်မုန်းကြောင့် ကျန်းမာရေးကို ပိုပြီးထိခိုက်လာနိုင်ပါတယ်။ အပေါ်မှာ ပြောထားခဲ့တဲ့ ရုပ်ခန္ဓာကျန်းမာရေးတွေတင်မကဘဲ စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျမြန်ရောဂါတွေ စတဲ့ စိတ်ရောဂါများဖြစ်နိုင်ခြေကိုပါ မြင့်တက်စေတာကြောင့် ကိုယ့်ရဲ့စိတ်ဖိစီးမှု level ကို မမြင့်တက်အောင် သေချာထိန်းဖို့ အရေးကြီးပါတယ်။ အကယ်လို့ စိတ်ကျန်းမာရေးပြဿနာကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်များနဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။

ကြာဆေးဆိုတာ ဘာလဲ?အသက် ၄၀ နောက်ပိုင်း ပန်းသေပန်းညှိုးရောဂါရှိတဲ့ အမျိုးသားများကို ကုသပေးတဲ့ ဆေးဖြစ်ပါတယ်။ လိင်အင်္ဂါအတွင်...
26/03/2022

ကြာဆေးဆိုတာ ဘာလဲ?

အသက် ၄၀ နောက်ပိုင်း ပန်းသေပန်းညှိုးရောဂါရှိတဲ့ အမျိုးသားများကို ကုသပေးတဲ့ ဆေးဖြစ်ပါတယ်။ လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြန်စေလို့ ထောင်မတ်အား မြင့်မားစေပြီး ထောင်မတ်ချိန်ကိုလည်း ကြာစေပါတယ်။

သုက်လွှတ်ရန် အချိန်နှေးစေတာကြောင့် သုက်လွှတ်မြန်တဲ့ အမျိုးသားများအတွက်လည်း အဆင်ပြေစေပါတယ်။ ဆေးအမျိုးအစားပေါ် မူတည်ပြီး ဆေးစသောက်ပြီး မိနစ်အနည်းငယ်မှ နာရီပိုင်းအတွင်း အာနိသင်ပြလာတတ်ပါတယ်။
အရင်တုန်းကတော့ ကြာဆေးကို ရောဂါကုဖို့ ဆေးအဖြစ်နဲ့သာ အသုံးပြုပြီး ဆရာဝန်ဆေးစာပါမှသာ ဝယ်လို့ရတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကြာဆေးကို ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာပါ အလွယ်တကူ မေးဝယ်လို့ ရနေပါပြီ။

ကြာဆေးက အမျိုးသားတိုင်း သောက်လို့ရလား။
တခြားရောဂါအထွေအထူး မရှိရင်တော့ ကြာဆေးသောက်လည်း သိပ်ပြဿနာမရှိပါဘူး။ အာရုံကြောအားနည်းသူတွေ၊ သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါရှိသူတွေဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးတော့မှ သောက်တာ အကောင်းဆုံးပါပဲ။ ကြာဆေးကို ရွေးချယ်တဲ့အခါ အားအနည်းဆုံး 50mg လောက်ကိုသာ သောက်သင့်သလို နည်းနိုင်သလောက် နည်းနည်းပဲ သောက်တာ အကောင်းဆုံးပါပဲ။ အားများများသောက်တဲ့အခါ နောက်ပိုင်းတွေမှာ ဆေးပမာဏ နည်းနည်းပဲသောက်ရင် ဆေးမတိုးတာဖြစ်နိုင်သလို ကိုယ်က ဆေးမသောက်ဘဲ လိင်မဆက်ဆံနိုင်တော့သလို ဆေးစွဲတဲ့ပုံစံမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့ ကြာဆေးကို စွဲသွားတယ်ဆိုတာထက် ကြာဆေးသောက်လို့ နောက်ဆက်တွဲဖြစ်လာတဲ့ အာနိသင်နဲ့ အကျိုးရလဒ်ကို စွဲလမ်းသွားတာဖြစ်လို့ တချို့အမျိုးသားတွေဟာ လိင်ဆက်ဆံတိုင်း ကြာဆေးမသောက်ဘဲ ထိုးသွင်းဆက်ဆံခြင်း မပြုနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ တစ်ခုသိထားရမှာက ကြာဆေးဟာ တစ်ပွဲထိုးဆေးသာ ဖြစ်ပြီး အဓိက ကိုယ့်ရဲ့ လိင်တံမထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်မြန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းကို ကုသပေးတဲ့ ဆေးတော့ လုံးဝမဟုတ်ပါဘူး။

ကြာဆေးမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလား။
အထက်မှာ ပြောခဲ့သလိုပဲ အာရုံကြောအားနည်းသူ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါရှိသူတွေဆိုရင် ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီး အစာမစားနိုင်တာ၊ အော့အန်တာ၊ ရင်တုန်ပြီး နှလုံးခုန်နှုန်း မြန်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ သာမန်အမျိုးသားတွေအတွက် ကိုယ်လက်ကိုက်ခဲနာကျင်တာ၊ နှာစေးနှာပိတ်ခြင်း၊ အသားအရေ နီမြန်းလာတဲ့လက္ခဏာတွေ တွေ့ရတတ်ပြီး နောက်ဆုံး တွေ့ရှိချက်များအရ အမြင်အာရုံထိခိုက်တဲ့ လက္ခဏာတွေပါ တွေ့လာရတတ်တယ်လို့ ဆိုထားပါတယ်။

အနည်းငယ်စိုးရိမ်သင့်တာကတော့ ၄နာရီနဲ့အထက် လိင်တံထောင်မတ်နေပြီး လုံးဝပြန်မကျတော့တာ၊ အကြားအာရုံ၊ အမြင်အာရုံ ဆိုးဆိုးရွားရွား ထိခိုက်မိတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆေးရုံမှာ အရေးပေါ်ကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။

ကြာဆေးဟာ ကိုယ့်ရဲ့လိင်စွမ်းဆောင်ရည်ကို အဟန့်အတားဖြစ်စေတဲ့ ပြဿနာကို ပျောက်သွားစေတာမဟုတ်ဘဲ ခဏတာ ထွက်ပေါက်အနေနဲ့ ကူညီပေးတဲ့ဆေးဖြစ်တာကြောင့် ဒီဆေးကိုပဲ ရေရှည်အားကိုးတာမျိုး မလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။
ဆေးကောင်းသုံးချင်ရင် Hammer of thor အမေရိကန်နိုင်ငံထုတ်ဆေးကိုပဲသုံးပါလို့ပြောချင်ပါတယ်။

အမျိုးသားများ လိင်စိတ်ဆန္ဒနဲ့ပတ်သက်ပြီး သင်သိထားသင့်သမျှ၁။ ယေဘုယျအားဖြင့် ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် လိင်မှုကိစ္စအ...
26/03/2022

အမျိုးသားများ လိင်စိတ်ဆန္ဒနဲ့ပတ်သက်ပြီး သင်သိထားသင့်သမျှ

၁။ ယေဘုယျအားဖြင့် ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် လိင်မှုကိစ္စအကြောင်း ပိုတွေးတတ်၊ စိတ်ကူးယဉ်တတ်ပေမယ့် အချိန်တိုင်း တွေးနေတာတော့ မဟုတ်ဘူး။

၂။ အမျိုးသားထုရဲ့ ၆၀% ခန့်ဟာ လက်ဖြင့် အာသာဖြေခြင်းကို ပုံမှန်ပြုမူတတ်ကြပြီး မိန်းကလေးတွေမှာတော့ ၄၀% လောက်သာ လုပ်တတ်ပါတယ်။

၃။ ကျန်းမာရေးကောင်းတဲ့ အမျိုးသားတွေမှာ အိပ်ပျော်စဉ် မကြာခဏ လိင်တံထောင်မတ်ခြင်း ဖြစ်တတ်သလို မနက်ခင်းမှာလည်း လိင်အင်္ဂါထောင်မတ်မှုနဲ့ လိင်စိတ်ဆန္ဒက အမြင့်ဆုံး အခြေအနေမှာ ရှိပါတယ်။

၄။ အမျိုးသားတွေမှာလည်း တစ်လင်တစ်မယားစနစ် လိင်ဆက်ဆံမှုကို ပြုလုပ်တတ်ကြပေမယ့် အနှောင်အဖွဲ့ကင်းတဲ့၊ ချစ်ခြင်းမေတ္တာမပါဝင်တဲ့ လိင်မှုကိစ္စများကို အမျိုးသမီးတွေထက် ပိုသဘောကျလေ့ရှိပါတယ်။

၅။ ကျန်းမာရေးအရမ်းကောင်းတဲ့ အမျိုးသားတွေမှာတောင် လိင်အင်္ဂါထောင်မတ်မှု ကျဆင်းတာ၊ သုက်လွှတ်မြန်သွားတာမျိုး လိင်ပိူင်းဆိုင်ရာ ပြဿနာတွေ ကြုံရတတ်ပါတယ်။

၆။ ကျားဟော်မုန်းဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကို အဓိကမြင့်တင်ပေးပါတယ်။

၇။ အမျိုးသားအများစုဟာ လိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်ပြီးတဲ့အခါ တခြားသူတွေနဲ့ ထိတွေ့လိုခြင်း၊ လိင်ဆက်ဆံလိုခြင်း၊ စကားပြောဆိုလိုခြင်း နည်းသွားတတ်ပါတယ်။

သုက်ရည်ရဲ့ အရောင်နဲ့ အမျိုးသားတို့ရဲ့ ကျန်းမာရေးသုက်ရည်ဟာ ပုံမှန်အားဖြင့် အဖြူ၊ မီးခိုးရောင်ရှိပြီး ကိုယ်စားတဲ့ အစားအစာ၊...
25/03/2022

သုက်ရည်ရဲ့ အရောင်နဲ့ အမျိုးသားတို့ရဲ့ ကျန်းမာရေး

သုက်ရည်ဟာ ပုံမှန်အားဖြင့် အဖြူ၊ မီးခိုးရောင်ရှိပြီး ကိုယ်စားတဲ့ အစားအစာ၊ နေထိုင်မှုပုံစံ၊ ကျန်းမာရေးစတာတွေကြောင့် သုက်ရည်ရဲ့ အရောင်၊ အရသာ၊ အနံ့အသက်ဟာ ပြောင်းလဲသွားနိုင်ပါတယ်။

ပုံမှန်အားဖြင့် တခြားဘာလက္ခဏာမှမရှိဘဲ သုက်ရည်အရောင်ပြောင်းတာတစ်ခုတည်းနဲ့ ကျန်းမာရေးပြဿနာကြီးကြီးမားမား ရှိနေတယ်လို့တော့ ယူဆလို့မရပါဘူး။ အရောင်ပြောင်းတာဟာ ရက်အတော်ကြာတဲ့အထိ ပုံမှန်အရောင်ကို ပြန်မရောက်သွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။

အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိခြင်း
သုက်ပို့ပြွန်ကနေ သုက်ရည်များထွက်လာချိန် လက်ကျန်ဆီးများနဲ့ ရောသွားပြီး အဝါရောင်သမ်းသွားနိုင်ပါတယ်။ ကျန်းမာရေးပြဿနာအနေနဲ့ အသည်းရောင်အသားဝါရောဂါ၊ သွေးဖြူဆဲလ်များနေခြင်း၊ ခလက်မီးဒီးယားရောဂါ၊ ဆီးကျိတ်တွင် ဘက်တီးရီးယားပိုးဝင်ခြင်း၊ အရက်၊ ဆေးရွက်ကြီးသောက်သုံးခြင်း၊ အဝါရောင်ရှိတဲ့ အစားအစာများ စားသုံးခြင်းကြောင့် အဝါရောင် သို့မဟုတ် စိမ်းဖန့်ရောင် ပြောင်းသွားနိုင်ပါတယ်။

ပန်းရောင်၊ အနီရောင်၊ အညိုရောင် သို့မဟုတ် လိမ္မော်ရောင်ရှိခြင်း
သွေးနဲ့ သုက်ရည်ရောယှက်သွားတာ ဒါမှမဟုတ် အောက်စီဂျင်နဲ့ ထိတွေ့ပြီးနောက် ခြောက်သွားတဲ့ သုက်ရည်နဲ့ ရောသွားခြင်းကြောင့် ထွက်လာတဲ့ အရောင်ဖြစ်ပါတယ်။ ဆီးကျိတ်ဂလန်းမှ အသားစနမူနာယူခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ သွေးတိုးခြင်း၊ လိင်အင်္ဂါရေယုန်ဗိုင်းရပ်စ်၊ ခလက်မီးဒီးယားရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်၊ ဂနိုရောဂါပိုးများ ကူးစက်ခံရခြင်း၊ ဆီးကျိတ်တွင် ဘက်တီးရီးယားပိုးဝင်ပြီးနောက် မကုသဘဲ ပစ်ထားခြင်း၊ လိင်ဆက်ဆံခြင်း၊ အာသာဖြေမှု အကြိမ်ရေများလွန်းခြင်း၊ ဆီးကျိတ်၊ ဝှေးစေ့ သို့မဟုတ် သုက်ပို့ပြွန်မှာ ကင်ဆာဆဲလ်များ ပြန့်နေခြင်းကြောင့် သုက်ရည်ဟာ ဒီလိုအရောင်တွေကို ပြောင်းသွားနိုင်ပါတယ်။

အမည်းရောင် သမ်းနေခြင်း
ကျောရိုးမကြီးမှာ ထိခိုက်ဒဏ်ရာဖြစ်နေတာ၊ သွေးထဲမှာ သတ္တုဓာတ်တွေ များလွန်းနေတာကြောင့် သုက်ရည်ဟာ အမည်းရောင်ပြောင်းသွားနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပြီလဲ။
• ရက်အနည်းငယ်ကြာသည်အထိ သုက်ရည်ဟာ မူလအရောင်သို့ မပြောင်းလဲသွားတာ
• ဆီးသွားရန် ခက်ခဲတာ
• ဆီးသွားတဲ့အခါ အကုန်အစင်မသွားနိုင်ဘဲ အထဲမှာ ဆီးကျန်နေတာ
• လိင်အင်္ဂါပတ်လည်မှာ ရောင်ရမ်းပြီး လေးလံနေတယ်လို့ ခံစားရတာ
• လိင်တံ၊ ကပ္ပါယ်အိတ်အရေပြားတွေ ယားယံပြီး အင်ပျဉ်ထနေတာ
• ပုံမှန်မဟုတ်တဲ့ ပြည်ရည်များ လိင်တံထိပ်မှ စိမ့်ထွက်လာတာ
• အဖျားတက်တာ၊ အအေးမိတုပ်ကွေး လက္ခဏာတွေ ခံစားရတာ စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသားရောဂါကုဆရာဝန်နဲ့ သေချာပြသပြီး ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ပါတယ်။

ကွန်ဒုံးကို မှန်ကန်စွာ ဘယ်လိုအသုံးပြုသင့်လဲ?ကွန်ဒုံးကို စနစ်တကျ နည်းလမ်းမှန်အသုံးပြုခြင်း၁။ ကွန်ဒုံးထည့်ထားတဲ့ အထုပ်ကို ...
24/03/2022

ကွန်ဒုံးကို မှန်ကန်စွာ ဘယ်လိုအသုံးပြုသင့်လဲ?

ကွန်ဒုံးကို စနစ်တကျ နည်းလမ်းမှန်အသုံးပြုခြင်း
၁။ ကွန်ဒုံးထည့်ထားတဲ့ အထုပ်ကို သေချာဖွင့်ပါ။ သွားနဲ့ကိုက်ဖြတ်တာ၊ ကပ်ကြေးနဲ့ ညှပ်တာမျိုး မလုပ်ပါနဲ့။ အခန့်မသင့်ရင် ကွန်ဒုံးကို ပေါက်ပြဲသွားစေနိုင်ပါတယ်။

၂။ ကွန်ဒုံးမစွပ်ခင်မှာ ပေါက်ပြဲနေခြင်း၊ ချောဆီများ ခန်းခြောက်နေခြင်းရှိမရှိ သေချာစစ်ကြည့်ပါ။

၃။ ကွန်ဒုံးထိပ်မှာရှိတဲ့ ဖုဖောင်းနေတဲ့ ဘုလေးကို လက်မ၊ လက်ညှိုးဖြင့် ညှပ်ဖိထားပါ။

၄။ ထောင်မတ်နေတဲ့ အမျိုးသားလိင်အင်္ဂါထိပ်မှ ကွန်ဒုံးကိုစွပ်ပြီး အောက်သို့ဆွဲချပါ။

၅။ ကွန်ဒုံးဟာ အမျိုးသားလိင်အင်္ဂါအတွက် ကျပ်လွန်းနေခြင်း၊ ချောင်လွန်းနေခြင်း၊ ပေါက်ပြဲသွားခြင်း မဖြစ်ရပါဘူး။

၆။ ရေအခြေပြု ချောဆီတစ်မျိုးကို ကွန်ဒုံးစွပ်ထားတဲ့ လိင်အင်္ဂါအဖျားမှ အရင်းအထိ နှံ့စပ်စွာလိမ်းပေးပါ။ ဆက်ဆံဖော်ရဲ့ အင်္ဂါကိုလည်း သေချာသုတ်လိမ်းပေးပါ။

၇။ လိင်စိတ်ဆန္ဒ အထွတ်အထိပ်သို့ ပြီးမြောက်သွားတဲ့အခါ သုက်ရည်များမဖိတ်ကျအောင် ကွန်ဒုံးထိပ်ကို လက်တစ်ဖက်ဖြင့်ထိန်းထား၍ ကျန်လက်တစ်ဖက်ကို ကွန်ဒုံးကို နောက်လှန်ဆွဲပြီး ဂရုတစိုက်ချွတ်ရပါမယ်။

၈။ ကွန်ဒုံးကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ပါ။

ကွန်ဒုံးအသုံးမပြုခင် စစ်ဆေးခြင်း
၁။ ကွန်ဒုံးဘူး၊ အထုပ်မှာပါတဲ့ သက်တမ်းကုန်ဆုံးရက်ကို ပြန်စစ်ပါ။
၂။ ကွန်ဒုံးအထုပ်က ပေါက်ပြဲနေခြင်း၊ ချောဆီများ ယိုစိမ့်နေခြင်းရှိမရှိ စစ်ဆေးပါ။
၃။ ကွန်ဒုံးဟာ အနံ့အသက် ကောင်းမကောင်း၊ ပေါက်ပြဲနေခြင်းရှိမရှိ စစ်ဆေးပါ။

လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ လူချင်းတွေ့စရာမလိုဘဲ အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သုက်လွှတ်စောခြင်းကို ဘယ်လိုကုသကြမလဲ?သုက်လွှတ်စောခြင်း (Premature Ej*******on) ဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပ...
24/03/2022

သုက်လွှတ်စောခြင်းကို ဘယ်လိုကုသကြမလဲ?

သုက်လွှတ်စောခြင်း (Premature Ej*******on) ဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး လိင်စိတ်အထွတ်အထိပ်အရောက်ခင် မထိန်းချုပ်နိုင်တော့ဘဲ သုက်လွှတ်လိုက်မိတဲ့ အခြေအနေဖြစ်ပါတယ်။ များသောအားဖြင့် သုက်လွှတ်စောခြင်းဟာ စိတ်ကျန်းမာရေးပြဿနာကြောင့် ဖြစ်တတ်တဲ့အတွက် စိတ်ကုထုံးများနဲ့ ကုသလို့လည်း ရသလို တခြားကုသနည်းလမ်းများဖြစ်တဲ့

၁။ သုက်လွှတ်ရန် ကြာစေသည့် ဖျန်းဆေး၊ သောက်ဆေးများကို ညွှန်ကြားပေးခြင်း
၂။ စိတ်ရောဂါများအတွက်သာမက သုက်လွှတ်စောစေသည့် အခြေအနေကို ထိန်းချုပ်ဖို့ စိတ်ရောဂါသောက်ဆေးများ ညွှန်ပေးခြင်း
၃။ အကိုက်အခဲပျောက်ဆေးများ ညွှန်ကြားပေးခြင်း
၄။ ကျားဟော်မုန်း အစားထိုးကုသမှု ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်ပေးပါတယ်။

သုက်လွှတ်စောခြင်းကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာများ
• ကျားဟော်မုန်းနည်းပြီး မဟော်မုန်းများနေခြင်း
• လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရခဲ့ဖူးခြင်း
• စိုးရိမ်ပူပန်လွန်ကဲခြင်း
• ဆီးကျိတ် သို့မဟုတ် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ပြီး ရောင်နေတာ
• ဦးနှောက်အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် သုက်လွှတ်စောနိုင်ပါတယ်။

ကုသနည်းလမ်းမဟုတ်ဘဲ ထိန်းချုပ်နည်းလမ်းများအနေနဲ့
၁။ လိင်မဆက်ဆံခင် နာရီပိုင်းအလိုမှာ လက်နဲ့အာသာဖြေပြီး သုက်လွှတ်ထားခြင်း
၂။ လိင်ဆက်ဆံစဉ်မှာ ထိုးသွင်းဆက်ဆံမှုကို နောက်ဆုံးမှသွားပြီး ကိုယ့်ဆက်ဆံဖော် သို့မဟုတ် ကိုယ်တိုင်ကို လိင်စိတ်ကြွစေရန် နှုတ်ခမ်း၊ ပါးစပ်၊ လျှာဖြင့် နှိုးဆွပေးခြင်း
၃။ လိင်မဆက်ဆံခင် ကြက်ဥ၊ ငှက်ပျောသီး၊ ချောကလက်အခါး စတဲ့ အစားအစာတွေကို စားပေးခြင်း
၄။ ဆက်တိုက်ထိုးသွင်းဆက်ဆံတာမျိုး မလုပ်ဘဲ နားလိုက်၊ အရှိန်လျှော့လိုက် လုပ်ပေးပါ။
၅။ ကွန်ဒုံးကို လိင်အင်္ဂါနဲ့ ကွက်တိကျပြီး ကြပ်နေမယ့် ကွန်ဒုံးကို အသုံးပြုပါ။
၆။ မိမိကိုယ်ကို သုက်လွှတ်တော့မယ်၊ ကာမအရသာ ခံစားမှုအရမ်းအားကောင်းနေပြီလို့ ထင်ရင် ခဏနားပြီး ရေသောက်၊ စကားပြော၊ ဖက်ထားတာမျိုး လုပ်ပေးပါ။

သင့်အနေနဲ့ သုက်လွှတ်စောခြင်းကြောင့် လိင်မှုဘဝ အဆင်မပြေဖြစ်နေတယ်လို့ ခံစားရရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သေချာတိုင်ပင်ပြသပြီး ကျန်းမာရေးစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ၁။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာခြင်း၊ ရောဂါဖြစ်ခြင်း၊ ရောဂါပို...
24/03/2022

လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

၁။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဖျားနာခြင်း၊ ရောဂါဖြစ်ခြင်း၊ ရောဂါပိုးကူးစက်ခံရခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၂။ တခြားလူတစ်ယောက်နဲ့ အနီးကပ်ဆက်ဆံထိတွေ့နေရတဲ့အခါ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ၊ အကောင်းမြင်စိတ်တွေကို ဖြစ်စေတဲ့ ဟော်မုန်းများကို ဦးနှောက်က ပိုမိုထုတ်လုပ်ပေးပါတယ်။

၃။ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးပြီး မိမိရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ် ပိုမိုယုံကြည်မှု ရှိလာစေတယ်။

၄။ အမျိုးသမီးတွေမှာ တင်ပဆုံရိုးကြွက်သားများကို လေ့ကျင့်ခန်းလုပ်တာဖြစ်တဲ့အတွက် ဆီးထိန်းနိုင်အောင် ကူညီပေးတယ်။

၅။ အမျိုးသားတွေမှာ ကျားဟော်မုန်းပိုတိုးစေသလို အမျိုးသမီးတွေမှာလည်း မဟော်မုန်းများ တိုးလာစေပါတယ်။

၆။ နှလုံးကျန်းမာစေပြီး သက်လုံကောင်းစေတယ်၊ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း မြန်စေပါတယ်။

၇။ သွေးပေါင်ချိန်ကို ကျစေပြီး ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာကို သက်သာစေတယ်။

၈။ လိင်ဆက်ဆံခြင်းဟာ လေ့ကျင့်ခန်းလုပ်သလို ဖြစ်စေတဲ့အတွက် ကယ်လိုရီနဲ့ သကြားဓာတ်တွေကို ပိုမိုလောင်ကျွမ်းစေတယ်။

၉။ ခန္ဓာကိုယ်တွင်းက ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေတယ်။

၁၀။ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

၁၁။ စိတ်ဖိစီးမှုကို နည်းပါးစေတယ်။ ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင်လည်း ကူညီပေးပါတယ်။

လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအရ အကျိုးကျေးဇူးများစွာ ရှိစေနိုင်တယ်ဆိုပေမယ့် အကာအကွယ်ကို အမြဲသုံးဖို့တော့ သတိပြုသင့်ပါတယ်။

အချိန်ကြာမြင့်စွာ လိင်အင်္ဂါထောင်မတ်နေခြင်း (Priapism) အကြောင်းလိင်အင်္ဂါက အကြာကြီးမတ်နေရင် မကောင်းစရာ ဘာရှိလဲလို့တော့ မ...
23/03/2022

အချိန်ကြာမြင့်စွာ လိင်အင်္ဂါထောင်မတ်နေခြင်း (Priapism) အကြောင်း

လိင်အင်္ဂါက အကြာကြီးမတ်နေရင် မကောင်းစရာ ဘာရှိလဲလို့တော့ မေးကောင်းမေးပါလိမ့်မယ်။ ဒါပေမယ့် ဖြစ်သင့်တဲ့ အတိုင်းအတာထက် လွန်ကဲပြီး နာရီပေါင်းများစွာ မရပ်မနား ထောင်မတ်နေတာကတော့ သင့်ရဲ့ လိင်အင်္ဂါကို အလွန်အမင်းနာကျစေမှာဖြစ်ပြီး အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။ အမျိုးသားလိင်အင်္ဂါ ထောင်မတ်ချိန်ဟာ ၄ နာရီနဲ့အထက် ရှိနေပြီဆိုရင်တော့ Priapism လို့ ယူဆလို့ရပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။
• လိင်အင်္ဂါဟာ ၄ နာရီထက် ကျော်လွန်ပြီး ထောင်မတ်နေခြင်း
• ထောင်မတ်မှုဟာ လုံးဝလျော့ကျမသွားခြင်း
• လိင်အင်္ဂါရဲ့ ထိပ်ဟာ ပျော့နေပြီး လုံးပတ်ကတော့ မာနေခြင်း
• လိင်အင်္ဂါအတွင်းကနေ အောင့်သက်သက် နာကျင်မှုဝေဒနာကို ခံစားရခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အချိန်ကြာမြင့်စွာ လိင်အင်္ဂါထောင်မတ်ခြင်းကို ဘာတွေက ဖြစ်စေနိုင်လဲ။
ကြာဆေးကို စစချင်းသောက်သူတွေမှာ ဆေးအရှိန် အရမ်းပြင်းလွန်းသွားပြီး လိင်အင်္ဂါထောင်မတ်မှု လုံးဝမကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကျန်းမာရေးပြဿနာအရ ကြည့်မယ်ဆိုရင်
• သွေးအားနည်းရောဂါ
• သွေးကင်ဆာရောဂါ
• သွေးဖြူဆဲလ်များနေခြင်း
• သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေတဲ့ ရောဂါ ရှိနေခြင်းကြောင့် ဖြစ်စေနိုင်သလို
တခြားပြဿနာအနေနဲ့
• စိတ်ရောဂါအတွက် ဆေးပြင်းများ သောက်နေရခြင်း
• ပတ်ဝန်းကျင်မှ အဆိပ်ငွေ့များကို ကြာရှည်စွာ ရှူရှိုက်မိခြင်း
• မူးယစ်ဆေးဝါးများ၊ လိင်စိတ်ကြွဆေးများ အလွန်အကျွံသုံးမိခြင်း
• ဦးနှောက်အာရုံကြောစနစ်မှာ ပြဿနာဖြစ်နေတာ
• သွေးကျဲဆေးများ သောက်နေတာ
• လိင်တံကင်ဆာရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်လိုကုသလို့ရမလဲ။
ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ ကိုယ့်ရဲ့ လိင်အင်္ဂါဟာ ၄ နာရီထက်မနည်း ထောင်မတ်နေတယ်၊ လိင်အင်္ဂါအတွင်းက နာကျင်မှုဝေဒနာကိုပါ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ပြသပြီး အရေးပေါ် ကုသမှုခံယူသင့်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ အခြေအနေ ဘယ်လောက်ပြင်းထန်လဲပေါ် မူတည်ပြီး သွေးကြောကျဉ်းဆေးများ ထိုးခြင်း၊ လိင်အင်္ဂါထဲမှ သွေးများကို စုပ်ထုတ်ခြင်း၊ ခွဲစိတ်ကုသခြင်း စတဲ့နည်းလမ်းတွေကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။

အမျိုးသားများ ကိုယ်လုံးတီးချွတ်အိပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေယောက်ျားလေးမို့လို့ လွတ်လပ်တဲ့ အရသာကို ကြိုက်တယ်၊ တစ်ယောက်တည...
23/03/2022

အမျိုးသားများ ကိုယ်လုံးတီးချွတ်အိပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ

ယောက်ျားလေးမို့လို့ လွတ်လပ်တဲ့ အရသာကို ကြိုက်တယ်၊ တစ်ယောက်တည်းနေတဲ့အတွက် အဝတ်ဝတ်ပြီး အိပ်ရတာ မကြိုက်ဘူးဆိုတဲ့ ဘော်ဒါတွေအတွက် ဒီဆောင်းပါးလေးက အကြိုက်တွေ့စေမှာပါ။ အဝတ်မပါဘဲ ကိုယ်တုံးလုံးချွတ်အိပ်တယ်ဆိုတာ အမြင်ရိုင်းတယ်ထင်ရပေမယ့် ကျန်းမာရေးအတွက်တော့ အကျိုးကျေးဇူးများစွာ ရှိစေနိုင်တယ်ဆိုတာ သိပြီးပြီလား။ ဒီအကျိုးကျေးဇူးတွေကတော့

၁။ အဝတ်အစားနဲ့ အရေပြားထိကပ်ခြင်း နည်းသွားတဲ့အတွက် ချွေးထွက်ပိုနည်းသလို အရေပြားခြောက်တာ၊ ပွန်းပဲ့တာ၊ အဖတ်လန်တာတွေကိုလည်း လျော့နည်းစေပါတယ်။

၂။ လိင်အင်္ဂါကနေ အနံ့ဆိုးထွက်တာကို သက်သာစေတယ်။

၃။ ခုလိုနွေရာသီ ပူအိုက်တဲ့အချိန်မှာ အဝတ်မပါဘဲ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်ကို အရမ်းမမြင့်တက်အောင် ထိန်းပေးထားနိုင်ပြီး လွတ်လွတ်လပ်လပ် အိပ်လို့ရအောင်လည်း ကူညီပေးပါတယ်။

၄။ လိင်စိတ်ဆန္ဒကို ပိုတက်စေပြီး မိမိခန္ဓာကိုယ်နဲ့ ပတ်သက်လို့ ရှက်တဲ့စိတ်တွေ၊ စိတ်တိုင်းမကျတာတွေကို လျှော့ချပေးနိုင်တဲ့အတွက် လိင်ဆက်ဆံရာမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုတိုးစေတယ်။

၅။ ချွေးထွက်နည်းသွားတာကြောင့် ပေါင်ခြံနဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ အရေပြားမှိုစွဲတာတွေ၊ ဘက်တီးရီးယားပိုးတွေ ပွားများခြင်းကြောင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်တာတွေ၊ အောက်သိုးသိုးအနံ့ထွက်တာကို ကာကွယ်ပေးနိုင်၊ လျှော့ချပေးနိုင်ပါတယ်။

၆။ ဝှေးစေ့ဟာ ပူလောင်နေခြင်းမရှိတဲ့အတွက် ကျန်းမာတဲ့သုက်ပိုးများကို ပိုမိုထုတ်လွှတ်ပေးနိုင်လို့ မျိုးအောင်ခြင်းကို မြင့်တက်စေပါတယ်။

၇။ ချစ်ရသူနဲ့ ကိုယ်လုံးတီးအိပ်စက်တဲ့အခါ အရေပြားချင်းထိတွေ့ရုံနဲ့ ပျော်ရွှင်ခြင်း၊ ချစ်ခြင်းမေတ္တာဟော်မုန်းများကို ပိုမိုထွက်လာစေပြီး ကိုယ်နဲ့ ကိုယ့်ချစ်သူကြား သံယောဇဉ်ကို ပိုခိုင်မာလာစေသလို အပြန်အလှန် လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုလည်း တိုးစေနိုင်ပါတယ်။

သင်ကိုယ်တိုင်ကရော အဝတ်မဝတ်ဘဲ လွတ်လွတ်လပ်လပ် အိပ်ရတာ ကြိုက်တဲ့သူလား၊ လုံလုံခြုံခြုံနဲ့ အဝတ်ဝတ်ပြီးအိပ်မှ အိပ်ပျော်တတ်သူလား။ ဘယ်အုပ်စုထဲမှာပါလဲဆိုတာ ဖြေကြည့်သွားပါဦး။

Address

မင်္ဂလာတောင်ညွှန့်မြို့နယ်
Yangon
788755

Alerts

Be the first to know and let us send you an email when Dr.Tin Mg Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Tin Mg Htwe:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category