13/12/2023
မိခင်စားသုံးသော အစားအသောက်နှင့်နို့စို့ကလေးငယ်အပေါ်အကျိုးသက်ရောက်မှုအကြောင်း
အရင်ဆုံး ဒီခေါင်းစဉ်လေးကိုပြောပြဖို့အတွက် မိခင်နို့ရည် ဖြစ် ပေါ်လာပုံကို အကျဉ်းချုပ်လေး ပြောပြပါမယ်..
အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ဆောင်ပြီဆို ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ Hormones level တွေမြင့်လာပါတယ်.. အဲ့ Hormones လေးတွေက ကလေးကို ကောင်း ကောင်းဖွံ့ဖြိုးအောင်ကူညီပေးသလို ကလေးအတွက်အပြင်အစာမစားခင်မှာ အဟာရ ပြည့်ပြည့်ဝဝ ပေးနိုင်မယ့် မိခင်နို့ရည် ထွက်အောင်လည်းအားပေးကူညီပေးပါတယ်..မိခင် နို့ရည် ထွက်လာအောင် အဓိကပြုလုပ်ပေးတဲ့ Hormonesတွေ ကတော့ Oxytocin နဲ့ Prolactin လို့ခေါ်တဲ့ Hormones တွေ ပါ..
ဒီHormones လေးတွေက သွေးထဲက တစ်ဆင့် နို့ ချက် glands တွေ ကို လှုံ့ဆော်ပေးပြီး နို့ ရည်ကို ဖြစ်ပ်ါစေတာပါ.. ✔✔✔✔
မိခင် နို့ရည် ကို မိခင် နို့သိုလှောင် ရုံလို့ခေါ်တဲ့ Mammary glands ကနေ ချက်ပေးတာပါ..ကလေးအတွက် အဟာရအချိုးအစား အမျှတဆုံး အန္တာရာယ်အကင်းဆုံး မိခင်နို့ရည်ကို နို့ချက် စက်ရုံကြီးက သေချာ စိစစ်ပြီး ချက်လုပ်ပေးတာပါ.. 💓💓💓
ဒီတော့မှတ်ရမှာက " မိခင်နို့ရည်က မိခင်ရဲ့ သွေးကနေမှ တဆင့်ဖြစ်ပေါ်လာတာပါ မိခင်ရဲ့ အစာအိမ်က နေတိုက်ရိုက် ဖြစ်လာတာ မဟုတ်ပါဘူး" နော်..
ဒီတော့ ကလေး ကိုယ် မိခင်နို့တိုက်ချင်သော်လည်း ဟိုဟာရှောင်ဒီ ဟာရှောင် စားချင်တိုင်းမစားရလို့ စိတ်ညစ်နေသော်မေမေ များအတွက် မိခင်နို့ရည်မှ တဆင့်ကလေးဆီ ရောက်နိုင်သော် ပစ္စည်းနဲ့ မရောက်နိုင်သော် ပစ္စည်းတွေကို တစ်ခုခြင်းစီသေချာလေးရှင်းပြပါ့မယ်..
ကဖိန်းဓာတ်
☕☕☕☕
ကော်ဖီကြိုက်တဲ့ မေမေတွေအတွက် အရင်ဆုံးရေးပေးချင်ပါတရ်.. ကော်ဖီမှာပါတဲ့ ကဖိန်းသည် ကိုယ်ဝန် ဆောင် ချိန် မှာ လုံးဝ မသောက်သုံးတာ ကောင်းပေမယ့် ကလေးနို့တိုက်နေချိန်မှာတော့ သောက်လို့ရပါတယ်(တစ်ခွက် နှစ်ခွက်လောက်ပေါ့)
ကဖိန်းက နို့ ရည် ကတဆင့်ကလေး ဆီရောက်တဲ့ ပမာဏဟာအရမ်းနည်းပါတယ် အန္တရာယ် ဖြစ်စေတဲ့ ရာခိုင်နှုန်းလဲ အရမ်း နည်းပါတယ်... တချို့တချို့သော်ကလေးတွေမှာသာ တစ်ခါတလေ မိခင် ကော်ဖီသောက်ပြီးနို့တိုက်ထားရင် ကဖိန်းဓာတ်အနည်းငယ်ကြောင့် ကလေးအိပ်ဖို့ကြာတာ လောက်သာ ဖြစ်တာ များပါတယ်
လေထစေတဲ့အစားအစာတွေ 🌿🌿🌿🌿
(ပန်းဂေါ်ဖီ,ဂေါ်ဖီထုတ်,ပဲအမျိုးမျိုး etc တွေကို ကလေးလေ ထ တယ်ဆိုပြီးရှောင်ခိုင်းကြပါတယ်).. လုံးဝ လုံးဝ မဆိုင်ပါ လေထတဲ့ အစားအစာတွေစားလို့ မအေမှာပဲ လေထချင်ထမှာပါ ကလေးမှာလေမထပါဘူးနော်..မေမေစားချင်စားလို့ရပါတယ်.. မအေစားလိုက်တဲ့အစားမှာပါတဲ့လေက ရေထဲမှာ မျောနေတဲ့ ဘောကွင်းလိုစီး မျောပြီး မအေ နို့ထဲက တဆင့်ကလေးဆီ ရောက်မသွားပါဘူးနော်.. 😁😁😁
ချိုတဲ့အစားအစာတွေ
🍬🍧🍫🍡
မေမေ ချိုတဲ့ အစားတွေစားလို့ ကလေးချောင်းမဆိုးပါဘူးနော်.. မေမေပဲဆိုးမှာပါ.. အပြင်အစားမစားသေးတဲ့ကလေးချောင်းဆိုးတာ infection ဝင်လို့ဖြစ်တာ များပါတယ်.. တိုက်ဆိုင်လို့တစ်ခါတစ်လေမိခင်အချိုစားလို့ဖြစ်တယ်ထင်ကြတာပါ..မိခင်နို့ရည် အန္တရာယ်ကင်းပါတယ်..
အချိုအစားများလို့ မေမေသာ ဝိတ်တွေတက်လာမှာပါနော်.ဘေဘီလေးဘာမှ မဖြစ်ပါ.. မိခင်နို့ရည်မှာ အချိုစားတာများရင် အဆီဓာတ်ပမဏ အနည်းငယ်ပြောင်းသွားတကလွဲလို့ ကလေးအတွက်ဘာမှ မဖြစ်ပါ..
ချဉ်သောအစားအစာများ
🍅🍍🍋🍊
ချဉ်သော် အစားအစာတွေ စားလို့ မိခင်နို့သည် လိုက်မချဉ်ပါ. တချို့ တချို့ကလေးတွေမှာသာချဉ်တဲ့အစားအစာတွေမှာပါတဲ့ Proteins လေးတွေကို အရမ်း Sensitive ဖြစ်လွန်းရင်တော့ ကလေးဝမ်းသွားနိုင်ပါတယ်.. ဒါမယ့် တော်ရုံကလေးကတော့ မေမေ အချဉ်စားလို့ ဝမ်းမသွားပါဘူး.. စားချင်စိတ်ရှိရင် ကိုယ့်ကလေးကလည်း တော်ရုံ ဝမ်းမသွားတတ်ရင် စားနိုင်ပါတယ်..
မစားသင့် မသုံးစွဲသင့်သော ပစ္စည်းတွေ
❌❌❌❌❌❌
တချို့ ပစ္စည်းလေးတွေကျ နို့ကတစ်ဆင့်ကလေးဆီရောက်နိုင်ပါတယ်(အထူးသဖြင့် ဆေးတွေများပါတယ်).. အဲ့ဒါကလည်း အဲ့ပစ္စည်းရဲ့ molecules size တွေ, သူ့ရဲ့pH အတိုင်းအတာ, သူ့ရဲ့ အဆီထဲမှာပျော်ဝင်နိုင်မှု တွေပေါ်မူတည်ပါတယ်..ဆေးတိုင်းသည်အန္တရာယ်မပေးပါ..သောက်လို့ရတဲ့ဆေးတွေရှိပါတယ် ဆရာဝန်နဲ့ဆွေးနွေးပြီးသောက်ပါ.. Should not use in pregnancy and breastfeeding mom ဆိုတဲ့စာသားလေးပါတဲ့ ပစ္စည်းတွေဆိုရင်တော့မသုံးသင့်ပါ.. ❌❌❌❌
(Eg- Co***ne, amphetamine,heroinတွေကတော့ မိခင်နို့တိုက်နေတဲ့မေမေတွေလုံးဝမသုံးသင့်ပါ.မိခင်နို့ရည်ကတဆင့်ကလေးဆီရောက်နိုင်တဲ့ပမာဏများပြီး အန္တရာယ်ဖြစ်စေနိုင်လို့ပါ..)
အစားအစားတွေထဲမှာ
Mercury ပါဝင်မှုမြင့်တဲ့ ငါးတွေ,(ကလေးထိနိုင်လို့ပါ)❌
မြေပဲတို့ နွားနို့ proteinတို့(မတည့်တဲ့ ကလေးတွေရဲ့ မေမေ တွေကတော့ ကတော့ မစားတာကောင်းပါတယ်..မတည့်တဲ့ကလေးတွေက မိခင်နို့ရည်မှာ ပျော်ဝင်ပါလာနိုင်တဲ့ proteinသေးသေးလေးတွေကိုပါ sensitive ဖြစ်နိုင်တော့ မစားတာအကောင်းဆုံးပါ ကလေးရောမေမေရောတည့်ရင်စားနိုင်ပါတယ်)❌❌❌❌
စီးကရက်( Ni****ne ဓာတ် သည် မိခင်နို့ရည်ထဲမှာ ပျော်ဝင်ပြီးကလေးဆီ ရောက်နိုင်ပါတယ်)❌❌❌❌
အရက်နှင့် ကဖိန်းဓာတ် အရမ်းများတဲ့ သောက်စရာတွေတော့ သတ်မှတ်ထားတဲ့ ပမာဏထပ်ပိုပြီးမသောက်သင့်ပါ..ကလေးဆီရောက်နိုင်ပါတယ်.❌❌❌
နောက်သိရမှာက မိခင်ကရေနွေးတွေ ဟင်းခါးအရည်ကြည်တွေအများရီးသောက်လို့ နို့ထွက်တာများလာပေမယ့် နို့ ပြစ်ပြစ်မထွက်ပါ.. နို့တွေအရည်ကျဲ ပြီး လိုအပ်သလောက်အဟာရဓာတ်မပါပဲ ကလေးတောင်အခက်မသင့်ရင်လေထနိုင်ပါတယ်..
နို့ပြစ်ပြစ်နဲ့ ကလေးကို အဟာရရှိရှိတိုက်ချင်ရင် ဟင်းခါးကို အသားဖြစ်ဖြစ် ငါးဖြစ်ဖြစ် ပေါပေါ များ များထည့်ပြီး အဟာရပြည့်ပြည့်ချက်သောက်ပါ.. 👶👶👶👶
အဓိကပြောချင်တာက မေမေက ကလေးအဟာရပြည့်ဝ ပြီး ဉာဏ်ရည်ကောင်းကောင်းနဲ့ ကျန်းမာရေး ကောင်းကောင်းကြီးထွားဖွံ့ဖြိုးဖို့ မိခင်နို့ရည်ကိုအဟာရ မျှတစွာစားပြီးတိုက်လို့ရပါတယ်..
မိခင်သာအာဟာရမျှတအောင်စားပြီးမိမိ ကလေးကို စနစ်တကျနို့ရည်တိုက်ကျွေးရင် ကလေးဖွံဖြို့ဖို့အတွက် မိခင်ရော် ကလေးရော် အားဆေးကူဖို့တောင်မလိုပါဘူး....ဖြည့်စွက်စာကျွေးနေလည်းမိခင်နို့ရည်ကိုဆက်တိ်ုက်ပါ..ကလေးအတွက် အဟာရမျိုးစုံ ပြည့်ပြည့်ဝဝ ပါတဲ့အပြင် ရောဂါတွေကနေခုခံနိုင်တဲ့အကျိုးပြုပစ္စည်းတွေလည်း ပါဝင်ပါတယ်.. သဘာဝက အလကားပေးထားတဲ့ ကိုယ့်သားသမီးအတွက်အဖိုးတန်ပစ္စည်းပါ.. နို့တစ်စက်ထွက်ရင်တောင် တစ်စက်ရအောင်တိုက်ပါ.. ကလေးစို့နေသရွေ့ အတတ် နိုင်ဆုံးရအောင်ဝင်အောင်တိုက် ပါလို့ အကြံပြုရင်းနိဂုံးချုပ်လိုက်ပါတယ်.. 👪👪👪👪
အပန်းမကြီးရင် သူများတွေသိအောင်share ပေးပါအုန်း.. 😍😍😍
မေမေ သားသားမီးမီးလေးတွေကို အဟာရပြည့်ဝပြီးဉာဏ်ကောင်းလိမ္မာတဲ့ ကလေးလေးတွေဖြစ်စေချင် တဲ့ စေတနာအပြည့်နဲ့ပါ
လေးစားစွာဖြင့်✍🏻မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏