Health Point Specialist Clinic & Diagnostic Center

Health Point Specialist Clinic & Diagnostic Center SAFE ❇️ CONVENIENT ❇️ RELIABLE❇️ အထူးကုသမားတော်နှင့်ပြသရန် +95-9880875220, +95-9880875221 သို့ ဆက်သွယ်၍ Booking ရယူနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

၂၀၂၆၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၈) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား 𝐇ealth Point မိသားစုမှ မှတ်တမ်းတင်ဂုဏ...
04/01/2026

၂၀၂၆၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၈) ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အား 𝐇ealth Point မိသားစုမှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။🙇‍♀️

မြန်မာနိုင်ငံမှာ မိုးရာသီနှောင်းပိုင်းကနေ ဆောင်းရာသီအကူးအပြောင်းကာလ (အထူးသဖြင့် အောက်တိုဘာလ/နိုဝင်ဘာလမှစ၍) ဟာ ရာသီဥတု အပ...
03/01/2026

မြန်မာနိုင်ငံမှာ မိုးရာသီနှောင်းပိုင်းကနေ ဆောင်းရာသီအကူးအပြောင်းကာလ (အထူးသဖြင့် အောက်တိုဘာလ/နိုဝင်ဘာလမှစ၍) ဟာ ရာသီဥတု အပြောင်းအလဲကြောင့် လူအများစုဟာ တုပ်ကွေးရောဂါ (Influenza) အလွယ်တကူ ကူးစက်ခံရနိုင်တဲ့ အချိန်ဖြစ်ပါတယ်။
🤒 တုပ်ကွေးဆိုတာ ဘာလဲ?
တုပ်ကွေးရောဂါဆိုတာ Influenza Virus ကြောင့် ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သာမန် အအေးမိဖျားနာခြင်း (Common Cold) ထက် လက္ခဏာတွေက ပိုမိုပြင်းထန်တတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။
တုပ်ကွေးဗိုင်းရပ်စ်ဟာ အဓိကအားဖြင့်...
1. လေထဲမှတစ်ဆင့်: တုပ်ကွေးဖြစ်နေသူ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကြောင့် လေထဲကို ပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ်ပါတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိခြင်း။
2. ထိတွေ့မှုမှတစ်ဆင့်: ဗိုင်းရပ်စ်ပိုး ကပ်ငြိနေတဲ့ လက်ကိုင်ပုဝါ၊ တံခါးလက်ကိုင်၊ ဖုန်းစတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်မိပြီးနောက် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်နဲ့ ထိမိရာမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရပြီး ၁ ရက်မှ ၄ ရက် အတွင်း ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်လာနိုင်ပါတယ်။ လက္ခဏာများသည် သာမန်အအေးမိခြင်းထက် ပိုပြင်းထန်ပြီး ရုတ်တရက် ဖြစ်လေ့ရှိပါတယ်။
· အဖျားကြီးခြင်း (39°C မှ 40°C အထိ) နှင့် ချမ်းတုန်ခြင်း
· ခေါင်းကိုက်ခြင်း
· ကြွက်သား/ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း
· အလွန်အမင်း အားနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း
· ချောင်းဆိုးခြင်း (အများအားဖြင့် ချောင်းခြောက်ဆိုးခြင်း)
· လည်ချောင်းနာခြင်း
· နှာရည်ယိုခြင်း သို့မဟုတ် နှာပိတ်ခြင်း
· အချို့ ကလေးများနှင့် လူကြီးများတွင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
အသက်ငယ်သူ၊ သက်ကြီးရွယ်အို၊ ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်များသည် တုပ်ကွေးဖြစ်ပါက ရောဂါပိုမိုပြင်းထန်နိုင်သောကြောင့် ဆရာဝန်နှင့် အမြန်ဆုံး ပြသ စစ်ဆေးသင့်ပါသည်။

❄️ ဆောင်းတွင်း မှာအသားအရေ ခြောက်သွေ့ခြင်းကဘာကြောင့်လဲ? ဘယ်လိုကာကွယ်မလဲ?ဆောင်းရာသီ ရောက်ပြီဆိုရင် အအေးဒဏ်ကို ခံစားရသလို၊ ...
02/01/2026

❄️ ဆောင်းတွင်း မှာအသားအရေ ခြောက်သွေ့ခြင်းကဘာကြောင့်လဲ? ဘယ်လိုကာကွယ်မလဲ?
ဆောင်းရာသီ ရောက်ပြီဆိုရင် အအေးဒဏ်ကို ခံစားရသလို၊ အသားအရေ ခြောက်သွေ့တာ၊ ယားယံတာ၊ အဖတ်လန်တာတွေနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။ ဆောင်းတွင်းမှာ အသားအရေ ဘာကြောင့် ခြောက်သွေ့ရသလဲ၊ ဘယ်လို ဂရုစိုက်သင့်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။
🌡️ အသားအရေ ခြောက်သွေ့ရခြင်းရဲ့ အဓိက အကြောင်းရင်းများကတော့
၁။ လေထု စိုထိုင်းဆ နည်းပါးခြင်း
ဆောင်းတွင်းလေဟာ ပုံမှန်ထက် ပိုမိုခြောက်သွေ့ပါတယ်။ လေထုထဲမှာ အစိုဓာတ် နည်းပါးလာတဲ့အခါ ကျွန်ုပ်တို့ရဲ့ အသားအရေက အစိုဓာတ်တွေကို လေထဲကို ပိုမိုဆုံးရှုံးရပါတယ်။
၂။ ရေပူနဲ့ ရေချိုးခြင်း
အေးတဲ့အခါ ရေနွေးပူပူနဲ့ ရေချိုးတာဟာ သက်သာသလို ခံစားရပေမယ့်၊ ရေပူဟာ အသားအရေရဲ့ သဘာဝ အဆီ (Natural Oils) တွေကို ဖယ်ရှားလိုက်တာကြောင့် ရေချိုးပြီးရင် အသားအရေကို ပိုမိုခြောက်သွေ့စေပါတယ်။
၃။ ဂရုမစိုက်မိခြင်း
နှုတ်ခမ်း၊ လက်၊ ခြေထောက်တို့လို ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် အကာအကွယ် (ဥပမာ- လက်အိတ်၊ နှုတ်ခမ်းအဆီ ၊ ခရင်မ်) မသုံးတာ၊ ရေဓာတ် မလုံလောက်တာတွေကလည်း အသားခြောက်တာကို ဖြစ်စေပါတယ်။
💧 ဒါဆိုဆောင်းတွင်း အသားအရေ ဘယ်လိုထိန်းသိမ်းကြမလဲ??
၁။ အစိုဓာတ် ဖြည့်ပေးပါ
ရေချိုးပြီး သိပ်မခြောက်သေးတဲ့ အသားအရေပေါ်ကို Body Lotion/Cream ကို ချက်ချင်းလိမ်းပေးပါ။ မျက်နှာအတွက်လည်း Moisturizer/Face Cream ကို မဖြစ်မနေ လိမ်းပေးပါ။ ဆောင်းတွင်းမှာ ပုံမှန်သုံးနေကျ Lotion ထက် ပိုပြီး အစိုဓာတ်များတဲ့ Lotion ကို ရွေးချယ်သင့်ပါတယ်။
၂။ ရေနွေးနွေးလေးနဲ့သာ ချိုးပါ
အရမ်းပူတဲ့ရေနဲ့ ရေချိုးခြင်းကို ရှောင်ပါ။ ရေနွေးနွေးလေး နဲ့သာ ချိုးပြီး ရေချိုးချိန်ကိုလည်း (၅ မိနစ်မှ ၁၀ မိနစ်) လျှော့ချသင့်ပါတယ်။
၃။ ရေဓာတ် ဖြည့်တင်းပါ
ခန္ဓာကိုယ် အတွင်းပိုင်းကနေ ရေဓာတ် လုံလောက်စွာရရှိဖို့ ရေများများ သောက်သုံး ပေးပါ။ ရေဟာ အသားအရေ ကျန်းမာရေးအတွက် အရေးကြီးဆုံးပါ။
၄။ လေထု စိုထိုင်းဆ မြှင့်တင်ပါ
အိပ်ခန်း (သို့) အချိန်ကြာကြာနေတဲ့အခန်းထဲမှာ Humidifier (လေထုအစိုဓာတ်ထိန်းစက်) ကို အသုံးပြုပေးရင် လေထုထဲမှာ အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။
၅။ နူးညံသော Cleanser များ ရွေးချယ်ပါ
အသားအရေကို ခြောက်သွေ့စေတဲ့ ပြင်းထန်တဲ့ ဆပ်ပြာ (သို့) မျက်နှာသစ်ဆေး တွေအစား အစိုဓာတ်ကို မဖယ်ရှားတဲ့ (Gentle) အမျိုးအစားကို သုံးပေးပါ။
၆။ နှုတ်ခမ်းနှင့် လက်ကို ဂရုစိုက်ပါ
နှုတ်ခမ်းခြောက်တာ မဖြစ်အောင် Lip Balm ကို အမြဲ ဆောင်ထားပြီး လိမ်းပါ။ Hand Cream လိမ်းပေးတာတွေ လုပ်သင့်ပါတယ်။
၇။ အဆီ (Oils) များ အသုံးပြုခြင်း
သံလွင်ဆီ (Olive Oil)၊ အုန်းဆီ (Coconut Oil) လိုမျိုး သဘာဝဆီ တစ်မျိုးမျိုးကို အသားအရေပေါ် ညင်သာစွာ နှိပ်နယ်ပေးတာက ခြောက်သွေ့တဲ့ အသားအရေကို အစိုဓာတ် ကောင်းစွာ ဖြည့်ပေးနိုင်ပါတယ်နော်။

Happy New Year to you all🎇🎉လာမယ့် 2026 နှစ်သစ်လေးမှစတင်ပြီး အားလုံးအားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေကြောင်း 𝐇𝐞𝐚...
31/12/2025

Happy New Year to you all🎇🎉
လာမယ့် 2026 နှစ်သစ်လေးမှစတင်ပြီး အားလုံးအားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေကြောင်း 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်။💖

Creatinine ဓာတ်များနေခြင်းက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းထိခိုက်မှုရှိနေကြောင်း အချက်ပြနေတာလဲ?A.ကျောက်ကပ်B.နှလုံးC.အဆုတ်
30/12/2025

Creatinine ဓာတ်များနေခြင်းက ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းထိခိုက်မှုရှိနေကြောင်း အချက်ပြနေတာလဲ?
A.ကျောက်ကပ်
B.နှလုံး
C.အဆုတ်

နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ ကျန်းမာခြင်းနဲ့သာ စတင်ချင်သူတွေအတွက်မိမိတို့ရဲ့ ကျန်းမာရေးတွေ ဒေါင်ဒေါင်မြည်စေဖို့ 𝐌𝐞𝐝𝐢𝐜𝐚𝐥...
26/12/2025

နှစ်ဟောင်းကုန်လို့ နှစ်သစ်မှာ ကျန်းမာခြင်းနဲ့သာ စတင်ချင်သူတွေအတွက်မိမိတို့ရဲ့ ကျန်းမာရေးတွေ ဒေါင်ဒေါင်မြည်စေဖို့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐔𝐩 ကိုပုံမှန်လေး ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်ရှင့်။👍
ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြည့်ပြည့်စုံစုံနဲ့ စစ်ဆေးချင်သူတိုင်းအတွက် အသင့်တော်ဆုံးဖြစ်တဲ့ 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 Medical Check-up Package မှာဆိုရင် အခြေခံကျန်းမာရေးစစ်ဆေးခြင်းများအပါအဝင်
🩺သွေးနှင့်ပက်သက်၍စစ်ဆေးခြင်း
🩺ဆီးချိုရောဂါစစ်ဆေးခြင်း
🩺သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း
🩺အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း
🩺ဆီးနှင့်ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း
🩺အရိုးရောဂါအတွက် စစ်ဆေးခြင်း
🩺အဆစ်အမြစ်ရောင် ရောဂါစစ်ဆေးခြင်း
🩺ရောဂါပိုးစစ်ဆေးခြင်း
🩺ပုံရိပ်ဖော်နည်းပညာဖြင့်စစ်ဆေးခြင်း နှင့်
🩺အခြားသော ကင်ဆာနှင့်ပတ်သက်တဲ့ Screening Tests များ ပါဝင်ပါတယ်ရှင့်။
ဒီလိုအမျိုးအစားစုံလင်စွာနဲ့ကျန်းမာရေးကိုစစ်ဆေးလို့ရမှာမို့လို့ ကိုယ့်အတွက်ရော၊ ချစ်ရသူ‌တွေအတွက်ပါ Medical Check-up လုပ်ပေးဖို့ ထပ်ခါထပ်ခါ စဉ်းစားနေစရာမလိုတော့ပါဘူး။👨‍⚕️
ဒါ့ကြောင့် ကျန်းမာတဲ့နေ့ရက်တိုင်းကို ကိုယ်ချစ်ခင်မြတ်နိုးရသူတွေနဲ့ ကျန်းကျန်းမာမာဖြတ်သန်းနိုင်ဖို့ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸-𝗨𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲 နဲ့ အခုပဲဆေးစစ်‌ပေးလိုက်တော့နော်။❤️
𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗵𝗲𝗰𝗸-𝗨𝗽 𝗣𝗮𝗰𝗸𝗮𝗴𝗲 အကြောင်း အသေးစိတ်သိရှိလိုပါက ဆေးခန်းဖုန်းနံပါတ် 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,𝟎𝟗𝟒𝟒𝟒𝟎𝟗𝟗𝟗𝟒𝟏 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။🙆‍♀️

၂၀၂၆ ခုနှစ် နှစ်သစ်မှာ ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အကောင်းဆုံး New Year Gift ကတော့ "ကျန်းမာရေး" ပဲဖြစ်ပါတယ်။ ဒါကြေ...
26/12/2025

၂၀၂၆ ခုနှစ် နှစ်သစ်မှာ ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အကောင်းဆုံး New Year Gift ကတော့ "ကျန်းမာရေး" ပဲဖြစ်ပါတယ်။ ဒါကြောင့် Health Point Specialist Clinic မှ New Year Promotion အနေနဲ့...
✅ All Medical Checkup Packages အားလုံးကို 30% DISCOUNT အထူးလျှော့ဈေး ပေးသွားမှာ ဖြစ်ပါတယ်။
🗓 Promotion Period: ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ (တစ်လတိတိ)
မိသားစုဝင်တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးနိုင်ဖို့ Family Packages တွေအပြင် ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် Company Packages များကိုလည်း အထူးနှုန်းထားနဲ့ ဆောင်ရွက်ပေးနေပါတယ်။
"ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ ခုပဲ ဆေးစစ်လိုက်ပါ"
𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
☎️ 𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,𝟎𝟗𝟒𝟒𝟒𝟎𝟗𝟗𝟗𝟒𝟏 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
🏢𝐀𝐝𝐝𝐫𝐞𝐬𝐬 : 𝐇𝐥𝐞𝐝𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫, 𝐍𝐨. 𝟑𝐂/ 𝟑𝐃, 𝐑𝐨𝐨𝐦-𝟎𝟔, 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐏𝐲𝐚𝐲 𝐚𝐧𝐝 𝐇𝐥𝐞𝐝𝐚𝐧 𝐑𝐨𝐚𝐝, 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫
💌𝐄𝐦𝐚𝐢𝐥 : 𝐢𝐧𝐟𝐨@𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦

🎄 ပျော်ရွှင်စရာ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 နေ့လေးမှာ မိသားစုနဲ့အတူ တန်ဖိုးရှိလှတဲ့ အားလပ်ရက်ချိန်ခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐇𝐞...
25/12/2025

🎄 ပျော်ရွှင်စရာ 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 နေ့လေးမှာ မိသားစုနဲ့အတူ တန်ဖိုးရှိလှတဲ့ အားလပ်ရက်ချိန်ခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း 𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐨𝐢𝐧𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။💝

အားလုံးပဲ 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ပါရှင့်။🙆‍♀️

#ဆေးစစ်

ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုပါ။ ကောင်းမွန်တဲ့ ကျန်းမာရေးရှိမှသာ စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ပြီး ...
24/12/2025

ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့အရာတစ်ခုပါ။ ကောင်းမွန်တဲ့ ကျန်းမာရေးရှိမှသာ စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ပြီး ကိုယ်လိုချင်တဲ့ အရာတွေကိုလည်း လုပ်ဆောင်နိုင်မှာပါ။ ဒါပေမဲ့ ကျန်းမာရေးအတွက် ဘယ်အရာကို အဓိကထား ဂရုစိုက်သင့်သလဲဆိုတာက လူတိုင်းအတွက် မတူညီနိုင်ပါဘူး။
တချို့သူတွေကတော့ အစားအသောက်ကို အဓိကထားပြီး ဂရုစိုက်ကြပါတယ်။ အာဟာရပြည့်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပြီး ကျန်းမာအောင် နေထိုင်တတ်ကြပါတယ်။ တချို့ကျတော့လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကို ဦးစားပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချနိုင်လို့ပါ။
ဒီလိုပါပဲ၊ အချို့သူတွေကတော့ လုံလောက်စွာ အိပ်စက်အနားယူခြင်းက ကျန်းမာရေးအတွက် အရေးကြီးဆုံးလို့ ယုံကြည်ကြပါတယ်။ ညဘက် စောစောအိပ်ရာဝင်ပြီး ကောင်းကောင်းအနားယူတာက နောက်တစ်နေ့အတွက် စိတ်ရောကိုယ်ပါ လန်းဆန်းစေတယ်လို့ ယူဆကြပါတယ်။ တချို့ကျတော့လည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုအာရုံစိုက်ပါတယ်။ စိတ်ဖိစီးမှုတွေ မများအောင်၊ ပျော်ရွှင်အောင်နေထိုင်တာကလည်း ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
သင့်ရော ဘယ်အရာကို အဓိကထားပြီး ဂရုစိုက်လေ့ရှိပါသလဲ?
အစားအသောက်
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
လုံလောက်စွာ အိပ်စက်အနားယူခြင်း
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး
တခြားအရာများ
ဒီအကြောင်းအရာတွေထဲကမှ ဘယ်အရာကို အဓိကထား ဂရုစိုက်လဲဆိုတာကို comment မှာ မျှဝေပေးခဲ့ပါဦး။
Healthpoint #ဆေးစစ်

ကြက်သား နဲ့ အမဲသား မှာ ဘယ်အသား က မကျက်တကျက် ဖြစ်ရင် ဘယ်ဟာက ပိုအန္တရာယ်များလဲ?(A)အမဲသား(B) ကြက်သား             #ဆေးစစ်
22/12/2025

ကြက်သား နဲ့ အမဲသား မှာ ဘယ်အသား က မကျက်တကျက် ဖြစ်ရင် ဘယ်ဟာက ပိုအန္တရာယ်များလဲ?
(A)အမဲသား
(B) ကြက်သား
#ဆေးစစ်

ယနေ့မှာကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားများနှင့်အတူ မြန်မာတိုင်းရင်းသားများအားလုံ ပျော်ရွှင်ဖွယ်ရာ နေ့...
19/12/2025

ယနေ့မှာကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားများနှင့်အတူ မြန်မာတိုင်းရင်းသားများအားလုံ ပျော်ရွှင်ဖွယ်ရာ နေ့ရက်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ရှင့်။🙏💗

#ဆေးစစ်

သွေးအမျိုးအစားတွေထဲမှာ အရှားပါးဆုံးကတော့ Rh-null လို့ခေါ်တဲ့ သွေးအမျိုးအစား ဖြစ်ပါတယ်။ ဒီသွေးကို "ရွှေသွေး (golden blood...
18/12/2025

သွေးအမျိုးအစားတွေထဲမှာ အရှားပါးဆုံးကတော့ Rh-null လို့ခေါ်တဲ့ သွေးအမျိုးအစား ဖြစ်ပါတယ်။ ဒီသွေးကို "ရွှေသွေး (golden blood)" လို့လည်း ခေါ်ကြပါတယ်။
ဒီသွေးအမျိုးအစားဟာ အရမ်းရှားပါးပြီး ကမ္ဘာပေါ်မှာ လူ (၅၀) အောက်သာ ရှိတယ်လို့ ခန့်မှန်းရပါတယ်။
အများအားဖြင့် လူတွေမှာရှိတဲ့ သွေးအမျိုးအစား (၈) မျိုးထဲက အရှားပါးဆုံးကတော့ AB negative (AB-) ဖြစ်ပါတယ်။ နိုင်ငံတကာ သုတေသနတွေအရ AB negative သွေးပိုင်ဆိုင်သူဟာ လူဦးရေရဲ့ ၁% ထက်တောင် ပိုနည်းပါတယ်။
ဒီတော့ "ရွှေသွေး (golden blood)" ပိုင်ရှင်လေးတွေက Medical Check Up ပုံမှန်လုပ်ပြီး ကျန်းမာရေးကိုဂရုစိုက်ဖို့မမေ့ကြနဲ့နော်။
#ဆေးစစ်

Address

Hledan Center, No. 3C/3D, Room-06, Ground Floor, Corner Of Pyay And Hledan Road, Kamayut Township
Yangon
11041

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959880875220-21

Alerts

Be the first to know and let us send you an email when Health Point Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Point Specialist Clinic & Diagnostic Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram