Life Care Laboratory

Life Care Laboratory Health care and diagnosis

✈  နိုင်ငံခြားသွားရန်အတွက် အလုပ်အကိုင်ရှာဖွေခြင်းများ၊ ပညာသင်ကြားမှုအတွက် ပြင်ဆင်နေမှုများ စီစဥ်နေပါသလား ?အရေးကြီးသော စာ...
23/07/2025

✈ နိုင်ငံခြားသွားရန်အတွက် အလုပ်အကိုင်ရှာဖွေခြင်းများ၊ ပညာသင်ကြားမှုအတွက် ပြင်ဆင်နေမှုများ စီစဥ်နေပါသလား ?

အရေးကြီးသော စာရွက်စာတမ်း၊ ဘာသာစကား စတာတေကို ပြင်ဆင်ရုံသာမကဘဲ ကျန်းမာရေးစစ်ဆေးမှုများ ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

ကျွန်မတို့ရဲ့ "Life Care Laboratory" မှာ လိုအပ်သော သွေးစစ်ဆေးမှုများကို ကြိုတင်စစ်ဆေးခြင်းဖြင့် မတော်တဆ ဆေးမအောင်တဲ့အခါ စိတ်ရှုပ်စရာကင်းပြီး အချိန်၊ ငွေကြေးကုန်ဆုံးမှုမရှိဖို့ ကူညီပေးနိုင်ပါတယ်။

✅ ကြိုတင်စစ်ဆေးသင့်သော ကျန်းမာရေးစစ်ဆေးမှုများ

🧪 အသည်းရောင် ဘီပိုး (HBsAg)

🧪 အသည်းရောင် စီပိုး (HCV)

🧪 HIV ပိုး စစ်ဆေးမှု

🧪 ကာလသားရောဂါ (VDRL / RPR)

🩸 သွေးအုပ်စု (Blood Group) နှင့် သွေးအား (Hb)

🫁 တီဘီရောဂါစစ်ဆေးမှု

TB ICT / TB Gold Test

👀 Color blind test စစ်ဆေးခြင်း

* သက်ဆိုင်ရာ သွားရောက်မည့်နိုင်ငံနှင့် အခြားလိုအပ်သော စစ်ဆေးမှုများကိုလဲ ဆွေးနွေး၍ စစ်ဆေးနိုင်ပါသည်။

🩺 အခြားလိုအပ်သော အခြေခံ Body Checkup အနေဖြင့် Physical examination များကိုလဲ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ စစ်ဆေးနိုင်ပါသည်။

❓ဘာကြောင့် ကြိုတင်စစ်ဆေးသင့်တာလဲ ?

🌍 နိုင်ငံအများစုမှာ ကျန်းမာရေးစစ်ဆေးမှုအောင်မြင်မှသာ ဗီဇာထုတ်ပေး ကြပါတယ်။

⚠️ တချို့ရောဂါတွေတွေ့လျှင် နိုင်ငံဝင်ခွင့်မရနိုင်ခြင်း၊ အချိန်ကြာစွာစောင့်ဆိုင်းရခြင်းများ ဖြစ်နိုင်ပါတယ်။

🕐 ကြိုတင်စစ်ဆေးခြင်းက သင့်အတွက် ကုသမှုအချိန်ရပြီး အောင်မြင်စွာခရီးထွက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

⭐️ ဘာကြောင့် "Life Care Laboratory" မှာ စစ်ဆေးသင့်တာလဲ ?

🔹 မှန်ကန်တိကျသော အဖြေများကို မြန်ဆန်စွာ ရရှိနိုင်ခြင်း၊

🔹 ဈေးနှုန်းသက်သာစွာဖြင့် အကောင်းဆုံး Result quality - အဖြေအရည်အသွေးကို ရရှိနိုင်ခြင်း၊

🔹 အမြန်လိုအပ်သူများအတွက် အချိန်တိုအတွင်း အမြန်ဝန်ဆောင်မှုပေးခြင်း၊

🔹 ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ဓာတ်ခွဲပညာရှင်များဖြင့်စစ်ဆေးပေးခြင်း၊

📌 ကျန်းမာရေး ကြိုတင်စစ်ဆေးမှုအတွက် သတိပြုရန်များ

✅ စစ်ဆေးမှုများကို ဗီဇာလျှောက်ရန်မတိုင်မီ ၁–၂ လအတွင်း ပြုလုပ်ရန် အကြံပြုပါသည်။

✅ အကောင်းဆုံးရလဒ်ရဖို့ မိမိကျန်းမာရေးအခြေအနေကို ကြိုတင်စစ်ဆေးထားဖို့လိုအပ်ပါသည်။

✅ ဆေးမအောင်ပါက ဆရာဝန်နှင့်တိုင်ပင်ကာ လိုအပ်သောကုသမှုများ ပြုလုပ်ပြီး နောက်တစ်ကြိမ် ပြန်စစ်နိုင်ပါသည်။

🎁 အထူး Promotion အနေဖြင့်-

🎉 ဤကြော်ငြာ Post ကို မြင်ပြီးလာရောက်စစ်ဆေးသူများအနေဖြင့် -

👉 ကျန်းမာရေးစစ်ဆေးမှုအပေါ် ၁၀% Discount လျှော့ဈေးရရှိမှာပဲဖြစ်ပါတယ်။

📌 လာရောက်စစ်ဆေးစဉ် "Facebook Post မြင်ပြီးလာပါသည်" ဟု ပြောပေးဖို့ မမေ့ပါနဲ့နော်။

စိတ်ဝင်စား၍ ဆက်သွယ်မေးမြန်းလိုပါက အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏥 ဆက်သွယ်ရန်လိပ်စာ 🏥

Life Care Laboratory

အမှတ် (၁၆၈ က)၊ မင်္ဂလာလမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

☎☎☎

09-957899992
09-257777242


Medical Checkup ဆိုတာဘာလဲ? Medical checkup ကျန်းမာရေးစစ်ဆေးခြင်း ဆိုသည်မှာ လူတစ်ဦး၏ ကျန်းမာရေး အခြေအနေကို စနစ်တကျ စစ်ဆေး...
23/06/2025

Medical Checkup ဆိုတာဘာလဲ?

Medical checkup ကျန်းမာရေးစစ်ဆေးခြင်း ဆိုသည်မှာ လူတစ်ဦး၏ ကျန်းမာရေး အခြေအနေကို စနစ်တကျ စစ်ဆေးခြင်းပဲဖြစ်ပါတယ်။

ထိုသို့ စစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာရှာဖွေနိုင်ပြီး မလိုအပ်သောကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

Medical Checkup ဘာကြောင့်လိုအပ်တာလဲ?

- ရောဂါရှိသော်လဲ ရောဂါ လက္ခဏာမပြသေးသော အခြေအနေများကို စောစောသိရှိနိုင်ရန်၊
- နာတာရှည်ရောဂါများ ဥပမာ - ဆီးချို၊ သွေးတိုး၊ နှလုံး စသည်တို့ကို စောင့်ကြည့်ရန်၊
- ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံကို ချမှတ်ရန်၊

အထက်ဖော်ပြပါအချက်များအတိုင်း ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်မှုရှိခြင်းမှာ လူတိုင်းအတွက်အရေးကြီးပါတယ်။
ထို့ကြောင့် ကျွန်ုပ်တို့ Life Care Laboratory တွင် သင်၏ အသက်အရွယ်နှင့် ကျား/မ သဘာဝ၊ ကျန်းမာရေးလိုအပ်ချက်များနှင့် ကိုက်ညီသည့် Medical Checkup Package များကို စနစ်တကျ စီစဉ်ပေးထားပါတယ်။

‍💎 Life Care Laboratory တွင်ရရှိနိုင်သော Medical Checkup Package များ

1. Basic Health Checkup Package

ကျန်းမာရေးစစ်ဆေးမှုအခြေခံအချက်အလက်များကို သိရှိရန် အသင့်တော်ဆုံး package ဖြစ်ပါတယ်။
ပါဝင်သောစစ်ဆေးမှုများ -

✅ Doctor Consultation - ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း၊
✅ Physical examination and medical report - အခြေခံ ကျန်းမာရေး စစ်ဆေးမှုများကို ဆရာဝန်မှ စစ်ဆေးပေးခြင်း၊
✅ BMI - ခန္ဓာကိုယ်တွင် ရှိသင့်သော အလေးချိန်ပမာဏကို တွက်ချက်ပေးခြင်း၊
✅ CBC - သွေးရောဂါစစ်ဆေးမှုများ၊
✅ FBS - ဆီချိုစစ်ဆေးခြင်း၊
✅ Lipid Profile - အဆီဓာတ် စစ်ဆေးခြင်း၊
✅ Liver/Kidney Function Test - အသည်း၊ ကျောက်ကပ် လုပ်ငန်းဆောင်တာ ကောင်းမကောင်းစစ်ဆေးခြင်း၊
✅ Urine Test - ဆီးစစ်ဆေးခြင်း၊

2. Advance Health Checkup Package

Basic health checkup မှစစ်ဆေးမှုများအပြင် -

✅ LFT with enzyme - အသည်းလုပ်ငန်းဆောင်တာ အသေးစိတ်စစ်ဆေးခြင်း၊
✅ Kidney Function Test - ကျောက်ကပ်လုပ်ငန်းဆောင်တာ အသေးစိတ် စစ်ဆေးခြင်း၊
✅ ESR - ခန္ဓာကိုယ်ရောင်ရမ်းမှု အကြမ်းဖျင်း စစ်ဆေးခြင်း၊
✅ ECG - နှလုံးစစ်ဆေးခြင်း၊

စသည့် စနစ်တကျ သတ်မှတ်ထားသော စစ်ဆေးမှုများ ထပ်မံပါဝင်ပါတယ်။
သင့်ကျန်းမာရေးအတွက် ပိုမိုထိရောက်သော အကောင်းဆုံး စစ်ဆေးမှုများ ဖြစ်ပါတယ်။

3. Health Checkup Package (Female over 45)

အသက် ၄၅ နှစ်ကျော် အမျိုးသမီးများအတွက် တိကျသေချာသော စစ်ဆေးမှုများဖြင့် စီစဉ်ထားသည့် Comprehensive Health Screening ဖြစ်ပါတယ်။
ပါဝင်သောစစ်ဆေးမှုများ -

✅ Doctor consultation
✅ Physical examination and medical report
✅ BMI, CBC, FBS, Lipid Profile, Liver/Kidney Function Test
✅ HbA1C, Thyroid Test, ECG
✅ Calcium, Ca 125, Ca 153

✍ ဤ package တွင် Advance health checkup မှစစ်ဆေးမှုများအပြင် အမျိုးသမီးများတွင် ဖြစ်တတ်သော ကင်ဆာများကို စစ်ဆေးခြင်း နှင့် အရိုးအတွက် ကယ်လ်ဆီယမ်ဓာတ် စစ်ဆေးခြင်းတို့ ထပ်မံပါဝင်ပါတယ်။

4. Health Checkup Package (Male over 45)

အသက် ၄၅ နှစ်ကျော် အမျိုးသားများအတွက် ခန္ဓာကိုယ်အတွင်း ကျန်းမာရေးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်သည့် စစ်ဆေးမှုများ ပါဝင်ပါတယ်။
ပါဝင်သောစစ်ဆေးမှုများ -

✅ Doctor consultation
✅ Physical examination and medical report
✅ BMI, CBC, FBS, Lipid Profile, Liver/Kidney Function Test
✅ HbA1C, Thyroid Test, ECG
✅ PSA Total

✍ ဤ package တွင် Advance health checkup မှစစ်ဆေးမှုများအပြင် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကြိတ်ရောင်ခြင်း၊ ဆီးကြိတ်ကင်ဆာကိုသိရန် စစ်ဆေးခြင်းတို့ ထပ်မံပါဝင်ပါတယ်။

5. Pre-Marriage Package

အိမ်ထောင်မပြုခင်တွင် ဇနီးမောင်နှံနှင့် မိခင်၊ ဖခင်လောင်းများအတွက် မဖြစ်မနေ သိရှိထားသင့်သော ကျန်းမာရေးအချက်အလက်များကို စစ်ဆေးသည့် Package ဖြစ်ပါတယ်။
ပါဝင်သောစစ်ဆေးမှုများ -

✅ HBsAg
✅ Anti-HCV
✅ Anti-HIV
✅ VDRL
✅ Blood Grouping

✍ ဤ package တွင် ကူးစက်တတ်​သော ရောဂါများဖြစ်သည့် ဘီပိုး၊ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး နှင့် သွေးအုပ်စုတို့ ပါဝင်ပါတယ်။

🤗 ဖော်ပြပါ Package များအပြင် -

✅ Diabetes package - ဆီးချိုရောဂါအတွက်သီးသန့် package
✅ Cancer package - ကင်ဆာအမျိုးမျိုးကို ကြိုတင်သိရှိနိုင်ရန် Cancer marker ဟုခေါ်သော ကင်ဆာအမှတ်အသားများကို စစ်ဆေးနိုင်သော package
✅ Infectious screening package - ကူးစက်တတ် သောရောဂါများဖြစ်သည့် ဘီပိုး၊ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး စသည်တို့ကိုစစ်ဆေးသော Package
✅ Ultasound & X-ray service
စသည့် စစ်ဆေးမှုများကိုလဲ ထည့်သွင်းစစ်ဆေးနိုင်စေရန် စီစဥ်ပေးထားပါတယ်။

🤗 Health checkup အဖြေများရရှိလာပါကလဲ ဆရာဝန်မှ ပြန်လည်ကြည့်ပေးပြီး နေ့စဥ်နေထိုင်မှုတွင် ဆောင်ရန်၊ ရှောင်ရန်များ နှင့် အခြားလိုအပ်သောညွှန်ကြားမှုများကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

🤗 စျေးနှုန်းအနေဖြင့် အသက်သာဆုံးနှင့် အကောင်းဆုံးအဖြေ Quality ကို ရရှိမှာလဲဖြစ်ပါတယ်။

🤗 ထို့အပြင် Health checkup package အားလုံးအတွက် အထူး promotion အနေဖြင့် 5% discount ကိုလဲ ရရှိမှာပဲ ဖြစ်ပါတယ်။

🔔 Health checkup package များနှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏥🏥🏥
Life Care Laboratory

Care your health and life

အမှတ် ၁၆၈ (က)၊ မင်္ဂလာလမ်း၊
၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
ရန်ကုန်မြို့။

☎☎☎

09-957899992, 09-257777242




မင်္ဂလာပါရှင်Life Care အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်း နှင့် ဆေးခန်းတွင် -နေ့စဥ် နေ့လည် 2 နာရီမှ ည 7 နာရီအထိအထွေထွေရော...
15/06/2025

မင်္ဂလာပါရှင်

Life Care အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်း နှင့် ဆေးခန်းတွင် -

နေ့စဥ် နေ့လည် 2 နာရီမှ ည 7 နာရီအထိ
အထွေထွေရောဂါကုဆရာဝန်နှင့် စတင်၍ ပြသနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဒေါက်တာရဲပြည့်
M.B.,B.S(Ygn) Dip.Med.Sc(Molecular Biotechnology)
အထွေထွေရောဂါကုဆရာ၀န်
-------------------------------------

ဆက်သွယ်ရန် လိပ်စာ

Life Care Laboratory
အမှတ် (၁၆၈ က)၊ မင်္ဂလာလမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

☎ ☎ ☎

09-957899992, 09-257777242

Liver Function Test (LFT) ဆိုတာ ဘာလဲ ? "Liver function test" ဆိုသည်မှာ အသည်း၏ လုပ်ဆောင်နိုင်မှု ကောင်းမွန်ခြင်းရှိမရှိ၊ ...
22/05/2025

Liver Function Test (LFT) ဆိုတာ ဘာလဲ ?

"Liver function test" ဆိုသည်မှာ အသည်း၏ လုပ်ဆောင်နိုင်မှု ကောင်းမွန်ခြင်းရှိမရှိ၊ ပျက်စီးနေခြင်းရှိမရှိကို စစ်ဆေးပေးသော သွေးစစ်ဆေးမှုတစ်မျိုးဖြစ်ပါသည်။

အသည်းသည် ခန္ဓာကိုယ်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ၊ အဆိပ်အတောက်ဖယ်ရှားခြင်း၊ ပရိုတင်းထုတ်လုပ်ခြင်းနှင့် အစာခြေအင်ဇိုင်းများ ထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်ပေးပါသည်။

Liver function test စစ်ဆေးမှုမှာ ဘာတွေပါသလဲ ?

🔹Bilirubin အသားဝါရောဂါ (Jaundice) ရှိမရှိ စစ်ဆေးသည့် အဝါဓာတ်၊
🔹ALT (Alanine Aminotransferase)
အသည်းဆဲလ်ပျက်စီးမှုကို စစ်ဆေးပေးသော အင်ဇိုင်း၊
🔹ALP (Alkaline Phosphatase) အသည်းနှင့် အရိုးရောဂါများကို စစ်ဆေးရာတွင် အသုံးပြုသည့်အင်ဇိုင်း၊
🔹AST (Aspartate Aminotransferase) အသည်းနှင့် အခြားအင်္ဂါများ (နှလုံး၊ ကြွက်သား) ပျက်စီးမှုကို စစ်ဆေးပေးသော အင်ဇိုင်း၊
🔹Albumin & Total Protein အသည်း၏ ပရိုတင်းထုတ်လုပ်နိုင်စွမ်းကို စစ်ဆေးသည့် အသားဓာတ်များ၊

ဘယ်လိုလူတွေ LFT စစ်သင့်သလဲ ?

☑ အရက် အလွန်အကျွံ သောက်သူများ၊
☑ အသည်းရောင် အသားဝါ အေပိုး၊ ဘီပိုး၊ စီပိုး ရှိသူများ၊
☑ အသည်းအဆီဖုံးခြင်း သို့မဟုတ် အဝလွန်သူများ၊
☑ ဆေးဝါးများ (ဥပမာ - TB ဆေး၊ စတီးရွိုက်ဆေး) သောက်သုံးနေရသူများ၊
☑ အသည်းရောဂါလက္ခဏာများ ဖြစ်သည့် အသားဝါခြင်း၊ ဗိုက်အောင့်ခြင်း၊ မောပန်းလွယ်ခြင်း စသည်တို့ကို ခံစားနေရသူများ၊
☑ ပုံမှန် အသည်းကျန်းမာရေး စစ်ဆေးခြင်း (Medical checkup) လုပ်လိုသူများ၊

အချုပ်အားဖြင့် အသည်းပျက်စီးခြင်း၊ အသည်းရောင်အသားဝါ စသည့် အသည်းနှင့်ပတ်သတ်သော ပြသနာများကို စောစီးစွာ သိရှိနိုင်ရန် Liver Function Test (LFT) ကိုစစ်ဆေးသင့်ပါကြောင်း ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ရပါတယ်ရှင်။

Life Care Laboratory

"Care your health and life"

🏥 Address 🏥

အမှတ် ၁၆၈(က)၊ မင်္ဂလာလမ်း၊၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎ Contact number ☎

09957899992, 09257777242



Lipid Profile ဆိုတာဘာလဲ ?Lipid Profile ဆိုသည်မှာ သွေးထဲတွင်ရှိသော အဆီဓာတ်များကို စစ်ဆေးသော laboratory test - ဓာတ်ခွဲစစ်ဆ...
15/05/2025

Lipid Profile ဆိုတာဘာလဲ ?

Lipid Profile ဆိုသည်မှာ သွေးထဲတွင်ရှိသော အဆီဓာတ်များကို စစ်ဆေးသော laboratory test - ဓာတ်ခွဲစစ်ဆေးမှု ဖြစ်ပါသည်။ ၎င်း lipid profile ဟုခေါ်သော အဆီဓာတ် စစ်ဆေးရာတွင် အဓိကအားဖြင့် ၄-မျိုး ပါဝင်ပါသည်။

၎င်းတို့မှာ -
🔸 Cholesterol - ကိုလက်စထရောဟု လူသိများသော အဆီ
🔸 LDL (Bad Cholesterol) - ခန္ဓာကိုယ်ကို ဆိုးကျိုးပေးသော သွေးကြောများ ပိတ်စေနိုင်သော မကောင်းသော အဆီ
🔸 HDL (Good Cholesterol) - ခန္ဓာကိုယ်ကို ကောင်းကျိုးပေးသော၊ သွေးကြောများ ကျန်းမာရေးကို ကာကွယ်ပေးတတ်သော အဆီ
🔸 Triglyceride - အစားအသောက်က ရသောအဆီ
စသည်တို့ဖြစ်ကြပါသည်။

Lipid Profile ကိုဘယ်သူ​တေ ပုံမှန်
စစ်ဆေးသင့်သလဲ ?

🔸 အသက် ၂၀ ကျော်သူများ
ကျန်းမာနေရင်တောင် ၄-၅ နှစ်တစ်ကြိမ် ပုံမှန် စစ်ဆေးသင့်ပါသည်။

🔸 နှလုံးရောဂါ အန္တရာယ်ရှိသူများ
- ဆီးချို/သွေးတိုးရောဂါ ရှိသူများ
- မိသားစုတွင် နှလုံးရောဂါဖြစ်ဖူးသူ၊ ရှိသူများ
- ဆေးလိပ်သောက်သူများ

🔸 အဝလွန်သူများ
- BMI 30 ကျော်သူများ သို့မဟုတ်
- အမျိုးသမီးဆိုလျှင် ခါးဆိုဒ် ၃၅ လက်မ
- အမျိုးသားဆိုလျှင် ခါးဆိုဒ် ၄၀ လက်မ ကျော်သူများ

🔸 ကျန်းမာရေး နေထိုင်မှုပုံစံ မကောင်းသူများ
- အဆီများသောအစာများ များများစားသူများ
- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
- အရက်အလွန်အကျွံသောက်သူများ

🔸 အခြားအခြေအနေများ အနေဖြင့်
- ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးသူများ
- PCOS ရှိသော အမျိုးသမီးများ
- ကျောက်ကပ်ရောဂါရှိသူများ

Lipid Profile အဖြေမကောင်းရင် ဘာတွေဖြစ်နိုင်လဲ ?

🔸 နှလုံးသွေးကြောပိတ်ခြင်း (Heart Attack)
LDL (Bad Cholesterol) များရင် သွေးကြောနံရံမှာ အဆီခဲတွေစုပိတ်ပြီး နှလုံးကိုသွေးမရောက်တော့ဘဲ Heart Attack ဖြစ်နိုင်ပါသည်။

🔸 လေဖြတ်ခြင်း (Stroke)
ဦးနှောက်သွေးကြောပိတ်ပြီး မျက်နှာ/ကိုယ်တစ်ခြမ်း လှုပ်မရခြင်း၊ စကားပြောမပီခြင်းစတာတေ ဖြစ်စေနိုင်ပါသည်။

🔸 သွေးကြောများမာခြင်း (Atherosclerosis)
သွေးကြောနံရံတွေမာလာပြီး သွေးစီးဆင်းမှုနည်းကာ ခြေထောက်နာခြင်း၊
ရင်ဘတ်အောင့်ခြင်း၊စတာတေ ဖြစ်တတ်ပါသည်။

🔸 အသည်းအဆီဖုံးခြင်း (Fatty Liver Disease)
Triglycerides များရင် အသည်းမှာ အဆီတွေစုပြီး အသည်းရောင်ခြင်း
၊အသည်းခြောက်ခြင်း စတာတေ ဖြစ်နိုင်ပါသည်။

🔸 ဆီးချိုထိန်းရခက်ခြင်း
ကိုလက်စထရောများရင် ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တော့ဘဲ နောက်ဆက်တွဲပြဿနာတွေများစွာ ဖြစ်ပေါ်စေနိုင်ပါသည်။

ခန္ဒာကိုယ်ကို အကျိုးမပြုတဲ့ အဆီဓာတ်တေ မများအောင် ဘယ်လိုကာကွယ်ရမလဲ ?

🔸 ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရွေးချယ်စားသုံးပါ။
- ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ ပိုစားပါ။
- ငါး၊ ကြက်သား (အရေခွံမပါ) ကဲ့သို့သော ကျန်းမာရေးနှင့် ညီညွတ်သည့် အသားများ စားပါ။
- ပြောင်း၊ ဂျုံ၊ အုတ်ဂျုံစသည့် ကောက်နှံစာများ ရွေးချယ်၍စားပါ။
- ထောပတ်သီး၊ သံလွင်ဆီ၊ အခွံမာသီးများကဲ့သို့သော ကောင်းမွန်သည့် အဆီများ စားသုံးပါ။

🔸 အဆီ နှင့် အချိုလျှော့စားပါ။
- အမဲသား၊ ဝက်သား၊ အရေခွံပါသောကြက်သားများ ရှောင်ပါ။
- ကြော်ထားသော အစားအစာများ၊ အဆင်သင့်စား အစားအစာများ (processed food) များ​လျှော့စားပါ။
- သကြားပါဝင်မှုများသော အချိုရည်များ၊ အချိုများလွန်းသော မုန့်များ ရှောင်ကျဥ်ပါ။

🔸 ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
- တစ်ပတ်လျှင် အနည်းဆုံး ၅ ရက်၊ တစ်နေ့ ၃၀ မိနစ်မှ ၁ နာရီခန့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစသည့် လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
- အလေးမခြင်း၊ ယောဂကျင့်ခြင်းကဲ့သို့သော ကြွက်သားသန်မာစေသည့် လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

🔸 ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထများကို ရှောင်ကျဥ်ပါ။
- ဆေးလိပ်၊ အရက်ဖြတ်ပါ (ဆေးလိပ်သောက်ခြင်းက HDL အဆီကောင်းကို ကျစေပြီး အရက်အလွန်အကျွံသောက်ခြင်းက Triglyceride အဆီကို တက်စေနိုင်ပါသည်)
- စိတ်ဖိစီးမှုကို အာရုံစိုက်လျှော့ချပါ။ (တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တို့ကိုဆောင်ရွက်ပါ။)

🔸 ပုံမှန်ကျန်းမာရေး စစ်ဆေးမှုခံယူပါ။
- အသက် ၂၀ ကျော်လျှင် ၄-၅ နှစ်တစ်ကြိမ် Lipid Profile စစ်ဆေးပါ။
- အသက်အရွယ် ရသူများ ၆လ သို့မဟုတ် ၁နှစ် တစ်ကြိမ် စစ်ဆေးပါ။ - နှလုံးရောဂါ အန္တရာယ်များသူများ (ဆီးချို၊ သွေးတိုး၊ မိသားစုရာဇဝင်ရှိသူများ) ဆိုလျှင် ပိုမို၍မကြာခဏ စစ်ဆေးပေးပါ။

✅ Lipid profile နှင့်ပတ်သတ်၍ သတိပြုရန်မှာ ကိုလက်စထရောနှင့် အဆီဓာတ်များခြင်းက လက္ခဏာမပြဘဲ တိတ်တဆိတ် ဖြစ်နေတတ်ပါတယ်။ဒါကြောင့် ပုံမှန်စစ်ဆေးဖို့နှင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံကို မွေးမြူကြဖို့ အလွန်အရေးကြီးပါတယ်။

Life Care Laboratory

"Care your health and life"

🏥 Address 🏥

အမှတ် ၁၆၈(က)၊ မင်္ဂလာလမ်း၊၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။

☎ Contact number ☎

09957899992, 09257777242

ဆီးချိုရောဂါ နှင့် ဓာတ်ခွဲစစ်ဆေးမှုများဆီးချိုရောဂါဆိုတာဘာလဲ?🔸 ဆီးချိုရောဂါ "Diabetes mellitus" ဆိုသည်မှာ  သွေးအတွင်း သက...
08/05/2025

ဆီးချိုရောဂါ နှင့် ဓာတ်ခွဲစစ်ဆေးမှုများ

ဆီးချိုရောဂါဆိုတာဘာလဲ?

🔸 ဆီးချိုရောဂါ "Diabetes mellitus" ဆိုသည်မှာ သွေးအတွင်း သကြားဓါတ် "glucose" ပမာဏများခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါတစ်ခုဖြစ်ပြီး၊ ခန္ဓာကိုယ်တွင် "Insulin" ဟော်မုန်းမှန်ကန်စွာ ထုတ်မပေးနိုင်ခြင်း (သို့မဟုတ်) သုံးစွဲနိုင်မှုမရှိခြင်းကြောင့် ဖြစ်တတ်ပါတယ်။

🔸 ဆီးချိုရောဂါကို စောစောသိရှိခြင်း မရှိပါက နှလုံး၊ အသည်း၊ အမြင်အာရုံနှင့်ကျောက်ကပ်ထိခြင်း စသည်ဖြင့် များစွာသောအန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

🔸 ဆီးချိုရောဂါ စစ်ဆေးရန်အတွက် အသုံးများသော ဓာတ်ခွဲစမ်းသပ်ချက် ၂ မျိုးရှိပါတယ်။ ယင်းဓာတ်ခွဲစမ်းသပ်ချက်နှစ်မျိုးမှာ "Glucose" နှင့် "HbA1C" တို့ပဲဖြစ်ကြပါတယ်။

1. Glucose စမ်းသပ်စစ်ဆေးခြင်း

"Glucose" စစ်ဆေးခြင်းတွင်
- Fasting (အစာရှောင်ပြီးစစ်ဆေးခြင်း)
- Random (ပုံမှန်မည်သည့်အချိန်မဆိုစစ်ဆေးခြင်း)
ဟူ၍နှစ်မျိုးရှိပြီး ၎င်းစစ်ဆေးမှုများမှာ စစ်ဆေးသော အချိန်တွင်ရှိသည့် သွေးထဲမှသကြားဓါတ်ပမာဏကို တိုင်းတာပေးသော စမ်းသပ်ချက်များဖြစ်ပါတယ်။ သို့သော်၎င်း "glucose" စစ်ဆေးခြင်းများသည် စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှု စသဖြင့် အခြားသော ပြောင်းလဲမှုများအပေါ် တွင်မူတည်နေနိုင်ပါတယ်။

2. HbA1C စမ်းသပ်စစ်ဆေးခြင်း

HbA1C စစ်ဆေးခြင်းသည် နောက်ဆုံး ၂ - ၃ လအတွင်း သွေးထဲရှိ သကြားဓါတ် ပျမ်းမျှတန်ဖိုးကို တိကျစွာဖော်ပြနိုင်သော စမ်းသပ်ချက် ဖြစ်ပါတယ်။
ထို့ကြောင့်
- ဆီးချိုရောဂါရှိ/မရှိကို ကြိုတင်သုံးသပ်ရာတွင်လည်းကောင်း၊
- ရောဂါရှိပြီးသား လူနာများအတွက် ရောဂါထိန်းချုပ်မှု အခြေအနေကို တိုင်းတာရာတွင်လည်းကောင်း၊
အလွန်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ပါတယ်။

🔸 ဖော်ပြပါ Glucose နှင့် HbA1C စစ်ဆေးမှု နှစ်မျိုးလုံးမှာ ဆီးချိုရောဂါအတွက် အရေးပါသော စမ်းသပ်ချက်များ ဖြစ်ကြပါတယ်။

🔸 ကျန်းမာရေးကို စဉ်ဆက်မပြတ် ဂရုစိုက်လိုသူများအနေဖြင့် ၎င်းစစ်ဆေးမှု နှစ်မျိုးလုံးကို တစ်ခါတည်း ပူးတွဲစစ်ဆေးခြင်းဖြင့် ပိုမိုကောင်းမွန်သော အကျိုးရလဒ်များကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

✍ ဆီးချိုရောဂါ နှင့် ဓာတ်ခွဲစစ်ဆေးမှုများအကြောင်းကို ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်။

Life Care Laboratory

"Care your health and life"

🏥 Address 🏥

အမှတ် ၁၆၈ (က)၊ မဂ်လာလမ်း၊
၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
ရန်ကုန်မြို့။

☎ Contact number ☎

09957899992, 09257777242

မိဘသွေးအုပ်စုနှင့် ဖြစ်နိုင်သော သားသမီး သွေးအုပ်စုများလူတွေမှာ အဓိကအားဖြင့်  "ABO grouping" နဲ့ "Rh grouping" ဆိုတဲ့ သွေ...
01/05/2025

မိဘသွေးအုပ်စုနှင့် ဖြစ်နိုင်သော သားသမီး သွေးအုပ်စုများ

လူတွေမှာ အဓိကအားဖြင့် "ABO grouping" နဲ့ "Rh grouping" ဆိုတဲ့ သွေးအုပ်စုခွဲခြားခြင်း နှစ်မျိုးရှိပါတယ်။

ABO သွေးအုပ်စုတွင်-

1. Blood group "A" - သွေးအုပ်စု "A"
2. Blood group "B" - သွေးအုပ်စု "B"
3. Blood group "AB" - သွေးအုပ်စု "AB"
4. Blood group "O" - သွေးအုပ်စု "O"

စသဖြင့် သွေးအုပ်စု အမျိုးအစား လေးမျိုးရှိပြီး၊

Rh သွေးအုပ်စုတွင်-

1. Rh Positive (Rh+)
2. Rh Negative (Rh-)

စသဖြင့် အမျိုးအစား နှစ်မျိုးရှိပါတယ်။

ဖော်ပြပါ သွေးအုပ်စုများအပေါ် အခြေခံ၍-

🩸Blood group "A" Rh Positive - A+
Blood group "A" Rh Negative - A-

🩸Blood group "B" Rh Positive - B+
Blood group "B" Rh Negative - B-

🩸Blood group"AB" Rh Positive - AB+
Blood group"AB" Rh Negative - AB-

🩸Blood group "O" Rh Positive - O+
Blood group "O" Rh Negative - O-

ဆိုပြီး သွေးအုပ်စုများကို ပေါင်းစပ်ခွဲခြားနိုင်ပါတယ်။

✅ အဖေ၊ အမေ နဲ့သားသမီး၏သွေးအုပ်စုများ

အဖေ၊ အမေနှစ်ယောက်ရဲ့သွေးအုပ်စုပေါ်မှာ အခြေခံပြီး ဖြစ်နိုင်သော သားသမီးရဲ့သွေးအုပ်စုများကိုလဲ သိရှိနိုင်ပါတယ်။

ဥပမာအားဖြင့်-

❣ အဖေ သွေးအုပ်စု "O", အမေ သွေးအုပ်စု "O" ဖြစ်ရင် သားသမီး သွေးအုပ်စုမှာ "O" ပဲဖြစ်နိုင်ပါတယ်။

❣ အဖေ သွေးအုပ်စု "A", အမေ သွေးအုပ်စု "B" ဖြစ်ရင် သားသမီး သွေးအုပ်စုမှာ "A, B, AB, O" မည်သည့် သွေးအုပ်စုမဆို ဖြစ်နိုင်ပါတယ်။

အဖေ အမေ "ABO" သွေးအုပ်စုအလိုက် ကလေးရရှိနိုင်သော သွေးအုပ်စုများကို အောက်တွင်ဖော်ပြထားပါတယ်။

Father Mother Child
O O O
O A A,O
O B B,O
O AB A,B
A B A,B,AB,O
A A A,O
A AB A,B,AB
B B B,O
B AB A,B,AB
AB AB A,B,AB

အဖေ အမေ "Rh" သွေးအုပ်စုအလိုက် ကလေးရရှိနိုင်သော သွေးအုပ်စုများကို အောက်တွင်ဖော်ပြထားပါတယ်။

Father Mother Child
Rh+ Rh+ Rh+,Rh-
Rh- Rh+ Rh+,Rh-
Rh+ Rh- Rh+,Rh-
Rh- Rh- Rh-

✍ မိဘသွေးအုပ်စုနှင့် ဖြစ်နိုင်သော သားသမီး သွေးအုပ်စုများကို ဗဟုသုတအဖြစ်မျှဝေပေးလိုက်ပါတယ်။

Life Care Laboratory

"Care your health and life"

အမှတ် ၁၆၈ (က)၊ မဂ်လာလမ်း၊
၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊
ရန်ကုန်မြို့။

Contact number

09957899992, 09257777242

17/04/2025

17.4.2025 - မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်ဆုတောင်း -

💜 နှစ်သစ်မှာ ချစ်သော မိသားစုများ ကျန်းမာချမ်းသာကြပါစေ။

💜 ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးကြပါစေ။

💜 အေးချမ်းပျော်ရွှင်မှုအပေါင်းနှင့် ပြည့်စုံကြပါ​စေ။

💜 လုပ်ကိုင်ဆောင်ရွက်သမျှအောင်မြင်နိုင်ကြပါစေ။

🙏🙏🙏🙏🙏


15/11/2024
"Happy Diwali"ပျော်ရွှင်စရာ "Diwali" နေ့လေးဖြစ်ပါစေ။🙏🙏🙏
01/11/2024

"Happy Diwali"

ပျော်ရွှင်စရာ "Diwali" နေ့လေးဖြစ်ပါစေ။

🙏🙏🙏

"Life Care Laboratory" ရဲ့ မိတ်ဟောင်း၊ မိတ်သစ်များအားလုံး မင်္ဂလာသီတင်းကျွတ်လေးပါရှင်။ယ​နေ့မှစတင်၍ ကျွန်မတို့ရဲ့ "Life C...
17/10/2024

"Life Care Laboratory" ရဲ့ မိတ်ဟောင်း၊ မိတ်သစ်များအားလုံး မင်္ဂလာသီတင်းကျွတ်လေးပါရှင်။

ယ​နေ့မှစတင်၍ ကျွန်မတို့ရဲ့ "Life Care Laboratory" တွင် ယာယီရပ်နားထားရှိသော-

"Ultrasound service"

ပြန်လည်ရရှိပြီဖြစ်ပါကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်။

"Ultrasound" စစ်ဆေးလိုသူများအနေဖြင့် "Life Care Laboratory" ၏ hotline နံပါတ်ဖြစ်သော -

☎ 09957899992 ☎

သို့ဆက်သွယ်၍ ကြိုတင် "booking" ယူနိုင်ပြီး နေ့စဥ် ၁ နာရီမှ ၃ နာရီအတွင်း "service" ရယူနိုင်ပြီဖြစ်ပါတယ်ရှင်။

အကောင်းဆုံး ဝန်ဆောင်မှုများပေးနိုင်ဖို့ ကျွန်မတို့ "Life Care Laboratory" မှ အသင့်ရှိလျှက်ပါ။

ပျော်ရွှင်စရာကောင်းသော သီတင်းကျွတ် အခါသမယလေးဖြစ်ကြပါစေကြောင်း "Life Care Laboratory" မိသားစုမှ ဆုမွန်ကောင်းများ တောင်းလိုက်ရပါတယ်ရှင်။

Life Care Laboratory

💠 Care your health and life 💠

ဆက်သွယ်ရန်လိပ်စာ
အမှတ် ၁၆၈ (က)၊ မင်္ဂလာလမ်း၊ ၁၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန်ဖုန်းနံပါတ်
09957899992, 09257777242

မျောက်ကျောက်ရောဂါ (Mpox) နှင့်ပတ်သတ်၍ သင်ဘာတွေ သိထားသင့်သလဲ ?    #မျောက်ကျောက်ရောဂါ
04/09/2024

မျောက်ကျောက်ရောဂါ (Mpox) နှင့်ပတ်သတ်၍ သင်ဘာတွေ သိထားသင့်သလဲ ?



#မျောက်ကျောက်ရောဂါ

Address

No. 168A, Mingalar Street, 13 Quarter, South Okkalarpa Township
Yangon
ADD

Website

Alerts

Be the first to know and let us send you an email when Life Care Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram