Stories by Uncle Htun

Stories by Uncle Htun Stories for Everyone ��

24/04/2025

သားသားမီးမီးလေးတွေကို ပုံပြင်ပြောပြပေးတဲ့ အချိန်လေးဟာ ဖေဖေမေမေတို့ နဲ့ ကလေးလေးတွေ အကြား bonding တည်ဆောက်ဖို့ ကောင်းတဲ့အချိန်လေး ဖြစ်ပါတယ်❤️

ဒီတခါ ပုံပြင်လေးတွေပြောပြရင်း သတိထားကြည့်ကြည့်ပါ။

ပုံပြင်လေးတွေ နားထောင်ရတဲ့အခါမှာ…..

၁၊ စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့ သူတို့လေးတွေရဲ့ တောက်ပနေတဲ့ မျက်လုံးလေးတွေကို တွေ့ရမယ်❤️

၂၊ နောက်ထပ် ဘာများဖြစ်လာဉီး မလဲဆိုတာကို သိချင်စိတ်လေးတွေ အပြည့်နဲ့ မျက်နှာပေးလေးတွေကိုတွေ့ရမယ်❤️

နောက်ထပ်…ပြောမကုန်နိုင်တဲ့ ချစ်စဖွယ် အမူအရာလေးတွေနဲ့ ပုံပြင်လေးတွေကို နားထောင်ကြ၊ ကြိုက်ကြပါလိမ့်မယ်❤️

ဒီလို ချစ်စရာကောင်းတဲ့ အချိန်လေးတွေ ကို ပိုင်ဆိုင်ဖို့၊ ကလေးလေးတွေရဲ့ တသက်တာမှာ အမှတ်တရလေးတွေ ရှိစေဖို့ ကလေးလေးတွေကို ပုံပြင်လေးတွေ ပြောပြပေးပါ🍀

မေတ္တာဖြင့်
ဦးဦးထွဏ်း

22/04/2025

စီကာပတ်ကုံး ပုံပြင်ပြောပြတတ်တဲ့ ဉီးဉီးထွဏ်းရဲ့ သမီးလေး Stories by Princess Eaindrae❤️

We mourn with Myanmar in the wake of these tragic earthquakes and hope for strength and healing for all who are sufferin...
28/03/2025

We mourn with Myanmar in the wake of these tragic earthquakes and hope for strength and healing for all who are suffering. We send our thoughts to the families who have suffered losses.🙏🏻🥺

ဒီပုံလေးထဲက စာသားလေးကို သဘောကျမိတယ်။ကလေးလေးတွေဟာ ဆိုဆုံးမတဲ့ စကားတွေကို တသွေမတိမ်း အမြဲနားထောင်မှာ မဟုတ်ပါဘူး၊ သူတို့လေး...
12/02/2025

ဒီပုံလေးထဲက စာသားလေးကို သဘောကျမိတယ်။

ကလေးလေးတွေဟာ ဆိုဆုံးမတဲ့ စကားတွေကို တသွေမတိမ်း အမြဲနားထောင်မှာ မဟုတ်ပါဘူး၊ သူတို့လေးတွေဟာ သူတို့အမြဲ မြင်နေ၊တွေ့နေရတဲ့ သူတို့ချစ်ရတဲ့ ဖေဖေ၊မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဉီးဉီး၊ တီတီ တို့လုပ်သလို အမြဲအတုခိုး လိုက်လုပ်ကြမှာ ဖြစ်ပါတယ်။
ကလေးလေးတွေ စိတ်နှလုံးသားလှပစေဖို့ ပုံပြင်လေးတွေ ပြောပြတာဟာ ကောင်းပါတယ်။
ဒါပေမယ့် မိမိတို့ကိုယ်တိုင် ရှေ့ဆောင်လမ်းပြ ကောင်းအောင်နေပြဖို့ဟာ သားသားမီးမီးလေးတို့ အတွက် ၁၀၀ % အရေးကြီးပါတယ်။

မေတ္တာဖြင့်🍀
ဉီးဉီးထွဏ်း

08/02/2025

ဉီးဉီးထွဏ်းရဲ့ IELTS အတန်းက ကျောင်းသားဟောင်းများရှိရာ Chulalongkorn University ကိုမနေ့က အလည်သွားခဲ့ပါတယ်။

ပုံပြင်idea အသစ်တွေ ရဖို့အတွက်လည်း တက္ကသိုလ်ထဲက သဘာဝသမိုင်း ပြတိုက်ကို တဆက်တည်းလည်ပတ်ခဲ့ပါသေးသဗျာ🍀

28/01/2025

အလှမက်ပြီး မောက်မာတဲ့ ပင်ဂွင်းလေး Glow နှင့် အများအတွက် ရဲရင့်ပြီး စွန့်စားတတ်တဲ့ ပင်ဂွင်းလေး Pebble တို့ ပုံပြင်လေးဖြစ်ပါတယ် 🐧 🦈🍀

Glow ဆိုတဲ့ လှပတဲ့ ပင်ဂွင်းလေးဟာ သူ့ရဲ့ လှပလှတဲ့ အရောင်အသွေး၊ အမွှေးအတောင်တွေကြောင့် သူ့ကိုယ်သူသိပ်အထင်ကြီးတတ်ပြီး Pebble ဆိုတဲ့ သာမန် အဖြူနဲ့ အမည်းရောင် ပင်ဂွင်းလေးကို မထီမဲ့မြင်ပြုတတ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ကျွန်းနားမှာ ငါးမန်းကြီးတစ်ကောင် ပေါ်လာပြီး ပင်ဂွင်းတွေကို ဖမ်းစားဖို့ လုပ်ပါတော့သတဲ့။ ဒါနဲ့ပဲ ဘယ်သူမှ ငါးဖမ်းဖို့ ရေထဲမဆင်းရဲကြတော့ပါဘူး။

ပင်ဂွင်းတွေက သူတို့အထင်ကြီးတဲ့ Glow ကို သွားဖို့ တောင်းဆိုကြပေမယ့်၊ သူက ကြောက်လည်းကြောက်တယ်၊ ပြီးတော့ သူ့ရဲ့ လှပလှတဲ့ပျက်သွားမှာ၊ သူ့ရဲ့အမွေးအတောင်တွေက ငါးမန်းကို ဆွဲဆောင်မှာစိုးလို့ သူကငြင်းလိုက်ပါတယ်။ ဒါနဲ့ Pebble က ရဲရင့်စွာ ရေထဲဆင်းပြီး ငါးတွေဖမ်းယူလာပြီး ငါးမန်းကြီးနဲ့ အပြိုင်အဆိုင် အနိုင်ကူးပြီး ပင်ဂွင်းလေးတွေရဲ့ လေးစားမှုကို ရရှိသွားခဲ့ပါတော့တယ်။

ပုံပြင်လေးရဲ့ သင်ခန်းစာ 🐧 🦈❤️
အပြင်ပန်း လှပခြင်းထက် စိတ်နှလုံးသား/လုပ်ရည်ကိုင်ရည်က ပိုပြီးအရေးကြီးပါတယ်။

28/01/2025

မြန်မာလိုသီးသန့် ပထမဆုံးပုံပြင်လေးဖြစ်ပါတယ်။

ကူညီတတ်တဲ့ Dinosaur လေး Bluey နဲ့ ကိုယ့်ဘာသာ ကိုယ်နေ ဆိုတဲ့ Dinosaur လေး Gino တို့ ပုံပြင်ဖြစ်ပါတယ်။ သားသားမီးမီးတို့ နားထောင်လို့ ကောင်းပါစေ🦖🦕🍀

27/01/2025

ဘာပဲဖြစ်ဖြစ် ကူညီတတ်တဲ့ Dinosaur လေး Bluey နဲ့ မကူညီနဲ့ လူတွေက ပေါပေါရရင် တန်ဖိုးမထားဘူး ကိုယ့်ဘာသာ ကိုယ်နေ ဆိုတဲ့ Dinosaur လေး Gino တို့ရဲ့ English/ Myanmar ၂ ဘာသာ နဲ့ ပုံပြင်လေးပါ🦖🦕🍀

25/01/2025

The Shark and the Crab Story 🍀🦈🦀
ကဏန်းလေးနဲ့ ငါးမန်းကြီးပုံပြင်

သူ့ကိုအနိုင်ကျင့်တဲ့ ငါးမန်းကြီး ဒုက္ခရောက်နေတာတောင်မှ ကူညီပေးတဲ့ ကဏန်းလေးနဲ့ ငါးမန်းကြီး ပုံပြင်ဖြစ်ပါတယ်။

သင်ခန်းစာလေးကတော့🦀🦈🍀
ကြင်နာသနား ကူညီငြားက ရန်သူမှသည် မိတ်ဆွေသို့

A crab is afraid of a shark and hides whenever the shark comes near.

One day, the shark gets stuck in shallow water and cries for help. The crab feels sorry and digs a trench to let water flow back to the shark. The shark is saved and thanks the crab.

From that day, they become friends, and the shark promises to protect the crab.

Lesson 🍀🦈🦀
Kindness can turn enemies into friends.

24/01/2025

The Elephants and the Tree 🐘🐘🐘🍎🍌🍉

ဆင်လေးဂမ်ဘိုနဲ့ သစ်ပင်လေးအကြောင်း ပုံပြင်လေး။ English language နဲ့ ဖြစ်ပါတယ်။

Gumbo is a big elephant who has a special tree. This tree gives him fruits every day. Gumbo loves the fruits but is very selfish. He doesn’t want to share them with anyone.

One day, his friend Tusk comes to visit. Tusk is very hungry and asks Gumbo, “Can I have some fruits from your tree? I haven’t eaten all day.”

But Gumbo lies. He says, “I don’t have any fruits today. Go find food somewhere else.”

Tusk leaves sadly. That night, the tree stops growing fruits. No matter how long Gumbo waits, the tree stays empty. Gumbo becomes very hungry and has to search far for food and water.

While wandering, Gumbo sees Tusk near a pond. Tusk smiles and says, “Come drink with me. You must be thirsty.”

Gumbo rushes to the pond and drinks water with his friend. He feels grateful but also ashamed. “I’m sorry, Tusk,” says Gumbo. “I am selfish. From now on, I will share everything I have with you.”

That night, Gumbo’s tree starts growing fruits again. But this time, Gumbo doesn’t eat alone. He invites Tusk to join him. The two elephants eat together and become even better friends.

From that day, Gumbo learns that sharing brings happiness and good things 🐘❤️🐘 🍎🍉🍌

15/01/2025

တောင်ဆိတ်သားအမိပုံပြင်🍀 🐐

မိမိနဲ့ကိုက်ညီတဲ့ အရာတွေကိုသာ ရွေးချယ်ဖို့ သင်ပေးတဲ့ ပုံပြင်လေးပါ 🍀🐐

Mommy & Little Mountain Goat Story

Lesson from the story 🍀🐐

Everything in nature is special and has its own place. Be happy with the life made just for you.



Address

North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Stories by Uncle Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Stories by Uncle Htun:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram