Thar say

Thar say Page ကို like လုပ်ပေးခဲ့ပါခင်ဗျ

Influvac tetra  - 50,000MMK       (ဆေးစျေးအနည်းငယ်ပြောင်းလဲထားပါတယ်)                           “သာစေဆေးခန်း”       အမှတ်...
28/04/2025

Influvac tetra - 50,000MMK
(ဆေးစျေးအနည်းငယ်ပြောင်းလဲထားပါတယ်)

“သာစေဆေးခန်း”
အမှတ် ၅၅၊ ၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
Ph : 09880015744

အခုချိန် Flu vaccineတွေ ပြတ်နေပါတယ်။ ရတဲ့နေရာကနေ ရသလိုကြိုးစားထားတော့ အခုထိတော့ဆေးတွေပြည့်နေပါတယ်။ ဆေးခန်းမှာပုံမှန်ထိုး...
22/04/2025

အခုချိန် Flu vaccineတွေ ပြတ်နေပါတယ်။

ရတဲ့နေရာကနေ ရသလိုကြိုးစားထားတော့ အခုထိတော့ဆေးတွေပြည့်နေပါတယ်။ ဆေးခန်းမှာပုံမှန်ထိုးနေကျ walk in လူနာကို ဦးစားပေးထိုးပေးဖို့ ချန်ထားရလို့ လက်ကားသမားတွေကို ကျတော်မပေးနိုင်သေးပါဘူးခင်ဗျာ။

အဲ့အတွက်တောင်းပန်ပါတယ်။

-ခွေးရူးပြန်ရောဂါနှင့်ပတ်သတ်သော ဗဟုသုတရစေရန်အလို့ငှါ ကူးယူဖော်ပြပါသည်။ ဒါ တကယ့်အဖြစ် အမှန်တွေပါ https://www.facebook.com...
20/04/2025

-ခွေးရူးပြန်ရောဂါနှင့်ပတ်သတ်သော ဗဟုသုတရစေရန်အလို့ငှါ ကူးယူဖော်ပြပါသည်။

ဒါ တကယ့်အဖြစ် အမှန်တွေပါ https://www.facebook.com/share/1DkimUXMRS/?mibextid=wwXIfr

ခွေးပေါက်ကလေးရဲ့ သွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာကို အမှုမဲ့ အမှတ်မဲ့နေရာက အမျိုးသမီးငယ်တစ်ဦး ခွေးရူးပြန်ရောဂါ​​ဖြစ်ကာ သေဆုံး
၁၃. ၄ .၂၀၂၄
Written by Hey Mar
လွန်ခဲ့တဲ့ ၆ လခန့်က ခွေးသွားနဲ့ခြစ်မိရာကနေ ကာကွယ်ဆေးမထိုးမိတာကြောင့် မနေ့က ဧပြီ ၁၂ ရက်နေ့မှာ ခွေးရူးပြန်ရောဂါနဲ့ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီးသေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့နယ်အခြေစိုက် အ​ဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ခွေးရူးပြန်ရောဂါဝေဒနာခံစားရသူနဲ့ သူ့မိသားစုက ပဲခူးရိုးမ မြိုင်​ဟေဝန်ဆင်စခန်းမှာ နေထိုင်ကြသူတွေလို့ သိရှိရပြီး ဝေဒနာနဲ့ သေဆုံးခဲ့သူအမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ ၆ လခန့်က ပေါက်စလေးအား လက်ပွန်းတတီး ပွေ့ချီ စနောက်မိရာက ခွေးသွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အမှုမဲ့အမှတ်မဲ့ နေထိုင်ခဲ့ရာက ဧပြီလ ၉ ရက်နေ့မှာ ရောဂါ လက္ခဏာ ပြလာတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းဆီ ပြသကုသပေမယ့် ဆေးပေးခန်းက သာယာဝတီဆေးရုံဆီ တင်ပို့ကုသဖို့ ညွှန်ကြားတာကြောင့် လာရောက်ကုသစဥ် ခွေးရူးပြန်ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အတွက် သာယာဝတီဆေးရုံက ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲပြောင်းတာကြောင့် အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်နဲ့ သယ်ဆောင်လာတဲ့ လမ်းခုလတ်မှာပဲ အဆိုပါအမျိုးသမီးငယ် သေဆုံးတယ်လို့ သိရပါတယ်။

အဖြူရောင်ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး သာယာဝတီမြို့နယ် ကြက်ခြေနီတပ်ခွဲမှူး ဦးအောင်ကျော်လင်းက” ခွေးကိုက်တာနဲ့ ပတ်သက်လို့ တချို့ ပေါ့ပေါ့တန်တန်ပဲ သဘောထားပြုမူနေကြတုန်းပဲ။ ခွေးရဲ့ သွားရေက ကိုက်ခံရပြီဆိုတာနဲ့ဒဏ်ရာထဲ ဝင်မှာပဲ။ ဆေးကြောတာ ပိုးသတ်တာ လုပ်ပြီးရင်လည်း ကာကွယ်ဆေးက ထိုးကို ထိုးသင့်တယ်။ ခွေးပဲ ကိုက် ကိုက် ကြောင်ပဲ ကိုက် ကိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးကို ထိုးသင့်ပါတယ်။ ခွေးရူးပြန်ရောဂါက ကာကွယ်လို့ပဲရပြီး ဖြစ်ရင် ကုသလို့ မရတော့ပါဘူး။ သေတာပါပဲ။ အခု အမျိုးသမီးလေးလည်း ကျွန်တော့် ကားပေါ်တင် ရောဂါလက္ခဏာ ပြင်းထန်တာနဲ့ ဆေးရုံတောင်မရောက်လိုက်ဘူး သေတယ်။ သေတဲ့အခါ ခွေးတစ်ကောင်ရဲ့ အပြုအမူလိုပဲ အော်တယ်။ ကုတ်ဖဲ့တယ် ပေါ့။ အရေပြားအောက်သွေးကြောတွေ ပေါက်တာတွေ ဖြစ်တယ်။ သူ့မိသားစုကိုလည်း ဆက်စပ်ထိတွေ့ သံသယလူနာအဖြစ် ကာကွယ်ဆေးထိုးဖို့တော့ အသိပေးပြောပြခဲ့တယ်” လို့ MT News က မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ခွေးရူးပြန်ရောဂါကြောင့် တစ်နှစ်ကို လူ ၅၅၀၀၀ မှ ၇၀၀၀၀ ခန့်အထိ အသက်ဆုံးရှုံးလျက်ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်တွေအရသိရပြီး မြန်မာနိုင်ငံမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုလျှော့ချရေး အမျိုးသားစီမံကိန်း (၂၀၁၈-၂၀၃၀) ကို ရေးဆွဲထားပြီး နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွေမှာ ခွေးများကို ခွေးရူးပြန် ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။mtnewstoday

​မေတ္တာဖြင့်
မျှ​ဝေသည်။

☔️☔️ မိုးတွင်းကာလအစပြုတော့မှာဆိုတော့ ရာသီတုပ်ကွေးရောဂါ မဖြစ်ခင် အပြေးလေးကြိုတင်ကာကွယ်ထားကြရအောင်။ 📆၂၀၂၅ အတွက် ၄မျိုးစပ် ...
20/04/2025

☔️☔️ မိုးတွင်းကာလအစပြုတော့မှာဆိုတော့ ရာသီတုပ်ကွေးရောဂါ မဖြစ်ခင် အပြေးလေးကြိုတင်ကာကွယ်ထားကြရအောင်။

📆၂၀၂၅ အတွက် ၄မျိုးစပ် တုပ်ကွေးကာကွယ်ဆေး Influvac Tetra (2025) ကို “သာစေဆေးကုခန်း” တွင် ယုံကြည်စိတ်ချစွာ လာရောက်ထိုးနှံနိုင်ပါပြီ။

🏥သာစေဆေးကုခန်း မှ မိတ်ဆွေလူနာများအတွက် တုပ်ကွေးကာကွယ်ဆေး အသုံးပြုပေးလာတာ ယခုနှစ်နဲ့ ဆိုရင် (၁၃)နှစ်သက်တမ်းကျော်ပါပြီ။

🗣️ပြောရမယ်ဆိုရင်တော့ ဆေး၏အာနိသင် ၊ ဆေးရဲ့ Quality၊ Cold chain မှအစ စိတ်ချရပြီး ပျက်စီးမှုမဖြစ်အောင် စနစ်တကျထိန်းသိမ်းထား ဆောင်ရွက်ခဲ့တာ အတွေ့အကြုံ ၁၃ နှစ်ကျော်ပါပြီ။

😁ဒါကြောင့်မို့ ဆေးနဲ့ပတ်သတ်ပြီး quality ပိုင်းစိတ်ချချင်ရင်တော့ “သာစေဆေးကုခန်း” နှင့် ဆက်သွယ်လိုက်ပါခင်ဗျာ

🧑‍🧒‍🧒ကုမ္ပဏီ/အသင်းအဖွဲ့များ အတွက်လဲ အထူးဈေးနှုန်းများဖြင့် ထိုးနှံပေးလျှက်ရှိပါတယ်။

Influvac tetra - 47,000 MMK
(ဆေးစျေးအနည်းငယ်ပြောင်းလဲထားပါတယ်)

“သာစေဆေးခန်း”
အမှတ် ၅၅၊ ၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
Ph : 09880015744

29/10/2024
တနေ့ လူနာရှင် အန်တီတယောက်ကသူ့အမေအသက်၈၀  အိပ်ယာထဲကမထနိုင်တာ ၁ ပတ်ရှိပြီ၊ အစာလဲမဝင်ဘူး လိုက်ကြည့်ပေးပါဆိုလို့လူနာအိမ်သွားလ...
12/12/2023

တနေ့ လူနာရှင် အန်တီတယောက်ကသူ့အမေအသက်၈၀ အိပ်ယာထဲကမထနိုင်တာ ၁ ပတ်ရှိပြီ၊ အစာလဲမဝင်ဘူး လိုက်ကြည့်ပေးပါဆိုလို့လူနာအိမ်သွားလိုက်ကြည့်ဖြစ်ခဲ့တယ်။
အိမ်ရောက်တော့ ထုံးစံအတိုင်း လူနာရဲ့ဖြစ်ကြောင်းကုန်စင်ကိုမေးတော့ CA a**s (စအိုကင်ဆာ) ဖြစ်လို့ ဗမာဆေးနဲ့ ကုနေတာ ၇ လရှိပြီ၊ လူနာကိုကြည့်တော့လဲ Nutritional Oedema နဲ့ အတော်လေးကို ချုန်းချုန်းကျနေပြီ။
ဒါနဲ့စိတ်ဝင်စားပြီး CA a**s ကို ဘယ်လိုသိတာလဲ ထပ်မေးတော့ အထူးကုဆေးရုံကြီးမှာ ၂၀.၅.၂၃ နေ့မှာ ဆေးရုံတက်၊ Biopsy လုပ်ထားပြီး ရောဂါရှာဖွေရေးပါမောက္ခရဲ့ Biopsy result မှာ - CA(a**s) SCC type လို့ရေးထားတဲ့ စာရွက်တစ်ရွက်တွေ့လိုက်ရတယ်။
ခွဲစိတ်အထူးကုပါမောက္ခကလဲ လူနာမှာ စအိုကင်ဆာဖြစ်နေလို့ ဆေးရုံတက် ကုရမယ့်အကြောင်း၊ ခွဲခန်းဝင်ပြီး ခွဲစိတ်မှုပြုလုပ်ပြီးဝမ်းဗိုက်အောက်နားမှ ဝမ်းလမ်းကြောင်းအတွက် မစင်အိတ်ထုတ်ရမယ့်အကြောင်း အသေချာလဲ ရှင်းပုလိုက်ရော လူနာကလန့်ဖြန့်ပြီး တာမွေ မှာရှိတဲ့ ဗမာဆရာဆီ တန်းရောက် တော့တာပဲ။
အဲ့တော့ ဗမာဆရာက ဘာတွေဘယ်လိုကုလဲဆိုပြီးထပ်စပ်စုကြည့်တော့ အဲ့မှာစတွေ့တော့တာပဲ🫢ချက်အောက်နားမှာ အမြစ်ထုတ်ဖို့ ပလာစတာ ၅ ခုကပ်ရတယ်(၁ ခု ကို ၁ သိန်းနဲ့ ၅ သိန်းပေးရတယ်တဲ့) အဲ့တာကပ်ပြီး နောက်ရက်ကျတော့ အရေပြားကနေ ပူပြီး ရေကြည်ဖောင်းလိုက်လာလို့ ၁လထားရမှာ ကိုမထားတော့ပဲ ချက်ချင်းခွါပစ်လိုက်ရတယ်ဆိုပဲ။သောက်ဆေး ၅ မျိုး ကို နေ့တိုင်းသောက်ရတယ်
ဘယ်လောက်ပေးရလဲ ဆိုတော့ ဆေး၁ ဖုံ ၁လစာ ကို ၂သိန်းပေးရတယ်တဲ့။ နောက်ပြီး Bee Polen တနေ့ အလုံး ၂၀ သောက်ရတယ်။ ( လူနာရှင် အန်တီပြောတာနားထောင်ပြီး ကျတော်တောင် ဗမာဆေးဆရာ ချက်ချင်းတောင် ဖြစ်ချင်သွားတယ် 😁)
ပြောချင်တာက - - -
ရန်ကုန်လိုမြို့ကြီးပြကြီး မှာနေတယ်။ နေတယ်ဆိုတာတောင် Downtown မှာနေတာနော်။ နောက်ပြီး biopsy တွေ လဲ အသေချာလုပ်ပြီး အသေအချာကို ဗမာဆေးကုတော့တာပဲ။ လူတွေရဲ့ အတွေးအခေါ်၊ အယူအဆ၊ ကျန်းမာရေးအသိတွေ၊ နောက်ပြီး ဘယ်လောက်ထိများ ပေါက်ကရလုပ်နေတဲ့ လူတွေနဲ့ ထပ်တွေ့ကြနေအုန်းမလဲ ဆိုပြီးတွေးရင်း - - -
(လူနာ နှင့် အခြားဆက်စပ်လူတွေရဲ့ personal ကို ရိုသေသောအားဖြင့် လူနာပုံကို မတင်ပါခင်ဗျာ)

သကြင်္န်ချိန်ခါ ကာလအတွင်း “သာစေဆေးခန်း”၏ ဆေးခန်းဖွင့်ချိန်လေးပါ                                                         ...
11/04/2023

သကြင်္န်ချိန်ခါ ကာလအတွင်း “သာစေဆေးခန်း”၏
ဆေးခန်းဖွင့်ချိန်လေးပါ


သာစေ ဆေးခန်း
အမှတ် ၃၆ ၊၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
Ph: 09880015744

နှစ်သစ်မင်္ဂလာ အခါသမယမှာ သက်ကြီးရွယ်အိုအဘိုး၊အဖွားများ အပါအဝင် မိမိတို့ ချစ်ခင်လေးစားရသောမိဘ၊ ဆွေမျိုးများ၊ ဆရာသမားများ၊...
02/04/2023

နှစ်သစ်မင်္ဂလာ အခါသမယမှာ သက်ကြီးရွယ်အိုအဘိုး၊အဖွားများ အပါအဝင် မိမိတို့ ချစ်ခင်လေးစားရသောမိဘ၊ ဆွေမျိုးများ၊ ဆရာသမားများ၊ မိတ်ဆွေများအတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး (FLU VACCINE) ထိုးနှံ လှူဒါန်းခြင်းက လဲ ကျန်းမာရေး အလှူတစ်ခုအဖြစ် ပါဝင်နေပါတယ်။

ကျွန်တော်တို့ “သာစေ ဆေးခန်း”မှ သကြင်္န်ချိန်ခါ ဝန်ဆောင်မှု အနေဖြင့် ကျန်းမာရေးအလှူ လှူဒါန်းပေးချင်ကြသော - - -

✔️ဘုန်းတော်ကြီး နှင့် သီလရှင်ဆရာလေးများ
✔️တရားစခန်းဝင် ယောဂီသူတော်စင်များ
✔️တရားစခန်းတွင် အလုပ်အကျွေးဖြင့်ကုသိုလ်ပြုကြသူများ
✔️သက်ကြီးရွယ်အို အဘိုး၊ အဖွား များ
✔️ကုသိုလ်ပြု အသင်းအဖွဲ့ များ

တို့အတွက် စိတ်ချရသော ဆေးQuality များကိုအထူးနှုန်းထား သတ်မှတ်၍ လူကြီးမင်းတို့(အလှူရှင်များ) စိတ်တိုင်းကျ လိုက်လံ ထိုးနှံပေးမည်ဖြစ်ကြောင်းသတင်းကောင်း ပါးအပ်ပါသည်။

“သာစေ ဆေးခန်း”
အမှတ် ၃၆၊ ၉၄ လမ်း၊ ဗိုလ်မင်းရောင်လမ်း နှင့်
မြန်မာ့ဂုဏ်ရည်လမ်းကြား၊ ကန်တော်လေး
မင်္ဂလာတောင်ညွန့်မြို့နယ်
📞: 09880015744

ကောင်းစေချင် လွန်းလို့ပြောတယ် မှတ်ပါ ⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩ဘာမဟုတ်တဲ့ ဖိနပ်ပေါက်အနာကနေ ၁ပတ် ဆိုတဲ့ (၇) ရက်တာအချိန်လေးမှာ ယခုပုံပါအ...
22/03/2023

ကောင်းစေချင် လွန်းလို့ပြောတယ် မှတ်ပါ

⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩⏩

ဘာမဟုတ်တဲ့ ဖိနပ်ပေါက်အနာကနေ ၁ပတ် ဆိုတဲ့ (၇) ရက်တာအချိန်လေးမှာ ယခုပုံပါအနာအတိုင်းဖြစ်တော့တာပါပဲ။
“အရင်းစစ်တော့ အမြစ်မြေကပေါ် “ဆိုသလိုပဲ (၁၀) နှစ်တာ ဆီးချို ကို မြန်မာ့ဆေးခါးကြီးသောက်ပြီး ကုလိုကု၊ ဆေးဆိုင်က စပ်ဆေးဆရာတွေ က မက်ဖော်မင် တိုက်လိုတိုက် နဲ့ ဆီးချို ထိန်းသိမ်းမှုက တော့ ၁၀ နှစ်လုံးလုံး ဇီးရိုး ပါပဲ။

အချိုရှောင်ဖို့နေနေသာသာ လဘက်ရည် ချိုအီပစ်လဲ က တနေ့ ၂ ကြိမ် လောက်၊ ရံဖန်ရံခါများ ဧည့်သည် လာလို့ ဧည့်ဝတ်ကျေလိုက်ရင် ၃ ကြိမ်လောက်တောင် ဖြစ်လိုက်သေးတယ်ဆိုပဲ။

ကဲ အခုကျ ပွဲကတော့ လှတော့လှနေပီ - - -

အနာက ဘယ်ခြေထောက်တခုလုံး (ခြေဖဝါး + ခြေဖမိုး)ကို နေရာ အပြည့်ယူပြီး ခြေကျင်းဝတ်နားကနေ ခြေသလုံးထိတက်ဖို့ အားယူနေပီ။
လူကလဲ အနာကနေလာတဲ့ ပိုးဆိပ် နဲ့ အဖျားတက်နေပြီ။ မကြာမှီ အချိန်တွင်းမှာ ပိုးဆိပ်တက်ပြီးသွေးလန့်တာ ဖြစ်နိုင်တာမို့ (အချိန်မရွေးအသက်အန္တရာယ် စိုးရိမ်ရတာမို့)အခု ချက်ချင်းဆေးရုံတက်ပြီး လူနာအတွက်အရေးပေါ်လုပ်စရာရှိတာလုပ်ပြီး ခွဲခန်းအမြန်ဝင်နိုင်ဖို့ လုံးပန်း ရပါတော့တယ်။

အဲ့လို အဲ့လိုတွေ ဒုက္ခမရောက်ချင်ရင် လက်ရှိမိမိမှာဖြစ်နေတဲ့ ဆီးချိုရောဂါကို သေချာထိန်းသိမ်းပါ။
-မတည့်သော အစားအသောက်များကို(တတ်နိုင်သ၍)ရှောင်ပါ။
-ဆရာဝန်ညွှန်ကြားထားသောဆေးကို သေချာစွာသောက်ပြီး ဆရာဝန်နှင့် ရက်ချိန်းမှန်မှန်ပြန်ပြပါ။
-မြန်မာဆေး၊ ဆေးမီးတို သောက်ခြင်းအားရှောင်ပါ။;
-ဆရာဝန်မှ လူနာအတွက် လိုအပ်တဲ့ ဆီး၊ဝမ်း၊သွေး၊သလိပ် စစ်ခိုင်းခြင်းများ ကို ပုံမှန်ပြုလုပ်ပေးပါ။
-နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု မိနစ်၃၀ခန်လုပ်ပေးပါ

မှတ်ချက် - လူနာ၏ personal ကိုရိုသေသောအားဖြင့် ကျတော့ page တွင် လူနာ၏ပုံကို မတင်ပါခင်ဗျာ။

Address

No 36, Ground Floor, 94th Street, Kandawlay
Yangon
11221

Telephone

+959880015744

Website

Alerts

Be the first to know and let us send you an email when Thar say posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category