17/06/2021
ဝက်ခြံထွက်သူများအတွက် ဖြည့်စွက်စာ ဇီဝပရိုဘိုင်အိုတစ်
🟣🟣🟣
🟪🟪🟪 ဝက်ခြံဘာကြောင့်ဖြစ်
ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရာများအနက်အချို့မှာ
👉 ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း (အမျိုးသမီးများ အပျိုဖော်ဝင်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း စသည်)
👉 စိတ်ဖိစီးမှုများခြင်း
👉 မိသားစုမျိုးရိုးရှိခြင်း
👉 အချို့သောဆေးဝါးများ
👉 အချို့သော ရောဂါများ
👉 အလှကုန် နှင့် ဓာတ်မတည့်ခြင်းများ
👉 အသားနေလောင်ခြင်းများ စသည်တို့ကြောင့် ဝက်ခြံများ အများအပြား ထွက်တတ်ပါတယ်။
ဝက်ခြံများပေါက်ခြင်း၊ ဝက်ခြံပေါက်တဲ့အခါမှာလည်း များခြင်း နည်းခြင်းတို့ဟာ စားတဲ့အစားအစာ၊ မျက်နှာအသားအရေ ကို ဂရုတစိုက်ရှိမှု၊ ရေဓာတ်ပြည့်ဝမှုတို့ပေါ် မူတည်တတ်ပါတယ်။
🟪🟪🟪 ဝက်ခြံ နဲ့ ပရိုဘိုင်အိုတစ်
(၂၀၁၄) ခုနှစ်မှာ American Academy of Dermatology က ပရိုဘိုင်အိုတစ်များဟာ ဝက်ခြံများကိုကုသရာမှာ အသုံးပြုဖို့အတွက် အလွန်အလားအလာကောင်းတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိုဘိုင်အိုတစ်များကို ဝက်ခြံများအတွက် လိမ်းဆေးရော အားဖြည့်သောက်ဆေးရောပါ အသုံးပြုလာကြပါတယ်။
🟪🟪🟪 ပရိုဘိုင်အိုတစ် ဖြည့်စွက်အားဆေး
ဇီဝပိုးကောင်လေးများပါဝင်တဲ့ ပရိုဘိုင်အိုတစ်အားဆေးကို သောက်လိုက်တဲ့အခါမှာ ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားများကို သေစေတဲ့အတွက် ဝက်ခြံပေါက်လို့ ရောင်ရမ်းနေတာတွေကို လျော့ကျစေပါတယ်။
🟪🟪🟪 အူလမ်းကြောင်း - ဦးနှောက် နဲ့ အရေပြား ဆက်စပ်မှု
🟣 ဝမ်းတလုံးကောင်းခေါင်းမခဲ ဆိုသလို အူလမ်းကြောင်းကျန်းမာတဲ့အခါ ဦးနှောက်ကြည်လင်စေရုံသာမက အသားအရေကိုလည်း ကျန်းမာစေတယ်လို့ သုတေသနပြုသူတွေက ပြောပါတယ်။
🟣 The Pharmaceutical Journal ရဲ့ ဖော်ပြချက်အရ ပရီဘိုင်အိုတစ် နဲ့ ပရိုဘိုင်အိုတစ် နှစ်မျိုးစလုံးဟာ ဝက်ခြံများကို ကုသရာမှာ အသုံးဝင်တယ်လို့ဆိုပါတယ်။ ပရိုဘိုင်အိုတစ်ကို ဖြည့်စွက်သောက်ပေးခြင်းအားဖြင့် မျက်နှာအရေပြား ရောင်ရမ်းမှုများကို လျော့ကျစေပြီး၊ အဆိပ်အတောက်များ နှင့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးတဲ့အတွက် ဝက်ခြံထွက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
🟣 American Nutrition Association ရဲ့ လေ့လာမှုအရ ပရိုဘိုင်အိုတစ်လေးများဟာ ကိုယ်ခံစွမ်းအားကို တက်စေတဲ့အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ရောင်ရမ်းခြင်းတွေ၊ ပတ်ဝန်းကျင်မှာရှိနေတဲ့ အဆိပ်အတောက်တွေ၊ ဆေးဝါးတွေမှီဝဲလို့ ဖြစ်ရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သက်သာစေပါတယ်။
🟪🟪🟪 ဘယ်လို ပရိုဘိုင်အိုတစ်ကို ရွေးချယ်မလဲ⁉️
🟣 အကျိုးပြုတဲ့ ပရိုဘိုင်အိုတစ်လေးများ များစွာရှိပါတယ်။ ဒီများစွာသော ပရိုဘိုင်အိုတစ်များထဲမှ ✨✨Lactobacillus Acidophilus (L. Acidophilus)✨✨ နဲ့ ✨✨L. Bifidobacterium✨✨ တို့က ဝက်ခြံများကို ကုသရာမှာ ထိရောက်စေတယ်လို့ ဆိုပါတယ်။
🟣 စားတဲ့အစားအစာတွေထဲမှာ ပရိုဘိုင်အိုတစ်တွေ ပါဝင်တဲ့ ဒိန်ချဉ်၊ ကီဖာ၊ ကင်မ်ချီ နဲ့ အချဉ်တည်ထားတဲ့ အရွက်တွေ အသီးတွေ ကို စားသင့်ပါတယ်။
🟣 ပရိုဘိုင်အိုတစ်ဖြည့်စွက်အားဆေး သောက်မယ်ဆိုရင်တော့ Lactobacillus Acidophilus သို့မဟုတ် L. Bifidobacterium ပါဝင်တာမျိုးကို ရွေးချယ်သောက်သင့်ပါတယ်။
🟪🟪🟪 ဘာကြောင့် Nature’s Vitals က Biolife Probiotics ကိုရွေးချယ်သင့်တာပါလဲ⁉️
🟣 Nature’s Vitals က ဆိုရင် အရည်အသွေးကောင်းတဲ့ အားဆေးတွေဆိုတာ သိပြီးသားပါနော်။
🟣 Biolife Probiotics မှာဆိုရင်
✅ Lactobacillus Acidophilus အပါအဝင် အကျိုးပြုတဲ့ ဇီဝပိုးကောင်လေးများ (၇) မျိုးပါဝင်ပြီး
✅ ပိုးကောင်ရေ (၃၀) ဘီလီယံ ပါဝင်ပါတယ်။
✅ ဒါ့အပြင် ပရီဘိုင်အိုတစ်ပါ ပါဝင်တဲ့အတွက် ဝက်ခြံထွက်တတ်သူတွေရော၊ အူလမ်းကြောင်း ကျန်းမာချင်သူတွေပါ သောက်သုံးနိုင်ပါတယ်။
✅ ထပ်မံဖြည့်စွက်လိုတဲ့အချက်က ပရိုဘိုင်အိုတစ်လေးများ သောက်တဲ့အခါ ကိုယ်ခံစွမ်းအားကိုပါ တက်စေတဲ့အတွက် ဒီလိုတုပ်ကွေးတွေ ဖြစ်တတ်တဲ့ မိုးရာသီနဲ့ အတော်ပါပဲနော်။
✨✨ Lactobacillus Acidophilus ပါဝင်တဲ့ Biolife Probiotics (for Adults) ကို instock ရှိလို့ မှာယူလို့ ရပါတယ်။
✨✨ Nature’s Vitals အားဆေးများ ဖြည့်စွက်စာများကို အမေရိကန်နိုင်ငံတွင် US FDA နှင့် cGMP လက်မှတ်ရ စက်ရုံမှ ထုတ်လုပ်ထားပါသည်။
ဆက်သွယ်မှာယူရန် -
Health Mart Myanmar Co., Ltd
🏫 ရန်ကုန် -
📱 - 09 269 000 448, 09 269 000 907
🏫 မန္တလေး -
📱 - 09 269 000 804, 09 269 000 805
♦ ရန်ကုန် နဲ့ မန္တလေးမြို့များသို့ အရောက်ပို့ ငွေချေစနစ်နဲ့ အိမ်အရောက်ပို့ဆောင်ပေးနေပြီး၊ နယ်မြို့များအတွက်တော့ ကြိုတင်ငွေလွှဲ စနစ်နဲ့ ပို့ဆောင်ပေးနေပါပြီ။ ♦