Khine Clinic

Khine Clinic 5:30 PM to 9:00 PM

12/12/2025

ကျွန်မတို့ခိုင်ဆေးကုခန်းမှ
သုတဓမ္မဒီပလိုမာ ဖြေဆိုလိုသော ဓမ္မမိတ်ဆွေများအတွက်
Level 1;2;3 နှင့်
BA part 1;2;3 စာအုပ်များ
လှူဒါန်းပူဇော်ပါမည်ရှင်
*လိုအပ်သော ဓမ္မမိတ်ဆွေများအနေဖြင့် ရန်ပြေ ၁၅ လမ်းထိပ် ၊၃ ရပ်ကွက်၊သာကေတ၊ ခိုင်ဆေးကုခန်းတွင်
ဆေးခန်းချိန် (ညနေ ၄း၃၀ မှ ည၇း၃၀)အတွင်း လာရောက်၍ ယူနိုင်ပါတယ်ရှင်
သင်တန်းများ တက်ရောက်ကြမည့် ဓမ္မမိတ်ဆွေများအနေနဲ့လည်း အဖွဲ့ကိုယ်စားပြုတစ်ယောက်မှ စာအုပ်အရေအတွက် Level များပြောပြီး ကိုယ်စားလာရောက်ယူနိုင်ပါတယ်ရှင်
နှစ်လည်စာမေးပွဲဖြေချိန်အထိ မည်သူမဆို လာရောက်ယူနိုင်ပါတယ်ရှင်

03/01/2025

ကျွန်မတို့ခိုင်ဆေးကုခန်းမှ
သုတဓမ္မဒီပလိုမာ ဖြေဆိုလိုသော ဓမ္မမိတ်ဆွေများအတွက်
Level 1;2;3 နှင့်
BA part 1;2;3 စာအုပ်များ
လှူဒါန်းပူဇော်ပါမည်ရှင်
*လိုအပ်သော ဓမ္မမိတ်ဆွေများအနေဖြင့် ရန်ပြေ ၁၅ လမ်းထိပ် ၊၃ ရပ်ကွက်၊သာကေတ၊ ခိုင်ဆေးကုခန်းတွင်
ဆေးခန်းချိန် (ညနေ ၄း၃၀ မှ ည၇း၃၀)အတွင်း လာရောက်၍ ယူနိုင်ပါတယ်ရှင်

*ဖခင်ကြီးဦးစိန်လင်းကွယ်လွန်ခြင်း ၂ နှစ်ပြည့် ရည်စူးကုသိုလ်အဖြစ် ဦးထက်ခိုင်+ဒေါ်မင်းမင်းမြတ်မိသားစုမှ အလှူငွေ ၃၀၀၀၀ ကျပ...
15/07/2023

*ဖခင်ကြီးဦးစိန်လင်းကွယ်လွန်ခြင်း ၂ နှစ်ပြည့် ရည်စူးကုသိုလ်အဖြစ် ဦးထက်ခိုင်+ဒေါ်မင်းမင်းမြတ်မိသားစုမှ အလှူငွေ ၃၀၀၀၀ ကျပ်လာရောက်လှူဒါန်းထားပါသည်ရှင်...
*အလှူငွေဖြင့် ..ဖျားနာလူနာအယောက် ၂၀ အတွက် ဆေးအတွဲ ၂၀ အားလှူဒါန်းပေးပါမယ်ရှင်
*လိုအပ်သောလူနာများ
ရန်ပြေ ၁၅ လမ်းထိပ်၊ ၃ရပ်ကွက်၊ ခိုင်ဆေးကုခန်းတွင် ဆေးခန်းချိန်(ညနေ ၄း၃၀ မှ ည ၇း၃၀)အတွင်း
လာရောက်ယူနိုင်ပါတယ်ရှင်

15/07/2023

ကျွန်မတို့ခိုင်ဆေးကုခန်းမှ
သုတဓမ္မဒီပလိုမာ Level 1,2,3 ဖြေဆိုလိုသော ဓမ္မမိတ်ဆွေများအတွက်
Level 1 စာအုပ် ၃၀
Level 2 စာအုပ် ၁၀ အုပ်
Level 3 စာအုပ် ၁၀ အုပ်
လှူဒါန်းပူဇော်ပါမည်ရှင်
*လိုအပ်သော ဓမ္မမိတ်ဆွေများအနေဖြင့် ရန်ပြေ ၁၅ လမ်းထိပ် ၊၃ ရပ်ကွက်၊ ခိုင်ဆေးကုခန်းတွင်
ဆေးခန်းချိန် (ညနေ ၄း၃၀ မှ ည၇း၃၀)အတွင်း လာရောက်၍ ယူနိုင်ပါတယ်ရှင်
*မှတ်ချက်- Level 3 စာအုပ်များ နောက်တစ်ပါတ်မှရနိုင်ပါမယ်ရှင်

၁၇.၁၂.၂၀၂၂ စနေနေ့သံလျင် ရတနာသိဂီ်သီလရှင်စာသင်တိုက်ကိုသွားပြီးသီလရှင်ဆရာလေးတွေကိုဆေးဝါးကုသမှုပြုလုပ်ပေးခဲ့ပါတယ်။ဆေးဝါးနဲ့...
18/12/2022

၁၇.၁၂.၂၀၂၂ စနေနေ့
သံလျင် ရတနာသိဂီ်သီလရှင်စာသင်တိုက်ကိုသွားပြီးသီလရှင်ဆရာလေးတွေကိုဆေးဝါးကုသမှုပြုလုပ်ပေးခဲ့ပါတယ်။ဆေးဝါးနဲ့ ဝတ္ထုငွေများလည်းလှူဒါန်းပေးခဲ့ပါတယ်။ ကျွန်မနဲ့အတူ ကုသိုလ်ယူပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ ဦးထက်ခိုင်+ဒေါ်မင်းမင်းမြတ်မိသားစု၊ဒေါ်တင်တင်အေးမိသားစု၊ဦးဌေးအောင်မိသားစု၊လိမ်းဆေးများလှူဒါန်းပေးသော ဘဘစိုင်နှင့်ကြီးကြီးလွင်မိသားစု နဲ့ကျွန်မရဲ့မိတ်ဆွေများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..

06/09/2022

**အခုအချိန်မှာ ဖျားနာလူနာ များပြားလာခြင်း၊ covid လူနာများ များပြားလာခြင်းကြောင့် ဆေးလှူဒါန်းတဲ့ လုပ်ငန်းစဥ်လေးကို ထပ်မံပြုလုပ်မည်ဖြစ်ပါတယ်..

**မနက်ဖြန် ၇.၉.၂၀၂၂ မှစပြီးချောင်းဆိုး၊နှာစေး၊ဖျားနာလူနာများအတွက်ဆေးလှူဒါန်းမှု ပြုလုပ်ပေးမှာဖြစ်ပါတယ်ရှင်...
**တစ်နေ့လျှင် လူနာ ၅၀ စာနှင့် တစ်ပါတ်တိတိလှူဒါန်းပေးမှာဖြစ်ပါတယ်...
**လူနာအရေအတွက်ပေါ်မူတည်၍ ပိုမိုလှူဒါန်းနိုင်ရန်လည်းစီစဥ်ထားပါတယ်ရှင်...
**ဆေးများကို ဆေးခန်းချိန် ညနေ ၄: ၃၀ မှ ည ၇:၃၀ အတွင်း လာရောက် ယူနိုင်ပါတယ်ရှင်....
🙏🙏အားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးရောဂါဘယအပေါင်းမှကင်းဝေးကြပါစေရှင်

ခိုင်ဆေးခန်းမိသားစု
ရန်ပြေ ၁၅ လမ်းထိပ်
၃ ရပ်ကွက် ၊သာကေတ

💞ကိုယ်အလှူဒါနတွေပြုတိုင်းပြုတိုင်းနောက်ကနေပြီး
လူအား၊ငွေအား များသာမက
စိတ်ဓာတ်ခွန်အားများပါပေးနေတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်နော်...

**ကျွန်မတို့ခိုင်ဆေးကုခန်းသို့လာရောက်ပြသသော မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိသလို အထူးလည်းမေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်....
05/09/2022

**ကျွန်မတို့ခိုင်ဆေးကုခန်းသို့လာရောက်ပြသသော မိဘပြည်သူများကို အထူးကျေးဇူးတင်ရှိသလို အထူးလည်းမေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်.
**ခိုင်ဆေးကုခန်းမှာ အထွေထွေရောဂါကုဆေးခန်းအဖြစ်ဖွင့်လှစ်ထားသော်လည်း ခွဲစိတ်ပါရဂူတစ်ယောက်နဲ့အကြောအဆစ်အထူးကုတစ်ယောက် ကလူနာတွေကိုနေ့စဥ် ညနေ ၄ နာရီခွဲက ည ၇ နာရီခွဲအထိ ကြည့်ပေးပါတယ်.
**အထက်တန်းသူနာပြုတစ်ဦး၊သူနာပြုတစ်ဦး၊သူနာပြုအကူတစ်ဦး၊ဆေးပေးတစ်ဦး၊ booking လုပ်ပေးသူတစ်ဦး ဝန်းထမ်းငါးဦး နဲ့ဝန်ဆောင်မှုကိုအထူးကုဆေးခန်းလိုပေးထားပါတယ်.
**ခုလိုကြပ်တတည်းနေတဲ့အချိန်မှာဆေးခန်းကို စရိတ်မျှပေးပုံစံနီးနီးဖွင့်လှစ်ထားပေးပါတယ်.
**ဆရာဝန်ကြည့်ခ ၂၀၀၀ နှင့် ဆေးဖိုး,ဆေးထည့်ခ,ထိုးဆေးခ,များကိုကျသင့်သလောက်တွက်၍ယူပေးပါတယ်.
**ရတဲ့အမြတ်ငွေကိုဆေးခန်းရဲ့အထွေထွေစရိတ်,ဝန်ထမ်းစရိတ်,ချို့တဲ့သောလူနာများအားလှူဒါန်းခြင်း,သံဃာတော်များ၊သီလရှင်ဆရာလေးများကိုအခမဲ့ကုသပေးခြင်းတို့တွင်အသုံးပြုပါတယ်. ပိုရင်တစ်လတစ်ကြိမ် အလှူတစ်ခုလုပ်ပါတယ်.
**ဒါကြောင့်ဆေးခန်းကလူနာများပါတယ်ရှင်.
**ဆေးခန်းချိန် ၃ နာရီပဲကြည့်ပေးနိုင်တာမို့ လူနာကိုလည်းအလွန်ဆုံး ၆၀ အထိသာလက်ခံပေးလို့ရပါတယ်ရှင်
**ဆရာဝန်တစ်ယောက်ပဲကြည့်နိုင်တဲ့ရက်ဆို ၅၀ အထိပဲလက်ခံပေးပြီးလူနာကုန်တဲ့အထိကြည့်ပေးမှာဖြစ်ပါတယ်ရှင်
**ဆေးခန်းကိုလာပြပြီးbooking ပြည့်သွားလို့စိတ်အနှောက်အယှက်ဖြစ်ပြီးပြန်ရတဲ့လူနာများကိုလည်းအထူးပဲတောင်းပန်ပါတယ်ရှင်.
**Booking ကြိုယူထားတဲ့လူနာများအနေနဲ့လည်း ၇ နာရီမခွဲခင်လာပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်.
**၇ နာရီခွဲကျော်မှရောက်လာဖြစ်လို့ လူနာခွဲစရာရှိလို့မကြည့်ပေးနိုင်တော့ရင်လည်းစိတ်မဆိုးကြပါနဲ့နော်
***ခွဲစိတ်လူနာများကိုလည်း တတ်နိုင်သလောက် အဆင်ပြေအောင်လုပ်ပေးထားပါတယ်.
***ငွေကြေးအများကြီးမတတ်နိုင်တဲ့လူနာများကိုဆေးခန်းမှာရိုးရိုးထုံဆေးနဲ့ ခွဲလို့အဆင်ပြေမယ့် case မှန်သမျှ စျေးသက်သက်သာသာနဲ့ခွဲပေးပါတယ်.
***တတ်နိုင်တဲ့လူနာများနှင့်ရိုးရိုးထုံဆေးနဲ့ခွဲလို့မရတဲ့လူနာများကိုတော့အထူးကုဆေးခန်းမှာ မျှတတဲ့စျေးနှုန်းနဲ့ခွဲစိတ်ပေးပါတယ်.
***ဆေးခန်းမှာခွဲမယ့်လူနာများအနေနဲ့လည်း ခွဲမယ့်အချိန်ကိုနောက်ကျမလာဖို့မေတ္တာရပ်ခံပါတယ်ရှင်.နောက်လူနာတွေတောက်လျှောက်စောင့်ရမှာအားနာလို့ပါရှင်..
***ကျွန်မတို့ဆေးခန်းရဲ့ဝန်ဆောင်မှုညံ့ခဲ့ရင်၊ အားနည်းချက်များရှိခဲ့ရင် အထူးပဲမေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်.
နောင်တစ်ချိန်မှာဒီ့ထက်ပိုပြီး
လုပ်ပေးနိုင်အောင်ကြိုးစားပါ့မယ်ရှင်...
ခိုင်ဆေးကုခန်း
ရန်ပြေ ၁၅ လမ်းထိပ် ၃ရပ်ကွက်
သာကေတ
ph.09766445465
***အားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးရောဂါဘယအပေါင်းမှကင်းဝေးကြပါစေ🙏

29/08/2022

ကျွန်မတို့ခိုင်ဆေးကုခန်းရဲ့လူနာကြည့်ခနှုန်းများကို အနည်းငယ်တိုးမြှင့်ထားပါတယ်ရှင်
၁)လူနာကြည့်ခအား ၂၀၀၀ (သို့) ၃၀၀၀ သတ်မှတ်ထားပါတယ်
၂) သောက်ဆေးများအားအနိမ့်ဆုံး ၁၅၀၀ မှစ၍ သတ်မှတ်ထားပါတယ်
၃) အနာဆေးထည့်မည်ဆိုပါက အနိမ့်ဆုံး ၁၀၀၀ မှ ၄၀၀၀ အထိသတ်မှတ်ထားပါတယ်
၄) တင်ပါးဆေးထိုးမည်ဆိုပါက အနိမ့်ဆုံး၁၅၀၀ မှစ၍ ဆေးအမျိုးအစားပေါ်မူတည်ပြီးသတ်မှတ်ထားပါတယ်
၅) အကြောဆေးသွင်းမည်ဆိုပါက အနိမ့်ဆုံး ၂၅၀၀ မှစ၍ ဆေးအမျိုးအစားပေါ်မူတည်ပြီးသတ်မှတ်ထားပါတယ်
၆) ဆေးခန်းစာအုပ်အသစ်လုပ်လျှင် ၃၀၀ ကျသင့်ပါမယ်ရှင်
**ထို့ကြောင့်လူနာအသစ်တစ်ယောက်လာပြမည်ဆိုပါက
စာအုပ်ဖိုး ၃၀၀+လူနာကြည့်ခ ၂၀၀၀+ဆေးဖိုး ၁၅၀၀
အနိမ့်ဆုံး ၃၈၀၀ မှစ၍ကျသင့်မည်ဖြစ်ပါတယ်
**ဆေးထိုးဆေးထည့်မည်ဆိုပါက ထိုးဆေးဖိုး၊ဆေးထည့်ခထပ်ပေါင်းမည်ဖြစ်ပါတယ်
**ဆေးခန်းရဲ့အခြားအထွေထွေစရိတ်များထပ်ပေါင်းယူမည်မဟုတ်ပါ
**ရရှိတဲ့လူနာကြည့်ခနဲ့ဆေးဖိုးအမြတ်ကို ဆေးခန်းမှဝန်ထမ်း ငါးဦး၏လစာ၊ အထွေထွေအသုံးစရိတ်များ၊
ဘိုးဘွားလူနာများ၊သံဃာတော်များ၊သီလရှင်ဆရာလေးများအတွက် ဆေးဖိုးလှူဒါန်းငွေများ အတွက်အသုံးပြုပြီးပိုငွေကိုလစဥ်အလှူတစ်ခုအမြဲပြုလုပ်ပေးပါတယ်
ခုလိုကြပ်တည်းနေတဲ့ခေတ်ထဲမှာ ဆေးဖိုးတွေပိုတောင်းရတာကိုတော့အားနာပါတယ်ရှင်..
ဆေးစျေးတွေအဆမတန်တက်နေလို့ပိုယူရတာပါ
စကားမစပ်..😁
ဆေးခန်းကအမြတ်အများ ကြီးမရပဲ
ဆရာဆရာမတို့ဘယ်ကရတဲ့ငွေနဲ့သုံးလဲကိုမေးရင်
ဆရာ့ရဲ့လူနာခွဲလို့ရတဲ့ဝင်ငွေနဲ့သုံးပါတယ်ရှင့်
ဆေးခန်းကရတာတွေကတော့အများကြီးပါ
နေ့တိုင်းကုသိုလ်ရတယ်ရှင့်
ဝန်ထမ်းငါးယောက်ကိုအထောက်အပံ့ပေးထားနိုင်တယ်ရှင့်
လူနာတွေကိုလည်းစျေးသက်သက်သာသာနဲ့ကုပေးနိုင်သေးတယ်ရှင့်
မရှိဘူးပြောရင်ဆေးဖိုးပဲယူပြီးတော့လေ...
ကျေးဇူးတင်ပါတယ်နော်
အားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာကြပြီးရောဂါဘယအပေါင်းမှကင်းဝေးကြပါစေရှင်...
ဆေးရုံဆေးခန်းသို့သွားစရာမလိုလောက်အောင် ကျန်းမာကြပါစေရှင်🙏

10/05/2022

၁၂.၅.၂၀၂၂ ကြာသပတေးနေ့တွင် သံဃာတော်အရှင်မြတ်တစ်ပါးအား သိက္ခာထပ်အလှူပြုလုပ်မည်ဖြစ်ပါသဖြင့် ဆေးခန်းတစ်ရက် ပိတ်ပါမယ်ရှင့်
ခိုင်ဆေးခန်းမိသားစု

11/04/2022

သကြ်န်တွင်း ၁၃၊၁၄၊၁၅၊၁၆ ရက်များဆေးခန်းပိတ်ပါတယ်ရှင်🙏

12/02/2022

Covid ရောဂါ ရှိ/မရှိ စစ်ဆေးလိုသူများအနေဖြင့် ကျွန်မတို့ ခိုင်ဆေးကုခန်းတွင် Testkit ဖြင့်စစ်ဆေးပေးပါသည်။
၁၀၀၀၀ ကျပ် ကုန်ကျပါမည်။
ယခုအချိန်မှာ covid ပြန်လည်ဖြစ်ပွားနှုန်းမြင့်မားနေပါသဖြင့် ဆေးခန်းသို့ လာရောက်သော လူနာများအနေဖြင့် မိမိကိုယ်တိုင်ရော သူတပါးကိုပါ ရောဂါကူးစက်ခြင်းကို ကာကွယ်နိုင်ရန်အတွက် mask အပြင် face shield ပါတပ်၍လာပေးနိုင်လျှင် ပိုကောင်းပါတယ်ရှင်။ ဆေးခန်းအတွင်းအရာဝတ္တုများကိုကိုင်တွယ်မိပါကလည်း လက်သေချာဆေးကြပါနော်။ နေ့စဥ် UV lump နဲ့ရော Sodium Hypochloride ဆေးရည်နဲ့ပါ ဆေးခန်းမှာပိုးသတ်ပါတယ်။ ဒါပေမယ့်ဖျားနာလူနာ အရမ်းများတဲ့အတွက် ကူးစက်နိုင်ပါတယ်ရှင်။ သက်ကြီးရွယ်အိုများ ၊ ရောဂါအခံရှိသူများအနေဖြင့် ဆေးခန်းသို့ အဖြစ်မနေ လာသင့်မှသာလာပေးကြပါနော်။ ဆေးစွဲသောက်နေရတဲ့သူတွေလည်း ဆေးပဲလာဝယ်ပေးကြပါရှင့်။
O2 အိုးငှားရမ်းလိုပါကလည်း
၀၉၇၆၆၄၄၅၄၆၅ သို့ ၀၉၉၇၅၁၀၃၁၉၀ သို့ဆက်သွယ်၍ ငှားရမ်းနိုင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်ရှင်
ခိုင်ဆေးကုခန်း
ရန်ပြေ၁၅လမ်းထိပ်
၃ ရပ်ကွက် သာကေတ
မေးမြန်းလိုတာရှိပါက
၀၉၇၆၆၄၄၅၄၆၅ viber သို့
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Send a message to learn more

Address

Yangon
00959

Telephone

+959766445465

Website

Alerts

Be the first to know and let us send you an email when Khine Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram